← Chapters

ပေါက်ကွဲခြင်း အနုပညာ

Vol. 59 Ch. 827

ပေါက်ကွဲခြင်း အနုပညာ

Vol. 59 Ch. 827

ရှောင်ဇယ်သည် လျှပ်စီးတိုက်ခိုက်မှုများဖြင့် မီးလျှံသိမ်းငှက်အား အပြတ်အသတ် ဖိနှိပ်ထားသည်။

"လာစမ်းပါ။ ငါ့ကိုလာတိုက်စမ်းပါ။ အချိန်က သိပ်ရတာ မဟုတ်ဘူး။"

ပေသောင်းချီသော နဂါးကြီး၏ တိုက်ခိုက်မှုများမှာ မီးလျှံသိမ်းငှက်အပေါ် မိုးစက်မိုးပေါက်များအလား ရွာကျနေသည်။

မီးလျှံသိမ်းငှက်သည် အလွန်အမင်း ဖိအားပေးခံရကာ ရှောင်ဇယ်အား မောင်းထုတ်ရန်အတွက် တာအိုအခြေခံ ထိခိုက်စေသော ကိုယ့်ကိုယ်ကို ဖောက်ခွဲခြင်းနည်းအား အသုံးပြုထားရသည်။

ကံဆိုးစွာဖြင့် ဇူစကာမှာလည်း အတော်ခေါင်းကိုက်စေသည်။ ၎င်း၏ပါးစပ်ပေါက်ကြီးသည် ကောင်းကင်နှင့်မြေပြင်ကိုပင် ဝါးမြိုပစ်နိုင်သော ဝဲဂယက်ကြီး တစ်ခုနှင့်တူကာ မီးလျှံသိမ်းငှက်၏ မိမိကိုယ်ကို ဖောက်ခွဲခြင်းနည်းမှ ထွက်ပေါ်လာသော စွမ်းအင်များအားလုံးကို စုပ်ယူပစ်နေသည်။ ၎င်းသည် ပေါက်ကွဲစေမည့် စွမ်းအင်များကိုလည်း လျော့ပါးသွားစေသည်။

မီးလျှံသိမ်းငှက် ထွက်ပြေးရန် ကြံနေစဉ်မှာပင် ရှောင်ဇယ်မှာ ထပ်မံရောက်ရှိလာသည်။ သူ၏နဂါးကြေးခွံများမှာ တလက်လက် တောက်ပနေပြီး မည်သည့်ထိခိုက်မှုမှ မဖြစ်ထားကြောင်း ထင်ရှားနေသည်။

သောက်ဂွပဲ.......

ထိုအချိန်တွင် စိတ်ချင်းဆက်နွယ်မှုတစ်ခု ရုတ်တရက် ပျောက်ဆုံးသွားသည်။

မီးလျှံသိမ်းငှက်သည် ထွက်ပြေးရန် ရှုံးနိမ့်ခဲ့သော နဂါးနက်မျောက်ဝံ၏ခေါင်းအား တွေ့လိုက်ရလေသည်။ နဂါးနက်မျောက်ဝံသည် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် လူသားကျင့်ကြံသူ၏ ထူးဆန်းသော စက်ရုပ်ကြောင့် ခေါင်းပြတ်သွားရခြင်းပင်။

တကယ်သောက်ကျိုးနည်းနေပြီဟ.........

မီးလျှံသိမ်းငှက်သည် အလှမ်းမဝေးတော့သော အနာဂတ်အား ကြိုမြင်မိသလိုပင် ဖြစ်သွားရသည်။

မဟုတ်သေးဘူး......... ငါလွတ်မှဖြစ်မယ်...... ဘာပဲပေးဆပ်ရ၊ ပေးဆပ်ရ အသက်ရှင်နေမယ်ဆို အားလုံးက တန်တာပဲ.......

မီးလျှံသိမ်းငှက်သည် တာအိုအခြေခံ ထိခိုက်စေသော လျှို့ဝှက်နည်းလမ်းအား ထပ်မံအသုံးပြုလိုက်သည်။

ကိုယ့်ကိုယ်ကို ဖောက်ခွဲခြင်း........

ဝုန်း......

