အကူအညီတောင်းလာသော ပြိုင်ဘက်ကင်းဓားမော့မိစ္ဆာ
Vol. 58 Ch. 811
ရာဂသည် ထွက်ပြေးရန် ဆုံးဖြတ်လိုက်ပါသော်လည်း အန်လင်းနှင့် စုရှောင်လန်မှာ ထိုအတွက် ပြင်ဆင်ထားပြီး ဖြစ်သည်။
အန်လင်းသည် ရာဂအား စူးစိုက်ကြည့်ရှုကာ အီးဗုံးကြဲစေမန္တာန်အား အသက်သွင်းလိုက်သည်။
ရာဂမှာ ဗိုက်တစ်ခုလုံး ဆိုးဆိုးရွားရွား ထိုးအောင့်လာကာ ကြောက်မက်ဖွယ် ခံစားချက်တစ်ခု ခန္ဓာကိုယ် တစ်ခုလုံးအား ပျံ့နှံ့သွားသည်။
"ဗျစ်......"
အရည်တစ်မျိုးမှာ အနောက်ဘက်မှ ထွက်ကျလာလေသည်။
ရာဂသည် နာကျင်မှု၊ အရှက်ကွဲမှု၊ သိမ်ငယ်မှု အစရှိသော ခံစားချက်ပေါင်းစုံမှာ နှလုံးသားထဲ စိမ့်ဝင်လာသည်။
ထို့နောက် ကံမကောင်းမှုများနှင့် ဝမ်းနည်းမှုများအားလုံး ပြန်တွေးမိကာ ရင်ဘတ်များပင် အောင့်လာပြီး မျက်ရည်များ စီးကျလာတော့သည်။
"ယီးတဲ့မှ...... ရုတ်တရက်ကြီး ငိုချင်လာပါလား။"
ရာဂမှာ ငိုကြွေးနေရင်းပင် ထွက်ပြေးလိုက်ရသည်။
သို့သော် ၎င်း၏အရှိန်မှာ သိသိသာသာ လျော့ကျနေလေပြီ။
ထိုအချိန်တွင် လျှပ်စီးချိန်းကြိုး တစ်ခုမှာ ရာဂ၏ အနောက်ခြေထောက်များအား လျင်မြန်စွာ ချည်နှောင်ပစ်လိုက်သည်။
"အစစ်အမှန် နဂါးရဲ့ လျှပ်စီးပေါင်းစည်းခြင်း........"
စုရှောင်လန်သည် အစစ်အမှန် နဂါးစွမ်းအင်များ ထုတ်ဖော်ကာ အလွန်အားကောင်းသော လျှပ်စီးချည်နှောင်မှုနှင့်အတူ ရာဂ၏ လှုပ်ရှားမှုများအား တားဆီးထားလိုက်သည်။ ပြင်းထန်လှသော လျှပ်စီးစွမ်းအင်များသည် ချိန်းကြိုးများမှတဆင့် ရာဂထံ ရောက်ရှိလာပြီး ၎င်း၏ခန္ဓာကိုယ် တစ်ခုလုံး ထိခိုက်သွားစေသည်။
"ဝေါင်း......"
ရာဂ ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီးနောက် အတောင်ပေါ်ရှိ အရိုးခေါင်းများထံမှ သွေးနီရောင် မရဏအလင်းများ ဖြာထွက်လာပြီး လျှပ်စီးချိန်းကြိုးများအပေါ် ရောက်ရှိလာသည်။
ထိုအလင်းတန်းများတွင် တိုက်စားခြင်းစွမ်းအင်များ ပါဝင်နေသောကြောင့် ချိန်းကြိုးများအား လျင်မြန်စွာ ဖျက်စီးလိုက်နိုင်သည်။
မည်သို့ပင်ဆိုစေကာမူ အသက်ဝဝ မရှူရသေးခင်မှာပင် အန်လင်းသည် သွေးမိစ္ဆာသားရဲများနှင့်အတူ မိစ္ဆာရှင်းဓားအား ဆွဲကိုင်ကာ ပြေးဝင်လာသည်။
ရာဂ၏ နှလုံးသားများ အေးစက်သွားလေပြီ။ ပြီးပြည့်စုံသော ပူးပေါင်းတိုက်ခိုက်မှုမှာ ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။
ရာဂသည် ကံကြမ္မာအား အရှုံးပေးရန် စဉ်းစားနေစဉ်မှာပင် မှိုပွင့်ကြီးထံမှ စွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာလေသည်။
"အား......."
ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာ၏ အော်ဟစ်သံလည်း ပဲ့တင်ထပ်သွားသည်။
ပုံရိပ်တစ်ခုမှာ နံရံအားဖောက်လျက် အဝေးသို့ ထွက်ပြေးသွားတော့သည်။
အန်လင်း လှမ်းကြည့်လိုက်သောအခါ ထွက်ပြေးလာသူသည် ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာဖြစ်ကြောင်း တွေ့လိုက်ရသည်။
သွေးနီရောင် လှိုင်းများမှာ ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာနောက်သို့ လိုက်နေကြသည်။
၎င်း၏ခန္ဓာကိုယ်သည် ဒဏ်ရာဒဏ်ချက်များ ပြည့်နှက်ကာ ရွှေရောင်သွေးများ စီးကျနေသည်။ နောက်တွင်ပါလာသော သွေးနီရောင် လှိုင်းများသည် ၎င်းထံမှ ထွက်လာသမျှ ရွှေရောင်သွေးများ အားလုံးကို စုပ်ယူပစ်နေသည်။
အန်လင်းသည် နံရံပေါက်မှတဆင့် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့် ရောက်နေသော အခြားသားရဲနှစ်ကောင်ကိုလည်း မြင်တွေ့နေရသည်။ သို့သော် ၎င်းတို့သည် အရိုးသာ ကျန်တော့၏။
ထူးဆန်းလိုက်တာ....... စွမ်းအင်ရင်းမြစ်ကို အခုအချိန်ထိ အာရုံခံမရပါလား.......
အထဲမှာ ရှိနေတဲ့ကောင်က ငါ့ထက်သာနေတာများလား.......
အန်လင်းမှာ ထိုအတွေးများကြောင့် ဆုတ်ခွာရန် စဉ်းစားမိလာသည်။
ရန်သူသည် အလွန်အင်အားကောင်းနေပါက သွေးကီရင်ကျောက်စိမ်းအား ရှာရန်သက်သက်ဖြင့် အသက်စွန့်စရာ အကြောင်းမရှိပေ။
သို့သော် သူသည်ပင် သွေးကီရင်ကျောက်စိမ်းအား မရယူနိုင်ပါက အခြားသားရဲများအတွက်လည်း အခွင့်အရေး မရှိလောက်ပေ။
အန်လင်းနှင့် စုရှောင်လန်မှာ အနည်းငယ် တွေဝေနေမိကြသည်။ ရာဂမှာမူ ဝမ်းသာအားရ အော်ဟစ်လိုက်လေသည်။
"သွေးစက်အရှင်ရေ.... ကယ်ပါဦး။"
ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာမှာ အန်လင်းထံ ပြေးဝင်လာသည်။ ၎င်းနောက်မှ လိုက်နေသော သွေးနီရောင် လှိုင်းများသည် ထက်ရှလှသော ဆူးချွန်များအဖြစ် ပြောင်းလဲနေပြီပင်။ ထူပါ့ရှူမှာ ကြောက်လန့်တကြား အကူအညီ တောင်းလာသည်။
"အား........ ငါ့ကိုကယ်ပါဦး။"
အန်လင်း : "..........."
ကယ်ပါဦးဟုတ်လား...... ဒင်းကို မသတ်ပစ်တာတောင် လွန်လှပြီ.......
