← Chapters

လခြမ်းကွေး အင်မော်တယ် နန်းတော် ပေါ်ပေါက်လာခြင်း

Vol. 25 Ch. 341

လခြမ်းကွေး အင်မော်တယ် နန်းတော် ပေါ်ပေါက်လာခြင်း

Vol. 25 Ch. 341

မိုဝူကျီက ရွိုက်ကောကို သူ့အား သခင်ဟု ခေါ်နေသည့် ကိစ္စအား ဖြေရှင်းဖို့ရန်ပင် အလွန်ပျင်းရိ နေလေသည်။ ဤငှက်က ကြီးထွားနေဆဲ ဖြစ်ကာ လူအများနှင့် ကြာကြာ ဆက်ဆံ လာရင်းဖြင့် သူ့ဘာသာ အမှန် ပြင်လာနိုင်ပေ လိမ့်မည်။

မိုဝူကျီက တွေဝေမနေဘဲ သင်္ဘောပျံကို လောကခန်းမဆီ တိုက်ရိုက် ပျံသန်းသွား တော့သည်။ သူ့ကျင့်ကြံဆင့် စစ်မှန်ခြင်း နတ်ဘုရား အဆင့် ၂ နှင့်အတူ လေ လွတ်မြောက်ရေး နည်းစနစ် အဆင့် ၇ ဖြင့် သူက လောက အင်မော်တယ် ပြီးပြည့်စုံခြင်း အဆင့် ကျင့်ကြံသူနှင့် တွေ့လျှင်ပင် သူက အလွယ်တကူ လွတ်မြောက် နိုင်လိမ့်မည်။

စစ်မှန်ခြင်း နတ်ဘုရား အဆင့်နှင့် လောက အင်မော်တယ် အဆင့် ကြားမှ ကွာခြားချက်သည် မကြီးမားသော်လည်း ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့်နှင့် စစ်မှန်ခြင်း နတ်ဘုရား အဆင့်ကြားမှ ကွာခြားချက်နှင့် ခြားနားပေသည်။ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့်မှာ မြေကမ္ဘာ အဆင့်တွင် ရှိပြီး စစ်မှန်ခြင်း နတ်ဘုရား အဆင့်မှာ ကောင်းကင်နယ်ပယ် အဆင့်တွင် ရှိလေသည်။ သူတို့နှစ်ခုကြားက ကွာခြားချက်မှာ မည်သည့် နည်းလမ်းနှင့်မဆို ဖြည့်ဆည်းလို့ မရပေ။

သို့သော်လည်း စစ်မှန်ခြင်း နတ်ဘုရား အဆင့်နှင့် လောက အင်မော်တယ် အဆင့် နှစ်ခုလုံးမှာ ကောင်းကင် နယ်ပယ်တွင် ဖြစ်ပြီး ရှေ့အဆင့်မှာ ကောင်းကင် နယ်ပယ်၏ ပထမအဆင့် ဖြစ်ပြီး နောက်အဆင့်မှာ ဒုတိယအဆင့် ဖြစ်၏။

မိုဝူကျီအတွက် သူက ပုန်းကွယ် နေရသည်ကို ငြီးငွေ့လာပြီ ဖြစ်ရာ လောကခန်းမ အတွင်း၌ လောက အင်မော်တယ်များ လက်ယားခြေယား သွားလာနေ လိမ့်မည်ဟု မယုံပေ။

ရက်အတော် ကြာသည့်အခါ  မိုဝူကျီက လောကခန်းမဆီ ရောက်ရှိလာစဉ် သင်္ဘောပျံ တစ်စင်းက ချည်းကပ် လာလေ၏။

မိုဝူကျီက သင်္ဘောပျံကို ရပ်ကာ တျန်းဂျီတုတ်ကို ကိုင်ဆွဲထား လိုက်သည်။ သူက လောကခန်းမထဲ အေးအေးချမ်းချမ်း ဝင်နိုင်လိမ့်မည်ဟု တွေးမထားသဖြင့် တိုက်ဖို့ရာ အသင့်ပြင် ထားသည်။ အကယ်၍ ကျန်းရှင်းသာ နယ်လှည့် ကျင့်ကြံသူ သို့မဟုတ် အာကာသသားရဲများ လက်ထဲ ရောက်သွား ပြီလားဟု တွေးမပူ နေရလျှင် သူက နောက်ဆုံး ရောင်ခြည် အမြောက်ကို လောကခန်းမဆီ အချက် အနည်းငယ် ပစ်ခွင်းလိုက်မည် ဖြစ်သည်။

