← Chapters

တုန်းဖန်းကျွမ်းရှီး၏ ခရီးစဉ်

Vol. 62 Ch. 871

တုန်းဖန်းကျွမ်းရှီး၏ ခရီးစဉ်

Vol. 62 Ch. 871

အန်လင်းမှာ အခြေအနေ ဆိုးရွားနေသော တပိုင်အားကြည့်ကာ ကြောင်တောင်တောင် ဖြစ်သွားရသည်။

"တပိုင်...... ဘယ်လိုဖြစ်တာလဲ။ ဘယ်သူမင်းကို လုပ်လိုက်တာလဲ။"

"ထူ...... ထူပါ့ရှူတစ်ကောင်.... ဝုတ်...."

တပိုင်မှာ အရှက်ကွဲသွားသလို ခံစားနေရသည်။

အန်လင်း : ".............."

တပိုင် အဘယ်ကြောင့် ရှုံးနိမ့်လာရသည်ကို သူသိသွားလေပြီ။

"လူခါးတဝက်စာလောက်ရှိတဲ့ ရွှေရောင်ထူပါ့ရှူလား။"

အန်လင်း မေးမြန်းလိုက်သည်။

တပိုင် အမူအရာ ပြောင်းလဲသွားသည်။

"ဟုတ်တယ်။ အစ်ကိုကြီးအန်က သူ့ကိုသိလို့လား....... ဝုတ်။"

အန်လင်း မျက်နှာပျက်ကာ သက်ပြင်းချလိုက်သည်။

"အဲ့ကောင်က ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေက စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် စိတ်ဝိဉာဉ်သားရဲလေ။ မင်းနိုင်လာရင်တောင် ထူးဆန်းနေဦးမယ်။"

တပိုင် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

"အဲ့ထူပါ့ရှူက ကျောင်းတော်က သားရဲမဟုတ်ဘူး။ မင်းရဲ့အမြင်တွေ ဒီထက်ကျယ်ဖို့လိုတယ်။ သွား...... တပိုင် မင်းရဲ့အောင်ပွဲကို ယူလာခဲ့စမ်းပါ။"

အန်လင်းမှာ ခွန်အားဖြည့်ဆေးလုံးအား တပိုင်ထံ ပေးလိုက်သည်။

တပိုင်မှာ တုန်တုန်ရီရီနှင့်ပင် အန်လင်းအား ကုပ်ကပ်ဖက်တွယ်ထားသည်။

"ဟင့်အင်း....... ကျွန်တော် ဘယ်မှမသွားချင်တော့ဘူး။ အစ်ကိုကြီးအန် ဘေးနားမှာ နေရတာ ပျော်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကမ္ဘာကြီး ငြိမ်းချမ်းနေတာပဲ ပိုကောင်းတယ်မလား။"

တပိုင်မှာ ခွေးငကြောက် ဖြစ်သွားပြီပင်။

သူသည် အမှန်တကယ် ထိတ်လန့်သွားခဲ့ရသည်။ ယုံကြည်ချက်များ ပြန်လည်ရယူမည့် ခရီးစဉ် အစမှာပင် ထူပါ့ရှူတစ်ကောင်ကြောင့် ကျိုးကန်းတော့မလို ဖြစ်ခဲ့ရသည်။ ထိုခရီးကိုသာ ဆက်လျှောက်နေပါက ယခုထက်ပို၍ ဆိုးရွားသည်များပင် ဖြစ်လာနိုင်ပေသည်။

အန်လင်းမှာလည်း တပိုင်အား အဆောင်ထဲတွင် နေခိုင်းရုံမှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။

မကြာမီပင် အဆောင်တံခါးခေါက်သံကို ကြားလိုက်ရသည်။

တံခါးဖွင့်ပေးလိုက်သောအခါ တုန်းဖန်းကျွမ်းရှီး၊ ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာနှင့် ဇူစကာတို့အား တွေ့လိုက်ရလေသည်။

တပိုင်သည် ဧည့်သည်များကိုကြည့်ကာ ဒူးထောက်ကျမလိုပင် ဖြစ်သွားရသည်။

ဒီကောင်တွေ ငါ့ကိုထပ်လာရှာတာလား...........

