← Chapters

ရင်သပ်ရှမောဖွယ် တွေ့ရှိမှု

Vol. 25 Ch. 346

ရင်သပ်ရှမောဖွယ် တွေ့ရှိမှု

Vol. 25 Ch. 346

လောက အင်မော်တယ် ပြီးပြည့်စုံခြင်း အဆင့် ဖြစ်သည့် ဘုန်းကြီးဝူရှန်းက နောက်ကျမှ ရောက်လာသော်လည်း အရင်ဆုံး ဝင်နိုင်သူ ဖြစ်လေ၏။ သူက လခြမ်းကွေး အင်မော်တယ် နန်းတော်ဆီ တစ်ရှိန်ထိုး မောင်းနှင်လာသည့်  ယာဉ်အကြီးကြီးနှင့် တူပေသည်။ သူ့လမ်းတွင် ပိတ်နေသော ကျင့်ကြံသူများမှာ သွေးမြူအဖြစ် ပြောင်းသွားပြီး နောက်တစ်ကြိမ် မမြင်တွေ့ရတော့ပေ။

ဘုန်းကြီးဝူရှန်းက စိတ်စွမ်းအား ပို့လွှတ်လိုက်သည့်အခါ ချက်ချင်းပင် လန့်သွားလေသည်။ ဤနေရာသို့ ရောက်ရှိခြင်းမှာ ပထမဆုံး ဖြစ်သော်လည်း အထဲမှာ အဆုံးမဲ့ကာ ကျယ်ပြန့်လှသော ဝင်္ကပါ ဖြစ်နေလေ၏။ သူက နယ်လှည့်ကျင့်ကြံသူ ၂၇၀၅ကို မည်သို့ ရှာရမည်နည်း။

မိုဝူကျီလည်း ရပ်တန့်လိုက်ပေသည်။ သူက သူဝင်လာသည့်လမ်းမှာ အမှန်တကယ် လမ်းကြောင်း မဟုတ်ကြောင်း သိရှိလိုက်ရသည်။ သူက အပြင်ဘက်မှ လခြမ်းကွေး အင်မော်တယ် နန်းတော်ကို စစ်ဆေး ကြည့်ခဲ့သည့်အခါ နန်းတော် တစ်ခုလုံးတွင် မရေတွက်နိုင်သည့် လမ်းကြောင်းများ၊ လမ်းခွဲများနှင့် ပြည့်နေလေသည်။ သို့သော်လည်း သူ ဝင်ပြီးနောက်တွင် ကီလိုမီတာ ထောင်ချီ ကျယ်ဝန်းသော နေရာကြီးသာ မြင်ရ၏။ ထိုသည်က သူ့ကို အမြင်တစ်ခုသာ ပေးစွမ်းသည်။ ပြိုင်ဘက်ကင်း ကန္တာရ ဟူ၍ ဖြစ်သည်။

ထို့အပြင် သူ့စိတ်စွမ်းအားကို ကန့်သတ်ထားသဖြင့် သူက ထုတ်လွှင့်၍ပင် မရပေ။ မိုဝူကျီက သူ့ချီသွေးကြောထဲမှ စိတ်စွမ်းအားကို အသက်သွင်းဖို့ရာ ကြိုးစားသော်လည်း အချည်းနှီးသာ ဖြစ်ပေသည်။ သို့သော်လည်း သူ့စိတ်စွမ်းအား သိုလှောင်ရေး ချီသွေးကြောမှ စိတ်စွမ်းအားမှာ ထုတ်နိုင်သေးကာ သုံးမီတာ ကျယ်ဝန်းသော နေရာသာ အာရုံခံနိုင်လေသည်။ ဤနေရာမှာ ဧရာမ ပိတ်လှောင်မှုကြီးအောက် ရောက်နေသည့်အလား ဖြစ်ကာ ထိုပိတ်လှောင်ခြင်းမှာ ကျင့်ကြံသူ၏ စိတ်စွမ်းအား ဖြစ်နေသည်။

