← Chapters

ဈေးကြီးလွန်းသော ဟင်းလျာများ

Vol. 64 Ch. 887

ဈေးကြီးလွန်းသော ဟင်းလျာများ

Vol. 64 Ch. 887

"ဒီနေရာလား။"

"စိတ်ဝင်စားစရာပဲ။"

"နေရာကျယ်ကျယ် မလိုဘူးလေ။ တစ်ရက်ကို ဟင်းတစ်ပွဲပဲ ရောင်းမယ့်ဟာကို လူဘယ်လောက်လာမှာမို့လို့လဲ။ ငါသာဆို ဆိုင်ကိုဒီထက်သေးပစ်တယ်။"

"သတ္ထုနံရံတွေ ဘာလို့သုံးထားတာလဲ မသိဘူးနော်။"

"ဟားဟား........ မရှိမဲ့ရှိမဲ့ စားတော်ဆက်လေး ပြိုကျသွားမှာ စိုးလို့များလား။"

အင်မော်တယ်များမှာ ရယ်ရယ်မောမောပင် စကားစမြည် ပြောဆိုနေကြသည်။

အဆုံးတွင်မူ အင်မော်တယ်အချို့မှာ ဟင်းလျာတစ်ပွဲ ဝယ်ယူရန် ရံပုံငွေ ပြုလုပ်လိုက်ကြသည်။

အခြားအင်မော်တယ်များမှာ ရံပုံငွေ မထည့်ပဲ ဆိုင်အပြင်ဘက်တွင်သာ ဆက်လက်ရပ်နေကြသည်။

၎င်းတို့သည် စားတော်ဆက်ထဲလည်း မဝင်ကြပေ။ ကြည့်ရုံသက်သက်ဖြင့် ဆိုင်ထဲလူအုံနေပါက တစ်မျိုးဖြစ်နေပေလိမ့်မည်။

အင်မော်တယ်များသည် ဟင်းလျာဝယ်ရန် ရံပုံငွေ ထည့်ဝင်ထားသူများ၏ အမူအရာများအား ကြည့်ရှုရန် ရောက်ရှိနေကြခြင်းပင်။ ထိုသည်မှာ စိတ်ဝင်စားစရာ ကောင်းလှသည်။

မည်သို့ပင်ဆိုစေကာမူ စားတော်ဆက်မှာ အစပိုင်းတွင် ငြိမ်းချမ်းနေလေသည်။

စားတော်ဆက်ထဲ ဝင်ရောက်လာသော အင်မော်တယ်များမှာ ဟင်းလျာအား စောင့်ဆိုင်းနေကြသည်။

သို့သော် ပြတင်းပေါက်နှင့် တံခါးကြားများမှတဆင့် တောက်ပနေသော အလင်းများ ဖြာထွက်လာသောအခါ အရာအားလုံး ပြောင်းလဲသွားရသည်။ တိတ်ဆိတ်နေသော ပတ်ဝန်းကျင်မှာ ပျက်စီးသွားပြီး ကြမ်းတမ်းလှသော စွမ်းအင်ပေါက်ကွဲမှုများ ဖြစ်ပေါ်လာသည်။

"ဒါက............"

စားတော်ဆက် အပြင်ဘက်တွင် စောင့်ကြည့်နေသော အင်မော်တယ်များအားလုံး ကြောင်အမ်းအမ်း ဖြစ်သွားရသည်။

ထိုအချိန်တွင် မယုံကြည်နိုင်စရာ ကောင်းလောက်အောင် ဆွဲဆောင်မှု ပြင်းနေသော ရနံ့တစ်ခု စားတော်ဆက်အတွင်းမှ ထွက်ပေါ်လာသည်။

ထိုရနံ့သည် စားတော်ဆက်အတွင်းမှ အဖြစ်အပျက်များအား ရှင်းပြနေသလိုပင်။

အင်မော်တယ်များမှာ တဂွီဂွီ မြည်လာသော ဝမ်းဗိုက်များနှင့်အတူ တံထွေးများသာ မြိုချနေမိကြသည်။ ၎င်းတို့သည် စားတော်ဆက်အတွင်း ပြေးဝင်ကာ ပန်းကန်အား လျှာဖြင့်လျက်ပစ်ချင်စိတ်ကို ရူးလောက်အောင် ထိန်းချုပ်နေကြရသည်။

