← Chapters

ကြယ်တာရာ ဘုရင်တောင်မှ အရှုပ်အထွေး

Vol. 26 Ch. 351

ကြယ်တာရာ ဘုရင်တောင်မှ အရှုပ်အထွေး

Vol. 26 Ch. 351

“ရွိုက်ကော ... ငါ ဒီနေရာမှာ ကျင့်ကြံဖို့ လိုအပ်နေတယ်။ ဒီမှာက အားကောင်းတဲ့ လျှပ်စီးအားတွေ ရှိတယ်ဆိုတော့ မင်းနဲ့အဆင်ပြေမှာ မဟုတ်ဘူး။ အဲဒါကြောင့် တခြားတစ်နေရာမှာ သွားနေချည်။ ငါ ထွက်သွားဖို့ အဆင်သင့်ဖြစ်ရင် မင်းဆီ သတင်းဓားပျံ ပို့ပေးမယ် ... ”

ထိုစကားအဆုံးတွင် မိုဝူကျီက သိုလှောင်လက်စွပ် တစ်ကွင်း ထုတ်ယူကာ ရွိုက်ကောဆီ ပေးလိုက်သည်။

သူ့တွင် သိုလှောင်လက်စွပ် အများအပြားနှင့် မြေကမ္ဘာ စိတ်စွမ်းအင် ကျောက်တုံးများ တောင်ပုံယာပုံ ရှိ၏။

“လွတ်လွတ်လပ်လပ် သွားနေ” ဆိုသည့် စကားကို ကြားသောအခါ ရွိုက်ကောက တက်ကြွလာပြီး သိုလှောင်လက်စွပ် ကို အလျင်အမြန် ကောက်ယူကာ မိုဝူကျီကို မည်မျှ ကြာမြင့်မှာလဲဟုပင် မမေးတော့ဘဲ အာကာသ အနက်ပိုင်းအတွင်း တရှိန်ထိုး ဝင်ရောက်သွားတော့သည်။

မိုဝူကျီက ရွိုက်ကော ကို လုံးဝမစိုးရိမ်ပေ။ အကြောင်းမှာ ဤဌက်က အလွန် လူပါးဝပြီး ကိစ္စများကို မြန်မြန်ဆန်ဆန် သင်ယူနိုင်စွမ်း ရှိလေသည်။ မိုဝူကျီက တစ်ခါတစ်ကြိမ်မျှ သင်ပေးလိုက်ရုံဖြင့် ထိုဌက်က အကြိမ်များစွာ နောက်တွင် တစ်ပုံစံတည်း လိုက်လုပ်နိုင်စွမ်း ရှိသည်။ ထို့အပြင် သူက အလွန်မြန်သည့် အတွက် သာမန် ကျင့်ကြံသူများက သူ့အား နာကျင်စေဖို့ရန် ခက်ခဲပေလိမ့်မည်။

မိုဝူကျီက သူ့သင်္ဘောပျံကို သိမ်းဆည်းကာ လျှပ်စီး နည်းနေသည့် နေရာကို အာရုံခံပြီးနောက် ဝင်သွားတော့သည်။

မိုဝူကျီ ထင်ထားသည့်အတိုင်း ဤနေရာတွင် ဝိညာဉ် စွမ်းအားများ သိပ်သည်းလှသည်။ တူညီလှစွာ လျှပ်စီးအားများက အင်မတန် အားကောင်းလှပေသည်။ မိုဝူကျီက လျှပ်စီးအား အနည်းဆုံး နေရာကို ရွေးခဲ့သော်လည်း ထိုလျှပ်စီးအားများက ကောင်းကင် ဘုံ စမ်းသပ်ချက်မှ မိုးကြိုး လျှပ်စီးချက်များထက် အားမနည်းလှချေ။ မိုဝူကျီသာ လျှပ်စီး အားကောင်းသည့် နေရာ ရောက်သွား သည်နှင့် သေချာပေါက် တောင့်ခံနိုင်မည် မဟုတ်ပေ။

