← Chapters

ထင်မှတ်မထားသောရလဒ်

Vol. 60 Ch. 837

ထင်မှတ်မထားသောရလဒ်

Vol. 60 Ch. 837

ဆေးလုံးသန့်စင်ခြင်းအတွက် မီးတောက်ရွေးချယ်ရသည်မှာလည်း အရည်အချင်းတစ်ခု ဖြစ်သည်။

လက်ရှိအချိန်တွင် အန်လင်းထံ၌ ရွေးချယ်စရာ ခြောက်ခု ရှိသည်။ ကြယ်မိစ္ဆာမီးတောက်၊ ကြီးမြတ်သန့်စင်မီးတောက်၊ လရောင်ရှုခင်းမီးတောက်၊ ကောင်းကင်ဘုံလဟာပြင်မီးတောက်၊ သန္ဓေပြောင်းသွေးဇာမဏီမီးတောက်နှင့် မြင့်မြတ်သော ဗာမီလီယမ်ငှက် မီးတောက်တို့ပင်။ အံ့ဖွယ်မီးတောက်ပုတီးစေ့မှ ရွှေနဂါးမီးတောက်ကိုပါ ထည့်တွက်ပါက ရွေးချယ်ရန် မီးတောက်ခုနစ်ခု ဖြစ်သွားပေလိမ့်မည်။

သန့်စင်လိုသော ဆေးလုံးပေါ် မူတည်ကာ မီးတောက် ရွေးချယ်ရသည်။

မီးတောက်အား ထိန်းချုပ်နိုင်လေ ဆေးလုံးသန့်စင်ရာတွင် အမှားနည်းလေ ဖြစ်၏။ ထို့အပြင် အဆင့်မြင့် မီးတောက်သည် ဆေးလုံးအဆီအနှစ်အား တိုးတက်စေနိုင်ပြီး ဝိဉာဉ်စွမ်းအင်နှင့် အံ့ဖွယ်စွမ်းအင်များကို ပိုမိုအားကောင်းစေသည်။ ထို့ကြောင့် ဆေးလုံး အရည်အသွေးနှင့် အဆင့်တို့သည်လည်း မြင့်တက်လာပေလိမ့်မည်။

အန်လင်းသည် အဆင့်ကိုး စိတ်ဝိဉာဉ်ဆေးလုံးကိုသာ ဖော်စပ်မည် ဖြစ်သောကြောင့် အရည်အသွေးအား ဂရုစိုက်နေစရာ မလိုအပ်ပေ။ အမှားမလုပ်မိလျှင်ပင် ကောင်းကင်ဘုံအား ကျေးဇူးတင်ရပေဦးမည်။ အန်လင်းသည် ရင်းနှီးကျွမ်းဝင်မှု အရှိဆုံး မီးတောက်ကိုသာ ရွေးချယ်လိုက်သည်။

စုရှောင်လန်သည်လည်း မြင့်မြတ်မီးတောက်အား အသုံးမပြုပေ။ သူမသည် ရွှေရောင်အံ့ဖွယ်မီးတောက် တစ်ခုကိုသာ သုံးစွဲနေသည်။

စုရှောင်လန်၏ သွယ်လျသော လက်ချောင်းများသည် လိပ်ပြာလေးတစ်ကောင် ဝဲပျံနေသလို လှုပ်ရှားကာ ပါဝင်ပစ္စည်းများအား တစ်မျိုးပြီးတစ်မျိုး ဆေးအိုးထဲ ထည့်နေသည်မှာ တင့်တယ်လှပလွန်းလှသည်။

အန်လင်းသည်ပင် ထိုမြင်ကွင်းအား ငေးမောကြည့်ရှုနေမိသည်။

တကယ့် အလှတရားက မျက်စိပဒါသ အရှိဆုံးပဲ......

သူသည် ခေတ္တမျှ ငေးမောနေရင်း ဆုံးဖြတ်ချက် ချလိုက်နိုင်သည်။

ကြယ်မိစ္ဆာမီးတောက်ပဲ.......

