← Chapters

ဒေါသလွှဲပြောင်းခြင်းနည်းလမ်း

Vol. 63 Ch. 880

ဒေါသလွှဲပြောင်းခြင်းနည်းလမ်း

Vol. 63 Ch. 880

အန်လင်းသည် အသံဆက်သွယ်သော ကျောက်စိမ်းပြားအား ငေးကြောင်ကြည့်နေမိသည်။

သောက်ကျိုးနည်း....... ချသွားပြန်ပြီ........

ချန်အယ် ယခုလို ဖြစ်နေစဉ်အတွင်း သူမနှင့် ပြောဆိုဆက်သွယ်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

ဘာသာပြန် စုချန်းရန် ရှိနေပါသော်လည်း သာမန်စကားဝိုင်းတစ်ခုလို ဖြစ်မလာပေ။

"စုချန်းရန်....... ချန်အယ်အတွက် ဆေးတွေဘာတွေ မရှိဘူးလား။"

အန်လင်းနှစ် မေးမြန်းလိုက်သည်။

စုချန်းရန် စကားဆိုလိုက်သည်။

"အင်း...... အစ်မကြီးချန်အယ်က ပြဿနာတစ်ခုခုရှိတာ ဒါမှမဟုတ် ကျင့်ကြံရေးမှာ အခက်တွေ့တာမျိုးဆိုရင် အခုလို ဖြစ်တတ်တယ်။ ဒါမှမဟုတ် ဒီအတိုင်း စိတ်ဓာတ်ကျနေတာလည်း ဖြစ်နိုင်ပါတယ်။"

"သူမရဲ့ အာရုံကို ပြောင်းပေးတာက အကောင်းဆုံး ဖြစ်လိမ့်မယ်။"

အန်လင်း ခေါင်းညိတ်လိုက်သည်။ သူမ၏ ပြဿနာအား ဖြေရှင်းပေးရန် မလွယ်ကူပါသော်လည်း အာရုံပြောင်းပေးရန်မှာ မခက်ခဲလှပေ။ သူသည် လျှာစောင်းထက်လွန်းလှသောကြောင့် လွယ်သည်ထက်ပင် လွယ်ကူနေလိမ့်ဦးမည်။

သူသည် ချန်အယ်၏ စိတ်ခံစားချက်အား လှည့်စားပေးလိုက်ရုံသာ လိုသည်။

ထိုသို့ဖြင့် အန်လင်းမှာ ချန်အယ်အား ဆက်သွယ်လိုက်ပြန်သည်။ ယခုတစ်ခါတွင်မူ သူမဘက်မှ မတုံ့ပြန်တော့ပေ။

အန်လင်း : "..........."

အော်...... ငါနည်းလမ်းတွေ့ကာမှ ဆက်သွယ်မရတော့ပါလား.............

အန်လင်း လက်မလျှော့သေးပဲ ချန်အယ်အား ဆက်တိုက်ဆက်သွယ်နေသည်။

ကြိုးစားမှုပေါင်း သောင်းခြောက်ထောင်နှင့်အတူ ချန်အယ်မှာ တုံ့ပြန်လာလေသည်။

"နင်က ထာဝရလေပြေလား။ ပျက်စီးမသွားနိုင်ဘူးလား။"

စိတ်ပျက်လက်ပျက် စကားသံတစ်ခုအား ကြားလိုက်ရသည်။

အန်လင်း မျက်နှာပျက်သွားပါသော်လည်း ချန်အယ်၏ စကားများကို အရေးစိုက်မနေတော်ပေ။

"ကောင်းကင်နတ်မိမယ် ချန်အယ်ခင်ဗျ....... ကျွန်တော် ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေကနေ ခင်ဗျားအတွက် အရမ်းစိတ်ဝင်စားစရာ ကောင်းတဲ့ဟာတစ်ခု ယူလာတယ်။"

"ဟူး....... ငါ့ရဲ့ စိတ်ဝင်စားမှုက နွေဦးရဲ့ နွေးထွေးမှုလို အားနည်းလွန်းပါတယ်။"

ချန်အယ် သက်ပြင်းချလိုက်သည်။

အန်လင်းမှာ သူမစကားများအား နားလည်လာလေပြီ။

မလုံလောက်သေးဘူးတဲ့လား......... လူသားတွေမှာ စပ်စုချင်စိတ်က အားအကောင်းဆုံး မဟုတ်လား........ ချန်အယ်က ဘာလို့အဲ့လိုမဟုတ်တာလဲ......

