← Chapters

လှည့်စားခြင်း

Vol. 59 Ch. 828

လှည့်စားခြင်း

Vol. 59 Ch. 828

ကြီးမားလှသော အပြာရောင် လင်းနို့ကြီးသည် တာအိုပေါင်းစည်းခြင်းအဆင့် ဒဏ္ဍာရီလာသားရဲ လေးကောင်ထဲမှ တစ်ကောင်အပါအဝင်ဖြစ်သော မဟာလင်းနို့ဧကရာဇ်ပင် ဖြစ်သည်။ ၎င်းသည် လက်ရှိအချိန်တွင် အခြားသော ဟင်းလင်းပြင်သို့အပြန်အဆင့် အင်မော်တယ်သားရဲ သုံးကောင်နှင့်အတူ အံ့ဖွယ်ကောင်းကင်သားရဲတောင်တန်းအား စောင့်ကြပ်နေရသည်။ ၎င်းတို့သည် မန္တာန်ဝင်္ကပါအားသုံးကာ အခြားဒဏ္ဍာရီလာသားရဲများ၏ လှုပ်ရှားမှုများကို နှောင့်ယှက်နေကြရသည်။

သွေးစက်ကုန်းမြေ ရှိသောနေရာမှ စွမ်းအင်လှိုင်းဂယက်များ ဖြစ်ပေါ်လာသည်မှာ မကောင်းသော သင်္ကေတ တစ်ခုပင်။

မဟာလင်းနို့ဧကရာဇ်သည် အိပ်မက်ဆိုး ရွှံ့လူသားထံ အခြေအနေ မေးမြန်းရန်အတွက် အသံဆက်သွယ်သော အဆောင်အား ထုတ်ယူလိုက်သည်။

သူသည် အဆောင်အား အသက်သွင်းလိုက်ပါသော်လည်း တစ်ဖက်မှ တုံ့ပြန်မှု မရပေ။

"ဟမ်...... ထူးဆန်းလိုက်တာ......"

မဟာလင်းနို့ဧကရာဇ် မျက်မှောင်ကျုံ့လိုက်သည်။ အိပ်မက်ဆိုး ရွှံ့လူသားသည် သူ၏ဆက်သွယ်မှုအား လျစ်လျူရှုရဲမည့်သူမျိုး မဟုတ်ပေ။ အလွန်ရှုပ်ထွေးသော အခြေအနေအား ရင်ဆိုင်နေရခြင်း သို့မဟုတ် အသတ်ခံလိုက်ရခြင်း နှစ်ခုထဲမှ တစ်ခုသာ ဖြစ်ပေလိမ့်မည်။

ထို့နောက် မီးလျှံသိမ်းငှက်၊ နဂါးနက်မျောက်ဝံနှင့် ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်လိပ်ပြာတို့အား ဆက်သွယ်ကြည့်ပါသော်လည်း မည်သူကမှ မတုံ့ပြန်လာပေ။ သွေးစက်ကုန်းမြေ အပြင်ဘက်အား စောင့်ကြပ်ပေးနေသော ဟင်းလင်းပြင်သို့အပြန်အဆင့် အင်မော်တယ်သားရဲ လေးကောင်အနက် တစ်ကောင်နှင့်မှ အဆက်အသွယ် မရသောကြောင့် အခြေအနေမှာ စိုးရိမ်ပူပန်စရာ ဖြစ်နေသည်။

မဟာလင်းနို့ဧကရာဇ် ဆက်သွယ်နိုင်သူတစ်ဦး ကျန်ရှိနေသေးသည်။ ထိုသည်မှာ အံ့ဖွယ်စောင့်ရှောက်သူအဖွဲ့ခေါင်းဆောင် ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာ သို့မဟုတ် ရွှေရောင်ထူပါ့ရှူပင်။

မဟာလင်းနို့ဧကရာဇ်မှာ အသံဆက်သွယ်သော အဆောင်အား အသက်သွင်းလိုက်ပြန်သည်။

............

ထိုအချိန်တွင် ကီလိုမီတာပေါင်းများစွာ ဝေးကွာသော ကောင်းကင်ချိုင့်ဝှမ်း၌....

ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာသည် တုန်းဖန်းကျွမ်းရှီးမှ အိပ်မက်ဆိုး ရွှံ့လူသားအား အပီသိပ်နေသည်ကို အားရပါးရ ကြည့်ရှုနေသည်။ သူ၏ဘေးတွင် အဆိပ်မြူဖားနှင့် အော့နျိုတို့လည်း ရှိနေကြသည်။

ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာသည် လင်းလက်လာသော ကျောက်စိမ်းပြားအားကြည့်ကာ ထိတ်လန့်သွားမိသည်။

"သောက်ကျိုးနည်း...... မဟာလင်းနို့ဧကရာဇ်ကြီးဟ....."

အဆိပ်မြူဖားနှင့် အော့နျိုတို့်မှာ ကြားလိုက်ရသော စကားကြောင့် ခန္ဓာကိုယ်များပင် တုန်ယင်သွားရသည်။

ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေတွင် မဟာလင်းနို့ဧကရာဇ်၏ ဂုဏ်သတင်းမှာ ကြောက်မက်ဖွယ် ကောင်းလောက်အောင် ကြီးမားလွန်းလှသည်။ ၎င်းသည် စိတ်အလိုမကျ ဖြစ်လာသည်နှင့် မြို့တစ်ခုလုံးကို ဖျက်စီးပစ်နိုင်သူလညိး ဖြစ်သည်။ ထိတ်လန့်ဖွယ်ကောင်းသူ ဖြစ်သောကြောင့် သားရဲမျိုးနွယ်စုများအားလုံးမှာ မဟာလင်းနို့ဧကရာဇ်အား ကြောက်ရွံ့ကြရသည်။

"အုံးအွမ်...... မဟာလင်းနို့ဧကရာဇ်က တစ်ခုခုကို သတိထားမိသွားတာများလား။"

အဆိပ်မြူဖား စကားဆိုလာသည်။

"ပေါက်ကွဲမှုကို အာရုံစိုက်မိသွားတာထင်တယ်။"

အော့နျိုမှာ အဝေးမှ မီးတောက်မီးလျှံများကိုကြည့်ရင်း နှလုံးသားထဲ အကြောက်တရားများ ဖြစ်ပေါ်လာသည်။

ပေါက်ကွဲမှုမှာ အမှန်တကယ် ပြင်းထန်လွန်းလှသည်။ သူရိန်နေမင်းထက်ပင် တောက်ပနေခဲ့သော မီးတောက်မီးလျှံများအား ၎င်းတို့မေ့နိုင်ကြမည် မဟုတ်ပေ။

"ငါပြန်ဖြေသင့်လား ဒါမှမဟုတ် မဖြေသင့်ဘူးလား။"

ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာမှာ ဆုံးဖြတ်ချက် မချနိုင် ဖြစ်နေသည်။

အသံဖြင့် ဆက်သွယ်လာနိုင်ခြင်းမှာ ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာသည် သွေးစက်ကုန်းမြေ အပြင်ဘက်တွင် ရှိနေသောကြောင့် ဖြစ်သည်။ သူသာ ပြန်မဖြေပါက မဟာလင်းနို့ဧကရာဇ်မှာ သံသယ ဝင်သွားပေလိမ့်မည်။ ပြန်ဖြေခဲ့ပါကလည်း စစ်ဆေးမေးမြန်းသော မေးခွန်းများကြား အလိမ်အညာများကိုသာ အချိတ်အဆက်မိမိ ဖြေကြားနိုင်ရန် လိုအပ်သည်။

"ဖြေလိုက်ပါ..... အုံးအွမ်။"

"မူး...... ငါတို့မင်းကို အကြံပေးမှာပါ။"

ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာသည် အနည်းငယ် တွေဝေနေပြီးနောက် အံကြိတ်ကာ ပြန်ဖြေလိုက်သည်။

"မဟာလင်းနို့ဧကရာဇ်အရှင်...... ကျွန်တော် ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာပါ။"

မဟာလင်းနို့ဧကရာဇ်၏ ကြောက်မက်ဖွယ် အသံသြသြအား ကြားလိုက်ရသည်။

"ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာ....... မင်းအခု သွေးစက်ကုန်းမြေ ထွက်ပေါက်နားမှာမလား။ အဲ့မှာဘာတွေဖြစ်နေတာလဲ။ အိပ်မက်ဆိုးရွံ့လူသားရော၊ ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်လိပ်ပြာရော၊ မီးလျှံသိမ်းငှက်ရော၊ နဂါးနက်မျောက်ဝံကိုရော ငါဆက်သွယ်လို့ မရဘူး ဖြစ်နေတယ်။"

ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာမှာ ထိုမေးခွန်းအတွက် အကြောင်းပြချက် ပြင်ဆင်ထားပြီး ဖြစ်သည်။

"ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့်ရှိတဲ့ လူသားကျင့်ကြံသူတစ်ယောက်က ကောင်းကင်ချိုင့်ဝှမ်းကို ရောက်လာလို့ပါ။ အခုလောလောဆယ်တော့ အိပ်မက်ဆိုးရွံ့လူသားနဲ့ တိုက်နေကြတယ်။"

မဟာလင်းနို့ဧကရာဇ် တိတ်ဆိတ်သွားရသည်။

"လူသားတွေက ဒီကိစ္စကို လာရှုပ်နေတာလား။ မင်းတို့ဘာသာ ရှင်းနိုင်ရဲ့လား။ သွေးစက်ကုန်းမြေထဲ ဘယ်သူ့ကိုမှ ပေးဝင်လို့ မဖြစ်ဘူးနော်။"

"ကျွန်တော်တို့ ထိန်းချုပ်နိုင်ပါတယ်။"

ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာ တုံ့ပြန်လိုက်သည်။

"လူသားကျင့်ကြံသူက ရှူံးတော့မှာပါ။ စိတ်မပူပါနဲ့.... မဟာလင်းနို့ဧကရာဇ်အရှင်.... အခု သွေးစက်ကုန်းမြေ အပေါက်ဝကို ကျွန်တော် စောင့်ကြည့်နေပါတယ်။ ဘယ်သူမှ ဝင်မလာစေရဘူး။"

ဝုန်း......ဝုန်း......ဝုန်း.......

အဝေးမှ စွမ်းအင်ပေါက်ကွဲသံများ ဆူညံသွားသည်။

တုန်းဖန်းကျွမ်းရှီး၏ လက်များမှာ သွေးနီရောင် လျှပ်စီးများ ဝန်းရံနေသော ကီရင်လက်သည်းများအဖြစ် ပြောင်းလဲသွားသည်။ ၎င်းသည် အိပ်မက်ဆိုးရွံ့လူသား၏ ရင်ဘတ်အား လက်သည်းထိုးစိုက်ကာ ဆွဲဖြဲပစ်လိုက်သည်။

သွေးများပန်းထွက်လာကာ အိပ်မက်ဆိုးရွံ့လူသား၏ အော်ဟစ်သံမှာလည်း ပဲ့တင်ထပ်သွားသည်။

စေးကပ်သော အနက်ရောင် အရာနှစ်ခုမှာ ကောင်းကင်ထက်သို့ လွင့်ထွက်ကာ ခန္ဓာကိုယ် တစ်ခုတည်းအဖြစ် ပြန်လည်ပေါင်းစည်းသွားသည်။

"ဟားဟား....... မင်းနာမည်က အိပ်မက်ဆိုးရွံ့လူသားဆို...... တကယ်တော့ အိပ်မက်ဆိုးပျော့ပြဲပြဲလို့ ပြောင်းသင့်တယ်။"

တုန်းဖန်းကျွမ်းရှီး ရယ်မောလိုက်သည်။

"ငါဘယ်လောက်လုပ်လုပ် မင်းကသုံးစားမရတဲ့ ပျော့ပြဲပြဲ ပျင်းစိစိ ဖြစ်နေလို့လေ။"

တုန်းဖန်းကျွမ်းရှီးထံမှ ကီရင်ဟိန်းသံများ ကြားနေရသည်။

အိပ်မက်ဆိုးရွံ့လူသား အော်ဟစ်ဆုတ်ခွာလိုက်သည်။

"သွေးမိစ္ဆာကီရင်...... မင်းတို့တွေက မီးလျှံသိမ်းငှက်နဲ့ နဂါးနက်မျောက်ဝံကို သတ်ရဲတယ်ပေါ့လေ။ မဟာလင်းနို့ဧကရာဇ်က ဒီကိစ္စကို လွှတ်ပေးထားမယ် ထင်လို့လား။"

"မဟာလင်းနို့ဧကရာဇ်ကို ယီးမို့ဂရုစိုက်ရမှာလား။ အဲ့ကောင်က မနေ့တစ်နေ့ကမှ ဒဏ္ဍာရီလာသားရဲ ဖြစ်လာတာ။ လာရဲလာကြည့် အဲ့ကောင်ကိုပါ ယီးနဲ့ခေါက်ပစ်မယ်။"

