← Chapters

ထျန်းရှီမန်၏ ဆုံးဖြတ်ချက်

Vol. 64 Ch. 896

ထျန်းရှီမန်၏ ဆုံးဖြတ်ချက်

Vol. 64 Ch. 896

မသိလိုက်ခင်မှာပင် ကျောက်စိမ်းဖြူကွင်းပြင်၌ ကျောင်းသားကျောင်းသူပေါင်း ထောင်နှင့်ချီ ရောက်ရှိနေလေပြီ။

အရေပြား လောင်ကျွမ်းသော အသားကင်ရနံ့များမှာ လေထဲတွင် ပျံ့နှံ့နေသည်။

လှပသော ကျောင်းသူအချို့၏ ဆံနွယ်အရှည်များမှာလည်း တွန့်လိမ်ကောက်ကွေးနေ၏။

ထိုသည်မှာ ခေတ်စားသော ပုံစံပင် ဖြစ်လာနိုင်သောကြောင့် ၎င်းတို့မှာ ဖြစ်နိုင်မည်ဆိုပါက ဆံသဆရာ အန်လင်းကိုပင် ကျေးဇူးတင်ချင်မိသည်။

ထုတ်ပယ်ခံလိုက်ရသော ကျောင်းသားကျောင်းသူ အများစုသည် အန်လင်း လက်ချက် ဖြစ်သည်။ ၎င်းတို့သည် သူငယ်ချင်း မိတ်ဆွေများ ဖြစ်လာကြကာ မျက်ရည်တစမ်းစမ်းနှင့် မိုးကြိုးပစ်ချခံရသော အတွေ့အကြုံများကို တစ်ဦးနှင့်တစ်ဦး ဝေမျှဖြစ်ကြသည်။

"ဝါး.......... အရမ်းကြောက်ဖို့ကောင်းတာပဲ။ ကန့်သတ်မဲ့ပြိုင်ပွဲမှာ စီနီယာအန်လင်းက လိပ်လိုပဲဆို။ အခုကြတော့ ဘာလို့ မိုးကြိုးလိုက်ပစ်နေတာလဲ။"

ပထမနှစ် ကျောင်းသူလေးမှာ ကောလဟလများကြောင့် အလိမ်ခံရသလို ခံစားနေရသည်။

ကျောင်းသားတစ်ဦး ခေါင်းခါယမ်းလိုက်သည်။

"ဟူး............ အစွမ်းချင်း အရမ်းကွာလွန်းတယ်။ ဆရာတွေကရော ဒီကိစ္စနဲ့ ပက်သတ်ပြီး ဘာမှမလုပ်ကြဘူးလား။ ငါတို့လို ကျောင်းသားတွေက ဘာမှတောင် မလုပ်နိုင်သေးခင် သမခံလိုက်ရတာလေ။ ငါတို့ အရည်အချင်းကို သူတို့ဘယ်လို အကဲဖြတ်ကြမှာလဲ။"

ကျောင်းသားကျောင်းသူများအားလုံးမှာ မကျေမနပ် ဖြစ်နေကြပြီး အချို့ဆိုလျှင် အန်လင်းကြောင့် စိတ်ဒဏ်ရာပါ ရကုန်ကြသည်။

စင်စစ်အားဖြင့် တောင်ထွဋ်တစ်ထောင်တောအုပ်တွင် ရှိနေသော ဆရာဆရာမများမှာ ထိုင်ကြည့်မနေသင့်ပေ။

ဆရာဆရာမပေါင်းများစွာသည် အန်လင်းနှင့် ပက်သတ်၍ ဒုကျောင်းအုပ် ယွီဟွားအား ဆက်သွယ်တိုင်ကြားခဲ့ကြသည်။ အချို့ဆိုလျှင် ပထမနေရာသာ ပေးလိုက်သင့်ကြောင်း အကြံပေးကြသည်။

သို့သော် ဒုကျောင်းအုပ် ယွီဟွားမှာ ဆက်သွယ်မှုများအားလုံးကို ငြင်းဆိုခဲ့သည်။

လာနောက်နေကြတာလား.......... အခုကန့်သတ်မဲ့ပြိုင်ပွဲက ဒီလောက်စိတ်ဝင်စားစရာ ကောင်းတာကို ရပ်ပစ်လိုက်ရမှာလား........... ဒီလိုမျိုး ကန့်သတ်မဲ့ပြိုင်ပွဲကို မကြည့်ရတာ တော်တော်ကြာနေပြီ......