မီးလျှံသိမ်းငှက်၏ ခန္ဓာကိုယ်တွင် နေတစ်စင်း ဖြစ်ပေါ်လာသည့်အလား တောက်ပလွန်းသော မီးတောက်မီးလျှံများ ဖြာထွက်လာသည်။

ရှောင်ဇယ်မှာ စွမ်းအင်ပေါက်ကွဲမှုကြောင့် အဝေးသို့ လွင့်ထွက်သွားရပြန်သည်။ ဇူစကာသည်လည်း ဗိုက်တစ်ခုလုံး ပြည့်ဖောင်းကာ မီးတောက်စွမ်းအင်များအား စုပ်ယူနိုင်ခြင်း မရှိတော့ပဲ လွင့်စင်သွားရသည်။

အခုက ငါ့အတွက် အခွင့်အရေးပဲ.........

မီးလျှံသိမ်းငှက်သည် ခန္ဓာကိုယ် တစ်ခုလုံး ဆုတ်ပြဲသလို ဖြစ်နေသော နာကျင်မှုအား လျစ်လျူရှုကာ အဝေးသို့ ထွက်ပြေးလိုက်သည်။

"မပြေးနဲ့။"

ရှောင်ဇယ် အော်ဟစ်လျက် ဒေါသထွက်စွာ မီးလျှံသိမ်းငှက်နောက်သို့ လိုက်သွားသည်။

"အေ့......."

ဇူစကာ လေတက်လိုက်သောအခါ မီးလုံးများ ပါးစပ်ထဲမှ ထွက်လာသည်။

"ငါတော့မရတော့ဘူး။ အရမ်းဗိုက်တင်းသွားပြီ။"

ရှောင်ဇယ်မှာ ကြိုးစားပမ်းစား လိုက်ခဲ့ပြီးနောက် မီးလျှံသိမ်းငှက်နှင့် လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသည်။ သို့သော် မီးလျှံသိမ်းငှက်မှာ လျှို့ဝှက်နည်းလမ်းဖြစ်သော ကိုယ့်ကိုယ်ကို ဖောက်ခွဲခြင်းနည်းအား ထပ်သုံးလိုက်ပြန်လေသည်။

ဝုန်း.......

ရှောင်ဇယ် လွင့်ထွက်သွားရ၏။

"မုန်းဖို့ကောင်းလိုက်တာ။ ဒီသိမ်းငှက်ရဲ့ ရာသီခွင်က ယမ်းမှုန့်များလား။ ဘာဖြစ်ဖြစ် ဖောက်ခွဲနေတော့တာပဲ။"

ရှောင်ဇယ်မှာ စိတ်ကသိကအောက် ဖြစ်နေပါသော်လည်း ဘာမှမတတ်နိုင်ပေ။ မသိလိုက်ခင်မှာပင် ရှောင်ဇယ်နှင့် မီးလျှံသိမ်းငှက်မှာ ကောင်းကင်ချိုင့်ဝှမ်း အပြင်ဘက်သို့ ရောက်ရှိလာသည်။

ယခုအတိုင်းသာ ဆက်ဖြစ်နေပါက အခြားသူများသည် ၎င်းတို့၏ အရှိန်အဝါအား အာရုံခံမိကာ ဆက်လက်ဖုံးကွယ်ထားနိုင်မည် မဟုတ်တော့ပေ။

ဆုတ်ခွာဖို့ကလွဲရင် တခြားနည်းလမ်း မရှိတော့ဘူးလား........

ရှောင်ဇယ်သည် မည်သည့်အရာက ပို၍အရေးကြီးကြောင်း ကောင်းစွာနားလည်သည်။ ၎င်းအားဖမ်းမမိပါက ဆုတ်ခွာရုံသာ ရှိသည်။ ထိုသို့မဟုတ်ပါက မဟာလင်းနို့ဧကရာဇ်၏ လက်ထဲတွင် ၎င်းတို့အားလုံး နိတ္ထိတံသွားပေလိမ့်မည်။

"ပြန်မဆုတ်လိုက်နဲ့...... ဆက်လိုက်။"

