← Chapters

ကောင်းကင်ဘုံပြင်ဆင်ခြင်းဂိုဏ်းအကြောင်းသိချင်လား.....

Vol. 62 Ch. 868

ကောင်းကင်ဘုံပြင်ဆင်ခြင်းဂိုဏ်းအကြောင်းသိချင်လား.....

Vol. 62 Ch. 868

အစပဲ ရှိသေးတာလား......

အန်လင်းနှင့် စုရှောင်လန်မှာ ထိတ်လန့်သွားရသည်။

ခရမ်းကြယ်စင် လူမျိုးစု ပျက်သုဉ်းခြင်းသည် နိဒါန်းသာ ဆိုပါက အခြားသော အရာများအား ၎င်းတို့မတွေးရဲတော့ပေ။

၎င်းတို့ မတွေးရဲပါသော်လည်း ကောင်းကင်အရှင်သခင်မှာ ဖိအားပေးကာ ပြောပြနေလေသည်။

"ခရမ်းကြယ်စင် လူမျိုးစုက တစ်ချိန်တုန်းက လူသားမျိုးနွယ်စုရဲ့ မျိုးနွယ်ခွဲ တစ်ခုပဲ။ ငါပြောချင်တာကို နားလည်ရဲ့လား။"

ကောင်းကင်အရှင်သခင် ဖြည်းညင်းစွာ မေးလိုက်သည်။

အန်လင်း မျက်မှောင်ကျုံ့ကာ အသက်ပြင်းပြင်း ရှူလိုက်မိသည်။

"ကောင်းကင်ပြစ်ဒဏ်က ကျွန်တော်တို့ အားလုံးအပေါ် သက်ရောက်လာမှာလား။"

ကောင်းကင်အရှင်သခင်သည် အန်လင်း၏ မေးခွန်းအား တိုက်ရိုက်မဖြေပဲ ကောင်းကင်ကိုသာ လက်ညှိုးထိုးပြလိုက်သည်။

"ကောင်းကင်အပေါက်က ပျောက်သွားပေမယ့် မပြင်ရသေးဘူးလေ။"

"ကောင်းကင်ပြစ်ဒဏ် ပထမဆုံး ကျရောက်လာတုန်းက လောကထိပ်ဆုံးကို ရောက်နေတဲ့ ခရမ်းကြယ်စင် လူမျိုးစုတွေတောင် ဘာမှမခုခံနိုင်ခဲ့ဘူး။ အဲ့တုန်းက ကိုးပြည်ထောင်က လူသားတွေနဲ့ အနောက်ဘက်သုခဘုံက အရမ်းကို စိတ်သောက ရောက်ခဲ့ကြရတာ။ ကောင်းကင်ပြစ်ဒဏ်က ခရမ်းကြယ်စင် လူမျိုးစုကို ပစ်မှတ်ထားတာ မဟုတ်ပဲ လူသားမျိုးနွယ်စု တစ်ခုလုံးကို ပစ်မှတ်ထားတာဆိုရင် ဘယ်လိုလုပ်ကြမလဲ ဆိုပြီးတော့ပေါ့။"

"ဒါမှမဟုတ် ကောင်းကင်ပြစ်ဒဏ်က ကမ္ဘာတစ်ခုလုံးကို ပစ်မှတ်ထားနေရင်ရော.............."

"ဒါက ကျိုးကြောင်းဆီလျော်မှု မရှိတဲ့ ယူဆချက်တော့ မဟုတ်ဘူး။ ကောင်းကင်အပေါက်က ပုံမှန်မဟုတ်ပဲ ပေါ်လိုက်ပျောက်လိုက် ဖြစ်ခဲ့တာလေ။ ပေါ်လာတဲ့ အချိန်တုန်းကဆို ကိုးပြည်ထောင်နဲ့ အနောက်ဘက်သုခဘုံက သဘာဝဘေးဒဏ်တွေ တော်တော်ခံရပြီး အသက်တွေ အများကြီး ဆုံးရှုံးခဲ့ရတာ။ အဲ့သဘာဝဘေးတွေက တခြားမျိုးနွယ်စုတွေပေါ်တောင် အနည်းနဲ့အများ သက်ရောက်မှု ရှိခဲ့တယ်။"

