အာကာသ သဘောတရားများ အနှစ်ချုပ်
Vol. 26 Ch. 350
မိုဝူကျီက အာကာသ တည်နေရာပြ အလုံးကို ထုတ်ယူလိုက်သည်။ ကြည့်ရသည်မှာ သူ အားမကောင်းမချင်း လောကခန်းမသို့ ပြန်၍ ရဦးမည် မဟုတ်ပေ။
သူ ရရှိလိုက်သော သိုလှောင်လက်စွပ် ထဲမှ စိတ်စွမ်းအင် ကျောက်တုံး ဆယ်ပုံမှာ အတော်လေး အကျိုး ရှိပေလိမ့်မည်။ ထို့ကြောင့် သူ့ အတွက် လိုအပ်နေသည်က တံခါးပိတ် ကျင့်ကြံလို့ ရမည့် နေရာ ရှာရန်သာ ဖြစ်၏။ သူက လောကခန်းမသို့ မပြန်ခင် အနည်းဆုံးတော့ စစ်မှန်ခြင်းနတ်ဘုရား နောက်ပိုင်း အဆင့် ရောက်ရမည်။
သူ စစ်မှန်ခြင်း နတ်ဘုရား အလယ်အလတ် အဆင့် ရောက်သည်နှင့် လောက အင်မော်တယ် အခြေခံ အဆင့်နှင့် ရင်ဆိုင်နိုင်ပြီး စစ်မှန်ခြင်း နတ်ဘုရား နောက်ပိုင်း အဆင့် ရောက်သည်နှင့် လောက အင်မော်တယ် အလယ်အလတ်အဆင့်နှင့် ရင်ဆိုင်နိုင်လိမ့်မည် ဖြစ်ကြောင်း ခန့်မှန်းမိသည်။ လောက အင်မော်တယ် နောက်ပိုင်း အဆင့် အတွက် သူက သူတို့ကို မနိုင်လျှင်ပင် သူတို့၏ အတားအဆီးတော့ ခံရတော့မည် မဟုတ်ပေ။
အကယ်၍ သူက စစ်မှန်ခြင်း နတ်ဘုရား နောက်ပိုင်း အဆင့်ကို ရောက်ရှိပြီး ချီသွေးကြော ၁၀၆ ခု ဖွင့်ထားနိုင်ပါက ဝူရှန်း သူ့မျက်စိရှေ့ ပေါ်လာလျှင်ပင် ကြောက်ရွံ့နေမည် မဟုတ်ပေ။
ဝူမျိုးရိုး ကျင့်ကြံသူ ပေးလိုက်သည့် အာကာသတည်နေရပြ အလုံးမှာ အပိုပြောထားခြင်း မဟုတ်ပေ။ ထိုအလုံးမှာ အမှန်ပင် တည်နေရာများစွာကို ပြသထားလေသည်။ လောကခန်းမမှလွဲ၍ အနည်းဆုံး အမှတ်အသား တစ်ရာကျော်လောက် ပါဝင်ပေသည်။ ထိုအမှတ်အသားများတွင် မိုဝူကျီက ဆူးနစ်လေဂိတ်၊ နှင်းခါးပင်လယ်နှင့် ကြယ်တာရာ တိုက်ပွဲနေရာများကို တွေ့လိုက်သည်။
မိုဝူကျီက အသာလွန်ဆုံးနယ်ပယ် နောက်တစ်ခုကို သတိထားမိလိုက်သည်။ ထိုအမည်မှာ လောကလျှပ်စီးဇာစ်မြစ် ဟူ၍ ဖြစ်သည်။