အိပ်မက်ဆိုး အန်လင်းသည် တောင်ထွဋ်တစ်ထောင်တောအုပ်၏ မြောက်အရပ်သို့ ဆက်သွားကာ မိုးကြိုးများ ပစ်ချနေသည်။ ကျောင်းသားကျောင်းသူများ၏ အော်ဟစ်သံများနှင့်အတူ တစ်သုတ်ပြီးတစ်သုတ် ထုတ်ပယ်ခံနေရသည်။

ကောင်းကင်အင်မော်တယ် မင်ယွမ် ခေါင်းခါကာ သက်ပြင်းချလိုက်သည်။

"ဒါဘယ်သူ့ကိုမှ အပြစ်တင်လို့ မရဘူး။ ဝဋ်ကြွေးတွေပါပဲလေ။"

"အန်လင်းက သူတို့တွေရဲ့ စိတ်ဓာတ်ကို ဖျက်စီးလိုက်မှာလား။ ဒါမှမဟုတ် ပိုပြီးကြိုးစားချင်စိတ်တွေ ဖြစ်လာစေမှာလား။ နောက်ကြရင် ဒီထဲက ကျောင်းသားတချို့ကတော့ အိပ်မက်ဆိုးတစ်ခု ဖြစ်စေခဲ့တဲ့ အန်လင်းကို ကျေးဇူးတင်လာကြမှာပါ။"

ကောင်းကင်အင်မော်တယ် မင်ယွမ်မှာ အချိန်စီးဆင်းမှုနှင့် အမှန်တရားကို မြင်နိုင်သည့်အလား တောက်ပနေသော မျက်ဝန်းများဖြင့် ကောင်းကင်အား မော့ကြည့်လိုက်သည်။

သူသည် မှတ်တမ်းတင်နေခြင်းလည်း မရှိပေ။

အားလုံးကို မုန့်လက်ကောက်တစ်ကွင်းစီ ပေးရမှာပဲမလား..........

လှပသော မြေကမ္ဘာအင်မော်တယ် ယွဲ့ရင်သည် စာအုပ်ပျံပေါ်ထိုင်ကာ လျင်မြန်လှသော အရှိန်ဖြင့် မှတ်တမ်းတင်နေသည်။

"အန်လင်း............. နင်ကငါ့ရဲ့ စာရေးနိုင်စွမ်းကို လာစစ်ဆေးနေတာများလား။ ဟင်းသီးဟင်းရွက် လှီးတာထက်တောင် နင်ကျောင်းသားတွေကို သမတာ ပိုမြန်နေတယ်။"

မြေကမ္ဘာအင်မော်တယ် ယွဲ့ရင် ငြီးငြူလိုက်သည်။

လူပေါင်းရာချီအား တစ်ချိန်တည်း မှတ်တမ်းတင်ရသည်မှာ ပင်ပန်းလွန်းလှသည်။

"နင့်ရဲ့ ပထမဆုံး ကန့်သတ်မဲ့ပြိုင်ပွဲတုန်းက တရားလွန်လှပြီထင်တာ.......... အခုက ပိုဆိုးနေတာပဲ။"

ထိုအချိန်တွင် အန်လင်းမှာ ကိုယ့်ကိုယ်ကို ကျေနပ်နေမိသည်။

ထုတ်ပယ်ခဲ့သော ကျောင်းသားကျောင်းသူ အရေအတွက်အား မရေနိုင်တော့ပါသော်လည်း မိုးကြိုးတစ်ကြိမ် ပစ်ချလျှင် ငါးကီလိုမီတာမျှ အကွာအဝေး ရှိသည်။ သူ၏တိုက်ခိုက်မှုထံမှ လွတ်မြောက်သွားသူများအား ထပ်မံတိုက်ခိုက်ခြင်း မရှိခဲ့ပေ။

...............

တောင်ထွဋ်တစ်ထောင်တောအုပ်၏ အရှေ့တောင်ဘက်၌......