ထို့နောက် အန်လင်းသည် သက်လတ်ပိုင်းအရွယ် အမျိုးသားနှင့် ရယ်ရယ်မောမောပင် နှုတ်ဆက်နေကြသည်ကို တွေ့လိုက်ရသည်။

အမှန်တရားအား သိရှိသွားပြီးနောက် ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာမှာလည်း တပိုင်အား ကိုယ်တိုင်ကိုယ်ကျ လာရောက်တောင်းပန်ခဲ့သည်။

"အာ....... အချင်းချင်း သိနေကြတာလား။ ဘာလို့ အစထဲက မပြောပြခဲ့တာလဲ...... ဝုတ်။"

တပိုင် မကျေမနပ် ဖြစ်နေသည်။ သူသည် ဘာမှလည်း မဟုတ်ပါပဲ သဲအိတ်တစ်အိတ်နှယ် သမခံခဲ့ရသည်။

"တိုက်ပွဲမှာ စတွေ့ခဲ့တာတော့ ကံဆိုးတာပဲ။"

ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာ ပြုံးကာပြောလိုက်သည်။

"ငါ့ရဲ့တာအိုနာမည်က ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာပါ။ အခုကစပြီး ငါတို့က ညီအစ်ကိုတွေပဲ။ မင်းကငါ့ကို အစ်ကိုကြီးဓားမော့လို့ခေါ်ပေါ့။ ငါကမင်းကို ညီလေးပိုင်လို့ ခေါ်မယ်လေ။ ဘယ်လိုသဘောရလဲ။"

တပိုင်မှာ အသားများပင် တုန်ယင်သွားရသည်။

ငါက အစ်ကိုကြီး ဖြစ်ရမှာလေ.....

အန်လင်းနှင့် တုန်းဖန်းကျွမ်းရှီးမှာ လက်ဖက်ရည်ကြမ်းသောက်ကာ စကားစမြည် ပြောဆိုနေသည်။

၎င်းတို့သည် အရေးကြီးသော အကြောင်းအရာများအား တဖြည်းဖြည်း စတင်ဆွေးနွေးလာသည်။

"ဒီကမ္ဘာကို ပြန်ရောက်လာပြီဆိုတော့ သွေးမိစ္ဆာကီရင်ဆိုတဲ့ နာမည်အစား တုန်းဖန်းကျွမ်းရှီးဆိုတဲ့ သာမန်လူသား အနေနဲ့ပဲ ဆက်နေသွားတော့မယ်။ ပြီးတော့ ခန္ဓာကိုယ် ပြန်တည်ဆောက်ဖို့ လုပ်ရမယ်။"

သက်လတ်ပိုင်းအရွယ် အမျိုးသားမှ ပြောလိုက်သည်။

"ကျွန်တော် ဘာကူညီပေးရမလဲ။"

အန်လင်းသည် သွေးကီရင်ကျောက်စိမ်းနှင့် ပက်သတ်၍ စိတ်မသက်မသာ ဖြစ်နေဆဲပင်။ သွေးကီရင်ကျောက်စိမ်းသည် တုန်းဖန်းကျွမ်းရှီး၏ ပြီးပြည့်စုံမှု အရှိဆုံး ခန္ဓာကိုယ် ဖြစ်ပါသော်လည်း အန်ကီရင်မှ မြိုချပစ်ခဲ့သည်။ ထို့ကြောင့် သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ အန်လင်းနောက် တကောက်ကောက် လိုက်နေရကာ နှစ်ဦးလုံးအတွက် ကသိကအောက် ဖြစ်စေခဲ့သည်။

အပြစ်ရှိစိတ်ထက် သက်လတ်ပိုင်းအရွယ် အမျိုးသားနှင့် တသက်လုံး တပူးပူးတတွဲတွဲ မနေလိုသည့်စိတ်လည်းပါသည်။

မည်သို့ပင်ဆိုစေကာမူ သူနှင့်ရှောင်လန်သည် တုန်းဖန်းကျွမ်းရှီးအား အသက်နှင့်ရင်းကာ ကယ်ခဲ့ရသောကြောင့် ၎င်းအား အားနာနေရန် မလိုပေ။ အန်လင်းတို့သည် တုန်းဖန်းကျွမ်းရှီးအား ပန်ကုထံမှ ကယ်လာရသည် မဟုတ်လော။

နေပါဦး.........

အတွေးတစ်ခုကြောင့် အန်လင်း မျက်လုံးပြူးသွားသည်။

ငါက ပန်ကု အပြစ်သားကို ကယ်လာတာဆိုတော့ ပန်ကုက အငြှိုးထားနေလောက်မလား.......

