← Chapters

အဖက်ဖက်မှ ရန်သူများ

Vol. 25 Ch. 345

အဖက်ဖက်မှ ရန်သူများ

Vol. 25 Ch. 345

“ဘာ ... ဝံပုလွေ မင်းသားလေးက အသတ်ခံလိုက် ရတာလား။ ဘယ်သူလဲ။ ဘယ်သူ သတ်တာလဲ …”

ပေါင်လေ့က အရူးအမူး အော်မေးနေသည်။ မျက်လုံးဖြူ ဝံပုလွေ မင်းသားငယ်လေးမှာ အာကာသ ဝံပုလွေ ဘုရင်ကြီး၏ အရိုက်အရာကို ဆက်ဆံမည့် ပထမမျိုးဆက် မဟုတ်သော်လည်း ဘုရင်ကြီး၏ အနှစ်သက်ဆုံး မျိုးဆက်ထဲမှ တစ်ကောင် ဖြစ်ပေသည်။ ထို့အပြင် ဤခရီးအတွက် ဝံပုလွေ မင်းသားလေးမှာ သူနှင့်အတူ ထွက်လာသည် ဖြစ်ပြီး ယခု မင်းသားလေး အသတ်ခံရသည့်အခါ ပေါင်လေ့က အပြစ်မှ ကင်းလွတ်နိုင်မည် မဟုတ်ပေ။

“အဲဒီလူ ...” အဆင့် ၇ သားရဲတစ်ကောင်က မိုဝူကျီ၏ တည်နေရာကို ညွှန်ပြရင်း ပြောပြလိုက်သည်။ သူက ဤကိစ္စကို ပြောပြချင်သော်လည်း ကျားသစ်ဘုရင်က စကားပြောနေသည့် အတွက် အခွင့်အရေး မရခဲ့ပေ။

“ငါ မင်းကို သတ်မယ် ...” ပေါင်လေ့က မာန်ဖီရင်း ယခင်က သဘော တူညီချက်များကို ဂရုမစိုက်တော့ဘဲ မိုဝူကျီဆီ အတင်း ခုန်ဝင်တော့သည်။

မိုဝူကျီက ထိုအတွက် ပြင်ဆင်ထားပြီးသား ဖြစ်၍ ပေါင်လေ့ ခုန်ဝင်လာသည်ကို မြင်သည့်အခါ တွန့်ဆုတ်မနေဘဲ လေလွတ်မြောက်ရေး နည်းစနစ် အစွမ်းကို ချက်ချင်း ထုတ်သုံး လိုက်တော့သည်။

သူက လခြမ်းကွေး အင်မော်တယ် နန်းတော်ကို လက်လျှော့နိုင်သော်လည်း သူ့အသက်လေးကိုတော့ လက်မလျှော့နိုင်ချေ။ ထို့အပြင် ဤပေါင်လေ့က အဆင့် ၈ သားရဲ ဖြစ်သည့်အတွက် သူက မည်သည့် နည်းလမ်းကို အသုံးပြုစေကာမူ နိုင်မည် မဟုတ်ပေ။

“ဘမ်း” သဘာဝ စွမ်းအားများက ပေါက်ကွဲသွားပြီး လှိုင်းများ ကယက်ရိုက် သွားလေသည်။

ပေါင်လေ့က တားဆီး ခံလိုက်ရသည်။ တားလိုက်သူမှာ ကြယ်တာရာ ဘုရင်တောင်မှ ကြယ်တာရာသခင် ချီထုံ ဖြစ်ပေသည်။

မိုဝူကျီလည်း ရပ်တန့်ကာ ကြည့်လိုက်သည်။ သူက ကြယ်တာရာ သခင်သည် ဝင်ရောက် တားဆီးကာ သူ့အား ကူညီပေးလိမ့်မည်ဟု ထင်မထားပေ။