နေရာတိုင်းတွင် လျှပ်စီးအားများက ရှိနေသည့် အတွက် ထိုလျှပ်စီးများမှ ပုန်းကွယ်ဖို့ နေရာရှာခြင်းက မဖြစ်နိုင်ချေ။ အကယ်၍ သူသာ မြေအောက်ကျင်း တူးလိုက်ပါက ထိုနေရာတွင်၌လည်း လျှပ်စီး အားများနှင့် ပြည့်သွားလိမ့်မည်။

မိုဝူကျီက အလိုရှိသည်က ကျင့်ကြံဖို့ရာ နေရာ ဖြစ်ကာ သူက စစ်မှန်ခြင်း နတ်ဘုရားအဆင့် ရောက်သည်မှာ မကြာသေး လှသော်လည်း စစ်မှန်ခြင်း နတ်ဘုရားအဆင့် ၅ ရောက်နေပြီ ဖြစ်၏။

ဤကျင့်ကြံနှုန်းမှာ အလွန်မြန်ဆန်လှသည်ဟု ယူဆ၍ ရနေပြီ ဖြစ်သည်။ အကြောင်းမှာ ပိုမြန်ဆန် လာလျှင် အခြေ မတည်ငြိမ်မှုကို ဖြစ်ပွားစေလိမ့်မည်။ မိုဝူကျီက နောက်ဆက်တွဲများကို ရင်မဆိုင် ရသေးသော်ငြား နောင်တွင် အခက် တွေ့လာမည်ကို စိုးရိမ်မိသည်။ ထို့ကြောင့် လျှပ်စီးအားများ ပြည့်နေသည့် နေရာကို ကျင့်ကြံဖို့ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ သူက တစ်ချိန်တည်း ဆိုသလို လျှပ်စီးများ စုပ်ယူနိုင်ပြီး ကျင့်ကြံ နိုင်လိမ့်မည်။ ထိုအရာက သူ့ခန္ဓာနှင့် စိတ်အခြေအနေကို ထိန်းညှိပေးလိမ့်မည်။

ထို့အပြင် မိုဝူကျီက သူ့ဝိညာဉ် စွမ်းအား လှည့်ပတ်ခြင်း ကျင့်စဉ်တွင် နောက်ထပ် အချက်တစ်ချက် ရှိသေးကြောင်း သတိပြုမိလိုက်သည်။ ထိုအရာက သူက ခက်ခဲသည့် ပတ်ဝန်းကျင်မျိုးတွင် ကျင့်ကြံသည့်အခါ လုံလောက်သော စွမ်းအားများ ရှိနေသရွေ့ သူ့ခန္ဓာ အင်အားမှာလည်း တိုးပွားလာလေသည်။

မိုဝူကျီက ကျင့်ကြံသူများတွင် သိုင်းပညာရှင်များဟုခေါ်သည့် ကျင့်ကြံသူများ ရှိကြောင်း သိထားသည်။ သိုင်းပညာရှင်များက ခန္ဓာကိုယ်ကို အဓိကလေ့ကျင့်ပြီး သူတို့ကျင့်ကြံဆင့် မြင့်လာလေလေ သူတို့ခန္ဓာက ပို၍ အားကောင်းလာလေလေ ဖြစ်၏။ မိုဝူကျီက သိုင်းပညာရှင် မဟုတ်သော်လည်း သူ့ခန္ဓာ အင်အားက ခက်ခဲကြမ်းတမ်းသော ပတ်ဝန်းကျင်မျိုး၌ ကျင့်ကြံသည့်အခါ တိုးပွားလာသည်ဆိုပါက ဘာလို့ မကျင့်ကြံဘဲ နေရမည်နည်း။