"ကောင်းကင်အပေါက်ကို စကြာဝဠာ နတ်ဘုရားကျောက်တုံးနဲ့ ပိတ်ထားဖို့ ဧကရီ အရှင်မနွီဝါးနဲ့ ကောင်းကင်သူတော်စင် သုံးပါးကိုပါ ပန်ကြားခဲ့ရတယ်။ အဲ့ဒါကြောင့် ကောင်းကင်တာအိုကလည်း ပြစ်ချက်ရှိသွားခဲ့တယ်။"

"ဒါပေမယ့် စကြာဝဠာ နတ်ဘုရားကျောက်တုံးကလည်း ယာယီပဲ ဖာထေးထားနိုင်မှာလေ။ အပေါက်တစ်ခုကို ပြင်တာနဲ့ ပိတ်တာက လုံးဝမတူတဲ့ အရာနှစ်ခုပဲ။ အပေါက်ကို ပိတ်ထားတာက ကောင်းကင်ကို ဖိအားပေးနေသလိုပဲ။ နောက်တစ်ခါ ကောင်းကင်ပြစ်ဒဏ် ကျလာရင် လူသားမျိုးနွယ်စု တစ်ခုလုံး ဒါမှမဟုတ် ထိုက်ချူကုန်းမြေ တစ်ခုလုံးပါ ဒုက္ခရောက်ရလိမ့်မယ်။"

အန်လင်းနှင့် စုရှောင်လန်မှာ မျက်လုံးအပြူးသား ဖြစ်နေသည်။

ဒီကမ္ဘာမှာ ဆိုးဆိုးရွားရွား ပြစ်ချက်ရှိနေတာပဲ............

အခု ငါတို့က ကမ္ဘာကြီးကို ကယ်တင်ရတော့မှာလား.......

"နှင်းပျိုမဒီတွေရဲ့ မြို့တော်ပေါက်ကွဲမှုက ကောင်းကင်ပြစ်ဒဏ်နဲ့ သက်ဆိုင်နေတာပေါ့။"

အန်လင်း မေးမြန်းလိုက်သည်။

ကောင်းကင်အရှင်သခင် ခေါင်းညိတ်ပြလာသည်။

"စကြာဝဠာ နတ်ဘုရားကျောက်တုံးမှာ အက်ကွဲကြောင်းတစ်ခု ဖြစ်လာတယ်။ အဲ့တော့ ကောင်းကင်တာအိုရဲ့ မပြီးပြည့်စုံမှုက တဖြည်းဖြည်း အကျိုးသက်ရောက်လာမှာပဲ။ နှင်းပျိုမဒီတွေရဲ့ အဓိကမြို့တော်က အေးခဲစွမ်းအင်တွေက ထိန်းချုပ်မှု ကင်းမဲ့လာတယ်။ အဲ့ဒါက ပြစ်ချက်ရှိနေတဲ့ ကောင်းကင်တာအိုနဲ့ သက်ဆိုင်လိမ့်မယ်။"

စုရှောင်လန် သက်ပြင်းချလိုက်သည်။

"ခရမ်းကြယ်စင် လူမျိုးစုက တော်တော်တရားလွန်တာပဲ။ သူတို့ရဲ့ ပျက်သုဉ်းမှုတင်မကဘူး....... ထိုက်ချူကုန်းမြေ တစ်ခုလုံးကပါ အဲ့အကျိုးဆက်ကို ခံစားရတော့မယ်။"

အန်လင်း စိတ်မသက်မသာ ဖြစ်နေမိသည်။

"ကောင်းကင်အရှင်သခင်....... ကျွန်တော်က စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အဆင့်ပဲရှိတဲ့ သာမန်ကျင့်ကြံသူ တစ်ယောက်ပါနော်။ ကမ္ဘာကြီးကို ကယ်တင်နိုင်မှာလည်း မဟုတ်ဘူး။ အခု ဒီအကြောင်းတွေပြောပြီး ကျွန်တော့်ကို စိတ်မပျော်အောင် ဘာလို့လုပ်နေတာလဲ။"

"မင်းစိတ်မပျော်တာနဲ့တင် လုံလောက်နေပါပြီ။"

ကောင်းကင်အရှင်သခင် စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

အန်လင်း : "..........."

