← Chapters

အားလုံးကို အံ့အားသင့်သွားစေသော ဟင်းချက်စွမ်းရည်

Vol. 64 Ch. 890

အားလုံးကို အံ့အားသင့်သွားစေသော ဟင်းချက်စွမ်းရည်

Vol. 64 Ch. 890

အကြော်ဒယ်အိုးက သာမန်ဆန်လိုက်တာ........ မဟုတ်သေးဘူး......... ရုပ်ပါဆိုးနေသေးတယ်.........

ပွဲကြည့်ပရိသတ်များ၏ ထင်မြင်ယူဆချက်များမှာ မမှားယွင်းပေ။

သို့သော် စာအုပ်တစ်အုပ်အား အဖုံးကြည့်ရုံဖြင့် မဝေဖန်သင့်ကြောင်း သူသင်ခန်းစာ ပေးတော့မည်ပင်။

အန်လင်းသည် တက်ကြွနေသော တိုက်ပွဲစိတ်ဆန္ဒများဖြင့် အကြော်ဒယ်အိုးအား နေရာချလိုက်သည်။

အင်မော်တယ် စားတော်ကဲများသည် ပြင်ပမီးတောက်များကို ငြင်းဆန်ကာ ၎င်းတို့၏ ကိုယ်ပိုင်မီးတောက်များကိုသာ အသုံးပြုကြလေ့ရှိသည်။

အန်လင်းသည်လည်း ထိုကဲ့သို့ပင် ဖြစ်သည်။

အချက်အပြုတ် နတ်ဘုရား ဟူကျောင်းဟောင်သည် မီးတောက်အား ထုတ်ဖော်လိုက်သောကြောင့် ပရိသတ်များ တဝိုးဝိုး ဖြစ်သွားပြန်သည်။

"အချက်အပြုတ် နတ်ဘုရား ဟူကျောင်းဟောင်ရဲ့ အံ့ဖွယ်ရွှေမီးတောက်ပဲ။ သွေးပင်လယ် ရွှေငရဲခန်း အလယ်က အံ့ဖွယ်မီးတောက်လေ။ မိစ္ဆာဓာတ်တွေအားလုံးကို လောင်ကျွမ်းပစ်နိုင်တဲ့အပြင် ဟင်းလျာထဲမှာလည်း သန့်စင်ယန်စွမ်းအင်ကို တိုးမြှင့်ပေးနိုင်တယ်။"

"အချက်အပြုတ် နတ်ဘုရားဆိုတာ အံ့ဖွယ်မီးတောက်နဲ့မှ သောက်ကြမ်းကြီးဖြစ်တာ။"

"အန်လင်းမီးတောက်ကရော ဘာဖြစ်မလဲ မသိဘူး။"

"အံ့ဖွယ်မီးတောက်ပဲ ဖြစ်မှာပါ။ သူက ငယ်သေးပေမယ့် ဝှက်ဖဲတွေဘာတွေ ရှိမှာသေချာတယ်။"

..............

အန်လင်းမှာ အံ့ဖွယ်မီးတောက်အား တွေ့လိုက်ရပြီးနောက် တအံ့တသြ ဖြစ်နေသော ပွဲကြည့်ပရိသတ်များကိုကြည့်ကာ ခေါင်းယမ်းလိုက်မိသည်။ သူသည် အံ့ဖွယ်မီးတောက်များနှင့် ပက်သတ်၍ အမှန်တကယ် ကြွားဝါလိုစိတ် မရှိပေ။

သို့သော် အင်မော်တယ်များသည် အံ့ဖွယ်မီးတောက် တစ်ခုအား တွေ့ရရုံမျှဖြင့် အဘယ့်ကြောင့် အံ့သြနေကြပါသနည်း။

ဝုန်း..........