ထိုသည်မှာ အန်လင်း ပထမဆုံး ရရှိခဲ့သော မီးတောက်ဖြစ်ကာ ကြမ်းတမ်းခက်ထန်ပါသော်လည်း တိကျပြတ်သားသော စွမ်းရည်ရှိသည့် မီးတောက်မျိုး ဖြစ်သည်။

ဝုန်း........

ခရမ်းမီးတောက်များမှာ ဆေးအိုးအောက်တွင် အသက်ဝင်လာသည်။

အန်လင်းသည် စုရှောင်လန်ကဲ့သို့ မကျွမ်းကျင်သောကြောင့် ပါဝင်ပစ္စည်းများ ထည့်ရသော အချိန်တိုင်းတွင် အထူးတလှယ် ဂရုစိုက်နေရသည်။ သူသည် ပစ္စည်းများကို ထည့်နေရင်း မီးတောက်ကိုလည်း ထိန်းချုပ်ထားရသည်။ ထိုသည်မှာ ဆေးအိုးပေါက်ကွဲမှုမှ ကာကွယ်ရန် ဖြစ်သည်။

ဆေးလုံးသန့်စင်ခြင်းသည် အပြင်ပန်းတွင် ပျင်းရိစရာ ကောင်းပါသော်လည် အတော်အလုပ်ရှုပ်သော လုပ်ငန်းစဉ်တစ်ခုပင်။

အမှားအယွင်း သေးသေးလေး တစ်ခုကပင် ကြိုးစားထားသမျှ အရာအားလုံး ပျက်စီးသွားစေနိုင်သည်။

အန်လင်းသည် ဆေးဖော်စပ်ရာတွင် စုရှောင်လန်လို မတင့်တယ်သလို ယီရှီလိုလည်း ဆရာမကျပေ။ သူသည် ကလေးထိန်းနေသလို အလွန်သတိကြီးစွာဖြင့် ဆေးဖော်နေရသည်။

ထိုသည်မှာ ပျင်းစရာ မကောင်းပဲ စိတ်ဝင်စားစရာ ကောင်းလှသည်။

အန်လင်းသည် အသက်စွမ်းအင်တစ်ခုအား ဂရုတစိုက် ပျိုးထောင်နေပြီး အမှားလုပ်မိ၍ မဖြစ်ပေ။ အောင်မြင်သွားသည်နှင့် စိတ်ကျေနပ်သော ခံစားချက်ကို ရရှိလာမည် ဖြစ်သည်။

ဝုန်း......

ပေါက်ကွဲမှု တစ်ခုနှင့်အတူ အော်ဟစ်သံများ ထွက်ပေါ်လာသည်။

မီးတောက်အား မထိန်းချုပ်နိုင်သောကြောင့် ဆေးအိုးပေါက်ကွဲသွားခြင်း ဖြစ်သည်။

"ထုတ်ပယ်တယ်။"

အလင်းတန်းတစ်ခု ကျဆင်းလာကာ ထိုသူ၏ ယှဉ်ပြိုင်ခွင့်ကတ်ပြားကို ဖျက်စီးပစ်လိုက်သည်။

ကြောင်သားရဲမှာ စိတ်ပျက်လက်ပျက်နှင့် တာအိုကွင်းပြင်မှ ထွက်ခွာသွားသည်။ အန်လင်းသည် ၎င်းကိုလှမ်းကြည့်လိုက်သောအခါတွင် အခြားသူများသည် သူ၏မီးတောက်အားကြည့်ကာ မျက်မှောင်ကျုံ့မိလိုက်ကြသည်။

"ဒါက အံ့ဖွယ်မီးတောက်လား။"

အံ့ဖွယ်မီးတောက်များသည် အလွန်မြင့်မြတ်သန့်စင်သော အရှိန်အဝါမျိုးကို ပိုင်ဆိုင်ထားကြသည်။

အန်လင်းသည် ဆေးဖော်စပ်ရာတွင် အာရုံစိုက်နေရသောကြောင့် အံ့အားသင့်သော အော်ဟစ်သံများ ကြားပါသော်လည်း အရေးမစိုက်ပဲ ပြုံးသာပြုံးမိသည်။

ဟမ့်...... အံ့ဖွယ်မီးတောက်တွေက အဲ့လောက်ရှားတာလား........