ဤအသာလွန်ဆုံးနယ်ပယ်များက တခြားသူများ အတွက် အန္တရာယ်များသော နယ်ပယ် ဖြစ်သော်လည်း သူ့တွက် အန္တရာယ်များလွန်းသည့် နယ်ပယ်အပြင် အခွင့်အရေးကောင်း နယ်ပယ်ဟုပင် ခေါ်ဆို၍ ရပေလိမ့်မည်။ မိုဝူကျီက သူ့အသားများ၊ အရိုးများ၊ အာရုံကြောများအားလုံးကို လျှပ်စီးချက်များကြောင့် ထိခိုက်ခြင်းကို လျစ်လျူရှုထားပြီး ယနေ့အထိ လျှပ်စီးဒဏ်ခံယူရင်း ကျင့်ကြံလာခဲ့ရသည့် အတွက် ဘာကိုများ ကြောက်ရွံ့နေရဦးမည်နည်း။ သူ မကြုံတွေ့ဖူးသေးသည့် နာကျင်မှုမျိုး ရှိဦးမည်လား ...

လျှပ်စီးအားများက ကျရောက်မလာခင် ပင့်ကူအိမ်ကဲ့သို့ ကောင်းကင် တခွင်လုံးကို ဖုံးလွှမ်းသွားလေသည်။ မိုဝူကျီက လျှပ်စီးစွမ်းအားများကို စုပ်ယူနေရင်း နေ့ဝက်အကြာတွင် မိုဝူကျီ ၏ အဝတ်အစားများက ထိုလျှပ်စီးချက်များကြောင့် အပိုင်းပိုင်းအစစ ဖြစ်ကုန်လေပြီ။

ဤတစ်ကြိမ်တွင် မိုဝူကျီက ကျင့်ကြံဖို့ရာ စိတ်စွမ်းအင် ကျောက်တုံးအချောများကို အသုံးမပြုပေ။ သူ့တွင် ကျောက်တုံးခြောက်တုံးသာ ကျန်တော့သည့် အတွက် အတားအဆီးတွေ့မှသာ သုံးရန် ဆုံးဖြတ်ထားသည်။

လျှပ်စီး အဆီအနှစ်များနှင့် သိပ်သည်းလှသည့် ဝိညာဉ် စွမ်းအားများကို မိုဝူကျီက စုပ်ယူ သွားသောကြောင့် ထိုစွမ်းအားများက လျှပ်စီးချက်များ အောက်တွင် လှည့်ပတ်နေလေသည်။ နောက်အခိုက်အတန့် လေး၌ မိုဝူကျီက အားလုံးကို စုစည်းပစ်လိုက်သည်။

သူက ထိုစွမ်းအားများကို ဆက်တိုက် စုစည်းနေသောကြောင့် မိုဝူကျီ၏ အင်အားမှာလည်း တစချင်း တိုးပွားလာနေသည်။ လခြမ်းကွေး အကျဉ်းထောင်၏ စိတ်စွမ်းအင် ကျောက်တုံးများကို မသုံးတော့သည့် အတွက် သူ့ကျင့်ကြံနှုန်းမှာ ယခင်ကဲ့သို့ မမြန်ဆန်တော့ပေ။

သူ့အရည်အပြားများနှင့် အရိုးများက လျှပ်စီးပင့်ကူအိမ်များကြောင့် ဆက်တိုက် စုတ်ပြဲနေပြီး ကျိုးပဲ့နေသော်လည်း ချက်ချင်း ပြန်လည် ကောင်းလာကြလေသည်။ အချိန်ကြာလာသည်နှင့် မိုဝူကျီ၏ အရိုးကျိုးခြင်းက နည်းပါးလာပြီး ပြန်ကောင်းလာသည့်အချိန်က ပိုမြန်လာပေသည်။

အချိန်အတော်ကြာ ကျင့်ကြံပြီးသည့်နောက်တွင် မိုဝူကျီ၏ လျှပ်စီးဒဏ်ခံနိုင်ရည် တိုးတက် လာသည့် အတွက် လျှပ်စီးအား အားနည်းနေသည့် နေရာမှ အားများသည့်နေရာသို့ ရွေ့သွား လိုက်တော့သည်။

မျက်စိတစ်မှိတ် အတွင်း တစ်နှစ်တာ ကုန်ဆုံးသွားကာ မိုဝူကျီလည်း စစ်မှန်ခြင်း နတ်ဘုရား အဆင့် ၆ သို့ ရောက်ရှိသွားတော့သည်။

လတ်တလောတွင် မိုဝူကျီက ဤလောက လျှပ်စီး ဇာစ်မြစ်အတွင်း၌ ဆက်နေနေပြီး ထွက်သွားဖို့ရာ စိတ်ကူး မရှိသေးချေ။

… ... ... ...