ရောင်ခြည်အမြောက် အချက် အနည်းငယ် ပစ်ခွင်းလိုက်ခြင်းက သူ့အား ကျေနပ်စေ သော်လည်း ကျန်းရှင်းကား ပျက်စီးသွား ပေလိမ့်မည်။ မိုဝူကျီတွင် ကျန်းမိုနယ်မြေနှင့် ပျောက်ဆုံး နယ်မြေများတွင် မိတ်ဆွေများ ရှိသဖြင့် သူက ထိုသို့လုပ်မည် မဟုတ်ပေ။

ရောက်လာသည့် သင်္ဘောပျံမှာ အနက်ရောင် ဖြစ်ပြီး သင်္ဘောပျံပေါ်မှ လူကို မြင်လိုက်သည့်အခါ နှုတ်ခမ်း ထောင့်လေးမှာ တွန့်ချိုးသွားပြီး တျန်းဂျီတုတ်ကို ပြန်သိမ်းထား လိုက်သည်။

“ခင်ဗျား လွယ်လွယ်နဲ့ မသေမှာကို သိနေတယ်။ ကြည့်ရတာ ကျုပ် မှန်နေတဲ့ပုံပဲ ... ”

ရောက်လာသည့် သင်္ဘောပျံက ရပ်လိုက်သည့်အခါ ဝတ်စုံနက်နှင့် အမျိုးသားက သင်္ဘောပျံမှ ဆင်းလာလေ၏။ ထိုသူမှာ အထီးကျန်ကြိုးနီ ဖြစ်၏။

မိုဝူကျီက သူ့သင်္ဘောပျံကို သိမ်းဆည်းကာ ပြောလိုက်သည် ။

“တကယ်လို့ ခင်ဗျားသာ မကူညီခဲ့ရင် ကျုပ်က ယန်မျိုးနွယ် လက်ထဲ သေနေလောက်ပါပြီ။ ဒါတွေအားလုံး ဖြစ်ပြီးသွား တာတောင် ကျုပ် ခင်ဗျားကို ကျေးဇူးတင် စကားပြောဖို့ အခွင့်မရခဲ့ဘူး.... ”

သူက အထီးကျန် ကြိုးနီ၏ ကျင့်ကြံဆင့်မှာ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အစောပိုင်း အဆင့်သာ ရှိသေးကြောင်း ပြောနိုင်သည်။ ဤမျှ နှစ်တွေကြာမြင့် သွားသော်လည်း သူ့ကျင့်ကြံဆင့်မှာ မြင့်သည် ဆိုရုံမျှလေး မြင့်လာခြင်း ဖြစ်ပေသည်။ သူ့အမြန်နှုန်းက မိုဝူကျီကို ဘယ်တော့မှ လိုက်မီမည် မဟုတ်ပေ။

အထီးကျန် ကြိုးနီက အားရပါးရ ပြုံးလိုက်သော်လည်း အတိတ်အကြောင်း ဆက်မပြောတော့ဘဲ သူ့လာခဲ့သည့် ဦးတည်ရာကို ညွှန်ပြကာ …

“ဒီနေရာမှာ ခင်ဗျား အသက်ကို လိုချင်နေတဲ့ သူတွေ ဘယ်လောက်များလဲ သိလား ... ”

မိုဝူကျီက လောကခန်းမကို ကြည့်ကာ အသာ ပြောလိုက်သည်။

“ကျုပ် အသက် လိုချင်တဲ့သူတွေ များတာကို သိပါတယ်။ ဒါပေမဲ့ ကျုပ် ကောင်းကောင်း အသက်ရှင် နေဆဲပဲလေ ... ”