လခြမ်းကွေးများမှ လှုံ့ဆော်မှုကို သတိရပြီး သူ့အား မည်သည့် တည်နေရာကို ဦးတည်သင့်ကြောင်း လမ်းပြပေးနေသည်။

မိုဝူကျီက သူ့စိတ်ဝိညာဉ် မျက်လုံးကို နောက်တစ်ကြိမ် ဖြစ်တည်လာရန် ကြိုးစားလိုက်သည်။ သူက စိတ်ဝိညာဉ် မျက်လုံးကိုလည်း ပိတ်လှောင် ထားသလားဟု စမ်းသပ်ကြည့်ချင်ရုံ ဖြစ်၏။

မကြာခင် မိုဝူကျီက ပျော်ရွှင်သွားမိသည်။ သူ့စိတ်ဝိညာဉ် မျက်လုံးဖြင့် ထိုအဆုံးမဲ့ ကန္တာရကြီး အဆုံးတွင် အလွှာတစ်ခု ထပ်ရှိဟန် ပေါ်နေသည်။

သူ ရပ်နေသည့် နေရာမှာ အမှန်တကယ်တော့ လမ်းတွင် ရှိနေဆဲ ဖြစ်သည်။ လမ်းကြောင်းအတွင်း ငါးကီလိုမီတာ ကျယ်ဝန်း‌သော နေရာများ  ရှိသကဲ့သို့ တစ်မီတာသာ ကျယ်ဝန်းသော နေရာများလည်း ရှိပေသည်။ သူက မပြီးဆုံးနိုင်သည့် ဧရာမ ကန္တာရထဲ ရောက်သွားသကဲ့သို့ ခံစားလိုက်ရခြင်းမှာ ဤနေရာကား ထိပ်သီး ပုံရိပ်ယောင် အစီအရင် ဖြစ်နေ၍ ဖြစ်၏။

မိုဝူကျီလည်း တုန်လှုပ်ဖွယ် တွေ့ရှိမှု တစ်ခု ရသွားလေသည်။ သူက သူ့ပုံရိပ်ယောင် လမ်းကြောင်းမှ အခြေအနေများကို သိရှိနိုင်ရုံသာမက အနီးအနား လမ်းကြောင်းများမှ အခြေအနေများကိုလည်း လေ့လာနိုင်ပေသည်။ သူ့လက်ယာဘက်ရှိ လမ်းကြောင်းတွင် လောက အင်မော်တယ် အဆင့်နှင့်တူသည့် အဆင့် ၈ သားရဲ့ ပေါင်လေ့ကို မြင်လိုက်ရသည်။

သူက ပေါင်လေ့ကို တွေ့လိုက်သည်နှင့် ထိုသားရဲကို အပြတ်ရှင်းပစ်လိုသည့် အတွေးမှာ စိတ်ထဲ ပေါ်လာလေသည်။ သို့သော် သူက စိတ်ကို တည်တည်ငြိမ်ငြိမ် ထားလိုက်သည်။ ပေါင်လေ့က ယန်ချီရန် မဟုတ်ပေ။ ယန်ချီရန် ဆယ်ယောက်ပင် ပေါင်လေ့ကို ယှဉ်နိုင်မည် မဟုတ်ပေ။ သူ့လက်ရှိ အခြေအနေဖြင့် ပေါင်လေ့ကို သတ်ဖို့ရန်က အောင်မြင်သွားလျှင်ပင် အကျိုးဆက်မှာ သူ့အနေနှင့် ခံနိုင်ရည် ရှိမည် မဟုတ်ချေ။

သူ ဘာမှ မလုပ်ခင် လခြမ်းကွေး အင်မော်တယ်နန်းတော်မှ ရတနာများ သူ့လက်ထဲ ရောက်သည့်အထိ စောင့်ခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ ထိုအတွေးဖြင့် မိုဝူကျီက စိတ်ဝိညာဉ်မျက်လုံးကို ပြန်ရုပ်သိမ်းလိုက်သည်။

