← Chapters

လောကအင်မော်တယ် အဆင့် ကျင့်ကြံသူကို သတ်ဖြတ်ခြင်း

Vol. 25 Ch. 343

လောကအင်မော်တယ် အဆင့် ကျင့်ကြံသူကို သတ်ဖြတ်ခြင်း

Vol. 25 Ch. 343

မိုဝူကျီက အကြည့်ကို ရုပ်သိမ်း လိုက်လေ၏။ အကြောင်းမှာ ဝံပုလွေသည် သဘာဝကို နားလည်နေသည့် သူဖြစ်ကာ အဆင့် ၇ နောက်ပိုင်း အဆင့် ဖြစ်ပြီး အဆင့် ၈ သို့ တက်လှမ်းရန် အသင့်ဖြစ်နေသည့် သားရဲမှန်း သိလိုက်သည်။

အစကတည်းမှ မိုဝူကျီသည် ဤမျက်လုံးဖြူ ဝံပုလွေကြီးက နေရာကူးပြောင်း နိုင်စွမ်းကို ပိုင်ဆိုင်ထားကာ ဆက်တိုက် ဆိုသလို သူ့အားနည်းချက် များကို အားကောင်းလှသော ဓားချက်ဖြင့် ပိတ်ဆို့ထားသည်ကို မြင်တွေ့ခဲ့ရ၍  ဤဧရာမ ဝံပုလွေကြီးကို အထင်မသေးခဲ့ပေ။ သူ့အမြင်များက မမှားယွင်းကြောင်း သိ၏။ ထိုအရာမှာ လှည့်ဖြား တတ်သော အကွက်များကို ထုတ်နိုင်စွမ်း ရှိကာ အားကောင်းသော ပြိုင်ဘက် ဖြစ်သည်။

အကယ်၍ အခြားသူ ဖြစ်နေပါက သူတို့စွမ်းအား အားလုံးကို သုံး၍ သံမဏိတုတ်ကို ဝှေ့ယမ်း လိုက်ခြင်းသည် သူ့တည်နေရာနှင့် ထောင့်အနေအထားကို ပြောင်းလဲဖို့ရာ မဖြစ်နိုင်ချေ။ လူသတ်ငွေ့များ ဖုံးလွှမ်းနေသည့် ဆယ်မီတာကျော် ရှည်လျားသော ဝံပုလွေ ဓားသွားနှင့် ထိပ်တိုက်ရင်ဆိုင် ရသည့်အခါ မိုဝူကျီက လုံလုံလောက်လောက် အားကောင်းနေလျှင် သူက  တျန်းဂျီတုတ်နှင့် ထိုဓားသွားကို ခုခံနိုင်လိမ့်မည်။

အကယ်၍ သူက အင်အား မကောင်းလျှင် ရှောင်ဖို့ရာ ရွေးချယ်နိုင် သေးသည်။ သူက မျက်ကွယ် ထောင့်နေရာမှ ရှောင်ရှားနိုင် လိုက်လျှင်ပင် မျက်လုံးဖြူ ဝံပုလွေက သူ့အား တည်နေရာ ပြောင်းကာ စောင့်ကြိုနေမည် ဖြစ်သည်။ တကယ်လို့ သူက အားနည်း နေပါက ဝံပုလွေ၏ တုံ့ပြန်မှု မပါသေးဘဲ ထိုအာကာသ ဝံပုလွေ ဓားသွား၏ ကြောက်မခန်းလိလိ တိုက်ချက်နှင့်ပင် သေဆုံးသွား နိုင်သည်။

သို့သော်လည်း မိုဝူကျီက အားကောင်း နေရုံသာမက ဉာဏ်များပြီး လှည့်ပတ်တတ် သေးသည်။ မိုဝူကျီက သူ့ထက် ကျင့်ကြံဆင့် မြင့်သည့် ကျင့်ကြံသူ များစွာကို သတ်လာသည့် အတွက် ကျင့်ကြံဆင့်တူ  မျက်လုံးဖြူ ဝံပုလွေက သူ့အား မည်သို့ ခြိမ်းခြောက် နိုင်မည်နည်း။

