← Chapters

ထိုက်ချူကုန်းမြေ၏မဟာရက်စက်သောသားရဲလေးကောင်

Vol. 58 Ch. 809

ထိုက်ချူကုန်းမြေ၏မဟာရက်စက်သောသားရဲလေးကောင်

Vol. 58 Ch. 809

အန်လင်းသည် ထိုမကောင်းဆိုးဝါး နှစ်ကောင်၏ အမည်အား ကြားလိုက်ရသောအခါ အမူအရာ ပိုမိုခက်ထန်သွားသည်။

ဇူစကာ......... အဲ့ဒါက ထိန်းမနိုင်သိမ်းမရအောင် သွေးရူးသွေးတန်း ဖြစ်လာရင် ကိုယ့်ကိုယ်ကိုတောင် ပြန်စားပစ်တယ်ဆိုတဲ့ ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေရဲ့ မဟာရက်စက်သော သားရဲလေးကောင်ထဲက တစ်ကောင်ရဲ့ နာမည်မလား.......

ရာဂက ပိုတောင်ဆိုးတဲ့ ငကြောင်ကောင်မလား......... မဟာရက်စက်သော သားရဲလေးကောင်ထဲက တစ်ကောင်ဆိုတော့ စည်ကားတဲ့ နေရာတွေ အရမ်းကြိုက်တာလေ....... တိုက်ပွဲရှိတဲ့ နေရာမှန်သမျှသွားပြီး သတ်ဖြတ်ရတာ သဘောကျတယ်........ ပြီးတော့ မကောင်းတဲ့ကောင်တွေနဲ့ အမြဲတစ်ဖက်တည်းရပ်တယ်......

ဉပမာဆိုရင် မိစ္ဆာသားရဲတစ်ကောင်နဲ့ ရန်ငြှိုးရှိနေတဲ့ ကျင့်ကြံသူတစ်ယောက်က အဲ့သားရဲကို သတ်တော့မယ့် အချိန်ကြရင် ရာဂရောက်လာပြီး သူ့ကိုဝါးမြိုပစ်လိမ့်မယ်..........

ရာဂရဲ့ လှည့်ကွက်တွေထဲမှာ ကျရှုံးသွားရတဲ့ ပါရမီရှင်တွေ အများကြီးပဲ........

ဒါတင်မကသေးဘူး....... အဲ့သတ္တဝါက မကောင်းမှုကိုပဲ သဘောကျပြီးတော့ ကောင်းတာလုပ်တဲ့သူမှန်သမျှကို စားပစ်တယ်........ မသိရင် ကမ္ဘာပေါ်က လူကောင်းသူကောင်းတွေ အားလုံးနဲ့ ရန်ကြွေး ရှိနေသလိုပဲ.......

"မဟာရက်စက်သော သားရဲလေးကောင်လုံးက မိစ္ဆာသွေးကီရင်ကို ကာကွယ်ပေးကြတာမလား။ အဲ့ထဲက နှစ်ကောင်ကို အခုလို တွေ့ရမယ် မထင်ထားဘူး။"

အန်လင်း အမူအရာ ပြောင်းလဲသွားသည်။

"သူတို့က သေသွားပြီ မဟုတ်ဘူးလား။ တကယ်ဆို မဟာရက်စက်သော သားရဲလေးကောင်လုံးက ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့် ဖြစ်ရမှာလေ။ အခု သူတို့အရှိန်အဝါက အဲ့လောက်ဟုတ်မနေဘူး။ အတုကောင်တွေများလား။"

စုရှောင်လန် မယုံကြည်နိုင်စွာ စကားဆိုနေပါသော်လည်း တစ်ချက်ကလေးမျှ သတိလွတ်မခံပေ။

၎င်းတို့၏ ယခုအရှိန်အဝါသည်ပင် ကြောက်မက်ဖွယ် ကောင်းနေသည် မဟုတ်လော။

အန်လင်း၏ သိုလှောင်လက်စွပ်မှာ ဖျက်ခနဲ လင်းလက်သွားပြီးနောက် ငွေရောင်ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

"ဂမ်ဒမ်သုံး.......သွားတော့။"

ဝုန်း..........

