← Chapters

သွေးမိစ္ဆာကီရင်၏ဆုံးဖြတ်ချက်

Vol. 59 Ch. 818

သွေးမိစ္ဆာကီရင်၏ဆုံးဖြတ်ချက်

Vol. 59 Ch. 818

"မူး........ ကျင့်ကြံရေး အဆင့်တက်သွားလို့ ဂုဏ်ယူပါတယ် စီနီယာအန်လင်း။ စီးတော်နွား ဖြစ်ရတာ အရမ်းပျော်တာပဲ။ စီနီယာကို ကျောပေါ်တင်ပြီး ကမ္ဘာပတ်သိမ်းပစ်မယ်။"

"အုံးအွမ်........ စီနီယာအန်လင်းက သွေးကီရင်ကျောက်စိမ်းကို စုပ်ယူပြီး သွေးမိစ္ဆာကီရင်ကို အပီသိပ်ထည့်လိုက်လို့ ကောင်းကင်ဘုံက ကောင်းချီးရပြီး အဆင့်တက်သွားတာပဲ။ စီနီယာ ကမ္ဘာပေါ်မှာ ရှားမှရှား သောက်ကြမ်းကြီးပဲ။"

အဆိပ်မြူဖားမှာလည်း ချီးကျူးစကားဆိုရာတွင် အနည်းငယ်မျှ နောက်ကျကျန်မနေပေ။

အန်လင်းသည် ၎င်းတို့နှစ်ဦးအား ဂရုစိုက်မနေပဲ သွေးမိစ္ဆာကီရင်ထံသွားကာ အရိုအသေ ပေးလိုက်သည်။

"အဆင့်တက်ဖို့ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ။"

သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ ငိုပင်ငိုချင်သွားရသည်။

"ငါ့ကိုစီနီယာလို့ မခေါ်နဲ့။"

သက်လတ်ပိုင်းအရွယ် အမျိုးသားသည် သက်တောင့်သက်သာ မရှိဟန်ဖြင့် လက်ခါပြလိုက်သည်။

"နာမည်ပဲခေါ်ပါ။"

အကြောင်းပြချက် အချို့ကြောင့် အန်လင်းမှ စီနီယာဟု ခေါ်လာသောအခါ စိတ်ကသိကအောက် ဖြစ်ရသည်။

သွေးကီရင်ကျောက်စိမ်းသည် အန်ကီရင်၏ အဝတ်အစား ဖြစ်လာချိန်မှစ၍ အန်လင်းအား ထိခိုက်နစ်နာစေရန်ပင် တွေးမရတော့ပေ။ သူသည် အန်လင်း၏ ချစ်သူမိန်းကလေး ဖြစ်လာသလိုပင်။

ထိုအတွေးကြောင့် သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ မျက်လုံးများပြူးကာ အသက်ရှူသံများ ပြင်းသွားရသည်။

ယီးကို ချစ်သူမိန်းကလေးလား.......

ငါက ကီရင်အထီးကြီးပါ........

သက်လတ်ပိုင်းအရွယ် အမျိုးသား၏ အမူအရာ ပြောင်းလဲမှုကြောင့် အန်လင်းနှင့် စုရှောင်လန်မှာ လက်နက်များ ထုတ်ထားလိုက်ကြသည်။

"အမ်...... စီနီယာ ခင်ဗျား အဆင်ပြေရဲ့လား။"

အန်လင်း တွေဝေစွာ မေးမြန်းလာသည်။

"စီနီယာလို့ မခေါ်ပါနဲ့ဆို။"

သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ နဖူးသွေးကြောများပင် ထောင်ထလာရသည်။

"ငါ့ကို နာမည်ပဲ ခေါ်စမ်းပါ။"

"အဲ့ဒါဆို ခင်ဗျားနာမည်က....."

အန်လင်း မေးခွန်းထုတ်လိုက်သည်။

သက်လတ်ပိုင်းအရွယ် အမျိုးသားသည် စိတ်အားတည်ငြိမ်စေကာ စကားဆိုလာသည်။

"ငါ့ရဲ့ မျိုးရိုးနာမည်က တုန်းဖန်း....."

တုန်းဖန်းလား.......

အဲ့ဒါက လူနာမည်ပဲ.......

အန်လင်း ခေါင်းညိတ်လိုက်သည်။

"နာမည်အပြည့်အစုံကရော......"

သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ မာန်ချီနေဟန်ဖြင့် ခေါင်းမော့ထားလိုက်သည်။

"ငါ့နာမည်က တုန်းဖန်းကျွမ်းရှီးပဲ။"

အားလုံး တိတ်ဆိတ်သွားသည်။

အော့နျိုမှာ ကျွတ်ကျမတက် မျက်လုံးပြူးနေသလို ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာမှာ နားဖာချီးအား တိတ်တဆိတ် ကလော်လိုက်သည်။

"ကျွမ်း...... ကျွမ်းရှီးလား။"

အန်လင်းမှာလည်း ကိုယ့်နားကိုယ်ပင် မယုံကြည်နိုင် ဖြစ်သွားမိသည်။

"ဟုတ်တယ်။ နာမည်က မိုက်တယ်မလား။ သူမ ပေးထားတဲ့ နာမည်လေ။"

သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ သိမ်မွေ့စွာ ပြုံးလိုက်သည်။

"ငါက သန်မာတယ်၊ အားကိုးရတယ်၊ ပြီးတော့ အမြဲတက်ကြွနေတာပဲတဲ့။ ကျွမ်းရှီးဆိုတဲ့ နာမည်က အသန့်စင်ဆုံးနဲ့ အရိုးရှင်းဆုံး ခံစားချက်တွေ ပါနေတယ်။ ငါ့ရဲ့ ဘဝတာအိုနဲ့ အရမ်းလိုက်ဖက်ပြီးတော့ မှတ်မိဖို့လည်းလွယ်၊ နားလည်ရလည်း လွယ်တယ်လေ။"

အန်လင်း မျက်နှာပျက်သွားသည်။

စုရှောင်လန်မှာ ရယ်ချင်စိတ်ကို အောင့်ထားရသောကြောင့် မျက်နှာတစ်ခုလုံးပင် ရဲတွတ်နေလေပြီ။

ဘဝတာအိုနဲ့ လိုက်ဖက်တယ်ပေါ့လေ....... ဒီလူကတော့ စကားတတ်တဲ့ မိန်းကလေးဆီမှာ ပြောင်းဖူးလို လှည့်ခံလိုက်ရတာပဲ.........

ဘယ်လိုတွေတောင်လဲ.......

တုန်းဖန်းကျွမ်းရှီးတဲ့လား....... ဘုရားရေ...... တကယ်ပဲ ထူးခြားပါပေတယ်.......

"ဖူး...... အဟားဟား...... အုံးအွမ်.....”

အဆိပ်မြူဖားမှာ မနေနိုင်တော့ပဲ ရယ်မောလိုက်မိသည်။

တုန်းဖန်းကျွမ်းရှီးမှာ သတ်ဖြတ်ခြင်း စိတ်ဆန္ဒများဖြင့် အဆိပ်မြူဖားအား စူးစိုက်ကြည့်ရှုလာသည်။

"မင်းကဘာရယ်တာလဲ။"

"အုံးအွမ်......"

အဆိပ်မြူဖားမှာ အသတ်မခံရရန် အကြောင်းပြချက် ပေးရတော့မည်ပင်။

"စီနီယာ တုန်းဖန်းကို ရယ်တာမဟုတ်ပါဘူး။ ကျွန်တော် ရုတ်တရက်ကြီး ဟာသတစ်ခု တွေးမိသွားလို့ပါ။ အဲ့ဒါက အရမ်းရယ်စရာ ကောင်းနေလို့ မနေနိုင်ပဲ ရယ်မိသွားတာ။"

"ဟမ့်...... ဟာသလား။ ဘာဟာသလဲ။ ငါ့ကိုပြောကြည့်လေ။"

တုန်းဖန်းကျွမ်းရှီး အေးစက်စွာ ပြောလိုက်သည်။

အဆိပ်မြူဖား အသက်ပြင်းပြင်းရှူကာ စကားစလိုက်သည်။

"ဟိုးရှေးရှေးတုန်းက အရမ်းပျင်းနေတဲ့ မကောင်းဆိုးဝါးနှစ်ကောင် ရှိတယ်တဲ့။ သူတို့က ပျင်းလွန်းလို့ လူ့ဘဝကို ခံစားဖို့ ဆုံးဖြတ်လိုက်ကြတယ်။ တစ်ကောင်က ချောမောခန့်ညားတဲ့ ယောက်ျားပျိုပုံစံ ပြောင်းလိုက်ပြီးတော့ နောက်တစ်ကောင်ကတော့ အရမ်းလှတဲ့ မိန်းကလေးပုံစံ ပြောင်းလိုက်တယ်။ သူတို့နှစ်ယောက် တွေ့တဲ့အချိန်မှာ တစ်ယောက်နဲ့တစ်ယောက် ချစ်ကျွမ်းဝင်သွားပြီး လက်ထပ်လိုက်ကြရောတဲ့။"

"သူတို့က မကောင်းဆိုးဝါး ဆိုတာကို အိမ်ထောင်ဖက် သိသွားမှာဆိုးလို့ အချိန်နဲ့အမျှ အသက်ကြီးလာအောင် လုပ်ခဲ့ကြတယ်။ နှစ်တစ်ရာလောက် ကြာသွားတော့ သူတို့ရုပ်တွေကလည်း အိုမင်းရွတ်တွနေပြီလေ။ ပြီးတော့ နှစ်ယောက်လုံးက နေ့တိုင်းတွေးမိကြတာပေါ့။ ဒင်းကဘာလို့ မသေနိုင်သေးတာလဲ ဆိုပြီးတော့....."