သူသည် အေးအေးဆေးဆေး အသုံးပြုကာ ကြွားဝါးနေနိုင်သောကြောင့် စိတ်ကျေနပ်နေမိသည်။

တစ်နာရီခန့် ကြာမြင့်ပြီးနောက်.......

ဝုန်း.....ဝုန်း..... ဝုန်း.......

စွမ်းအင်ပေါက်ကွဲမှုများ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာသည်။

ထိုသည်မှာ စိတ်ဝိဉာဉ်ဆေးလုံးများ မွေးဖွားလာလျှင် ဖြစ်ပေါ်လေ့ရှိသော ထူးခြားဖြစ်စဉ်ပင်။

သို့သော် ပေါက်ကွဲမှု အများစုမှာ ဆေးလုံးသန့်စင်ခြင်း ကျရှုံးသောကြောင့် ဖြစ်သည်။ ထိုသည်နှင့်အတူ ယှဉ်ပြိုင်သူ အချို့သည်လည်း ပြိုင်ပွဲမှ ထုတ်ပယ်ခံလိုက်ရသည်။

အန်လင်းသည် ဆေးလုံးသန့်စင်ရန်သာ အာရုံစိုက်နေသောကြောင့် မည်မျှပင် ထုတ်ပယ်ခံလိုက်ရသည်ကို မသိပေ။

"ဆရာ့မိန်းမ လုပ်နိုင်မယ်ဆိုတာ သိပြီးသားပါ။"

ရှောင်ဇယ်မှာ ပြိုင်ပွဲကို ကြည့်နေရင်း ရေရွတ်လိုက်သည်။

"ဘာလို့ မင်းဆရာကို အားမပေးတာလဲ။"

ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်လိပ်ပြာမှာ ရှောင်ဇယ် ပုခုံးပေါ်နားရင်း နားမလည်နိုင်စွာ မေးလိုက်သည်။

"ဆရာက သူ့မိန်းမကို အဖော်လုပ်ပေးရုံပဲလေ။ ဘာအားပေးစရာ လိုလို့လဲ။ ထိပ်ဆုံးအယောက်တစ်ရာထဲလည်း ပါမှာမဟုတ်ဘူး။ သူက ပြိုင်ပွဲကို အတွေ့အကြုံ ယူရအောင်ပဲ ပြိုင်နေတာ။"

ရှောင်ဇယ် တည်ငြိမ်စွာ ပြောလာသည်။

"ထိပ်ဆုံးအယောက်တစ်ရာထဲ မပါနိုင်ဘူးဟုတ်လား။ ဒီလိုပြောတာတော့ များတာပေါ့။ သခင်က တော်မယ့်ပုံပါ။"

ရှောင်ဇယ်သည် မျက်ကန်းကိုးကွယ်မှု ဖြစ်နေသော ငတုံးလိပ်ပြာအား လျစ်လျူရှုထားလိုက်တော့သည်။

ထိုအချိန်တွင် တုန်းဖန်းကျွမ်းရှီးလည်း ဝင်ရောက်ပြောဆိုလာသည်။

"အန်လင်းက တော်ပါတယ်။ သူ့လှုပ်ရှားမှုကို ကြည့်ရတာ ဆေးပညာမှာ မထူးချွန်ပေမယ့် တည်တည်ငြိမ်ငြိမ်၊ သပ်သပ်ရပ်ရပ် ရှိတယ်။ တခြားပြိုင်ပွဲဝင်တွေနဲ့ ယှဉ်ကြည့်ရင် အထင်ကြီးစရာ ကောင်းတယ်။"

ရှောင်ဇယ် ကြောင်အမ်းအမ်း ဖြစ်သွားသည်။

တုန်းဖန်းကျွမ်းရှီးတောင် အဲ့လိုတွေးတာလား.......

သူသည် အန်လင်းအား အာရုံစိုက်ကာ စောင့်ကြည့်လိုက်သည်။ ကြည့်လေကြည့်လေ အံ့အားသင့်စရာ ကောင်းလေပင်။

.........

