ကြယ်တာရာ သခင် သေဆုံးခြင်း
Vol. 26 Ch. 349
မိုဝူကျီက အစီအရင် အလံများစွာကို ပစ်လွှတ်လိုက်သည့် အခါ ဗဟိုချက်မှ အလင်းက ချက်ချင်းဆိုသလို အနည်းငယ် မှိန်ဖျော့သွား၏။ ထို့နောက် လခြမ်းကွေး အကျဉ်းထောင် တစ်ခုလုံး စတင်၍ တုန်ခါလာလေသည်။ လခြမ်းကွေး အကျဉ်းထောင် တစ်လျောက် ပုံရိပ်ယောင် အစီအရင် များစွာ ရှိသော်လည်း အထဲမှ ကျင့်ကြံသူများက ဤအကျဉ်းထောင်ကို သန့်စင်နေကြောင်း မခံစားမိခြင်းဟု ဆိုလိုခြင်း မဟုတ်ပေ။
ထင်ထားသည့်အတိုင်း မိုဝူကျီက ဗဟိုချက်ကို ထိလိုက်သည့်အခါ သန့်စင်နေသည့်သူက ချက်ချင်း ခံစားမိလိုက်သည်။ ချက်ချင်းဆိုသလို ထိုလူက နှေးကျသွားလေ၏။ သူ့ကို တစ်ယောက်ယောက် ရှာတွေ့သွားမည်ကို စိုးရိမ်နေသည်မှာ သိသာလှသည်။
တစ်ဖက်တွင် မိုဝူကျီက အခန်းထဲကို ဝင်သွားပြီး ဗဟိုချက် အစီအရင် ကို လှုံဆော်လိုက်သည်။ မိုဝူကျီက ဤအရာကို လုပ်ခြင်းဖြင့် ဘာဖြစ်ပျက်လာမည်ကို မသိသော်လည်း ထိုလူ လခြမ်းကွေး အကျဉ်းထောင် သန့်စင်ပြီးသည့်အထိ စောင့်ဆိုင်းခြင်းထက် ပိုကောင်းသေးသည်။
“ဘမ်း ”
မိုဝူကျီက ဗဟိုချက် အစီအရင် ကို လှုံဆော်လိုက်သည်နှင့် အကျဉ်းထောင် တစ်ခုလုံး အသံအကျယ်ကြီး တစ်ခုကို ကြားလိုက်ရသည်။ အကျဉ်းထောင်အတွင်းရှိ ပုံရိပ်ယောင် အစီအရင် များလည်း ပျောက်ကွယ် သွားကုန်ကြသည်။ ထိုမျှတင် မကသေးပေ။ စိတ်စွမ်းအား ကန့်သတ် ထားမှုလည်း ပျောက်ကွယ်သွားပေသည်။ မိုဝူကျီက စိတ်စွမ်းအားကို အပြင်ဘက် ချက်ချင်း ထုတ်လွှင့် လိုက်သည်။
မိုဝူကျီက စိတ်ထဲတွင် အောင်ပွဲခံနေလေသည်။
အထီးကျန်ကြိုးနီ အပါအဝင် များပြားစွာသော ကျင့်ကြံသူများက လခြမ်းကွေး အကျဉ်းထောင်မှ ပြေးထွက်လာကြပြီး အဝင်ပေါက်နား ရောက်လာကြပြီ ဖြစ်၏။ ယခု မိုဝူကျီ စိုးရိမ်မိသည်က သူက တစ်ဖက်လူ၏ စိတ်စွမ်းအားကို အာရုံခံမိမလား ဆိုသည့် ကိစ္စ ဖြစ်၏။
မိုဝူကျီ တွေးတောနေစဉ် သူက “ချောက်ခနဲ” အသံကို ကြားလိုက်ရသည်။ ရုတ်တရက်ဆိုသလို အခန်းအတွင်း အစီအရင် အပေါက် တစ်ခု ဖြစ်ပေါ်လာသည်။
အံ့အားသင့်စရာ ကောင်းသည်က ဤအစီအရင်မှာ ကျယ်ပြန့်လှသည့် အာကာသထဲကို ဆက်သွယ် ထားသည့် တံခါးပိတ် ဖြစ်နေခြင်း ဖြစ်သည်။ ဤအရာမှာ လခြမ်းကွေး အကျဉ်းထောင်၏ ဒုတိယထွက်ပေါက် ဖြစ်လိမ့်မည်။
တကယ်လို့ သူသာ အခု ထွက်မသွားရင် ဘယ်အချိန် ကို စောင့်နေရမှာလဲ ... .