အချိန်တိုလေးအတွင်း မိုဝူကျီ‌ ခေါင်းမှာ စတင်၍ ကိုက်လာလေသည်။ စိတ်ဝိညာဉ် မျက်လုံးကို ခဏတိုင်း မသုံးနိုင်သေးပေ။

အစပိုင်းက စိတ်ဝိညာဉ် လျှို့ဝှက်ပညာရပ် ရရှိခဲ့ခြင်းသည် ကြက်တောင်ပံ ရသကဲ့သို့သာ တန်ဖိုး ရှိလိမ့်မည်ဟု ထင်နေခဲ့သည်။ ထိုကြက်တောင်ပံက သူ့အသက်လေးကို လွတ်မြောက်ဖို့ ကူညီနိုင်ရုံသာမက ထိပ်သီးပုံရိပ်ယောင် အစီအရင်ကို မြင်နိုင်အောင် ကူညီပေးသေးသည် မဟုတ်ပါလော။

အမှန်တော့ လျှို့ဝှက်ပညာရပ်များကို မည်သို့ အသုံးချရမှန်း မသိသရွေ့ ထိုသို့ ကြက်တောင်ပံ လျှို့ဝှက်ပညာရပ်များ ရှိနေမည် မဟုတ်ပေ။ အချိန်တစ်ခု ရောက်သည်နှင့်  အထောက်အပံ့ အမျိုးအစား လျှို့ဝှက်ပညာရပ်များက တိုက်ခိုက်ရေး အမျိုးအစားထက် ပို၍ အဖိုးတန် တတ်ကြသည်။

***

ပိုင်စုတင်းက ယခင် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည့် တိုက်ပွဲကွင်းသို့ ရောက်လာသည့်အချိန် သူမက ပို၍ ရုန်းရင်းဆန်ခတ် ဖြစ်နေသော တိုက်ပွဲကို မြင်လိုက်ရသည်။ ခြားနားချက် တစ်ခုမှာ အားလုံးက လခြမ်းကွေး အင်မော်တယ် နန်းတော်ထဲ အရူးအမူး ဝင်ဖို့ရာအတွက် တိုက်နေကြခြင်း ဖြစ်သည်။

ပိုင်စုတင်းက ချက်ချင်း နားလည်သွားသည်။ လခြမ်းကွေး အင်မော်တယ် နန်းတော်ကား အမှန်ပင် ပေါ်လာလေပြီ။ သူမက စိတ်စွမ်းအား ထုတ်လွှင့် လိုက်သော်လည်း မိုဝူကျီကိုတော့ ရှာမတွေ့ပေ။

လခြမ်းကွေး အင်မော်တယ် နန်းတော်ကို တွေ့နေပြီး သူမတွင် လခြမ်းကွေးသော့များ မရှိလျှင်ပင် သူမက ထိုအခွင့်အရေးကို လက်မလွတ်ချင်ပေ။ သူမ ပုံရိပ်က လျှပ်တစ်ပြက် ပျောက်ကွယ်သွားပြီး လခြမ်းကွေး အင်မော်တယ် နန်းတော်ဆီ တစ်ဟုန်ထိုး ပြေးဝင် သွားတော့သည်။

ပိုင်စုတင်း လက်ထဲမှ ဓားစွမ်းအားများ သိပ်သည်းနေသည့် ဓားအလင်းချက်ကြောင့် သူမ ရှေ့မှ လူအုပ်ကြီးမှာ သွေးလမ်း ဖြစ်သွားရသည်။ ချက်ချင်းဆိုသလို သူမ ပုံရိပ်မှာ အရိပ်သဖွယ် ဖြစ်သွားပြီး လခြမ်းကွေး အင်မော်တယ် နန်းတော်ဆီ ထိုသွေးလမ်းမှ တစ်ဆင့် ဝင်သွားတော့သည်။