ပဉ္စမနှစ်၏ အထူးချွန်ဆုံး ကျောင်းသားတစ်ဦးဖြစ်သည့် ထျန်းရှီမန်မှာ ရည်ရွယ်ချက်မဲ့စွာ လျှောက်သွားနေသည်။

သူသည် တစ်စုံတစ်ဦးအားတွေ့ရန် တိုက်ခိုက်ရန် အတော်ပင် စိတ်အားထက်သန်နေ၏။

အင်မော်တယ် အဆင့်သတ်မှတ်ချက်တွင် ယခင်ကထက် ပိုမိုအဆင့်ကောင်းလာရန် ဆုံးဖြတ်ချက် ချထားသည်။

ယမန်နှစ်က ပဉ္စမနှစ်၏ ကိုယ်စားပြုဖြစ်သော လျှိုချင်းဟွမ်မှာ အင်မော်တယ် အဆင့်သတ်မှတ်ချက်တွင် ဒုတိယနေရာ ရရှိခဲ့သည်။

ဝမ်ရွှမ်ကျန်းဆိုလျှင် ပဉ္စမနှစ်၌ အင်မော်တယ် အဆင့်သတ်မှတ်ချက်တွင် ထိပ်ဆုံးနေရာ ရယူနိုင်ခဲ့သည်။

ဇူချူးပင်သည် ယခုနှစ်အတွက် ပဉ္စမနှစ်၏ ကိုယ်စားပြုဘွဲ့အား ရရှိထားပါသော်လည်း သူသည် ပဉ္စမနှစ် ကျင့်ကြံသူများထဲတွင် ဒုတိယမြောက် အထူးချွန်ဆုံး ဖြစ်သည်။ ထို့ကြောင့် အင်မော်တယ် အဆင့်သတ်မှတ်ချက်တွင် ထိပ်ဆုံးငါးယောက်ထဲပါရန် အတော်လေး အခွင့်အရေး ရှိသည်။

အန်လင်း၊ စုရှောင်လန်၊ စုချန်းရန်နှင့် ဇူချူးပင်တို့မှာ သူ့ထက်သာလွန်သည်ကို ထျန်းရှီမန် လက်ခံနိုင်သည်။

ထိုသည်မှာ ထျန်းရှီမန်၏ ငစနူအတွေးပင်။

ရွှမ်းယွမ်ချန်သည် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အဆင့်သို့တက်ရန် သီးသန့်ကျင့်ကြံနေသောကြောင့် သူ့အတွက် ရှားရှားပါးပါး အခွင့်အရေး ရှိလာခဲ့ခြင်း ဖြစ်သည်။ ထိုသို့မဟုတ်ပါက အင်မော်တယ် အဆင့်သတ်မှတ်ချက်တွင် ထိပ်ဆုံးငါးယောက်ထဲပါရန် စိတ်ကူး၍ပင် မရလောက်ပေ။

"ထူးဆန်းလိုက်တာ။ ဘာလို့ လူတစ်ယောက်မှ မတွေ့ရတာလဲ။"

ထျန်းရှီမန်မှာ ကြောင်တောင်တောင် ဖြစ်နေမိသည်။

ယခင် ကန့်သတ်မဲ့ပြိုင်ပွဲများ၌ ရှာစရာပင် မလိုပဲ တစ်ယောင်ယောက်နှင့် တွေ့ရစမြဲ ဖြစ်သည်။ ယခုဆိုလျှင် အဝေးမှ တိုက်ခိုက်နေသော အသံမျှပင် မကြားမိပေ။

"သောက်ဂွပဲ။ တစ်ယောက်မှ မတွေ့ရရင် ဘယ်လိုလုပ် အစွမ်းပြလို့ ရမှာလဲ။"

"အစွမ်းပြတာ ခဏထားဦး......... အမှတ်တောင်ရမှာ မဟုတ်ဘူး။"

ထျန်းရှီမန်မှာ အနည်းငယ် ဒေါသထွက်လာပြီး ခြေလှမ်းများ မြန်လိုက်သည်။

တစ်နာရီခန့် ကြာပြီးနောက်...........