မိုဝူကျီ တံခါးမှ ထွက်လာသည်နှင့် လေပြေလေးက ရစ်ပတ်သွားပြီး သူ့ပုံရိပ်မှာ လျှပ်တစ်ပြက် အတွင်း ကျယ်ပြန့်လွန်းလှသည့် အာကာသထဲ ပျောက်ကွယ်သွားတော့သည်။
သူ ထွက်လာသည့် အခိုက်အတန့် သူက စိတ်စွမ်းအားဖြင့် ပတ်ဝန်းကျင်ကို အာရုံ ခံကြည့်လိုက်သည်။ သူက များပြားစွာသော အာကာသ စစ်တပ်များကို မြင်လိုက်ရသည်။ သို့သော်လည်း သူက ပထမတံခါးပေါက်မှ ထွက်လာခြင်း မဟုတ်သည့် အတွက် တစ်ယောက်မျှ သူ့ကို ဂရုမစိုက်မိကြချေ။
အားလုံးက လခြမ်းကွေး အကျဉ်းထောင်ကို ကြည့်နေကြဆဲ ဖြစ်ကာ များပြားစွာသော ကျင့်ကြံသူများက ထွက်လာကြသော်လည်း သူတို့ကို ပြန်ဆွဲယူနေသည့် အားတချို့ ရှိနေပေသည်။
မိုဝူကျီက မရပ်မနား ခရီးဆက်လာလိုက်သည်။ အကယ်၍ တခြားအချိန်တွင် ဆိုပါက သူက ဤအခွင့်အရေးကို အသုံးချ၍ အမှတ်လေး ရဖို့ရာ ကြိုးစားမိလိမ့်မည်။ သို့သော် ယခုတွင် သူ အလိုအပ်ဆုံးအရာမှာ သူ့စွမ်းဆောင်ရည်ကို မြင့်တင်ဖို့ရန် ဖြစ်သည်။
အခြားသူများကို မပြောနှင့်ဦး ... ဘုန်းကြီးဝူရှန်း တစ်ယောက်တည်းကို ရင်ဆိုင်ဖို့ရန် သူက အနည်းဆုံး စစ်မှန်ခြင်း နတ်ဘုရား နောက်ပိုင်းအဆင့် ရောက်ရှိဖို့ရာ လိုအပ်နေသည်။ ဤနေရာတွင် သူ မှီခို၍ ရမည့်သူ မရှိချေ။
မိုဝူကျီက တစ်ရက်တာလုံး လေလွတ်မြောက်ရေး နည်းစနစ်ကို ဆက်တိုက်သုံးကာ ထွက်ပြေးလာရသည်။ ထို့နောက် သူက လုံးဝန်း သင်္ဘောပျံကို ထုတ်ကာ ရွိုက်ကောကိုလဲ အထဲ ထည့်ကာ သူ့ခရီးကို ဆက်လိုက်သည်။
မိုဝူကျီ ထွက်သွားပြီးနောက်တွင် လခြမ်းကွေး ဂိတ်တံခါးရှေ့မှ တိုက်ပွဲက တစ်ယောက်ယောက် ဤနေရာကို သန့်စင်နေသောကြောင့် ငြိမ်သက်မသွားပေ။ အာကာသ သားရဲပေါင်လေ့ ထွက်လာသည်နှင့် ချက်ချင်း ဆိုသလို တိုက်ခိုက်ရန် အမိန့် ထုတ်ပြန်လိုက်ကာ အာကာ သားရဲများစွာကို ကျန်းမိုနယ်မြေ စစ်တပ်နှင့် ထိပ်တိုက်တွေ့ဆုံစေသည်။
