Chapters

နဂါးမိစ္ဆာပေါ်ထွက်လာခြင်း

Vol. 61 Ch. 857

နဂါးမိစ္ဆာပေါ်ထွက်လာခြင်း

Vol. 61 Ch. 857

အန်လင်း၏ နဖူးထက်တွင် ရွှေရောင်မျက်ဝန်းတစ်ခု ရုတ်တရက် ပေါ်ထွက်လာကာ ရွှေရောင်လှိုင်းများလည်း ဖြာထွက်လာသည်။

အံ့ဖွယ်ခိုးယူခြင်းနည်းစနစ်...........

ချက်ချင်းဆိုသလို တစ္ဆေမျိုးနွယ်စုဝင်မှာ တစ်စုံတစ်ခု ပျောက်ဆုံးသွားသလို ခံစားလိုက်ရလေသည်။

"သေလိုက်တော့။"

တစ္ဆေမျိုးနွယ်စုဝင်သည် ရက်စက်စွာ ပြုံးလိုက်ပြီးနောက် ၎င်း၏ခန္ဓာကိုယ်မှ တွန့်လိမ်နေသော ဥမှင်များမှာ လျင်မြန်လှသော အရှိန်ဖြင့် အန်လင်းထံ ရောက်ရှိလာသည်။

၎င်းသည် ဓားစားခံလုပ်ရန် ရှာဖွေနေစဉ်မှာပင် အန်လင်းကိုယ်တိုင် လိုလိုလားလား ရောက်ရှိလာခဲ့သည်။ ထိုမျှကောင်းမွန်သော အခွင့်အရေးအား သူ့အနေဖြင့် လက်လွှတ်မခံနိုင်ပေ။

အန်လင်း၏ လက်ထဲတွင် ရှိနေသော အနက်ရောင် သေတ္တာမှာ အသက်ဝင်လာသည်။

ထိုသည်မှာ ကျပန်းစွမ်းရည်များ ထွက်ပေါ်လာတတ်သော အခွင့်အလမ်းအသင်္ချေသေတ္တာပင်။

တောက်ပသော အလင်းတန်းများနှင့်အတူ အဖြူရောင်ဝတ်စုံနှင့် လှပလွန်းသော ကောင်းကင်နတ်မိမယ်တစ်ပါး ပေါ်ထွက်လာသည်။

အန်လင်း ကြောင်တောင်တောင် ဖြစ်သွားရသည်။

ယီးတဲ့မှ........ သူမက ဘာလို့ထွက်လာပြန်တာလဲ...... အချစ်တွေနဲ့ ရိုက်ချက်တစ်ချက်က ဒီတစ္ဆေမသားအပေါ် အသုံးမဝင်ဘူးနော်........

သို့သော် ကောင်းကင်နတ်မိမယ်သည် ပါးရိုက်ရန် လက်မြှောက်မလာပေ။

ထိုအစား သူမသည် အန်လင်းရှေ့တွင် နေရာယူကာ လက်နှစ်ဖက်အား ပူးလိုက်ပြီးနောက် လျင်မြန်စွာပင် ခွဲထုတ်လိုက်သည်။ အပြာရောင် စွမ်းအင်အကာအရံတစ်ခုမှာ ၎င်းတို့အား လွှမ်းခြုံသွားလေသည်။

ဘန်း..........

ဥမှင်နက်သည် အပြာရောင် စွမ်းအင်အကာအရံနှင့် ထိတွေ့မိလိုက်ပြီးနောက် ဆွဲယူလိုက်ပါသော်လည်း ဗုံးတစ်လုံးကို စနက်တံ ဖြုတ်မိသည့်အလား ပေါက်ကွဲတော့မလို ဖြစ်လာသောကြောင့် အသည်းအသန် ပြန်လည်ဆုတ်ခွာသွားသည်။

ဝုန်း........

အပြာရောင် စွမ်းအင်များ ပေါက်ကွဲသွားလေသည်။

"အား........"

အန်လင်းသည် ကြောက်မက်ဖွယ် စွမ်းအင်များကို ခံစားမိလိုက်ပြီးနောက် သူနှင့်အတူ အပြာရောင် စွမ်းအင်အကာအရံမှာလည်း အဝေးသို့ လွင့်ထွက်သွားသည်။

တစ္ဆေမျိုးနွယ်စုဝင် အံ့အားသင့်သွားရသည်။ သူသည် အန်လင်းအား ဖမ်းစီးရန် ကြိုးစားနေပါသော်လည်း ၎င်းမှာဘောလုံးတစ်လုံးအလား အဝေးသို့ လွင့်သွားလေသည်။

သူရုတ်တရက် သဘောပေါက်သွားသည်။

ထူးဆန်းတဲ့ အလုံးက ငါ့အကြံတွေကို ဖျက်စီးလိုက်တာပဲ........

"ပြန်လာခဲ့စမ်း။"

တစ္တေမျိုးနွယ်ဝင်မှာ ဥမှင်များဖြင့် အန်လင်းထံ ချည်းကပ်လာပြန်သည်။

ထိုအချိန်မှာပင် သွေးနီရောင် ဓားတစ်လက် ကောင်းကင်ထက်မှ ကျဆင်းလာကာ ဥမှင်များအား ပိုင်းဖြတ်ပစ်လိုက်သည်။

ရေခဲများမှာလည်း တစ္ဆေမျိုးနွယ်စုဝင်အား လွှမ်းခြုံကာ ပတ်ဝန်းကျင် တခွင်လုံး အေးခဲသွားရသည်။

တုန်းဖန်းကျွမ်းရှီးနှင့် မုန့်ကျီမှ ပူးပေါင်းတိုက်ခိုက်လိုက်ခြင်းပင်။ တစ္ဆေမျိုးနွယ်စုဝင်သည် သေရေးရှင်ရေး အခြေအနေသို့ ရုတ်ချည်းရောက်ရှိသွားကာ အန်လင်းအား ဆက်လက်တိုက်ခိုက်ရန် အခွင့်အရေး မရတော့ပေ။

အဝေးတွင်မူ အဖြူရောင်ဝတ်စုံနှင့် ကောင်းကင်နတ်မိမယ်မှာ ပျောက်ကွယ်သွားပြီး အပြာရောင် စွမ်းအင်အကာအရံမှာလည်း စတင်ယိုယွင်းလာသည်။

အန်လင်းသည် လက်ထဲရှိ သေတ္တာအားကြည့်ကာ သက်ပြင်းချမိလိုက်သည်။

အခွင့်အလမ်းအသင်္ချေသေတ္တာသည် အခြေအနေပေါ် မူတည်ကာ တုံ့ပြန်နိုင်စွမ်း ရှိပုံရသည်။ သူသည် လွတ်မြောက်ချင်နေခဲ့သောကြောင့် ကောင်းကင်နတ်မိမယ်မှာ အပြာရောင် စွမ်းအင်အကာအရံတစ်ခုအား ဖန်ဆင်းပေးခဲ့သည်။