ထျန်းရှီမန်သည် တောင့်တောင့်ကြီး မတ်တပ်ရပ်ကာ တွေးနေမိသည်။

"ငါနေရာမှားလာတာများလား။"

သူခေတ္တမျှ ငြိမ်သက်သွားသည်။

"ဒါမှမဟုတ် ရန်သူတွေ ရောက်မလာသေးတာလား။"

မြေကမ္ဘာအင်မော်တယ် ကျစ်ဟူသည် ထိုသည်ကိုကြည့်ကာ မျက်နှာပျက်သွားသည်။

"ကောင်လေးရေ.......... မင်းနေရာမှားနေတာလည်း မဟုတ်ဘူး၊ ရန်သူတွေ ရောက်မလာသေးတာလည်း မဟုတ်ဘူး။ အကုန်လုံးကို အန်လင်း သမသွားတာကွ။"

ထျန်းရှီမန်သည် တောင်ထွဋ်တစ်ထောင်တောအုပ်၏ အရှေ့တောင်ဘက်အား နှံ့စပ်အောင် သွားပြီးသည့်နောက် မြေက်အရပ်သို့ ပျံဝဲလာလိုက်သည်။

"အမ်.......... ဒီနေရာလည်း တူတူပဲလား။ မြောက်ဘက်ရောက်လာတာတောင် ဒီလိုဆက်ဖြစ်နေတာ မယုံနိုင်ဘူး။"

ထျန်းရှီမန်သည် တိုက်ပွဲစိတ်ဆန္ဒ ပြင်းထန်စွာဖြင့် ကောင်းကင်တခွင် ပျံဝဲနေသည်။

မြေကမ္ဘာအင်မော်တယ် ကျစ်ဟူမှာ ထျန်းရှီမန်အားကြည့်ကာ သနားမိသွားသည်။

"သနားစရာ ကလေးပါလား။ တခြားနေရာတွေ သွားလို့ရရဲ့သားနဲ့ ဘာလို့မြောက်ဘက်ကိုမှ ရွေးလိုက်ရတာလဲ။ ကံပါနေတာများလား။"

..............

တောင်ထွဋ်တစ်ထောင်တောအုပ်၏ အနောက်မြောက်ဘက်၌.....

ကျောင်းသားကျောင်းသူများမှာ အိပ်မက်ဆိုး အတွေ့အကြုံအား ခံစားနေရသည်။

အန်လင်းသည် သွားလေရာ အရပ်တိုင်း လူတိုင်းကို အပြစ်ပေးတတ်သော မိုးကြိုးနတ်ဘုရား တစ်ပါးလိုပင်။

သူသည် စိတ်ဝိဉာဉ်ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူ အချို့နှင့်လည်း တွေ့ဆုံခဲ့သည်။ ၎င်းတို့သည် အန်လင်း၏ မိုးကြိုးဒဏ်အား ခံနိုင်ရည် ရှိကြပြီး အန်လင်းသည်လည်း နောက်ထပ်တစ်ကြိမ် ထပ်မံမတိုက်ခိုက်ပဲ ၎င်းတို့အား ထွက်ပြေးခွင့်ပြုခဲ့သည်။

အင်မော်တယ် အဆင့်သတ်မှတ်ချက်တွင် နေရာတစ်ခု ရယူနိုင်ရန် အခွင့်အရေး ပေးလိုက်ခြင်းလည်း ဖြစ်သည်။

မကြာမီပင် တောင်ထွဋ်တစ်ထောင်တောအုပ်၏ အနောက်မြောက်အရပ်မှာ ရှင်းလင်းသွားသည်။

အန်လင်းသည် ပျော်ပျော်ရွှင်ရွှင် သီချင်းညည်းရင်း ဆက်လက်ထွက်ခွာလာသည်။

ကောင်းကင်ထက်တွင် ရှိနေသော စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် မြေကမ္ဘာအင်မော်တယ်မှာ အန်လင်း၏ ရမှတ်များကို တွက်ချက်ကာ တုန်ရီနေမိသည်။ အခြားသူများသာ မြင်သွားပါကလည်း ထိတ်လန့်သွားကြပေလိမ့်မည်။

(အန်လင်း : တိုက်ခိုက်နိုင်စွမ်း_နှစ်ထောင့်ခြောက်ရာ၊ ရမှတ်_နှစ်သောင်းတစ်ထောင့်ငါးရာ့ခြောက်ဆယ်)