မျက်လုံးဖြူ ဝံပုလွေက သူ့အား ခြောင်းမြောင်းကာ တိုက်ခိုက် ခဲ့သော်လည်း မိုဝူကျီကို ထိန်းချုပ်ထား နိုင်ဖို့ရာ သူ့ကိုယ်ပိုင် အင်အားအပေါ် မူတည်နေဆဲ ဖြစ်သည်။ ဤ ဝံပုလွေက မိုဝူကျီသည် သူ့အာကာသ ဝံပုလွေ ဓားသွားကို ရှောင်ရှား နိုင်လောက်မည် မဟုတ်ဟု ခန့်မှန်းကာ တွက်ချက်ထား လေသည်။ သို့သော် သူက မိုဝူကျီ၏ စွမ်းအား အစစ်အမှန်ကို လွဲမှားစွာ ကောက်ချက် ချမိသည်။

သို့သော်လည်း သူက ကောက်ချက်ချ မမှားလျှင်ပင်  မိုဝူကျီတွင် ထိုရောက်ရှိ လာသော ဓားသွားကို အပိုင်းပိုင်း အစစ လုပ်နိုင်မည့် နည်းလမ်း အများအပြား ရှိနေသည့် အကြောင်းကိုတော့ သိမထားပေ။

သူက မိုဝူကျီ ရှောင်ရှားမည့် အချိန်ကို စောင့်နေရင်း သူ့သေခြင်း တရားက တဖြည်းဖြည်းက နီးကပ်လာသည်ကို ခံစားမိလိုက်သည်။

သူက ထိုခံစားချက် မည်သို့ ရောက်ရှိလာသည်ကို မသိခင် သူက သူ့ဝံပုလွေ ဓားသွားကို တုန်လှုပ်တကြီး ကြည့်လိုက်မိသည်။ ထိုလက်သည်းချက် ဓားသွားမှာ လူသတ်ငွေ့များ ဖုံးလွှမ်းနေသည့် မမြင်ရသည့် အင်အား တစ်ခုနှင့် အတွန်းခံလိုက် ရသည့်အလား  မိုဝူကျီကို ကျော်သွားပြီး သူ့နောက်မှ အဆုံးမဲ့ အာကာသထဲကိုသာ ထိုးစိုက်ဝင်ရောက် သွားလေသည်။

ဒါက ဘယ်လို နည်းလမ်းမျိုးလဲ ....

မဟုတ်သေးပါဘူး  .... ဟိုတစ်ယောက်ရဲ့ သံမဏိတုတ်က ဘယ်ရောက် သွားတာလဲ ....

“ဂျွတ် ”

မျက်လုံးဖြူ ဝံပုလွေက သူ့ဦးခေါင်းခွံ ကွဲအက်သွားသံကို ကြားလိုက်ရပြီး မိုဝူကျီ၏ တုတ်မှာ မည်သည့်ထောင့်၊ မည်သည့်နေရာမှ ပေါ်ထွက်လာမှန်း သိမသွားပေ။

မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး ....

မျက်လုံးဖြူ ဝံပုလွေက ဒေါသတကြီး ဖြစ်လာရင်းဖြင့် အဆုံးမဲ့ အမှောင်ထုထဲသို့ ကျရောက် သွားတော့သည်။ သူက မိုဝူကျီ၏ တုတ်အနေအထား မည်သို့ ပြောင်းသွားသည်ကို နားမလည်ချေ။ သူက သူ့ပြိုင်ဘက်ထက် အားကောင်း ရက်သားနှင့် အဘယ်ကြောင့် တိုက်ကွက် တစ်ကွက်ပင် ခံနိုင်ရည် မရှိကြောင်း နားမလည်တော့ပေ။

မိုဝူကျီက ပိုအားပြင်းသော လူသတ်ငွေ့ကို ခံစားမိ လိုက်သောကြောင့် မျက်လုံးဖြူ ဝံပုလွေကို အာရုံမစိုက် နိုင်သေးပေ။ သူ့အား ချောင်းမြောင်းတိုက်ရန် ကြံစည်နေသော သူသည် သေချာပေါက် သူ့ထက် ကျင့်ကြံဆင့် မြင့်ပေသည်။

မိုဝူကျီက မျက်လုံးဖြူ ဝံပုလွေ အလောင်းကို သိမ်းဆည်းဖို့ပင် အာရုံမထားဘဲ ခန္ဓာကို လေအသွင် ပြောင်း၍ လှုပ်ရှားလိုက်သည်။

“ဖောက် ”

သွေးများက မိုဝူကျီ၏ ခါးနေရာမှ ထွက်လာပြီး မီးခိုးနှင့်အတူ အနံ့စူးစူး ထွက်ပေါ်လာသည်။