မြင့်မြတ်မီးတောက် တစ်ခုနှင့် အံ့ဖွယ်မီးတောက် ခြောက်ခု တပြိုင်နက်တည်း ထွက်ပေါ်လာကာ ပြင်းထန်လှသော အရှိန်အဝါများနှင့်အတူ ပတ်ဝန်းကျင် အပူချိန်အား မြင့်တက်သွားစေပြီး ပွဲကြည့်ပရိသတ်များပါ မျက်စိကျိန်းသွားရသည်။

"ဒါက.......... ငါမြင်နေတာ မှန်ပါတယ်နော်။"

"အံ့ဖွယ်မီးတောက် ခုနစ်ခုလား။ မဟုတ်သေးဘူး။ အံ့ဖွယ်မီးတောက် ခြောက်ခုနဲ့ မြင့်မြတ်မီးတောက် တစ်ခု......"

"ဘုရားရေ....... ကြောက်ဖို့ကောင်းလိုက်တာ။"

အချက်အပြုတ် နတ်ဘုရား ဟူကျောင်းဟောင်သည်ပင် ထိတ်လန့်သွားရပြီး သူ၏မီးတောက်အား ဖောက်ခွဲမိမတတ် ဖြစ်သွားရသည်။

ယီးတဲ့မှ........ အံ့ဖွယ်မီးတောက်တွေ အလကားပေးတဲ့ နေရာများ ရှိနေတာလား....... ဘာလို့ ဒင်းဆီမှာ အဲ့လောက်အများကြီး ရှိနေရတာလဲ..........

ဧကရာဇ်ချင်းဟွာသည်လည်း ပါးစပ်အဟောင်းသား ဖြစ်သွားမိသည်။

အန်လင်းသည် တည်တည်ငြိမ်ငြိမ်နှင့်ပင် လက်အားဝေ့ယမ်းလိုက်သည်။

မီးတောက်များသည် အကြော်ဒယ်အိုးအောက်သို့ ရောက်ရှိသွားကာ ပျော်ရွှင်စွာ ကခုန်နေကြလေသည်။

ဗာမီလီယမ်ငှက်သည် မီးတောက်များအား ထိန်းချုပ်ကာ အကြော်ဒယ်အိုးအား အပူပေးနေသည်။

အချက်အပြုတ် နတ်ဘုရား ဟူကျောင်းဟောင်သည် အတွေ့အကြုံ ရင့်သန်သောကြောင့် မကြာမီပင် စိတ်ခံစားချက်များအား ထိန်းချုပ်လိုက်နိုင်သည်။ ပြိုင်ပွဲတွင် မီးတောက်မှာ အရေးမကြီးပဲ ဟင်းလျာကသာ အရေးကြီးသည်။

သူသည် ဓားအားထုတ်ကာ ပါဝင်ပစ္စည်းများ နေရာချလိုက်သည်။

ဓား၏လှုပ်ရှားမှုသည် တိမ်တိုက်မြူခိုးများကဲ့သို့ စိတ်ကူးယဉ် ဆန်လွန်းလှပါသော်လည်း ထက်ရှသော ခံစားချက်ကို ပေးစွမ်းနိုင်သည်။

သူ၏လှုပ်ရှားမှု တစ်ခုချင်းစီမှာ မျက်စိပဒါသ ရှိလွန်းလှသည်။

အန်လင်းသည်လည်း မီးဖိုချောင်ဓားအား ထုတ်ယူလိုက်သည်။ ထိုသည်မှာ ဓားတစ်လက်ပင်။

စောင့်ကြည့်နေသော ပွဲကြည့်ပရိသတ်များရှေ့တွင်ပင် သူသည် အနက်ရောင် ဓားတစ်လက်အားထုတ်ကာ ပါဝင်ပစ္စည်းများအား စတင်ခုတ်ထစ်လိုက်သည်။

အန်လင်းသည် အချက်အပြုတ် နတ်ဘုရား ဟူကျောင်းဟောင်အား ရည်ရွယ်ချက်ရှိစွာ လိုက်ပြိုင်နေခြင်း မဟုတ်ပဲ ဓားသုံးရသည်ကို နေသားကျနေခြင်းသာ ဖြစ်သည်။ သူ၏ ဓားရှည်စွမ်းရည်သည် ဓားမော့စွမ်းရည်ထက် အပြတ်အသတ် သာလွန်နေသည့်အပြင် လွန်ခဲ့သော နှစ်များအတွင်း မိစ္ဆာရှင်းဓားဖြင့်ပင် ဟင်းချက်လာခဲ့သည်။