အကယ်၍ တခြားနေရာတွင် ဖြစ်ပါက ချီထုံက တိုက်ပွဲ၌ မပါဝင်ရန် ရွေးချယ် နိုင်သေးသော်လည်း လောကခန်းမက နောက်တွင် ရှိနေသည့် အတွက် ချီထုံလည်း ရွေးချယ်စရာ မရှိတော့ချေ။
ပေါင်လေ့က အာကာသ သားရဲများစွာကို ဦးဆောင်၍ ချီတက်လာသောကြောင့် သူက ကျန်းမို နယ်မြေ၏ စစ်သားများကို ခုခံထားရန်သာ အမိန့်ပေးနိုင်သည်။
အကယ်၍ အာကာသ သားရဲသာ ဖြစ်ပါက စီစဉ်နိုင်မည် ဖြစ်သော်လည်း ကူနို့ကြယ်တာရာ မျိုးနွယ်မှ ဆစ် ထွက်လာသည်နှင့် သူလည်း သူ့ချပ်ဝတ်တပ်ကို အမိန့်ပေးကာ ကျန်းမိုနယ်မြေမှ ကျင့်ကြံသူများဆီ ချီတက်လာတော့သည်။
ချီထုံ အစိုးရိမ်မိဆုံး ကိစ္စရပ်မှာ အာကာသ သားရဲများနှင့် ကူနို့ကြယ်တာရာ မျိုးနွယ် ပူးပေါင်း သွားမည်ကို ဖြစ်၏။ ယခုတွင်မူ သူ့စိုးရိမ်မှုများက အမှန်တကယ် ဖြစ်ပေါ်လာသည်။
“ခန်းမသခင်ရှား၊ ခန်းမသခင်ယန်၊ ခန်းမသခင်ဝူ ကြယ်တာရာ တိုက်ပွဲ တပ်၊ ကြယ်တာရာ တိမ်တိုက်တပ်နဲ့ မြောက်ဖက်ပိုင်း ကြယ်တာရာ တပ်ကို ထုတ်ပြီး ကူနို့ကြယ်တာရာ ချပ်ဝတ်တပ်ကို တားဆီးလိုက် ... ကျုပ်က အာကာသ သားရဲတွေကို ဖြေရှင်းလိုက်မယ် ... ”
ချီထုံက ပေါင်လေ့ဆီ သွားရင်း အမိန့်ထုတ်လိုက်သည်။
သူက ပေါင်လေ့နှင့် တစ်ယောက်ချင်း မရင်ဆိုင်လိုပေ။ ပေါင်လေ့မှာ အာကာသ သားရဲအဆင့် ၈ နောက်ပိုင်းအဆင့် ဖြစ်၍ သတ်နိုင်ဖို့ရာ မဖြစ်နိုင်ချေ။ သို့သော်လည်း အာကာသ သားရဲများမှာ လောကခန်းမကို အပိုင်သိမ်းနေကြသည်။
သူက မည်သို့ ခွင့်ပြုနိုင်မှာလဲ ... .