အားကောင်းလှသော အဆိပ်ကို သူ့အဆိပ်ဖြေ ချီသွေးကြောက စုပ်ယူလိုက်ပြီး ဝိညာဉ်စွမ်းအား များအဖြစ် ပြောင်းလဲပေး လိုက်သည်။

မိုဝူကျီက ဖြူဖျော့ဖျော့ဖြင့် ဒယိမ်းဒယိုင် ရပ်နေကာ သူ့အား  စိုက်ကြည့် နေသည့် ရွှေရောင်ဝတ်ရုံနှင့် အမျိုးသားကို ပြန်ကြည့် လိုက်တော့သည်။ သူ့ကို လုပ်ကြံသည့် သူမှာ အလွန်အားကောင်း နေသည့်အတွက် စိတ်ထဲ၌ တအံ့တဩ ဖြစ်မိသွားသည်။ မိုဝူကျီက တိုက်ခိုက်မှု လာနေမှန်း သိသော်လည်း မရှောင်နိုင်ခဲ့ပေ။

“ကျုပ်က ယန်မျိုးနွယ်စုရဲ့ ခေါင်းဆောင် ယန်ချီရန်ပဲ။ ကျုပ် ယန်မျိုးနွယ်စုဝင် တစ်ယောက်ကို သတ်သွားပြီး ကျုပ်တို့ဆီက ပစ္စည်းကို ခိုးယူသွား ပြီးတော့ ဒီနေ့အထိ အသက်ရှင် နေနိုင်တာ ကံကောင်းတယ်လို့ မှတ်ယူထားလိုက်။ ”

ရွှေရောင်ဝတ်ရုံနှင့် အမျိုးသားက မိုဝူကျီနှင့် သူ့ကြားမှ အကွာအဝေးကို ခြေတစ်လှမ်းဖြင့် ရောက်ရှိလာ လေသည်။ သူ့မျက်နှာတွင် မထီမဲ့မြင်ပုံ ရှိနေလေသည်။

“ယန်ချီရန် ....  ခင်ဗျား ဘယ်လိုလုပ် ကျန်းမိုနယ်မြေက ကျင့်ကြံသူကို ခိုးကြောင်ခိုးဝှက် လုပ်ကြံရဲတာလဲ ... ခင်ဗျားတို့ ယန်မျိုးနွယ် တော်တော် သတ္တိကောင်း နေတယ် ထင်တယ် ... ”

ဒေါသတကြီး အသံတသံက လူမရောက်လာခင် အရင် ရောက်ရှိလာ လေသည်။ ထိုအထဲမှ ထက်ရှသည့် လူသတ်ငွေ့ကိုပါ ခံစားမိနိုင်သည်။

ယန်ချီရန်က သူ့နောက်မှ လူကို ဂရုပင် မစိုက်ချေ။ သူက မိုဝူကျီ၏ သိုလှောင် လက်စွပ်ကို ယူရန် လက်ရောက် လာနေပြီ ဖြစ်၏။ သူက သူ့နောက်မှ ဒေါသတကြီးလူကို ဂရုမစိုက်သော်လည်း သူ့အာရုံ၏ ၉၀ ရာခိုင်နှုန်း လောက်မှာ ထိုလူ့အပေါ်တွင် ဖြစ်၏။ သူက မည်သူမှန်း သိလေသည်။ ထိုသူမှာ သူကဲ့သို့ လောက အင်မော်တယ် အဆင့် ၁ ဖြစ်သော  ကြယ်တာရာ ဘုရင်တောင်၏ ရှုချီဟောင် ဖြစ်ပေသည်။

ယခု သူက ကျန်းမိုနယ်မြေ တပ်၏ ကတိကို ချိုးဖောက်ကာ မိုဝူကျီကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခဲ့လေရာ အခြားသူများက သူ့အား ဘာမှမလုပ်ရဲ ကြသော်လည်း ရှုချီဟောင်က လုပ်ရဲသည့်သူ ဖြစ်၏။ မိုဝူကျီကို သေစေလောက်သည့် အဆိပ်ခတ် ထားသည့်အတွက် သူ့သေဆုံးခြင်းက သေချာနေသည်။ မိုဝူကျီ အဆိပ်မခတ် ရလျှင်ပင် သူကဲ့သို့ လောက အင်မော်တယ် အဆင့် ကျင့်ကြံသူက စစ်မှန်ခြင်း နတ်ဘုရား အစောပိုင်းအဆင့် ကျင့်ကြံသူလေးကို ဘာကြောင့် ဂရုစိုက် နေရမည်နည်း။

ဤစစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူက မြေကမ္ဘာ အဆင့်ဇယား အဆင့် ၁ ရထားတော့လည်း ဘာအရေးလဲ .....