ထိုအချိန်တွင် စကားသံတစ်ခုအား ကြားလိုက်ရသည်။

ရှောင်ဇယ် လှမ်းကြည့်လိုက်သောအခါ လက်ချင်းတွဲထားသော ဂမ်ဒမ်နှစ်ကောင်အား တွေ့လိုက်ရသည်။ ၎င်းတို့နှစ်ကောင်ကြားတွင် လေဟာနယ် ဝဲဂယက်တစ်ခု ဖြစ်ပေါ်နေပြီး အန်လင်းနှင့် စုရှောင်လန်မှာ လေဟာနယ် ခုန်ကျော်ခြင်းအား အဆက်မပြတ် ပြုလုပ်နေသည်။ ထိုလေဟာနယ် ခုန်ကျော်ခြင်း အမြန်နှုန်းသည် ရှောင်ဇယ်ထက်ပင် မြန်ဆန်နေသေးသည်။

"ဆရာကတော့ ဆရာပါပဲ။ ဆရာ့စက်ရုပ်ကတောင် သောက်ကြမ်းကြီးဟ။"

ရှောင်ဇယ်မှာ ထိုမြင်ကွင်းကြောင့် အံ့အားသင့်သွားရသည်။

ကိုယ့်ကိုယ်ကို အကြိမ်များစွာ ဖောက်ခွဲပြီးနောက် မီးလျှံသိမ်းငှက်မှာ မောပန်းနေလေပြီ။ သူသည် ရှောင်ဇယ်အား တွန်းထုတ်နိုင်ပါသော်လည်း ဒဏ်ရာတစ်ချက် မရသော ရှောင်ဇယ်အားကြည့်ကာ သွေးအန်ချင်မိသွားသည်။

ထို့နောက် အန်လင်းနှင့် စုရှောင်လန်သည်လည်း နောက်မှလိုက်လာနေပြီဖြစ်ကြောင်းပါ တွေ့လိုက်ရလေသည်။

"ငါ့ကိုဖိအားမပေးနဲ့နော်။ မင်းတို့ ဆက်လိုက်လာနေရင် မင်းတို့ကိုပါ ငရဲတွင်းထဲ ဆွဲခေါ်သွားလိုက်မှာ။"

မီးလျှံသိမ်းငှက် ခြိမ်းခြောက်လိုက်သည်။

"လုပ်စမ်းပါ။ လာခေါ်သွားစမ်းပါ။ ကြောက်တတ်ရင် ငါရှုံးသွားမှာပေါ့။"

အန်လင်းမှာ မီးလျှံသိမ်းငှက်အားကြည့်ကာ လှောင်ပြုံးပြုံးလိုက်သည်။

မီးလျှံသိမ်းငှက် ထိတ်လန့်သွားရသည်။ သူသည် အသက်နှင့်လဲရန် ခြိမ်းခြောက်နေပါသော်လည်း စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အဆင့်သာရှိသော လူသားတစ်ဦး၏ လှောင်ပြောင်မှုကို ခံနေရလေသည်။ အင်မော်တယ်သားရဲဟူသော ဂုဏ်သိက္ခာသည်ပင် စော်ကားခံရသလို ခံစားလိုက်မိသည်။

သူသည် နဂါးနက်မျောက်ဝံ၏ ကံကြမ္မာအား အမှတ်ရလိုက်ပြီးနောက် အသည်းအသန် ဆုတ်ခွာတော့သည်။

ဒီလူသားကျင့်ကြံသူက အရမ်းကြမ်းလွန်းတယ်...... ငါဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ဘူး....... ထွက်ပြေးမှပဲရမယ်......

မကြာမီပင် ရှောင်ဇယ်တို့မှာ မီးလျှံသိမ်းငှက်နှင့် နီးကပ်လာပြန်သည်။

ဂမ်ဒမ်သုံးနှင့် ယောင်ကျီးမှာလည်း အလင်းလှိုင်း တိုက်ခိုက်မှုများ အဆက်မပြတ် ပြုလုပ်ကြသည်။

ရှောင်ဇယ်သည်လည်း နဂါးလျှပ်စီးများဖြင့် တိုက်ခိုက်နေသည်။ ထိတ်လန့်ဖွယ် အကောင်းဆုံးမှာ ရှောင်ဇယ်၏ နဂါးလျှပ်စီးများသည် ယခင်ထက်ပို၍ အားကောင်းနေခြင်းပင်။ မူလကပင် ဟင်းလင်းပြင်သို့အပြန် အလယ်အလတ်အဆင့် ရှိနေသော နဂါးလျှပ်စီးများသည် ယခုအခါ ကြောက်မက်ဖွယ် ကောင်းလောက်အောင် ကျစ်လစ်သိပ်သည်းနေသည်။

