ရန်သူများအားဖိအားပေးခြင်း
Vol. 62 Ch. 866
မဟာလင်းနို့ဧကရာဇ်မှာ အတော်ပင် မခံမရပ်နိုင် ဖြစ်နေမိသည်။ သားကောင်အား အမဲလိုက်တော့မည့် အချိန်မှာပင် ကျိုးကြောင်းဆီလျော်မှု မရှိသော်လည်း ဆရာ့ဆရာကြီး ဖြစ်နေသော ကောင်းကင်အရှင်သခင် ရောက်ရှိလာခဲ့သည်။ ထိုသည်မှာ တရားမျှတမှု မရှိပေ။
ထိုအချိန်တွင် မြွေပေါင်းရာချီ ပါဝင်သော ဟိုက်ဒရာ အင်မော်တယ်သားရဲမှာ အဆိပ်မြူတိမ်တိုက်အား စီးနင်းကာ ၎င်းတို့ထံ ရောက်ရှိလာသည်။
တစ်ချိန်တည်းမှာပင် နေတစ်စင်းသဖွယ် သွေးနီရောင်မီးလျှံများ တောက်လောင်နေသော အင်မော်တယ်ဝိဉာဉ်တစ်ကောင်မှာလည်း အခြားတစ်နေရာမှ ဆင်းသက်လာသည်။
ဟိုက်ဒရာ၏ မြွေခေါင်းတစ်ရာလုံး ပြိုင်တူဟစ်ကြွေးလိုက်သည်။
"မဟာလင်းနို့ဧကရာဇ်ကို ဆန့်ကျင်ရဲတာ ဘယ်ကောင်လဲ။ အခုချက်ချင်း ဒူးထောက်အညံ့ခံစမ်း။"
"မဟာလင်းနို့ဧကရာဇ်ကို အာခံရဲတဲ့ ကောင်မှန်သမျှ မီးလောင်တိုက်သွင်းပစ်မယ်။ အရှင်ဧကရာဇ် ကျွန်တော် ရောက်လာပါပြီ။"
နေမင်းနီအင်မော်တယ်ဝိဉာဉ် ခက်ထန်စွာ ပြောလိုက်သည်။
"ကိုယ်ဖင်ကိုယ်ယိုးလိုက်......"
မဟာလင်းနို့ဧကရာဇ် ဒေါသထွက်နေလေပြီ။
ကြောက်မက်ဖွယ် အသံလှိုင်းမှာ ဟိုက်ဒရာနှင့် နေမင်းနီအင်မော်တယ်ဝိဉာဉ်တို့အား လွှမ်းခြုံသွားသည်။
ဝုန်း.........
အဆိပ်မြူများ ပျောက်ကွယ်သွားသလို မီးလျှံများလည်း ငြိမ်းသွားသည်။
ဟင်းလင်းပြင်သို့အပြန်အဆင့် အင်မော်တယ်သားရဲ နှစ်ကောင်မှာ သွေးပွက်ပွက်အန်သွားလေသည်။ မဟာလင်းနို့ဧကရာဇ်၏ အော်ဟစ်သံကြောင့် ၎င်းတို့မှာ အတွင်းဒဏ်ရာများ ရရှိသွားခဲ့သည်။
မဟာလင်းနို့ဧကရာဇ်သည် အစောပိုင်းကပင် ပေါက်ကွဲနေပြီဖြစ်ကာ ငရဲလောကချိပ်စည်းနှင့်ပင် သွေးမိစ္ဆာကီရင်အား ထိန်းမထားနိုင်သော အမှိုက်နှစ်ကောင်၏ သောက်ကြီးသောက်ကျယ် စကားများ ကြားလိုက်ရပြီးနောက် မည်သို့မှ စိတ်မထိန်းထားနိုင်တော့ပေ။
အရိုင်းဆန် ဓားမော့အင်မော်တယ်သည် ထိုနှစ်ကောင်အား လှောင်ရယ်ရယ်လိုက်သည်။ အမှားအယွင်း ပြုလုပ်ပြီးနောက် ပတ်ဝန်းကျင် အချိန်အခါနှင့် အံဝင်ခွင်ကျဖြစ်ရန်မှာ အရေးကြီးလွန်းလှသည်။ ယခုကဲ့သို့ ဆောင့်ကြွားဆောင့်ကြွား ဝင်ရောက်လာခြင်းမှာ ကိုယ့်သေတွင်း ကိုယ်တူးနေသလိုပင်။