အထီးကျန် ကြိုးနီက ခေါင်းညိတ်ပြကာ…

“ခင်ဗျားကို နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ ဖြစ်နေမယ်လို့ ထင်မထားမိဘူး။ နှင်းခါး ပင်လယ်ထဲ ဝင်လာတဲ့ လောက အင်မော်တယ် ခြောက်ယောက်ကို သတ်ပစ် လိုက်တာလဲ ခင်ဗျားပဲလား ... ”

“ဟုတ်တယ်။ ကျုပ်ပဲ …”

မိုဝူကျီနှင့် အထီးကျန် ကြိုးနီတို့မှာ အလွန်မရင်းနှီး ကြသော်လည်း မိုဝူကျီက သူ့အား ယုံကြည် စိတ်ချရသည့် မိတ်ဆွေအဖြစ် သတ်မှတ်ထား၏။

တစ်ခါတစ်ရံ၌ ဘဝ တစ်လျှောက်လုံး သိလာသော်လည်း ထိုသူမှာ မိတ်ဆွေ ဖြစ်ချင်မှ ဖြစ်ပေလိမ့်မည်။ တချို့သော အချိန်များတွင် တစ်ယောက်ယောက်ကို မြင်လိုက်သည်နှင့် အလိုလိုနေရင်း မိတ်ဆွေဟု သိနေပြီးသားလည်း ဖြစ်တတ်ပေသည်။ အထီးကျန် ကြိုးနီမှာ မိုဝူကျီအတွက် ထိုသို့သော လူစားမျိုး ဖြစ်၏။

မိုဝူကျီက လောက အင်မော်တယ် ခြောက်ယောက်လုံးကို သတ်ပစ် လိုက်သည်ကို ကြားပြီး အထီးကျန် ကြိုးနီမှာ အလွန်အံ့ဩသည့် ပုံမပေါ်သော်လည်း မေးလိုက်သည်။

“ခင်ဗျားကို သေစေချင် နေကြတဲ့ လူတွေကိုရော သိလား ..”

မိုဝူကျီ အဖြေကိုပင် မစောင့်ဘဲ အထီးကျန် ကြိုးနီက ဆက်ရှင်းပြ လိုက်သည်။

“လီရှို့ရန်ရဲ့ ဆရာဖြစ်တဲ့ ဆရာကြီး ဝူရှန်းက ခင်ဗျား လီရှို့ရန်ကို သတ်လိုက်တယ်လို့ ကြားကြားချင်း လူသတ်ငွေ့တွေ ပြင်းထန်နေတာ။ ခင်ဗျားရဲ့ ဝိညာဉ်ကိုတောင် တစ်စစီ လုပ်ပစ်ဖို့ ဆုံးဖြတ်ထားတယ်။ နောက်တစ်ဖက်က မျိုးနွယ်စုကြီး သုံးခုပဲ။ သူတို့တွေက ခင်ဗျားကို မိုဝူကျီမှန်း ခန့်မှန်းမိကြမှာ ဆိုတော့ တိတ်တဆိတ် လုပ်ကြံဖို့ ကြံစည်နေ ကြလောက်တယ်။ မျိုးနွယ်စုကြီး သုံးခုက အခုကျုပ်တို့ တွေ့နေတာ ကိုတောင် သိရင် သိနေမှာ ...”

မိုဝူကျီက အားနာစွာ ပြောလိုက်သည်။

“ခင်ဗျားကိုပါ ဆွဲသွင်းမိတာ အားနာပါတယ်ဗျာ ... ”

အထီးကျန် ကြိုးနီက ရယ်မောရင်း …

“ကျုပ် အထီးကျန် ကြိုးနီက ဝင်ပါရတာတွေကို ကြောက်နေတယ်ဆိုရင် ခင်ဗျားကို လာရှာမှာ မဟုတ်ဘူး။ ခင်ဗျားကို တစ်ခုပဲ မေးချင်တယ်။ ခင်ဗျား ရှားမျိုးနွယ်စု တစ်ခုလုံးကို အမြစ်ဖြတ် သတ်ရဲလား ... ”

မိုဝူကျီက ခက်ထန်စွာ ပြောလိုက်သည်။

“ကျုပ်က အခု ရှားမျိုးနွယ်စုနဲ့ ရင်ဆိုင်ဖို့ မဖြစ်နိုင်သေးပေမဲ့ မကြာခင်တော့ အားလုံးကို အမြစ်ဖြတ် သုတ်သင်ပစ်မှာပါ ... ”