လောကခန်းမ

လွန်ခဲ့သည့် တစ်နှစ်ခွဲနှင့် ယှဉ်လျှင် ဤနေရာမှာ ယခုတွင် စိတ်ပျက်စရာအတိ ဖြစ်၏။ ဤနေရာကို ဝင်လိုက်ထွက်လိုက် လုပ်နေကြသူများမှာ စီးပွားရေး သမားများနှင့် ‌လောက ကျင့်ကြံသူ တပ်သာ ဖြစ်၏။

လွန်ခဲ့သည့် တစ်နှစ်ခွဲခန့်က ကျန်းရှင်း အပြင်ဘက်နားတွင် လခြမ်းကွေး အင်မော်တယ် နန်းတော် ပေါ်လာခြင်းကြောင့် တိုက်ပွဲအကြီးကြီး ဖြစ်ပျက်ခဲ့သည်။

ထိုစစ်ပွဲ၌ ကြယ်တာရာ ဘုရင်တောင်က ကြယ်တာရာ သခင် ချီထုံကို ဆုံးရှုံးခဲ့ရပြီး ကျန်းမိုနယ်မြေက ကြယ်တာရာ တိုက်ပွဲ ထိန်းချုပ်မှုကို ဆုံးရှုံးခဲ့ရသည်။ ကူနို့ကြယ်တာရာ မျိုးနွယ် အတွက် လောကခန်းမ ဂိတ်တံခါး မသင့်တော်မှုနှင့်အတူ ချီထုံ၏ နောက်ဆုံး ဆုံးဖြတ်ချက် ဖြစ်သည့် သူမသေခင် အားလုံးကို တိုက်ခိုက်ဖို့ရာ လက်လျော့ပြီး လောကခန်းမကို ကာကွယ်ခိုင်းခဲ့သည့် အချက်ကြောင့် ကျင့်ကြံသူအားလုံးက စွမ်းစွမ်းတမံ ကာကွယ်ခဲ့ကြသည်။

အဆုံးသတ်တွင် ကူနို့ကြယ်တာရာ မျိုးနွယ်နှင့် အာကာသ သားရဲများ၏ နယ်ပယ်လုယက်မှု ပြဿနာကြောင့် သူတို့ မဟာမိတ် ပြိုလဲသွားခဲ့၍သာ ရပ်တန့်သွားခြင်း ဖြစ်သည်။

မဟုတ်လျှင် လောကခန်းမကို အာကာသ သားရဲများ သို့မဟုတ် ကူနို့ကြယ်တာရာ မျိုးနွယ်တို့အောက် ရောက်နေ လောက်လေပြီ။

သို့သော်လည်း ဤတိုက်ပွဲကြောင့် ကျန်းမိုနယ်မြေက သူတို့၏ အသက်ရှင်ဖို့ရာ အဓိက လမ်းကြောင်း ဖြစ်သည့် ကြယ်တာရာ တိုက်ပွဲကွင်းကို ဆုံးရှုံးသွားလေသည်။

ကျန်းမိုနယ်မြေက အရွယ်အစား အားဖြင့် အလွန်ကြီးမား သော်လည်း ကျင့်ကြံသူ အများအပြားကို ထောက်ပံ့ ပေးနိုင်သည့် အရင်းအမြစ် မရှိပေ။ ကျန်းမိုနယ်မြေ ကျင့်ကြံသူများ၏ အရင်းအမြစ်က ကြယ်တာရာ တိုက်ပွဲကွင်းမှ ရောက်လာခြင်း ဖြစ်သည်။