ယန်ချီရန် ဂရုစိုက်ဖို့ လိုအပ်သည်က ရှုချီဟောင်ဆီမှ တိုက်ခိုက်မှု ဖြစ်ပေသည်။

သူ့လက်က မိုဝူကျီ၏ သိုလှောင်လက်စွပ်ကို ထိခါနီးတွင် လူသတ်ငွေ့ အပြည့်ဖြင့် လျှပ်စီး တစ်ချက်က သူ့ရင်ဘတ်ကို ထိုးဖောက် သွားလေ၏။

နီးကပ်နေခြင်း နှင့်အတူ ပြန်လည် တိုက်ခိုက်နှုန်းကြောင့် ယန်ချီရန်က နတ်ဘုရား တစ်ပါး ဖြစ်နေလျှင်ပင် သူ့အတွက် ထိုတိုက်ခိုက်မှုကို‌ ရှောင်ရှားရန် ခက်ခဲလှပေသည်။ ထို့အပြင် သူက ရှုချီဟောင်ကို အာရုံစိုက်ထား ရသေးသည်။ ထို့ကြောင့် ယန်ချီရန်က ခန္ဓာကိုယ်ကို အနည်းငယ်သာ လှုပ်ရှားနိုင်လိုက်သည်။

“ဖူး”

လျှပ်စီးဓားရှည်က ယန်ချီရန် ရင်ဘတ်ကို ဖြတ်သွား သောကြောင့် သွေးများ ယိုစီးလာသည်။

လတ်တလောတွင် ယန်ချီရန်က ထွက်ပြေး ရတော့မည် ဖြစ်သောကြောင့် ကျန်သည့်အရာကို ဘာဂရုစိုက် နေနိုင်မည်နည်း။ မိုဝူကျီက ပြန်လည် တိုက်ခိုက်ရန် ရွေးချယ် လိုက်သောကြောင့် သူက ယန်ချီရန်ကို ဤအတိုင်း လွတ်မပေးနိုင်ပေ။

ယန်ချီရန်က သူ့ဦးခေါင်းကို ကြေမွသွားစေသည့် တျန်းဂျီတုတ်က မည်သည့်နေရာက ရောက်ရှိလာမှန်း မသိလိုက်ပေ။

လျှို့ဝှက်တုတ်တံ ဆင့်ကဲရိုက်ချက်  .... မိုဝူကျီ၏ နိဗာနတုတ် အရိပ်၏ တိုက်ကွက် ဖြစ်၏။

“ဝှီး ”

ယန်ချီရန်၏ ကမ္ဘာဦး စိတ်ဝိညာဉ်က ထွက်လာပြီး ထွက်မပြေးခင် မိုဝူကျီက လျှပ်စီး နောက်တစ်ချက် ပစ်လွတ်လိုက်သည်။

“ဘာကြောင့်လဲ ... ငါ့အဆိပ်ကို မင်း ဘယ်လို တောင့်ခံထား နိုင်ရတာလဲ ... ”

ယန်ချီရန်က မေးလိုက်သော်လည်း အဖြေ ပြန်မရသည်က သနားစရာ ကောင်းလှပေသည်။ သို့မဟုတ် အဖြေ ကြားဖို့ရန် အချိန် မကျန်တော့ခြင်းဟု ဆိုရမလား .....

မိုဝူကျီ၏ အကြည့်တို့က ပျောက်ကွယ်သွားပြီး သူ သတ်ထားခဲ့သည့် မနီးမဝေးမှ မျက်လုံးဖြူ ဝံပုလွေကို စိတ်စွမ်းအားဖြင့် ယူကာ  သိုလှောင် လက်စွပ်ထဲ ထည့်လိုက် တော့သည်။ သူက ယန်ချီရန်၏ သိုလှောင် လက်စွပ်ကို ဝမ်းသာစွာ လက်ခံလိုက်ပြီး သူ့အလောင်းကိုတော့ အာကာသ သားရဲများဆီ ကန်ထုတ် လိုက်တော့သည်။

မိုဝူကျီအနီးတွင် ရှိနေသော အထီးကျန် ကြိုးနီမှာ မိုဝူကျီကို မယုံကြည်နိုင်စွာ ကြည့်နေမိသည်။ သူက မိုဝူကျီ အားကောင်းမှန်း သိသော်လည်း ယန်ချီရန်ကို သတ်နိုင် လောက်သည့် စွမ်းအား ကြီးသည်က မယုံကြည်နိုင်ဖွယ် ဖြစ်ပေသည်။

ယန်ချီရန် ဆိုသည်မှာ မည်သူနည်း .....