စက်ဝိုင်းသဏ္ဍာန် ခရမ်းရောင် ဆွဲအားစက်ကွင်းတစ်ခုသည် ဇူစကာအား လွှမ်းခြုံသွားကာ ပြင်းထန်လှသော စွမ်းအင်ဖိအားများကြောင့် ၎င်း၏အရှိန်အား ရပ်တန့်သွားစေပြီး မြေပြင်ပေါ် ပြုတ်ကျသွားရသည်။

အော့နျိုနှင့် နတ်အဆိပ်ဖားသည် အကြောက်တရားကြောင့် ခန္ဓာကိုယ်များ တုန်ယင်နေပြီး အန်လင်းအား ကျေးဇူးတင်လွန်းသောကြောင့် မျက်ရည်များပင် စီးကျလာရသည်။

"ဟမ့်....... ရုပ်သေးတစ်ကောင်ကများ ငါ့ကိုတားရဲတယ်ပေါ့။ စားပစ်ဦးမယ်...... ကြည့်နေ။"

ဇူစကာသည် ဒေါသတကြီး ဟစ်ကြွေးလိုက်ပြီးနောက် ၎င်း၏ခြေဖဝါးအောက်တွင် မီးလျှံတိမ်တိုက်များ ဖြစ်ပေါ်လာသည်။ ကြမ်းတမ်းလွန်းသော ဆွဲအားများ ရှိနေပါလျက် ဂမ်ဒမ်သုံးအား လျင်မြန်စွာ ထိုးနှက်လိုက်နိုင်လေသည်။

ဂမ်ဒမ်သုံးသည် လက်တစ်ဖက်ဖြင့် ဆွဲအားစက်ကွင်းအား ထိန်းထားကာ ကျန်တစ်ဖက်ဖြင့် အမှုန်စွမ်းအင် ဓားတစ်လက်အား ထွက်ပေါ်စေလိုက်သည်။

ဇူစကာ၏ တုံ့ပြန်မှုသည် လျင်မြန်လွန်းသောကြောင့် ဓားချက်အား ရှောင်ရှားလိုက်နိုင်ကာ ပါးစပ်အားဟလျက် ဂမ်ဒမ်သုံးထံ ရှေ့ဆက်တိုးလာသည်။

၎င်း၏မျက်နှာသည် သာမန်လူမျက်နှာမျှသာ ရှိပါသော်လည်း ပါးစပ်ပေါက်သည် ခေါင်းထက်ပင် ပိုကျယ်နေသေးသည်။ ထိုသည်မှာ အဖြူရောင် အစွယ်များ ပါနေသော တွင်းနက်ကြီးတစ်ခုဟု ထင်မှတ်ရလေသည်။

"ဝါးပစ်မယ်။ စားပစ်မယ်။"

ဇူစကာမှာ ဂမ်ဒမ်သုံး၏ခေါင်းအား ငုံလိုက်သည်။

ခရက်.......

ဘန်း.........

ရုတ်တရက် အသံနှစ်ခု ထွက်ပေါ်လာသည်။

"အား........"

ဇူစကာ နာကျင်စွာ အော်ဟစ်လိုက်ရလေသည်။

"သောက်ကျိုးနည်း......... ဒီရုပ်သေးကို ဘာနဲ့လုပ်ထားတာလဲ။ မာလိုက်တာ။"

ဂမ်ဒမ်သုံးသည် မည်သည့်စကားမှ ပြန်မပြောပေ။ ၎င်းသည် စကားအရာ နည်းပါးသော ပညာရှိတစ်ဦးအလား လက်တစ်ဖက်ဖြင့် အလင်းလှိုင်းမျိုးစုံအားထုတ်လျက် ကျန်တစ်ဖက်ဖြင့် အမှုန်စွမ်းအင်ဓားအားကိုင်ကာ ဇူစကာအပေါ် တိုက်ပွဲပဒေသာ ပြုလုပ်ပေးလိုက်သည်။

ဇူစကာမှာ ရူးလောက်အောင် အော်ဟစ်ကာ လက်သည်းများတွင် မီးလျှံဓားမော့ပုံရိပ်များ ရုပ်လုံးပေါ်လာပြီးနောက် ဂမ်ဒမ်သုံးအား တိုက်ခိုက်တော့သည်။