သူ၏ဓားကိုင်သော နည်းစနစ်များသည် အချက်အပြုတ် နတ်ဘုရား ဟူကျောင်းဟောင်ထက် နိမ့်ကျခြင်း မရှိပေ။

မိစ္ဆာရှင်းဓား : "ငါ့ရဲ့နာကျင်မှုတွေကို နတ်ဘုရားတွေပဲ နားလည်လိမ့်မယ်။"

အန်လင်းသည် ကိုယ့်ကိစ္စကိုယ် လုပ်နေပါသော်လည်း အင်မော်တယ်များမှာ ထကြွလာပြန်သည်။

"ယီးတဲ့မှ......... အန်လင်းက မောက်မာလိုက်တာ။ ဟင်းချက်တာတောင် တိုက်ခိုက်တဲ့ ဓားနဲ့လား။"

"ဒါစော်ကားတာ။ ငါတို့ကို စော်ကားနေတာပဲ။ အရမ်းတရားလွန်သွားပြီ။"

"ဓားနဲ့ဟင်းချက်ရတာ အကျင့်ဖြစ်နေလို့များလား။"

"ယီးလား။ ဟင်းချက်ဖို့ ဘယ်သူက ဓားသုံးမှာလဲ။ ပြီးတော့ သူသုံးနေတာ အင်မော်တယ်လက်နက်နော်။ အဲ့ဒါက အချက်အပြုတ် နတ်ဘုရား ဟူကျောင်းဟောင်ရော၊ သူ့ရဲ့ အင်မော်တယ်လက်နက်ကိုပါ စော်ကားနေသလိုပဲ။"

"ဟုတ်တယ်။ ဦးနှောက်ပျက်နေတဲ့သူကပဲ အဲ့လိုလုပ်မှာ။"

"ခ်ခ်........ ညီမလေး နင့်ရဲ့ အန်လင်းက အရမ်းရယ်ရတာပဲ။ ပေါတောတော၊ ကြောင်တောင်တောင်လေးနော်။"

လင်ကျွင်းကျွင်း၏ အစ်မအကြီးဆုံးမှ ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"ဓားလမ်းစဉ်ရဲ့ အထွဋ်အထိပ်များလား။"

အပြာရောင်ဝတ်စုံနှင့် ကောင်းကင်နတ်မိမယ်မှာ မျက်လုံးအပြူးသား ဖြစ်နေသည်။

"သူက ဟင်းချက်ပြိုင်ပွဲမှာ ဓားစွမ်းရည်လာပြနေတာပဲ။"

လင်ကျွင်းကျွင်း အမူအရာ ကင်းမဲ့စွာ ပြောလိုက်သည်။

အန်လင်း၏ လုပ်ပုံကိုင်ပုံများမှာ သူမအား ဝိရောဓိ ဖြစ်စေသည်။

ဒါက တကယ်ရော အချက်အပြုတ် နတ်ဘုရားဘွဲ့အတွက် ပြိုင်ပွဲဟုတ်လို့လား...........

သို့သော် ပွဲကြည့်ပရိသတ်များမှာ မကြာမီပင် စိတ်ပြောင်းကုန်ကြသည်။ အန်လင်းသည် ဓားရှည်အား အသုံးပြုနေပါသော်လည်း နည်းစနစ်များ ကောင်းမွန်ကာ ကြည့်၍ကောင်းလှသည်။

"ဓားစွမ်းရည် တော်တော်ကောင်းတာပဲ။ တိကျသေချာမှုတွေက အချက်အပြုတ် နတ်ဘုရား ဟူကျောင်းဟောင်နဲ့တောင် ယှဉ်လို့ရတယ်။"

