ဂုဏ်ယူဝံ့ကြွားနေသောယောင်ကျီး
Vol. 59 Ch. 825
နဂါးနက်မျောက်ဝံမှာ ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်လိပ်ပြာအားကြည့်ကာ ခေါင်းကိုက်လာရသည်။
သူသည် ရွေးချယ်စရာ မရှိတော့ပဲ ဆုတ်ခွာနေရင်း ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်လိပ်ပြာအား တိုက်ခိုက်ရတော့သည်။
ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်လိပ်ပြာသည် သင်ခန်းစာ ရလိုက်သောကြောင့် နဂါးနက်မျောက်ဝံ ထွက်ပြေးရ ခက်ခဲစေရန် လမ်းကြောင်းအမျိုးမျိုးပြောင်းကာ တိုက်ခိုက်နေသည်။
"ယီးပဲ...... ဒါတွေအားလုံး စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် လူသားနှစ်ယောက်ကြောင့်ပဲ။"
၎င်းသည် ဒေါသထွက်စွာဖြင့် အန်လင်းနှင့် စုရှောင်လန်အား လှမ်းကြည့်လာသည်။
မီးတောက်မီးလျှံများ ပျောက်ကွယ်သွားကာ အန်လင်းနှင့် စုရှောင်လန်၏ပုံရိပ် ပေါ်ထွက်လာလေသည်။
"ဟူး...... ဒီနည်းလမ်းက သုံးလို့ကောင်းပေမယ့် အားတော်တော်ကုန်တာပဲ။"
အန်လင်း မောပန်းစွာ ပြောလိုက်သည်။
စုရှောင်လန်မှာ အန်လင်းအား မျက်စောင်းထိုးလိုက်သည်။
"နင်အရူးထလို့ ပြီးပြီဆိုရင်လည်း ရန်သူတွေကို ရှင်းလိုက်ဦး။ ဒီနေရာက ကိုးပြည်ထောင် မဟုတ်ဘူး။ တစ်ခုခု နောက်ကျသွားတာနဲ့ ခန့်မှန်းမရတာတွေ ဖြစ်လာနိုင်တယ်။"
နဂါးနက်မျောက်ဝံမှာ စုရှောင်လန်၏ စကားကြောင့် ရယ်ချင်ပက်ကျိ ဖြစ်သွားရသည်။
"ငါ့ကိုရှင်းမယ်ဟုတ်လား။ အဟက်..... မောက်မာလိုက်တာ။ မင်းတို့ အသက်ရှင်ဖို့တောင် မဖြစ်နိုင်တာကို ငါ့ကိုအနိုင်တိုက်ဖို့ အိပ်မက်မက်နေသေးတာလား။"
ဝုန်း......
အမှောင်ထု၏ ရက်စက်ကြမ်းကြုတ်သော စွမ်းအင်များ ပျံ့နှံ့လာသည်။
မျောက်ဝံနတ်ဘုရားတစ်ကောင်၏ ပုံရိပ်သည် ဘီလူးကြီးအလား ကောင်းကင်နှင့်မြေပြင်ကို လွှမ်းခြုံသွားသည်။ ထိုပုံရိပ်ကြီးသည် ကျယ်လောင်စွာ ဟိန်းဟောက်လျက် ပြင်းထန်လှသော အသံလှိုင်းကို ဖြစ်ပေါ်စေကာ ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်လိပ်ပြာထံ ပြေးဝင်သွားသည်။
"သေလိုက်တော့။"
တစ်ချိန်တည်းမှာပင် နဂါးနက်မျောက်ဝံသည် အန်လင်းနှင့် စုရှောင်လန်အနီးမှ လေထုအား ချိပ်ပိတ်ကာ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
အန်လင်း၏ သိုလှောင်လက်စွပ်မှာ ဖျက်ခနဲ လက်သွားပြီး ဂမ်ဒမ်နှစ်ကောင် ထွက်ပေါ်လာသည်။
"ဂမ်ဒမ်သုံးနဲ့ ဂမ်ဒမ်လေး...... နဂါးနက်မျောက်ဝံကို မှတ်လောက်အောင် သမခဲ့လိုက်။"
သူသည် ဝှက်ဖဲဂမ်ဒမ် နှစ်ကောင်အား တပြိုင်နက် ထုတ်ဖော်လိုက်သည်။
ဝှစ်.......