“ချီထုံ ဒါက ဘာသဘောလဲ၊ အဲဒီလူက ငါတို့ မင်းသားလေးကို သတ်လိုက်တာကွ။ မင်းက ကာကွယ်ပေးချင်နေတာလား။ လောကခန်းမက ဝံပုလွေဘုရင်ကြီးရဲ့ အမျက်ဒေါသနဲ့ ရင်ဆိုင်နိုင်မယ် ထင်နေလား” ပေါင်လေ့က ဒေါသတကြီး မာန်ဖီကာ အော်ပြောလိုက်သည်။

ချီထုံက ထိုစကားများကို ကြားသည့်အခါ သူ့စိတ်အခြေအနေမှာ ဝေဝါးသွားလေ၏။ သူက မိုဝူကျီဘက် ချက်ချင်း လှည့်လိုက်သည်။

မိုဝူကျီက ပြန်မဖြေခင် ရှူချီဟောင်က ဝင်ပြောပေးလိုက်သည် “အခုက မျက်လုံးဖြူ ဝံပုလွေ မင်းသားလေးက မိုဝူကျီကို ချောင်းမြောင်းတိုက်လို့ မိုဝူကျီက သူ့ဘာသာ ကာကွယ်တဲ့ အနေနဲ့ မတော်တဆ သတ်မိသွားတာပါ...”

“ဟားဟား ...” ပေါင်လေ့က အေးစက်စွာ ရယ်မောလိုက်သည် “ခင်ဗျား ပြောချင်တာက မင်းသားလေးက ချောင်းမြောင်းတိုက်တာကို ဒီလူက မတော်တဆ ပြန်သတ်လိုက် မိတာတဲ့လား။ ဘယ်သူမလို့လဲ  ... မြေကမ္ဘာ အင်မော်တယ်အဆင့် တက်လှမ်းမဲ့ သူမလို့လား ...”

ချီထုံက ချက်ချင်းဆိုသလို မျက်မှောင်ကြုတ် လိုက်မိသည်။ သူက မိုဝူကျီသည် ဝံပုလွေ မင်းသားလေးကို တကယ် သတ်ပစ်လိမ့်မည်ဟု ထင်မထားပေ။ ကိစ္စများက ပို၍ ရှုပ်ထွေးတော့မည် ဖြစ်သည်။

သူက မိုဝူကျီသည် ဝံပုလွေ မင်းသားလေးကို သတ်နိုင်သည်၊ မသတ်နိုင်သည်ကို သံသယ မဖြစ်ပေ။ မိုဝူကျီက မြေကမ္ဘာဘုရင် အဆင့်ဇယားတွင် အဆင့်တစ်ဖြစ်ကာ ဝံပုလွေ မင်းသားလေးမှာ မိုဝူကျီနှင့် အဆင့်တူ ဖြစ်ပေ၏။ သူက မည်မျှပင် အားကောင်းစေကာမူ မြေကမ္ဘာအဆင့် ၁ ကိုတော့ အနိုင်ရမည်ဟု တွေးနေလျှင် အိပ်မက် မက်နေခြင်းသာ ဖြစ်ရမည်။ မြေကမ္ဘာဘုရင် အဆင့်ဇယားပေါ်မှ သူများသည် အရည်အချင်းရှိသော ပါရမီရှင်များ ဖြစ်ကြသည်။ ထိုအထဲတွင် မိုဝူကျီမှာ အဆင့် ၁ ဖြစ်ပေသည်။