မကြာမီမှာပင် စားတော်ဆက်ထဲမှ အင်မော်တယ်များ ပြန်ထွက်လာကြသည်။

၎င်းတို့အားလုံးသည် အလွန်အမင်း စိတ်ကျေနပ်ကာ ရှက်သွေးများပင် ဖြာနေသေးသည်။

စောင့်ကြည့်နေသော အင်မော်တယ်များ ချက်ချင်းမေးမြန်းလိုက်သည်။

"ဘယ်လိုနေလဲ။ အရသာရှိလား။"

"အရသာကလေ အရမ်းကောင်းတာပဲ။ ဒါပေမယ့် စိတ်ဝိဉာဉ်ကျောက်တုံး တစ်သိန်းကတော့ နည်းနည်းလေးများတယ်။"

ဉာဏ်အလင်းပွင့်သော အရှင်ဖေးလုံမှ စိတ်ကျေနပ်စွာ ပြုံးလိုက်သည်။

ကောင်းကင်နတ်မိမယ် ယင်းချောင်မှာလည်း ခေါင်းညိတ်ထောက်ခံလာသည်။

"အန်လင်းရဲ့ ဟင်းချက်စွမ်းရည်က တကယ့်အံ့မခမ်းပဲ။ ဒါပေမယ့် စိတ်ဝိဉာဉ်ကျောက်တုံး တစ်သိန်းကတော့ နည်းနည်းလေး စျေးများတာပေါ့။ ငါပြောချင်တာကတော့ ဒါအကုန်ပဲ။ ကျန်တာက နင်တို့ဘာသာပဲ ဆုံးဖြတ်ကြပေါ့။"

စားတော်ဆက်ထဲ ဝင်သွားကြသော အခြားအင်မော်တယ်များမှာလည်း ၎င်းတို့၏ အတွေ့အကြုံနှင့် ပက်သတ်၍ ဆင်တူသော အကြောင်းအရာများ ပြောပြကြသည်။

စောင့်ကြည့်နေသော အင်မော်တယ်အချို့သည် ထိုသည်ကို အမှန်တရားအဖြစ် ယုံကြည်ကြပါသော်လည်း အချို့မှာမူ တစ်စုံတစ်ခု မှားယွင်းနေသလို ခံစားမိကြသည်။

................

နောက်တစ်နေ့၌.....

ကောင်းကင်ဘုံခုံရုံး၏ အချက်အပြုတ် နတ်ဘုရား အန်လင်းစားတော်ဆက်မှာ ဖွင့်လှစ်ထားပြီပင်။

မကြာမီပင် အင်မော်တယ်အုပ်စုကြီးတစ်ခု ရောက်ရှိလာကြသည်။

တစ်စုံတစ်ခု မှားယွင်းနေသလို ခံစားခဲ့ရသော အင်မော်တယ်အချို့လည်း ရောက်ရှိလာကာ ထင်မှတ်ထားသည့်အတိုင်း မမျှော်လင့်ထားသော မြင်ကွင်းအား တွေ့လိုက်ကြရသည်။

"ဟာ.......... ကောင်းကင်နတ်မိမယ် ယင်းချောင်၊ ဉာဏ်အလင်းပွင့်သော အရှင်ဖေးလုံ........ ခင်ဗျားတို့က ဘာလာလုပ်ပြန်တာလဲ။ စိတ်ဝိဉာဉ်ကျောက်တုံး တစ်သိန်းက စျေးများလို့ သိပ်မတန်ဘူးဆို။"

အင်မော်တယ်တစ်ဦး အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။

ကောင်းကင်နတ်မိမယ် ယင်းချောင် ရှက်သွေးဖြာသွားရသည်။

"အန်လင်းစားတော်ဆက်က ဝယ်သူမရှိပဲ ပိတ်လိုက်ရမှာ စိုးရိမ်လို့ပါ။ အဲ့ဒါကြောင့် ငါတို့က ကူညီပေးဖို့ လာခဲ့တာ။"

ထိုအင်မော်တယ် မျက်နှာပျက်သွားကြသည်။

ငါတို့ကို လာလိမ်နေရအောင် သူငယ်နှပ်စားများ မှတ်နေတာလား..........