အချိန်မှာ ဖြည်းညင်းစွာ စီးဆင်းနေသည်။

စုရှောင်လန်သည်လည်း ဆေးလုံးသန့်စင်ခြင်း ပြီးဆုံးသွားလေပြီ။

တလက်လက် တောက်ပကာ ကြည်လင်နေသော စိတ်ဝိဉာဉ်ဆေးလုံးမှာ လေထဲတွင် ပျံဝဲနေသည်။

သူမသည် ဆေးလုံးနှင့် ပက်သတ်၍ အလွန်စိတ်ကျေနပ်မိသည်။ ထိပ်ဆုံးအယောက်တစ်ရာထဲ ကျိန်းသေပေါက် ဝင်နိုင်လောက်ပေသည်။

သူမသည် အံ့ဖွယ်မီးတောက်အား အာရုံစိုက်ကာ ထိန်းချုပ်နေသော အန်လင်းကို ကြည့်ရှုလိုက်သည်။ သူသည် ဆေးဖော်စပ်ခြင်းနှင့် အကျွမ်းတဝင် မရှိလှပါသော်လည်း အစဉ်တစိုက် လုပ်ဆောင်ကာ ချောမောခန့်ညားသော မျက်နှာမှာလည်း လေးလေးနက်နက် ရှိလှသည်။

သူမ အန်လင်းအား ငေးမောနေမိလေသည်။

တကယ်ကို အာရုံစူးစိုက်နေရင် ယောက်ျားတွေက အချောဆုံးပဲ........

အန်လင်း၏ ဆေးလုံးသန့်စင်ခြင်းတွင် လိုအပ်ချက်အချို့ ရှိနေသည်။ ပုံမှန်အခြေအနေသာဆိုလျှင် စုရှောင်လန် အနေဖြင့် ထိုအချက်များအား ထောက်ပြုပြင်ပေးမည် ဖြစ်ပါသော်လည်း ယခုတွင်မူ ဘာမှမတတ်နိုင်ပေ။ ထိုသို့ကူညီလိုက်သည်နှင့် သူမတို့ နှစ်ဦးလုံး ပြိုင်ပွဲမှ ထွက်ခွာရပေလိမ့်မည်။

သူမသည်လည်း တိတ်တဆိတ် စောင့်ကြည့်နေရုံသာ တတ်နိုင်သည်။

အန်လင်းသည် စုရှောင်လန် ကြည့်ရှုနေကြောင်း သိရှိနေသောကြောင့် ပို၍ပင် ကြိုးစားအားထုတ်လာသည်။

မိမိချစ်သောသူ၏ စောင့်ကြည့်ခြင်းကို ခံရပါက မည်သူမဆို အကောင်းဆုံး ကြိုးစားကြမည်ပင်။

သို့သော် အားအထုတ်လွန်ကာ မီးအားပြင်းပြီး ပါဝင်ပစ္စည်းများ လောင်ကျွမ်းတော့မလို ဖြစ်သွားရသည်။

စုရှောင်လန်၏ အထိတ်တလန့် အော်ဟစ်သံနှင့်အတူ အန်လင်းလည်း လန့်ဖြန့်ကာ မီးတောက်အား ပြန်လည်ထိန်းချုပ်လိုက်ရသည်။

ပြန်ပြင်ရမယ်...... ဒီအခြေအနေကို ပြန်ပြင်ရမယ်...... အနည်းဆုံးတော့ ဒီစိတ်ဝိဉာဉ်ဆေးလုံးကို အောင်မြင်အောင် သန့်စင်ရမယ်......

အန်လင်းသည် ဆေးလုံးသန့်စင်ရာတွင် တစ်ရာ့နှစ်ဆယ် ရာခိုင်နှုန်းမျှ ကြိုးစားအားထုတ်နေသည်။

ဝုန်း.......

ဆေးလုံးမှာ ဆေးအိုးထဲမှ ထွက်လာခဲ့လေပြီ။

အောင်မြင်သွားတယ်.......