တုန်းဖန်းကျွမ်းရှီးမှာ ဂရုပင် မစိုက်ပေ။

၎င်းတို့၏ တိုက်ပွဲရော၊ စကားနိုင် လုခြင်းကပါ ကြောက်မက်ဖွယ် ကောင်းနေသည်။

အရေးအကြီးဆုံးမှာ ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာသည် မဟာလင်းနို့ဧကရာဇ်နှင့် အသံချင်း ဆက်သွယ်နေခြင်းပင်။ ထို့ကြောင့် အိပ်မက်ဆိုးရွံ့လူသားနှင့် တုန်းဖန်းကျွမ်းရှီးတို့၏ စကားများကိုလည်း မဟာလင်းနို့ဧကရာဇ်မှ အတိုင်းသား ကြားနေရသည်။

ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာ : "........."

မဟာလင်းနို့ဧကရာဇ် : ".........."

အော့နျိုနှင့် အဆိပ်မြူဖား : "..........."

"ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာ....."

မဟာလင်းနို့ဧကရာဇ်၏ စကားသံတွင် သြဇာအာဏာ အပြည့်ပါဝင်နေသည်။

"ဒီကိစ္စကို မင်းဘယ်လိုရှင်းပြမလဲ။"

ငါတော့သွားပြီ...... တကယ်သွားပြီ.......

ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာမှာ ဆက်သွယ်မှုအား ဖြတ်တောက်ပစ်လိုက်သည်။

တီ.......တီ......တီ......

အသံဆက်သွယ်မှု ပြတ်တောက်သွားလေပြီ။

မဟာလင်းနို့ဧကရာဇ်မှာ ကျောက်စိမ်းပြားအားကြည့်ကာ ကြောင်တောင်တောင် ဖြစ်နေမိသည်။

ဘာတွေဖြစ်နေတာလဲ....... ငါလှည့်စားခံလိုက်ရတာလား......

ငါပြောင်းဖူးဖြစ်တော့မလို့.....

သောက်ကျိုးနည်း..... ဖြစ်နေပြီပဲဟ.......

ဘယ်လောက်ကြာနေပြီလဲ...... သားရဲတစ်ကောင်က အခုလို ငါ့ကိုဆက်ဆံရဲတာ ဘယ်လောက်ကြာသွားပြီလဲ.........

ဝုန်း.......

အပြာရောင် အလင်းတစ်ခုမှာ ကောင်းကင်ထက်သို့ ထိုးတက်သွားတော့သည်။

............

ကောင်းကင်ချိုင့်ဝှမ်း၌......

"သခင်..... ကျွန်တော်တို့ ရှိနေတာကို မဟာလင်းနို့ဧကရာဇ် သိသွားပြီ။ ထွက်ပြေးမှ ဖြစ်တော့မယ်။"

ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာမှ သက်လတ်ပိုင်းအရွယ် အမျိုးသားအား လှမ်းပြောလိုက်သည်။

တုန်းဖန်းကျွမ်းရှီးမှာ ခေတ္တမျှ တွေဝေသွားရပြီး အိပ်မက်ဆိုးရွှံ့လူသားမှာမူ ဝမ်းသာအားရ ဖြစ်သွားသည်။

"ဟားဟား........ သွေးမိစ္ဆာကီရင် အသက်စွမ်းအင် အားကောင်းတယ်ဆိုတာ ကောင်းကျိုးရှိတယ်။ ငါမင်းကို မတိုက်နိုင်တော့လည်း ဘာဖြစ်လဲ။ မဟာလင်းနို့ဧကရာဇ် ရောက်လာတဲ့ အချိန်ထိသာ ငါအသက်ရှင်ခဲ့ရင် မင်းတို့အားလုံး သေပြီပဲ။"

အိပ်မက်ဆိုး ရွှံ့လူသား အော်ဟစ်ရယ်မောလိုက်သည်။

အိပ်မက်ဆိုး ရွှံ့လူသားထံမှ အံ့ဖွယ်တာအို အစွမ်းများနှင့်အတူ အိပ်မက်ဆိုး ပုံရိပ်များ ဖြစ်ပေါ်လာကာ ကောင်းကင်တစ်ခုလုံး လွှမ်းခြုံသွားသည်။ ထို့နောက် ချိန်းကြိုးများအဖြစ် ပြောင်းလဲသွားကာ မီတာထောင်ပေါင်းများစွာအား လှောင်အိမ်ကြီး တစ်ခုသဖွယ် ရစ်ပတ်ထားလိုက်သည်။

"အခုတော့ မင်းမလွတ်စေရဘူး။"

...........

