← Chapters

ချစ်သူနှစ်ဦး၏တိုက်ပွဲ

Vol. 64 Ch. 900

ချစ်သူနှစ်ဦး၏တိုက်ပွဲ

Vol. 64 Ch. 900

စောင့်မျှော်နေကြသော အန်လင်းနှင့် စုရှောင်လန်တို့၏ တိုက်ပွဲမှာ ဖြစ်ပေါ်လာတော့မည်ပင်။

ကျောက်စိမ်းဖြူကွင်းပြင်မှ သောင်းနှင့်ချီသော ကျောင်းသားကျောင်းသူများမှာလည်း ဆွေးနွေးမှုများ စတင်ပြုလုပ်လာကြသည်။

"ဘုရားရေ.......... စိတ်လှုပ်ရှားစရာ ကောင်းလိုက်တာ။ နောက်ဆုံးတော့ အန်လင်းနဲ့ စုရှောင်လန် တိုက်ကြတော့မှာလား။"

"ဒီအချိန်ကို စောင့်နေတာ တော်တော်ကြာပြီ။"

"စုရှောင်လန်က အန်လင်းကို နိုင်လောက်လား။ မိစ္ဆာဘုရင် အန်လင်း ရှုံးတာမြင်ချင်ပေမယ့် သူက တစ်ကျောင်းလုံးမှာ အတော်ဆုံး ကျောင်းသားပဲ။"

"ဟားဟား......... အန်လင်းက စုရှောင်လန်ကို အနိုင်ယူရဲပါ့မလား။"

စောင့်ကြည့်နေသော ကျောင်းသားကျောင်းသူများမှာ အမှန်တကယ် စိတ်ဝင်စားနေကြသည်။

ထိုအချိန်တွင် တောင်ထွဋ်တစ်ထောင်တောအုပ်ရှိ ပါရမီရှင် ကျောင်းသားကျောင်းသူများမှာလည်း အလွန်အမင်း စိတ်လှုပ်ရှားနေကြပြီ ဖြစ်သည်။

စုရှောင်လန်ထံမှ မြင့်မြတ်မီးတောက်များ ဖြာထွက်လာကာ ကောင်းကင်ထက်တွင် ဗာမီလီယမ်ငှက်တစ်ကောင်အဖြစ် ရုပ်လုံးပေါ်လာသည်။ တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ် နဂါးအရှိန်အဝါများနှင့်အတူ သူမ၏ မျက်ဝန်းများ ရွှေရောင်ပြောင်းလဲသွားသည်။

ရုတ်ချည်းဆိုသလို ကြယ်ရောင်များမှာလည်း အန်လင်း၏ ခန္ဓာကိုယ်အား ဝန်းရံလာလေသည်။

ဒုန်း......... ဒုန်း....... ဒုန်း...........

ရေချိန်းကြိုးများမှာလည်း လျင်မြန်လှသော အရှိန်ဖြင့် အန်လင်းထံ ရောက်ရှိလာနေသည်။

အန်လင်းသည် လျှပ်စီးများအား ခြယ်လှယ်နိုင်ကြောင်း သိရှိနေသောကြောင့် စုရှောင်လန်မှာ ထိုသည်ကို အသုံးမပြုခဲ့ပေ။

အန်လင်းသည် ကြယ်ရောင်များကြောင့် ခဏတာ မျက်စိကျိန်းသွားပါသော်လည်း အသိစိတ် ဝင်လာကာ လေတောင်ပံများ ထုတ်ဖော်လိုက်ပြီး မယုံကြည်နိုင်စရာ အရှိန်ဖြင့် ရေချိန်းကြိုးများကို ရှောင်ရှားကာ တစ်နေရာသို့ ပျံဝဲသွားလိုက်သည်။

"အမှောင်ထုထဲမှာ ပုန်းနေရုံနဲ့ လုံခြုံပြီ ထင်မနေနဲ့။"

အန်လင်းမှာ နတ်ဘုရားစစ်ဆေးမှုနည်းစနစ်အား အသက်သွင်းလိုက်သောကြောင့် မျက်ဝန်းများ ဖြူသွားသည်။ သူသည် ဓားအားထုတ်ကာ လေထုတစ်နေရာအား ချိန်ရွယ်ထားလိုက်သည်။