မကြာခင်တွင် ချီထုံက ကြောင်အသွားမိသည်။ သူ့အမိန့်ကို နာခံပြီး မြောက်ဖက် ကြယ်တာရာ တပ် တချို့ကို ဦးဆောင်လာသည့် ဝူလင်းကျီက ချီတက် လာသော်လည်း မြောက်ဖက် ကြယ်တာရာ တပ် တချို့က လှုပ်ပင် မလှုပ်ချေ။ ကြယ်တာရာ တိုက်ပွဲတပ်နှင့် ကြယ်တာရာ တိမ်တိုက် တပ်တို့မှာလည်း တစ်လက်မပင် မရွေ့ကြချေ။
ချီထုံက အားရပါးရ အော်ကာ
“ရှားတန်တောက်၊ ယန်ဖင်းကျီ မြန်မြန် မင်းတို့ တပ်တွေကို အမိန့်ပေးလိုက် ... ”
အကယ်၍ ကြယ်တာရာ တိုက်ပွဲတပ်နှင့် ကြယ်တာရာ တိမ်တိုက်တပ်တို့က ဝင်မပါလျှင် ဝူလင်းကျီ ဦးဆောင်လာသော မြောက်ဖက် ကြယ်တာရာ တပ် တစ်ဝက်မှာ ကျရှုံးသွားမည် ဖြစ်သည်။
ယန်ဖင်းကျီက ချေပကာ ပြောလိုက်သည်
“ကြယ်တာရာ သခင် ... မိုဝူကျီက ကျုပ်ရဲ့ ယန်မျိုးနွယ်စု ခေါင်းဆောင်ကို သတ်သွားတဲ့ ပြစ်မှု ကျူးလွန်ထားတဲ့သူလေ။ လခြမ်းကွေး အင်မော်တယ် နန်းတော်ထဲမှာ သူက ရှားမျိုးနွယ်စုရဲ့ ပါရမီရှင် ရှားမူကိုလဲ သတ်ခဲ့တယ်။ ပြီးတော့ သူက အာကာသ သားရဲဘက်က ဝံပုလွေမင်းသားလေးကိုပါ သတ်ထားခဲ့တာလေ။ အဲဒါကြောင့် ကျုပ်တို့အနေနဲ့ ကြယ်တာရာ သခင်က ဒီရန်ကြွေးကို အဆုံး သတ်ပေးပြီးတော့ မိုဝူကျီကို ထုတ်ပေးမယ်လို့ မျှော်လင့်တယ် ”
ယန်ဖင်းကျီ စကားများက မျိုးနွယ်စုကြီး သုံးခုလုံးနှင့် ခန်းမသခင်များစွာကို ကိုယ်စားပြု၏။ ပေါင်လေ့နှင့် ကူနို့ကြယ်တာရာ မျိုးနွယ်ဆစ်ပင် ထိုစကားနောက်မှ အဓိပ္ပာယ်ကို နားလည်သည်။ သူက လခြမ်းကွေး အင်မော်တယ် နန်းတော်ကို သန့်စင်နေသူမှာ လခြမ်းကွေး သော့ သုံးချောင်း သို့မဟုတ် လပြည့်ဝန်းသော့ တစ်ချောင်းကို ကိုင်ဆောင်ထားသည့် မိုဝူကျီ ဟု ပြောလိုခြင်း ဖြစ်သည်။
မိုဝူကျီက ဤလခြမ်းကွေး အင်မော်တယ် နန်းတော်ကို သန့်စင်ရဲသည့် သတ္တိရှိခြင်းမှာ ချီထုံ၏ အထောက်အပံ့ ရနေ၍ အတွက် ကြောင့်လား ... .
“ကောင်းတယ် သိပ်ကောင်းတယ် ... ”
ချီထုံက တစ်ကိုယ်လုံးမှာ တုန်ယင်နေလေ၏။ နောက်ဆုံးတွင် ကြယ်တာရာ ဘုရင်တောင်မှ အတွင်း အင်အားစုများ ရှိနေခြင်း နောက်ကွယ်မှ အကျိုးဆက်ကို သူ နားလည်သွားလေပြီ။
ယခင်က သူသည် အတွင်း ပဋိပက္ခများက မလွဲဧကန် ရှိမည်ဟု ထင်မှတ်ခဲ့သည်။ တိုက်ပွဲအတွင်း အားလုံးက စည်းလုံးညီညွှတ်နေလျှင် လုံလောက်ပြီဟု တွေးခဲ့သည်။ သို့သော် သေရေးရှင်ရေးတမျှ အရေးကြီးဆုံးအခြေအနေတွင် ကြယ်တာရာ ဘုရင်တောင်က အတွင်းပိုင်း လှိုက်၍ ပြိုကွဲနေလေပြီ။
မိုဝူကျီကို ထုတ်ပေးခိုင်းတာလား ... သူက မိုဝူကျီကို ဝှက်ထားတာ မဟုတ်ဘူး ဆိုတာ သူတို့ သိကြတာပဲ မလား ...