ထိုအတွေးနှင့်ပင် ကြက်သီးထသွားရသည်။

"သခင်လေးအန်လင်း....... မင်းအဆင်ပြေရဲ့လား။"

တုန်းဖန်းကျွမ်းရှီးမှာ ရုတ်တရက် ဖြူရော်သွားသော အန်လင်းကိုကြည့်ကာ စိုးရိမ်သွားသည်။

"ကျွန်...... ကျွန်တော် အဆင်ပြေပါတယ်။"

အန်လင်းမှာ အေးစိမ့်နေသော နှလုံးသားနှင့်အတူ အားယူကာ ပြုံးလိုက်ရသည်။

ငါတော့ ငါးပါးမှောက်တော့မှာပဲ.........

"ဆက်ပြောပါဦး။"

အန်လင်း ပြုံးကာပြောလိုက်သည်။

တုန်းဖန်းကျွမ်းရှီး ခေါင်းညိတ်ပြလာသည်။

"အားနည်းလွန်းတဲ့ ခန္ဓာကိုယ်က ပြီးပြည့်စုံတဲ့ သိစိတ်အာရုံကို ခံနိုင်ရည် ရှိမှာမဟုတ်ဘူး။ အဲ့ဒါကြောင့် ငါ့အတွက် ဒဏ္ဍာရီလာ သားရဲခန္ဓာ လိုအပ်တယ်။"

အန်လင်း လက်ဖက်ရည်ကြမ်းအား မော့သောက်လိုက်သည်။

တုန်းဖန်းကျွမ်းရှီး ဆက်ပြောလိုက်သည်။

"အရင်ဆုံး နတ်ဘုရားနှလုံးသားနဲ့ နတ်ဘုရားသွေးရည်ကို ရမှဖြစ်မယ်။"

အန်လင်း အသက်ရှူသံများ ပြင်းသွားရသည်။

"ဘာဖြစ်လို့လဲ။"

တုန်းဖန်းကျွမ်းရှီး မေးမြန်းလိုက်သည်။

"ဘာမှမဟုတ်ဘူး။ ဆက်ပြောပါ။"

အန်လင်း ရေနွေးတစ်ကျိုက် ထပ်မော့လိုက်မိသည်။

နတ်ဘုရားနှလုံးသားသည် နတ်အဆင့် သိစိတ်အာရုံ ရုပ်သွင်ဖြစ်ပြီး နတ်ဘုရားသွေးရည်မှာ နတ်အဆင့် စွမ်းအင်ရုပ်သွင် ဖြစ်သည်။ သူသည်လည်း စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အဆင့်သို့တက်ရန် မစ်ရှင်များထဲတွင် ထိုသည်ကို လုပ်ဆောင်ခဲ့ရဖူးသည်။

တုန်းဖန်းကျွမ်းရှီး စကားဆက်လိုက်သည်။

"နောက်တစ်ခုကတော့ နည်းနည်းခက်တယ်။ ပါရာဂွန်နတ်သစ်သီးကိုရမှ ဒဏ္ဍာရီလာ သားရဲခန္ဓာ တည်ဆောက်နိုင်မှာ။"

"ဖွီး........."

အန်လင်းမှာ လက်ဖက်ရည်ကြမ်းများ မှုတ်ထုတ်လိုက်မိသည်။

သက်လတ်ပိုင်းအရွယ် အမျိုးသား နားမလည်နိုင် ဖြစ်သွားသည်။

"ဘာဖြစ်နေတာလဲ။ ငြိမ်ငြိမ်လေး နားထောင်ပေးလို့ မရဘူးလား။"

အန်လင်း မျက်နှာပျက်သွားသည်။

"ဦးလေးတုန်းဖန်း........ အဲ့ပစ္စည်းတွေက ဒဏ္ဍာရီလာ သားရဲခန္ဓာ တည်ဆောက်ဖို့ဆိုတာ သေချာရဲ့လား။"

"ဒါပေါ့....... ငါမင်းကို ဘာလို့လိမ်ရမှာလဲ။"

တုန်းဖန်းကျွမ်းရှီး အနည်းငယ် ဒေါသထွက်သွားသည်။

"ဦးလေးပြောသွားတာတွေက ကျွန်တော် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အဆင့်တက်ဖို့ သုံးခဲ့တာတွေနဲ့ တစ်ထပ်တည်းပဲ။"

အန်လင်း ကူကယ်ရာမဲ့စွာ ရေရွတ်လိုက်သည်။

တုန်းဖန်းကျွမ်းရှီး : "........."

