← Chapters

လောကတိုင်သို့ ပြန်ရောက်လာခြင်း

Vol. 26 Ch. 354

လောကတိုင်သို့ ပြန်ရောက်လာခြင်း

Vol. 26 Ch. 354

လျှပ်စီးများ ဆက်တိုက် ကျရောက်လာကာ ပင့်ကူအိမ်သဖွယ် ဖြစ်လာလေသည်။ မိုဝူကျီက စစ်မှန်ခြင်းနတ်ဘုရားအဆင့် ၁၀ သို့ တက်ရောက်သွားပြီ ဖြစ်ကာ အဆုံးမဲ့ လျှပ်စီး ပင့်ကူအိမ်များက သူ့အပေါ် ကျဆင်းလာသည်။

မိုဝူကျီက ထိုလျှပ်စီးအိမ်များကို ဂရုမစိုက်တော့ပေ။ သူက ဤနေရာတွင် ကျင့်ကြံနေသည်မှာ နှစ်များစွာ ကြာလှပြီ ဖြစ်သည့် အတွက် ထိုသို့သော လျှပ်စီးအိမ်များကို များစွာ မြင်တွေ့ဖူးလေ၏။ အစကတည်းမှ ထိုလျှပ်စီးအိမ်များသည် သူ့အား ဒဏ်ရာရစေနိုင်ဆဲ ဖြစ်သည်။ သို့သော် သူ့ကျင့်ကြံဆင့် မြင့်လာသည်နှင့်အတူ ထိုလျှပ်စီးအိမ်များနှင့် ထိတွေ့မှုက များလာသောကြောင့် ထိုသို့သော လျှပ်စီး အိမ်များက သူ့အရည်ပြားပေါ်တွင် စပ်ဖျင်းဖျင်း ခံစားရရုံမျှ ဖြစ်သည်။ ထို့နောက် ထိုလျှပ်စီး စွမ်းအားများ အားလုံးကို စုပ်ယူလိုက်တော့သည်။

ထိုလျှပ်စီးအိမ်က မိုဝူကျီပေါ် ကျရောက်လာသည့် အခိုက်အတန့်လေးတွင် မိုဝူကျီက ရုတ်တရက် မျက်စိပွင့်နားပွင့် ဖြစ်သွားလေသည်။ ထိုအသိဉာဏ်ပွင့်လင်းလာမှုမှာ သူ့ ၁၀၆ ခုမြောက် ချီသွေးကြော ပွင့်လာသည့် အခိုက်အတန့်တွင် အရိပ်အယောင်လေးပင် မပြသဘဲ ပေါ်လာခြင်း ဖြစ်၏။

မိုဝူကျီက ပဟေဠိဆန်လှသည့် လက်ဟန်များကို ပြုလုပ်လိုက်သည့်အခါ ဖြူတော့တော့ လျှပ်စီးအိမ်က သူ့လက်ထဲ ထွက်သွားလေသည်။ ထိုလျှပ်စီးအိမ်မှာ သူ့အပေါ် ကျရောက်နေသည့် အရာများနှင့် တစ်ပုံစံတည်း ဖြစ်ကာ တစ်ခုတည်းသော ခြားနားချက်မှာ များစွာ အားနည်းနေခြင်း ဖြစ်သည်။

မိုဝူကျီက လက်ဟန်များ ဆက်တိုက် ပြုလုပ်လိုက်နေရင်း လျှပ်စီးအိမ်များက သူ့လက်အတွင်း ဆက်တိုက်ဖြစ်ပေါ်လာသည်။ အစပိုင်း ဖြူတော့တော့ အားနည်းနေသော်လည်း ဖြည်းဖြည်းချင်း ပိုအားကောင်းလာလေသည်။ နောက်ဆုံးတွင် လောကလျှပ်စီးဇာစ်မြစ်အတွင်းမှ လျှပ်စီး စွမ်းအားများကဲ့သို့ ဖြစ်လာသည်။

မိုဝူကျီက စိတ်လှုပ်ရှားနေမိသည်။ သူက လောကလျှပ်စီးဇာစ်မြစ်မှ ထွက်သွားခါနီးတွင် သူက စစ်မှန်ခြင်းနတ်ဘုရားအဆင့်မျှဖြင့် ၁၀၆ ခုမြောက်ချီသွေးကြောကို ဖွင့်ကာ လျှပ်စီးအိမ် တိုက်ကွက် တစ်ခုကို အသိဉာဏ်ပွင့်ခဲ့သည်။

တစ်ချိန်တည်းတွင် မိုဝူကျီက သူ့ ၁၀၆ ခုမြောက် ချီသွေးကြော၏ လုပ်ဆောင်ချက်ကို နားလည်သွားသည်။ ထိုအရာမှာ တာအိုအသိဉာဏ်ပွင့် ချီသွေးကြော ဖြစ်နေသည်။