ယခုအခါ ကြယ်တာရာ တိုက်ပွဲကွင်းကို အာကာသ သားရဲများနှင့် ကူနို့ကြယ်တာရာ မျိုးနွယ်တပ်က ခွဲယူထားသည့် အတွက် ကျန်းမိုနယ်မြေ ကျင့်ကြံသူများ အခက်တွေ့နေရသည်။

မကြာသေးခင်က ကြယ်တာရာ တိုက်ပွဲကွင်းကို ဝင်သွားကြသော ကျင့်ကြံသူ တချို့က လွဲ၍ ကျန်းမိုနယ်မြေ ကျင့်ကြံသူများက ယခုအခါ ကြယ်တာရာ တိုက်ပွဲကွင်းသို့ သွားဖို့ရာ မဖြစ်နိုင်ချေ။ လောကတိုင်မှ ထွက်လိုက်သည်နှင့် အသက်ရှင်နိုင်ခြေက အလွန်နည်းပါး လာလေသည်။

ဤမျှ ခုခံထားကြသော်လည်း လောကခန်းမက သိပ်တောင့်မခံနိုင်လောက်တော့ချေ။

ထိုအကြောင်းအရင်းများကြောင့် စီးပွားရေး သမားများက ဝင်ချည်ထွက်ချည် လုပ်နေကြခြင်း ဖြစ်သည်။ လောကခန်းမသည် ဘယ်အချိန်တွင် နယ်ခြားတပ် လက်အောက်ကျရောက်သွားမည်ကို မသိသဖြင့် မည်သူကမျှ ဆက်လက်၍ မနေလိုကြတော့ချေ။

လောကတိုင် ပထမအလွှာတွင် ကျင့်ကြံသူတချို့က သူတို့လက်ဝယ်ရှိ ဆေးပင်များ ရောင်းချနေကြရင်း တီးတိုး ပြောဆိုနေကြသည်။ ထိုစဉ် မီးခိုးရောင် အရိပ်လေးက လောကတိုင်အတွင်း တရှိန်ထိုး ပြေးဝင်လာသည်။ ထိုအရှိန်ကြောင့် တီးတိုး ပြောနေကြသည့် ကျင့်ကြံသူများက လမ်းဖယ်ပေး လိုက်ရသည်။

”ဘမ်း ”

မီးခိုးရောင် ဝတ်စုံနှင့် ကျင့်ကြံသူက ဒုတိယအလွှာ မရောက်ခင် အလင်းတန်းဖြင့် အပစ် ခံလိုက်ရပြီး မြေပြင်ပေါ် လဲကျသွား၏။

ထို့နောက် နောက်ထပ် ကျင့်ကြံသူ တစ်ယောက် ရောက်လာကာ ထိုကျင့်ကြံသူအား ကောက်သယ်ရင်း ပထမအလွှာမှ ထွက်သွားတော့သည်။

တကယ်လို့ ကြမ်းပြင်ပေါ်မှ သွေးအိုင်ကြောင့်သာ မဟုတ်လျှင် လူတချို့က ပုံရိပ်ယောင်ဟုပင် ထင်မှတ်ကြလောက်သည်။

“လွန်ခဲ့တဲ့ တစ်နှစ်လောက်က လောကတိုင်အတွင်း ဘယ်သူက သတ်ရဲမှာလဲ။ သတ်ဖို့ မပြောနဲ့ ဘယ်သူမှ မတိုက်ခိုက်ရဲဘူး။ ကြယ်တာရာ သခင် ကျဆုံးပြီးသွားတော့ လူတွေက ဒီနေရာမှာ တကယ် သတ်ရဲနေကြတာပဲ”

ကျင့်ကြံသူ တစ်ယောက်က သက်ပြင်းချကာ ပြောလိုက်သည်။

“လူသတ်သမားကို သိလား။ သူက ကြယ်တာရာ ဘုရင်တောင် ရှားမျိုးနွယ်စုကလေ ... သေသွားတဲ့လူကိုလဲ ငါသိတယ်။ သူက ပျောက်ဆုံးနယ်မြေက ဖေးတင်းမလား”