၎င်းတို့သည်လည်း သူ၏လမ်းစဉ်အတိုင်းသာ လိုက်ခဲ့သင့်သည်။ မဟာလင်းနို့ဧကရာဇ် ရောက်ရှိလာစဉ်ကတည်းက သူသည် မရှိခဲ့ဖူးသော သတ္တဝါတစ်ကောင်လိုသာ နေထိုင်ရန် ကြိုးစားခဲ့ပြီး ကောင်းကင်အရှင်သခင်သည်ပင် သူ့အား ဂရုမစိုက်ခဲ့ပေ။ ထိုသည်မှာ ရှင်သန်လွတ်မြောက်နိုင်မည့် နည်းလမ်းအစစ်အမှန် ဖြစ်သည်။
နေမင်းနီအင်မော်တယ်ဝိဉာဉ်နှင့် ဟိုက်ဒရာတို့မှာ အဖြူရောင်ပုံရိပ်အား ကြည့်ရှုလိုက်ပြီးနောက် ကြောက်ရွံ့တုန်လှုပ်သွားရသည်။
သောက်ကျိုးနည်း........... အဲ့ဒါ ကောင်းကင်ဘုံခုံရုံးက ကောင်းကင်အရှင်သခင် မဟုတ်ဘူးလား..............
ငါတို့တွေက ကောင်းကင်အရှင်သခင်ကို သတ်ပစ်မယ်ဘာညာနဲ့ ဖင်တောင်မိခဲ့တာလား........ ဘုရားရေ...... ငါတို့တော့ ငါးပါးမှောက်တော့မှာပဲ............
ကောင်းကင်အရှင်သခင်သည် ထိုက်ချူကုန်းမြေ တစ်ခုလုံးတွင် ဒဏ္ဍာရီလာ သူရဲကောင်းအဖြစ် ကျော်ကြားသူ ဖြစ်သည်။ ထို့ကြောင့် မဟာလင်းနို့ဧကရာဇ် ရှိနေပါသော်လည်း အင်မော်တယ်သားရဲ နှစ်ကောင်မှာ ကြောက်ဒူးတုန်နေရလေပြီ။
၎င်းတို့သည် လေတစ်လုံး၊ မိုးတစ်လုံးပြောကာ ရောက်လာခဲ့ပါသော်လည်း ယခုတွင်မူ တိတ်ဆိတ်ငြိမ်သက်လို့နေသည်။
မဟာလင်းနို့ဧကရာဇ်သည် ဒေါသတကြီးဖြင့် ကောင်းကင်အရှင်သခင်အား ကြည့်ရှုလိုက်သည်။
"ကောင်းကင်အရှင်သခင် ဒီနေ့ကို ငါဘယ်တော့မှ မမေ့ဘူး။ သွေးမိစ္ဆာကီရင်ကို ဖမ်းနေတာကို လာနှောင့်ယှက်ပြီး သွေးကီရင်ကျောက်စိမ်း အပိုင်သိမ်းသွားတဲ့ကောင်....."
ကောင်းကင်အရှင်သခင် ကြောင်တောင်တောင်ဖြစ်ကာ တုန်းဖန်းကျွမ်းရှီးအား လှမ်းကြည့်လိုက်သည်။
"မင်းက သွေးမိစ္ဆာကီရင်လား။"
တုန်းဖန်းကျွမ်းရှီး ခေါင်းညိတ်ပြလိုက်သည်။
မဟာလင်းနို့ဧကရာဇ် : "............."
ကောင်းကင်အရှင်သခင် စိတ်လှုပ်ရှားကာ မျက်ဝန်းများ တောက်ပသွားသည်။
"ဟားဟား........ မဟာလင်းနို့ဧကရာဇ် ငါက အမြင်မကောင်းတော့ သွေးမိစ္ဆာကီရင်ကို မခွဲခြားလိုက်နိုင်ဘူး။ ဒါပေမယ့် မင်းသူ့ကို လိုချင်ရင် ငါ့အလောင်းကို အရင်ဖြတ်ရလိမ့်မယ်။"
အန်လင်း : "............."
"ဖူး.........."
မဟာလင်းနို့ဧကရာဇ် သွေးအန်သွားရသည်။
ယီးတဲ့မှ....... ကောင်းကင်အရှင်သခင်က အဲ့သက်လတ်ပိုင်းအရွယ် ယောက်ျားကို သွေးမိစ္ဆာကီရင်မှန်းတောင် မသိဘူးလား...........
