ပို၍အစွမ်းထက်လာခြင်း
Vol. 59 Ch. 830
တုန်းဖန်းကျွမ်းရှီးသည် သွေးနီရောင် အလင်းအကာအကွယ်ဖြင့် အန်လင်းတို့အား လွှမ်းခြုံထားစေသည်။
ရှုပ်ထွေးနေသော အခြေအနေကြားတွင်ပင် ၎င်းသည် အန်လင်း၏ ရင်ဘတ်အား ဟိုဟိုသည်သည် လာစမ်းနေသည်။
အန်လင်း မျက်လုံးပြူးသွားရသည်။
"ခင်ဗျား ဘာလုပ်နေတာလဲ။"
စုရှောင်လန်လည်း ကြောင်အမ်းအမ်း ဖြစ်သွားလေသည်။
တုန်းဖန်းကျွမ်းရှီး ပြုံးကာပြောလာသည်။
"ငါ့ရဲ့ သွေးကျောက်စိမ်းကို ဝတ်ထားတဲ့ ရွှေရောင်ကောင်လေးကို ခေါ်ပေးလို့ မရဘူးလား။ မင်းနားမှာရှိရင် စွမ်းအားပြန်ပြည့်ပေမယ့် သူရှိနေရင် ပိုမြန်တာပေါ့။"
အန်လင်း မျက်စောင်းထိုးလိုက်သည်။
"တကယ်ခေါ်ပေးလို့ မရဘူး။ အဲ့ကောင်စုတ်လေးကို ကျွန်တော်လည်း မထိန်းချုပ်နိုင်ဘူး။"
တုန်းဖန်းကျွမ်းရှီး စိတ်ပျက်သွားရသည်။
"ပြီးတော့ နောက်ဆိုရင် လိုချင်တာ ပါးစပ်ကပြော။"
အန်လင်း ခက်ထန်စွာ ပြောလိုက်သည်။
"ရင်ဘတ်လာမကိုင်နဲ့။"
"ဘာလို့လဲ။"
တုန်းဖန်းကျွမ်းရှီး နားမလည်နိုင် ဖြစ်သွားသည်။
အန်လင်းမှာ ဒေါသကြောင့် အသားများပင် တဆတ်ဆတ် တုန်နေလေပြီ။
"ဘာကိုဘာလို့လဲ လဲ....... ယောက်ျားအချင်းချင်းကြီးဗျ။"
"ဒါပေမယ့် ငါကလူမှမဟုတ်တာ ကီရင်လေ။ မင်းရဲ့ ရွှေရောင်ကောင်လေးက သွေးကျောက်စိမ်း ဝတ်ထားလို့လားတော့ မသိဘူး။ မင်းကငါ့အပေါ် ဆွဲဆောင်မှု ရှိနေတယ်။ အခုတောင် မင်းကိုလျက်ချင်နေတာ။"
အန်လင်း ကြက်သီးထကာ တိတ်တဆိတ်ပင် တုန်းဖန်းကျွမ်းရှီး အနားမှ ခွာလိုက်သည်။
"ကျွန်တော်နဲ့ ဝေးဝေးနေဗျာ။"
သက်လတ်ပိုင်းအရွယ် အမျိုးသားမှ လျှာဖြင့်လျက်သည်ကို တွေးမိရုံနှင့်ပင် စိတ်တစ်ခုလုံး အဆင်မပြေ ဖြစ်မိသည်။
စုရှောင်လန်သည် အန်လင်းနှင့် တုန်းဖန်းကျွမ်းရှီးကြားတွင် တမင်တကာ နေရာယူလိုက်သည်။ တုန်းဖန်းကျွမ်းရှီး၏ လုပ်ရပ်မှာ သူမကိုလည်း ထိတ်လန့်စေပေသည်။ ထိုအပြုအမူအား မဖြစ်မနေ တားဆီးရမည်ပင်။
..........