ကျန်းမိုနယ်မြေ၏ အထင်ရှားဆုံး အဆင့်ဇယားမှာ ကောင်းကင်ဘုရင် အဆင့်ဇယား မဟုတ်ဘဲ မြေကမ္ဘာအဆင့် ဇယားသာ ဖြစ်၏။ ထို့အပြင် ကျန်းမိုနယ်မြေတွင် ကောင်းကင်နယ်ပယ် ကျင့်ကြံသူများမှာ ထိုမျှ မများပြားလှပေ။ တစ်ယောက်ယောက်သာ လောက အင်မော်တယ်အဆင့် တက်လှမ်းသွားပါက သူ့၌ အပြိုင်အဆိုင် နည်းသွားပြီး ကောင်းကင်အဆင့် ဇယားသို့ တက်လှမ်း နိုင်ပေလိမ့်မည်။ ကောင်းကင်အဆင့် ဇယားအတွက် လိုအပ်ချက်များမှာ နိမ့်သည့်အတွက် ကောင်းကင်ဘုရင် အဆင့်ဇယားမှာ ထိုသို့ မြင့်မြင့်ကြီး မဟုတ်ချေ။

ထိုသည်က မိုဝူကျီကို နှစ်သက်ရသည့် အကြောင်းအရင်း ဖြစ်လေသည်။ လိန်ဟုန်ကျီသည် မြေကမ္ဘာအဆင့် ဇယားတွင် အဆင့် ၁ ရသော်လည်း မြေကမ္ဘာဘုရင်အဆင့် ဇယားတွင် အဆင့် ၁၀ အောက် နိမ့်ကျနေသေးသည်။ သို့သော်လည်း သူက အာကာသ ဝံပုလွေဘုရင်ကြီးကို စိုးရိမ်မိလေသည်။ ထိုဘုရင်ကြီး၏ စွမ်အားဖြင့် ကူနို့ကြယ်တာရာ မျိုးနွယ်မှ ပါရမီရှင်များပင် ရင်ဆိုင်နိုင်မည် မဟုတ်ပေ။ ကျန်းရှင်းအတွက် ဝံပုလွေဘုရင်ကြီးနှင့် လက်ရည်တူ ယှဉ်ပြိုင်နိုင်သည့်သူ တစ်ယောက်မျှ မရှိချေ။

“တိုက်ပွဲအတွင်း အရာအားလုံးက အသက်တစ်ရှိုက်စာ အတွင်း ပြောင်းလဲ သွားနိုင်တယ်။ မတော်တဆ သေတာတွေ ကြုံတွေ့နိုင်သလို ဒဏ်ရာတွေလည်း ကာကွယ်လို့ မရဘူး။ ကိစ္စက ဖြစ်ပြီးနေမှတော့ ကျုပ်တို့ ကျန်းရှင်းက ခင်ဗျားတို့ကို အလျော်အစား ပေးပါ့မယ် ...” ချီထုံက အလောတကြီး ပြောလိုက်သည်။

သူက အာကာသ ဝံပုလွေဘုရင်ကြီးနှင့် တကယ် ရင်မဆိုင်ရဲပေ။ အကယ်၍ သူက ရင်ဆိုင်လျှင် ကျန်းရှင်း တစ်ခုလုံးက စုတ်ပြတ် သွားပေလိမ့်မည်။ အကယ်၍ ကျန်းရှင်းက အာကာသ သားရဲများနှင့် ရင်ဆိုင်နေလျှင် ကူနို့ကြယ်တာရာ မျိုးနွယ်က ဘေးမှ လောဘတကြီး ကြည့်နေလိမ့်မည်။ ကျန်းရှင်း အားအနည်းဆုံး ဖြစ်သည့်အချိန်တွင် ကူနို့က ဝင်ရောက် လာလိမ့်မည်။ ထိုအချိန်ကား ကျန်းရှင်းမှာ ဤဂြိုဟ်မှ အပြီးတိုင် ဖယ်ရှားခံရသည့်အချိန် ဖြစ်ပေလိမ့်မည်။

“ချီထုံ ... မင်း တကယ်ပဲ သူ့ကို ကာကွယ်ပေး မလို့လား” ပေါင်လေ့ မျက်နှာမှာ လူသတ်ငွေ့များ ဖုံးလွှမ်းနေပြီး သတင်းပို့ ဓားပျံပါ ပြင်ဆင်ပြီးလေပြီ။ ချီထုံနှင့် ရင်ဆိုင်သည့်အခါ ကူကယ်ရာမဲ့ ဖြစ်နေနိုင်သော်လည်း ဘုရင်ကြီးကိုတော့ ထိုကိစ္စ အသိပေးနိုင်ဦးမည် ဖြစ်သည်။

