← Chapters

လရောင်ရှုစားနတ်မိမယ်များ

Vol. 64 Ch. 891

လရောင်ရှုစားနတ်မိမယ်များ

Vol. 64 Ch. 891

အချက်အပြုတ် နတ်ဘုရား ဟူကျောင်းဟောင်မှာ တစ်စုံတစ်ခု မှားယွင်းနေသလို ခံစားလိုက်ရသည်။

အန်လင်းမှာ ရယ်ချင်စိတ်အား မနည်းထိန်းထားရသည်။

အချက်အပြုတ် နတ်ဘုရား ဟူကျောင်းဟောင်မှာ အန်လင်းအား ဒေါသတကြီး ကြည့်ရှုလာသည်။

ပွဲကြည့်ပရိသတ်များသာ ရှိမနေပါက လက်သီးတိုက်ပွဲအဖြစ် ပြောင်းလဲသွားလောက်ပြီဖြစ်သည်။

"ပြိုင်ပွဲဝင် နှစ်ယောက်ဖြစ်တဲ့ အချက်အပြုတ် နတ်ဘုရား ဟူကျောင်းဟောင်နဲ့ အချက်အပြုတ် နတ်ဘုရားသစ် အန်လင်းကို ဟင်းလျာတွေ လာရောက်ဆက်သဖို့ ဖိတ်ခေါ်ပါတယ်။"

ရွှေရောင်ကလေးငယ်နှင့် ကျောက်စိမ်းကလေးငယ်တို့ ပြိုင်တူကြေညာလိုက်ကြသည်။

နှစ်ဦးလုံးသည် ၎င်းတို့၏ ဟင်းလျာများအား ဧကရာဇ်ချင်းဟွာရှေ့သို့ ပို့ဆောင်ပေးလိုက်ကြသည်။

ဧကရာဇ်ချင်းဟွာ တံထွေးမြိုချလိုက်မိသည်။ ထိပ်တန်းအဆင့် ဟင်းလျာနှစ်ပွဲအား တစ်ရက်တည်းတွင်ပင် အလကား သုံးဆောင်နိုင်တော့မည်ပင်။ ယခုကဲ့သို့ ပျော်ရွှင်စရာ နေ့ရက်များမှာ နှစ်ရက်မရှိနိုင်ပေ။

"ဘယ်သူ့ဟာကို အရင်စားသင့်လဲ။".

ဧကရာဇ်ချင်းဟွာမှာ ဟင်းလျာနှစ်ခုအားကြည့်ကာ ရေရွတ်လိုက်သည်။

"အချက်အပြုတ် နတ်ဘုရား ဟူကျောင်းဟောင်က အရင်ပြီးသွားတာဆိုတော့ ဒါကိုစစားလိုက်မယ်။"

ဧကရာဇ်ချင်းဟွာ ခပ်ဖွဖွပြုံးကာ ဟင်းလျာအား အဖုံးဖွင့်လိုက်သည်။

တောက်ပနေသော ရွှေရောင်နေမင်းတစ်စင်း ထွက်ပေါ်လာလေသည်။

"အစားအသောက်ရဲ့ အရှိန်အဝါတွေ ထွက်လာပြီဟေ့။"

အင်မော်တယ်များ မျက်လုံးအပြူးသားဖြစ်ကာ ကူကယ်ရာမဲ့စွာ ရေရွတ်လိုက်ကြသည်။

"အင်မော်တယ် စားတော်ကဲတွေက ပညာရပ်ရဲ့ အထွဋ်အထိပ်ကို ရောက်သွားရင် သူတို့ချက်သမျှ ဟင်းလျာတွေအားလုံးမှာ ချက်ပြုတ်ခြင်းတာအိုစွမ်းရည်တွေ ပါဝင်လာပြီး ရွှေရောင်အလင်းကို ဖြစ်လာစေတယ်။"

"အချက်အပြုတ် နတ်ဘုရား ဟူကျောင်းဟောင်ရဲ့ အလင်းက နေမင်းငယ်တစ်စင်းလိုပဲ။ သူ့ဟင်းလျာက အရမ်းအရည်အသွေးမြင့်မှာ သေချာတယ်။"