"ဒါပေမယ့် အချက်အပြုတ် နတ်ဘုရား ဟူကျောင်းဟောင်က ဓားစွမ်းရည်ရော၊ အချက်အပြုတ်စွမ်းရည်ရော ပေါင်းလိုက်ရင် ပိုသာမှာပဲ။ သူ့ရဲ့ အတွေ့အကြုံက ယှဉ်လို့မရတဲ့ အားသာချက်ပဲလေ။"

"အန်လင်း မီးတောက်ထိန်းချုပ်တာ အရမ်းကောင်းတယ်။ ကြည့်လေကြည့်လေ အံ့သြမိလေပဲ။ သူမီးတောက်ထိန်းချုပ်တာက ဆရာ့ဆရာကြီးတွေထက်တောင် သာနေတယ်။"

"နှစ်ယောက်လုံးက လုံးဝရှယ်တွေဆိုတော့ ရလဒ်ကို ကြိုခန့်မှန်းဖို့ တော်တော်ခက်တယ်။"

ပြိုင်ပွဲဝင် နှစ်ဦးလုံးသည် အံ့အားသင့်စရာ စွမ်းရည်များ အပြိုင်အဆိုင် ထုတ်ပြနေကြသောကြောင့် ရလဒ်အား ခန့်မှန်းရန် မလွယ်ကူလှပေ။ အမြင်စူးရှသော ပွဲကြည့်ပရိသတ်များသည်ပင် အနိုင်ရမည့်သူအား မမှန်းနိုင်ကြပေ။

အချက်အပြုတ် နတ်ဘုရား ဟူကျောင်းဟောင်သည် ဂေါ်ဖီထုပ်၊ ခရမ်းသီး၊ ကောင်းကင်ဘုံခုံရုံး၏ အဆင့်သတ်မှတ်ချက် ကင်းလွတ်သောကြက်၊ ဝက်သား၊ ဥများ၊ ကြက်သွန်မြိတ်နှင့် ကြက်သွန်ဖြူ အစရှိသော ပါဝင်ပစ္စည်းများ အားလုံးကို အသုံးပြုခဲ့သည်။ ပါဝင်ပစ္စည်းများအားလုံး လျင်မြန်စွာ ခုတ်ထစ်ပြီးစီးသွားသည်မှာ သြချလောက်စရာပင်။

တစ်နာရီခန့် ကြာပြီးနောက် ဝက်သားသည် စွဲမက်ချင်စဖွယ် နီညိုရောင်သမ်းလာပြီး ကြက်သားမှာ ရွှေရောင်သမ်းကာ အကင်နံ့လေး သင်းပျံ့လို့နေသည်။

အင်မော်တယ်များသည် ထိုဟင်းလျာအား ငေးမောကာ နှုတ်ခမ်းထောင့်စွန်းမှ သွားရေများ ကျဆင်းလာသည်။ ထိုအနံ့မှာ မငြင်းပယ်နိုင်လောက်အောင် ဆွဲဆောင်မှု ရှိလှသည်။

နှစ်ဖက်ခွကာ ကြားနေနေသော အင်မော်တယ်များမှာ အချက်အပြုတ် နတ်ဘုရား ဟူကျောင်းဟောင်အား တခဲနက် အားပေးလာကြသည်။

အချက်အပြုတ် နတ်ဘုရား ဟူကျောင်းဟောင်သည် လက်တစ်ချက် ဝေ့ယမ်းလိုက်သည်နှင့် အံ့ဖွယ်ရွှေမီးတောက်မှာ ဟင်းလျာအား ဝန်းရံထားသော မီးတောက်လုံးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ထိုသည်မှာ ဟင်းလျာ၏ ရနံ့နှင့် လတ်ဆတ်မှုအား ထိန်းသိမ်းလိုက်ခြင်းပင်။

သို့မှသာ စားသုံးသူများသည် ဟင်းလျာ၏ အရသာ အရှိဆုံး ပုံစံအား မြည်းစမ်းနိုင်ပေလိမ့်မည်။

အန်လင်းသည်လည်း ချက်ပြုတ်ခြင်း၏ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေလေပြီ။ သူသည် ဟင်းစချက်စဉ်မှစ၍ ချိပ်ပိတ်ထားခဲ့သောကြောင့် အနံ့သေးသေးလေးမှပင် အပြင်သို့ ထွက်မလာပေ။

ထို့ကြောင့် ပွဲကြည့်ပရိသတ်များမှာလည်း အန်လင်း၏ ဟင်းလျာ အရသာအား မည်သို့မှ ခန့်မှန်းမရကြပေ။

ဝုန်း...........