"ဟားဟား........ စတာပါကွာ။"

ကောင်းကင်အရှင်သခင် လက်ခါပြကာ စကားဆက်လိုက်သည်။

"ငါတို့တွေ ကောင်းကင်တာအိုကို ပြင်ဆင်ဖို့ နည်းလမ်းအမျိုးမျိုး ကြိုးစားခဲ့ကြတယ်။ နည်းလမ်းအများစုက အသုံးမဝင်ပဲ အုပ်စုသုံးခုလည်း ကွဲသွားတယ်။"

"ပထမအုပ်စုက လူသားမျိုးနွယ်စုကို အမြစ်ဖြတ် ချေမှုန်းလိုက်ရင် ကောင်းကင်ဘုံရဲ့ အမျက်ဒေါသက ပြေပျောက်သွားပြီးတော့ ကောင်းကင်အပေါက်ကလည်း အလိုလို ပြန်ကောင်းသွားမယ် ထင်နေတဲ့ အရူးတွေပေါ့ကွာ။ အဲ့ဒါကြောင့် သူတို့အတွေးကို တုံ့ပြန်တဲ့အနေနဲ့ တစ်ခါတည်း သတ်လိုက်ကြတယ်။"

"ကျန်တဲ့အုပ်စုနှစ်ခုကိုတော့ မင်းလည်းသိလောက်မှာပါ။"

ကောင်းကင်အရှင်သခင်သည် မျှော်လင့်နေသော မျက်ဝန်းများဖြင့် အန်လင်းအား ကြည့်ရှုလာသည်။

"ကောင်းကင်ဘုံပျက်သုဉ်းခြင်းဂိုဏ်း ဒါမှမဟုတ် မိုးဖြိုဂိုဏ်းက ကောင်တွေက ကောင်းကင်တာအိုကို ဖျက်စီးပြီး အသစ်တစ်ခု ပြန်ဖန်တီးရမယ်လို့ ယုံကြည်ကြတယ်။"

"ကောင်းကင်အပေါက်တောင် ဖြစ်လာသေးတာဆိုတော့ ကောင်းကင်တာအိုကို ဖျက်စီးပြီး အသစ်တစ်ခု ပြန်ဖန်တီးတာ ဒါမှမဟုတ် ကောင်းကင်တာအိုရဲ့ နေရာကို အစားထိုးတာမျိုး လုပ်လို့ရမယ် ထင်နေတာ။ ချန်းချန် မင်းကိုလာတွေ့တုန်းက သူတို့လမ်းစဉ်ကို ပြောပြခဲ့တယ်မလား။"

အနက်ရောင်စိမ့်တောတွင် ချန်းချန်နှင့် အန်လင်းတို့ တွေ့ဆုံခဲ့သည်ကို ကောင်းကင်အရှင်သခင်မှ မသိစရာ မရှိပေ။

အန်လင်း ခေါင်းညိတ်ပြလိုက်သည်။

ကောင်းကင်အရှင်သခင် ခပ်ဖွဖွ ပြုံးလိုက်သည်။

"မိုးဖြိုဂိုဏ်းက မင်းကိုအသိအမှတ်ပြုတယ်ဆိုမှတော့ မင်းနဲ့အဲ့ဂိုဏ်းနဲ့ ထူးခြားတဲ့ ဆက်နွယ်မှုတစ်ခုခု ရှိလို့ပဲ ဖြစ်ရမယ်။ မိုးဖြိုဂိုဏ်းထဲ မင်းဝင်လို့ရမှတော့ တခြားဂိုဏ်းတစ်ခုကိုလည်း ဝင်လို့ရမှာပဲ။"

အန်လင်း ကြောင်အမ်းအမ်း ဖြစ်သွားသည်။

"ဘယ်ဂိုဏ်းလဲ။"

ကောင်းကင်အရှင်သခင် လေးလေးနက်နက် စကားဆိုလာသည်။

"ကောင်းကင်ဘုံပြင်ဆင်ခြင်းဂိုဏ်းလေ။ အဲ့ဂိုဏ်းအကြောင်း သိချင်လား။"

"ဟင့်အင်း....."