ထက်ရှလွန်းသောဓားကြောင့် လေထုသည်ပင် အက်ကွဲကာ သွေးများပန်းထွက်လာသည်။

ကျူးရှောင်ကျဲ၏ ခုခံကာကွယ်ရေးများ ပျက်စီးကာ သွေးပွက်ပွက်အန်လိုက်ရသည်။ ရွှေရောင်အလင်းများလည်း မဆိုင်းမတွ ထွက်ပေါ်လာသောကြောင့် အန်လင်းမှာ ဆက်လက်တိုက်ခိုက်၍ မရတော့ပေ။

ပထမနှစ်၏ အထူးချွန်ဆုံး ကျောင်းသားအား မိစ္ဆာဘုရင်မှ အနိုင်ပိုင်းခဲ့လေပြီ။

ထိုအချိန်တွင် စုရှောင်လန်၏ ရေချိန်းကြိုးများ ရောက်ရှိလာကာ အန်လင်းအား ရစ်ပတ်ထားလိုက်သည်။

အန်လင်းသည် အံ့ဖွယ်မီးတောက် လေးခုအားထုတ်ကာ ရေချိန်းကြိုးများကို ဖျက်စီးပစ်လိုက်သည်။

"နင်အဲ့လိုလုပ်မှာကို စောင့်နေတာ။"

စုရှောင်လန် ခပ်ဖွဖွပြုံးလိုက်သည်နှင့် ဗာမီလီယမ်ငှက်သည် မီးတောက်များအား အမိန့်ပေးသလို အော်ဟစ်လိုက်သည်။

အန်လင်း၏ အံ့ဖွယ်မီးတောက် လေးခုမှာ ထိန်းချုပ်မှု မရှိတော့ပဲ ပေါက်ကွဲသွားလေသည်။

ဝုန်း...........

တစ်ကီလိုမီတာ ပတ်ဝန်းကျင်မှာ မီးတောက်များနှင့် ဖုံးလွှမ်းသွားသည်။

အံ့ဖွယ်မီးတောက် ပေါက်ကွဲသွားပြီးနောက် စုချန်းရန်၏ အင်မော်တယ် ဒေါသမီးလျှံကြာပန်းမှာ အန်လင်းထံ ကျဆင်းလာသည်။ စုရှောင်လန်သည် လက်သင်္ကေတများ ပြောင်းလဲကာ ဗာမီလီယမ်ငှက်အား အန်လင်းထံ စေလွှတ်လိုက်သည်။

အင်မော်တယ် ဒေါသမီးလျှံကြာပန်းနှင့် ဗာမီလီယမ်ငှက်တို့ အရှိန်အဟုန်ပြင်းစွာ ပေါက်ကွဲသွားလေသည်။

မီးတောက်မီးလျှံများသည် ဆယ်ကီလိုမီတာတိုင် ပျံ့နှံ့ကာ ကောင်းကင်နှင့်မြေပြင်မှာလည်း ပြင်းထန်စွာ တုန်ခါသွားရသည်။

ကောင်းကင်ထက်တွင် မှိုပွင့်သဏ္ဍာန် မီးခိုးတိမ်တိုက်ကြီးတစ်ခု ဖြစ်ပေါ်လာကာ အကန့်အသတ်မဲ့သော အပူနှင့်အလင်းများကြောင့် တောင်ထွဋ်တစ်ထောင်တောအုပ်၏ အကာအရံများပင် အနည်းငယ် အက်ကွဲသွားသည်။

အဝေးမှ လှမ်းကြည့်နေသော ထျန်းရှီမန်သည်ပင် စွမ်းအင်လှိုင်းဂယက်များကြောင့် မြေပြင်ပေါ် ပြုတ်ကျသွားလေသည်။