ထိုအချိန်တွင် သွေးမိစ္ဆာသားရဲများအားလုံး ပျောက်ကွယ်သွားသည်။
ရာဂသည်လည်း တစ်စုံတစ်ခု ပြန်လည်ရရှိလာသလို ခံစားလိုက်ရသည်။
ကျင့်စဉ်ခိုးယူခြင်းမှာ အချိန်ပြည့်သွားလေပြီ။
ရာဂမှာ ထိုသည်ကို သတိထားမိပြီး တိုက်ခိုက်ရန် ပြင်လိုက်စဉ်မှာပင် အန်လင်းမှာ သူ့ရှေ့သို့ ရောက်ရှိလာသည်။ အန်လင်း၏ နဖူးထက်တွင်လည်း ရွှေရောင်မျက်ဝန်းတစ်ခု ပွင့်ဟနေလေသည်။
ရာဂမှာ ထိုစွမ်းအင် ပျောက်ကွယ်သွားသလို ခံစားလိုက်ရပြန်သည်။
"အား....... မင်းကငါ့ဆီက တကယ်ခိုးနေတာပဲ။"
ရာဂ ဒေါသတကြီး ဟိန်းဟောက်ကာ အန်လင်းအား ခုန်အုပ်လိုက်သည်။
အန်လင်းသည် ရာဂ၏ တိုက်ခိုက်မှုအား ဓားဖြင့်ကာလိုက်ပြီးနောက် နဖူးထက်တွင် ရွှေရောင်မျက်ဝန်းတစ်ခု ပွင့်စလာပြန်သည်။
ရာဂမှာ တစ်စုံတစ်ခု ထပ်မံဆုံးရှုံးသွားရသည်။
အန်လင်းသည် အံ့ဖွယ်ခိုးယူခြင်းနည်းစနစ်အား ဆက်တိုက်ဆိုသလို အသုံးပြုလိုက်ခြင်းပင်။
အံ့ဖွယ်ခိုးယူခြင်းနည်းစနစ်သည် စိတ်စွမ်းအင် ကုန်ခမ်းလွန်းသောကြောင့် ယခင်က တစ်ကြိမ်လျှင် တစ်ခုသာ ခိုးယူနိုင်ခဲ့သည်။ ယခုတွင်မူ အန်လင်း၏ သိစိတ်အာရုံသည် လွန်စွာအားကောင်းနေပြီ ဖြစ်သောကြောင့် ယခင်ကထက်ပို၍ အသုံးပြုနိုင်ပြီပင်။
စနစ်၏ ပြောပြချက်အရ အံ့ဖွယ်ခိုးယူခြင်းနည်းစနစ်ဖြင့် တစ်ကြိမ်လျှင် စွမ်းရည်သုံးခုမျှ ခိုးယူနိုင်သောကြောင့် အန်လင်းမှာ နောက်ထပ်တစ်ကြိမ် အသုံးပြုနိုင်သေးသည်။
မည်သို့ပင်ဆိုစေကာမူ ရာဂသည် အန်လင်းအား အခွင့်အရေး မပေးတော့ပဲ အားကုန်တွန်းထုတ်ပစ်လိုက်သည်။
ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာမှာလည်း အန်လင်းတို့နား ရောက်ရှိလာနေလေပြီ။
၎င်းသည် အန်လင်း၏ ကယ်တင်ခြင်းအား မမျှော်လင့်ထားပေ။ ဆူးများကို အန်လင်းထံ လမ်းကြောင်းလွှဲနိုင်၊ မလွှဲနိုင် စမ်းကြည့်လိုခြင်းသာ ဖြစ်သည်။
ဝုန်း.......
မီးလျှံဓားပုံရိပ်တစ်ခုမှာ ကြောက်မက်ဖွယ် စွမ်းအင်ဖိအားနှင့်အတူ လေထုအား ကျော်ဖြတ်လာသည်။
ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာမှာ အလွန်ထိတ်လန့်သွားရသည်။
သောက်ကျိုးနည်း....... ဒီဓားချက်က စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း ကျင့်ကြံသူက ထုတ်ဖော်ထားတာရော ဟုတ်ရဲ့လား...... ငါ့ရဲ့အကောင်းဆုံး တိုက်ကွက်ထက်တောင် ပိုကောင်းနေသေးတယ်.......