အတွေ့အကြုံရှိသည့် မိုဝူကျီက ထိုနေရာများတွင် ဝိညာဉ် စွမ်းအား ပေါကြွယ်ဝသောကြောင့် လူတချို့က ဝင်ထွက်နေကြခြင်းကို သိ၏။ ဆူးနစ်လေဂိတ်တွင် ဖြစ်စေ၊ နှင်းခါးပင်လယ်တွင် ဖြစ်စေ အထဲရှိ ဝိညာဉ် စွမ်းအားများက အပြင်ဘက်နှင့် နှိုင်းယှဉ်၍ မရပေ။ အကယ်၍ သူသာ ဆူးနစ်လေဂိ်တွင် အချိန်အတော်ကြာ ကျင့်ကြံခဲ့ပြီး နှင်းခါးပင်လယ်မှ စိတ်စွမ်းအားကွင်းကြောင့်သာ မဟုတ်လျှင် သူသည် စစ်မှန်ခြင်း နတ်ဘုရားအဆင့် ၂ မြန်မြန် ရောက်လာမည် မဟုတ်ပေ။
ဤလောကလျှပ်စီးဇာစ်မြစ်က အသာလွန်ဆုံးနယ်ပယ်ထဲမှ တစ်ခု ဖြစ်သည့် အတွက် ဝိညာဉ် စွမ်းအားများက လျော့ပါးမည် မဟုတ်ပေ။ သူ့ကျင့်ကြံဆင့်ကို အချိန်တိုအတွင်း တိုးတက်စေရန် ဤနေရာမှာ အသင့်တော်ဆုံး ဖြစ်လိမ့်မည်။
အရင်ဦးစွာ သူက လျှပ်စီးများကို မကြောက်ပေ။ ဒုတိယအချက်အနေနှင့် သူက ထိုလျှပ်စီးများမှ အဆီအနှစ်ကို စုပ်ယူနိုင်ပြီး တတိယအချက်မှာ သူက လောကလျှပ်စီးဇာစ်မြစ်၌ လူများလာရှာမည်ကို မစိုးရိမ်ဘဲ အေးအေးဆေးဆေး ကျင့်ကြံနိုင်လိမ့်မည်။
“ရွိုက်ကော ... ဒီနေရာအတိုင်း လိုက်ပြီးတာ့ လောကလျှပ်စီးဇာစ်မြစ်ဆီ ခေါ်သွားလိုက် .. ”
မိုဝူကျီက တည်နေရာပြ အလုံးကို ရွိုက်ကောဆီ ပေး၍ ပြောလိုက်သည်။
ရွိုက်ကောက အားနည်းလှသည့် အတွက် သင်္ဘောပျံနှုန်းမှာ ထိုမျှ မြန်ဆန်မည် မဟုတ်ပေ။ သို့သော်လည်း သူက ဤအချိန်လေးအတွင်း ကျင့်ကြံနိုင်၍ များစွာ သက်ရောက်မှုတော့ မရှိချေ။
ရွိုက်ကောက ထိုစကားကြားသည်နှင့် သင်္ဘောပျံ ထိပ်ပိုင်းသွားကာ နေရာယူလိုက်သည်။ ထို့နောက် စိတ်ဓာတ်တက်လာသည့်အလား ရင်ဘတ်ပုတ်၍ မိုဝူကျီကို စိတ်ချနေရန် ညွှန်ပြလိုက်သည်။
မိုဝူကျီက အတွင်းအခန်းလေးထဲ ဝင်သွားလိုက်ပြီ လက်စွပ်သုံးခုကို မထုတ်ခင် အခန်း ပတ်လည်၌ ကာကွယ်ရေး အစီအရင် များ အသက်သွင်းလိုက်သည်။
လက်စွပ်တစ်ကွင်းမှာ လခြမ်းကွေး အကျဉ်းထောင်မှ ရလာတာ ဖြစ်ပြီး ထိပ်သီးအဆင့် စိတ်စွမ်းအင် ကျောက်တုံးများ ပါရှိနေကာ သူ အလိုအပ်နေဆုံး အရာ ဖြစ်သည်။ ထိုစိတ်စွမ်းအင် ကျောက်တုံးများ အပြင် ကျင့်စဉ် သုံးခုလည်း ပါရှိသေး၏။ တစ်ခုမှာ ကျဆုံးတိမ်တိုက်နည်းစနစ် နှင့် ကျဆုံး တိမ်တိုက်ရွှေမြှား ဖြစ်လေသည်။ ကျန်ရှိနေသော နှစ်ခုကိုတော့ မိုဝူကျီက မကြည့်ရသေးပေ။