ချီထုံ နှလုံးခုန် တစ်ချက် မြန်သွားပေသည်။ တစ်ချိန်တည်း ဆိုသလို သူ့နှလုံးသား၌ စိတ်ပျက်မှု ကြီးစိုးလာလေသည်။ မိုဝူကျီကို စိတ်ပျက်မိသည်။ မိုဝူကျီက ကိုယ်တိုင် မကာကွယ် နိုင်သေးသည့် ဤသို့သော အခြေအနေမျိုးတွင် သူက မျက်လုံးဖြူ ဝံပုလွေကို အမှန်တကယ် သတ်ဖြတ်ခဲ့သည်။ အကယ်၍ ချီထုံသာ မိုဝူကျီကို ဆက်လက်၍ ကာကွယ်နေပါက ကျန်းရှင်းမှ ကျင့်ကြံသူ အားလုံးကို မီးပုံထဲ ခုန်ဆင်းခိုင်းသည်နှင့် တူနေပေလိမ့်မည်။

“ကြယ်တာရာသခင် ...  ကျုပ်တို့က အာကာသ ဝံပုလွေဘုရင်ကြီးနဲ့ အမြဲတမ်း ဆက်ဆံရေးကောင်း ရှိခဲ့တာပဲ။ ဒီလူက မင်းသားလေးကို သတ်ခဲ့မှတော့ သူ့ပိုင်ဆိုင်သမျှတွေ ချွတ်ယူထားပြီး သူ့ကို တာအိုရောင်းရင်း ပေါင်လေ့ဆီ ပေးလိုက်တာ မှန်မယ်လို့ ထင်တယ် ...” အနောက်ဖက်မှ အသံ ထွက်ပေါ်လာသည်။

ပေါင်လေ့က ထိုစကားများကို ကြားသောအခါ သူ့ဒေါသက ခဏတာ ငြိမ်သက် သွားခဲ့သည်။

အထီးကျန်ကြိုးနီက မိုဝူကျီနား ကပ်ကာ တီးတိုးပြောလိုက်သည်  “အဲဒီလူက ယန်ဖင်းကျီတဲ့။ သူက ကြယ်တာရာ တိမ်တိုက်က ခန်းမသခင်ပဲ ပြီးတော့ ယန်မျိုးနွယ်စုဝင် တစ်ယောက် ...”

“ကျုပ်လည်း ခန်းမသခင်ယန်ရဲ့ စကားတွေကို သဘောတူတယ်။ ကျုပ်တို့က မိုဝူကျီကို ဖမ်းဆီးပြီးတော့ သူ့သိုလှောင်လက်စွပ်ကို ချွတ်ယူထားပြီး ဝံပုလွေဘုရင်ကြီးဆီ အပြစ်ဒဏ်အတွက် ပို့သင့်တယ်” နောက်တစ်ယောက်က ဝင်ထောက်ခံလိုက်သည်။

“အဲဒါက ရှားမျိုးနွယ်စုရဲ့ ခေါင်းဆောင် ရှားတန်တောက်ပဲ။ သူက ကြယ်တာရာတိုက်ပွဲ ခန်းမသခင်ပဲ” အထီးကျန် ကြိုးနီက နောက်တစ်ကြိမ် ထပ်ပြော ပြလိုက်သည်။ သူက ယနေ့တွင် မိုဝူကျီ ဖြစ်စေ၊ သူ ဖြစ်စေ သေခြင်းရှင်ခြင်း အတွေ့အကြုံများကို ရင်ဆိုင်ဖို လိုအပ်ပေသည်။