အခြားသော အင်မော်တယ်များလည်း အတွေးပေါက်သွားကြသည်။ ယမန်နေ့က ၎င်းတို့စားသုံးခဲ့သော ဟင်းလျာသည် မယုံနိုင်စရာ ကောင်းလောက်အောင် အရသာ ရှိသောကြောင့် အခြားသူများလည်း ဝယ်စားကြမည်စိုးကာ အကြောင်းပြချက်များ ပေးခဲ့ကြခြင်း ဖြစ်သည်။

သာမန်စားသောက်ဆိုင်သာ ဆိုပါက ၎င်းတို့သည် အရသာရှိသော အစားအသောက်များအကြောင်း ပျော်ရွှင်စွာ သတင်းပေးကြပေလိမ့်မည်။ သို့သော် အန်လင်းစားတော်ဆက်သည် တစ်ရက်လျှင် ဟင်းလျာတစ်ပွဲသာ ရောင်းချသောကြောင့် အခြားသူများ ဝယ်ယူသွားပါက ၎င်းတို့စားရတော့မည် မဟုတ်ပေ။

ရူးနေသူကသာ အခြားသူများအား စေတနာပါပါ ညွှန်းဆိုပေးကြလိမ့်မည်။

အင်မော်တယ်များမှာ ဝုန်းဝုန်းဒိုင်းဒိုင်းဖြင့် အန်လင်းစားတော်ဆက်သို့ ဦးတည်လာကြသည်။

မထင်မှတ်ထားသော အဖြစ်အပျက်များကြောင့် စောင့်ကြည့်နေသော အင်မော်တယ်များ၏ သိလိုစိတ်များကပါ ပိုမိုမြင့်တက်လာပြီး ယခုကဲ့သို့ စုပြုံကုန်ခြင်းပင်။

အန်လင်းသည် စားတော်ဆက်ထဲ ပြုံတိုးလာသော အင်မော်တယ် လှိုင်းလုံးကြီးအားကြည့်ကာ ထိတ်လန့်သွားရသည်။

သုံးရက်ပဲ ရှိသေးတာကို ငါ့ဆိုင်က အဲ့လောက်တောင် နာမည်ကြီးနေပြီလား........ ရူးချင်စရာပဲ........

ထိုသို့ဖြင့် သူ၏ စားတော်ဆက်မှာ မျက်စိတမှိတ်အတွင်း အင်မော်တယ်များနှင့် ပြည့်နှက်သွားသည်။

"အန်လင်း......... ငါ့ကို စန္ဒာနောက်လိုက်ချန်အယ်မိုက် တစ်ပွဲပေးပါ။"

"ယီးလား......... ငါအရင်လာတာကွ။ သန်းခေါင်နဲ့နေ မင်းပဲလေ တစ်ပွဲပေးပါ။"

"အန်လင်း....... ငါလေ..... ငါ့ကိုမှတ်မိလား။ ငါက ကောင်းကင်နတ်မိမယ် ယင်းချောင်လေ။ ငါက ဖောက်သည်ဟောင်းနော်။ ငါ့လို ဖောက်သည်ကို အရင်လုပ်ပေးသင့်တယ်။"

"အစ်ကိုကြီးအန်လင်း....... ငါမင်းကို အစ်ကိုကြီးလို့ ခေါ်ထားတယ်ဆိုတော့ မင်းငါ့ကို ဂရုစိုက်ပေးသင့်တယ်နော်။"

"အန်လင်း....... ငါက လစန္ဒာ အကြီးအကဲပဲ။ ငါ့ကို ဟင်းမြန်မြန် ချက်ပေးလိုက်တော့။ မဟုတ်ရင် မင်းရဲ့ အနာဂတ်ဖူးစာကြိုးတွေအားလုံး ဖြတ်ပစ်လိုက်မယ်။"

အန်လင်း : "............"

အင်မော်တယ်များအားလုံးသည် ၎င်းတို့အလိုရှိသော ဟင်းလျာများမှာကာ အန်လင်းအား အမျိုးမျိုးအဖုံဖုံ စကားဆိုလျက် ဖိအားများ ဖြစ်လာစေသည်။

အန်လင်းအနေဖြင့် တရားမျှတမှု ရှိသင့်သည်ပင်။

"အာ....... ကျေးဇူးပြုပြီး စိတ်လျှော့ကြပါ။ ကျွန်တော် ပြောတာလေးလည်း နားထောင်ပေးကြပါဦး။ သိတဲ့အတိုင်းပဲ အကြောင်းအရင်း တချို့ကြောင့် ကျွန်တော့် စားတော်ဆက်က တစ်ရက်ကို ဟင်းတစ်ပွဲပဲ ရောင်းပေးနိုင်ပါတယ်။ အဲ့ဒါကြောင့် လူကြီးမင်းတို့အားလုံး စိတ်တိုင်းကျအောင် လုပ်ပေးနိုင်မှာတော့ မဟုတ်ပါဘူး။"