အခြားသော လက်စွပ်နှစ်ခုမှာ မျက်လုံးဖြူ ဝံပုလွေနှင့် ယန်ချီရန် အပိုင် ဖြစ်လေသည်။
မိုဝူကျီက ယန်ချီရန် လက်စွပ်ပေါ်မှ အတားအဆီးကို ဖယ်ရှားရန် လုပ်ဆောင်လိုက်သည်။ ယန်ချီရန်မှာ ယန်မျိုးနွယ်စု၏ ခေါင်းဆောင် ဖြစ်ပြီး လောက အင်မော်တယ် အဆင့် ကျင့်ကြံသူ ဖြစ်သည့် အတွက် သူ့လက်စွပ်တွင် ပစ္စည်းကောင်းများ ပါရှိနိုင်သည်။ ထို့ကြောင့် မိုဝူကျီက ယန်ချီရန် လက်စွပ်ကို ဖွင့်ကြည့်ဖို့ရန် ဒုန်းဆိုင်း နေလေသည်။
သိုလှောင်လက်စွပ်ကို ဖွင့်ပြီးနောက်တွင် သူက ယန်ချီရန်ကို အထင်ကြီးမိ သွားကြောင်း ချက်ချင်း သိသွားသည်။ ဝိညာဉ် ပစ္စည်းအနည်းငယ်မှလွဲ၍ သာမန်အဆင့် စိတ်စွမ်းအင် ကျောက်တုံး များသာ ရှိလေသည်။ ကျင့်စဉ်များ အတွက် တစ်ခု တစ်လေမျှ မပါရှိချေ။
မိုဝူကျီက ယန်ချီရန် လက်စွပ်ကို စိတ်ပျက် လက်ပျက် ဘေးချ ထားလိုက်သည်။ သူ မသိသည်က ယန်မျိုးနွယ်စုတွင် အလောတကြီး မလိုအပ်သရွေ့ ထိပ်သီးရတနာများကို မျိုးနွယ်စုအပြင်ဘက် ထုတ်ယူ သုံးစွဲခွင့် မရှိကြောင်း ဖြစ်သည်။ ထိုသည်က မျိုးနွယ်စုဝင် တစ်ယောက်နှင့် သာမန် ကျင့်ကြံသူ တစ်ယောက်၏ ကွာခြားချက် ဖြစ်၏။
သာမန်ဂိုဏ်းမှ ကျင့်ကြံသူအနေနှင့် အရာအားလုံးကို သူတို့နှင့် ယူဆောင် သွားကြသော်လည်း မျိုးနွယ်စုဝင်များက ပြင်ပမှ အန္တရာယ်ကို ထည့်သွင်း စဉ်းစားကြရသည်။
မျက်လုံးဖြူ ဝံပုလွေမှာ အာကာသ ဝံပုလွေ ဘုရင်ကြီး၏ မျိုးဆက် ဖြစ်သော်လည်း မိုဝူကျီက များများစားစား မမျှော်လင့်ထားပေ။ ထို့အပြင် မျက်လုံးဖြူ ဝံပုလွေမှာ စစ်မှန်ခြင်း နတ်ဘုရား အဆင့်နှင့် တူသော အဆင့် ၇ သားရဲလေးသာ မဟုတ်ပါလော။