ဂမ်ဒမ်သုံးသည် အမှုန်စွမ်းအင် ဓားတစ်လက်အား ဖြစ်ပေါ်စေပြီးနောက် လေထုချိပ်စည်းအား ဖျက်စီးကာ နဂါးနက်မျောက်ဝံထံ ပြေးဝင်သွားပါသော်လည်း ဂမ်ဒမ်လေးမှာ တုတ်တုတ်မလှုပ်ပေ။
အန်လင်း ရုတ်တရက် သတိရကာ အော်ဟစ်လိုက်သည်။
"ယောင်ကျီး...... အဲ့နဂါးနက်မျောက်ဝံကို သတ်ပစ်လိုက်။"
ဘန်း.......
ယောင်ကျီးသည် ပန်းရောင်အတောင်များကိုဖြန့်ကာ အနီရောင် စွမ်းအင်များ ထွက်ပေါ်စေလျက် ချက်ချင်းပျံဝဲသွားသည်။
အန်လင်းမှာ ယောင်ကျီးအားကြည့်ကာ စိတ်ကသိကအောက် ဖြစ်နေရသည်။ သူသည် အမည်နာမနှင့် ပက်သတ်၍ စက်ရုပ်တစ်ရုပ်အပေါ် ရှုံးနိမ့်သွားရခြင်းပင်။
ဂမ်ဒမ်သုံးသည် ပါးချခံလိုက်ရသောကြောင့် အဝေးသို့ လွင့်ထွက်သွားရကာ ဖြစ်ပေါ်လာသော စွမ်းအင်ပေါက်ကွဲမှုကြောင့် နဂါးနက်မျောက်ဝံသည်လည်း နောက်သို့ဆုတ်ခွာလိုက်ရသည်။
၎င်းသည် ဂမ်ဒမ်သုံးအား မယုံကြည်နိုင်စွာ ကြည့်ရှုလိုက်သည်။
အခုခေတ်မှာ စက်ရုပ်တွေက အဲ့လောက်တောင် ကြောက်ဖို့ကောင်းနေပြီလား.........
မည်သို့ပင်ဆိုစေကာမူ ထိုစက်ရုပ်နှစ်ရုပ်အား တစ်နေရာရာတွင် မြင်တွေ့ဖူးသလို ရင်းနှီးနေမိသည်။
နဂါးနက်မျောက်ဝံ တစ်ချက်တွေးနေစဉ်မှာပင် ယောင်ကျီးမှာ ၎င်းအနားသို့ ရောက်ရှိလာလေသည်။
"မဟူရာဓား......."
မျောက်ဝံနတ်ဘုရား ပုံရိပ်၏ လက်ထဲတွင် ကြီးမားလှသော ဓားတစ်လက် ဖြစ်ပေါ်လာကာ ယောင်ကျီးအား ခုတ်ချလိုက်သည်။
ဝှစ်.......
ထိုဓားပုံရိပ်သည် အမှောင်ထုများ ဝန်းရံနေပြီး ရှိရှိသမျှ အရာအားလုံး ဖျက်စီးပစ်လိုက်သည်။
ယောင်ကျီးသည် ရှောင်ပင်မရှောင်ပဲ မျောက်ဝံနတ်ဘုရား ပုံရိပ်ထံ ဆက်လက်ပျံဝဲလာသည်။
"မင်းက ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ။"
နဂါးနက်မျောက်ဝံမှာ အေးစက်စွာ ခနဲ့လိုက်ပြီးနောက် မဟူရာဓားမှာ ကြောက်မက်ဖွယ် အရှိန်ဖြင့် ကျဆင်းလာသည်။ ထို့နောက် ယောင်ကျီးအား ထိတော့မည့်အချိန်မှာပင် ပန်းရောင်အလင်းများနှင့်အတူ သူမ ပျောက်ကွယ်သွားလေသည်။
နဂါးနက်မျောက်ဝံမှာ အမူအရာ ပြောင်းလဲသွားကာ သူမအား လိုက်ရှာနေသည့် အချိန်မှာပင် ယောင်ကျီးသည် မျောက်ဝံနတ်ဘုရား ပုံရိပ်ရှေ့ တည့်တည့်ပေါ်ထွက်လာကာ ပန်းရောင်အမှုန်စွမ်းအင်ဓားဖြင့်ခုတ်ပိုင်းလိုက်သည်။
လေဟာနယ် ခုန်ကူးခြင်းလား..........