နောက်တစ်ယောက် ဝင်ရေရွတ်လိုက်သည်။

“ရှားမျိုးနွယ်စုနဲ့ ယန်မျိုးနွယ်စုတွေက ပျောက်ဆုံးနယ်မြေက ကျင့်ကြံသူတွေကို လိုက်သတ် နေတယ်တဲ့။ အရင်တုန်းက ကြယ်တာရာ သခင်က မိုဝူကျီကြောင့် ဆရာကြီးဝူရှန်းကို ပျောက်ဆုံး နယ်မြေက လူတွေကို မထိဖို့ သတိပေးခဲ့ပေမဲ့ ရှားမျိုးနွယ်စုနဲ့ ယန်မျိုးနွယ်စုက လိုက်ရန်ရှာမယ်လို့ ဘယ်သူက ထင်မှာလဲ ”

“ပျောက်ဆုံးနယ်မြေက လူရာကျော် ရောက်နေပေမဲ့ တစ်ဝက်ကျော်လောက်က ကြယ်တာရာ တိုက်ပွဲကွင်းမှာ ကျဆုံးသွားကြပြီ။ ကျန်တဲ့သူတွေက အသတ်ခံလိုက်ရပြီ မလား ...”

“ကျုပ်ကြားတာတော့ လူ ၇၀- ၈၀ လောက် သတ်ပြီးသွားပြီတဲ့။ အဲဒါက ရှားမျိုးနွယ်စုက မိုဝူကျီကို မဖမ်းမိသေးလို့တဲ ... ”

“အဲဒါက အပေါ်ယံ ပြောတဲ့အကြောင်းပြချက်တွေပါကွာ။ တကယ့်အကြောင်းအရင်းက ကြယ်တာရာ သခင် မသေခင် နောက်ကြယ်တာရာ သခင် အရိုက်အရာကို မိုဝူကျီဆီ ပေးခဲ့တာတဲ့။ တွေးကြည့်ပါဦး ... ကြယ်တာရာ ဘုရင်တောင်ရဲ ကြယ်တာရာ သခင် အရိုက်အရာကို ဘာမှ မသက်ဆိုင်တဲ့သူဆီ ပေးပါ့မလား။ ရှားမျိုးနွယ်စုနဲ့ ယန်မျိုးနွယ်စုတို့က ပျောက်ဆုံးနယ်မြေက လူတွေကို လိုက်သတ်နေတဲ့ အဓိက အကြောင်းအရင်းက မိုဝူကျီကို သတိပေးဖို့နဲ့ နောင်ကျ မိုဝူကျီကို ဘယ်သူ ကူညီ ကူညီ အသတ်ခံရမယ်ဆိုတာ ပြနေတာ ... ”

“တိုးတိုးနေ ... မင်း ကောင်းကောင်း အသက်ရှင်ချင်ရင် အဲကိစ္စတွေ ပြောမနေနဲ့တော့ ”

ဆွေးနွေးနေသည့် ကျင့်ကြံသူတချို့က မှန်ကန်နေသောကြောင့် ချက်ချင်း ပါးစပ်ပိတ် ရပ်လိုက်ကြတော့သည်။ သူတို့ပြောနေသည့် အကြောင်းသာ မျိုးနွယ်စုကြီး သုံးခုဆီ ပြန့်နှံ့သွားပါက ရလဒ်ကောင်းထွက်လာမည် မဟုတ်ပေ။

“အာကာသ ဝံပုလွေ ဘုရင်ကြီးက အခု သူ့ဝံပုလွေဘုရင်တောင်မှာ မရှိဘူးဆို။ သူ ပြန်လာရင်တော့ လောကခန်းမက ထပ်တောင့်ခံထားနိုင်တော့မှာ မဟုတ်ဘူး။ ခင်ဗျားတို့ အတွေးကိုတော့ မသိပေမဲ့ ဒါက ကျုပ် အတွက် လောကခန်းမကို နောက်ဆုံးအကြိမ် လာခြင်းပဲ ... ”