မိုဝူကျီက မျက်လုံးဖြူ ဝံပုလွေ လက်စွပ်ကို ဖွင့်လိုက်သည့်အခါ မှင်တက်သွားမိသည်။ ဤ ဝံပုလွေ၏ ချမ်းသာမှုနှင့် ကံကောင်းမှုတို့နှင့် ယှဉ်လျှင် ယန်ချီရန်ကဲ့သို့ လောက အင်မော်တယ် အဆင့် လူမျိုးပင် ဆင်းရဲသည်ဟု သတ်မှတ်၍ ရပေသည်။
တောင်ပုံယာပုံ ဖြစ်နေသည့် မြေကမ္ဘာ အဆင့် စိတ်စွမ်းအင် ကျောက်တုံးများ အပြင် မိုဝူကျီက ဝိညာဉ် သွေးကြော နှစ်ခုကိုပင် မြင်လိုက်ရသည်။ ထိုဝိညာဉ် သွေးကြော တစ်ခုချင်းစီမှာ တျန်းဂျီဂိုဏ်းရှိ ဝိညာဉ် ပိတ်လှောင်ရေး အစီအရင် ၁၃ ခုထက် အားမနည်းချေ။ ထိုထက်ပင် အားကောင်းနိုင်သေးသည်။
တျန်းဂျီဂိုဏ်း၏ ဝိညာဉ် သွေးကြော ၉ ခုမှာ တျန်းဂျီဂိုဏ်း အတွက် အခြေခံအုတ်မြစ် ဖြစ်သည့် အတွက် မိုဝူကျီက စိတ်ကြိုက် မစုပ်ယူရဲပေ။ ယခင်က သူ့ကျင့်ကြံဆင့် နိမ့်သည့် အတွက် ဝိညာဉ် ရေကန်ထဲတွင် အချိန်အတော်ကြာ ကျင့်ကြံခြင်းက ဘာမျှ သက်ရောက်မှု မရှိခဲ့ခြင်း ဖြစ်သည်။ ယခု သူက ချီသွေးကြော ၁၀၅ ခုကို ဖွင့်ပြီး၍ စစ်မှန်ခြင်း နတ်ဘုရားအဆင့် ရောက်နေသောကြောင့် ရေကန်ထဲတွင် အရူးအမူး ကျင့်ကြံပါက တျန်းဂျီဂိုဏ်းကို နောက်တစ်နေရာ မကြာမီ ရွေ့ပြောင်း ရလိမ့်မည်။
မျက်လုံးဖြူ ဝံပုလွေဆီမှ ဝိညာဉ် သွေးကြော နှစ်ခုမှာ သူက ကျင့်ကြံခြင်း အတွက် မည်သို့ပင် စုပ်ယူပါစေ ထိုမျှ ကိစ္စကြီး မဟုတ်ချေ။
ထိုဝိညာဉ် သွေးကြော နှစ်ခုအပြင် မိုဝူကျီက အဆင့် ၈ ဝိညာဉ် ဆေးပင်များကိုပါ မြင်လိုက်ရပြီး နဝမ ဟင်းလင်းပြင် မုန်လာဉ တစ်ဉပါ တွေ့လိုက်ရသည်။
မိုဝူကျီက ထိုမုန်လာဉ အမည်ကို လောကခန်းမရှိ တာဝန်ပေးဇယားတွင် မြင်ဖူးလေသည်။ ထိုအမှတ်များက ကြောက်ခမန်းလိလိ ဖြစ်၏။ ထိုအရာမှာ အဆင့် ၈ အာကာသ ပစ္စည်း ဖြစ်သော်လည်း အင်မတန် ရှားပါးသော အရာ ဖြစ်၏။
ဤသို့သော အရာမျိုးက ကျင့်ကြံဆင့်ကို တိုးမြင့်ပေးနိုင်ရုံသာမက စစ်မှန်ခြင်းနတ်ဘုရား ပြီးပြည့်စုံခြင်းအဆင့်မှ လောက အင်မော်တယ် အဆင့်သို့လည်း တက်ရောက်နိုင်မည့် အခွင့်အရေး တိုးမြင့်စေသည်။ တူညီလှစွာ သားရဲများကိုလည်း အဆင့် ၇ မှ အဆင့် ၈ သို့ တက်လှမ်းနိုင်မည့် အခွင့်အရေး တိုးစေသည်။