ဂမ်ဒမ်သုံးသည် ဟင်းလင်းပြင်သို့အပြန် စဦးအဆင့် ရှိပါသော်လည်း ဇူစကာမှာ ယှဉ်ပြိုင်တိုက်ခိုက်နိုင်ပေသည်။ ၎င်းတို့ပတ်လည်ရှိ တစ်ကီလိုမီတာကျော် ပတ်ဝန်းကျင်မှာ အဖျက်စွမ်းအင်များနှင့် ပြည့်လျှံနေရသည်။

"အုံးအွမ်...... ဒါကြီးက ကြောက်ဖို့ကောင်းလိုက်တာ။ ဒီနေရာက စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အဆင့်တွေပဲ ရှိတဲ့နေရာရော ဟုတ်လို့လား။ ဒီတိုက်ပွဲက ဟင်းလင်းပြင်သို့အပြန် အဆင့်တွေကြားက တိုက်ပွဲနဲ့တောင် ယှဉ်လို့ရလောက်တယ်။"

အဆိပ်မြူဖား ထိတ်လန့်စွာ ပြောလိုက်သည်။

"မူး........ ရူးသွားတဲ့ အင်မော်တယ်သားရဲတွေကို မင်းမေ့သွားတာလား။"

အော့နျို တုံ့ပြန်လာသည်။

အဆိပ်မြူဖားမှာ မည်သည့်စကားမှ ပြန်မပြောပေ။

အော့နျို စကားဆက်လိုက်သည်။

"ငါအအံ့သြဆုံးကတော့ အန်လင်းဆီမှာ အဲ့လောက်ကြောက်ဖို့ကောင်းတဲ့ ဝှက်ဖဲရှိနေတာကိုပဲ။ အဲ့ရုပ်သေးနဲ့ သူနဲ့သာဆိုရင် ဒီမှာရှိသမျှ သားရဲတွေကို ဆော်ပလော်တီးနိုင်လောက်တယ်။ သူ့အတွက် စွန့်စားရလောက်တာဆိုလို့ မဟာရက်စက်သော သားရဲတွေပဲ ရှိလိမ့်မယ်။"

ဂမ်ဒမ်သုံးနှင့် ဇူစကာတို့သည် အကြိတ်အနယ် တိုက်ခိုက်နေကြပြီး မည်သူကမှ အသာစီး မရနေပေ။

ရာဂ၏ အမူအရာမှာ တဖြည်းဖြည်း လေးနက်ခက်ထန်လာသည်။

ဒီလူသားနှစ်ယောက်ကို တကယ်သတိထားသင့်တယ်......

"ဝေါင်း....... မင်းအညံ့မခံသေးဘူးလား။"

ရာဂမှာ ကြောက်မက်ဖွယ် အရှိန်အဝါများ ထုတ်လွှတ်ကာ အန်လင်းအား စူးစိုက်ကြည့်ရှုလာသည်။

အန်လင်း မျက်မှောင်ကျုံ့မိသွားသည်။ သူသည် အစောပိုင်းတွင် လွှမ်းမိုးမှုအားကောင်းသော အရှိန်အဝါ တစ်ခုကို ခံစားမိခဲ့ပါသော်လည်း ယခုမဟာရက်စက်သော သားရဲနှစ်ကောင်လုံးတွင် ရှိမနေပေ။

ထိုအချိန်တွင် ပုံရိပ်သုံးခုမှာ မှိုပွင့်ကြီးထံ တဟုန်ထိုး ပြေးလာကြသည်။

ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာနှင့် မီးတောက်ပြာ အရိုးစုငှက်၊ လက်ရှစ်ဖက် ခြင်္သေ့ဘုရင်တို့ဖြစ်ပြီး ၎င်းတို့အားလုံးမှာ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့်များ ဖြစ်ကြသည်။

၎င်းတို့သည် ရှုပ်ထွေးနေသော အခြေအနေအား အမိအရ ဖမ်းဆုပ်ကာ ရတနာ ဖွေရှာကြမည်ဖြစ်ပြီး အတော်ပင် စိတ်လှုပ်ရှားနေသည်။

ရာဂသည် ၎င်းတို့အား တွေ့မြင်ပါသော်လည်း အမူအရာ ပြောင်းလဲမသွားပေ။

အန်လင်းမှာ ရာဂအားကြည့်ကာ ခန့်မှန်းချက်များ ပိုမိုသေချာလာသလိုပင်။

ထူပါ့ရှူက ငါ့အတွက် စမ်းသပ်ချက်ပဲ.........