အမြင်မကောင်းဘူးဟုတ်လား.......... အဲ့လူမှာ အရှက်ရော ရှိသေးရဲ့လား............
မဟာလင်းနို့ဧကရာဇ်မှာ ဒေါသကြောင့် ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်နေသည်။
သူသည် စိတ်တိုနေပါသော်လည်း ဘာမှမတတ်နိုင်ပေ။ တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများထဲတွင် ကောင်းကင်အရှင်သခင်မှာ အကြမ်းဆုံး ဖြစ်သည်။ အခြားသူများ စစ်ကူလာလျှင်ပင် ၎င်းအား အနိုင်တိုက်နိုင်မည် မဟုတ်ပေ။
"ဒီကိစ္စက မပြီးသေးဘူး။ မဟာလင်းနို့ဧကရာဇ်ဆိုတဲ့ငါ့ကို ဒုက္ခပေးခဲ့လို့ မင်းတို့တစ်နေ့နေ့ နောင်တရစေရမယ်။"
မဟာလင်းနို့ဧကရာဇ်မှာ အားလုံးအား စူးစိုက်ကြည့်ရှုလိုက်ပြီးနောက် ထွက်ပြေးသွားတော့သည်။
မဟာလင်းနို့ဧကရာဇ်သည် ဒဏ္ဍာရီလာသားရဲတစ်ကောင်၏ ဂုဏ်သိက္ခာအား ထိန်းသိမ်းရန် လေကြီးလေကျယ် စကားများဖြင့်သာ ခြိမ်းခြောက်ခဲ့နိုင်သည်။
ဟင်းလင်းပြင်သို့အပြန်အဆင့် အင်မော်တယ်သားရဲ သုံးကောင်မှာလည်း ကောင်းကင်အရှင်သခင် ပစ်မှတ်ထားလာမည်ကို စိုးရွံ့သောကြောင့် မဟာလင်းနို့ဧကရာဇ်နောက်မှ ကောက်ကောက်ပါအောင် လိုက်ပါသွားကြသည်။
ထိုသို့ဖြင့် မဟာလင်းနို့ဧကရာဇ်နှင့် ၎င်း၏နောက်လိုက်များမှာ အမြှီးခြေကြားညှပ်ကာ ခြေထောက်နှင့်တင်ပါး တသားတည်းကျအောင် ပြေးရလေတော့သည်။
အန်လင်းနှင့် အခြားသူများမှာ မဟာလင်းနို့ဧကရာဇ် ထွက်ခွာသွားသည်ကိုကြည့်ကာ စိတ်သက်သာရာ ရသွားပြီးနောက် ကောင်းကင်အရှင်သခင်နား ရောက်ရှိလာကြသည်။
"ကျွန်တော်တို့ကို ကယ်ပေးတာ ကျေးဇူးတင်ပါတယ်။ ကောင်းကင်အရှင်သခင် ခင်ဗျားက အရမ်းမိုက်တာပဲ။"
အန်လင်း ချီးကျူးလိုက်သည်။
ကောင်းကင်အရှင်သခင် အန်လင်းအားကြည့်ကာ သက်ပြင်းချလိုက်မိသည်။
"မင်းက တကယ်ကို ပြဿနာကောင်ပဲ။"
"ငါဘာပြောရမလဲတောင် မသိတော့ဘူး။ နှစ်ကုန်စာမေးပွဲတုန်းကလည်း သွေးမျိုးနွယ်စုက ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့် ကျင့်ကြံသူနဲ့ ပြဿနာတက်လို့ ဧကရာဇ်ထျန်းဟောင်က မင်းကိုလာကယ်ရတယ်။"
"အခုကြတော့ ပိုတောင်အဆင့်မြင့်သွားသေးတယ်။ မင်းပြဿနာ ဖြစ်တဲ့သူက တာအိုပေါင်းစည်းခြင်းအဆင့် ဒဏ္ဍာရီလာသားရဲ မဟာလင်းနို့ဧကရာဇ် ဖြစ်နေပါရောလား။ ငါသာ အချိန်မီ ရောက်မလာရင် မင်းတို့အားလုံးကို အုတ်ဂူဆောက်ပေးရတော့မလို့။"