အခြားသော လောက အင်မော်တယ် ကျင့်ကြံသူ အားလုံးလည်း ထိုသို့ တူညီသည့် နည်းလမ်းဖြင့် ဝင်ရောက် သွားကြသည်။ လခြမ်းကွေး အင်မော်တယ် နန်းတော်ကို ဝင်ဖို့ရာ ညင်သာသည့် နည်းလမ်းဟူ၍ မရှိပေ။

ပိုင်စုတင်း လခြမ်းကွေး အင်မော်တယ် နန်းတော်ထဲ ဝင်ရောက် သွားပြီးနောက် တံခါးပေါက်ထဲ အတင်း စုပြုံတိုးဝှေ့နေသော ကျင့်ကြံသူ အပြုံလိုက်မှာ ငြိမ်ကျ သွားလေသည်။ ကျင့်ကြံသူ တချို့က နန်းတော်ထဲ ဝင်ဖို့ရာ ကြိုးစားကြသော်လည်း မကြာခင် နားလည် သွားကြသည်။ ဤနေရာက ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့်နှင့် အထက်သာ ဝင်နိုင်သော နေရာ ဖြစ်လေ၏။

အကယ်၍ အဆင့်နိမ့် ကျင့်ကြံသူ ဖြစ်သည့် သူတို့က အတင်းတိုးဝင်ဖို့ ကြိုးစားနေပါက သူတို့ကိုယ် သူတို့ သေခြင်းတရား ရှာနေခြင်းနှင့် တူနေပေလိမ့်မည်။ အကြောင်းမှာ လောက အင်မော်တယ် တစ်ယောက် ရောက်လာတိုင်း သူက သူတို့ကို သွေးလမ်းအဖြစ် ပြောင်းလဲလိုက်သည် မဟုတ်ပါလော။

***

“ဘမ်း” ဓားချွန်ချွန် တစ်ချောင်းက ရုတ်တရက်ကြီး ပေါ်လာကာ မိုဝူကျီကို ထိုးစိုက် သွားလေသည်။ အကယ်၍ မိုဝူကျီသာ မရှောင်လိုက်လျှင် နှစ်ပိုင်း ပိုင်းမိသွားတော့မည် ဖြစ်၏။

ထိုစဉ် မိုဝူကျီက စိတ်ဝိညာဉ်မျက်လုံး အသက်သွင်းကာ ထိုဓားရောက်လာသည့် နေရာကို သွားကြည့်ဖို့ တွေဝေမနေပေ။ ထင်ထားသည့်အတိုင်း မိုဝူကျီ သွားကြည့် လိုက်သည့်အခါ ဓားက ပျောက်ကွယ်သွားကာ မိုဝူကျီဘေး၌ လှံတစ်ချောင်း ပေါ်လာသည်။

ထိုလှံမှာ လက်နက်အစစ် ဖြစ်၏။ အကယ်၍ မိုဝူကျီသာ ဓားသက်ရောက်မှုကို ခံရပြီး ထိုဦးတည်ရာအတိုင်း ရှောင်ရှား မိလိုက်လျှင် သူက သူ့ကိုယ်သူ လှံဆီ ပြေးဝင်မိမှာ ဖြစ်သည်။

ထိုသည်က မိုဝူကျီကို စိုးရိမ်စေသည်။ မိုဝူကျီက သူ့ကိုယ်သူ မဟုတ်ဘဲ အထီးကျန်ကြိုးနီကို စိုးရိမ်မိခြင်း ဖြစ်ပေသည်။ ဤမျှ ကြီးမားလှသော အစီအရင်ကြီး၌ ထောင်ချောက်များစွာလည်း ရှိနေသေးသည်။ သို့သော်လည်း အထီးကျန်ကြိုးနီက အာကာသထဲ သူ့ထက် အချိန်များစွာ ကုန်ဆုံးခဲ့သူ ဖြစ်သည့်အတွက် အထီးကျန်ကြိုးနီလည်း ထိုသို့သော အခြေအနေမျိုးကို သိပေလိမ့်မည်။ ထို့ကြောင့် မိုဝူကျီ၏  စိုးရိမ်မှုများ လျော့ကျ သွားလေသည်။