ထိုသည်မှာ အန်လင်းကြောင့်ပင် ဖြစ်သည်။

အန်လင်း၏ လျှပ်စီးချဲ့ထွင်နည်းစနစ်နှင့် ရှောင်ဇယ်၏ နဂါးလျှပ်စီးသည် ပြီးပြည့်စုံသော ပေါင်းစပ်မှုတစ်ခုပင်။

မီးလျှံသိမ်းငှက်မှာ ရွေးချယ်စရာ မရှိတော့ပဲ ကိုယ့်ကိုယ်ကို ဖောက်ခွဲရပြန်သည်။

"ပေါက်ကွဲမှုရဲ့ အနုပညာကို ခံစားကြည့်လိုက်။"

မီးလျှံသိမ်းငှက် စကားဆိုလာသည်။ ၎င်းသည် သေခြင်းတရားနှင့် ရင်ဆိုင်နေရပါသော်လည်း တည်ငြိမ်ခက်ထန်နေသော အမူအရာ ရှိသည်။

အန်လင်းမှာ မည်သည့်စကားမှ မဆိုပဲ အီးဗုံးကြဲစေမန္တာန်အား အသုံးပြုလိုက်သည်။

"ဖွတ်....."

မီးလျှံသိမ်းငှက်၏ ခန္ဓာကိုယ်ပေါက်ကွဲခြင်းမရှိပဲ ဖင်သာပေါက်ကွဲသွားရတော့သည်။

၎င်း၏နှလုံးသားထဲတွင် ကြေကွဲမှုများ ထင်ဟပ်လာကာ ထွက်ပြေးရင်း ငိုကြွေးမိသည်။

"ဝါး....... ဘာလို့ ဒီလိုတွေ ဖြစ်လာရတာလဲ။ ကြောက်ဖို့ကောင်းလိုက်တာ။ မေမေရေ........ ကယ်ပါဦး....... ဝါး......"

အန်လင်း၏ တိုက်ခိုက်မှုမှာ မီးလျှံသိမ်းငှက်၏ အားနည်းချက်များကို ထင်ဟပ်လာစေသည်။

ထို့နောက် နဂါးလျှပ်စီးများနှင့် အလင်းလှိုင်းများမှာ မီးလျှံသိမ်းငှက်အား လွှမ်းခြုံသွားသောကြောင့် နာကျင်စွာ အော်ဟစ်ကာ မြေပြင်ပေါ် ပြုတ်ကျသွားရသည်။

မီးလျှံသိမ်းငှက်မှာ လွန်စွာကြောက်ရွံ့နေလေပြီ။ အစပထမ၌ ရှောင်ဇယ်ထံမှ လွတ်မြောက်နိုင်ခြေ ရှိပါသော်လည်း အန်လင်း ပါလာပြီးနောက် အခြေအနေများ ဆိုးရွားလာခဲ့သည်။

စိတ်ဆင်းရဲစရာပဲ......

ကြောက်ဖို့ကောင်းလိုက်တာ..... ငါ့ယီး......

ထိုမျှစိတ်အနှောင့်အယှက်ပေးနိုင်သော စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူအား တစ်ကြိမ်တစ်ခါမျှ မတွေ့ခဲ့ဖူးပေ။

ယီးကို စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့်လား..... အတု..... အတုပဲ ဖြစ်ရမယ်.....

တိုက်ခိုက်မှုများ အဆက်မပြတ် ကျဆင်းလာကာ သူသည် ကိုယ့်ကိုယ်ကို ဖောက်ခွဲခြင်းကိုလည်း ထပ်မသုံးနိုင်တော့ပေ။

မီးလျှံသိမ်းငှက်သည် သေရတော့မည်ဖြစ်ကြောင်း သိရှိလိုက်သည်။

ဒီလူသားဆီ အညံ့ခံလိုက်ရင်ရော ငါအသက်ရှင်လောက်မလား......