"ဟားဟားဟား....... မရယ်ရဘူးလား..... အုံးအွမ်။"

အဆိပ်မြူဖားမှာ နှလုံးသားထဲတွင် ကြိတ်ဆုတောင်းနေမိသည်။

ရယ်ကြပါ...... ကျေးဇူးပြုပြီး အားလုံးရယ်ကြစမ်းပါ.......

တုန်းဖန်းကျွမ်းရှီးမှာ တည်တည်ငြိမ်ငြိမ်ပင် အန်လင်းတို့အား မေးမြန်းလိုက်သည်။

"အဲ့ဟာသက ရယ်ရလား။"

အန်လင်းသည် အခြေအနေအား ပြောင်းပစ်လိုသောကြောင့် ချက်ချင်းရယ်မောလိုက်သည်။

"ဟားဟား...... တော်တော်လေး ရယ်ရပါတယ်။"

ဒါပေမယ့် ခင်ဗျား နာမည်လောက်တော့ ဘယ်ရယ်ရပါ့မလဲ.......

တုန်းဖန်းကျွမ်းရှီးသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီးနောက် စကားလမ်းကြောင်း ပြောင်းလိုက်သည်။

"အခုက မင်းငါ့ဆီကနေ ယူသွားတဲ့ သွေးကီရင်ကျောက်စိမ်းအကြောင်း ပြောရမယ့် အချိန်ပဲ။"

အန်လင်းနှင့် စုရှောင်လန်မှာ မျက်နှာတည်သွားကြသည်။

ငါတို့ကို တစ်ခုခု လုပ်တော့မှာများလား........

"ဟေး....... အဲ့လိုကြီး ဖြစ်မနေနဲ့လေ။"

အန်လင်း၏ အမူအရာကြောင့် တုန်းဖန်းကျွမ်းရှီးမှာ သခင် လျစ်လျူရှုခံရသော အိမ်မွေးတိရစ္ဆာန်အလား ဝမ်းနည်းသွားရသည်။

"ငါက ယဉ်ကျေးမှု ရှိတဲ့သူပါ။ မင်းနဲ့ ဆွေးနွေးချင်ရုံလေးပါ။"

တုန်းဖန်းကျွမ်းရှီး နွေးထွေးစွာ ပြုံးပြလာသည်။

အန်လင်းမှာ အနည်းငယ် အံ့သြသွားရလေသည်။

ဆွေးနွေးစရာ ဘာရှိလို့လဲ........

အန်လင်းသည် အမှားလုပ်မိထားသူ ဖြစ်သောကြောင့် တုန်းဖန်းကျွမ်းရှီးမှ သတ်ရန်ကြိုးစားလာလျှင်ပင် စိတ်သက်သာရာ ရပေဦးမည်။ ယခုကဲ့သို့ အကျိုးသင့် အကြောင်းသင့် စကားဆိုနေသည်မှာ သူ့အားစိတ်ကသိကအောက် ဖြစ်စေပေသည်။

"ကောင်းပြီလေ...... ဦးလေးတုန်းဖန်းက ဘာပြောချင်တာလဲ။"

အန်လင်းသည် တုန်းဖန်းကျွမ်းရှီး၏ အကြောင်းပြချက်အား နားထောင်ရန် ဆုံးဖြတ်လိုက်သည်။ အဆိုးဆုံး အခြေအနေ ဖြစ်လာလျှင်လည်း တိုက်ခိုက်ရုံမှလွဲ၍ ရွေးချယ်စရာ မရှိပေ။

ဟုတ်သားပဲ....... တုန်းဖန်းကျွမ်းရှီးက ငါ့ကိုတိုက်ခိုက်လို့မှ မရတာ........ အဲ့ဒါကြောင့် ဆွေးနွေးချင်တာပဲ ဖြစ်ရမယ်.......

လူချင်းတိုက်လို့ မရတော့ စကားနဲ့ တိုက်မှာပေါ့........

