← Chapters

အင်မော်တယ်ဆေးလုံးများ

Vol. 10 Ch. 139

အင်မော်တယ်ဆေးလုံးများ

Vol. 10 Ch. 139

မူလက ဆူညံနေသော ရင်ပြင်သည် တမုဟုချင်း တိတ်ဆိတ်သွား၏။

ခေါင်းဆောင်နှစ်ဦး၏လေးနက်သော ဟန်အမူအရာက ထိုနေရာတစ်ခုလုံးအား မွမ်းကြပ်သွားစေသည်။

ဘန်း…

ဆေးဖော်စပ်နေကြဆဲ ဖြစ်သော မူမိသားစုဂျူနီယာတစ်ချို့မှာ သူတို့၏ ဆေးပေါင်းဖိုများ ပေါက်ကွဲကာ ဆေးလုံးများ ပျက်စီးသွားရသည်။

ရှေ့ဆုံးတွင် ရပ်နေသော မူထန်ကျစ်သည်ပင် ခေါင်းဆောင်နှစ်ဦးအား ကြည့်ကာ အကြီးအကျယ် စိတ်လှုပ်ရှားနေသည်။

“တာအိုရောင်းရင်းချွန်းဟွေ့… ဒီဆေးလုံးတွေက…”

ခေါင်းဆောင်တောက်ရင်က အသံကို နှိမ့်ကာ ပြောသည်။ သူ့မျက်လုံးများသည် ဆေးလုံးများမှ မခွာနိုင်တော့ပါ။

မူမိသားစုခေါင်းဆောင်သည်လည်း ဆေးလုံးအနီးသို့ ကပ်ကာ စူးစိုက်ကြည့်သည်။

ထိုအခိုက်တွင် သူက သက်ပြင်းချကာ တီးတိုးပြောသည်။

“ကံမကောင်းတာက ဒီဆေးလုံးတွေဟာ ဆံချည်တစ်မျှင်စာလောက် လိုသွားတယ်”

ခေါင်းဆောင်တောက်ရင်ကလည်း ခေါင်းယမ်းကာ ပြန်ထိုင်သည်။

ရင်ပြင်တစ်ခုလုံးကို ဖိနှိပ်ထားသော အငွေ့အသက်မှာလည်း ဖျော့တော့သွား၏။

မရေမတွက်နိုင်သော လူများက အသက်ရှုရှောင်သွားကြသည်။

ကောင်းကင်ဘုံတစ်ဝက်အဆင့် ပညာရှင်နှစ်ဦး၏ဖိအားတွင် အသက်ရှုရန်ပင် ခက်ခဲ၏။

“ကလေး… ဒီကို လာ”

ခေါင်းဆောင်တောက်ရင်၏အကြည့်က မူဝမ်ထံသို့ ရောက်လာသည်။

ဤသည်ကား သူက ပထမဆုံးအကြိမ် တစ်စုံတစ်ယောက်ကို ခေါ်ယူခြင်း ဖြစ်သည်။

မူဝမ်က အနည်းငယ် ရှိုးတိုးရှန်းတန့်ဖြင့် လျှောက်လာသည်။

ထိုအခိုက်တွင် အားလုံးက သူမအား ပထမဆုံးအကြိမ် သတိထားမိကြ၏။

သူမကား ရေပြင်ကဲ့သို့ တည်ကြည်ငြိမ်းချမ်းစွာ လှပသည်။ သူမသည် အစိမ်းရောင်ဝတ်စုံကို ဝတ်ထားကာ သိမ်မွေ့ညင်သာသော အမူအရာ ရှိသည်။

သူမကား လူတိုင်းက နှစ်သက်ရသော နတ်မိမယ်တစ်ပါးအလားပင်။

“မူဝမ်က ဘိုးဘေးနဲ့ ခေါင်းဆောင်တောက်ရင်တို့ကို နှုတ်ဆက်ပါတယ်”

မူဝမ် ရှေ့ကို လျှောက်သွားကာ ဦးညွှတ်သည်။

ခေါင်းဆောင်တောက်ရင်က ဆေးလုံးနှစ်လုံးကို လက်ညိုးထိုးပြကာ ပြောသည်။

“ဒီဆေးလုံးတွေက ဘယ်အရည်အသွေးရှိတယ်လို့ ထင်လဲ”