"ဒီလိုဆိုရင်ရော......... စိတ်ဝိဉာဉ်ကျောက်တုံး တစ်သိန်းကို အခြေခံထားပြီး လေလံတင်ပေးမယ်လေ။ တစ်ခါတိုးရင် စိတ်ဝိဉာဉ်ကျောက်တုံး တစ်သောင်းပေါ့။ လေလံအောင်တဲ့သူက ဟင်းပွဲရမယ်။ ကတောက်ကဆလည်း ဖြစ်စရာ မလိုတော့ဘူး။ ဘယ်လိုသဘောရလဲ။"

ဝုန်း.........

စားတော်ဆက် တစ်ခုလုံး တိတ်ဆိတ်သွားသည်။

စိတ်ဝိဉာဉ်ကျောက်တုံး တစ်သိန်းကတောင် တော်တော်စျေးမြင့်နေပြီကို နောက်ထပ်ပိုပြီး စျေးတင်ဦးမလို့လား.........

"စိတ်ဝိဉာဉ်ကျောက်တုံး တစ်သိန်းတစ်သောင်း......"

ကောင်းကင်နတ်မိမယ် ယင်းချောင် ချက်ချင်းပင် လေလံဆွဲလိုက်သည်။

"ဝါး........."

အင်မော်တယ်များအားလုံး အသက်ရှူသံများ ပြင်းသွားလေသည်။

"စိတ်ဝိဉာဉ်ကျောက်တုံး တစ်သိန်းနှစ်သောင်း....... ကျေးဇူးပြုပြီး ငါ့လိုအဖိုးကြီးနဲ့ ပြိုင်မလုကြပါနဲ့။ မဟုတ်ရင် မင်းတို့ရဲ့ အနာဂတ် ဖူးစာကြိုးတွေ ဖြတ်ပစ်လိုက်မယ်။"

လစန္ဒာ အကြီးအကဲမှာ ရက်စက်စွာပြုံးရင်း ခြိမ်းခြောက်လိုက်သည်။

အခြားသူများအားလုံး တုန်လှုပ်သွားရသည်။ လစန္ဒာ အကြီးအကဲသည် FAဘဝနှင့် အကြပ်ကိုင်လာခြင်းပင်။

မည်သူက သူ့အား စိန်ခေါ်ရဲပါမည်နည်း။ FAဘဝနှင့် တသက်လုံး အရိုးထုတ်ထားလိုသူ မရှိပေ။

"ကောင်းကင်ကိုဆန့်ကျင်တဲ့ ခွေးအရှင်ငါက ယီးစကားတွေ အယုံကြည်မရှိဘူးကွ။ စိတ်ဝိဉာဉ်ကျောက်တုံး တစ်သိန်းသုံးသောင်းကွာ။"

ခွေးနားရွက်နှင့် အသားအရေ မည်းနက်သော အမျိုးသားတစ်ဦးမှ လေလံထဆွဲလိုက်သည်။

"ဝိုး........."

လစန္ဒာ အကြီးအကဲ၏ ဝှက်ဖဲသည်လည်း အစားကြူးသူရှေ့တွင် အသုံးမဝင်ခဲ့ပေ။

"ဟွန့်.......... ကျွန်မလို ငယ်ရွယ်တဲ့ ကောင်းကင်နတ်မိမယ် တစ်ပါးက FAဖြစ်မှာကို ပူနေစရာ မလိုဘူး။ စိတ်ဝိဉာဉ်ကျောက်တုံး တစ်သိန်းလေးသောင်း.........."

အစားအသောက် ကြိုက်နှစ်သက်သော ကောင်းကင်နတ်မိမယ် တစ်ပါးလည်း လေလံစျေးပေးလာသည်။

"လစန္ဒာ အကြီးအကဲ ကျုပ်တို့ရဲ့ ဖူးစာကြိုးတွေ ဖြတ်ရဲဖြတ်ကြည့်။ ခင်ဗျား အိမ်တော်ကိုပါ ဖြိုချပစ်မယ်။"

အင်မော်တယ်ခြောက်ပါးအုပ်စုမှ စကားဆိုလိုက်သည်။

"စိတ်ဝိဉာဉ်ကျောက်တုံး တစ်သိန်းငါးသောင်း........"