ကောင်းကင်ချိုင့်ဝှမ်း အပြင်ဘက် မီးလျှံသိမ်းငှက် ဖောက်ခွဲသတ်သေသွားသော နေရာ၌......

ကီလိုမီတာ အနည်းငယ်မျှရှိသော ချိုင့်ဝှမ်းတစ်ခု ဖြစ်ပေါ်လာသည်။ အဖျက်စွမ်းအင်၊ လေဟာနယ် မတည်ငြိမ်မှုနှင့် ကြောက်မက်ဖွယ် စွမ်းအင်များအားလုံး ထိုနေရာတွင် စုဝေးနေလေသည်။

အနက်ရောင်ဝတ်စုံနှင့် မိန်းမငယ်လေးအား အဖြူရောင်ဝတ်စုံနှင့် လူငယ်တစ်ဦးမှ ထွေးဖက်ထားကာ ထိုလူငယ်အား ဂမ်ဒမ်နှစ်ကောင်မှ ကာကွယ်ပေးထားသည်။

၎င်းတို့ဘေးတွင် နဂါးနက်တစ်ကောင်၊ ဇူစကာနှင့် ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်လိပ်ပြာတို့ ရှိနေသည်။

"အန်လင်း...... နင်အဆင်ပြေရဲ့လား။"

စုရှောင်လန် မေးမြန်းလိုက်သည်။

"အင်း..... နာတော့နာတယ်။ နည်းနည်းလောက် ပေးဖက်ပါဦး။"

အန်လင်းမှာ ပျော်ရွှင်စွာဖြင့် စုရှောင်လန်၏ ခန္ဓာကိုယ်လေးအား တင်းကြပ်နေအောင် ဖက်ထားလိုက်သည်။

စုရှောင်လန် : "............"

ဝုန်း.......

အန်လင်းမှာ အဝေးသို့ လွင့်ထွက်သွားရလေသည်။

"ထစရာရှိတာ ထစမ်းပါ။"

စုရှောင်လန် ရှက်ရွံ့စွာ ဆူပူလိုက်သည်။

အန်လင်းမှာ မကျေမနပ်နှင့်ပင် ထလိုက်ရလေပြီ။

မီးလျှံသိမ်းငှက်၏ ကိုယ့်ကိုယ်ကို ဖောက်ခွဲခြင်းမှာ ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ ၎င်းသာ ဟင်းလင်းပြင်သို့အပြန်အဆင့်၏ ပါရမီရှင် ဖြစ်နေပါက အန်လင်းတို့အားလုံး မာလကီးယားသွားနိုင်သည်။ သို့သော် အန်လင်းတို့သည် သောက်ကြမ်းကြီးများ ဖြစ်နေခဲ့လေသည်။

ရှောင်ဇယ်၏ ခုခံကာကွယ်ရေးမှာ ကောင်းမွန်လွန်းလှသောကြောင့် မည်သည့်ဒဏ်ရာမှပင် မရခဲ့ပေ။ ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်လိပ်ပြာမှာလည်း အဝေးရောက်နေခဲ့သည်။ ဇူစကာသည် ပေါက်ကွဲမှုစွမ်းအင်အချို့အား ဝါးမြိုကာ လွတ်မြောက်ခဲ့လေသည်။

အန်လင်းနှင့် စုရှောင်လန်အား ဂမ်ဒမ်သုံးနှင့် ဂမ်ဒမ်လေးမှ ကာကွယ်ပေးထားသောကြောင့် အဆင်ပြေခဲ့သည်။

ထိုအချိန်တွင် အန်လင်း၏ အသံဆက်သွယ်သော ကျောက်စိမ်းပြားမှာ လင်းလက်လာသည်။

အန်လင်း ပြန်ဖြေလိုက်သည်နှင့် ထိတ်လန့်နေသော အော့နျိုအသံအား ကြားလိုက်ရသည်။

"ကျွန်တော်တို့ ဒုက္ခရောက်ပြီ စီနီယာအန်လင်း..... မဟာလင်းနို့ဧကရာဇ်က ကျွန်တော်တို့ လုပ်ထားတာတွေသိပြီး ဒီကိုလာနေပြီ။"

အန်လင်း : "........"

All Chapters