မည်သည့်အရည်အသွေး ရှိသနည်း။

ဆေးလုံးကို လှမ်းကြည့်ကာ အာခီမီပညာရှင်များအားလုံး နားမလည်ကြပါ။

ဆေးလုံး၏အသွင်အပြင်ကား အမှန်တကယ် အရုပ်ဆိုး၏။

ခေါင်းဆောင်နှစ်ဦး၏လေးနက်သော အမူအရာကြောင့်သာ မဟုတ်ပါက လူတိုင်းက ရယ်မောမိကြမည် ဖြစ်သည်။

သို့သော်လည်း လူတိုင်းက တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားမိကြသည်။

စိမ်းညိုရောင် တိမ်ငွေ့များသည် ဆေးလုံးထံမှ ပြန့်နှံ့ထွက်ပေါ်နေသည်။

ဆေးလုံးသည် အမှန်တကယ်အားဖြင့် စိမ်းညိုနေခြင်း မဟုတ်ပါ။

သူတို့ မြင်နေရသည်ကား ဆေးလုံးထံမှ ထွက်ပေါ်နေသော အငွေ့အသက်များသာ ဖြစ်သည်။

“ခေါင်းဆောင်… ပုံမှန်ဆို ကျွန်မက တိမ်မြူချီကို ဖော်စပ်နေကျပါ။ ကျွန်မက အရည်အသွေးမြင့်တိမ်မြူချီကို ဖော်စပ်ရရှိလေ့ရှိပါတယ်”

“မနေ့က စီနီယာအစ်ကိုဟန်က နည်းစနစ်တချို့ကို အကြံပေးခဲ့ပါတယ်။ ဒီနေ့ ဆေးလုံးဖော်စပ်တာ သူ့နည်းစနစ်အတိုင်း လိုက်နာပြီး ဖော်စပ်ခဲ့တာပါ။ ဆေးလုံးရဲ့ အရည်အသွေးဟာ တိုးတက်သွားပါတယ်”

မူဝမ်၏အသံကား ကြည်လင်ကာ သာယာနာပျော်ဖွယ်ကောင်းသည်။

အတိတ်တွင် သူမသည် အရည်အသွေးမြင့်ဆေးလုံးကို ဖော်စပ်နိုင်သည်။ ယခု ဆေးလုံး၏အရည်အသွေး တိုးတက်သွားသည်လား။

ဒါဆို ဒီဆေးလုံးတွေဟာ အမြင့်ဆုံးအရည်အသွေးဆေးလုံးတွေလား။

မူမိသားစုတပည့်များသည်လည်း မူဝမ်ကို ထိတ်လန့်စွာ ကြည့်ကြသည်။

ယနေ့တွင် မည်သူမှ အမြင့်ဆုံးအရည်အသွေးအား ဖော်စပ်ခြင်း မရှိသေးပေ။

အကယ်၍ မူဝမ်သာ အမြင့်ဆုံးအရည်အသွေးဆေးလုံးကို ဖော်စပ်လိုက်ပါက သူမသည် အကြီးဆုံးသခင်လေးကိုပင် ကျော်လွန်သွားပေမည် မဟုတ်ပေဘူးလား။

အမြင့်ဆုံးအရည်အသွေးဆေးလုံးများမှာ စစ်မှန်သော အရည်အချင်းကို ကိုယ်စားပြု၏။

မူထန်ကျစ် မျက်မှောင်ကြုတ်သည်။

“အဲဒါတွေက အမြင့်ဆုံးအရည်အသွေးဆေးလုံးတွေ မဟုတ်ဘူး”

ချန်မင်းက တီးတိုးပြောသည်။

အဖိုးအိုတစ်ဦးက ခေါင်းယမ်းကာ ပြောသည်။

“ကျုပ်က အမြင့်ဆုံးအရည်အသွေးဆေးလုံးကို မြင်ဖူးတယ်။ ဒီလို အနက်ရောင် လှိုင်းငွေ့တွေ ထမနေဘူး”

