← Chapters

ပွဲကြည့်နေသူများ၏ ဒဿနပိုင်းဆိုင်ရာဆွေးနွေးပွဲ

Vol. 61 Ch. 852

ပွဲကြည့်နေသူများ၏ ဒဿနပိုင်းဆိုင်ရာဆွေးနွေးပွဲ

Vol. 61 Ch. 852

သို့သော် ၎င်းတို့ အနောက်ဘက် သွားတော့မည့် အချိန်မှာပင် အားကောင်းလှသော လေဟာနယ်ချိပ်စည်း တစ်ခုမှာ ကီလိုမီတာ ရာနှင့်ချီတိုင်အောင် လွှမ်းခြုံသွားသည်။

ဝုန်း.......

အကန့်အသတ်မဲ့သော အံ့ဖွယ်တာအို အစွမ်းများမှာလည်း ကောင်းကင်နှင့်မြေပြင်အား ဝါးမြိုပစ်လိုက်သည်။

မရေမတွက်နိုင်သော မိစ္ဆာဝိဉာဉ်များ ဖြစ်ပေါ်လာကာ သက်ရှိသတ္တဝါများအား တိုက်ခိုက်ကြတော့သည်။

"ဟင်းဟင်း....... မုန့်ကျီ မင်းမလွတ်နိုင်ပါဘူးကွာ။ ဒီနေ့တော့ မင်းသေကိုသေရမယ်။"

အသားလုံးနှင့်တူသော အနက်ရောင်ပုံရိပ်တစ်ခုသည် သွေးဆာလောင်နေသော အနီရောင် မျက်ဝန်းများကိုဖွင့်ကာ မဟူရာဥမှင်များအား အဖြူရောင်ပုံရိပ်ထံ ပို့လွှတ်လိုက်သည်။

အဖြူရောင်ပုံရိပ်သည် ကောင်းကင်ထက်တွင် ပျံဝဲနေပြီး မဟူရာဥမှင်များ နီးကပ်လာသည်နှင့် နှင်းပွင့်များအဖြစ် ပြောင်းလဲပျောက်ကွယ်သွားကာ နောက်တစ်နေရာတွင် ပြန်လည်ပေါ်ထွက်လာသည်။

"ဟမ့်....... မင်းဘာသာမင်း ဘယ်လောက်ပဲ အပြေးကောင်းကောင်း ငါ့လက်ထဲက လွတ်မှာတဲ့လား။ မင်းကို ဖျက်စီးပစ်မယ်။"

အနက်ရောင် သတ္တဝါကြီးသည် အစွယ်များ ဖြီးနေအောင် ရယ်မောလိုက်သည်။ ၎င်းသည် အံ့ဖွယ်တာအို အစွမ်းများဖြင့် အဖြူရောင်ပုံရိပ်အား တိုက်ခိုက်လာသည်။

ရှောင်ဇယ်တို့သည် လေဟာနယ်ချိပ်စည်း၏ အပြင်ဘက်သို့ ထွက်နိုင်ရန် တိတ်တဆိတ် ကြိုးစားနေကြသည်။

"ဘယ်လိုလုပ် ဒီမှာပိတ်မိနေရတာလဲ။ ပွဲကြည့်ဖို့တောင် စိတ်မဝင်စားပါဘူးဆိုမှ ဒီလိုအခြေအနေ ရောက်ရတယ်လို့။"

ဇူစကာ မကျေမနပ် ရေရွတ်လိုက်သည်။

စုရှောင်လန် အန်လင်းအားကြည့်ကာ ခပ်ဖွဖွ ပြုံးလိုက်သည်။

"တစ်ယောက်ယောက်က ရန်သူတွေကို ဆွဲဆောင်တဲ့နေရာမှာ အားကောင်းနေလို့ထင်တယ်။ ဘာပဲပြောပြော တော်သေးတာပေါ့။ သူတို့တွေက ငါတို့ကို သတိထားမိပုံ မရဘူး။ စိတ်ဝိဉာဉ်ဆေးလုံးကို ကျေးဇူးတင်ရမယ်။"