အထီးကျန် ကြိုးနီက မျက်မှောင် ကြုတ်ကာ …

“အဲဒါဆို အရင်တုန်းက လောကအင်မော်တယ် ခြောက်ယောက်ကို ဘယ်လို သတ်နိုင်ခဲ့တာလဲ။ ခင်ဗျားမှာ နည်းလမ်း ရှိတယ်မလား ... ”

မိုဝူကျီက အထီးကျန် ကြိုးနီဆီမှ မကောင်းသည့် ရည်ရွယ်ချက် မရှိမှန်း သိ၍ အသက် ပြင်းပြင်းရှူကာ ပြောလိုက်သည်။

“ဟုတ်တယ်။ ကျုပ်မှာ နည်းလမ်း ရှိပေမဲ့ အဲဒီနည်းလမ်းက ရန်သူနဲ့ ထိပ်တိုက်တွေ့ရင် အလုပ်မဖြစ်ဘူး။ ပြောရရင် ချောင်းမြောင်း တိုက်မှ အဆင်ပြေမှာ ... ”

“ကောင်းတယ်။ အဲဒါဆို ငါတို့တွေ သူတို့ကို ချောင်းမြောင်း တိုက်ကြမယ်။ လောကခန်းမရဲ့ ကျင့်ကြံသူ စစ်တပ်ရဲ့ ယာယီစခန်းကို သိတယ်။ အဲဒီမှာ အနည်းဆုံးတော့ ရှားမျိုးနွယ်စုက လောက အင်မော်တယ် သုံးယောက်နဲ့ စစ်မှန်ခြင်း နတ်ဘုရား ဆယ်ယောက်ကျော် ရှိတယ် ... ”

အထီးကျန်ကြိုးနီ စကားမဆုံးခင် မိုဝူကျီက ဖြတ်ပြော လိုက်လေ၏။

“ရှားမျိုးနွယ်စုဝင်တွေ အားလုံး အတူတူ ရှိနေသရွေ့ ကျုပ်မှာ သူတို့ကို နှိမ်နှင်းဖို့ နည်းလမ်းရှိတယ်။ ကျင့်ကြံသူ စစ်တပ်ကိုတော့ သူတို့ကို ကျုပ် မသတ်ချင်ဘူး ... ”

မိုဝူကျီ ပိုင်ဆိုင်သော ရောင်ခြည် အမြောက်မြားမှာ စစ်တပ် ဆယ်ခုလုံးကို ပြဿနာမရှိဘဲ သတ်ပစ်နိုင် လေသည်။ သို့သော်လည်း သူက ကျန်သော ကျင့်ကြံသူ များကိုတော့ သတ်မပစ်ချင်ပေ။ အကြောင်းမှာ သူတို့က ရှားမျိုးနွယ်စုနှင့် မသက်ဆိုင် သောကြောင့် ဖြစ်သည်။ လူများက ကျင့်ကြံသူ စစ်တပ်ကို ဝင်ရသည့် အကြောင်းအရင်းမှာ ကျင့်ကြံခြင်း အထောက်အပံ့များနှင့် ရမှတ်များ ရဖို့ရန် ဖြစ်သော်လည်း ကျန်းရှင်းကို ထိုလူများက ကာကွယ် ပေးထားခြင်း ဖြစ်သည်။

“တစ်ယောက်ယောက် လာနေတယ် …”

မိုဝူကျီ၏ စိတ်စွမ်းအားမှာ သာမာန် စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူများထက် များစွာ အားကောင်းလွန်း၍ လောက အင်မော်တယ် ကျင့်ကြံသူနှင့်ပင် နှိုင်းယှဉ်၍ ရလေသည်။ သူက တစ်ယောက်ယောက် ချည်းကပ် လာသည်ကို ချက်ချင်း ခံစားမိလိုက်သည်။ ထိုလူများက သူ့ဆီ လာနေတာ ဖြစ်ကာ သူတို့ ရည်ရွယ်ချက်များမှာ သိသာလှသည်။

“ဘမ်း ဘမ်း ”