“တာအိုရောင်းရင်း ချီ ဘယ်လိုလဲ ....” ထိုလူများက သူ့အား ထောက်ခံနေသည်ကို မြင်ပြီး ပေါင်လေ့က ချီထုံကို ကြည့်ကာ မေးလိုက်သည်။

ချီထုံက သက်ပြင်းချကာ အကယ်၍ သူက မိုဝူကျီကို ယနေ့ ကာကွယ်ပေးလိုက်လျှင် နောင်အခါ ပြဿနာများနှင့် သေချာပေါက် ရင်ဆိုင်ရမည် ဖြစ်ကြောင်း သိပေသည်။ အနည်းဆုံးတော့ သူ့တွင် လိန်ဟုန်ကျီ ရှိနေသေး၏။ သူက ခေါင်းကို လှည့်ကာ လိန်ဟုန်ကျီကို တစ်ချက် ရှာလိုက်သည်။

မိုဝူကျီက ချီထုံမျက်နှာပေါ်မှ အမူအရာ မြင်သောအခါ ကိစ္စများက မကောင်းတော့ကြောင်း သိလိုက်သည်။ သူက အဖြည့်ခံ ဖြစ်တော့မည့် သဘော သက်ရောက် နေလေသည်။ သို့သော် တစ်ချိန်တည်းတွင် သူက ချီထုံသည် သူ့အား ကူညီလိမ့်မည်ဟု မျှော်လင့်မထားပေ။

“ကြိုးနီ ... ပြေးဖို့ ပြင်ထား” ထိုသို့ ပြောပြီး မိုဝူကျီက စိတ်စွမ်းအား ပို့လွှတ်လိုက်သည်။ သို့သော်လည်း သူက ခေါင်းပေါ် ရေအေး လောင်းချလိုက်သည့်အလား ခံစားလိုက်ရသည်။

သူက ပေါင်လေ့သည်  သူ့လမ်းပိတ်မည်ကို စဉ်းစားထားသော်လည်း ယန်မျိုးနွယ်စုနှင့် ရှားမျိုးနွယ်စုတို့က ဝင်ပါလိမ့်မည်ဟု ထင်မထားခဲ့ပေ။ သူတို့နှစ်ယောက်လုံးက နှစ်ဖက်မှ တားဆီးထားကြပြီး သဘာဝ စွမ်းအားများက သူတို့ ခန္ဓာကို ရစ်ပတ်ထားရာ တိုက်ခိုက်ဖို့ အဆင်သင့် ဖြစ်နေသည့်ပုံ ပေါ်နေသည်။

“ဘယ်သူက နယ်လှည့်ကျင့်ကြံသူ ၂၇၀၅ လဲ ...” လူသတ်ငွေ့များ ဖုံးလွှမ်းနေသည့် ဒေါသတကြီး အသံက အဝေးမှ ထွက်ပေါ်လာလေသည်။ မိုဝူကျီက ခက္ခရာတောင်ဝှေးကို ကိုင်ဆောင်ထားသော ဘုန်းကြီး တစ်ပါး သူ့ဆီ ချဉ်းကပ်လာကြောင်း မြင်လိုက်ရသည်။

ထိုလူမှာ ဘုန်းကြီးဝူရှန်း ဖြစ်ရမည်။

မိုဝူကျီ စိတ်ထဲတွင် လေးလံနေပေသည်။ ထိုစဉ် သူ့ကို အဘက်ဘက်မှ ရန်သူများ ဝိုင်းရံထားပြီး သူ့အတွက် ကူညီပေးချင်သည့် တစ်ယောက်သောသူမှာ ချီထုံသာ ဖြစ်ပေသည်။ သို့သော် ထိုလူမှာလည်း ဤအခိုက်အတန့်၌ ဘာမျှ ဝင်မပြောရဲပေ။