သူအံကြိတ်ကာ စကားဆိုလိုက်သည်။

"ခင်ဗျားကို လူတစ်ယောက်က ငတုံးမလို့ပြောတယ်။"

ပတ်ဝန်းကျင်မှာ တိတ်ဆိတ်သွားသည်။

ခေတ္တကြာပြီးနောက် ချန်အယ် တုံ့ပြန်လာသည်။

"ဘယ်သူကလဲ။"

အန်လင်း အသက်ပြင်းပြင်းရှူလိုက်သည်။

"ငတုံးမ......"

ချန်အယ် : "............"

အန်လင်း : "............."

"ဂလု...."

အန်လင်း တံထွေးမြိုချလိုက်သည်။

သူသည် အဆုံးစွန်ထိ စွန့်စားလိုက်ခြင်းပင်။ စပ်စုချင်စိတ်သည် ချန်အယ်အပေါ် အလုပ်မဖြစ်သောကြောင့် ဒေါသအား နှိုးဆွလိုက်ခြင်း ဖြစ်သည်။ လူတစ်ယောက်သည် မည်မျှဝမ်းနည်းနေပါစေ အဆဲခံလိုက်ရပါက ဆွဲလုပ်လိုက်ချင်သူများသာ။

ဥပမာအားဖြင့် လူတစ်ယောက်သည် ဆိုရှယ်မီဒီယာပေါ်တွင် ဒေဝါလီခံရကြောင်း သို့မဟုတ် စတော့ရှယ်ယာများကြောင့် အကြွေးတင်နေကြောင်း ရေးသားလာပါက "ဟားဟားဟား"ဟုသာ မန့်ခဲ့လိုက်ပါ။

၎င်းတို့သည် ဝမ်းနည်းပူဆွေးမှုများအစား ဒေါသများသာ ထောင်းထောင်းထလာလိမ့်မည်။ သင်သည် ၎င်းတို့၏ အမျက်ဒေါသအား တိတ်တဆိတ် ခံစားရနိုင်ပါသော်လည်း ရည်ရွယ်ချက်မှာ အထမြောက်သွားပြီပင်။ ထိုသည်မှာ အရေးအကြီးဆုံး ဖြစ်သည်။

အထိုးကြိတ်ခံရလျှင်ပင် ဆေးရုံများတွင် ကုတင်ကောင်းကောင်း၊ လေအေးပေးစက်နှင့် ဝိုင်ဖိုင်စက်များ ရှိနေသောကြောင့် စိုးရိမ်စရာ မရှိပေ။

ထင်မှတ်ထားသည့်အတိုင်း အဖြူရောင် ဝတ်စုံနှင့် လှပလွန်းသော အမျိုးသမီးတစ်ဦး အန်လင်းရှေ့သို့ ရောက်ရှိလာကာ လက်အားမြှောက်တင်လိုက်သည်။

အန်လင်း မျက်မှောင်ကျုံ့လိုက်မိသည်။

"ခဏလေးပါ။ ကျွန်တော်က......"

ဖြန်း........

ဝုန်း........

လစန္ဒာ စွမ်းအင်များနှင့်အတူ မြေပြင်မှာ ပြင်းထန်စွာ တုန်ခါသွားပြီး ငါးကီလိုမီတာ အတွင်းရှိ ပင်လုံးကြိုင် အပင်များအားလုံး အမြစ်မှ ကျွတ်ထွက်ကုန်သည်။

အန်လင်းမှာ မြေပြင်ပေါ် ရိုက်ချခံလိုက်ရသောကြောင့် မြေပြင်တွင် အက်ကြောင်းများ ထသွားရသည်။

"အသက်ရှင်ရတာ ပင်ပန်းနေပြီလား။ ဘာလို့ လူလိုသူလို စကားမပြောနိုင်တာလဲ။"

ချန်အယ်၏ ဝတ်စုံသည် လေနှင့်အတူ မျောလွင့်နေပြီး သူမ၏ စကားသံမှာလည်း အေးစက်ခက်ထန်နေသည်။

ထိုစကားကြောင့် အန်လင်း ရင်ဘတ်အောင့်သွားသည်။

လူလိုသူလို မပြောတတ်တာ ခင်ဗျားလေ..........