တုန်းဖန်းကျွမ်းရှီး စကားဆိုလာသည်။

"အန်လင်း....... ငါရိုးရိုးသားသားပဲ ပြောတော့မယ်။ မင်းမရှိပဲ ငါမနေနိုင်ဘူး။"

အန်လင်း : ".........."

စုရှောင်လန် မျက်နှာပျက်သွားသည်။

"ဦးလေးတုန်းဖန်း......နားလည်မှု လွဲတာတွေ မဖြစ်ရအောင် ကျေးဇူးပြုပြီး စကားကို ဆုံးအောင်ပြောပါ။"

အန်လင်း မျက်မှောင်ကျုံ့ကာ ပြောလိုက်သည်။

တုန်းဖန်းကျွမ်းရှီး ခေါင်းညိတ်ကာ စကားဆက်လိုက်သည်။

"ကောင်းပြီ။ အခြေအနေကတော့ ဒီလိုရှိတယ်။ သွေးကီရင်ကျောက်စိမ်းက ငါ့ရဲ့စွမ်းအင်အဆီအနှစ်ပဲ။ ပြောရရင် ငါ့ရဲ့အသိစိတ်ကနေ ကွဲထွက်နေတဲ့ ငါလို့တောင် ပြောလို့ရတယ်။"

"အခု မင်းရှေ့မှာ ရှိနေတာက သွေးမိစ္ဆာကီရင်ရဲ့ အသိစိတ်ပေါ့။ အခုငါက လောင်စာမရှိတဲ့ မီးလိုဖြစ်နေပြီ။ ငါ့ရဲ့ဖြစ်တည်မှု ပျောက်မသွားဖို့အတွက် စွမ်းအင်အဆီအနှစ်နဲ့ အတူရှိနေမှရမှာ။"

သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ အန်လင်း၏ ပုခုံးအား ဆုပ်ကိုင်လာသည်။

"အဲ့ဒါကြောင့် ငါမင်းနားကနေ ထွက်သွားလို့ မရဘူး။ ငါ့ကိုမင်းဘေးမှာ ရှိခွင့်ပေးပါ။ သွေးကီရင်ကျောက်စိမ်းကို မင်းယူသွားတာဆိုတော့ မင်းငါ့ကို တာဝန်ယူသင့်တာပေါ့။ ကျိုးကြောင်းဆီလျော်တယ်မလား။"

အန်လင်းမှာ ထိုစကားကြောင့် နှလုံးခုန်သံပင် ရပ်မလို ဖြစ်သွားရသည်။

တာဝန်ယူရမယ်ဟုတ်လား...... ယီးကိုတာဝန်ယူပါလား..... ခင်ဗျားကိုခင်ဗျား ကောင်းကင်နတ်မိမယ်လေးများ ထင်နေလား...... သက်လတ်ပိုင်းအရွယ် ယောက်ျားတစ်ယောက် အနောက်က တကောက်ကောက် လိုက်နေမှာ တွေးရုံနဲ့တင် ရွံစရာ ကောင်းနေပြီ.......

စုရှောင်လန်မှာလည်း မျက်ခုံးနှိပ်နေရသည်။

ဘာလို့ ဒီလိုတွေ ဖြစ်လာရတာလဲ........ ဒီလူကြီး စကားတွေက ကြားမကောင်းပေမယ့် မှန်တော့မှန်နေသလိုပဲ.......

သူ့ကိုငြင်းလိုက်ရင် ငါတို့ပဲ လူဆိုးဖြစ်သွားမှာ.......

"ခင်ဗျားက အမြဲ ကျွန်တော့်နား နေမှရမှာလား။"

အန်လင်း ခေါင်းကိုက်နေလေပြီ။

"မင်းဘာကို စိတ်ပူနေလဲ သိပါတယ်။ ဒါပေမယ့် မစိုးရိမ်ပါနဲ့။ ငါမင်းနားမှာ ကပ်တွယ်နေဖို့တော့ မလိုပါဘူး။"

"ငါလည်း ဒဏ္ဍာရီလာသားရဲခန္ဓာကို ပြန်တည်ဆောက်ဖို့ အကောင်းဆုံး ကြိုးစားမှာပါ။ အဲ့လိုဖြစ်လာရင် မင်းနားနေစရာ မလိုတော့ပါဘူး။"

အန်လင်း သက်ပြင်းချကာ ရွေးချယ်စရာ မရှိတော့သဖြင့် ခေါင်းညိတ်သဘောတူလိုက်ရသည်။

ဤသို့ဖြင့် ကြောင်တောင်တောင် သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ အန်လင်း အဖွဲ့ဝင် ဖြစ်လာတော့သည်။

All Chapters