ရာဂသည် အသေအလဲ တိုက်ခိုက်နေသော ဇူစကာအား တစ်ချက်မျှ ကြည့်ရှုလိုက်သည်။ ၎င်းသည် အခြားအရာများအား အာရုံစိုက်နိုင်ဦးမည် မဟုတ်သောကြောင့် လူသားနှစ်ဦးအား သူကိုယ်တိုင်ဖမ်းရန် ဆုံးဖြတ်လိုက်ရသည်။

ရာဂမှာ အန်လင်းနှင့် စုရှောင်လန်အား သတိဖြင့် ကြည့်ရှုလာသည်။ ချက်ချင်း မတိုက်ခိုက်သေးပါသော်လည်း ၎င်း၏အရှိန်အဝါမှာ ပို၍ပို၍ အားကောင်းလာလေသည်။

မြေပြင်ပေါ်ရှိ သွေးများသည်ပင် ဆူပွက်လာရသည်။

ရာဂသည် ပေသုံးဆယ်၊ လေးဆယ်မျှသာ ရှိပါသော်လည်း ၎င်း၏အတောင်ပံများမှာ ပေတစ်ရာခန့် ရှိသည်။ အတောင်များတွင် ချိတ်ဆွဲထားသော အရိုးခေါင်းများ၏ မျက်လုံးပေါက်များသည် သွေးနီရောင် အလင်းများ ဖြာထွက်နေ၏။

ထိုအရိုးခေါင်းများထံမှ အသံလှိုင်းတစ်မျိုး ဖြစ်ပေါ်လာကာ အန်လင်းတို့ထံ ရောက်ရှိလာသည်။

ထိုသည်မှာ တိုက်ပွဲမစခင် ရန်သူအား စိတ်အားပျက်ပြားအောင် ပြုလုပ်နေခြင်းပင်။

မည်သို့ပင်ဆိုစေကာမူ အန်လင်းသည် တိုက်ပွဲအတွေ့အကြုံများစွာ ရှိသောကြောင့် ထိုသို့သော လှည့်ကွက်ထဲ ကျရောက်မည် မဟုတ်ပေ။

"မင်းတို့ခုခံမှာ သေချာပြီလား။ ငါက မင်းတို့ကို အရှင်ပဲ ဖမ်းချင်တာနော်။ အဲ့ဒါကြောင့် မင်းတို့မှာ အသက်ရှင်နိုင်မယ့် အခွင့်အရေး ရှိသေးတယ်။ ဒါပေမယ့် မင်းတို့ပြန်တိုက်ရင်တော့ ငါလည်း မတော်တဆ သတ်မိသွားနိုင်တယ်။"

ရာဂသည် ၎င်းတို့အား အညံ့ခံရန်သာ ဖြောင်းဖြနေသည်။

အန်လင်းမှာ ရာဂနောက်တွင် ရှိနေသော မှိုပွင့်ကြီးအား ကြည့်ရှုလိုက်သည်။

"တခြားသားရဲတွေတောင် သွေးကီရင်ကျောက်စိမ်း သွားရှာနေကြပြီ။ မင်းသူတို့ကို အရင်သွားမရှင်းဘူးလား။"

"ဟားဟားဟား....... သွားပါစေ။ ငါတို့တံခါးဝအရောက် အစာလာပို့ပေးတာပဲဟာ။"

ရာဂသည် အနည်းငယ်မျှ မပူပန်သည့်အပြင် ပျော်ရွှင်နေပုံပင် ရသည်။

အန်လင်း တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။

သွေးကီရင်ကျောက်စိမ်းက အထဲမှာ တကယ်ရှိနေတာပဲ........