မျက်လုံးဖြူ ဝံပုလွေရှိ ဤအရာ တစ်ခုတည်းကပင် ယန်ချီရန် လက်စွပ် ဆယ်ကွင်းထက် အဖိုးတန်သွားပြီ ဖြစ်၏။
မိုဝူကျီက ဤအသီးကို ယူကာ ကျောက်စိမ်းသေတ္တာထဲ ဂရုတစိုက် ထည့်လိုက်ပြီး သူ့ကိုယ်ပိုင် လက်စွပ်ထဲ ထည့်သိမ်းထားလိုက်သည်။ မျက်လုံးဖြူ ဝံပုလွေက ပစ္စည်းများကို မည်သို့ သန့်စင်ရမှန်း မသိသည့် အတွက် အဆင့်မြင့် ဝိညာဉ် ပစ္စည်းတချို့အပြင် လက်နက်ထုလုပ်ရာ အတွက် အဆင့်မြင့် ပစ္စည်းများလဲ တောင်ပုံယာပုံ ရှိသေးလေသည်။
အစီအရင် အလံများကို ပြုလုပ်ရုံအပြင် မိုဝူကျီက အခြားအရာများကို မည်သို့ ပြုလုပ်ရမှန်း မသိချေ။ အချိန်အတော်ကြာ စုဆောင်းပြီးနောက် သူ့တွင်လည်း အထောက်အပံ့ တော်တော်များများ ရနေလေပြီ ဖြစ်၏။
ထိုအရာများကို သူသိုလှောင်လက်စွပ် ထောင့်ဘက် ပြောင်းထည့်လိုက်ရင်း နတ်ဘုရား ရွှေနေကြာ ရှိသည့် နေရာနား ကပ်ထားလိုက်သည်။
နောက်ဆုံးတွင် မိုဝူကျီ ထုတ်ယူလိုက်သည်က သားရေစာအုပ် ဖြစ်ပြီး အနည်းငယ် စုတ်နေ သော်လည်း အရမ်းကြီး မဟောင်းနွမ်းသေးပေ။ စုတ်ပြဲနေသည့် အဓိက အကြောင်းအရင်းမှာ ခဏတိုင်း လှန်ကြည့်နေ၍ ဖြစ်နိုင်ပေသည်။
မိုဝူကျီက သားရေစာအုပ်ကို လှန်ကြည့်လိုက်သည့်အခါ ပထမ မျက်နှာတွင် စာလုံးလေးလုံးကို မြင်လိုက်ရသည်နှင့် သူဦးရေပင် ထုံထိုင်းလာပြီး နှလုံးခုန် မြန်ဆန်လာလေသည်။
အကြောင်းမှာ ထိုစာလုံးလေးလုံးမှာ “အာကာသ သဘောတရားများ အနှစ်ချူပ် ” ဟူ၍ ဖြစ်နေသည်။
ထိုသည်က အာကာသ ဖြစ်ကြောင်းပြ စာအုပ်တစ်အုပ် ဖြစ်နေပြီး မိုဝူကျီက သူနှင့် မျက်လုံးဖြူ ဝံပုလွေ တိုက်ပွဲအတွင်း ထိုဝံပုလွေက ကြိမ်ဖန်များစွာ နေရာ ကူးပြောင်းနိုင်ခြင်းအကြောင်း အနည်းငယ် နားလည်လာမိသည်။ ထိုသည်က လက်ဆောင်ရ သဘာဝလွန် စွမ်းအားများကြောင့် မဟုတ်ဘဲ ဤစာအုပ်ကို လက်ခံရရှိ၍ ဖြစ်သည်။