သူသည် ရဲတွတ်သွားသော ပါးပြင်အားကိုင်ကာ တစ်စုံတစ်ခုကို သတိရလိုက်မိသည်။

တုန်းဖန်းမန့်ကျယ်၏ ပါးရိုက်ချက်များမှာလည်း ယခုကဲ့သို့ ရက်စက်လွန်းလှပေသည်။

အန်လင်း ခက်ခက်ခဲခဲ မတ်တပ်ထရပ်ကာ အရိုအသေ ပေးလိုက်သည်။

"တောင်းပန်ပါတယ် ကောင်းကင်နတ်မိမယ် ချန်အယ်။ ကျွန်တော့်ရဲ့ ရိုင်းပြမှုကို ခွင့်လွှတ်ပေးပါ။ ဒီနေ့ လနန်းတော်ကို လာရတာက အံ့ဖွယ်ဆေးလုံးအတွက် ကူညီပေးစေချင်လို့ပါ။"

ချန်အယ် အံ့အားသင့်သွားရသည်။

"အံ့ဖွယ်ဆေးလုံးကို သန့်စင်စေချင်တာလား။ ဘာအမျိုးအစား လိုချင်တာလဲ။ ဘယ်သူ့အတွက်လဲ။"

ချန်အယ်၏ စကားအား ဘာသာပြန်စရာ မလိုတော့သဖြင့် အန်လင်း စိတ်လှုပ်ရှားသွားသည်။

"ကျွန်တော့်အတွက်ပါ။ ဘာအမျိုးအစားဖြစ်ဖြစ် ကိစ္စမရှိပါဘူး။ အံ့ဖွယ်ဆေးလုံးဖြစ်ရင်ရပြီ။ စျေးပေါပြီး သန့်စင်ရ လွယ်တာမျိုးပေါ့။"

အံ့ဖွယ်ဆေးလုံးအတွက် ပါဝင်ပစ္စည်းများမှာ ရှားပါးလွန်းသည့်အပြင် စျေးနှုန်းလည်း မနည်းလှပေ။ ပါဝင်ပစ္စည်းများကိုပင် အတော်ရှာရလောက်သည်။

အချို့သော ကျင့်ကြံသူများသည် အံ့ဖွယ်ဆေးလုံး၏ ပါဝင်ပစ္စည်းများအတွက်ပင် နှစ်ဆယ်ချီ သို့မဟုတ် နှစ်ရာချီအထိ ရှာဖွေရလေ့ ရှိသည်။ အန်လင်းသည် ထိုမျှမစောင့်နိုင်သောကြောင့် လွယ်ကူရိုးရှင်းသော အံ့ဖွယ်ဆေးလုံးကိုသာ အလိုရှိသည်။

ချန်အယ် ပါးစပ်အဟောင်းသားဖြစ်ကာ မျက်ခုံးပင့်လိုက်သည်။

"အခုခေတ် လူငယ်တွေက အံ့ဖွယ်ဆေးလုံးကိုတောင် အပျော်တမ်းစားကစားနေကြပြီလား။"

အန်လင်း ပြုံးကာပြောလိုက်သည်။

"စျေးပေါပြီး သန့်စင်ရလွယ်ရင် နှစ်ယောက်လုံးအတွက် ပိုအဆင်ပြေတယ်မလား။"

ချန်အယ် အနည်းငယ် တွေဝေနေသည်။

"ငါစုထားတဲ့ ပါဝင်ပစ္စည်းတွေနဲ့ဆိုရင် သန့်စင်လို့ရတဲ့ အံ့ဖွယ်ဆေးလုံး သုံးမျိုးရှိတယ်။ ဒါပေမယ့် အမျိုးအစား တစ်ခုကပဲ နင်လိုချင်တာနဲ့ကိုက်တာ။"

"ကောင်းပြီ။ အဲ့ဒါပဲ ယူလိုက်မယ်လေ။"

အန်လင်း ဆုံးဖြတ်လိုက်သည်။

"ငါပြီးအောင် ပြောပါရစေဦး။"

ချန်အယ် စကားဖြတ်ပြောလိုက်သည်။

"ဒီအံ့ဖွယ်ဆေးလုံးက နည်းနည်းထူးခြားတယ်။"

"ဘယ်လိုထူးခြားတာလဲ။"

အန်လင်း မေးမြန်းလိုက်သည်။

ချန်အယ် လက်ချောင်းများ လှုပ်ရှားလိုက်သည်နှင့် မက်မောချင်စရာ ကောင်းလောက်အောင် သက်တံ့ရောင်များ ဖြာထွက်နေသော ဆေးလုံးတစ်လုံး ထွက်ပေါ်လာသည်။

ဆေးလုံးမှ ထွက်ပေါ်လာသော အံ့ဖွယ်အလင်းများသည် သက်တံ့ရောင် ဝတ်စုံတစ်ခုအဖြစ် ရုပ်လုံးပေါ်လာကာ အိပ်မက်ဆန်စွာ ယိမ်းနွဲ့ကခုန်နေလေသည်။

"ဒါက........"