မိုဝူကျီ နဖူးထက်တွင် ဝိညာဉ်စွမ်းအားများ စုစည်းနေလေ၏။ သူ့စိတ်စွမ်းအားမှာ ထွက်လမ်းကို မမြင်ရသော်လည်း သူက မျှော်လင့်ချက် ရှိနေသရွေ့ လက်မလျှော့နိုင်ပေ။

“ဟားဟား အဲလိုဆိုမှတော့ ဒီနေ့တော့ တိုက်ရင်း သေကြတာပေါ့ ...” အထီးကျန်ကြိုးနီမှာ အားရပါးရ ရယ်မောလိုက်ပြီး  “ကျုပ် အထီးကျန်ကြိုးနီကို ကြယ်တာရာ ဘုရင်တောင်က ကျုပ်တို့ကို ရင်ဆိုင်ဖို့  အာကာသ သားရဲတွေနဲ့ ပူးပေါင်း သွားတာကို မြင်တွေ့ခွင့် ရခဲ့တာပဲ ...”

ချီထုံ၏ မျက်နှာမှာ နီရဲသွား၏။ ကြယ်တာရာ ဘုရင်တောင်၏ ကြယ်တာရာသခင် တစ်ယောက်အနေနှင့် သူ့ကို ဂုဏ်ပုဒ် အကြီးကြီးဟု ယူဆ၍ ရပေသည်။ သို့သော်လည်း သူက အမြဲတမ်း အကျပ်တည်း ဖြစ်နေရသည်။ အထီးကျန် ကြိုးနီ စကားများက သူ့အား ရည်ရွယ်ခြင်း မဟုတ်သော်လည်း သူ့မျက်နှာ ဖြတ်ရိုက်လိုက်သလို ဖြစ်နေသည်။

မိုဝူကျီ၏ နဖူးထက်တွင် ဝိညာဉ်စွမ်းအားများ စုစည်းလာပြီး စိတ်ဝိညာဉ်မျက်လုံး ဖြစ်ပေါ်လာသည်။ မိုဝူကျီ မျက်လုံးအတွင်းတွင် မည်သည့် နေရာလပ်မဆို မြင်တွေ့နိုင်လေသည်။ သို့သော် မိုဝူကျီကို စိတ်ပျက်စေသည်က သူ မည်မျှပင် ပြေးပြေး သူက လောက အင်မော်တယ်အဆင့် ကျင့်ကြံသူများကို ခါထုတ်မရပေ။

ထိုစဉ် ဝူရှန်းမှာ နီးသထက် နီးကပ်လာနေသည်။ မိုဝူကျီက ခေါင်းကိုလှည့်ကာ တစ်ဟုန်ထိုး ပြေးထွက်တော့မည့် ဆဲဆဲတွင် သူ့စိတ်ဝိညာဉ်မျက်လုံးက လခြမ်းကွေးဂိတ်ကို အာရုံခံမိလိုက်သည်။

ထိုတံခါးကြီးမှာ ပွင့်နေလေပြီ။

လခြမ်းကွေး အင်မော်တယ် နန်းတော်က ပေါ်လာတော့မှာလား ...

ထိုအတွေးက မိုဝူကျီ ခေါင်းထဲ ပေါ်လာသောကြောင့် သူက အထီးကျန်ကြိုးနီ လက်မောင်းကို ဆွဲကာ သူ့ဘေးတွင် လေပြည်တစ်ခု ဖြစ်ပေါ်လာပြီးနောက် ချက်ချင်း ပျောက်ကွယ် သွားတော့သည်။

မိုဝူကျီက ထွက်ပြေးဖို့ ကြိုးစားနေသည်ကို မြင်ကာ ပေါင်လေ့က ရယ်မောကာ ခုန်အုပ်လိုက်သည်။ တစ်ချိန်တည်းဆိုသလို ယန်ဖင်းကျီနှင့် ရှားတန်တောက်တို့လည်း မိုဝူကျီဆီ ပြေးဝင် လာနေကြသည်။