မိုဝူကျီက ဆရာသမား မရှိကာ ဂိုဏ်းထဲတွင်လည်း သင်ကြား ပြသပေးခြင်း မခံရဖူးပေ။ သို့သော်လည်း သူက ကျန်းရှင်းတွင် နှစ်အတော်ကြာ နေရင်း အတွေ့အကြုံများမှ တစ်ဆင့် မည်သို့သော အရည်အချင်းမျိုးက အာအကောင်းဆုံးလဲဟု အလိုလို သိလာတော့သည်။
ထိုသည်က တည်နေရာ နည်းစနစ် သို့မဟုတ် အချိန် နည်းစနစ်များ ဖြစ်ကြသည်။ သာမန်အားဖြင့် ကျန်းရှင်းအတွင်း တည်နေရာနှင့် အချိန် နည်းစနစ် အများစုက အတုများ ဖြစ်ကြသည်။ ကျန်းရှင်းအတွင်း နေရာနှင့်အချိန်ကို ထိန်းချုပ်နိုင်သည့် အဆင့်မြင့် ကျင့်ကြံသူဟူ၍ မရှိပေ။ ထို့အပြင် ထိုသို့သော စွမ်းအားမျိုးကို နည်းစနစ် မယူဆကြဘဲ ထိပ်သီး လျို့ဝှက်ပညာရပ်အဖြစ်သာ ယူဆကြရလိမ့်မည်။ ကူးပြောင်းရေး အစီအရင် ပင် အာကာသ အရင်းအမြစ်များနှင့် တည်နေရာ အခြေခံများကို အသုံးပြု၍ ပြုလုပ်ထားခြင်း ဖြစ်ရာ အလွန်အံ့အားသင့်ဖို့ ကောင်းနေပြီ ဖြစ်၏။
အာကာသ သဘောတရာများ အနှစ်ချုပ်က စကားလုံးများမှ တစ်ဆင့် အဓိပ္ပာယ်များကို ပြောပြပေးနိုင်လိမ့်မည်။ ထူးဆန်းအံ့ဩဖွယ် အာကာသ အကြောင်း ရှင်းပြပေးနိုင်လိမ့်မည်။ အကယ်၍ သူသာ စာအုပ်အတွင်းမှ တည်နေရာ နည်းစနစ်ကို ရှာတွေ့ခဲ့လျှင် သူ့စွမ်းအားများက တစ်ဆမက တိုးပွားသွားပေလိမ့်မည်။
သူက နောက်တစ်မျက်နှာ လှန်လိုက်သည့်အခါ ပထမ စာကြောင်းမှာ
”မင်းက တည်နေရာ တည်ရှိမှုကို ခံစားနိုင်နေရင် မင်းမှာ စွမ်းအား မလုံလောက်လို့ပဲ။ တကယ်လို့ မင်းက အဆင့်တစ်ခုအထိ အားကောင်းလာရင် တည်နေရာ ဆိုတာက မတည်ရှိတော့ဘူး”
ထိုသို့သော အားကောင်းလှသည့် စာကြောင်းကြောင့် မိုဝူကျီက စာအုပ်ပိုင်ရှင်သည် ထိုအရာများကို လုပ်ခဲ့ကြောင်း မယုံကြည်တော့ပေ။
ကမ္ဘာမြေတွင် ရှိစဉ်က သူက ထိုသို့သော အံ့အား သင့်လောက်စရာ သဘာဝစွမ်းအားများကို ရှိသည့်အထိ ကျင့်ကြံနိုင်မယ်လို့ ယုံကြည့်ဖူးခဲ့လား ... သူ့စိတ်စွမ်းအားကို အခြေပြုပြီးတော့ အာကာသထဲ လမ်းလျှောက်နိုင်သည်ကိုရော ယုံကြည့်ခဲ့ရဲ့လား ...