ကျင့်ကြံသူများက ကြယ်တာရာ ဘုရင်တောင်မှ မျိုးနွယ်စုကြီး သုံးခုအကြောင်းဆွေးနွေးမှုကို ရပ်လိုက်ကြပြီး အာကာသ ဝံပုလွေဘုရင်ကြီးအကြောင်း စတင်ပြောဆိုကြတော့သည်။

***

ကြယ်တာရာ ဘုရင်တောင် ကြယ်တာရာ သခင် ခန်းမ

ချီထုံ ကျဆုံးသွားသော်လည်း ဤနေရာမှာ တစ်ရက်ထက် တစ်ရက် စည်ကားလာနေသည်။

အပြင်ဘက်တွင် မိုဝူကျီကို အသည်းအသန်ရှာနေသော ခန်းမသခင် ဝူရှန်းနှင့် အာကာသ သားရဲများနှင့် ကူနို့ကြယ်တာရာ မျိုးနွယ် ကျူးကျော်မှုကို သွားရောက်တိုက်ခိုက် ခုခံနေသည့် ကြယ်တာရာ လမ်းကြောင်း ခန်းမသခင် ဝူလင်းကျီတို့မှ လွဲ၍ ကျန်သော ခန်းမသခင်အားလုံးက ဤနေရာတွင် ရှိနေကြသည်။

ကြယ်တာရာ သခင် အရိုက်အရာကို ဆက်ခံမည့် ကိစ္စကြောင့် စုဆုံနေခြင်း ဖြစ်ပေသည်။

“ခန်းမသခင်ရှား ... အရင်ကြယ်တာရာ သခင်က မိုဝူကျီကို သူ့အရိုက်အရာ ဆက်ခံသူ အဖြစ် သတ်မှတ်ပေးသွားတာ။ ကျွန်မ တို့တွေ မိုဝူကျီကို မတွေ့မချင်း တခြားသူကို မသတ်မှတ်သင့်ဘူး။ ကျွန်မတို့တွေ အင်အား စုစည်းပြီးတော့ လောကခန်းမကို ခုခံကာကွယ်ပေးရမယ်။ ကူနို့်ကြယ်တာရာ မျိုးနွယ်နဲ့ အာကာသ သားရဲများက လောကခန်းမထဲ ကျူးကျော်လာတာနဲ့ ကျွန်မတို့တွေ ဒီနေရာမှာ ဘာပြောပြော အလကားပဲ ... ”

အမျိုးသမီး တစ်ယောက်က ဝင်ကာ တည့်တိုးပြောလိုက်သည်။

ရှားတန်တောက်၏ အမူအရာမှာ ပုံဆိုးပန်းဆိုး ဖြစ်သွားလေသည်။ အကြောင်းမှာ ထိုအမျိုးသမီးမှာ ကြယ်တာရာ ဘုရင်တောင်၏ လေးခုမြောက် ခန်းမသခင် စုရွမ် ဖြစ်နေသည်။ သူမ၏ ကြယ်တာရာ ပင်လယ်တပ်က သူကြယ်တာရာ တိုက်ပွဲတပ်ထက် အားကောင်းလှရာ သူ ကြယ်တာရာ သခင် ဖြစ်ဖို့ရန် အတွက် သူမကို သူ့ဘက်ပါအောင် စည်းရုံးရမည်။

ယန်ဖင်းကျီက ထပြောလိုက်သည်။

“ခန်းမသခင်စုရဲ့ စကားက အဆင်မပြေဘူးဗျ။ ကြယ်တာရာ သခင်ချီထုံက ကူနို့်ကြယ်တာရာ မျိုးနွယ် မြေကမ္ဘာ အင်မော်တယ် ရဲ့ အတိုက်အခိုက်ကို ခံခဲ့ရတော့ သူ ပြောလိုက်တာကို သူ သိချင်မှ သိမှာ။ တကယ်လို့ ကျုပ်တို့က ကြယ်တာရာ သခင်ချီထုံ ပြောတဲ့အတိုင်း လိုက်လုပ်ရင် စစ်မှန်ခြင်းနတ်ဘုရားအဆင့်လေးကို ကြယ်တာရာ သခင် လုပ်ခိုင်းရတော့မှာလား ... အဲဆို ဒီစကြဝဠာကြီးထဲ ရယ်စရာ ပြက်လုံး ဖြစ်တော့မှာပဲ ”