အံ့ဖွယ်ရွှေမီးတောက်သည် ဟင်းလျာအား သယ်ဆောင်ပေးမည့် လှည်းငယ်ပေါ် တင်ပေးလိုက်သည်။

အချက်အပြုတ် နတ်ဘုရား ဟူကျောင်းဟောင်မှာ ဟင်းလျာအား ချိပ်ပိတ်ပစ်လိုက်သည်။

ပွဲကြည့်ပရိသတ်များထံမှ အားပေးသံများ ထွက်ပေါ်လာပြန်သည်။ ဟင်းလျာ၏ အရသာအား မသိရပါသော်လည်း အချက်အပြုတ် နတ်ဘုရား ဟူကျောင်းဟောင်၏ ဟင်းချက်စွမ်းရည်အား ကြည့်ခွင့်ရသည်ကပင် ကောင်းမွန်နေပြီ ဖြစ်သည်။

အချက်အပြုတ် နတ်ဘုရား ဟူကျောင်းဟောင်မှာ ပွဲကြည့်ပရိသတ်များအား ပြုံးပြနှုတ်ဆက်လာသည်။

မည်သူမဆို အားပေးချီးမြှောက်ခံရပါက စိတ်ခံစားချက် ကောင်းမွန်နေမည်ပင်။

ဝုန်း........

အပူလှိုင်းတစ်ခု ပေါက်ကွဲသွားသည်။

အဖြူရောင် ဗာမီလီယမ်မီးတောက်မှ ဗာမီလီယမ်ငှက်အော်သံများ ထွက်ပေါ်လာကာ အံ့ဖွယ်မီးတောက် ခြောက်ခုမှ လှပသော တောင်ပံများ ဖြစ်ပေါ်လာသည်။ ထိုမီးတောက်များထဲတွင် မည်သူမှ မြင်ခွင့်မရသေးသော ဟင်းလျာပါရှိနေလေသည်။

မီးတောက်များမှာ မီးရှူးမီးပန်းများသဖွယ် ပေါက်ကွဲနေသည်။

အန်လင်းသည် ထိုအခွင့်အရေးအား အမိအရယူကာ ဟင်းလျာအား ဖုံးအုပ်လိုက်သည်။

အားပေးလက်ခုပ်သံများ ဟေးခနဲ ထွက်လာသည်။ ထိုသည်မှာ အန်လင်း ပရိသတ် ကောင်းကင်နတ်မိမယ်များထံမှ ဖြစ်သည်။

၎င်းတို့၏ အန်လင်း၏ ဓားစွမ်းရည်နှင့် ဟင်းချက်စွမ်းရည်အား ကြွေဆင်းသွားခဲ့သည်ပင်။

အချက်အပြုတ် နတ်ဘုရား ဟူကျောင်းဟောင်မှာ မျက်နှာပျက်သွားသည်။

"လှည့်ကွက်တွေက အသုံးမဝင်ဘူး။ ဟင်းလျာပေါ် မူတည်ပြီးပဲ အနိုင်အရှုံး ဆုံးဖြတ်မှာ။"

အန်လင်း ယုံကြည်ချက်ရှိစွာ ပြုံးလိုက်သည်။

"အဲ့ဒါဆိုလည်း ဘယ်သူက ပိုသာတဲ့ ငနုံလည်း ကြည့်ရသေးတာပေါ့။"

"ငါပိုသာတာ သေချာတယ်။"

အချက်အပြုတ် နတ်ဘုရား ဟူကျောင်းဟောင်မှာ သေချာမတွေးပဲ ပြောလိုက်တော့သည်။

All Chapters