သူက ဤစာအုပ်ကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာ ကြည့်ရမည်။ သို့သော အခုတော့ မဟုတ်သေးချေ။ ယခု အလိုအပ်ဆုံးအရာမှာ သူအင်အား ကောင်းလာဖို့ရန် ဖြစ်ပေသည်။
မိုဝူကျီက လခြမ်းကွေး အကျဉ်းထောင်ဆီမှ ရလာသည့် ကျောက်စိမ်းပေလွှာနှစ်ခုကို စစ်ဆေး ကြည့်လိုက်သည့်အခါ သူတို့အားလုံးမှာ သတ္တုဓာတ် ကျင့်စဉ်များ ဖြစ်နေကြောင်း သတိပြုမိလိုက်သည်။ အသုံးဝင်မှုနှင့် ခြိမ်းခြောက်နိုင်စွမ်း အရ သူတို့နှစ်ခုလုံးမှာ ကျဆုံး တိမ်တိုက်ရွှေမြှားလောက် မကောင်းချေ။ ထို့ကြောင့် မိုဝူကျီက သူတို့ကို သိမ်းထားပြီးတော့ နောင်ကျ သတ္တုဓာတ် ကျင့််ကြံသူနှင့် တွေ့လျှင် ပေးဖို့ရာ ကြံစည်ထားသည်။
လက်စွပ်သုံးခုလုံးမှ ပစ္စည်းများကို စီရီပြီးနောက် မိုဝူကျီက သူ့လက်ထဲ စိတ်စွမ်းအင် ကျောက်တုံး အချောကို ထားလိုက်သည်။
ကောင်းကင် စိတ်စွမ်းအင် ကျောက်တုံးထက် သာလွန်သော သန့်စင်မှုနှင့် စွမ်းအားများမှာ မိုဝူကျီဆီ ပြေးဝင်လာကြသည်။ မိုဝူကျီက မြေကမ္ဘာ အဆင့် စိတ်စွမ်းအင် ကျောက်တုံး အပုံလိုက်ကို ထုတ်ယူလိုက်ပြီး ကျင့်ကြံဖို့ရာ ချီသွေးကြောများကို စတင်လှည့်ပတ်လိုက်တော့သည်။
သူက ကျင့်ကြံခြင်းကို မစတင်ခင် ဤကျောက်တုံးအချောအတွင်းမှ တုန်လှုပ်ဖွယ် ဝိညာဉ် စွမ်းအားများကို ခံစားမိလိုက်သည်။ ထိုအရာက သူ့ကျင့်ကြံခြင်း အတွက် မည်မျှ အသုံး ဝင်လာမည်နည်း။ အမှန်တကယ် ကျင့်ကြံ လိုက်ပြီးနောက် မိုဝူကျီက ထိုကျောက်တုံး အတွင်းမှ ကြောက်မခန်းလိလိ စွမ်းအားများကို ခံစားလိုက်ရသည်။
ယခင် သူ စိတ်စွမ်းအားကွင်း မှိုကျောက်တုံးများဖြင့် ကျင့်ကြံစဉ်က သူ့ချီသွေးကြောမှ စုပ်ယူထားသည့် သိပ်သည်းသော စွမ်းအားများက မပျော်ဝင်သွားဘဲ လှည့်ပတ်နေခြင်းကို ခံစား ခဲ့ရသည်။
ဤကျောက်တုံးကို အသုံးပြုလိုက်သည်နှင့် စွမ်းအားများက ဓားတစ်ချောင်းလို အရှိန် ပြင်းပြင်းဖြင့် သူ့ချီသွေးကြော အားလုံးဆီ တစ်ဟုန်ထိုး ရောက်ရှိသွားကြောင်း ခံစားမိလိုက်သည်။