ထိုစဉ် လခြမ်းကွေးသော့ဆီမှ လှုံဆော်မှုက ပို၍ ပြင်းထန် လာပေသည်။ သူက လခြမ်းကွေးသော့ကို ထုတ်ကာ ထိုတည်နေရာ အတိုင်း သွားလိုက်သည်။

အမွှေးတိုင် တစ်ဝက်အကြာတွင် မိုဝူကျီက ရပ်တန့်လိုက်သည်။ သူ့ရှေ့တွင် ရှိနေသည်က လခြမ်းကွေးဂိတ်တံခါး ဖြစ်၏။ ထိုဂိတ်တံခါးမှာ အာကာသထဲ ပေါ်လာသည်ထက် ယောင်ယောင်လေး သေးသော်လည်း ထိုဂိတ်တံခါးပေါ်၌ သော့ပေါက် သေးသေးလေး ပါရှိ၏။

မိုဝူကျီက အားနှင့် ဖွင့်ကြည့်ဖို့ရာ ကြိုးစား မကြည့်ပေ။ အကယ်၍ လခြမ်းကွေး ဂိတ်တံခါးကို အင်အားသုံး ဖွင့်နိုင်ပါက လခြမ်းကွေးသော့များ လိုအပ်မည် မဟုတ်ပေ။ အမှန်တကယ်တော့ သူက ဘာကိုမျှ ကြိုးစားကြည့်ဖို့ရာ အချိန်မရချေ။ သူ လိုအပ်နေသည်က သူ့စွမ်းဆောင်ရည်များ အလျင်အမြန် မြင့်တက်စေရန် ဖြစ်သည်။

လခြမ်းကွေးသော့က သော့ပေါက်နှင့် နီးကပ်လာသည့်အခါ တစ်ခြားတစ်ဖက်၌ လေဟာနယ် ရှိနေသည့်အလား သော့ကို ချက်ချင်း စုပ်ယူသွား၏။

“ခလောက်”

ထိုအသံနှင့်အတူ လခြမ်းကွေး ဂိတ်တံခါးက ပွင့်သွားပြီး  လခြမ်းကွေးသော့က အောက်ကျ သွားလေသည်။

မိုဝူကျီက လခြမ်းကွေးသော့ကို ပြန်ကောက်ယူလိုက်ပြီး စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားကို ထုတ်လွှင့်လိုက်သည်။ သူက အထဲမှ အားကောင်းသည့် တန်ပြန်အားကို ချက်ချင်း သတိပြုမိ လိုက်သော်လည်း လခြမ်းကွေးဂိတ်တံခါး ပွင့်လာသည်နှင့် ထိုအားမှာ ပျောက်ပျက် သွားပြန်သည်။

မိုဝူကျီက တံခါးနောက်တွင် ဘာရှိနေမှန်း မြင်လိုက်ရသည်။ ထိုအရာမှာ မီတာအနည်းငယ် ကျယ်ဝန်းသော ကျောက်တုံးအိမ် ဖြစ်၏။ ကျောက်အိမ် အလယ်တွင် သဘာဝအတိုင်း ပြုလုပ်ထားသော လက်ဖက်ရည်ခွက်များ တင်ထားသည့် စားပွဲဝိုင်း ရှိ၏။ အိမ်၏ ထောင့်တစ်နေရာ၌ မြေပြင်မှ ထွက်နေသော သံခြေချင်းများ ရှိလေသည်။ သို့သော်လည်း ထိုသံခြေချင်းများက မည်သည့်အရာကိုမျှ ချုပ်နှောင်ထားဟန် မပေါ်ပေ။

ရတနာအနေနှင့် မိုဝူကျီက တစ်ခုမျှ မမြင်မိပေ။ သို့သော်လည်း သူက လက်စွပ်တစ်ကွင်း မြင်လိုက်ရသည်။ ထိုလက်စွပ်မှာ သံခြေချင်းများနှင့် မနီးမဝေးတွင် ရှိနေပြီး တုန်လှုပ်စရာ ကောင်းပေသည်။