တကယ့်ကို ရယ်မောဖွယ် ပြက်လုံး တစ်ခုပဲ ... သူတို့က အပြင်အကူအညီနဲ့ သူ ... ချီထုံကို ဖယ်ရှားပစ်ချင်လို့ ပြောတဲ့ အကြောင်းပြချက် တစ်ခု ...
ရယ်စရာ ကောင်းလိုက်တာ ...
သူ သေသွားလျှင် အာကာသ သားရဲများနဲ့ ကူနို့ကြယ်တာရာ မျိုးနွယ်က သူတို့ရဲ့ လှပပြီး ကျယ်ဝန်းလှတဲ့ ကျန်းမိုနယ်မြေကို လက်လွတ်ပေးကြမှာလား ...
“ဘမ်း ”
ကူနို့ကြယ်တာရာ ချပ်ဝတ်တပ်က ဝူလင်းကျီ ဦးဆောင်လာသည့် မြောက်ဖက် ကြယ်တာရာ တပ် တစ်ဝက်နှင့် တွေ့သွားလေသည်။ ကျန်းမိုနယ်မြေ၏ နံပါတ်တစ် တပ် ဖြစ်သော်လည်း ကူနို့ကြယ်တာရာ တပ်များ၏ ချီတက်လာမှုကို မတားဆီးနိုင်ပေ။ ထို့အပြင် မြောက်ဖက်ပိုင်း ကြယ်တာရာ တပ် တစ်ဝက်တွင် ရှိနေသည့် ဤအချိန်တွင် ပိုဆိုးလေ၏။ သူတို့က တစ်ချိန်တည်းနှင့် များစွာ ခုတ်ချ ပစ်လိုက်နိုင်သည့် မြက်ပင်များနှင့် တူနေသည်။
ချီထုံက အော်ပြောလိုက်ရင်း သွေးအန်လုမတတ် ဖြစ်သွားလေသည်
“ဘယ်နေရာကပဲ ရောက်လာ ရောက်လာ အားလုံးက ငါ့ ကျန်းရှင်းက ရဲရဲင့်တဲ့ စစ်သည်တော်တွေ ကူနို့ကြယ်တာရာ မျိုးနွယ်နဲ့ အာကာသ သားရဲတွေက ငါတို့ ချစ်မြတ်နိုးရတဲ့ ကျန်းရှင်းကို စိတ်တိုင်းကျ ကျူးကျော်လာတော့မယ်။ ငါ ချီထုံ အသက်လေး တစ်မျှင် ကျန်နေတဲ့အထိ အဲလို လုပ်ခွင့် မပေးနိုင်ဘူး။ ငါနဲ့အတူ တိုက်ဖို့ ဆန္ဒရှိတယ်ဆိုရင်လဲ လာခဲ့ကြ ... ဆန္ဒမရှိတဲ့သူတွေက ဘေးဖယ်နေပြီး ကျန်းရှင်းပျက်စီးသွားတာကို တိတ်တိတ်လေး ကြည့်နေကြ ... မင်းတို့တွေပဲ အဲဒီလူတွေရဲ့ လက်အောက်ခံ အဖြစ် ကောင်းကောင်းနေကြ ... ”
ချီထုံကို စကားကို ရပ်လိုက်တော့သည်။ ထိုစဉ် သူက အဆင့်မြင့် ကျင့်ကြံသူများနှင့် တိုက်ခိုက်နေပြီ ဖြစ်သည်။ ကူနို့ကြယ်တာရာ မျိုးနွယ်ဘက်မှ မြေကမ္ဘာ အင်မော်တယ် အဆင့် ကျင့်ကြံသူ တစ်ယောက်နဲ့ တိုက်ခိုက်နေရသည်။
သွေးပူနေကြသည့် ကျင့်ကြံသူ တချို့လည်း ချီထုံ၏ စကားမျကို ကြားပြီး တိုက်ပွဲအတွင်း ချီတက်လာကြသည်။ သို့သော် မျိုးနွယ်စုကြီး သုံးခု၏ တပ်များနှင့် ဝူရှန်း ခန်းမ၏ တပ်များက တုတ်တုတ်မျှ မလှုပ်ပေ။
ကျန်းမိုနယ်မြေ၏ တပ် ဆယ်ခုလုံးတွင် ထိုလေးခုသာ ဝင်မပါခြင်း ဖြစ်၏။