"ရမှတ်က သောင်းချီနေပြီဆိုတော့ အရင်တုန်းက ကျောင်းတော် စံချိန်တောင် ချိုးသွားပြီပဲ။ ဒါတောင် ပွဲမပြီးသေးဘူး။"

"သူက တိုက်ခိုက်ရေး ကောင်းရုံတင် မကဘူး။ သိစိတ်အာရုံကလည်း ကြောက်ခမန်းလိလိပဲ။ အခုလို ပြိုင်ပွဲမျိုးကတော့ သူ့အတွက် ကလေးကစားကွင်းလိုပဲ။ သိစိတ်အာရုံကိုဖြန့်ပြီး ပတ်ဝန်းကျင်က ကျောင်းသားတွေအားလုံးကို ရှယ်ပလန်နဲ့ သမနေတာ။"

"သတ်ဖြတ်ခြင်းနတ်ဘုရား.......... သောက်ကျိုးနည်းကို သူက သတ်ဖြတ်ခြင်းနတ်ဘုရားပဲ။"

ဆရာဖြစ်သူမှာ ချွေးစေးများပင် ထွက်လာရသည်။ ယခုနှစ်သည် ယခင် ကန့်သတ်မဲ့ပြိုင်ပွဲများနှင့် လုံးဝမတူညီပေ။

မကြာမီပင် ထျန်းရှီမန်သည် အန်လင်း ရောက်ခဲ့သော နေရာသို့ ရောက်လာသည်။

သူတအံ့တသြ ဖြစ်နေမိသည်။

"လူတွေ ဘယ်ရောက်ကုန်လဲဟေ့။"

"ဒါကြီးက မဟုတ်သေးပါဘူး။ ငါအိပ်မက်မက်နေတာများလား။ ဒါမှမဟုတ် တောခြောက်ခံနေရတာလား။"

ထျန်းရှီမန်သည် တဖြည်းဖြည်း စိတ်ဂယောက်ဂယက် ဖြစ်လာသည်။ စင်စစ်အားဖြင့် နေရာတိုင်းတွင် တိုက်ပွဲရှိနေသင့်ပါသော်လည်း လူတစ်ယောက်မှပင် ရှိမနေပေ။

"ဆရာ......... ကျွန်တော့်မှာ မေးစရာရှိတယ်။ လူတွေဘယ်ရောက်နေတာလဲ။"

"တစ်ခုခုတော့ မှားနေတယ်။ ဘာလို့ ဘယ်သူမှ ရှိမနေတာလဲ။ တောင်ထွဋ်တစ်ထောင်တောအုပ်မှာ ကျောင်းသားငါးသောင်းကျော် ရှိနေသင့်တာမလား။"

ထျန်းရှီမန် အော်ဟစ်လိုက်သည်။

သို့သော် မည်သည့်တုံ့ပြန်မှုမှ ရမလာပေ။

ဆရာဖြစ်သူသည် အဖြေပေးချင်ပါသော်လည်း ပြိုင်ပွဲအတွင်း ကျောင်းသားများနှင့် အဆက်အသွယ် လုပ်ခွင့်မရှိပေ။

ကျောင်းသားကျောင်းသူများသည်လည်း ထုတ်ပယ်ခံထားရသောကြောင့် ပတ်ဝန်းကျင်တွင် ဘယ်သူမှ ရှိမနေပေ။

ထျန်းရှီမန် သက်ပြင်းချလိုက်သည်။

"ငါမယုံနိုင်ဘူး။ ကျောင်းသားတွေက ဒီအတိုင်းကြီး ပျောက်သွားတယ်တဲ့လား။"

သူတွေးတောကာ တောင်ထွဋ်တစ်ထောင်တောအုပ်၏ အနောက်မြောက်အရပ်သို့ ဆက်သွားလိုက်သည်။

ဆရာဖြစ်သူမှာ ထျန်းရှီမန်အားကြည့်ကာ စိတ်မကောင်း ဖြစ်သွားလေသည်။

အော်....... သနားစရာ ကောင်းလိုက်တာ.......... နေရာတွေ အများကြီး ရှိနေပါရက်နဲ့ ဘာလို့အဲ့ဘက်မှ ရွေးရတာလဲ.......

All Chapters