ကောင်းကင်အရှင်သခင် ကူကယ်ရာမဲ့စွာ မျက်ခုံးနှိပ်နေရသည်။
"ငါမင်းကို တာဝန်တွေတောင် ထပ်မပေးရဲတော့ဘူး။ နွီဝါးလိုမျိုး ဖန်ဆင်းရှင် နတ်ဘုရားမကို ပြဿနာ တက်ရှာနေရင် ဘယ်နှယ့်လုပ်မလဲ။ အဲ့အခါကြရင် မင်းကိုကယ်နိုင်မယ့်သူတောင် ရှိတော့မှာ မဟုတ်ဘူး။"
အော့နျို အံ့အားသင့်သွားသည်။
"သခင်လေးအန်လင်းက အဲ့လောက်တော်မှန်း မသိခဲ့ဘူး။"
"ပြဿနာရှာတဲ့ နေရာမှာလား။"
ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာ စကားထောက်လိုက်သည်။
"မင်းကဘာသိလို့လဲ။ ပြဿနာ ရှာတတ်တာလည်း အရည်အချင်း တစ်ခုပဲကွ။"
ရှောင်ဇယ်မှာ ဆရာဘက်မှ ချက်ချင်းရပ်တည်ပေးလိုက်သည်။
အန်လင်း အားတုံ့အားနာ ပြုံးပြလာသည်။
"ဟူး....... ကျွန်တော်လည်း အဲ့လိုဘယ်ဖြစ်ချင်ပါ့မလဲ။ ဒါတွေအားလုံးက ကံအကြောင်းတရား တိုက်ဆိုင်လို့ပါ။"
ကောင်းကင်အရှင်သခင်မှာ ရှေ့တွင်ရှိနေသော လူငယ်လေးအားကြည့်ကာ ပြောစရာ စကားများ ပျောက်ရှသွားရသည်။
ဒီစကားကို ရင်းရင်းနှီးနှီး ကြားဖူးနေသလိုပဲ...........
သူအခြားတစ်ယောက်အား လှည့်ကြည့်လိုက်သည်။
၎င်းသည် ကီရင်ချို၊ သွေးနီရောင် မျက်ဝန်းများနှင့် ရုပ်ရည်သွင်ပြင် ထူးခြားနေပြီး သပ်သပ်ရပ်ရပ်ဖြင့် ချောမောခန့်ညားသည်။
"သွေးမိစ္ဆာကီရင်က အသက်ရှင်နေဦးမယ်လို့ မထင်ထားမိဘူး။"
ကောင်းကင်အရှင်သခင် တအံ့တသြ ရေရွတ်လိုက်သည်။
တုန်းဖန်းကျွမ်းရှီး ခပ်ဖွဖွ ပြုံးလိုက်သည်။
"မတွေ့ရတာ ကြာပြီနော် ကောင်းကင်အရှင်သခင်...... ငါကအခု သာမန်လူသား ဖြစ်နေပါပြီ။ သွေးမိစ္ဆာကီရင် မဟုတ်တော့ဘူး။"
ကောင်းကင်အရှင်သခင် မဲ့ရွဲ့သွားသည်။
"အဲ့စကား မပြောခင် မင်းခေါင်းပေါ်က ချိုကြီးကို ဖယ်ပေးထားလိုက်ပါလား။"
တုန်းဖန်းကျွမ်းရှီးမှာ ဦးချိုအား ပွတ်သပ်ကာ လေးနက်စွာ ခေါင်းခါပြလိုက်သည်။
"မဖြစ်ဘူး။ သူမက ငါ့ရဲ့ချိုတွေကို အရမ်းသဘောကျတယ်လို့ ပြောဖူးတယ်။ အဲ့ဒါကြောင့် အခုပုံစံကမှ ပြီးပြည့်စုံတာ။ ပြီးတော့ လူသားနာမည်လည်း ပေးထားသေးတယ်....... တုန်းဖန်းကျွမ်းရှီးတဲ့။"
"ဟားဟားဟား........"