ဒီစက်ရုပ်က လေဟာနယ် ခုန်ကူးခြင်းကို လုပ်နိုင်တာလား.........
နဂါးနက်မျောက်ဝံ ကြောင်တောင်တောင် ဖြစ်သွားရသည်။ သူသည်ပင် ထိုနည်းလမ်းအား မကျွမ်းကျင်ပါသော်လည်း စက်ရုပ်တစ်ကောင်မှာ အလွယ်တကူ လုပ်ပြသွားလေသည်။
ငါ့ကိုလာနောက်နေတာလား........
ဝုန်း......
မျောက်ဝံနတ်ဘုရား၏ ပုံရိပ်မှာ ပျက်စီးသွားသည်။
ယောင်ကျီးသည် နဂါးနက်မျောက်ဝံထံ ပျံသန်းရောက်ရှိလာသည်။ ၎င်းသည် တွက်ချက်မှုများ လျင်မြန်စွာ ပြုလုပ်နေသောကြောင့် မျက်ဝန်းများမှ ပန်းရောင်အလင်းမှုန်များ ဖြာထွက်နေလေသည်။
နဂါးနက်မျောက်ဝံသည် ဓားမော့အလား ထက်ရှလှသော လက်သည်းများဖြင့် ကုပ်ဆွဲပစ်လိုက်သည်။
ယောင်ကျီးမှာ လျင်မြန်လွန်းလှသည်။ နဂါးနက်မျောက်ဝံ စတင်တိုက်ခိုက်လာသည်နှင့် ၎င်းမှာရှောင်ရှားပြီးနေပြီပင်။ သူမသည် လက်သည်းများအား ရင်ဆိုင်ရန် လက်ညှိုးနှင့် လက်ခလယ်အား ဆန့်တန်းလိုက်သည်။
"အမှောင်ဒြပ်ထု တိုက်စားခြင်းအမြှောက်....... အသက်ဝင်...."
၎င်းသည် ကြိုတင်တွက်ချက်မှုများ ပြုလုပ်ထားသောကြောင့် လှုပ်ရှားမှု၊ တိုက်ခိုက်မှုများအားလုံး အချိန်ကိုက် ပြီးပြည့်စုံနေပြီး နဂါးနက်မျောက်ဝံ၏ အားအနည်းဆုံး နေရာအား ချိန်ရွယ်နိုင်ခဲ့သည်။
ယောင်ကျီးထံမှ အနက်ရောင်စွမ်းအင်များ ဖြာထွက်လာကာ ကြမ်းတမ်းလှသော စွမ်းအင်ပေါက်ကွဲမှုကို ဖြစ်ပေါ်သွားစေသည်။
ဝုန်း........
"ဂါး........"
နဂါးနက်မျောက်ဝံ၏ ရင်ဘတ်တည့်တည့်တွင် အပေါက်တစ်ခု ဖြစ်သွားကာ နာကျင်စွာ အော်ဟစ်လိုက်ရသည်။
အန်လင်းနှင့် စုရှောင်လန်မှာလည်း ပါးစပ်အဟောင်းသား ဖြစ်သွားရလေသည်။
"ဂမ်ဒမ်လေးက ဂမ်ဒမ်သုံးထက်တောင် အများကြီး သာတာပဲ။"
အန်လင်း အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
ယောင်ကျီး၏ စွမ်းအင်ဗဟိုလုံးအား ပိုင်လင်ထံမှ ရရှိခဲ့ပြီး သူမ၏ ပြောပြချက်အရ ခရမ်းကြယ်စင်၏ စက်ပိုင်းဆိုင်ရာပိုင်းတွင် အဆင့်အမြင့်ဆုံး စွမ်းအင်ဗဟိုလုံးဟု သိခဲ့ရသည်။ ယောင်ကျီးသည် ဉာဏ်ရည်တုပိုင်းတွင် အထွဋ်အထိပ်ရောက်ကာ ကိုယ်ပိုင်အသိစိတ်ရှိကြောင်း ပြောပြခဲ့ပါသော်လည်း တိုက်ခိုက်ရေးပိုင်းနှင့်ပက်သတ်၍ ဘာမှမသိခဲ့ရပေ။
ဂမ်ဒမ်သုံးသည် ဟင်းလင်းပြင်သို့အပြန် စဦးအဆင့် ဖြစ်ပါသော်လည်း ယောင်ကျီးမှာ ထိုထက်ပင်ပို၍ အဆင့်မြင့်နေသည်။ အနည်းဆုံး ဟင်းလင်းပြင်သို့အပြန် အလယ်အလတ် အဆင့်မျှ ရှိပေလိမ့်မည်။