“အမှန်ပဲ… အမြင့်ဆုံးအရည်အသွေးဆေးလုံးရဲ့ ရောင်ဝါက ဒီလို မဟုတ်ဘူး”

နောက်တစ်ယောက်ကလည်း ပြောသည်။

အဝေးတွင် ကျန်းမင်က သူ၏လက်ထဲမှ ဆေးလုံးများကို ဖြန့်သည်။

သူ၏လက်ထဲမှ ဆေးလုံးများမှာ ပန်းကန်ပြားပေါ်မှ ဆေးလုံးများနှင့် သိပ်မကွာပါ။ သို့သော် သူ့လက်မှ ဆေးလုံးများမှာ ပိုမိုနက်မှောင်သော အရောင်အဝါ ရှိသည်။

“ဟားဟား… မိန်းကလေး မင်းမှန်တယ်…”

ခေါင်းဆောင်တောက်ရင်က ရယ်မောကာ ပြောသည်။

“ဒီဆေးလုံးရဲ့ အရည်အသွေးဟာ အမြင့်ဆုံးအရည်အသွေးထက် ကျော်လွန်သွားပြီ”

လူအများက နားမလည်စွာ ကြည့်ကြသည်။ သူတို့က အမြင့်ဆုံးအရည်အသွေးကို ကျော်လွန်သော ဆေးလုံးအား မကြားဖူးကြပါ။

“ကျုပ်တို့ အနောက်ဘက်နယ်စပ်ကုန်းမြေက အာခီမီပညာဟာ နိမ့်ကျတော့ အမြင့်ဆုံးအရည်အသွေးဆေးလုံးကိုတောင်မှ တွေ့ရဖို့ ခက်ခဲတယ်”

ခေါင်းဆောင်မူကလည်း တည်ငြိမ်သော အမူအရာဖြင့် ပြောသည်။

“အမြင့်ဆုံးအရည်အသွေးဟာ ဆေးလုံးတစ်လုံးရဲ့အကန့်အသတ်မဟုတ်ဘူး”

“ဆေးလုံးရဲ့အရည်အသွေးဟာ အဆုံးစွန်အထိ သန့်စင်ပြီး သာမန်လူသားတို့ ဖော်စပ်နိုင်တဲ့ အဆင့်အတန်းကို ကျော်လွန်သွားရင်…”

“အဲဒီဆေးလုံးဟာ အင်မော်တယ်ဆေးလုံးပဲ”

အင်မော်တယ်အဆင့်။

ဟန်မူယဲ့သည်လည်း ပထမဆုံးအကြိမ် အင်မော်တယ်ဆေးလုံးများအကြောင်းကို ကြားဖူးခြင်း ဖြစ်သည်။

သို့ဆိုလျှင် သူဖော်စပ်ခဲ့သော တိမ်မြူချီဆေးလုံးသုံးလုံးသည် အင်မော်တယ်အဆင့်များ ဖြစ်သည်။

“အင်မော်တယ်ဆေးလုံးတွေရဲ့ ဆေးဂုဏ်သတ္တိတွေဟာ အရမ်းသန့်စင်တယ်။ အဲဒါဟာ သဘာဝစွမ်းအားကို ဆေးစွမ်းအားအဖြစ် ပြောင်းလဲနိုင်တယ်။ သုံးစွဲတဲ့သူဟာ ဆေးလုံးကို ဒန်ထျန်ထဲ သိုလှောင်ပြီးတော့ တဖြေးဖြေး သန့်စင်နိုင်တယ်”

“မှန်တယ်… အင်မော်တယ်ဆေးလုံးတွေဟာ ရှားပါးလွန်းတယ်။ ပိုင်ဆိုင်တဲ့လူတွေကလည်း ဘယ်လိုမှ ပြန်ရောင်းချမှာ မဟုတ်ဘူး”

သူက ပန်းကန်ပြားပေါ်မှ ဆေးလုံးများကို ကြည့်ကာ ပြောသည်။

“အင်မော်တယ်ဆေးလုံးတွေမှာ ဝိညာဉ်တွေ မွေးဖွားနိုင်တယ်။ အချိန်တစ်ခုရောက်ရင် သူတို့ဟာ လူသားအသွင်သို့တောင် ပြောင်းလဲနိုင်တယ်”