သာမန် စိတ်စွမ်းအင် ကျောက်တုံးများကို အသုံးပြု၍ ကျင့်ကြံခြင်းသည် ရေ စီးဆင်းလာသကဲ့သို့ ခံစားရသော်လည်း ဤအမည်မသိ စိတ်စွမ်းအင် ကျောက်တုံးနှင့် ကျင့်ကြံရသည်က ရုတ်ချည်း တိုးတက်သွားသည်နှင့် တူပေသည်။
နေ့ဝက်အတွင်း မိုဝူကျီက စွမ်းအားမျာ သိသိသာသာ တိုးလာမှုကို ခံစားမိသည်။
လဝက်အသုံးပြုပြီးနောက်တွင် မိုဝူကျီက ထိုစွမ်းအားများက လုံဝလျော့နည်းသွားကြောင်း သတိပြုမိလိုက်တော့သည်။ တစ်ချိန်တည်းတွင် သူက စစ်မှန်ခြင်းနတ်ဘုရားအဆင့် ၃ သို့ ရောက်ရှိသွားလေပြီ။
မိုဝူကျီ၏ ကျင့်ကြံဆင့် မြင့်လာသည်နှင့် စွမ်းအား စုပ်ယူနှုန်းလည်း မြင့်တက်လာပြီ ဖြစ်၏။ နောက်တစ်လအကြာတွင် မိုဝူကျီက စစ်မှန်ခြင်း နတ်ဘုရားအဆင့် ၄ သို့ ရောက်ရှိသွားပြီး ကျောက်တုံးလေးတုံးလဲ ကုန်ဆုံးသွားပြီ ဖြစ်၏။
သုံးလအကြာတွင် မိုဝူကျီက စစ်မှန်ခြင်းနတ်ဘုရားအဆင့် ၅ သို့ ရောက်ရှိလာကာ သူ့တွင် နောက်ထပ် ကျောက်တုံးခြောက်တုံးသာ ကျန်ရှိပေတော့သည်။
သူက မြေကမ္ဘာ အဆင့် စိတ်စွမ်းအင် ကျောက်တုံးများ အမှုန့်ဖြစ်သွားသည်ကို မြင်ကာ မိုဝူကျီက နှမြောတသ သက်ပြင်း ချလိုက်တော့သည်။ သူက လခြမ်းကွေး အကျဉ်းထောင်မှ ထိုကျောက်တုံး အနည်းငယ်သာ ရခဲ့သည်။ အကယ်၍ သူ့တွင် ထိုကျောက်တုံး အမျိုးအစား ရာကျော်ရှိပါက သူ့ အတွက် အတားအဆီးမရှိ လောက အင်မော်တယ် အဆင့်သို့ တက်လှမ်းနိုင်ပေလိမ့်မည်။
“သခင် ... လောကလျှပ်စီးဇာစ်မြစ် ဝင်ပေါက်ကို ရောက်ပြီ ”
ရွိုက်ကောက အပြင်ဘက်မှ အသံလာပေးသည်။
မိုဝူကျီက သူ့အခန်းကို သန့်ရှင်းပြီးနောက် အပြင်သို့ ထွက်လာလိုက်သည်။
သူ့ရှေ့တွင် ဂြိုဟ်တစ်လုံး ရှိနေပြီး ထိုနေရာကို လျှပ်စီးများဖြင့် ဝန်းရံထားသည်။ အကြည့်နှင့်တင် ထိုနေရာမှာ အာကာသအတွင်း အင်မတန် အထင်ရှားဆုံးနေရာ ဖြစ်ကြောင်း သိနိုင်သည်။
မိုဝူကျီက ဤနေရာမှ နေလုံးနှင့် တူညီသော နေရာဖြစ်လိမ့်မည်ဟုပင် ထင်မှတ်မိသည်။ တစ်ခုတည်းသော ခြားနားချက်မှာ နေလုံးက အပူချိန်ကို ထုတ်လွှင့်ပြီး ဤဂြိုဟ်မှာ လျှပ်စီးများ ထုတ်လွှင့်နေခြင်း ဖြစ်၏။
***