ပုန်းကွယ်ကာ တိုက်ခိုက်ရန် စောင့်ဆိုင်းနေသော ဟူကွမ်းမှာလည်း ထိတ်လန့်ဖွယ် ပေါက်ကွဲမှုနှင့်အတူ အဝေးသို့ လွင့်ထွက်ကာ သူ၏ခန္ဓာကိုယ်မှ ရွှေရောင်အလင်းများပါ ဖြာထွက်လာရသည်။

ထိုသို့ဖြင့် ဒုတိယနှစ်၏ အတော်ဆုံး ကျောင်းသားမှာ ထုတ်ပယ်ခံလိုက်ရပြီ ဖြစ်သည်။

ဟာသဆန်ဆန် ထုတ်ပယ်ခံလိုက်ရသော ဟူကွမ်းအားကြည့်ကာ ဒုတိယနှစ် ကျောင်းသားကျောင်းသူများ ရှက်ရွံ့နေမိကြသည်။ ပြောစရာစကားများ ပျောက်ရှကာ အချို့ဆိုလျှင် မျက်နှာကိုပင် လက်ဖြင့်အုပ်ထားကြသည်။

ရှက်ဖို့ကောင်းလိုက်တာ...........

တိုက်ခိုက်နေရင်း ထွက်လိုက်ရရင် ဘာမှမဖြစ်ပါဘူး........

ဘာမှတောင် မလုပ်ရသေးပဲ လွင့်ထွက်ပြီး အထုတ်ခံလိုက်ရတယ်တဲ့လား............

"မြေအောက်မှာ ပုန်းနေတဲ့ ဟူကွမ်းတောင် လွင့်ထွက်သွားရင် တိုက်ခိုက်ခံရတဲ့ အန်လင်းက ခံနိုင်ရည် ရှိပါ့မလား။"

ကျောင်းသားတစ်ဦး မေးမြန်းလိုက်သည်။

အခြားသော ကျောင်းသားကျောင်းသူများမှာလည်း ထိုသို့တွေးမိကြသည်။ ပေါက်ကွဲမှုမှာ ကြည့်ရုံမျှဖြင့်ပင် ကြောက်မက်ဖွယ် ကောင်းလွန်းနေလေသည်။ အန်လင်းသည် ထိုတိုက်ခိုက်မှုအား ခံနိုင်ရည် ရှိလောက်မည်ဟု တွေး၍မရပေ။

မီးတောက်မီးလျှံများ ဖြည်းညင်းစွာ ပျောက်ကွယ်သွားသည်။

အားလုံးမှာ ကြီးမားလှသော ချောက်နက်ကြီးတစ်ခုကို မြင်လိုက်ရလေသည်။

လူတိုင်း မျက်လုံးပြူးသွားရသည်။ ချောက်နက်ကြီး၏ အလယ်တွင် အဝတ်အစားများ စုတ်ပြတ်နေပါသော်လည်း တည်ငြိမ်စွာ ရပ်နေသော အမျိုးသားတစ်ဦး ရှိနေသည်။ သူ၏မျက်ဝန်းများမှာ တိုက်ပွဲစိတ်ဆန္ဒများဖြင့် တောက်ပနေ၏။ အသားအရေမှာ မီးတောက်မီးလျှံများကြောင့် လောင်ကျွမ်းထားပါသော်လည်း လျင်မြန်လွန်းလှသော အရှိန်ဖြင့် ပြန်လည်ကောင်းမွန်လာနေသည်။

"အဲ့........ အဲ့လိုနဲ့ ပြန်ကောင်းသွားပြီလား။"

စောင့်ကြည့်နေသော ကျောင်းသားကျောင်းသူများအားလုံး မယုံကြည်နိုင် ဖြစ်နေကြသည်။

"ထင်ထားတဲ့အတိုင်း နတ်ဘုရားအန်က ဒီလိုတိုက်ခိုက်မှုကိုတောင် ခံနိုင်တာပဲ။"

"ဒါက စီနီယာကျောင်းသား အန်လင်းရဲ့ တကယ့်အစွမ်းလား။ ကောလဟလတွေ အားလုံးက အမှန်တွေပဲ။ သူက အရမ်းမိုက်တာပဲ။ သူငါ့ကို အကြိမ်တစ်ထောင်လောက် ထိုးနှက်နေရင်တောင် ငါကတော့ သူ့ပရိသတ် ဆက်လုပ်နေဦးမှာ။"