သို့သော်လည်း အာကာသ သားရဲများနှင့် ကူနို့ကြယ်တာရာ မျိုးနွယ်တို့ ပူးပေါင်းထားသည့် အင်အားစုနှင့် ယှဉ်ရသည့်အခါ ကျန်းရှင်းကျင့်ကြံသူများက ဆက်တိုက် အသတ်ခံနေရပြီး နောက်ချည်း ဆုတ်နေကြရသည်။
ချီထုံ တစ်ကိုယ်လုံးမှာ ဒဏ်ရာ ဒလပွ ဖြစ်နေပြီး သူ့တစ်ကိုယ်လုံးမှာ သွေးချင်းနီနေလေပြီ။ ကြယ်တာရာ ဘုရင်တောင်၏ လောက အင်မော်တယ် များမှာလည်း ပျောက်ကွယ်ကုန်ကြပြီ ဖြစ်၏။ နှစ်ရက်တာ ဆက်တိုက် တိုက်ခိုက်ပြီးနောက်တွင် ကျန်းရှင်း အရေအတွက်မှာ သိသိသာသာ လျော့နည်းလာတော့သည်။ ဤတစ်ကြိမ်တွင် ကျန်းရှင်းကျင့်ကြံသူများအနေနှင့် တစ်ခုခု မှားယွင်း နေကြောင်း ခံစားမိလာကြသည်။
ကူနို့ကြယ်တာရာ မျိုးနွယ်နဲ့ အာကာသ သားရဲအုပ်စုမှာ သူတို့က ချီထုံကို ဖယ်ရှားပြီး လခြမ်းကွေး အင်မော်တယ် နန်းတော်ကို သန့်စင်နေသည့် မိုဝူကျီကို ထုတ်စေလိုသည့်ဟန် မပေါ်ပေ။ သူတို့က အမှန်တကယ် လောကခန်းမကို ကျူးကျော်လိုခြင်း ဖြစ်၏။
ဤအခါတွင် အာကာသ တစ်ခွင်လုံးကို ဖြတ်ကာ အသံဆူဆူညံညံ ကြားလိုက်ရသည်။ ထို့နောက် ဧရာမ အနက်ရောင်နန်းတော်ကြီး တစ်ခု ပေါ်လာလေသည်။ ဤနန်းတော်ကြီးတွင် လခြမ်းကွေး တံခါး ရှိ၏။ ထိုနန်းတော် ပေါ်လာပြီးနောက် ချက်ချင်းဆိုသလို ကျုံ့သွားလေသည်။
“ဒါက လခြမ်းကွေး အင်မော်တယ် နန်းတော်ပဲ ”
တစ်ယောက်က ချက်ချင်း ဝင်ပြောလိုက်သည်။
“တစ်ယောက်ယောက်တော့ လခြမ်းကွေး အင်မော်တယ် နန်းတော်ကို သန့်စင်ပြီးသွားပြီ ”
နောက်တစ်ယောက်က ထပ်ပြောလိုက်သည်။
အမှန်တရားက သိသာလှသည်။ လခြမ်းကွေး အင်မော်တယ် နန်းတော်က ဆက်တိုက် ကျုံ့လာ လေသည်။ နောက်ဆုံးတွင် လူငယ်လေး၏ နဖူးအတွင်းသို့ အလင်းစက်လေး အဖြစ် ပြောင်းကာ ဝင်သွားလေသည်။
“လိန်ဟုန်ကျီ ”
ကျင့်ကြံသူ အများအပြားက ထိုလူငယ်ကို မှတ်မိလိုက်ကြ၍ အံ့ဩတကြီး ရေရွတ်မိလိုက်ကြသည်။
ထိုအရာမှာ အားလုံး မျှော်လင့်ထားသည်နှင့် ခြားနားလှပေသည်။ လခြမ်းကွေး အင်မော်တယ် နန်းတော်ကို သန့်စင်နေသူမှာ လိန်ဟုန်ကျီ ဖြစ်နေပေသည်။ သူတို့က မိုဝူကျီ တွင် လခြမ်းကွေး သော့ သုံးချောင်းရှိ၍ သန့်စင်နေသော သူမှာ မိုဝူကျီသာ ဖြစ်ရမည်ဟု တွေးတောနေခဲ့မိသည်။
“ဟုန်ကျီ မြန်မြန် လာခဲ့ ...”