မိုဝူကျီ ပြောသည့်အတိုင်း ကြောက်မက်ဖွယ် ပေါက်ကွဲမှု ကြီးကိုပင် ကြားလိုက်ရ လေသည်။ ထို့နောက် ကောင်းကင်တစ်ခွင် ကွဲအက်သွားသည့် အလား အက်ကွဲကြောင်း များကိုပင် မြင်နေရသည်။

ကျယ်ဝန်းကာ အဆုံးမသတ်သည့် အရှိန်အဝါက  အာကာသထဲ ထွက်ပေါ်လာ ပြီးနောက် မိုဝူကျီက အပြောင်းအလဲကြီး ပြောင်းသွားသည်ကို ခံစားမိလိုက်ပြီး တအံ့တဩ ဖြစ်သွားသည်။ သူ့စိတ်စွမ်းအားကို လာရစ်ပတ် နေသော ထိုအံ့မခန်း တာအို အရှိန်အဝါများက သူက တစ်စုံတစ်ခုကို ထိန်းချုပ်နိုင် တော့မည့်အလား ဖြစ်နေသည်။

“ဘမ်း ”

ကြောက်မယ်ဖွယ် အားကြီးက ထွက်ပေါ်လာပြီး ဧရာမ တံခါးချပ်ကြီးက အာကာသနှင့် ဟင်းလင်းပြင် ကြားစပ်နေရာ၌ ဝေဝေဝါးဝါး ဖြစ်ပေါ်လာသည်။ ထိုအရာမှာ လူအများက စွမ်းအား ထိုက်တန်သော နယ်ပယ်တစ်ခု အဖြစ် လေးစားကြ ရုံကလွဲပြီး မတတ်နိုင် ကြတော့ချေ။

မိုဝူကျီဆီ ချီတက်လာ နေသည့် အဆင့်မြင့် ကျင့်ကြံသူများက လမ်းတွင် ရပ်ကာ အဝေး တစ်နေရာမှ ဧရာမ တံခါးချပ်ကြီးကို အံ့ဩတကြီး ကြည့်နေကြသည်။

တံခါး ဖြစ်ပေါ်လာသည့် အခါ လခြမ်းကွေးအသွင် ပြောင်းသွားလေ၏။

“လခြမ်းကွေး အင်မော်တယ် နန်းတော်လား ”

မိုဝူကျီနှင့် အထီးကျန် ကြိုးနီတို့က ဆက်တိုက် ရေရွတ် လိုက်ကြသည်။

မိုဝူကျီ စိတ်မှာ တုန်လှုပ် နေလေသည်။ အကြောင်းအရင်းမှာ လခြမ်းကွေး အင်မော်တယ် နန်းတော်မှ တာအို အရှိန်အဝါကပင် စိတ်ထဲကို ကြီးစိုးသွားပြီး သူ့အတွက် နောက်ထပ် ကျင့်စဉ် တစ်ခု နှိုးထလုနီးပါး ဖြစ်သွား၏။  သူသာ လခြမ်းကွေး အင်မော်တယ် နန်းတော်ထဲ ဝင်သွားလျှင် မည်သို့ ဖြစ်မည်နည်း။ အကယ်၍ အထဲ၌ ရတနာ မရှိလျှင်ပင် သူ့အတွက် အကျိုးမြတ်များစွာ ရနိုင်ပေသေး၏။

“သတ်ကြစမ်း”

လူနှစ်ယောက်က လခြမ်းကွေး အင်မော်တယ် နန်းတော်ကို မြင်ပြီး တိုက်ခိုက်သံ များကိုပင် အာကာသအတွင်းမှ ကြားနေရသည်။

မိုဝူကျီက နောက်တစ်ကြိမ် တုန်ယင် သွားပြန်သည်။ သူက သားရဲများနှင့် ကျင့်ကြံသူ စစ်တပ်များ တိုက်ပွဲကို ကြုံတွေ့ဖူး သောကြောင့် ဝင်ရောက်လာသော သားရဲများ အရေအတွက်ကို ဆုံးဖြတ်လျှင်ပင် ဤတိုက်ပွဲမှာ သေချာပေါက် ၁ ဘီလီယံထက် ပိုတန်ပေသည်။