အန်လင်း တအံ့တသြဖြစ်ကာ သက်တံ့ရောင် ဝတ်စုံအား ငေးကြောင်ကြည့်နေမိသည်။

ချန်အယ် ရှင်းပြလာသည်။

"ဒီဆေးလုံးကို သက်တံ့အံ့ဖွယ်တာအိုဆေးလုံးလို့ ခေါ်တယ်။ သောက်သုံးသူရဲ့ ယင်းယန်စွမ်းအင်အပြင် ဒြပ်စင်ငါးမျိုးရဲ့ အစွမ်းတွေကိုပါ မြှင့်တင်ပေးနိုင်တယ်။ ဒါပေမယ့် ဆေးလုံးရဲ့ စွမ်းအင်အကြွင်းအကျန်က ဒီပုံစံနဲ့ နင့်ခန္ဓာကိုယ်မှာ ဆယ်နှစ်လောက် ရှိနေလိမ့်မယ်။"

"ဒီပုံစံ....... ခင်ဗျားပြောတာ ဒီဝတ်စုံလား။"

အန်လင်းမှာ ကောင်းကင်ပေါ်ရှိ သက်တံ့ရောင် ဝတ်စုံအားကြည့်ကာ မျက်လုံးပြူးသွားရသည်။

ချန်အယ် ခပ်ဖွဖွ ပြုံးပြလာသည်။

"ဒီဆေးလုံးက စွမ်းအင်တွေ အများကြီး ပါတယ်။ နင့်ရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံနဲ့လည်း သင့်တော်တယ်။ ဒီဝတ်စုံလေးကလွဲရင် နင့်အတွက် ရွေးချယ်မှုကောင်း ဖြစ်မှာပါ။"

အန်လင်း သွေးအန်တော့မလို ဖြစ်သွားရသည်။

"မိန်းမဝတ်စုံ ဝတ်ထားရမှာကို ဘာမှမဟုတ်သလို ပြောနေတာလား။ အဲ့ဝတ်စုံကို ဘယ်ယောက်ျားက ဝတ်ထားနိုင်မှာလဲ။ ခင်ဗျား ကျွန်တော့်ကို ရူးကြောင်ကြောင် နှာဘူးထင်နေတာလား။"

ချန်အယ် နှုတ်ခမ်းကိုက်လိုက်သည်။

"နင်ပြောဖူးတာ ကျင့်ကြံရေးကို သဘောကျတယ်ဆို။ ကျင့်ကြံရေးအတွက် ဒါလေးတောင် မဝတ်နိုင်ဘူးလား။".

အန်လင်း မျက်နှာပျက်သွားသည်။

"ကောင်းပြီ။ ကောင်းပြီ။"

အန်လင်း မျက်စိမျက်နှာ ပျက်နေသည်ကိုကြည့်ကာ ချန်အယ် စိတ်ကျေနပ်သွားသည်။

"တခြားနည်းလမ်း ရှိပါသေးတယ်။"

"ဒီသက်တံ့ရောင် ဝတ်စုံကို ဖျောက်ပေးမယ့် အင်မော်တယ်ဆေးလုံး လုပ်ပေးလို့ရတယ်။ ဒါပေမယ့် ကုန်ကျစားရိတ်တော့ နည်းနည်းများသွားမယ်။"

"ရတယ်။ မိန်းမဝတ်စုံကြီး မဝတ်ရရင် ပြီးရောဗျာ။"

အန်လင်း စကားဆိုလိုက်သည်။

"အဲ့ဒါဆို ဒီသက်တံ့အံ့ဖွယ်တာအိုဆေးလုံးပဲ ယူလိုက်တော့မယ်နော်။"

ချန်အယ် ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီလေ။ ပါဝင်ပစ္စည်း တော်တော်များများတော့ ငါ့ဆီမှာ ရှိနေပါပြီ။ ဒါပေမယ့် တချို့ဟာလေးတွေတော့ ရှာရဖွေရဦးမယ်။ စရန်ငွေကိုတော့ စိတ်ဝိဉာဉ်ကျောက်တုံး သန်းတစ်ရာ ယူထားလိုက်မယ်။"

အန်လင်း : "............."

All Chapters