"ဖြစ်နိုင်ခြေရှိတာကို ပြောစမ်းပါ။ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အဆင့်တက်ဖို့ အဲ့ဒါတွေ လိုစရာလား။"

တုန်းဖန်းကျွမ်းရှီး မယုံကြည်ပေ။

"တကယ်သုံးခဲ့ရတာပါဆို။ ကျွန်တော်က ဘာကိစ္စနဲ့ လိမ်ရမှာလဲ။"

အန်လင်း လေးနက်စွာ ပြောလိုက်သည်။

"ကျွန်တော် သက်သေထူပေးနိုင်တယ်..... ဝုတ်။"

တပိုင် လက်ထောင်ပြကာ ထောက်ခံလာသည်။

တုန်းဖန်းကျွမ်းရှီး ငြိမ်သက်သွားသည်။

တစ်ခုခု မှားနေသလိုပဲ........

ဒဏ္ဍာရီလာ သားရဲခန္ဓာ တည်ဆောက်ဖို့ အစီအစဉ်က ခမ်းနားသလို မခံစားရတော့ဘူး...........

"အဲ့ဒါတင်မကသေးဘူး။ ဒဏ္ဍာရီလာသားရဲ အရိုးတွေလည်း လိုသေးတယ်။"

တုန်းဖန်းကျွမ်းရှီးမှာ ဂုဏ်သိက္ခာ ပြန်ဆယ်လိုက်ရသလို စိတ်လှုပ်ရှားသွားသည်။

"ပါရာဂွန်နတ်သစ်သီးနဲ့ ဒဏ္ဍာရီလာ သားရဲခန္ဓာ တည်ဆောက်ရမှာဆိုပေမယ့် ဒဏ္ဍာရီလာသားရဲ အရိုးစုနဲ့ ငါ့ခန္ဓာကိုယ်အတွက် အရိုးစုပုံစံ ဖန်တီးရမှာ။ အားလုံးထဲမှာ အဲ့ဒါက ရှာရအခက်ဆုံးပဲ။"

"လက်ရှိအချိန်မှာ ဒဏ္ဍာရီလာသားရဲ အရိုးရဖို့ ဘယ်လွယ်ပါ့မလဲ။ အခွင့်အရေးတွေ........."

ဝုန်း.......

တုန်းဖန်းကျွမ်းရှီး စကားမဆုံးသေးခင်မှာပင် အဖြူရောင် အရိုးတစ်ချောင်း ပေါ်ထွက်လာသည်။ ထိုအရိုးထံမှ ကြောက်မက်ဖွယ် အရှိန်အဝါများ ဖြာထွက်နေလေသည်။

"ခင်ဗျားရှာနေတဲ့အရိုး......... မလောက်သေးရင်ပြောနော် သိုလှောင်လက်စွပ်ထဲမှာ ရှိသေးတယ်။"

တုန်းဖန်းကျွမ်းရှီး : "..............."

သူသည် ပါးစပ်အဟောင်းသားဖြစ်ကာ အံ့သြနေမိသည်။

"ကျေးဇူးပါကွာ။"

ထို့နောက် တွေဝေခြင်းမရှိပဲ အရိုးအား ရယူလိုက်သည်။

"ဒီအရိုးရဲ့ အရှိန်အဝါကို ရင်းနှီးနေသလိုပဲ။"

တုန်းဖန်းကျွမ်းရှီး ရေရွတ်လိုက်သည်။

"အဲ့ဒါ သန္ဓေပြောင်းသွေးဇာမဏီရဲ့ အရိုးလေ။ ခင်ဗျား သူ့ကိုတွေ့ဖူးလား။"

အန်လင်း မေးကြည့်လိုက်သည်။

တုန်းဖန်းကျွမ်းရှီး အမူအရာ ပြောင်းလဲသွားရသည်။

"ဟားဟား........ ကံကြမ္မာက တစ်ခါတလေ ရယ်ရတာပဲ။"

သူသည် ထိုကိစ္စနှင့်ပက်သတ်၍ ထပ်မပြောတော့ပဲ နတ်ဘုရားနှလုံးသားနှင့် နတ်ဘုရားသွေးရည်တို့အကြောင်း ဆွေးနွေးလိုက်ကြသည်။