လိန်ဟုန်ကျိက လခြမ်းကွေး အင်မော်တယ် နန်းတော်ကို သန့်စင်ပြီးသည်ကို မြင်၍ ချီထုံက ပျော်သွားကာ လှမ်းခေါ်လိုက်သည်။
လိန်ဟုန်ကျီသာ ရောက်လာပြီး လခြမ်းကွေး အင်မော်တယ် နန်းတော်ကို ထုတ်ဖော်လိုက်သည်နှင့် သူ့သဘာဝစွမ်းအားများ ပေါင်းစပ်လိုက်လျှင့် သူတို့က ရန်သူများကို ခုခံနိုင်လိမ့်မည်။
လိန်ဟုန်ကျီက ချီထုံကို တစ်ချက်ကြည့်လိုက်ပြီးနောက် အဆောင်စာရွက် လင်းလက်လာပြီး သူ့ပုံရိပ်မှာ ဖြတ်ခနဲ ပျောက်သွားလေသည်။ မကြာမီ သူက အဆုံးမဲ့ အာကာသအတွင်း ပျောက်ကွယ်သွားလေ၏။ သူက ထိပ်တန်းလေလွတ်မြောက်ရေး အဆောင်ကို သုံးသွားကြောင်း သိသာလှသည်။
ချီထုံက လိန်ဟုန်ကျီ ပျောက်သွားသည့်နေရာကို မျက်တောင်မခတ် ကြည့်မိနေပြီး မြင်လိုက်ရသည်ကို မယုံကြည်သည့်အလား ဖြစ်နေသည်။ သူက လိန်ဟုန်ကျီကို များစွာ သင်ကြားမပေးခဲ့ရသော်လည်း သူ့ကို သားတစ်ယောက်အဖြစ် ဆက်ဆံခဲ့သည်။ ယခု လိန်ဟုန်ကျီက လခြမ်းကွေး အင်မော်တယ် နန်းတော်ကို သန့်စင်ပြီးသည်နှင့် သူ့အား စွန့်ခွာသွားလေပြီ။ ထိုအရာမှာ သူ့အား သေဒဏ်ချမှတ်လိုက်သလို ဖြစ်၏။
လိန်ဟုန်ကျီမှာ အမည်အားဖြင့် သူ ချီထုံ၏ တပည့် ဖြစ်နေသည်။ ယခု သူ့တပည့်က လခြမ်းကွေး အင်မော်တယ် နန်းတော်ကို ယူ၍ ပြေးသွားလေရာ ကူနို့ကြယ်တာရာ မျိုးနွယ်နှင့် အာကာသ သားရဲများက သူ့အား မည်သို့ လွတ်ပေးမည်နည်း။ ထို့အပြင် ဤအုပ်စုက ကျန်းရှင်းကို အပိုင်စီးလိုနေခြင်း ဖြစ်ပေသည်။
“ဖောက် ”
ချီထုံက မယုံကြည်နိုင်ဆဲ ဖြစ်နေသည့်အချိန် အလင်းတန်း တစ်ချက်က သူ့နဖူးကို ဖြတ်သွားလေသည်။
“ကြယ်တာရာ သခင် ”
လက်တစ်ဖက် ဆုံးရှုံးနေပြီ ဖြစ်သည့် ရှုချီဟောင်က ပြေးလာကာ ချီထုံကို ဆွဲခေါ်လာလိုက်သည်။