အန်ကီရင်သည် ဗာမီလီယမ်ငှက်နှင့် ဆော်ကြတော့မည့် အနေအထားတွင် ရှိသည်။
သွေးကီရင်ကျောက်စိမ်းမှ အဝတ်အစားများ ရရှိလိုက်ပြီးနောက် ယုံကြည်ချက်များ မြင့်တက်လာသော အန်ကီရင်မှာ ဗာမီလီယမ်ငှက်အား ရန်ကြွေးဆပ်ရန် အသင့်ဖြစ်နေလေပြီ။
သူ၏အရှိန်အဝါမှာ သိသိသာသာ အားကောင်းနေသည်။
ဗာမီလီယမ်ငှက်သည် ထိုသည်ကို သတိထားမိကာ အန်ကီရင်အား ကြည့်ရှုလာသည်။ ၎င်း၏ရွှေရောင်မျက်ဝန်းမှ မြင့်မြတ်သော အရှိန်အဝါများ ဖြာထွက်နေကာ အမူအရာမှာ မောက်မာနေသည်။ သူသည် အန်ကီရင်အား ပြိုင်ဘက်အဖြစ် သတ်မှတ်ထားပုံ မရပေ။
ဝုန်း.......
အန်ကီရင်သည် ရွှေရောင်ဟာလာပြင်လျှပ်စီးများ ထွက်ပေါ်စေကာ ဗာမီလီယမ်ငှက်ထံ ပြေးဝင်သွားသည်။
ဗာမီလီယမ်ငှက်သည် အတောင်များကိုခတ်ကာ မြင့်မြတ်မီးတောက်များ ထွက်ပေါ်စေလိုက်သည်။ ရွှေရောင်ဟာလာပြင်လျှပ်စီးများ ပေါက်ကွဲသွားပါသော်လည်း မီးတောက်ကို မထိုးဖောက်နိုင်ခဲ့ပေ။
အန်ကီရင်၏ နောက်ဘက်ရှိ အဖြူရောင် လျှပ်စီးဝတ်ရုံပါ ပေါက်ကွဲသွားကာ ကြောက်မက်ဖွယ် ဓားစိတ်ဆန္ဒများ ဖြစ်ပေါ်လာသည်။
သူသည် ခြေထောက်အား ဆောင့်နင်းကာ ကောင်းကင်ထက် ထိုးတက်သွားသည်။ အဖြူရောင်လျှပ်စီးများသည် သူ၏ခန္ဓာကိုယ်အား ဝန်းရံနေကာ ကောင်းကင်ထွင်းဖောက်လျှပ်စီးဓားအဖြစ် ပြောင်းလဲသွားသည်။ အန်ကီရင်သည်ဓား၊ ဓားသည်အန်ကီရင် ဖြစ်သည်။
အန်ကီရင်သည် ဓားနှင့်တစ်သားတည်း အနေအထားသို့ ရောက်ရှိသွားခြင်းပင်။
အံ့ဖွယ်အဖြူရောင်လျှပ်စီးဓားသည် အကန့်အသတ်မဲ့သော ထက်ရှမှုကို ပိုင်ဆိုင်ထားသောကြောင့် တားဆီးမရနိုင်သည့်အလား ဗာမီလီယမ်ငှက်၏ မြင့်မြတ်မီးတောက်များကို ဆုတ်ဖြဲပစ်လိုက်သည်။
ဗာမီလီယမ်ငှက်မှာလည်း ခေသူမဟုတ်သောကြောင့် မျက်ဝန်းမှ ရွှေရောင်စွမ်းအင်လှိုင်းများ ချက်ချင်းထွက်ပေါ်လာသည်။
ထို့နောက် ရွှေရောင်မီးချပ်ပြားများ ထွက်ပေါ်လာသည်မှာ ဒေါင်းတစ်ကောင် အမြှီးဖြန့်ထားသည်နှင့်ပင် ဆင်တူနေသည်။ မီးချပ်ပြားများသည် ကြောက်မက်ဖွယ် စွမ်းအင်များနှင့်အတူ အန်ကီရင်ထံ ပျံဝဲလာသည်။
အန်ကီရင်၏ ဓားစိတ်ဆန္ဒများ ရပ်တန့်သွားကာ အရှိန်မှာလည်း နှေးကွေးသွားသည်။ ဓားကိုယ်ထည်သည်လည်း တုန်ခါလာကာ အချိန်မရွေး ပြိုကွဲသွားတော့မလို ဖြစ်နေလေသည်။
ဗာမီလီယမ်ငှက်သည် အန်ကီရင်အားကြည့်ကာ မထီမဲ့မြင် ပြုံးနေသည်။ မောက်မာစွာ ခေါင်းမော့ထားပုံမှာ မင်းဖိုးဖိုးက မင်းဖိုးဖိုးပါပဲဟု ပြောနေသယောင်။
"ဟိုင်းယား......."