အားလုံး အံ့အားသင့်နေစဉ်မှာပင် ကောင်းကင်နတ်မိမယ် ငါးပါး၏ပုံရိပ် ထွက်ပေါ်လာကာ တင့်တယ်လှပစွာ ကကြိုးသွယ်ကြလေသည်။ တစ်ချိန်တည်းမှာပင် နားဝင်ပီယံ ရှိလှသော သံစဉ်တစ်ခုပါ ကြားလိုက်ကြရသည်။

"ဒါက အစားအသောက် စိတ်ဆန္ဒနယ်ပယ်ရဲ့ ရုပ်သွင်လား။ အရမ်းလှတာပဲ။"

"အစ်မ.......... အဲ့ကောင်းကင်နတ်မိမယ်တွေက နင့်ထက်တောင် ကတာလှသေးတယ်။"

"လစ်စမ်းပါ။"

အန်လင်းမှာ ငေးမောကြည့်ရှုနေမိသည်။

အကြော်ဒယ်အိုးရဲ့ ရသာတိုးစေတဲ့ အစွမ်းမပါရင်တောင် အခုလိုမျိုး ဖြစ်နိုင်တာပဲလား..........

အချက်အပြုတ် နတ်ဘုရား ဟူကျောင်းဟောင်သည် ချက်ပြုတ်ခြင်းအနုပညာ တာအိုစွမ်းရည်တွင် သူ့ထက်သာလွန်ပုံ ရသည်။

မကြာမီပင် ထိုပုံရိပ်များ ပျောက်ကွယ်သွားကာ အလင်းမှုန်များ ဖြစ်သွားပြီးနောက် ဟင်းလျာပေါ် အုပ်မိုးသွားသည်။

အားလုံးသည် ဟင်းလျာအား ကြည့်ရှုလိုက်သောအခါ အနုစိတ် ခြယ်မှုန်းထားသော ကြွေရုပ်သဖွယ် ကောင်းကင်နတ်မိမယ် ငါးပါးသည် တူညီသော အကွာအဝေးဖြင့် ဟင်းလျာပတ်ပတ်လည်တွင် ရှိနေကြသည်ကို တွေ့လိုက်ရသည်။ ၎င်းတို့၏ ပြီးပြည့်စုံသော ခန္ဓာကိုယ် ကောက်ကြောင်းများပေါ်တွင် အဝါနှင့် ခရမ်းဝတ်စုံများ ဆင်မြန်းထားသည်မှာ တင့်တယ်လှပေသည်။

၎င်းတို့၏ အလယ်တွင် မှိန်ပြပြ အလင်းများ ဖြာထွက်နေသော လတစ်စင်း ရှိနေသည်။

လူတိုင်း ကြောင်အမ်းအမ်း ဖြစ်သွားရသည်။

ဒါက တကယ်ပဲ ဟင်းလျာတစ်ခုလား.........

မကြာမီပင် ဟင်းလျာထံမှ မွှေးပျံ့လှသော ရနံ့များ ထွက်ပေါ်လာသည်။ ကြက်ဥအကာ၏ လတ်ဆတ်သော ရနံ့နှင့်အတူ ကြက်သား၏ ရနံ့မွှေးမွှေးမှာ အင်မော်တယ်များအား သွားရေကျစေသည်။

"ဘုရားရေ......... ငါတော့မနေနိုင်တော့ဘူး။"

အင်မော်တယ်တစ်ပါးသည် စားပွဲပေါ်မှ ဟင်းလျာကိုကြည့်ကာ မျက်ဝန်းများ တောက်ပလာသည်။ သူ၏သူငယ်ချင်းများသာ ဆွဲမထားပါက ငတ်ပြတ်နေသော ဝံပုလွေတစ်ကောင်လို ဟင်းလျာအား ခုန်အုပ်ပြီးလောက်ပြီ ဖြစ်သည်။

အချက်အပြုတ် နတ်ဘုရား ဟူကျောင်းဟောင်မှာ ဧကရာဇ်ချင်းဟွာအား အရိုအသေ ပေးလိုက်သည်။

"ဒီဟင်းလျာကို လရောင်ရှုစား နတ်မိမယ်များလို့ခေါ်ပါတယ်။ ကျေးဇူးပြုပြီး အရသာ မြည်းစမ်းပေးပါဦး ဧကရာဇ်ချင်းဟွာ......"