အန်လင်းသည် ထိုအချက်အား မငြင်းဆန်နိုင်သောကြောင့် မျက်နှာပျက်သွားသည်။

"သူတို့နှစ်ယောက်လုံးက ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့်တွေပဲ။ ဒါပေမယ့် တစ္ဆေမျိုးနွယ်စုဝင်ဆီမှာ လေဟာနယ်ချိပ်စည်း အံ့ဖွယ်လက်နက် ရှိနေတယ်။ ထင်တောင်မထင်ရဘူး။"

တုန်းဖန်းကျွမ်းရှီး အံ့အားသင့်စွာ ပြောလာသည်။

ထိုစကားကြောင့် အားလုံးမှာ အမူအရာ ပြောင်းလဲသွားရသည်။

အံ့ဖွယ်လက်နက်သည် တာအိုပေါင်းစည်းခြင်းအဆင့် အစစ်အမှန် နတ်ဘုရားတိုင်းပင် ပိုင်ဆိုင်နိုင်သောအရာ မဟုတ်ပါသော်လည်း ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့် ကျင့်ကြံသူထံတွင် ရှိနေလေသည်။

အံ့ဖွယ်လက်နက်များသည် အလွန်အားကောင်းသော ရတနာပစ္စည်းများ ဖြစ်သည်။ ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့် ကျင့်ကြံသူသည် အံ့ဖွယ်လက်နက်သာ ရှိနေပါက အားနည်းသော တာအိုပေါင်းစည်းခြင်းအဆင့် အစစ်အမှန် နတ်ဘုရားများကိုပင် အချိန်အတိုင်းအတာ တစ်ခုအထိ ဆန့်ကျင်တိုက်ခိုက်နိုင်မည်ပင်။

ထို့ကြောင့်ပင် နှင်းပျိုမဒီ မုန့်ကျီသည် ဆိုးရွားလှသော အခြေအနေသို့ ရောက်ရှိနေရခြင်း ဖြစ်သည်။

"ငါ့အပြင် နောက်ထပ် ပက်ပက်စက်စက် ချမ်းသာတဲ့ကောင် ရှိနေမယ် မထင်ထားဘူး။"

အန်လင်း လေးနက်စွာ ပြောလိုက်သည်။

"ဦးလေးတုန်းဖန်း...... ဒီလေဟာနယ်ချိပ်စည်းကို ချိုးဖျက်နိုင်လောက်လား။"

စုရှောင်လန် စိုးရိမ်ပူပန်စွာ မေးမြန်းလိုက်သည်။

တုန်းဖန်းကျွမ်းရှီး တုံ့ပြန်လာသည်။

"မသေချာဘူး။ ကြိုးစားကြည့်ရင်တောင် အဲ့နှစ်ကောင် သတိထားမိသွားမှာ သေချာတယ်။"

"အဲ့ဒါဆို တိုက်ပွဲပြီးတဲ့ထိ ဒီမှာနေရရင်ရော။"

အန်လင်း အကြံပြုလိုက်သည်။

တုန်းဖန်းကျွမ်းရှီး စကားဆိုလာသည်။

"မင်းသူရဲဘောကြောင် ဖြစ်ချင်တာ သေချာရဲ့လား။"

အန်လင်း ခေတ္တမျှ တွေးတောလိုက်သည်။

"ပထမ အစီအစဉ်က ဒီလေဟာနယ်ချိပ်စည်းကိုဖျက်ဖို့၊ အဲ့လိုဆိုရင် ဖြစ်နိုင်ခြေ နှစ်ခု ရှိတယ်။ ပထမတစ်ခုကတော့ လေဟာနယ်ချိပ်စည်းကို အောင်အောင်မြင်မြင် ဖျက်စီးပြီးတော့ ထွက်ပြေးလိုက်နိုင်မယ်။ ဒုတိယတစ်ခုကတော့ သူတို့နှစ်ယောက်လုံးဆီက တိုက်ခိုက်တာကို ခံရလိမ့်မယ်။"