စားတော်ဆက် တစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်လာပြန်သည်။

အန်လင်းမှာ စိတ်ထဲမှ ကြိတ်ပျော်နေမိသည်။

ဟားဟား........... ခင်ဗျားတို့ ရန်ဖြစ်ချင်သလောက်သာဖြစ်ကြ........လစန္ဒာ အကြီးအကဲ ခြိမ်းခြောက်တာကိုလည်း ဘယ်သူက ငြိမ်ခံနိုင်မှာလဲ...... ခင်ဗျားတို့ဘာသာ အဆင့်အတန်း ဘယ်လောက်မြင့်တဲ့ အင်မော်တယ်ဖြစ်ဖြစ် ရန်ဖြစ်သင့်ရင် ရန်ဖြစ်ရမှာပဲ............

နောက်ဆုံး ဘယ်သူနိုင်မလဲ ကြည့်ရသေးတာပေါ့.........

လေလံဆွဲခြင်းများ ပြီးဆုံးသွားပြီးနောက် လျှပ်စီးနတ်ဘုရားနှင့် လျှပ်စီးနတ်ဘုရားမ စုံတွဲသည် စိတ်ဝိဉာဉ်ကျောက်တုံး နှစ်သိန်းဖြင့် လေလံအောင်သွားခဲ့သည်။

အင်မော်တယ်များမှာလည်း စိတ်လှုပ်ရှားမှုများ တဖြည်းဖြည်း ငြိမ်သက်လာသည်။

"ယီးတဲ့မှ......... စိတ်ဝိဉာဉ်ကျောက်တုံး တစ်သိန်းဆိုတဲ့ ပမာဏက ဟင်းလျာတစ်ပွဲအတွက် အရမ်းမြင့်နေပြီကို လေလံပွဲမှာ စိတ်ဝိဉာဉ်ကျောက်တုံး နှစ်သိန်းအထိ တက်သွားတာလား။ တွေးကြည့်ဖို့တောင် ကြောက်စရာ ကောင်းလွန်းနေတယ်။"

ဟင်းလျာတစ်ပွဲစာ စျေးနှုန်းသည် ကောင်းမွန်သော စိတ်ဝိဉာဉ်လက်နက် တစ်ခုနှင့်ပင် စျေးတူညီနေသည်။

"ဒီနေ့က ငါတို့ရဲ့ ကိုးထောင့်ကိုးရာကိုးဆယ့်ကိုးနှစ်မြောက် မင်္ဂလာ နှစ်ပတ်လည်ပဲ။ အဲ့ဒါကြောင့် ဟန်ချက်ညီညီ ရှေ့သို့ချီ သူရိန်နှင့်လ လိုက်ဖက်ပဆိုတဲ့ ဟင်းလျာကို ချက်ပေးပါ”

လျှပ်စီးနတ်ဘုရား ပြုံးကာပြောလိုက်သည်။

"ကောင်းပါပြီ။ ခင်ဗျားတို့ရဲ့ ခိုင်မြဲတဲ့ သစ္စာနဲ့ မင်္ဂလာ နှစ်ပတ်လည်ကို ဂုဏ်ပြုပါတယ်။ မကြာခင်မှာ ဟင်းလျာကို တည်ခင်းဧည့်ခံပေးပါ့မယ်။"

အန်လင်းသည် စိတ်ဝိဉာဉ်ကျောက်တုံး နှစ်သိန်းအားယူကာ မီးဖိုထဲ ဝင်သွားသည်။

မကြာမီပင် ဟန်ချက်ညီညီ ရှေ့သို့ချီ သူရိန်နှင့်လ လိုက်ဖက်ပ ဟင်းလျာမှာ အသင့်ရလာသည်။

ဟင်းလျာအား ဖွင့်လိုက်သည်နှင့် အလင်းများ ဖြာထွက်ကာ သူရိန်နေမင်းနှင့် လစန္ဒာတို့ တစ်ချိန်တည်း ထွက်ပေါ်လာကြသည်။ ၎င်းတို့သည် တစ်ခုနှင့်တစ်ခု လျစ်လျူရှုရမည့်အစား ဟန်ချက်ညီစွာ တည်ရှိနေကြပြီး ထုတ်ဖော်ပြောပြစရာ မလိုသော ချစ်ခြင်းမေတ္တာကို ခံစားရစေသည်။