ဧကရာဇ်ချင်းဟွာသည်လည်း စိတ်မထိန်းနိုင်တော့သဖြင့် ညင်သာစွာ ပြုံးလိုက်သည်။

"ကောင်းပြီလေ။ အချက်အပြုတ် နတ်ဘုရား ဟူကျောင်းဟောင်ရဲ့ လက်ရာကို မြည်းစမ်းကြည့်ရတာပေါ့။"

ဧကရာဇ်ချင်းဟွာသည် တူအားကိုင်ကာ လအားလှမ်းယူလိုက်သောအခါ လသည် ကာရန်ညီစွာ တုန်ခါလာပြီးနောက် လဆန်းလဆုတ် ဖြစ်စဉ်များအတိုင်း ဖြည်းညင်းစွာ ပျောက်ကွယ်သွားလေသည်။

ဧကရာဇ်ချင်းဟွာ မျက်လုံးများ တောက်ပသွားသည်။

"လဆန်းလဆုတ်ကိုပါ ပြပေးနိုင်တဲ့ ဟင်းလျာပါလား။ စိတ်ဝင်စားစရာပဲ။"

ပွဲကြည့်ပရိသတ်များလည်း အံ့အားသင့်သွားရသည်။

"ဟင်းလျာမှာပါ ထူးခြားချက်တွေ ပါနေတာလား။"

"စားချင်လိုက်တာ။"

ဧကရာဇ်ချင်းဟွာသည် အသားတစ်ဖက်အား မြည်းစမ်းလိုက်ပြီးနောက် လျှာဂျွမ်းပြန်ကာ ခန္ဓာကိုယ်ပါ တုန်ယင်သွားရသည်။

ကောင်းလိုက်တာ.......

ပွဲကြည့်ပရိသတ်များသာ ရှိမနေပါက သမိုင်းတလျှောက် အစားအမြန်ဆုံးသူထက်ပင်မြန်အောင် စားပစ်မိလောက်သည်။

သို့သော် ဧကရာဇ် တစ်ပါး၏ ရာဇအိန္ဒြေအား ထိန်းသိမ်းနေရသောကြောင့် ကျောက်ခေတ်လူရိုင်းနှင့် မတူအောင် အေးအေးဆေးဆေးသာ စားပြနေရသည်။

ထိုသည်မှာ ကောင်းမွန်ပါသော်လည်း နာကျင်စရာ အတွေ့အကြုံ တစ်ခုပင်။

အသား၏ အရသာသည် သူ၏အရသာဖုများအား အလွန်ခံစား၍ ကောင်းစေသောကြောင့် ဧကရာဇ်ချင်းဟွာမှာ နောက်ထပ်အသားတစ်ဖက်ယူရန် တူအားလှမ်းလိုက်သည်။ မညိသို့ပင်ဆိုစေကာမူ ကောင်းကင်နတ်မိမယ်များအား တွေ့လိုက်ရသောအခါ အတွေးပြောင်းသွားပြီး ကောင်းကင်နတ်မိမယ် တစ်ပါးကိုသာ တူဖြင့်ယူလိုက်သည်။

ထို့နောက် ကောင်းကင်နတ်မိမယ်ငယ်လေးအား တစ်လုပ်တည်း စားပစ်လိုက်လေသည်။

"ဟာ........"

ပွဲကြည့်ပရိသတ်များထံမှ အာမေဋိတ်သံများ ထွက်ပေါ်လာသည်။

ကောင်းကင်နတ်မိမယ်လေးက ဒီလောက်ချစ်စရာကောင်းတာကို ဘယ်လိုများ စားရက်ရတာလဲ.......