ထိုစဉ် နေရာတစ်ခုလုံးမှာ သားရဲများနှင့် ပြည့်နေသောကြောင့် သူက လခြမ်းကွေး အင်မော်တယ် နန်းတော်၏ ဝင်ပေါက်ကို မမြင်နိုင်ချေ။ ထိုသည်က အံ့ဩစရာ အကောင်းဆုံး မဟုတ်သေးပေ။ မိုဝူကျီကို အံ့ဩစေသည်က အာကာသ သားရဲများကို ဖြတ်၍ နယ်ခြား ကျင့်ကြံသူများပါ ရောက်ရှိလာခြင်း ဖြစ်ပေသည်။ နယ်ခြား ကျင့်ကြံသူ အရေအတွက်မှာ သိန်းချီနေ သော်လည်း သားရဲ အရေအတွက်နှင့် ယှဉ်၍ မရပေ။

သို့သော်လည်း နယ်ခြား ကျင့်ကြံသူ အားလုံးက အနက်ရောင် ချပ်ဝတ် ကိုယ်စီ ဝင်ဆင်ထားကြပြီး ဝိညာဉ်လက်နက်ကို ကိုင်ဆောင် ထားကြသည်။ ရောက်ရှိလာသော သားရဲများမှာ သူတို့နှင့်အတူ နယ်မြေ တစ်ခုလုံးပါ ဆွဲခေါ်သွားမည့် အလား ဖြစ်နေသည်။ အာကာသ သားရဲများ ထိုသို့ ချီတက် လာခြင်းသည် သူတို့ကို တားဆီးသည့် ကျင့်ကြံသူများကို သတ်ဖို့ရာ မလိုတော့ပေ။ သူတို့ကို နင်းခြေသွားရုံသာ ဖြစ်၏။

မိုဝူကျီက ကျန်းမိုနယ်မြေ၏ ကျင့်ကြံသူ စစ်တပ် မြင်လိုက်သည့်အခါ တုန်လှုပ် သွားတော့သည်။ ကျန်းမိုနယ်မြေ ကျင့်ကြံသူ စစ်တပ်မှာ တရားဝင် စစ်တပ် ဖြစ်နေသော အာကာသ သားရဲအုပ်နှင့် ယှဉ်လိုက်လျှင် ဤအတိုင်း ကောက်၍ ဖွဲ့စည်းထားသည်မှာ သိသာလှသည်။ ကျန်းမိုနယ်မြေ၏ ကျင့်ကြံသူ စစ်တပ်၏ တစ်ခုတည်းသော အင်အားမှာ အရေအတွက်သာ ဖြစ်၏။

ကျန်းမိုနယ်မြေ ကျင့်ကြံသူများတွင် အရှိန်အဝါများ ရှိနေသော်လည်း ရောက်ရှိလာသော  အားကောင်းသည့် သားရဲများနှင့် ကွာခြားချက်မှာ အင်မတန် ကြီးမားလှသည်။

“အစ်ကိုမို  ... ဒီတစ်ခါတော့ ရှားမျိုးနွယ်စုကို သတ်လို့ မဖြစ်သေးဘူး ထင်တယ် ... ”

အထီးကျန် ကြိုးနီက နှမြောတသဖြင့် ပြောလိုက်သည်။ ဤသို့ တိုက်ပွဲကြီးမျိုး၌ ရှားမျိုးနွယ်စုက ယာယီစခန်းတွင် မနေဘူးဆိုမှ ထူးဆန်းနေ ပေလိမ့်မည်။

“ဘမ်း ”

စစ်တပ် သုံးခုလုံးမှာ တစ်ဖက်နှင့် တစ်ဖက် တိုက်ခိုက်နေပြီ ဖြစ်၏။ အာကာသ သားရဲအုပ်၊ သိန်းချီနေသော နယ်ခြား ကျင့်ကြံသူများနှင့် ကျန်းမိုနယ်မြေမှ ကျင့်ကြံသူ စစ်တပ်တို့မှာ တစ်ဖက်နှင့် တစ်ဖက် အရူးအမူး တိုက်ခိုက် နေကြသည်။