ပထမနှစ် ကျောင်းသူလေးများမှာ သလင်းကျောက် မျက်နှာပြင်ပေါ်မှ ယုံကြည်ချက် အပြည့်ရှိနေသော အမျိုးသားအား ငေးမောကြည့်ရှုနေကြသည်။

"ဟေး.......... မိစ္ဆာဘုရင်ကို အပီဆော်ပစ်ဆိုတဲ့ ငါတို့အဖွဲ့ကို သစ္စာဖောက်တော့မလို့လား။"

ကျောင်းသားတစ်ဦး မကျေမနပ် စကားဆိုလာသည်။

စုရှောင်လန်သည် အန်လင်းကြောင့် အနည်းငယ် အံ့အားသင့်ကာ မျက်တောင်ခတ်လိုက်မိသည်။ မည်သို့ပင်ဆိုစေကာမူ နှုတ်ခမ်းထက်တွင် အပြုံးတစ်ပွင့် ဖူးပွင့်လာပြီးနောက် တက်ကြွနေသော တိုက်ပွဲစိတ်ဆန္ဒများနှင့်အတူ အန်လင်းထံ ပျံဝဲသွားလိုက်သည်။

ယောင်မင်ရှီနှင့် ယောင်ရှိုးတို့မှာလည်း အဝေးမှနေ၍ သူမအား ကူညီရန် ဓားပုံရိပ်များ ထုတ်ဖော်လိုက်ကြသည်။

အန်လင်း ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် ကောင်းကင်နှင့်မြေပြင်မှာ အမှောင်ကျသွားရသည်။

စုရှောင်လန် ထိတ်လန့်သွားကာ သူမကိုယ်သူမ ကာကွယ်ရန် မြင့်မြတ်မီးတောက်အား ဆင့်ခေါ်လိုက်သည်။ ထို့နောက် ယောင်မင်ရှီနှင့် ယောင်ရှိုးတို့၏ ဆိုးဆိုးရွားရွား အော်ဟစ်သံအား ကြားလိုက်ရသည်။ ကောင်းကင်နှင့်မြေပြင် ပြန်လည်အလင်းရလာသောအခါ ဒဏ်ရာဒဏ်ချက်များနှင့်အတူ ပြိုင်ပွဲမှ ထုတ်ပယ်ခံလိုက်ရပြီဖြစ်သော မောင်နှမနှစ်ဦးအား တွေ့လိုက်ရလေသည်။

ယောင်မင်ရှီနှင့် ယောင်ရှိုးမှာ ထုတ်ပယ်ခံလိုက်ရပြီပင်။

အန်လင်းသည် သွေးများပေနေသော မိစ္ဆာရှင်းဓားအားကိုင်ကာ အပြာရောင်ဝတ်စုံနှင့် အမျိုးသမီးကို ကြည့်ရှုလိုက်သည်။

စုချန်းရန်မှာ အန်လင်း၏ အရှိန်အဝါကြောင့် ခန္ဓာကိုယ်ပင် တုန်ယင်နေသည်။

မိစ္ဆာဘုရင် အန်လင်းသည် စုချန်းရန်အား ဦးစွာရှင်းထုတ်ပစ်ချင်ပါသော်လည်း စုရှောင်လန်မှာ ထိုသို့ဖြစ်ခွင့်မပေးပဲ ကြောက်မက်ဖွယ် မြင့်မြတ်မီးတောက် ဓားပုံရိပ်များဖြင့် တိုက်ခိုက်လာသည်။

အန်လင်းသည် စုရှောင်လန်နှင့် လက်ရည်စမ်းဖူးပါသော်လည်း ယခုကဲ့သို့ အမှန်တကယ် မတိုက်ဖူးခဲ့ပေ။