လူသားအသွင်သို့ ပြောင်းလဲနိုင်သော ဆေးလုံးလား။

အားလုံး၏မျက်လုံးများက ထိုဆေးလုံးများထံသို့ ရောက်နေသည်။

“ကံမကောင်းတာက ဒီဆေးလုံးနှစ်လုံးဟာ နည်းနည်း လိုနေသေးတယ်”

ခေါင်းဆောင်တောက်ရင်က နောင်တရစွာ ပြောသည်။

“မှန်တယ်… ဒီချို့ယွင်းမှုဟာ ဆယ်စုနှစ်တစ်ခုကြာ သန့်စင်ပြီးတော့ ပြင်ဆင်နိုင်တယ်”

ဆိုလိုသည်က သည်ဆေးလုံးများသည် ဆယ်စုနှစ်အတွင်း အင်မော်တယ်အဆင့်သို့ အမှန်တကယ် ရောက်ရှိနိုင်သည်။

အားလုံးက မူဝမ်အား လှမ်းကြည့်ကြ၏။

သည်မူမိသားစုဂျူနီယာလေးသည် အင်မော်တယ်အဆင့်ဆေးလုံးကို အမှန်တကယ် ဖော်စပ်ခဲ့သည်လား။

သူမသည် မူမိသားစုက လျှို့ဝှက်မြေတောင်မြှောက်ပေးထားသော သူများလား။

မူထန်ကျစ်၏အမူအရာက ပြောင်းလဲသွားသည်။ အဝေးတွင် ချန်မင်းက လက်သီးတင်းတင်းဆုပ်သည်။

ချန်မင်းဘေး၌ ရပ်နေကြသော မူမိသားစုတပည့်များမှာလည်း မျက်လုံးပြူးသွားကြ၏။

“အင်မော်တယ်ဆေးလုံးတွေဟာ တွေ့ရခဲတယ်။ မင်းက သူတို့ကို ဖော်စပ်နိုင်ဖို့ဆိုတာ ကံကောင်းဖို့လည်း လိုသေးတယ်”

မူမိသားစုခေါင်းဆောင်က ဆေးလုံးများကို ကြည့်ကာ ပြုံးသည်။

“ဒါကို ပြန်ယူသွားပြီး ကောင်းကောင်းသန့်စင်ပါ”

သူ့စကားကို ကြားလျှင် လင်ဟွားစံအိမ်မှ အမျိုးသမီးနှစ်ဦးသည် အလွန်ဝမ်းသာသွား၏။

မူဝမ်ကား ယခု လင်ဟွားစံအိမ်မှ တပည့်တစ်ဦး ဖြစ်သည်။ အကယ်၍ သူမကသာ ဆေးလုံးများကို ပြန်ယူလာပါက ၎င်းသည် လင်ဟွားစံအိမ်၏ရတနာများ ဖြစ်လာပေမည်။

တခြားသော အာခီမီပညာရှင်များကလည်း ရမက်မီးလောင်ကျွမ်းသော မျက်လုံးများဖြင့် ကြည့်ကြသည်။

အကယ်၍ သူတို့ကသာ ထိုအင်မော်တယ်ဆေးလုံးအား အသေအချာ လေ့လာပါက သူတို့၏အာခီမီပညာရပ်များ တိုးတက်နိုင်သည်။

မူမိသားစုခေါင်းဆောင်၏လက်ထဲတွင် ဆိုပါက သူတို့က ထိုဆေးလုံးများကို ရယူရန် မလွယ်ကူပါ။

အကယ်၍ ထိုမိန်းကလေး၏လက်ထဲတွင် ဆိုပါက လွယ်ကူပေသည်။

မူဝမ်က ဆေးလုံး ၂လုံးကို ကြည့်သည်။

စီနီယာအစ်ကိုဟန်၏နည်းလမ်းဖြင့် ထိုဆေးလုံးများသည် အင်မော်တယ်အဆင့် ဖြစ်လာမည်ဟု သူမ မထင်ထားပါ။