အန်လင်း မျက်နှာပျက်သွားသည်။

မိုးဖြိုဂိုဏ်းဆီကနေတောင် ပတ်ပြေးနေရတာ၊ အခုကဘာလဲ မိုးပြင်ဂိုဏ်းလား........

နောက်တစ်ခါဆို ဘာဖြစ်မလဲ......... မိုးယိုးဂိုဏ်းလား(ကောင်းကင်ဘုံဖင်ချခြင်းဂိုဏ်းများ ဖြစ်နေမှာလား။)

ကောင်းကင်အရှင်သခင်သည် အန်လင်း၏ ငြင်းဆိုချက်အား လျစ်လျူရှုကာ သတင်းအချက်အလက်များ ဆက်လက်ပြောပြနေသည်။

"ကောင်းကင်ဘုံပြင်ဆင်ခြင်းဂိုဏ်းက နာမည်အတိုင်း ရိုးရိုးရှင်းရှင်းပါပဲ။ ကောင်းကင်ကို ပြင်ဆင်ချင်တာပေါ့။"

"အဲ့ဒါဆိုလည်း သွားပြင်ပါလား။ ဘာလို့ ကျွန်တော့်ကို လာပြောပြနေတာလဲ။"

အန်လင်း တုံ့ပြန်လိုက်သည်။

သူသည် ထိုအကြောင်းများအား အနည်းငယ်ပင် မကြားချင်ပေ။

စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အဆင့်ပဲရှိတဲ့ ငါ့လိုလူက ကမ္ဘာကြီးကို ကယ်တင်ရမှာလား.........

သောက်ကျိုးနည်း တာအိုပေါင်းစည်းခြင်းအဆင့်နဲ့ ဖန်ဆင်းရှင် နတ်ဘုရားအဆင့် ကျင့်ကြံသူတွေ ဘယ်ရောက်ကုန်လို့လဲ.....

ကောင်းကင်အရှင်သခင်မှာ ဒေါသမထွက်ပဲ စိတ်ရှည်လက်ရှည် ရှင်းပြလာသည်။

"ကောင်းကင်ကို ပြင်ဖို့ဆိုရင် ကောင်းကင်နဲ့ ဆက်နွယ်နေတဲ့ သက်ရှိကို ရှာဖို့လိုတယ်။ ကောင်းကင်တာအိုမှာ ဘာလိုအပ်နေတာလဲ သိရတော့မှ ကောင်းကင်ပြင်မယ့်သူတွေက အဲ့ဒါကိုရအောင် ကျင့်ကြံပြီး ခန္ဓာကိုယ်နဲ့ ပြင်ကြမှာလေ။ ဒီအစီအစဉ်က သင့်တော်မှု ရှိတယ်။"

အန်လင်းမှာ အသွေးအသားများပင် ဆူပွက်လာသလို ခံစားရသည်။

"ဘာလို့လာပြောပြနေတာလဲလို့။"

"မင်းမှာ ဖြစ်နိုင်ခြေ အများကြီး ရှိတယ်လို့ ခံစားရတယ်။"

ကောင်းကင်အရှင်သခင် ဖုံးကွယ်မနေပေ။

အန်လင်း မျက်နှာပျက်သွားသည်။

စုရှောင်လန်မှာ ပို၍ပင် တဲ့တိုးဆန်ပေသည်။

"ဘာမှလာပြောမနေနဲ့။"

ရှောင်ဇယ်မှာ ကောင်းကင်အရှင်သခင်အား အမြှီးဖြင့် ရိုက်လိုက်သည်။

"ခင်ဗျားက ဆရာ့ကို သေစေချင်နေတာလား။ ခင်ဗျားကို အရင်သတ်ပေးလိုက်မယ်။"

ဝုန်း..........