လက်တစ်ဖက် ရှုချီဟောင်က ရုတ်တရက် ထကာ ယန်ဖင်းကျီကို လက်ညိုးထိုးရင်း ဝင်ပြောလိုက်သည်

“ယန်ဖင်းကျီ ... ခင်ဗျားရဲ့ ရည်ရွယ်ချက်တွေကို မသိဘူးထင်မနေနဲ့။ ကြယ်တာရာ သခင် ချီထုံက သူက အမြဲတမ်းကျန်းရှင်း အတွက် စဉ်းစားပေးမဲ့တာ။ မိုဝူကျီကို သူ့အရိုက်အရာ ဆက်ခံသူ အဖြစ် ရွေးချယ်တာလဲ သူ့အကြောင်းအရင်းနဲ့ သူ ရှိမှာပဲ။ ခင်ဗျားက ခန်းမသခင် တစ်ယောက်လေး ဖြစ်ရုံနဲ့ ကြယ်တာရာ သခင် စကားတွေကို မေးခွန်းထုတ်လို့ ရပြီ ထင်နေတာလား ... ”

ယန်ဖင်းကျီက အေးစက်စွာ ရယ်မောရင်း

“ကျုပ်က ခန်းမသခင် တစ်ယောက် ဒါပေမဲ့ ခင်ဗျားလို့ ဝင်ရှုပ်တတ်တဲ့ ကာကွယ်သူလေးတော့ မဟုတ်ဘူး။ နောက်တစ်ခါ လက်ညိူးထိုးကြည့်စမ်းပါ။ ခင်ဗျားလို ကာကွယ်သူအဆင့်လောက်ကို ဒီနေရာမှာတင် သတ်ပစ်လို့ ရတယ်ဆိုတာ ယုံလိုက်စမ်းပါ ... ”

စုရွမ်က တွန့်ဆုတ်မနေဘဲ ယန်ဖင်းကျီ စကားများကို ဝင်ဖြတ်ပြောလိုက်သည်

“ရှင့်ကို မယုံဘူး။ ယန်ဖင်းကျီမှာ အဲလို စွမ်းဆောင်ရည်ရှိတယ် ဆိုတာ ဟုတ်တယ်။ ကာကွယ်သူရှုက သူ့အသက်ကို စတေးပြီးတော့ ကြယ်တာရာ သခင်ချီထုံရဲ့ အလောင်းကို ပြန်ယူလာခဲ့ပြီးတော့ လက်တစ်ဖက်တောင် ဆုံးရှုံးသွားခဲ့တယ်။ အဲတုန်းက ရှင် ဘယ်ရောက်နေလဲ ...

ရှင်က အရိုက်အရာကိစ္စပြောမှ ပေါ်လာတယ် ... နောက်ကြယ်တာရာ သခင်က အားလုံး ဖြစ်နိုင်တယ်ဆိုရင်တောင် ရှင်တော့ မပါဘူး။

အားလုံး မရောက်လာသေးဘူး ဆိုတော့ နောက်ကြယ်တာရာ သခင် ရွေးချယ်ဖို့ ယာယီ ရပ်ဆိုင်း ထားတာပေါ့ ... ”

ယန်ဖင်းကျီက ခါးသီးနေသော်လည်း စုရွမ်ကိုတော့ ရှူချီဟောင်ကဲ့သို့ မဆက်ဆံရဲပေ။

ရှားတန်တောက်က ရေရွတ်လိုက်သည်

“အခု လောကတိုင်က ရှုပ်ထွေးနေတာ ဆိုတော့ ကြယ်တာရာ သခင် မြန်မြန် ချထားမှ ကျန်းမို နယ်မြေ ဘေးကင်း လုံခြုံမှု အတွက် ဆုံးဖြတ်နိုင်မယ်လေ ... ”

***

All Chapters