ရာဂသည် ချစ်သူစုံတွဲနှစ်ဦး၏ ပူးပေါင်းတိုက်ခိုက်မှုအား ခံရပြန်ပြီပင်။ ၎င်းသည် မီးလျှံဓားပုံရိပ်အား အသည်းအသန် ခုခံနေရင်းပင် ခန္ဓာကိုယ်မှာ ဆုတ်ပြဲသွားရသည်။
အနီးတွင် ရှိနေသော ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာမှာလည်း ထိုမီးလျှံဓားအရှိန်ကြောင့် ကင်ပြီးသား ဖြစ်သွားတော့မလိုပင်။ ၎င်း၏ပါးစပ်မှ အဖြူရောင်အငွေ့များထွက်ကာ ရူးသွပ်သွားသူအလား အန်လင်းထံ ခုန်ဝင်လာသည်။
"ယီးလား....... ဘာလို့ငါဆီ ပြေးလာတာလဲ။"
အန်လင်းမှာ ထူပါ့ရှူအားကြည့်ကာ ဒေါသထွက်သွားရပြီးနောက် ဖင်ထဲအတောင့်လိုက် ဝင်လာမည့် ဆူးချွန်များကိုတွေ့ကာ ထိတ်လန့်သွားရသည်။
"ငါကဒီတိုင်း ဖြတ်သွားရုံပါ။"
ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာသည် ဝန်မခံသေးပဲ အန်လင်းထံသာ ရှေ့ဆက်တိုးလာနေသည်။
ဆူးချွန်များသည် သွေးစပါးအုံးတစ်ကောင်အဖြစ် ပြောင်းလဲသွားကာ ဆူးဘုများ ရှိနေသောကြောင့် ပျို့အန်ချင်စရာ ခံစားချက်ကို ရရှိစေသည်။
ထိုသွေးစပါးအုံးနှင့် ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာတို့ ထိတွေ့ရန် သိပ်မလိုတော့ပေ။
အန်လင်းမှာ ထူပါ့ရှူအားကြည့်ကာ အကြော်ဒယ်အိုးကို အလျင်မီ ထုတ်ထားလိုက်သည်။
ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာသည် ထိုမြင်ကွင်းကြောင့် ကြောင်တောင်တောင်ဖြစ်ကာ နှလုံးသားထဲတွင် တစ်ခုခုကို ကြိုသိနေသလို ဖြစ်မိသွားသည်။
"မင်းဒီကိုလာရင် ငါ့ကိုအပြစ်မပြောနဲ့တော့။"
အန်လင်း ပြုံးကာပြောလိုက်သည်။
မီးပင်လယ်....... အသက်ဝင်စမ်း.......
ဝုန်း.......
ကောင်းကင်ဘုံလဟာပြင်မီးတောက်၊ လရောင်ရှုခင်းမီးတောက်၊ ကြယ်မိစ္ဆာမီးတောက်နှင့် ကြီးမြတ်သန့်စင်မီးတောက်တို့ တပြိုင်နက်တည်း ထွက်ပေါ်လာကာ ကောင်းကင်နှင့်မြေပြင်အား မီးပင်လယ်အဖြစ် ပြောင်းလဲသွားစေသည်။
သောက်ကျိုးနည်း....... ထပ်ပြီးတော့ မီးပဲလား.....
ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာမှာ ငိုပါငိုချင်သွားရသည်။
ဒီလူနှစ်ယောက်က ဘာလို့မီးတွေပဲ သုံးနေရတာလဲ..... ငါ့ကိုတမင် ပစ်မှတ်ထားနေတာလား.......
သြဇာအာဏာ ကြီးမားတဲ့ ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာကနေ ထူပါ့ရှူကင် ဖြစ်တော့မှာလား.......
ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာမှာ မီးတောက်များနှင့် နီးကပ်နေပြီပင်။
အန်လင်း၏ အံ့ဖွယ်မီးတောက်များသည် ပြောင်းလဲမှုများစွာ ဖြတ်ကျော်ပြီးနောက် မြင့်မြတ်မီးတောက် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
"အား......"
ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာမှာ နာကျင်စွာ အော်ဟစ်ရင်း မီးတောက်များထံမှလွတ်ရန် နယ်ပယ်အား ထုတ်ဖော်လိုက်သည်။
သွေးစပါးအုံးမှာလည်း ထိုအရှိန်ကြောင့် နှစ်ခြမ်းကွဲကာ ဆူးချွန်များအဖြစ် ပြောင်းလဲသွားပြီးနောက် ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာထံကိုရော၊ အန်လင်းထံပါ ဦးတည်လာတော့သည်။
***