အင်မော်တယ်ဆေးလုံးများသည် ကံကောင်း၍သာ ရနိုင်သည်ဟု ခေါင်းဆောင်က ပြောသည်။ သို့သော် သူမက ထပ်မံဖော်စပ်ရလျှင်လည်း ထိုအဆင့်ဆေးလုံးအား ဖော်စပ်နိုင်မည်ဟု ယုံကြည်ချက် ရှိနေသည်။

သူမက မော့ကြည့်လျှင် အဝေးတွင် ဟန်မူယဲ့ ပြုံးလျက် ကြည့်နေသည်ကို တွေ့ရ၏။

မူဝမ်က ညင်သာစွာ ခေါင်းညိတ်ကာ ပြောသည်။

“ကျွန်မက ဒီဆေးလုံးတွေကို ခေါင်းဆောင်တို့ဆီ ပေးအပ်ချင်ပါတယ်”

ပေးအပ်မည်လား။

သူမသည် အင်မော်တယ်ဆေးလုံးများကို အမှန်တကယ် ပေးလိုသည်လား။

ရင်ပြင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။

ခေါင်းဆောင်မူက သူမအား ကြည့်ကာ မေးသည်။

“မင်း လိုချင်တာရှိရင် တောင်းဆိုပါ”

ထိုစကားလုံးများက မူမိသားစုမှ လူများ၏အမူအရာကို ပြောင်းလဲစေသည်။

မူမိသားစုခေါင်းဆောင်ထံမှ တစ်စုံတစ်ခု တောင်းဆိုနိုင်သော အခွင့်အရေးသည် သာမန်ကြီးအကဲများပင် အလွယ်တကူ မရနိုင်ပါ။

အဝေးတွင် ကျန်းမင်က လက်သီးတင်းတင်းဆုပ်သည်။

မူမိသားစုခေါင်းဆောင်၏ ကတိကဝတ်။

ယနေ့ မူမိသားစုခေါင်းဆောင်က လူအများရှေ့တွင် ထိုစကားအား ထုတ်ပြောသည်။ သူမ၏တောင်းဆိုမှုက လွန်ကဲခြင်းမရှိလျှင် မူမိသားစုခေါင်းဆောင်က သေချာပေါက် ဖြည့်ဆီးပေးပေမည်။

မည်သို့သော တောင်းဆိုမှုက လွန်ကဲမည်နည်း။

မည်သို့သော တောင်းဆိုမှုက အင်မော်တယ်ဆေးလုံးများကို ယှဉ်နိုင်မည်နည်း။

လူမိသားစုတပည့်များက အကြီးဆုံးသခင်လေးအား ရှုပ်ထွေးသော ခံစားချက်များဖြင့် ကြည့်ကြသည်။

မူဝမ်က တောင်းဆိုလိုက်သည်နှင့် အကြီးဆုံးသခင်လေး၏တိုက်ရိုက်တပည့် နေရာမှာ ဆုံးရှုံးသွားနိုင်သည်။

တချို့သော အာခီမီပညာရှင်များက အဝေးမှ သုံးထပ်စံအိမ်ငယ်သို့ လှမ်းကြည့်ကြသည်။

မူဝမ်က တောင်းဆိုသည်နှင့် အာခီမီစံအိမ်ငယ်သို့ သေချာပေါက် ဝင်ခွင့်ရမည်။

“ကျွန်မက ခေါင်းဆောင်ကို စီနီယာအစ်ကိုဟန်မူယဲ့အတွက် အသက်ရှည်ဆေးလုံး ဖော်စပ်ပေးဖို့ တောင်းဆိုချင်ပါတယ်”

မူဝမ်က ခေါင်းငုံ့ကာ တီးတိုးပြောသည်။

မူမိသားစုခေါင်းဆောင်သည် အနည်းငယ် အံ့အားသင့်သွား၏။ ထို့နောက် သူက ဘေးနားတွင် ရပ်နေသော ဟန်မူယဲ့အား လှမ်းကြည့်သည်။