အန်ကီရင် အော်ဟစ်လိုက်သည်နှင့် သူ၏အဝတ်အစားမှ စွမ်းအင်များ ဖြာထွက်လာသည်။
သွေးစွမ်းအင်သည် အံ့ဖွယ်အဖြူရောင်လျှပ်စီးဓားထဲ စီးဝင်ကာ ဓားသွားအဖြစ် ပြောင်းလဲသွားသည်။ ဓားအရှိန်အဝါလည်း မြင့်တက်လာကာ ယခင်ကထက် ပိုမိုထက်ရှလာသည်။
ဝှစ်.......
အံ့ဖွယ်ဓား၏ အမြန်နှုန်းမှာလည်း ပြန်အားကောင်းလာသည်။
မီးချပ်ပြားများ၏ စွမ်းအင်ဖျက်စီးခြင်းသည်ပင် မတားဆီးနိုင်တော့ပေ။
အဖြူရောင် ဗာမီလီယမ်ငှက်မှာ မျက်မှောင်ကျုံ့သွားပြီးနောက် ပျံသန်းကာ ရှောင်ရှားလိုက်သည်။
သို့သော် ဓားမှာလျင်လွန်းလှသဖြင့် မရှောင်နိုင်ပဲ နှစ်ပိုင်းပြတ်သွားရလေသည်။
ဗာမီလီယမ်ငှက်၏ နာနာကျင်ကျင် အော်ဟစ်သံမှာ သက်ရှိစွမ်းအင် ပင်လယ်အတွင်း ပဲ့တင်ထပ်သွားပြီးနောက် ၎င်း၏ခန္ဓာကိုယ်မှာလည်း မြင့်မြတ်မီးတောက်အဖြစ် ပြောင်းလဲပျောက်ကွယ်သွားသည်။ အန်ကီရင်သည် ပထမဆုံးအကြိမ်အဖြစ် အနိုင်ရလိုက်ခြင်းပင်။
ဗာမီလီယမ်ငှက် ပြန်ပေါ်လာသောအခါ ရှူံးနိမ့်မှုအား လက်မခံနိုင်ပဲ အန်ကီရင်ကို တိုက်ခိုက်လာသည်။
သို့သော် ထပ်ရှုံးပြန်၏။
မည်သို့ပင်ဆိုစေကာမူ ဗာမီလီယမ်ငှက်မှာ လက်မလျှော့သေးပေ။
ရှုံးလာပြန်သည်။
တိုက်လိုက်ရှုံးလိုက်၊ ရှုံးလိုက်တိုက်လိုက် သံသရာ လည်နေပြီးနောက် ဗာမီလီယမ်ငှက်မှာ အရှုံးအား လက်ခံလိုက်ရသည်။
အန်ကီရင် အလွန်ပျော်ရွှင်ကာ ဝေလငါးကိုစီးလျက် သက်ရှိစွမ်းအင် ပင်လယ်ကို ပတ်နေသည်။ ဗာမီလီယမ်ငှက်ကိုလည်း မကြာခဏဆိုသလို လက်ခလယ်ထောင်ပြသည်။
ဗာမီလီယမ်ငှက်သည် ကြောက်ရွံ့နေသောကြောင့် စိန်မခေါ်ရဲတော့ပေ။
ထိုအချိန်မှာပင် အန်လင်းသည်လည်း တစ်စုံတစ်ခုကို ခံစားလိုက်မိသည်။
သူသည် လက်ညှိုးအား ထုတ်လိုက်သောအခါ သန့်စင်သော မြင့်မြတ်မီးတောက်ကို တွေ့လိုက်ရသည်။
စုရှောင်လန် အံ့အားသင့်သွားသည်။
"အန်လင်း...... နင်လည်း မြင့်မြတ်မီးတောက်ကို သုံးနိုင်ပြီလား။"
"အင်း...... မိုက်တယ်မလား။"
အန်လင်း ပြုံးကာပြောလာသည်။