ရှောင်ဇယ်၏ အမြှီးမှာ ကောင်းကင်အရှင်သခင်နှင့် ပေတစ်ရာခန့် အကွာအဝေးတွင် ရပ်တန့်သွားရသည်။

"စိတ်လျှော့ကြပါဦး။ ငါက အသက်စွန့်ပေးဖို့ ပြောနေတာ မဟုတ်ပါဘူး။ ခန္ဓာကိုယ်ကိုသုံးပြီး ကောင်းကင်ကို ပြင်တာက စွန့်လွှတ်အနစ်နာခံစရာ မလိုဘူးလေ။ ငါတို့မှာ နည်းလမ်းတွေ ရှိပါတယ်။"

ကောင်းကင်အရှင်သခင် ရှင်းပြလိုက်သည်။

"ဆက်မပြောနဲ့တော့။ ကျွန်တော် စိတ်မဝင်စားဘူး။"

အန်လင်းမှာ ခက်ထန်သော အမူအရာဖြင့် ခေါင်းခါပြလိုက်သည်။

ကောင်းကင်အရှင်သခင်မှာ ဆက်ပြောလိုပါသော်လည်း အဆုံးတွင် လက်လျှော့လိုက်ရသည်။

"ကောင်းပြီလေ။ ငါက နှင်းပျိုမဒီတွေ အကြောင်းပြောပြရင်း ဒါကိုပါ သိစေချင်လို့ပါ။"

"ကောင်းကင်ဘုံပြင်ဆင်ခြင်းဂိုဏ်းအတွက် တခြားဖြစ်နိုင်ခြေ ရှိတဲ့သူတွေလည်း ရှိပါတယ်။ မင်းဂိုဏ်းထဲဝင်ချင်တယ်ဆိုရင် ငါ့ကိုဆက်သွယ်ပါ။"

ကောင်းကင်အရှင်သခင် သက်ပြင်းချလိုက်သည်။

အန်လင်း ခေါင်းညိတ်ပြလိုက်ပါသော်လည်း စိတ်ထဲတွင် အော်ဟစ်နေသည်။

ယီးမို့ဆက်သွယ်ရမှာလား..........

ဝင်မယ်ဆိုရင်တောင် မိုးဖြိုဂိုဏ်းကိုပဲ ဝင်မှာပေါ့.......

ထိုသို့ဖြင့် ယင်းကိစ္စမှာ နိတ္ထိတံသွားခဲ့သည်။

ကောင်းကင်အရှင်သခင်သည် ပြောစရာ ရှိသည်များကို ပြောထားပြီးပြီ ဖြစ်သောကြောင့် ထပ်၍ဖိအားမပေးတော့ပေ။

အန်လင်းသည် ကောင်းကင်အရှင်သခင်နှင့် စကားဝိုင်းတွင် ထိုမျှထိတ်လန့်စရာ သတင်းအချက်အလက်များဘသိလိုက်ရမည်ဟု ထင်မှတ်မထားခဲ့ပေ။

ကြည့်ရတာ ကမ္ဘာကြီးက မအေးချမ်းနေဘူးပဲ........

အန်လင်းမှာ ခံစားချက်များ ရောပြွန်းနေသည်။

သူသည် ကျင့်ကြံရေးလောကတွင် ဆရာတစ်ဆူ ဖြစ်နေသောကြောင့် ကိုယ့်ကိုယ်ကို သာမန်လူအဖြစ် မသတ်မှတ်ထားပေ။

ထို့ကြောင့်ပင် စိုးရိမ်စရာ ကိစ္စများအား သိခဲ့ရခြင်း ဖြစ်နိုင်သည်။

ကောင်းကင်တာအို၏ ပြစ်ချက်ကြောင့် မြင့်မြတ်သော ရေခဲကုန်းမြေမှာ အထိန်းအချုပ် ကင်းမဲ့အောင် အခြေအနေ ဆိုးရွားသွားခဲ့သည်။

နောက်ထပ်ဘာတွေ ဖြစ်လာဦးမှာလဲ.......

All Chapters