"ဒုတိယ အစီအစဉ်က ဒီနေရာမှာနေဖို့၊ အဲ့လိုဆိုရင်လည်း ဖြစ်နိုင်ခြေ နှစ်ခု ရှိတယ်။ ပထမတစ်ခုက တိုက်ပွဲပြီးတဲ့ထိ အေးအေးဆေးဆေး ပုန်းနေနိုင်မယ်။ ဒုတိယ တစ်ခုကတော့ သူတို့သိသွားနိုင်တယ်။ ဘာပဲဖြစ်ဖြစ် အဲ့လိုဖြစ်လာခဲ့ရင်တောင် ပထမ အစီအစဉ်အတိုင်း လေဟာနယ်ချိပ်စည်း ဖျက်ပြေးလို့ရတယ်လေ။"

"အဲ့တော့ ဘယ်ဆုံးဖြတ်ချက်ကမှန်လဲ သိပြီလား။"

အားလုံးမှာ ထိုစကား အဓိပ္ပါယ်အား သဘောပေါက်သွားသောကြောင့် ငြိမ်ငြိမ်လေးပင် ထောင့်ကပ်ထိုင်နေလိုက်ကြသည်။

တုန်းဖန်းကျွမ်းရှီးသည် မိစ္ဆာဝိဉာဉ်များ၏ အာရုံခံမှုမှ လွတ်မြောက်နိုင်ရန် ဖုံးကွယ်ခြင်း မန္တာန်တစ်ခုကို ထုတ်လွှတ်လိုက်သည်။ လူတိုင်းသည် တိုက်ပွဲအား အဝေးမှ ကြည့်ရှုရန် ကျောက်ဆောင်ကြီး တစ်ခုနောက်တွင် ပုန်းနေလိုက်ကြသည်။

ဝုန်း..... ဝုန်း....... ဝုန်း......

ကြောက်မက်ဖွယ် စွမ်းအင်ပေါက်ကွဲမှုများမှာ ကီလိုမီတာပေါင်းများစွာတိုင် ဖြစ်ပေါ်နေပြီး ပတ်ဝန်းကျင်မှာ ငရဲခန်းတစ်ခုနှင့် မခြားတော့ပေ။

မုန့်ကျီသည် ရွှေတောင်ဝှေးဖြင့် အဆက်မပြတ် ခုခံနေပါသော်လည်း ရန်သူအား တန်ပြန်တိုက်ခိုက်ရန် မလွယ်ကူကြောင်း သိရှိလိုက်ရသည်။ ယခုအတိုင်းသာဆိုပါက သူမ တောင့်ခံထားနိုင်မည် မဟုတ်တော့ပေ။

လေဟာနယ်ချိပ်စည်း အပြင်ဘက် အရှေ့ဘက် ကီလိုမီတာ တစ်ထောင်ခန့်တွင် ပိုမိုကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲတစ်ခု ရှိနေသည်။ ထိုသည်မှာ တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများ၏ တိုက်ပွဲ ဖြစ်သည်။

ထိုသည်မှာ တာအိုပေါင်းစည်းခြင်းအဆင့်သို့ ရောက်ရှိနေသော နှင်းပျိုမဒီများ၏ ကြီးမြတ်ဧကရီပင်။

နှင်းပျိုမဒီများသည် ၎င်းတို့၏ အကောင်းမွန်ဆုံး ကျင့်ကြံသူများအား ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေထဲ စေလွှတ်ထားပုံ ရသည်။

အန်လင်းသည်ပင် ဗာမီလီယမ်ငှက်ဂိုဏ်းတွင် ဖြစ်ပျက်ခဲ့သော တိုက်ပွဲအား ကူကယ်ရာမဲ့စွာ ပြန်တွေးလိုက်မိသည်။

"နှင်းပျိုမဒီတွေက ဘာလို့အေးအေးဆေးဆေး မနေနိုင်ရတာလဲ။ ဗာမီလီယမ်ငှက်ဂိုဏ်းနဲ့ တိုက်ပွဲဖြစ်ထားတာမှ မကြာသေးဘူး။ ဒီမှာလည်း လာတိုက်နေပြန်ပြီ။ ကြည့်ရတာ အကောင်းဆုံး ကျင့်ကြံသူတွေကိုပါ လွှတ်ထားတဲ့ပုံပဲ။ အဲ့လောက်တောင် တိုက်ပွဲ စွဲလန်းနေကြတာလား။ ရန်သူတွေ များလာမှာကို မစိုးရိမ်ကြဘူးလား။"