"နတ်ဘုရားနှလုံးသားနဲ့ နတ်ဘုရားသွေးရည်ရဖို့ ဒီကမ္ဘာက သြဇာအာဏာရှိတဲ့ သခင်ကြီးတွေရဲ့ သင်္ချိုင်းတွေ လိုက်ဖောက်ရမယ်ထင်တယ်။"

"ငါ့ခန္ဓာကိုယ်ကို ခန့်မှန်းရသလောက်တော့ တိုက်တာခိုက်တာ မလုပ်ရင် မင်းမရှိပဲ တစ်နှစ်လောက် နေနိုင်လိမ့်မယ်။"

"ဒါပေမယ့် တိုက်ပွဲဖြစ်လာရင်တော့ ပြောလို့မရဘူး။ ကြမ်းရင်ကြမ်းသလောက် ငါ့အစွမ်းတွေ တစ်ခါတည်း ကုန်သွားနိုင်တယ်။"

အန်လင်း ခေါင်းညိတ်ပြလိုက်သည်။

"ခင်ဗျားမှာ သယ်သွားလို့ရတဲ့ စွမ်းအင်သိုလှောင်တာမျိုး မရှိဘူးလား။"

"ဟမ်....."

တုန်းဖန်းကျွမ်းရှီး ကြောင်အမ်းအမ်း ဖြစ်သွားသည်။

"ပေါ့ပေါ့ပါးပါး သယ်သွားပြီး လိုမှအားဖြည့်လို့ရတဲ့ စွမ်းအင်အထောက်အပံ့မျိုးပေါ့။"

အန်လင်း ရှင်းပြလိုက်သည်။

တုန်းဖန်းကျွမ်းရှီး ခေါင်းခါပြလိုက်သည်။

"မင်းဘေးမှာနေမှ အားပြည့်မှာ။ မင်းကနေမင်း၊ ငါကမြက်ပင်လေးပေါ့။ မင်းနဲ့သာ ကြာကြာခွဲနေရရင် ငါသေသွားလောက်တယ်။"

ရှောင်ဟုန် ရုတ်တရက် ဝင်ရောက်ပြောဆိုလာသည်။

"အရမ်းကို ရင်ထဲထိစေတဲ့ ရည်းစားစကားပဲ။"

အန်လင်း : ".........."

တုန်းဖန်းကျွမ်းရှီး : "............."

"မင်းပါးစပ်ပိတ်ပြီး နေရောင်ခံနေလို့ မရဘူးလား။ ဝင်မပါစမ်းပါနဲ့။"

အန်လင်း ဆူပူလိုက်သည်။

"ရှောင်ဟုန်ပြောတာ မှန်တယ်ထင်တာပဲ။"

တပိုင် သဘောတူလာသည်။

ဝုန်း........

အန်လင်း၏ လက်ဝါးချက်ကြောင့် တပိုင် လွင့်ထွက်သွားလေသည်။

အန်လင်း မျက်ခုံးနှိပ်ကာ ပြောလိုက်သည်။

"ကောင်းပြီလေ။ ကြိုက်တဲ့အချိန်လာပြီး အားလာသွင်းပေါ့။ အချိန်အများစုကတော့ ကျောင်းမှာပဲ ရှိနေမှာပါ။"

တုန်းဖန်းကျွမ်းရှီး ပြုံးကာခေါင်းညိတ်ပြလိုက်သည်။

"အော်...... တစ်ခုပြောမလို့........ သွေးစက်ကုန်းမြေထုတ်ဖို့ နေရာတစ်ခုလောက် လိုချင်တယ်။ အဲ့ကျွန်းက ကြယ်စင်တွေရဲ့ စွမ်းအားကို လိုအပ်တယ်။ စုစည်းညီညွတ်ကျင့်ကြံခြင်းကျောင်းတော်နားမှာ သွေးစက်ကုန်းမြေထားဖို့ ကောင်းကင်အရှင်သခင်ဆီကနေ ခွင့်ပြုချက် တောင်းထားပြီးပြီ။ မင်းအကြံပေးချင်တဲ့ နေရာရှိလား။"

အန်လင်း အနည်းငယ်တွေးကာ မျက်ဝန်းများ တောက်ပလာတော့သည်။

All Chapters