သူက လောကအင်မော်တယ် အဆင့် ၁ ဖြစ်ရုံသာမက ကျန်းမိုနယ်မြေ၏ မျိုးနွယ်စုကြီး သုံးခုအနက် ယန်မျိုးနွယ်စု ခေါင်းဆောင် ဖြစ်ပေသည်။ ထိုသို့နာမည်ကြီး ပုဂ္ဂိုလ်က မိုဝူကျီ လက်ချက်ကြောင့် လူမသိ သူမသိ သေဆုံးသွား ခဲ့ရသည်။

“မင်းက ယန်ချီရန်ကို တကယ် သတ်လိုက်တာပဲ ”

ရှုချီဟောင်က အာကာသအတွင်း ရပ်နေရင်း မိုဝူကျီကို  တအံ့တဩ ကြည့်ကာ ဆိုလိုက်သည်။

မိုဝူကျီက လက်ကို မြှောက်ကာ တျန်းဂျီတုတ်ကို ကိုင်ဆွဲထားရင်း ဖြေလိုက်သည်

“တကယ်လို့ ကျုပ်က သူ့ကို မသတ်ရင် သူ သတ်တာကို ထိုင်စောင့် နေရမှာလား။ ကျုပ်မှာ အဲဒီလိုသည်း ခံစိတ်မရှိဘူး .... ”

ရှုချီဟောင်က နောက်ဆုံးတွင် ရပ်တန့်လိုက်ပြီး အသက် ပြင်းပြင်းရှူကာ ပြောလိုက်တော့သည်။

“ငါက ပျောက်ဆုံး နယ်မြေကို ရောက်ဖူးတာကြောင့် မင်းကို သိတယ်။ ပြီးတော့ မင်းနာမည်ကို ကြားဖူးပေမဲ့ ဒီလောက် အားကောင်းမယ် လို့တော့ ထင်မထားဘူး။ ယန်ချီရန်ကို သတ်လိုက်တာက အဆင်ပြေပေမဲ့ အဲဒီမျက်လုံးဖြူ ဝံပုလွေကို မသတ်လိုက် သင့်ဘူး ”

သူ့စကား အဆုံးတွင် သူက မိုဝူကျီ အဖြေကိုပင် စောင့်မနေဘဲ အရင်ဦးဆုံး ရှင်းပြလိုက် တော့သည်။

“အဲဒီမျက်လုံးဖြူ ဝံပုလွေက အာကာသ ဝံပုလွေ မျိုးနွယ်စုကပဲ။ သူက ဝံပုလွေ ဘုရင်ကြီးရဲ့ အနှစ်သက်ဆုံး မျိုးဆက်ပဲ။ သူ့ကို သတ်လိုက်တာက မင်း နောင်ကျ ပြဿနာ ဖြစ်မှာကို စိုးရိမ်မိတယ် ... ”

မိုဝူကျီက နှာခေါင်း ရှုံ့လိုက်ပြီး ရှုချီဟောင်ကို ပြန်မဖြေပေ။ အာကာသ ဝံပုလွေသားရဲ ဘုရင်၏ မျိုးဆက် ဖြစ်ရုံသာမက သူ့ဘိုးဘေးများက သူ့ကို လာသတ်လျှင်ပင် မိုဝူကျီက သူတို့ကို သတ်ရန် သက်ညှာပေးမည် မဟုတ်ပေ။ သူ့မျက်လုံးထဲ၌ သူ သတ်ရဲ၊ မသတ်ရဲသည့် ကိစ္စကာ မေးခွန်းထုတ် နေစရာကို မလိုပေ။ သူက သတ်သင့်သည့် အကြောင်းအရင်းကို မေးခွန်း ထုတ်လေ၏။

မိုဝူကျီ၏ လျစ်လျူရှု ထားသည့် မျက်နှာထားကို မြင်ကာ ရှုချီဟောင်က သက်ပြင်းချကာ ပြောလိုက်သည်။