အန်လင်း တိုးညင်းစွာ ရေရွတ်လိုက်သည်။

"ဟမ့်...... ရန်သူတွေ များချင်သလောက် များပါစေ။ ငါကတော့ သူတို့မျိုးသုဉ်းသွားဖို့ မျှော်လင့်တယ်။"

စုရှောင်လန်၏ မျက်နှာမှာ ရေခဲအလား အေးစက်ခက်ထန်နေသည်။ သူမသည် နှင်းပျိုမဒီများအား မုန်းတီးနေသည်မှာ ထင်ရှားလှသည်။

အန်လင်း မေးကိုပွတ်ကာ တွေးနေသည်။

"နှင်းပျိုမဒီတွေရဲ့ နေရပ်က အဆင်မပြေတော့ဘူး ကြားမိတယ်။ အဲ့ဒါနဲ့များ ပက်သတ်နေမလား။"

"ဆရာပြောတာက နှင်းပျိုမဒီတွေက အိမ်ပြောင်းဖို့ တိုက်ပွဲဝင်နေတယ်လို့ ပြောချင်တာလား။"

ရှောင်ဇယ် အံ့အားသင့်သွားသည်။

အန်လင်း အမှန်ပြင်ပေးလိုက်သည်။

"မဟုတ်ဘူး။ ဒါက ကျူးကျော်ဝင်ရောက်နေတာပဲ။"

သူသည်လည်း နှင်းပျိုမဒီများအား သဘောမကျပေ။ နှင်းပျိုမဒီများသည် နတ်မိမယ် ရှုံးရလောက်အောင် လှပကြပါသော်လည်း အမြဲလိုလို ပြဿနာ ရှာနေကြသောကြောင့် ၎င်းတို့အား နှစ်သက်မိရန် မလွယ်ကူပေ။

"အစ်မ ရှန့်ကွမ်းရော ဒီမှာရှိနေမလား မသိဘူး။ သူမကို ပြန်ခေါ်သွားချင်တာ။"

စုရှောင်လန် သက်ပြင်းချလိုက်သည်။

အန်လင်းသည် တိုက်ပွဲအား တစ်ချက်မျှ ကြည့်ရှုလိုက်သည်။ စွမ်းအင်ပေါက်ကွဲမှု အားအပြင်းဆုံး နှစ်နေရာရှိပြီး ဤနေရာနှင့် ကြီးမြတ်ဧကရီ တိုက်ပွဲတို့ ဖြစ်သည်။ စွမ်းအင်ပေါက်ကွဲမှု ဖြစ်ပေါ်နေသော အခြားနေရာများ ရှိနေသေးပါသော်လည်း ဝေးကွာလွန်းလှသောကြောင့် အာရုံခံမမိပေ။

"ဟားဟား....... အလှလေး ဘာလို့လက်မလျှော့သေးတာပဲ။ ငါမင်းအပေါ် ကောင်းမှာပါ။ မင်းတစ်ခါမှ မကြုံဖူးသေးတဲ့ ဝိဉာဉ်ဆက်ယှက်မှုကို အကောင်းဆုံး ခံစားရအောင် လုပ်ပေးပါ့မယ်ကွာ။"

တစ္ဆေပုံရိပ်မှ ပြုံးကာပြောလိုက်သည်။

"ဝါး......"