ခေါင်းဆောင်တောက်ရင်လည်း အနည်းငယ် အံ့အားသင့်သွား၏။

ဟန်မူယဲ့ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

သူက ထိုကိစ္စအား မူဝမ်ကို မပြောပြထားမိခြင်းသည် သူ့အမှားဖြစ်သည်။

မူမိသားစုခေါင်းဆောင်က သူ့အတွက် အသက်ရှည်ဆေးလုံးဖော်စပ်ရန် သဘောတူထားပြီး ဖြစ်သည်ကို မူဝမ် မသိပေ။

အဝေးတွင် အားလုံးက မယုံကြည်နိုင်သော မျက်လုံးများဖြင့် ကြည့်နေကြသည်။ အင်မော်တယ်ဆေးလုံးများဖြင့် အသက်ရှည်ဆေးလုံး ဖော်စပ်ရန် တောင်းဆိုသည်လား။

ထိုသူသည် ခေါင်းဆောင်တောက်ရင်၏ဘေးတွင် ရပ်နေသော လူငယ် ဖြစ်သည်။

သည်လူက မည်သို့ ထိုမျှ ကြီးမားသော အခွင့်အလမ်းအား ဆုံးရှုံးစေရသနည်း။

ဟန်မူယဲ့က သဘောမကျသော အကြည့်များစွာကို ခံစားမိသည်။

“ငါက ကောင်လေးအတွက် ဆေးဖော်စပ်ဖို့ သဘောတူထားပြီးပြီ”

မူမိသားစုခေါင်းဆောင်က လက်ဆန့်တန်းကာ ဆေးလုံးတစ်လုံးကို သိုလှောင်လက်စွပ်ထဲသို့ သိမ်းဆည်းလိုက်သည်။

“စဉ်းစားလို့ရတဲ့အခါ မင်းတောင်းဆိုမှုကို ပြောပါ”

ဤသည်ကား အချိန်မရွေး တောင်းဆို၍ ရသော ကတိကဝတ် ဖြစ်သည်။

ကောင်းမွန်သော ရွေးချယ်မှုလည်း ဖြစ်သည်။

“ဒါက ငါ စုစည်းထားတဲ့ ဓားဆန္ဒပဲ။ ဒါကို ဆောင်ထားရင် ပိုင်ရှင်ကို အလိုအလျောက် ကာကွယ်ပေးတယ်။ ဒီဓားဟာ ကမ္ဘာမြေအဆင့်၊ သွေးကြောဖွင့်အဆင့်က ကျင့်ကြံသူကို တားဆီးနိုင်တယ်”

ခေါင်းဆောင်တောက်ရင်က လက်ဖဝါးမျှသာရှိသော အနီရောင်ဓားငယ်လေးတစ်လက်ကို ထုတ်ပေးသည်။ ထို့နောက် သူသည်လည်း ဆေးလုံးတစ်လုံးကို ယူလိုက်သည်။

ဓားဆန္ဒပါဝင်သော ရတနာဓားအား ဆေးလုံးဖြင့် လဲသည်။

၎င်းသည် အင်မော်တယ်ဆေးလုံး၏တန်ဖိုး ဖြစ်သည်။

မူဝမ် နောက်လှည့်ထွက်လာသောအခါ အားလုံးက သူမအား ကွဲပြားသော အမြင်ဖြင့် ကြည့်ကြသည်။

လောကကို တုန်လှုပ်စေခြင်းက မည်သို့ ဖြစ်သနည်း။

ယနေ့ သူတို့ မြင်ရပြီ ဖြစ်သည်။

ယနေ့တွင် မူမိသားစုလူငယ်မျိုးဆက်များထဲ မည်သူက မူဝမ်ကို အထင်သေးရဲမည်နည်း။

သူမသည် အင်မော်တယ်ဆေးလုံးများကို ဖော်စပ်နိုင်သည်။ မည်သူက ထိုသို့သော အဆင့်အတန်းကို ပိုင်ဆိုင်နိုင်သနည်း။

ထိုစဉ် ခေါင်းဆောင်တောက်ရင်က ဟန်မူယဲ့အား ပြောသည်။

“ကောင်လေး… မူဝမ် အံ့ဖွယ်ကိုးပါးတောင်ကုန်းမှာ နေတုန်းက မင်းနဲ့ ဆက်ဆံရေးကောင်းရှိတယ်ဆို…”