ချီထုံက ရုတ်တရက် ပြောလိုက်သည်
“ငါရဲ့ ရဲရင့်သော ကျန်းမိုနယ်သားတို့ ... ငါရဲ့ ပထမဆုံး အမိန့်ကို နားထောင်ကြ ... ဒီတိုက်ပွဲ ကနေ မြန်မြန် ဆုတ်ခွာပြီးတော့ လောကခန်းမကို ပြန်ကြတော့။ ကြယ်တာရာ ဘုရင်တောင် ရှိနေသရွေ့ ကျန်းရှင်းရဲ့ စိတ်ဆန္ဒတွေလဲ ဆက်လက် ဖြစ်တည်နိုင်တယ်၊ အဲလိုဆိုရင် အဲဒီသားရဲတွေလဲ ကျန်းရှင်းနယ်ထဲ ခြေတစ်လှမ်းမှ ချလို့ ရမှာ မဟုတ်ဘူး ... ဒုတိယမြောက် အမိန့်က နောက်တက်မဲ့ ကြယ်တာရာ သခင်က နယ်လှည့်ကျင့်ကြံသူ ၂၇၀၅ ဖြစ်တဲ့ မိုဝူကျီပဲ။ ဆန့်ကျင်တဲ့သူတွေကို ငါရဲ့ ကြယ်တာရာ ဘုရင်တောင်ကို ပုန်ကန်တယ်လို့ ယူဆပြီးတော့ ကြယ်တာရာ ဘုရင်တောင်ကနေ မောင်းထုတ်လိုက် ... ”
ချီထုံက ထိုစကားများကို ပြောဖို့ရာ သူ့အသက်ဓာတ် အားလုံးကို အားပြု ပြောလိုက်ရသည်။
“ကြယ်တာရာ သခင် အတွက် လက်စားချေကြ ... ”
ချီထုံ၏ အသက်ဓာတ် ပျောက်ဆုံးသွားသောကြောင့် ကျန်းရှင်း ကျင့်ကြံသူများအားလုံး ဒေါသထွက်လာကြသည်။ ချီထုံသည် ကြယ်တာရာ ဘုရင်တောင်ကို အပြည့်အဝ မထိန်းချုပ်နိုင်သလို တပ်ဆယ်ခုလုံးကိုလည်း မထိန်းချုပ်နိုင်ချေ။ သို့သော် ကျန်းရှင်း ကျင့်ကြံသူတိုင်းက ကြယ်တာရာ ဘုရင်တောင်၏ ကြယ်တာရာ သခင်မှာ ကျန်းရှင်းကို ကိုယ်ကျိုးမငဲ့ ကာကွယ် ပေးနေသည်ကို သိကြသည်။
သူ့အသက်ဓာတ် လုံးဝ မကုန်ဆုံးခင် နောက်ဆုံးစကားတစ်ခွန်းကို ပြောခဲ့သည်
“တစ်ယောက်မှ မတိုက်နဲ့တော့ ချက်ချင်းဆုတ်ပြီးတော့ လောကခန်းမကို ကာကွယ်ကြ ... ”
ထိုစကားကို ပြောပြီးသည်နှင့် ချီထုံ၏ အသက်ဓာတ်က လုံးဝ လွှင့်ပြယ်သွားလေသည်။ မြေကမ္ဘာ အင်မော်တယ် အဆင့် ကျင့်ကြံသူအနေနှင့် သူက တိုက်ပွဲအတွင်း နာကြည်းချက်များဖြင့် သေဆုံး ခဲ့ရသည်။
***