ထိုသည်မှာ အန်လင်းအတွက် ဝမ်းသာစရာပင်။
နဂါးနက်မျောက်ဝံမှာ သွေးပွက်ပွက်အန်ကာ နောက်ဆုတ်သွားရသည်။
ထိုအချိန်တွင် ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်လိပ်ပြာ ရောက်ရှိလာပြီး နဂါးနက်မျောက်ဝံပေါ် အမှုန်များ ခါချလိုက်သည်။
ဂမ်ဒမ်သုံးမှာလည်း ဆွဲအားစက်ကွင်းတစ်ခု ဖြစ်ပေါ်စေကာ နဂါးနက်မျောက်ဝံ၏ လှုပ်ရှားမှုများကို တားဆီးလိုက်သည်။
ယောင်ကျီး ခပ်ဖွဖွပြုံးကာ အန်လင်းအား လှမ်းကြည့်လိုက်သည်။ ထိုအမူအရာမှာ လူသားဆန်လွန်းလှပေသည်။
အန်လင်းမှာ ဂုဏ်ယူဝံ့ကြွားနေသော ယောင်ကျီးကြောင့် တအံ့တသြ ဖြစ်သွားရသည်။
သူမက ဂမ်ဒမ်ရော ဟုတ်ရဲ့လား........
ယောင်ကျီးသည် နဂါးနက်မျောက်ဝံထံသွားကာ တိုက်ခိုက်ပြန်သည်။ သူမ၏ တိုက်ခိုက်မှု တစ်ခုချင်းစီမှာ ကြောက်မက်ဖွယ် ကောင်းလွန်းလှသောကြောင့် နဂါးနက်မျောက်ဝံ ဒုက္ခရောက်နေရသည်။ ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်လိပ်ပြာနှင့် ဂမ်ဒမ်သုံးတို့ပါ ဆွမ်းကြီးဝင်လောင်းနေသဖြင့် နဂါးနက်မျောက်ဝံ ကြောက်စိတ်ဝင်လာရလေပြီ။
လူသားကျင့်ကြံသူများသည် မောက်မာနေခြင်း မဟုတ်ပဲ အမှန်တရားကို ပြောနေခြင်းဖြစ်ကြောင်း ကောင်းစွာသိရှိလာရသည်။
အဝေးတွင်မူ သားရဲသုံးကောင်မှာ အခြေအနေအား သုံးသပ်နေကြသည်။
"စီနီယာအန်လင်းဆီမှာ အဲ့လောက်ကြောက်စရာကောင်းတဲ့ စက်ရုပ်ရှိမယ် မထင်ထားဘူး။ ဟင်းလင်းပြင်သို့အပြန် အလယ်အလတ်အဆင့် သားရဲကိုတောင် အပီသိပ်နိုင်တယ်။ လုံးဝသောက်ကြမ်းကြီးပဲ..... အုံးအွမ်။"
အဆိပ်မြူဖား စကားဆိုလာသည်။
"မူး....... အန်လင်းရဲ့ အစွမ်းကို ဘယ်တော့မှ သေသေချာချာ သိရမယ် မထင်ဘူး။ အချိန်အကြာကြီး စီးတော်နွား လုပ်လာတာတောင် ငါမသိသေးတာတွေ အများကြီးပဲ။ ခဏနေရင် နောက်ထပ်စက်ရုပ် နှစ်ရုပ်လောက် ထပ်ထုတ်လာဦးမလား မသိဘူး။"
အော့နျို အံ့အားသင့်စွာ ပြောလိုက်သည်။
ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာမှာ ထိုစကားအား လက်မခံပေ။
"ဟမ့်...... သူ့ဆီမှာ အဲ့လိုစက်ရုပ်တွေ အများကြီး ရှိမယ်ထင်နေလား။ တော်ရုံတန်ရုံပဲ ရူးစမ်းပါ။"
သို့သော်..........
အန်လင်း၏ သိုလှောင်လက်စွပ် ဖျက်ခနဲ လက်လာကာ ဂမ်ဒမ်နှစ်ကောင် ထပ်မံထွက်ပေါ်လာလေသည်။
အော့နျို : ".........."
အဆိပ်မြူဖား : "........."
ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာ : "........."