ခေါင်းဆောင်မူကလည်း စိတ်ဝင်စားစွာ လှမ်းကြည့်သည်။

ပထမဆုံးအကြိမ် ဟန်မူယဲ့က ခေါင်းဆောင်တောက်ရင်မှာ လူကောင်းဖြစ်သည်ဟု ခံစားမိသည်။

“မင်း သူမဆီက လေ့လာသင့်တယ်… သူမက မင်းရဲ့ အတွေးအကြံကို အင်မော်တယ်ဆေးလုံးသို့ ပြောင်းလဲပစ်နိုင်တယ်။ မိန်းကလေးက မဆိုးဘူး”

ထို့နောက်တွင် ခေါင်းဆောင်တောက်ရင်က ခေါင်းဆောင်မူနားသို့ ကပ်ကာ စကားတချို့ တီးတိုးပြောသည်။ ခေါင်းဆောင်မူက ဟန်မူယဲ့အား တစ်ချက်ကြည့်ကာ ရှေ့ကို ကြည့်လိုက်သည်။

“အင်မော်တယ်ဆေးလုံးတွေဟာ အခွင့်အလမ်းဖြစ်တယ်။ အဲဒါဟာ အတင်းလုပ်ယူလို့ မရဘူးး။ မူမိသားစုလူငယ်မျိုးဆက်ထဲမှာ တကယ်တမ်း အခြေံကောင်းတာက မင်းပဲ”

ခေါင်းဆောင်တောက်ရင်က မူထန်ကျစ်ကို ပြောသည်။ မူထန်ကျစ်လည်း အနည်းငယ် စိတ်သက်သာရာ ရသွားဟန်တူသည်။

သို့သော်လည်း သူ သိပ်မပျော်နိုင်ပါ။

တစ်စုံတစ်ယောက်သည် အင်မော်တယ်ဆေးလုံးများကို ဖော်စပ်ခဲ့၏။

ခေါင်းဆောင်မူက ခြောင်းဟန့်က ပတ်ဝန်းကျင်ကို ကြည့်သည်။

“ဒီနေ့ အာခီမီပညာရှင်တွေနဲ့ တွေ့ရတာ ရှားရှားပါးပါးပဲ။ ဘယ်သူကများ ဆေးလုံးဖော်စပ်ပြီး ထူးခြားတဲ့ပါရမီတွေကို ထုတ်ပြချင်လဲ”

ဆေးလုံး ဖော်စပ်မည်လား.

မူလက သည်အခွင့်အရေးသည် နာမည်ကျော်ကြားရန် အကောင်းဆုံး အခွင့်အရေး ဖြစ်သည်။

သို့သော် ယခု မည်သူက ဆေးဖော်စပ်ရဲတော့မည်နည်း။

တစ်စုံတစ်ယောက်က အင်မော်တယ်ဆေးလုံးများ ဖော်စပ်ထားသည်။

မူထန်ကျစ်က ချန်မင်းထံသို့ လှမ်းကြည့်သည်။

မရေမတွက်နိုင်သော အကြည့်များက သူ့ထံသို့ ရောက်လာ၏။

ချန်မင်းသည် ထိုနေရာတွင် ရှုပ်ထွေးသော ခံစားချက်များဖြင့် ရပ်နေသည်။

သူက အတတ်နိုင်ဆုံး ကြိုးစားပါက မူထန်ကျစ်အား ကျော်ဖြတ်နိုင်လောက်သည်။

သို့သော်… အင်မော်တယ်ဆေးလုံး…

မည်သို့မှ မဖြစ်နိုင်ပါ။

“ခေါင်းဆောင်မူ… အရင်တုန်းက ကတိကဝတ် အခု ဖြစ်နိုင်သေးပါသလား”

ထိုစဉ် အဝေးမှ အသံတစ်သံကို ကြားရသည်။

အားလုံးက လှမ်းကြည့်လျှင် ဖြေးညင်းစွာ ထရပ်သော ကျန်းမင်အား မြင်ကြသည်။ သူ၏မျက်လုံးများက စူးရှတောက်ပနေသည်။

All Chapters