မိုဝူကျီ ပခုံးပေါ်တွင် ရှိနေသာ ရွိုက်ကောက မကျေမနပ်ဖြင့် ကျည်ကျည်ကျာကျာ မြည်တမ်းနေ၏။ ကျောက်အိမ်အတွင်း မြင်ပြီးနောက် ရတနာ မရှိကြောင်း သိသာလှသည်။

မိုဝူကျီက လက်စွပ်ဆီ ရောက်သွားပြီး ကောက်ယူလိုက်သည်။ ထိုလက်စွပ်တွင် အတားအဆီး အမျိုးမျိုးနှင့် ပြည့်နေကြောင်း တွေ့လိုက်ရသည်။ မိုဝူကျီက ထိုအတားအဆီးများကို သေချာလေ့လာ လိုက်သည့်အခါ ထိုအတားအဆီးများမှာ လက်စွပ်ပိုင်ရှင် ထားထားသည့်အရာ မဟုတ်မှန်း ရှာတွေ့သွားသည်။ မည်သူကမျှ သူ့လက်စွပ်ကို ထိုသို့ လုပ်မည် မဟုတ်ပေ။ ပိုင်ရှင်က စိတ်စွမ်အားဖြင့် အချိန်တိုအတွင်း လက်စွပ်ကို လက်ခံရန် ခက်ခဲပေလိမ့်မည်။ ဤသို့သော စိတ်စွမ်းအား အသုံးပြုမှု ကန့်သတ်ထားသည့် နေရာတွင် ပိုဆိုးပေသည်။

သာမန်လူ တစ်ယောက် အတားအဆီးထားထားသော လက်စွပ်အတွက် သူ့စိတ်စွမ်းအားကို ခွင့်ပြုရုံသာမက အထဲတွင် ဘာရှိနေကြောင်း သိနိုင်စေရန် စိတ်ကိုပါ ခွင့်ပြုထားတတ်သည်။ သို့သော်လည်း ဤအတားအဆီးများက စိတ်ဖြင့် ဝင်ရောက်၍ မရပေ။

ဤနေရာတွင် မိုဝူကျီက စိတ်စွမ်းအားကို အသုံးပြု၍ မရပေ။ သို့သော် သူ့တွင် စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်း ရှိ၏။ စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားမှာ လက်စွပ်ကို ရစ်ပတ်သွား၏။ မိုဝူကျီ၏ အတားအဆီးများနှင့် ကန့်သတ်ချက်များကို နားလည်ခြင်းနှင့်အတူ အချိန် ကြာမြင့်နေသည်ကြောင့်  မိုဝူကျီက လက်စွပ် အတားအဆီးကို ချေဖျက်ရန်  အမွှေးတိုင် တစ်တိုင်စာလောက် ကုန်ဆုံးခဲ့ရသည်။

အပြင်ဘက် အတားအဆီးများကို ချိုးဖျက်ပြီးသည်နှင့် အထဲမှာ မိုဝူကျီ မျှော်လင့်ထားသည်နှင့် ကွက်တိ ဖြစ်ပေသည်။ နောက်ထပ် အတားအဆီး အလွှာတစ်ခု ရှိနေသေးသည်။ မိုဝူကျီ အမြင်အရ ထိုအလွှာမှာ လက်စွပ်ပိုင်ရှင် ပြုလုပ်ထားခြင်း ဖြစ်ရမည်။

လက်စွပ်ပိုင်ရှင်များ ပျောက်ကွယ်သွားပြီ ဖြစ်၍ အတားအဆီးများက အင်မတန် လျော့ပါးလာပြီ ဖြစ်၏။ မိုဝူကျီ၏ စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ  စိတ်စွမ်းအားများ တစ်ချက် ဝင်ရောက် လိုက်သည်နှင့် လက်စွပ်က အလွယ်တကူ ပွင့်သွားလေသည်။