သို့သော် သွေးကီရင်ကျောက်စိမ်းအား အားကြီးသော သတ္တဝါတစ်ကောင်မှ ကာကွယ်စောင့်ရှောက်နေပုံရပြီး ထိုသည်မှာ သတိထားသင့်သည့် အချက်ပင်။ သူ့အနေဖြင့် ဤနေရာမှ အနှောင့်အယှက်များအား ဦးစွာရှင်းထုတ်ရန် လိုအပ်သည်။

ရာဂသည် အန်လင်းထံ ဖြည်းညင်းစွာ ချည်းကပ်လာနေပြီး ၎င်း၏အမြှီးထိပ်ဖျားမှ အေးစက်သော အလင်းများ ဖြာထွက်နေသည်။ အတောင်ပေါ်ရှိ အရိုးခေါင်းများထံမှလည်း ဂီတသံတစ်မျိုး ထွက်ပေါ်နေဆဲပင်။

အန်လင်း၏ မျက်ဝန်းများသည် နှင်းဖြူရောင်အဖြစ် ပြောင်းလဲသွားပြီးနောက် ကောင်းကင်နှင့်မြေပြင်မှာ ရုတ်ချည်းအမှောင်ကျသွားသည်။

ရာဂသည် အမွှေးများအားလုံး ထောင်ထသွားကာ အားကောင်းလှသော သတ်ဖြတ်ခြင်း စိတ်ဆန္ဒတစ်ခုကို အာရုံခံမိလိုက်သည်။

ကောင်းကင်မိစ္ဆာအရိုးကာ.......

၎င်းသည် တွေဝေမနေပဲ ခုခံကာကွယ်ရေး စွမ်းအင်အား ထုတ်ဖော်လိုက်သောကြောင့် ကောင်းကင်မိစ္ဆာ၏ ဦးခေါင်းတစ်ခု ရုပ်လုံးပေါ်လာကာ ၎င်း၏ခန္ဓာကိုယ်အား ကာကွယ်ပေးလိုက်သည်။

ထက်ရှလှသော အသံတစ်ခု ထွက်ပေါ်လာလေသည်။

ရာဂ၏ ခန္ဓာကိုယ်မှာ လွင့်ထွက်သွားပါသော်လည်း တိုက်ခိုက်မှုအား ခုခံနိုင်ခဲ့သည်။

သို့သော် တစ်စုံတစ်ခု ဆုံးရှုံးသွားသလို ခံစားလိုက်မိသည်။

"အိုး...... စိတ်ဝင်စားစရာ အစွမ်းပဲ။ ဒါလေးနဲ့ နည်းနည်းပါးပါး ပျော်ရသေးတာပေါ့။"

အန်လင်း ပေါ့ပေါ့ပါးပါးပင် ရယ်မောလာသည်။

ကောင်းကင်နှင့်မြေပြင်မှာ ပြန်လည်လင်းလက်သွားလေသည်။

ရာဂမှာလည်း အသိစိတ် ပြန်ဝင်လာသည်။

မည်သို့ပင်ဆိုစေကာမူ အသက်ဝဝ မရှူရသေးခင်မှာပင် လျှပ်စီးများနှင့် မိန်းမငယ်တစ်ဦးသည် လျင်မြန်လှသော အရှိန်ဖြင့် ၎င်းထံရောက်ရှိလာသည်။

အပြာရောင်လျှပ်စီးတောက်တောက်များနှင့် မြင့်မြတ်သော ဗာမီလီယမ်မီးတောက်သည် နဂါးစာကလေးဓားပေါ် လောင်ကျွမ်းကာ ပြီးပြည့်စုံသော ဓားစိတ်ဆန္ဒကို ဖော်ထုတ်ပေးနေပြီး ထိုအရှိန်အဝါမှာ ဟင်းလင်းပြင်သို့အပြန် ကျင့်ကြံသူ အချို့ထက်ပင် သာလွန်သေးသည်။ အဆင့်မြင့် အင်မော်တယ်လက်နက်နှင့် စုရှောင်လန်၏ သွေးမျိုးဆက်မှာလည်း ပြီးပြည့်စုံသော ပေါင်းစည်းမှုတစ်ခု ဖြစ်ပေသည်။

ရာဂသည် နဂါးစာကလေးဓားအား လက်နှစ်ဖက်ဖြင့်သာ ခုခံထားနိုင်တော့သည်။

***

All Chapters