အန်လင်း အသက်ရှူသံများ ပြင်းသွားရသည်။

"ဝိဉာဉ်ဆက်ယှက်မှုဆိုတာ ဘာကိုပြောချင်တာလဲ။ ငါတော့ နားလည်မှု လွဲနေသလို ခံစားမိတယ်။"

စုရှောင်လန် ရှက်သွေးဖြာသွားသည်။

တုန်းဖန်းကျွမ်းရှီး ခေါင်းခါပြလိုက်သည်။

"မင်းနားလည်မှု မလွဲပါဘူး။ ဝိဉာဉ်ဆက်ယှက်မှုဆိုတာ မင်းထင်နေတဲ့ အတိုင်းပဲ။ တစ္ဆေမျိုးနွယ်စုမှာ အရမ်းခံစားလို့ကောင်းတဲ့ ဝိဉာဉ်ဆက်ယှက်မှုနည်းလမ်း ရှိတယ်။ ဒါပေမယ့် တစ်ခုခု လွဲချော်သွားတာနဲ့ နှစ်ဖက်လုံးရဲ့ သိစိတ်အာရုံကို ဆိုးဆိုးရွားရွား ထိခိုက်သွားစေနိုင်တယ်။"

စုရှောင်လန် : ".........."

အန်လင်း မျက်လုံးပြူးသွားသည်။

"ဦးလေးတုန်းဖန်းက အဲ့လိုလုပ်ဖူးတာလား။"

တုန်းဖန်းကျွမ်းရှီး ပေါ့ပါးစွာ ရယ်မောလိုက်သည်။

"ဒါပေါ့။ အဲ့ဒါက အရမ်းကို စိတ်ကျေနပ်စရာကောင်းတယ်။ မင်းတို့ရော စမ်းကြည့်ချင်လား။ မင်းနဲ့စုရှောင်လန်ကို ဘယ်လိုလုပ်ရမလဲ သင်ပေးမယ်လေ။"

အန်လင်း : "........."

စုရှောင်လန် အလောတကြီး တုံ့ပြန်လာသည်။

"မလိုဘူး။"

အန်လင်း အနည်းငယ် စိတ်ပျက်သွားပါသော်လည်း လေးနက်သော အမူအရာနှင့် စကားဆိုလိုက်သည်။

"ကျွန်တော်လည်းငြင်းတယ်။ အဲ့ဒါက မှော်နက်ပညာလိုပဲ။ တရားမျှတမှုကို အားပေးတဲ့ ယောက်ျားမှန်သမျှ ငြင်းမှာသေချာတယ်။"

မုန့်ကျီ၏ အဖြူရောင်ဝတ်စုံမှာ တဖျတ်ဖျတ် လွင့်ခါနေပြီး သူမ၏ အမူအရာမှာ အေးစက်ခက်ထန်နေသည်။ သူမသည် တစ္ဆေမျိုးနွယ်စုဝင်၏ စော်ကားလာသော စကားများအား လျစ်လျူရှုကာ တိုက်ခိုက်မှုများကို ဆက်လက်ခုခံနေသည်။

တိုက်ပွဲမှာ အလွန်အမင်း ပြင်းထန်နေပြီး စောင့်ကြည့်နေသူများမှာလည်း ဝေဖန်လေကန်နေကြသည်။

တုန်းဖန်းကျွမ်းရှီးသည် ထိုကိစ္စနှင့်ပက်သတ်၍ အတော်ပင် ကျွမ်းကျင်ပုံရကာ စိတ်လှုပ်ရှားနေဟန် ရှိသည်။

"ဘာမှမဖြစ်ပါဘူး။ ငါက မိစ္ဆာသွေးကီရင်ဆိုတော့ အဲ့ထက်ပိုပြီး စိတ်ရွှင်စရာကောင်းတဲ့ ဆက်ယှက်မှုတွေကိုတောင်သိတယ်။"

"ဘာတွေလဲ။"

အန်လင်း မျက်လုံးပြူးသွားပြန်သည်။

"သွေးဆက်ယှက်မှုလေ။ ကြားချင်လား။"

တုန်းဖန်းကျွမ်းရှီး၏ မျက်ဝန်းများမှာ တလက်လက် တောက်ပနေသည်။

အန်လင်း : "......."

စုရှောင်လန် ဝင်ရောက်ပြောဆိုလာသည်။

"ဒီအကြောင်းတွေ ပြောမယ်ဆိုရင် ကျွန်မတို့ ခံစားချက်ကိုလည်း ထည့်တွက်ပေးသင့်တယ်။"

ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်လိပ်ပြာလည်း ထောက်ခံလိုက်သည်။

"ဟုတ်တယ်။"

All Chapters