သူသည် ခပ်ပေါ့ပေါ့ မနေရဲပဲ မြင့်မြတ်မီးတောက် ဓားပုံရိပ်များအား အဆုံးမဲ့ညဓားကွက်ဖြင့် တိုက်ခိုက်ဖျက်စီးလိုက်သည်။ ၎င်းတို့၏ တိုက်ခိုက်မှုကြောင့် ထွက်ပေါ်လာသော စွမ်းအင်လှိုင်းဂယက်များမှာ ကီလိုမီတာ များစွာတိုင် ပျံ့နှံ့သွားကာ ပတ်ဝန်းကျင်ရှိ ကျောက်သားမြေပြင်ကိုပင် အရည်ပျော်ကျသွားစေသည်။ တောင်တန်းများသည်လည်း ထိုသည်ကို ခံနိုင်ရည် မရှိပဲ အစိပ်စိပ်အမြွှာမြွှာ ဖြစ်ကုန်လေသည်။

စောင့်ကြည့်နေသော ကျောင်းသားကျောင်းသူများမှာ မျက်တောင်ပင် မခတ်ရဲပဲ မျက်လုံးအပြူးသား ဖြစ်နေကြသည်။

"ဘုရားရေ............ ဒါက စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အဆင့်တွေကြားက တိုက်ပွဲရော ဟုတ်ရဲ့လား။"

"ဒီသလင်းကျောက် မျက်နှာပြင်ကနေတောင် အရှိန်အဝါတွေ ခံစားမိနေသလိုပဲ။"

"ဟင်းလင်းပြင်သို့အပြန်အဆင့် တက်သွားတဲ့ ငါ့ဦးလေးတောင် ဒီလောက်ကြောက်ဖို့မကောင်းဘူး။"

တောင်ထွဋ်တစ်ထောင်တောအုပ်၏ ဗဟိုဒေသအား စောင့်ကြပ်ပေးနေသော မြေကမ္ဘာအင်မော်တယ် ချန်းချင်မှာလည်း ချွေးပျံနေရသည်။

"ဒုကျောင်းအုပ်ရေ.......... ဒီပုံစံအတိုင်းဆို တောင်ထွဋ်တစ်ထောင်တောအုပ်တော့ ပြာကျတော့မယ် ထင်တယ်။ ဘယ်လိုလုပ်ကြမလဲ။"

ဒုကျောင်းအုပ် ယွီဟွား အသက်ပြင်းပြင်းရှူကာ အံကြိတ်လိုက်သည်။

"ဘာမှမဖြစ်ပါဘူး။"

စင်စစ်တွင်မူ သူ၏နှလုံးသားလေး သွေးစိမ်းရှင်ရှင် ကျနေလေပြီ။

မည်သို့ပင်ဆိုစေကာမူ အန်လင်းနှင့် စုရှောင်လန်သည် စည်းကမ်းနှင့်အညီ တိုက်ခိုက်နေကြသောကြောင့် တားဆီးရန် မဖြစ်နိုင်ပေ။

စုစည်းညီညွတ်ကျင့်ကြံခြင်းကျောင်းတော်သည် ကိုးပြည်ထောင်၏ ထိပ်တန်းအဆင့် ကျောင်းတော်ကြီးတစ်ခု ဖြစ်သည်။ သို့သော် ကျောင်းသားကျောင်းသူများအတွက် စိတ်ရှိသလို တိုက်ခိုက်နိုင်မည့် လေ့ကျင့်ရေးကွင်းတစ်ခုပင် မရှိပါက ကျောင်းတော်မှာ တံထွေးပင်လယ်ကြား ပက်လက်မျောရပေလိမ့်မည်။

ထိုသို့ဖြင့် အန်လင်းနှင့် စုရှောင်လန်၏ အကြမ်းပတမ်း တိုက်ပွဲမှ စတင်ခဲ့တော့သည်။

ကန့်သတ်မဲ့ပြိုင်ပွဲသည် ချစ်သူနှစ်ဦး၏တိုက်ပွဲအဖြစ် ပြောင်းလဲသွားလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားကြပေ။

"ယီးတဲ့မှ........ ဒါကြီးက သောက်ရမ်းမိုက်တယ်ဟေး......"

All Chapters