အန်လင်းသည် ချွေးတလုံးလုံးနှင့် ဆေးလုံးအား ပျော်ရွှင်စွာ ကြည့်ရှုလိုက်သည်။ ထိုသည်မှာ အဆင့်ကိုး စိတ်ဝိဉာဉ်ဆေးလုံးပင်။ အရုပ်ဆိုးလှပါသော်လည်း အဆင့်ကိုး စိတ်ဝိဉာဉ်ဆေးလုံး ဖြစ်နေဆဲ ဖြစ်သည်။

"အန်လင်း နင်အများကြီး တိုးတက်လာပြီပဲ။"

စုရှောင်လန် ပြုံးကာချီးကျူးလိုက်သည်။

အန်လင်းမှာ စိတ်ကျေနပ်စွာဖြင့် စုရှောင်လန်အား ကြည့်ရှုလာသည်။

"ဘာမှမဟုတ်ပါဘူး။"

သူရိုးသားစွာ တုံ့ပြန်လိုက်သည်။

"သာမန်လူတွေထက် နည်းနည်းသာရုံလေးပါ။"

ဆေးလုံးသန့်စင်ခြင်းနှင့် ပက်သတ်လာပါက အမှန်တကယ် ကြွားဝါနိုင်ခြင်း မရှိပေ။ အားနည်းသော ဖွတ်နဂါးတစ်ကောင်သည်ပင် သူ့ကိုဆူပူထားသည် မဟုတ်လော။

ထိုအတွေးနှင့်အတူ ဂရေးအား ကြည့်ရှုလိုက်မိသည်။

ဂရေး၏ ဆေးလုံးသန့်စင်ခြင်းအားကြည့်ကာ သွေးအန်မလိုပင် ဖြစ်သွားရသည်။

"မင်းက ဒီလောက်ထိတောင် ဖွတ်ကျတာလား။"

အန်လင်းမှာ စိတ်ကူးများ ပျောက်ကွယ်သွားသလို ခံစားလိုက်ရသည်။ ဖွတ်နဂါးသည် ဆေးလုံးပုံဖော်သော အခြေအနေသို့ ရောက်ရှိနေသည်။ မည်သို့ပင်ဆိုစေကာမူ ဆေးလုံး၏ စွမ်းအင်စီးကြောင်းအရ ထိုသည်မှာ အဆင့်ကိုး စိတ်ဝိဉာဉ်ဆေးလုံးသာ ဖြစ်သည်။

"မင်းလို အရှိန်အဝါ ကြီးမားတဲ့ ဆေးဆရာက အဆင့်ကိုး စိတ်ဝိဉာဉ်ဆေးလုံးလောက်ပဲ လုပ်တာတဲ့လား။"

"ဒီလောက်နဲ့ ထိပ်ဆုံးအယောက်တစ်ရာထဲ ဘယ်လိုဝင်မှာလဲ။ မင်းဆေးအိုးကို အားကိုးပြီး ဝင်မှာလား။"

အန်လင်း မျက်လုံးပြူး၊ မျက်ဆံပြူး ဖြစ်နေသည်။

ဂရေးလည်း မျက်နှာပျက်နေသည်။ သူသည် အော်ဟစ်ဆဲဆိုချင်ပါသော်လည်း ဆေးလုံးသန့်စင်ရန်သာ အာရုံစိုက်နေရသောကြောင့် ဘာမှမတတ်နိုင်ပေ။

သူသည် နဂါးမီးလျှံများနှင့် စိတ်ဝိဉာဉ်ဆေးလုံးအား မှုတ်လိုက်သည်။

ဝုန်း.......

စွမ်းအင်ပေါက်ကွဲသံနှင့်အတူ ဆေးလုံးပုံဖော်ခြင်း အောင်မြင်သွားသည်။

"ဟားဟား...... အောင်မြင်ပြီ။ စိတ်ဝိဉာဉ်ဆေးလုံးကို သန့်စင်နိုင်ခဲ့ပြီကွ။"

ဂရေးမှာ ကလေးငယ်တစ်ဦးသဖွယ် ပျော်ရွှင်စွာ ခုန်ပေါက်နေသည်။

အန်လင်း မျက်မှောင်ကျုံ့လိုက်မိသည်။

အဆင့်ကိုး စိတ်ဝိဉာဉ်ဆေးလုံး ဖော်စပ်တာက အဲ့လောက်ပျော်နေစရာ လိုလို့လား......