အတိတ်ကာလများတွင် အရေးကြီးသော အခြေအနေများ၌ အဖြူရောင် ဗာမီလီယမ်ငှက်၏ စွမ်းအင်အား အသုံးပြုနိုင်ပါသော်လည်း သာမန်အချိန်များတွင် ပြန်လည်တုံ့ပြန်ခြင်း မရှိပေ။ ၎င်း၏အစွမ်းအား အသုံးပြုရန်မှာ ကံတရားပေါ်တွင်သာ မူတည်သလို ဖြစ်နေခဲ့သည်။ သို့သော် အန်ကီရင်မှ အနိုင်ရသွားပြီးနောက် အလိုရှိသလို အသုံးပြုနိုင်လေပြီ။
တကယ်ကို အန်ကီရင်က ကံကောင်းစေတဲ့ ကြယ်ပွင့်လေးပဲ......
စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့် ရောက်ရှိလာသောကြောင့် စနစ်တွင်လည်း အပြောင်းအလဲများစွာ ဖြစ်ပေါ်လာသည်။
အန်လင်းအနေဖြင့် ကျင့်စဉ်အသစ်များ သင်ယူနိုင်ပြီပင်။
"အလယ်အလတ်အဆင့် စစ်နတ်ဘုရားအမြှောက်ကျင့်စဉ် : စစ်နတ်ဘုရား ကောင်းကင်ဖောက်ခွဲခြင်းအမြှောက်...... လိုအပ်ချက် : သင့်ကိုနှစ်သက်သော ဟင်းလင်းပြင်သို့အပြန်အဆင့် သို့မဟုတ် ထိုအဆင့်ထက်မြင့်သော ကျင့်ကြံသူဆယ်ယောက်နှင့် သင့်ကိုရွံရှာမုန်းတီးသော ဟင်းလင်းပြင်သို့အပြန်အဆင့် သို့မဟုတ် ထိုအဆင့်ထက်မြင့်သော ကျင့်ကြံသူဆယ်ယောက် ရှိရမယ်။"
ကျင့်စဉ်၏ အမည်အား ကြည့်ရုံမျှဖြင့်ပင် ကြမ်းတမ်းမည်ဖြစ်ကြောင်း သိသာလှသည်။
ကောင်းကင်ဖောက်ခွဲခြင်းအမြှောက်.......... ကောင်းကင်ကို တကယ်ကြီး ဖောက်ခွဲနိုင်မှာလား........
အန်ရီထျန်းဆိုတဲ့ သခင်ကြီးငါက သေချာပေါက် သင်ရမှာပေါ့......
ကျင့်စဉ်အတွက် လိုအပ်ချက်ကလည်း ထူးဆန်းလိုက်တာ..... ကြိုက်တဲ့သူတင် မကဘူး...... မုန်းတဲ့သူပါ လိုသေးတာလား.......
အောက်ခြေတွင် မစ်ရှင်အခြေအနေပြဇယားလေးပင် ပါသေးသည်။
"သင့်အား ကြိုက်နှစ်သက်သော ဟင်းလင်းပြင်သို့အပြန်အဆင့် သို့မဟုတ် ထိုအဆင့်ထက်မြင့်သော ကျင့်ကြံသူဆယ်ယောက်တွင် အစေခံများ ပါဝင်မည် မဟုတ်ပါ။ စနစ်မှ ထောက်လှမ်းရရှိသော ဦးနှောက်လှိုင်းနှင့် အံ့ဖွယ်အာရုံလှိုင်းများအရ လက်ရှိအခြေအနေမှာ ဆယ်ယောက်အနက် ခုနစ်ယောက် ရှိနေပြီ ဖြစ်သည်။ ယီရှီ၊ လင်ကျွင်းကျွင်း၊ ရန်ဟွား၊ ရှောင်ဇယ်၊ တီနာ၊ ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်လိပ်ပြာနှင့် တုန်းဖန်းကျွမ်းရှီးတို့ ဖြစ်ပါသည်။"
အန်လင်း : "........."