မိုဝူကျီက အထဲကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ အထဲမှ အရွယ်အစားမှာ မကျယ်လှချေ။  မိုဝူကျီ၏ ကိုယ်ပိုင်လက်စွပ်နှင့် ယှဉ်လျှင် ထိုမျှ မကွာလှပေ။  သို့သော်လည်း မိုဝူကျီက သူ သန့်စင်လာသည့် လက်စွပ်များထက် ဤလက်စွပ်အတွင်း၌ ကမ္ဘာကြီး၏ တည်ငြိမ်နေမှုကို ခံစားမိလိုက်သည်။

လက်စွပ်ထောင့် တစ်နေရာတွင် မြေကမ္ဘာအဆင့် စိတ်စွမ်းအင် ကျောက်တုံးများ အပုံလိုက် ရှိပေသည်။ သို့သော်လည်း ထိုတောင်နှင့်တူသော မြေကမ္ဘာအဆင့် စိတ်စွမ်းအင် ကျောက်တုံးများမှာ မိုဝူကျီ၏ အာရုံကို မဖမ်းစားနိုင်ပေ။ သူက မြေကမ္ဘာအဆင့် စိတ်စွမ်းအင် ကျောက်တုံးများ နောက်မှ စိတ်စွမ်းအင် ကျောက်တုံးဆယ်ပုံကို အာရုံစိုက်မိ သွားသည်။ ထိုကျောက်တုံးများမှာ မြေကမ္ဘာ အဆင့်ထက် အဆင့်မြင့်ဟန် ပေါ်သော်လည်း တစ်ချိန်တည်း ဆိုသလို သူတို့က ကောင်းကင်အဆင့် စိတ်စွမ်းအင် ကျောက်တုံးလည်း မဟုတ်ချေ။

မိုဝူကျီက ကျောက်တုံး တစ်တုံးကို ကောက်လိုက်သည့်အခါ သန့်စင်လှသည့် စွမ်းအားများက သူ့ချီသွေးကြောများဆီ ဝင်ရောက်လာသည်။ ထိုစဉ် မိုဝူကျီက သူ့ချီသွေးကြောများမှာ ဝိညာဉ်စွမ်းအား အသစ်ဖြင့် ပြည့်နှက် သွားသည့်အလား ခံစားမိလိုက်သည်။ ထို့နောက် သူက လက်ထဲမှ ကျောက်တုံးကို ကြည့်လိုက်ကာ ထိုအရာက သေးငယ်လာဟန် မပေါ်ပေ။

ထိုသည်က မြေကမ္ဘာအဆင့် စိတ်စွမ်းအင် ကျောက်တုံးများထက် သာလွန်နေသည့် စိတ်စွမ်းအင် ကျောက်တုံး အမျိုးအစား တစ်ခု ဖြစ်၏။ သို့သော် ကောင်းကင် စိတ်စွမ်းအင် ကျောက်တုံးများနှင့်လည်း မတူညီချေ။ ကျင့်ကြံဆင့် အတားအဆီးကို ချိုးဖျက်ဖို့ရာ ကြိုးစားသည့်နေရာ၌ ကောင်းကင် စိတ်စွမ်းအင် ကျောက်တုံးနှင့် မယှဉ်နိုင်ချေ။ သို့သော်လည်း ကျင့်ကြံခြင်းနှင့် ပတ်သက်လာလျှင် ကောင်းကင် စိတ်စွမ်းအင် ကျောက်တုံးထက် နိမ့်မည် မဟုတ်ပေ။ အဓိကက ထိုအထဲ၌ ကောင်းကင် စိတ်စွမ်းအင် ကျောက်တုံးထက် သာလွန်နေသည့် ဝိညာဉ်စွမ်းအားများ ပါဝင်နေပေသည်။ သန့်စင်မှုနှုန်းမှာလည်း အနည်းငယ် မြင့်ပေ၏။

မြေကမ္ဘာ အင်မော်တယ်တွေ သုံးတဲ့ စိတ်စွမ်းအင် ကျောက်တုံးများလား ....