မိုဝူကျီတွင် လခြမ်းကွေးသော့များ ရှိနေသည့်အတွက် သူတို့က  မိုဝူကျီကို ဖမ်းလိုခြင်း ဖြစ်ပေသည်။ သူတို့ သုံးယောက်နောက်တွင် နီးကပ်စွာ လိုက်ပါလာသည်က ဘုန်းကြီးဝူရှန်း ဖြစ်ပေသည်။

ရှုချီဟောင်က နဖူးကို လက်ဖြင့် ပြန်ရိုက် လိုက်တော့သည်။

ဒီကောင်လေးက ဘယ်နှယောက်ကို ရန်စ မိတာလဲ ...

“ဘမ်း” များပြားစွာသော စွမ်းအားများက အချင်းချင်း တွေ့သွားကာ အာကာသ တစ်ခွင်လုံး ဆုတ်ဖြဲတော့မည့်အလား ဖြစ်ပေါ်နေသည်။ ထိုပေါက်ကွဲလာသည့် စွမ်းအားများက မိုဝူကျီကို ထိရိုက်ခါနီးတွင် မိုဝူကျီက ရုတ်တရက် ပျောက်သွားလေ၏။

မည်သူမျှ မတုံ့ပြန်နိုင်ခင် သူတို့က အသံတစ်ခုကို ကြားလိုက်ရသည်  “လခြမ်းကွေး အင်မော်တယ် နန်းတော် ...”

မှန်ပေသည် ... လခြမ်းကွေး အင်မော်တယ် နန်းတော်၏ တံခါးချပ်မှာ ပြန်ပေါ်လာလေပြီ။ ဤတစ်ကြိမ်တွင် ပြန်ပေါ်လာရုံသာမက ပွင့်နေပြီ ဖြစ်သည်။

မိုဝူကျီက လခြမ်းကွေး အင်မော်တယ် နန်းတော်ထဲ ဝင်သွားသည့် အကြောင်းကို အရူးပင် သိနိုင်လေသည်။ သို့သော် မည်သူကမျှ မိုဝူကျီအကြောင်း အာရုံ မရှိကြတော့ပေ။ ယခု လခြမ်းကွေး အင်မော်တယ် တံခါး ပွင့်သွားပြီ ဖြစ်၍ သူတို့သာ အလျင်စလို မသွားပါက အပြင်ဘက်တွင် အရူးများကဲ့သို့ ငုတ်တုတ် ထိုင်စောင့် နေရမည်လား။

အားလုံးက နဂို သဘောတူညီချက်ကို မေ့သွားကြသည်။ တစ်ယောက်က လခြမ်းကွေး အင်မော်တယ် နန်းတော်ထဲ ဝင်သွားသည့်အတွက် မည်သူက စင်ဆောက်ပြီး တိုက်ပွဲပြီးသည့်အထိ ရူးမိုက်စွာ စောင့်နေမည်နည်း။

များပြားစွာသော ကျင့်ကြံသူများက လခြမ်းကွေး အင်မော်တယ် နန်းတော်ကို တစ်ဟုန်ထိုး ပြေးဝင် သွားကြလေသည်။ ကူနို့ကြယ်တာရာ မျိုးနွယ်ပင် ဖြစ်စေ၊ ကျန်းမိုနယ်မြေမှ ကျင့်ကြံသူများ ဖြစ်စေ အာကာသ သားရဲများ ဖြစ်စေ အားလုံး အကုန် ဝင်သွားကြသည်။

ထိုအခိုက်အတန့်၌ ဦးတည်ရာ တစ်ခုသာ ရှိလေသည် လခြမ်းကွေး အင်မော်တယ် နန်းတော်၏ တံခါးချပ် ဖြစ်ပေ၏။

လခြမ်းကွေး အင်မော်တယ် နန်းတော်၏ တံခါးကြီးမှာ ကြီးမားလှပေသည်။ ဝင်ဖို့ရာ တန်းစီနေရလျှင် အားလုံး ဝင်နိုင်ဖို့ရာအတွက် ရက်ပေါင်း မည်မျှ ကြာမြင့်မည်နည်း။