ဘုရားရေ...... လျှို့ဝှက်ချက် ဖော်ခံလိုက်ရသလိုပဲ.....
အန်လင်း၏ စိတ်ထဲတွင် ခံစားချက်များ ဖြစ်ပေါ်လာသည်။
မဟုတ်ဘူး.... ဒါက သူငယ်ချင်း အချင်းချင်း ကြိုက်တာကို ပြောတာမဟုတ်ဘူး....... ပြောရရင် ရွံရှာမုန်းတီးတာရဲ့ ဆန့်ကျင်ဘက် လေးစားအထင်ကြီးတာပဲ..... မဟုတ်ရင် အဓိပ္ပါယ် ဘယ်လိုလုပ် ရှိမှာလဲ..... အင်း...... အဲ့လိုဖြစ်မယ်......
ထိုအချိန်တွင် အန်လင်း ပုခုံးပေါ် လက်တစ်စုံ ရောက်ရှိလာသည်။
အန်လင်း လှည့်ကြည့်လိုက်သောအခါ ပြုံးပြနေသော တုန်းဖန်းကျွမ်းရှီးကို တွေ့လိုက်ရသည်။
"အား....."
အန်လင်း ထိတ်လန့်စွာ အော်ဟစ်လိုက်သည်။
"ဝေးဝေးနေပါဆိုနေ....."
တုန်းဖန်းကျွမ်းရှီး ကြောင်အမ်းအမ်း ဖြစ်သွားရသည်။
ဘာဖြစ်တာလဲဟ..... ပုခုံးလေး ပုတ်တာကို......
စုရှောင်လန်ပါ နားမလည်နိုင် ဖြစ်သွားသည်။
"အဟမ်း..... သိပ်ပြီးနေလို့မကောင်းလို့။"
အန်လင်း လေးနက်စွာ ပြောလိုက်သည်။
"ခန္ဓာကိုယ် ထိတာကို လုံးဝမကြိုက်ဘူး။ ရှောင်လန်လေးကလွဲရင် ဘယ်သူမှ မထိကြနဲ့။ ကြိုပြောထားတယ်နော်။ ပြီးမှအပြစ်မပြောနဲ့။"
တုန်းဖန်းကျွမ်းရှီး : "........."
စုရှောင်လန် : "........"
အားလုံး : ".........."
ရှောင်လန်ကလွဲရင် မထိရဘူးတဲ့လား..... ဒါကတော့ လွန်ပါတယ်......
အန်လင်းမှာ မည်သူ့ကိုမှ ဂရုမစိုက်နိုင်ပဲ စနစ်ကိုသာ အာရုံပြန်စိုက်လိုက်သည်။
ရန်ဟွားက နှင်းပျိုမဒီတွေရဲ့ မြင့်မြတ်သော နန်းဆောင်သခင်မ မလား.......
သူမက ငါ့ကိုသဘောကျတယ်တဲ့လား......
ရှေးဟောင်းထိုက်ချူကုန်းမြေမှာ ကယ်ပေးခဲ့ဖူးလို့ လေးစားနေတာလား.......
အင်း...... ဒီအကြောင်းကို ရှောင်လန် သိလို့မဖြစ်ဘူး......
အန်လင်းမှာ သင့်ကို ရွှံရှာမုန်းတီးသော ဟင်းလင်းပြင်သို့အပြန်အဆင့် သို့မဟုတ် ထိုအဆင့်ထက်မြင့်သော ကျင့်ကြံသူဆယ်ဦးဟူသော နေရာအား လှမ်းကြည့်လိုက်သည်။
ဘယ်သူငါ့ကိုမုန်းနေလဲ...