“အာကာသ ဝံပုလွေ သားရဲ ဘုရင်ကြီးက ဘယ်လောက် အားကောင်းတယ် ဆိုတာ သိရဲ့လား။ သူက ဘယ်လောက် လွှမ်းမိုးနိုင်စွမ်း ရှိတယ် ဆိုတာရော သိရဲ့လား ... ”

မိုဝူကျီက ရှုချီဟောင်ကို ကောင်းကောင်း မသိသည့်အတွက် ရှုချီဟောင်က ယန်ချီရန်ကို ရပ်တန့်ဖို့ ကြိုးစားလိုက်၍သာ မိုဝူကျီက ယန်ချီရန်ကို လျှပ်တပြက် သတ်နိုင်လိုက်ခြင်း ဖြစ်ပေသည်။ အလွယ်တကူတော့ မဟုတ်ပေ။ ထို့ကြောင့် သူက ရှုချီဟောင် အပေါ် အမြင် ကောင်းကောင်း မရှိကာ  ထိုသူက လောက အင်မော်တယ် အဆင့် ကျင့်ကြံသူ ဖြစ်နေသည့် အချက်ကြောင့်  သူ့ သဘောထားကို ပြောင်းလဲမည်တော့ မဟုတ်ပေ။ ဤလောကကြီး ထဲတွင် ဖြစ်လာနိုင်ခြေများက မှန်ကန်ပေသည်။

“ကျုပ်က အာကာသ ဝံပုလွေ သားရဲကိုလည်း မသိဘူး။ ကြားဖူးလည်း အာရုံထဲ မထည့်ဘူး”

မိုဝူကျီက တည်တည်ငြိမ်ငြိမ် ပြောလိုက်လေသည်။

ဤကျယ်ဝန်း လှသည့် စကြဝဠာကြီး၌ များပြားစွာသော ကြယ်တာရာများ၊ ဂြိုဟ်များစွာ ရှိပေသည်။

ဝံပုလွေ တစ်ကောင်က သူ့ကိုယ်သူ အာကာသ ဝံပုလွေ ဘုရင်ကြီးဟု ခေါ်နေခြင်းက အရှက်မဲ့လွန်းရာ မကျပေဘူးလား ...

ရှုချီဟောင်က မိုဝူကျီကို ကြည့်ကာ လေးလေးနက်နက် ပြောလိုက်သည်။

“မင်းက နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ ရော ပြီးတော့ မိုဝူကျီရော  မလား ... မင်းက ရာစုနှစ်အတွင်း ပေါက်ပေါ်ခဲတဲ့ ပါရမီရှင်ပဲ။ ကြယ်တာရာ သခင်က မင်း မြေကမ္ဘာ အဆင့်ဇယား အဆင့် တစ်ရောက်လာတော့  မင်းက ကျန်းရှင်းရဲ့ အနာဂတ် ဖြစ်လာ လိမ့်မယ်လို့ ပြောခဲ့တာ။ အဲဒီ အာကာသ ဝံပုလွေ ဘုရင်ကြီးက ထိပ်ဆုံး အဆင့် ၉ သားရဲပဲ။ ငါတို့  ဒီလောကကြီးထဲက ဟင်းလင်းပြင်ကို မဖြတ်နိုင်သေးတဲ့ အချက်ကြောင့်သာ မဟုတ်ရင် ဝံပုလွေ ဘုရင်ကြီးက နောက်တစ်ဆင့် ရောက်နေလောက်ပြီ .... ”

ရှုချီဟောင်က ပြောနေရင်း ချပ်ဝတ် ကျင့်ကြံသူ များစွာက မိုဝူကျီဆီ ချည်းကပ် လာကြသည်။ မိုဝူကျီက ရှုချီဟောင် စကားများကို ကြားပြီး ကျိုးပျက် ဟင်းလင်းပြင်က ဘာလဲဟု သိချင်ကာ ရှုချီဟောင်ဆီမှ မြေကမ္ဘာ အင်မော်တယ် အဆင့်၏ နောက်အဆင့်များကို ချိုးဖျက်နိုင်မည့် လမ်းညွှန်လေး တောင်းဖို့ရာ တွေးနေမိသည်။