ဧကရာဇ်ချင်းဟွာမှာ မျက်ဝန်းများ တောက်ပလာပြီး အတွေးများကို ထုတ်ဖော်ပြောကြားလိုက်သည်။

"ကောင်းကင်နတ်မိမယ်ကို ကြက်ဥအကာနဲ့ ပုံဖော်ထားပြီး အဝတ်အစားတွေကိုတော့ ကြက်ဥအနှစ်နဲ့ ခရမ်းသီး အမျှင်တွေကနေ လုပ်ထားတာပဲ။ သဘာဝရဲ့ လတ်ဆတ်တဲ့ ရနံ့အပြင် ထူးကဲတဲ့ အရသာတစ်ခုကိုပါ လျှာပေါ်စွဲသွားစေတယ်။ ဒါက တကယ်အဆင့်မြင့်တဲ့ သက်သက်လွတ် ဟင်းလျာတစ်ခုလိုပဲ။"

ထို့နောက် လအားအာရုံစိုက်လိုက်သည်။

"ဒီလက ကြက်သားနဲ့ ဝက်သားကို သေသေချာချာ ရောနှောကြော်ချက်ပြီး အံ့ဖွယ်ရွှေမီးတောက်နဲ့ အပူပေးထားတာပဲ။ စိုစိုအိအိလေးနဲ့ အရသာ အရမ်းရှိတယ်။ ထူးကဲလွန်းတဲ့ အသားဟင်းလျာပဲ။"

"အသားနဲ့ အသီးအရွက်ကို ပြီးပြည့်စုံအောင် ပေါင်းစည်းထားတာပဲ။ သဘာဝကို ထင်ဟပ်စေတဲ့အပြင် တီထွင်ကြံဆမှုကလည်း အံ့အားသင့်စရာ ကောင်းတယ်။ တကယ်ကို အထင်ကြီးမိပါတယ်။"

ဧကရာဇ်ချင်းဟွာသည် အဆက်မပြတ် ချီးကျူးနေပါသော်လည်း အစားနှင့်ပါးစပ် မပြတ်စေရပေ။

ပွဲကြည့်ပရိသတ်များမှာ ဒေါသထွက် ပေါက်ကွဲကုန်ကြသည်။

၎င်းတို့သည် အရသာရှိသော ဟင်းလျာအား မြင်သာမြင် မကြင်ရ ဖြစ်နေသောကြောင့် မနာလိုစိတ်များ ထောင်းထောင်းထနေလေပြီ။

"ဘယ်လိုထင်လဲ ညီမလေး....... ကြည့်ရတာ သခင်လေးအန်လင်းတော့ ရှုံးတော့မယ် ထင်တယ်။"

အစိမ်းရောင်ဝတ်စုံနှင့် ကောင်းကင်နတ်မိမယ်သည် လရောင်ရှုစား နတ်မိမယ်များ ဟင်လျားအားကြည့်ကာ စကားဆိုလိုက်သည်။

လင်ကျွင်းကျွင်း ခပ်ဖွဖွ ပြုံးလိုက်သည်။

"အန်လင်းရဲ့ ဟင်းချက်လက်ရာက အကောင်းဆုံးပဲ။ ကျွန်မကတော့ သူနိုင်မယ်လို့ယုံတယ်။"

"အိုး........"

အနီရောင်ဝတ်စုံနှင့် ကောင်းကင်နတ်မိမယ်မှ ရေရွတ်လိုက်သည်။

"အိုးဟိုးဟိုး........."

ကောင်းကင်နတ်မိမယ်များမှာ ညှိစရာပင် မလိုပဲ လင်ကျွင်းကျွင်းအား ကြည့်ရှုလာကြသည်။

ထိုသို့ဖြင့် လင်ကျွင်းကျွင်းမှာ စနောက်ခံရပြန်သည်။

လင်ကျွင်းကျွင်း : "................."