ကောင်းကင်အရှင်သခင်မှာ ကျယ်လောင်စွာ ရယ်မောပြီးကာမှ စိတ်ထိန်းလိုက်ရသည်။
"အဟွတ်....... အဟွတ်....... မြင့်မြတ်သော ရေခဲကုန်းမြေက အရမ်းအေးတာပဲ။ ကြည့်ရတာ ငါအအေးပက်နေပြီ ထင်တယ်။"
"အဲ့နာမည်က ကောင်းပါတယ်။"
ကောင်းကင်အရှင်သခင် စကားဆိုလိုက်သည်။
"ကျေးဇူးပဲ။"
သူ၏အမည်အား ကောင်းကင်အရှင်သခင်မှ အသိအမှတ်ပြုလာသောကြောင့် တုန်းဖန်းကျွမ်းရှီး အမူအရာ ပျော့ပြောင်းသွားသည်။
အန်လင်း အံ့သြသွားရသည်။ ကောင်းကင်အရှင်သခင်၏ ရွှီးလုံးများမှာလည်း သူ၏တိုက်ပွဲစွမ်းရည်ကဲ့သို့ပင် ဆရာကျလွန်းလှသည်။
"ဒါနဲ့ မင်းကို ပန်ကုကိုယ်တိုင် ချိပ်ပိတ်ထားတာဆို....... ဘယ်လိုလုပ် လွတ်လာတာလဲ။"
ကောင်းကင်အရှင်သခင် မေးမြန်းလိုက်သည်။
"ပြောရမှာတော့ အရှည်ကြီးပဲ။"
၎င်းတို့နှစ်ဦးမှာ စကားစမြည် စတင်ပြောဆိုလိုက်ကြသည်။
သူငယ်ချင်းဟောင်းများလို ရင်းရင်းနှီးနှီး ပြောဆိုဆက်ဆံနေသောကြောင့် အန်လင်းနှင့် စုရှောင်လန် ပါးစပ်အဟောင်းသားဖြစ်ကာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်မိကြသည်။
သူတို့နှစ်ယောက်က အရင်တည်းက သိကြတာလား......
ကံတရားမှာ တစ်ခါတရံ ဆန်းကြယ်လွန်းလှသည်။
အားလုံးမှာ ကိုးပြည်ထောင်သို့ အတူတကွ ပြန်လာခဲ့ကြသည်။
အန်လင်းသည် သွေးကီရင်ကျောက်စိမ်းအား မြိုချလိုက်ကြောင်း တုန်းဖန်းကျွမ်းရှီးထံမှတဆင့် ကြားသိလိုက်ရပြီးနောက် စိတ်ဆင်းရဲသွားသော ကောင်းကင်အရှင်သခင်မှာ အန်လင်းအား စိမ်းစိမ်းဝါးဝါး ကြည့်ရှုလာသည်။
"ကောင်းကင်အရှင်သခင် ကျွန်တော့်မှာ ပြောစရာရှိတယ်။ ဒါပေမယ့် ပြောသင့်ရဲ့လား မသိဘူး။"
အန်လင်း ချီတုံချတုံ ပြောလိုက်သည်။
ကောင်းကင်အရှင်သခင်မှာ ပြုံးကာခေါင်းညိတ်ပြလိုက်သည်။
"အန်လင်း မင်းပြောချင်တာ ပြောလို့ရပါတယ်။ ဘာမှအားနာမနေနဲ့။"
"ကောင်းပါပြီ။"
အန်လင်း မျှော်လင့်တကြီး စကားဆိုလာသည်။
"ကောင်းကင်ဘုံခုံရုံးက ပေးအပ်ထားတဲ့ တာဝန်တွေ ထမ်းဆောင်ခဲ့ပြီးပြီလေ။ အဲ့တော့ သတင်းအချက်အလက် စုဆောင်းခ စိတ်ဝိဉာဉ်ကျောက်တုံး ငါးသန်းနဲ့ သွေးစက်ကုန်းမြေထဲဝင်ခ ဆယ်သန်းကို ဘယ်တော့ရမှာလဲ သိချင်တာပါ။"
ကောင်းကင်အရှင်သခင် အသွေးအသားများ ဆူပွက်သွားသည်။
ရသမျှ အခွင့်အရေး မင်းယူသွားပြီးတော့ ငွေပါလာတောင်းနေတာလား........
သူအားယူကာ ပြုံးလိုက်ရသည်။
"ကိစ္စမရှိပါဘူး။ ကောင်းကင်ဘုံခုံရုံးကို ပြန်ရောက်ရင် ဆုကြေးလာထုတ်လိုက်ပါ။"
ငိုကြွေးရမည်ဆိုလျှင်ပင် ကောင်းကင်အရှင်သခင် အနေဖြင့် ကတိတည်ရမည် မဟုတ်လော။