ထိုစဉ် မိုဝူကျီက ကြယ်တာရာ ဘုရင်တောင်၌ မျိုးနွယ်စုကြီး သုံးခုက ယနေ့ကဲ့သို့ ဖြစ်လာရသည့် အကြောင်းအရင်းကို သဘောပေါက် သွားတာ့သည်။

ထိုသို့သော အရာမျိုးက စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူကို လောက အင်မော်တယ်အဆင့် သို့မဟုတ် မြေကမ္ဘာ အင်မော်တယ်အဆင့်  တက်လှမ်းရန် အခွင့်အရေး ပေးပေလိမ့်မည်။

အကယ်၍ ထိပ်သီး ကျင့်စဉ်နှင့်အတူ လျှို့ဝှက် ပညာရပ်ပါ ပေါင်းစပ်လိုက်ပါက  ......

မိုဝူကျီက ကျောက်စိမ်းစာလွှာပေါ် အကြည့် ရောက်သွားသည်။ သူက လက်ထဲတွင် တစ်ခုကိုင်လိုက်သည်။ စိတ်စွမ်းအားဖြင့် ဖတ်ရှုလိုက်သောအခါ ချက်ချင်းဆိုသလို ဤအရာမှာ ကျင့်စဉ် ဖြစ်ကြောင်း နားလည် သွားပေသည်။ ထို့အပြင် ကောင်းကင် ရတနာအဆင့် ကျင့်စဉ် ဖြစ်နေသည်။ နာမည်မှာ ရွှေရောင်တိမ်တိုက် နည်းစနစ် ဟူ၍ ဖြစ်သည်။ ပြောရလျှင် ချိန်စုယင်၏ မုန်တိုင်း နည်းစနစ်မှလွဲ၍ ကျန်းမိုနယ်မြေတွင် ဤအရာနှင့် ယှဉ်လို့ရမည့် ကျင့်စဉ် ရှိမည် မဟုတ်ပေ။

ကျောက်စိမ်းပေလွှာ နောက်တွင် လျှို့ဝှက်ပညာရပ် တစ်ပိုင်း ဖြစ်သည့် ကျဆုံးတိမ်တိုက် ရွှေမြား ဟူ၍ ပါရှိသေးသည်။

မိုဝူကျီက ခေါင်းခါရင်း ကျောက်စိမ်းပေလွှာကို သိမ်းထားလိုက်သည်။ လျှို့ဝှက်ပညာရပ် တစ်ပိုင်း ဖြစ်စေ၊ ကောင်းကင် ရတနာအဆင့် ကျင့်စဉ် ဖြစ်စေ ကျန်းမိုနယ်မြေ တစ်ခုလုံး လှုပ်ခါသွားနိုင်သည့် ရတနာ ဖြစ်ပေသည်။

ကံဆိုးလှစွာ သူက စိတ်မဝင်စားချေ။

လက်စွပ်ထဲမှ အခြားသော အရာများအတွက် မိုဝူကျီက အာရုံမရှိပေ။ သူက လက်စွပ်ကို ကျောက်စိမ်း သေတ္တာထဲ ထည့်ပြီးနောက် ထောင့်နေရာသို့ သွားကာ သံကြိုးကို ကောက်ယူ ကြည့်လိုက်သည်။

နှစ်များစွာ ကုန်ဆုံးသွားသော်လည်း ထိုသံကြိုးများ၌ ဖုံးကွယ်မရနိုင်သည့် အငွေ့အသက်တို့ ထွက်ပေါ်နေဆဲ ဖြစ်သည်။

အင်မော်တယ်နန်းတော် ဟူ၍ မရှိပေ။

မိုဝူကျီက ဤကျောက်အိမ်မှာ အကျဉ်းထောင် ဖြစ်ကြောင်း သေချာသည်။

***

All Chapters