ဂရေးကို အခုထက်တော်မယ် ထင်ထားတာ...... တကယ်တော့ ဖွတ်ချီးပါပဲ......

ဒေါင်.......

ပြိုင်ပွဲပြီးဆုံးသွားလေပြီ......

ဆေးလုံးသန့်စင်ခြင်း မပြီးဆုံးလိုက်သော ပြိုင်ပွဲဝင်များမှာ သက်ပြင်းချလိုက်မိကြသည်။

ဆေးလုံးအား အောင်အောင်မြင်မြင် သန့်စင်နိုင်ခဲ့သော ပြိုင်ပွဲဝင်များ၏ ယှဉ်ပြိုင်ခွင့်ကတ်ပြားနှင့် ဆေးလုံးများမှာ ကောင်းကင်ထံ ပျံတက်သွားသည်။

အားကောင်းလှသော အံ့ဖွယ်အာရုံမှာ ၎င်းတို့ပေါ် လွှမ်းခြုံလာသည်။

"အောင်မြင်တဲ့ဆေးလုံး တစ်ရာနှစ်ဆယ့်ငါးလုံး၊ မအောင်မြင်တဲ့ဆေးလုံး သုံးဆယ့်ငါးလုံး....."

"ပြိုင်ပွဲဝင် အယောက်ကိုးဆယ်ကပဲ ဆေးမျှော်စင်ကိုဝင်ဖို့ အရည်အချင်း ပြည့်မီတယ်။"

"စုရှောင်လန်ရဲ့ ဆေးလုံးက အဆင့်အမြင့်ဆုံးပဲ။ အဆင့်ငါးရဲ့ အထွဋ်အထိပ်ကို ရောက်နေတဲ့ စိတ်ဝိဉာဉ်ဆေးလုံးပဲ။ ပြီးရင်တော့ ရီကာ၊ ဓားနက်သခင်၊ ပန်ယွဲ့၊ ဂျူလီယာ...........အန်လင်းနဲ့ ဂရေးတို့ပေါ့။"

"ဒုတိယအဆင့်ကို တက်ရောက်နိုင်တဲ့အတွက် ဂုဏ်ယူပါတယ်။"

စောင့်ကြည့်နေသူများမှာ ကောင်းကင်နှင့်မြေပြင် ပဲ့တင်ထပ်အောင် အားပေးလိုက်ကြသည်။

အောင်မြင်သူ အယောက်ကိုးဆယ်မှာ ဆေးမျှော်စင်၏ အနာဂတ်ဖြစ်ပြီး တစ်ချိန်ချိန်တွင် အရေးပါသူများ ဖြစ်လာနိုင်သည်။ ထို့ကြောင့်ပင် အားပေးသံများ ဆူညံသွားခြင်း ဖြစ်သည်။

ဂရေးမှာ အလွန်ပင် ပျော်ရွှင်နေသည်။

"ဟားဟား....... ငါ့အိပ်မက်တွေ တကယ်ဖြစ်လာပြီပဲ။ ဆေးမျှော်စင်ထဲ ဝင်လေ့လာနိုင်တော့မယ်။ အောင်မြင်မှုကြီးပဲ။"

ထိုအချိန်တွင် လူသားနှစ်ဦးမှာ ကြောင်တောင်တောင် ဖြစ်နေကြသည်။

အန်လင်း ရေရွတ်လိုက်သည်။

"ငါက ထိပ်ဆုံးအယောက်တစ်ရာထဲ ပါလာတာလား။"

စုရှောင်လန်လည်း ငေးကြောင်နေမိသည်။

"သာမန်လေးပဲ လုပ်လိုက်တာကို အဆင့်တစ်တဲ့လား။"

All Chapters