ထိုချပ်ဝတ်တပ်က သူ့ဆီ ချီတက်လာမည်ဟု မည်သူက တွေးမိမည်နည်း။ သူက အဝင်ပေါက်နှင့် ဝေးနေသေးသည်။ ထိုချပ်ဝတ်များက လခြမ်းကွေး အင်မော်တယ် နန်းတော်ဆီ ချီတက်မည့်အစား သူ့ဆီ ချီတက်လာပြီး ဘာအလို ရှိနေသနည်း။

“၂၇၀၅ ငါ့နောက်က လိုက်ခဲ့ ”

ရှုချီဟောင်က ထိုချပ်ဝတ်များကို မြင်သောအခါ မြန်မြန် ပြောလိုက်သည်။

သူက မိုဝူကျီအတွက် အမှန်တကယ် စိုးရိမ်မိသည်။ ကျန်းရှင်းနယ်မြေ၏ ဘေးကင်မှုအတွက် အမှန်တကယ် ဂရုစိုက်ကြသည့် သူများစွာ မရှိသော်လည်း ရှုချီဟောင်သည် လူနည်းစုထဲမှ ဖြစ်ပေသည်။ မိုဝူကျီသည် လူသား အဆင့်ဇယား အဆင့်တစ်၊ မြေကမ္ဘာ အဆင့်ဇယား အဆင့်တစ်နှင့် စစ်မှန်ခြင်း နတ်ဘုရား အဆင့်ဖြင့် ယန်ချီရန်ကိုပင် သတ်နိုင်သည့် အတွက် ကြယ်တာရာသခင် ပြောသည့် ကိစ္စကို သဘောတူမိသည်။ သူက ကျန်းရှင်းကို နောက်တစ်ကြိမ် မြင့်တက်လာအောင် လုပ်နိုင်မည့် ရွေးချယ်ထားသူ သေချာပေါက် ဖြစ်၏။

ကြယ်တာရာ သခင်၏ စကားများက နားထဲ တစ်ခါ ကြားယောင် လာမိသည်

“အဲဒီနယ်လှည့် ကျင့်ကြံသူ ၂၇၀၅က မိုဝူကျီ ဖြစ်နိုင်ချေ များတယ်။ သူက လခြမ်းကွေး အင်မော်တယ် နန်းတော် ဖွင့်တာနဲ့ အဲဒီမှာ ပေါ်လာလိမ့်မယ်။ တကယ်လို့ ခင်ဗျား သူ့ကို တွေ့ရင် သေချာပေါက် ကာကွယ် ပေးရမယ်။ မျိုးနွယ်စုကြီး သုံးခုကို သူနှင့် ရင်ဆိုင်ခွင့် ပေးလို့ မဖြစ်ဘူး ....”

သူက မိုဝူကျီကို ရှာမတွေ့ခင် ယန်မျိုးနွယ်စု၏ ခေါင်းဆောင်က အရင်ရှာတွေ့ သွားပြီ ဖြစ်ရာ သူက မလှုပ်ရှား လိုက်ရဘဲဖြင့် မိုဝူကျီက လောက အင်မော်တယ် အဆင့် ၁ ယန်ချီရန်ကို  သတ်လိုက် လေသည်။ မျိုးနွယ်စုကြီး သုံးခု၏ ခေါင်းဆောင်က တစ်စုံ တစ်ယောက်၏ တိုက်ရိုက် သတ်ဖြတ်ခြင်းကို ခံရသည်မှာ သမိုင်းထဲ၌ ပထမဆုံး အကြိမ် ဖြစ်ပေသည်။ မိုဝူကျီက မည်သည့် နည်းလမ်း အသုံးပြုစေကာမူ လောကအင်မော်တယ် အဆင့်ကို သတ်နိုင်သည့် ပထမဆုံး စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူသာ ဖြစ်လိမ့်မည်။

မိုဝူကျီက ပတ်ဝန်းကျင်ကို စိတ်စွမ်းအား ဖြင့် အာရုံခံကြည့် လိုက်ပြီးနောက် ထိုချပ်ဝတ်များ  သူ့ဆီ ရုတ်တရက် ချီတက်လာမှန်း သဘောပေါက် သွားတော့သည်။ အစောပိုင်းလေးမှာ သူတို့က လခြမ်းကွေး အင်မော်တယ် နန်းတော် အဝင်ပေါက်နှင့် အတော်အတန် အလှမ်း ဝေးသော်လည်း ယခုအခါ သူ့နောက်တွင် ပေါ်လာလေသည်။

***

All Chapters