ပြင်းထန်သည့် တိုက်ပွဲသံများ တစ်ဖန် ထွက်ပေါ် လာပြန်သည်။ ဤတစ်ကြိမ်တွင် မင်းက ဘယ်သူ ဖြစ်ကြောင်း အရေးမပါတော့ပေ။ လခြမ်းကွေး အင်မော်တယ်နန်းတော် သွားရာလမ်းကို ပိတ်ထားသရွေ့ သတ်ပစ်ရုံသာ ဖြစ်၏။

***

မိုဝူကျီ လခြမ်းကွေး အင်မော်တယ် နန်းတော်ထဲ ဝင်သွားသည့် အခိုက်အတန့် သူက ကြောင်သွားလေသည်။ ဤသည်က ကျယ်ပြန့်လှပြီး အဆုံးမရှိသည့် ဝင်္ကပါ တစ်ခုသာ ဖြစ်နေသည်။ သူ့စိတ်စွမ်းအားကို မိုင်ထောင်ချီ ဖြန့်ကြက်ထားသော်လည်း အဆုံးသတ်ကို ရှာမတွေ့ပေ။ လူ ဘီလီယံနှင့်ချီပြီး ဝင်လာလျှင်ပင် ပင်လယ်ထဲ ရောက်သွားသည့် ရေစက်ပမာ ဖြစ်နေပြီး အစအန မရှိ ပျောက်ကွယ် သွားပေလိမ့်မည်။

ထိုသို့သော ဧရာမ ဝင်္ကပါကြီးထဲတွင် သူက သူ့လခြမ်းကွေး သော့အတွက် တာအိုဂိတ်ကို မည်သို့ သွားရှာရမည်နည်း။

မိုဝူကျီက ထိုအတွေး ဝင်လာသည့်အခါ သူ့အား လှုံ့ဆော်နေသည့် ခေါ်သံတစ်ခုကို ခံစားမိလိုက်သည်။ ကြည့်ရသည်မှာ သူ့သိုလှောင်လက်စွပ် အတွင်းမှ လခြမ်းကွေးသော့များမှ ဖြစ်ပေလိမ့်မည်။

“အစ်ကိုမို ဒီမှာ တာအိုဂိတ် ရှိနေတာကို ခံစားမိတယ် ...” အထီးကျန် ကြိုးနီက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ ကြည့်ရသည်မှာ သူက မိုဝူကျီကဲ့သို့ ဖြစ်ပေလိမ့်မည်။ သူ့လခြမ်းကွေးသော့မှ လှုံဆော်မှုကို လက်ခံရမိခြင်း ဖြစ်ပေသည်။

“မြန်မြန် သွားကြစို့ ... ကံပါရင် လောကခန်းမမှာ ပြန်ဆုံကြတာပေါ့။ အခုတော့ အရင်သွားနှင့်မယ် ...” မိုဝူကျီက ရွိုက်ကောကို ခေါ်ကာ ချက်ချင်း လမ်းတစ်ခုထဲ ဝင်သွားကာ တစ်မဟုတ်ချင်း ပျောက်သွားလေ၏။

မိုဝူကျီ ပျောက်ကွယ်သွားသည်ကို မြင်ပြီး အထီးကျန်ကြိုးနီက မစောင့်တော့ဘဲ နောက်တစ်လမ်းထဲ ဝင်လိုက်တော့သည်။

နှစ်ယောက်သား ပျောက်သွားသည့် အချိန်လောက်တွင် ကျင့်ကြံသူ အုပ်လိုက်ကြီးက ရောက်ရှိလာလေသည်။ ခဏအကြာတွင် ထိုလူများသည်လည်း အဆုံးမဲ့ ဝင်္ကပါအတွင်း၌ ပျောက်သွားကြသည်။

***

All Chapters