လျှပ်စီးနတ်ဘုရား စုံတွဲသည် ဟင်းလျာကို သုံးဆောင်ရင်း ကိုးထောင့်ကိုးရာကိုး ဆယ့်ကိုးနှစ်များအတွင်းမှ အမှတ်တရများအား ပြန်လည်အမှတ်ရလာသည်။ ၎င်းတို့သည် ခံစားချက်များ ပွင့်ထွက်လာကာ စားတော်ဆက်တွင်ပင် တရှိုက်မက်မက် နမ်းရှိုက်လိုက်ကြသည်။

ဟင်းလျာငတ်ခဲ့ရသော FAကောင်များမှာ အမြင်ကပ်စရာ စုံတွဲနှစ်ဦး ချစ်ကြည်နူး တစ်တီတူးနေသည်ကိုပါ ကြည့်ရှုနေရသည်။

၎င်းတို့မှာ စိတ်ညစ်ညစ်ဖြင့်ပင် စားတော်ဆက်မှ ထွက်လာခဲ့ကြသည်။

"အဲ့ဟင်းလျာက တကယ်ရော စိတ်ဝိဉာဉ်ကျောက်တုံး နှစ်သိန်း တန်လို့လား။"

"စျေးကြီးလွန်းတယ် မဟုတ်ဘူးလား။ လေလံပွဲကြောင့် စျေးကဆောင့်တက်သွားတာပါကွာ။ နောက်ဆိုရင် စျေးပြန်ကျသွားမှာပဲ။"

"ဟုတ်တယ်။ ဝယ်သူမရှိရင် စျေးလျှော့ပေးရတာတောင် ဖြစ်လာနိုင်တယ်။"

အင်မော်တယ်များမှာ စကားတပြောပြောနှင့် ပြန်လာခဲ့ကြပြီး အန်လင်း၏ စိတ်ဝိဉာဉ်ကျောက်တုံး နှစ်သိန်းတန် ဟင်းလျာအကြောင်းမှာ ကောင်းကင်ဘုံခုံရုံးတခွင် ပျံ့နှံ့သွားခဲ့သည်။

အန်လင်းစားတော်ဆက်နှင့် ပက်သတ်၍ ဆွေးနွေးမှုများစွာ ရှိလာသည်။ အချို့မှာ အံ့အားသင့်နေပြီး အချို့က ဝေဖန်ကြကာ အချို့မှာမူ မယုံကြည်နိုင် ဖြစ်နေကြသည်။ အချိန်ကြာလာသည်နှင့်အမျှ ဆုတ်ယုတ်လာမည့် စီးပွားရေးဟုလည်း ဆိုကြသေးသည်။

................

နောက်တစ်နေ့၌.....

ကောင်းကင်ဘုံခုံရုံး၏ အချက်အပြုတ် နတ်ဘုရား အန်လင်းစားတော်ဆက်မှာ လူပြည့်လို့နေသည်။

လေလံပွဲတစ်ခု ထပ်မံကျင်းပရပြန်၏။

စိတ်ဝိဉာဉ်ကျောက်တုံး နှစ်သိန်းခွဲဖြင့် လေလံပြီးသွားခဲ့သည်။

အင်မော်တယ်များမှာ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြရသည်။

ကောင်းကင်ဘုံခုံရုံးမှာ အဲ့လောက်တောင် ငတုံးပေါတာလား.......

ထိုသို့ဖြင့် နေ့ရက်များ ကူးပြောင်းလာသည်။

ငါးရက်မြောက်နေ့တွင် ကောင်းကင်ဘုံခုံရုံး၏ အချက်အပြုတ် နတ်ဘုရား အန်လင်းစားတော်ဆက်မှ ဟင်းလျာမှာ အံ့အားသင့်စရာ ကောင်းလောက်အောင် စိတ်ဝိဉာဉ်ကျောက်တုံး သုံးသိန်းဖြင့် လေလံအောင်သွားသည်။

ထိုသတင်းမှာ ကောင်းကင်ဘုံခုံရုံး တစ်ခုလုံးထံ တောမီးသဖွယ် ပျံ့နှံ့သွားတော့သည်။

All Chapters