မည်သို့ပင်ဆိုစေကာမူ ထိုကံကြမ္မာအား သူမရွေးချယ်လိုပေ။ သားရဲမျိုးနွယ်စုများသည် အခြားသူများ၏ ကျေးကျွန်အဖြစ်မခံနိုင်ပေ။

အရှက်ကွဲကာ အသက်ရှင်ရမည့်အစား သေလိုက်ဖို့သာကောင်းသည်။

"ဘဝရဲ့ အဓိပ္ပါယ်ကို မင်းတို့သိသွားစေရမယ်။"

မီးလျှံသိမ်းငှက်သည် သွေးပုံကြား လဲနေရင်း နေမင်းထက်ပင် တောက်ပသော ရွှေရောင်အလင်းများ ဖြာထွက်လာသည်။

"ပေါက်ကွဲခြင်းက အနုပညာပဲ။ ဒီတောက်ပမှုကို ကမ္ဘာကြီးက အမှတ်ရနေပါစေ။"

မီးလျှံသိမ်းငှက်သည် အတောင်များကိုဖြန့်ကာ ပြီးပြည့်စုံသော ကိုယ့်ကိုယ်ကို ဖောက်ခွဲခြင်းကို ပြုလုပ်လိုက်သည်။

ဝုန်း......

ကျယ်လောင်လှသော ပေါက်ကွဲမှုကြောင့် ကမ္ဘာမြေပြင် တစ်ခုလုံး သိမ့်သိမ့်တုန်သွားလေသည်။

အကန့်အသတ်မဲ့သော မီးတောက်မီးလျှံများမှာ ကောင်းကင်နှင့်မြေပြင်အား ကီလိုမီတာပေါင်းများစွာ ဝါးမြိုလျက် မီးပင်လယ်တစ်ခု ဖြစ်သွားစေသည်။

မှိုပွင့်သဏ္ဍာန် မီးခိုးတိမ်တိုက်ကြီးတစ်ခု ဖြစ်သွားကာ အပူချိန်များ မြင့်တက်လာတော့သည်။ ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေရှိ သားရဲများသည်ပင် ပေါက်ကွဲမှုဖြစ်စဉ်အား လှမ်းကြည့်မိကြသည်။

ပေါက်ကွဲမှုသည် ကောင်းကင်ထက်ရှိ နေမင်းထက်ပင် တောက်ပနေလေသည်။

ထိုပုံရိပ်သည် သားရဲပေါင်းများစွာ၏ သူငယ်အိမ်အတွင်း စွဲထင်သွားရသည်။

.........

မဟာလင်းနို့ဧကရာဇ်၏ပိုင်နက် အံ့ဖွယ်ကောင်းကင်သားရဲတောင်တန်း၌

ထိုတောင်တန်းတွင် ကီလိုမီတာပေါင်း ရာနှင့်ချီ ဖုံးလွှမ်းထားသော အံ့ဖွယ်သားရဲမန္တာန်ဝင်္ကပါ ရှိသည်။ အနီးကပ် တိုက်ခိုက်မှုတွင် တာအိုပေါင်းစည်းခြင်းအဆင့် ဒဏ္ဍာရီလာသားရဲများ၏ တိုက်ခိုက်မှုအား ခုခံနိုင်ပြီး တာဝေးတိုက်ခိုက်မှုတွင် အံ့ဖွယ်စီရင်ချက်များကိုပါ ခုခံနိုင်သည်။ ထိုဝင်္ကပါ၏ ခုခံတိုက်ခိုက်မှုစွမ်းရည်သည် တာအိုပေါင်းစည်းခြင်းအဆင့် ဒဏ္ဍာရီလာသားရဲများကိုပင် ထိခိုက်စေနိုင်ပေသည်။

ဝင်္ကပါအလယ်တွင် ကြီးမားလှသော အပြာရောင် လင်းနို့တစ်ကောင် ရှိနေသည်။ ၎င်းသည် အဖြူတစ်ဖက်၊ အမည်းတစ်ဖက် ဖြစ်နေသော မျက်ဝန်းတစ်စုံကိုဖွင့်ကာ အဝေးသို့ လှမ်းကြည့်လိုက်သည်။

"ဒီစွမ်းအင်က ကောင်းကင်ချိုင့်ဝှမ်းကလာတာပဲ။ သွေးစက်ကုန်းမြေမှာ တစ်ခုခု ဖြစ်နေတာများလား။"

"ဘာမှမဖြစ်ပါဘူး။ အိပ်မက်ဆိုး ရွှံ့လူသားကို ဆက်သွယ်ကြည့်လိုက်မယ်။"

All Chapters