"ဟမ့်........ အနံ့နဲ့ ပုံစံကတော့ ကောင်းပါတယ်။ ဒါပေမယ့် အန်လင်း လက်ရာက ပိုသာမှာ သေချာတယ်။"

လျှပ်စီးနတ်ဘုရားမသည် အန်လင်း၏ ဟင်းလျာအား စားသုံးပြီးသည့်နောက် အန်လင်းပရိသတ် ဖြစ်လာခဲ့သည်။

"ကိုယ့်မိန်းမပြောတာ အမှန်ပဲ။"

လျှပ်စီးနတ်ဘုရား ပြုံးကာပြောလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ စိတ်ထဲတွင် အချက်အပြုတ် နတ်ဘုရား ဟူကျောင်းဟောင်၏ ဟင်းလျာမှာ အရည်အသွေး ပိုသာလိမ့်မည်ဟု တွေးနေမိသည်။

အန်လင်း နိုင်ကိုနိုင်လိမ့်မည်ဟု ယုံကြည်ချက် ရှိနေပါက ယခုကဲ့သို့ တွေးမိစရာပင် မလိုအပ်ပေ။

အခြားသော ပွဲကြည့်ပရိသတ်များမှာလည်း အချက်အပြုတ် နတ်ဘုရား ဟူကျောင်းဟောင်၏ ဟင်းလျာအား အံ့အားတကြီး ဖြစ်နေကြသည်။

အချက်အပြုတ် နတ်ဘုရား ဟူကျောင်းဟောင်သည် ခပ်ဖွဖွပြုံးရင်း အန်လင်းအား လှမ်းကြည့်လိုက်သည်။

အန်လင်းမှာ တည်တည်ငြိမ်ငြိမ်နှင့်ပင် ဧကရာဇ်ချင်းဟွာအား ကြည့်ရှုနေသည်။

ဧကရာဇ်ချင်းဟွာသည် အချက်အပြုတ် နတ်ဘုရား ဟူကျောင်းဟောင်၏ ဟင်းလျာအား ကုန်စင်အောင် သုံးဆောင်ပြီးနောက် နှုတ်ခမ်းအား လျှာဖြင့်သပ်ကာ ပျော်ရွှင်မှုကြောင့် မျက်ဝန်းများ မှေးစင်းသွားသည်။

ထို့နောက် မြည်းစမ်းရမည့် ဟင်းလျာတစ်ပွဲ ရှိနေသေးကြောင်း သတိရသွားသည်။

"အဟမ်း......... အခုကတော့ ကောင်းကင်ဘုံခုံရုံးရဲ့ အချက်အပြုတ် နတ်ဘုရားသစ် အန်လင်းဟင်းလျာကို မြည်းစမ်းရမယ့် အချိန်ဖြစ်ပါတယ်။"

ဧကရာဇ်ချင်းဟွာ ရယ်မောကာ အန်လင်း ဟင်းလျာအား အဖုံးဖွင့်လိုက်သည်။

ပွဲကြည့်ပရိသတ်များမှာလည်း ထိုသည်ကို အာရုံစိုက်နေကြလေသည်။

မည်သည့်အလင်းရောင်မှ ထွက်မလာပေ။

"ဒါ........ ဒါက ဟင်းလျာက အရှိန်အဝါတောင် မရှိဘူးလား။"

ပွဲကြည့်ပရိသတ်များ အပါအဝင် ဧကရာဇ်ချင်းဟွာပါ အမူအရာ ပြောင်းလဲသွားသည်။

အရှိန်အဝါပင် မရှိပါက အချက်အပြုတ် နတ်ဘုရား ဟူကျောင်းဟောင်၏ ဟင်းလျာထက် အဆင့်နိမ့်နေပြီးမည်သည့်အံ့သြစရာမှလည်း ဖြစ်လာနိုင်မည် မဟုတ်ပေ။

သို့သော် အဖုံးတစ်ခုလုံး ဖွင့်လိုက်ပြီးမှသာ ဟင်းလျာ၏ ပုံစံအစစ်အမှန် ထွက်ပေါ်လာသည်။

အားလုံးမှာလည်း မယုံကြည်နိုင် ဖြစ်သွားကြသည်။

ထိုသည်မှာ နေရောင်အောက်တွင် ပြစ်မျိုးမှဲ့မထင် တောက်ပနေသော အဖြူရောင် ဥတစ်လုံးပင် ဖြစ်ပေသည်။

All Chapters