မိုဝူကျီက  စိတ်စွမ်းအားဖြင့်  လခြမ်းကွေး အင်မော်တယ် နန်းတော်ကို စစ်ဆေးကြည့် လိုက်သည့်အခါ ဝင်ပေါက်မှာ ပိတ်ထားဆဲ ဖြစ်ကြောင်း သိလိုက်သည်။ ကြည့်ရသည်မှာ ဖွင့်ချိန် မတန်သေးဘူး ထင်၏။ လက်တလော သူ့ဆီ သားရဲများစွာ ပြေးဝင်လာ နေသောကြောင့် လက်ကို မြှောက်ကာ အဆုံးမဲ့ လျှပ်စီးမိုး ရွာသွန်းလိုက် ရသည်။ သူက စစ်မှန်ခြင်း နတ်ဘုရားအဆင့် ၂ တွင် ရောက်နေ သောကြောင့် သူ့ပတ်လည်မှ မီတာ အနည်းငယ်အတွင်း သားရဲများ အားလုံးကို ထိုလျှပ်စီးမိုးဖြင့် သတ်လိုက်နိုင်သည်။

အစပိုင်းတွင် မိုဝူကျီက လခြမ်းကွေး အင်မော်တယ် နန်းတော်ထဲ  ဝင်ဖို့ရန်သာ အာရုံစိုက်ထား သော်လည်း ထိုသည်က သူ့အတွက် မဖြစ်နိုင် သေးကြောင်း သတိပြုမိ လိုက်သည်။ အကြောင်းမှာ သူက သားရဲများကို မည်မျှပင် သတ်စေကာမူ သူ့ဆီ ပြေးဝင်လာနေဆဲ ဖြစ်သည်။ ထိုစဉ် မိုဝူကျီက လခြမ်းကွေး အင်မော်တယ် နန်းတော် အကြောင်း တွေးမနေဘဲ  သားရဲများကို သတ်ဖို့ရန်သာ အာရုံစိုက်ထား တော့သည်။

သူ့စွမ်းဆောင်ရည်ဖြင့် အဆင့် ၇ သားရဲပင် သူ့အနား၌ အလောင်း ဖြစ်သွားလိမ့်မည်။

အဆုံးမဲ့ လျှပ်စီးမိုးများ နှင့်အတူ ပျောက်ကွယ် ဓားကိုပါ ဆက်တိုက် အသုံးပြု နေသောကြောင့် သူတို့က ပူးပေါင်းသွား လေသည်။ နာရီအနည်းငယ် အကြာတွင် မြောက်မြားစွာသော လျှပ်စီးဓားများက မိုဝူကျီ၏ အဆုံးမဲ့ လျှပ်စီးမိုး၌ ရောနှောလာ တော့သည်။ ထိုလျှပ်စီး ဓားများက မိုးကြိုးသွား များကိုပါ ခေါ်ဆောင်လာသည့် အတွက် ပစ်ချက်တိုင်းက သားရဲများကို အမှုန့်သဖွယ် ဖြစ်သွားစေသည်။

မနီးမဝေးတွင် အထီးကျန် ကြိုးနီက သားရဲများ သတ်ရန် အလုပ်ရှုပ် နေသော်လည်း သူက မိုဝူကျီ၏ စွမ်းအားကို မျက်မြင်ကိုယ်တွေ့ မြင်သည့်အခါ တိတ်တဆိတ် အံ့ဩမိလေသည်။ ဤတိုက်ပွဲကြီး အပြီးတွင် မိုဝူကျီက ထိပ်တန်းအဆင့် ၁၀၀၀ အတွင်းဖြင့်  လောကအဆင့် ဇယား၏ ပင်မနေရာသို့ တက်ရောက် နိုင်လိမ့်မည် ဖြစ်ကြောင်း သိနေသည်။ သူက မိုဝူကျီ၏ အသစ်ထုတ် လိုက်သော လျှပ်စီးဓား တိုက်ကွက်၌  မိုးကြိုးသွားများပါ ထုတ်နိုင်ကြောင်း ကိုယ်တိုင် မြင်နေရသည်။ ထိုအရာက အာကာသ သားရဲများကို သတ်ဖို့ရန် အတွက် သီးသန့်ပြုလုပ် ထားသော လက်နက် ဖြစ်ပေ၏။

***

All Chapters