သူ့ချီသွေးကြောမှ တစ်ဆင့် ပြောင်းပြန်လှည့်ပတ်ပြီးနောက် မိုဝူကျီက သူ့ချီသွေးကြော အသစ်ဖြစ်သည့် တာအိုအသိဉာဏ်ပွင့် ချီသွေးကြော မည်သို့ အလုပ်လုပ်ကြောင်း အကြမ်းဖျင်း နားလည်သွား၏။ သူက ကောင်းကင် ကိုပင် သွေဖီနေသော ထိုချီသွေးကြောကို တအံ့တဩ ဖြစ်မိသည်။

ဤချီသွေးကြောက လူတစ်ယောက်အား သဘာဝတရားကြီးကို တာအိုအရ အသိဉာဏ် ပွင့်စေနိုင်သည်။ သဘာဝတွင် ရှိနေသော အရာအားလုံးတွင် ကိုယ်ပိုင် အခြေခံသဘောတရားကိုယ်စီ ရှိကြပြီး တာအိုအသိဉာဏ်ပွင့် ချီသွေးကြောက ထိုသဘောတရားများကို ကိုယ်ပိုင်တာအို သဘောတရား အဖြစ် နားလည်သွားစေသည်။

သူက ထိုစဉ် လျှပ်စီးအိမ်ကို ဉာဏ်အလင်းပွင့်ခဲ့ခြင်းက အံ့ဩစရာတော့ မရှိပေ။ အကြောင်းမှာ တာအိုအသိဉာဏ်ပွင့် ချီသွေးကြောကြောင့် ဖြစ်၏။

အချိန်အတော်ကြာပြီးသည်အထိ မိုဝူကျီက စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်သေးပေ။ ထိုစဉ် သူက ထိုရှေ့ဆောင်လမ်းပြ ခေါင်းဆောင်များ၏ အံ့အားသင့်စရာကောင်းမှုကို နားလည်သွားလေသည်။ သူ ကိုယ်တိုင်လည်း ရှေ့ဆောင်လမ်းပြ ဖြစ်နေသည်။ သူက သေမျိုးများ ကျင့်ကြံနိုင်သည့် လမ်းကြောင်းကို စတင်ခဲ့ခြင်း ဖြစ်ပေသည်။

သူက ရှေ့ဆောင်လမ်းပြ ဖြစ်နေသောကြောင့် ဤတာအိုအသိဉာဏ်ပွင့် ချီသွေးကြောကို ပိုင်ဆိုင်ခြင်း ဖြစ်လောက်သည်။

ဤချီသွေးကြောဖြင့် သူက ကိုယ်ပိုင် ကျင့်ကြံရေး လမ်းစဉ်ကို လုပ်ဆောင်ရန် အမှန်တကယ် တာဝန်ရှိသွား၏။

သူ့ဘေးပတ်လည်မှ သိပ်သည်းနေသော လျှပ်စီးများကို ကြည့်ရင်း မိုဝူကျီက ဤအချိန်မှာ သူ့ အတွက် ထွက်သွားဖို့ အချိန်ကောင်း ဖြစ်ကြောင်း သိလိုက်သည်။ သူက မူလ ရည်ရွယ်ချက် ဖြစ်သော စစ်မှန်ခြင်းနတ်ဘုရား ပြီးပြည့်စုံခြင်းအဆင့် သို့မဟုတ် လောက အင်မော်တယ် အဆင့်တို့က အလှမ်းကွာနေသေးသော်လည်း မိုဝူကျီက ဤနေရာတွင် သူအကောင်းဆုံး လုပ်နိုင်ခြင်းမှာ ထိုမျှအထိသာ ဖြစ်ကြောင်း သိ၏။

သူက အရင်းအမြစ်အားလုံးကို အသုံးပြုသွားပြီးလေပြီ။ အကယ်၍ ဤနေရာတွင် ဆက်ကျင့်ကြံ နေပါက အချိန်ဖြုန်းတီးရုံသာ ဖြစ်နေပေလိမ့်မည်။ အကယ်၍ သူက ဤနေရာတွင် ဆက်နေနေလျှင် နောင် ရှစ်နှစ်၊ ဆယ်နှစ် ကြာသည့်အထိ ကျင့်ကြံလျှင်ပင် စစ်မှန်ခြင်းနတ်ဘုရားအဆင့် ၁၁ သို့ တက်လှမ်းနိုင်ဦးမည် မဟုတ်ပေ။ လောက အင်မော်တယ် အတွက်က ရောက်ရှိဖို့ရန် အတော်လေး ဝေးကွာလှသည်။

သို့သော်လည်း မိုဝူကျီက လောက အင်မော်တယ် နောက်ပိုင်းအဆင့်နှင့် တွေ့လျှင်ပင် ဘာမှ ကြောက်ရွံ့နေစရာ မလိုကြောင်း ယုံကြည်သည်။

သူက လူသား အဆင့်လွန်ဆုံးကို ရောက်ရှိခဲ့ရုံ သာမက မြေကမ္ဘာ အဆင့်လွန်ဆုံး အဆင့်ကိုလည်း ရောက်ရှိခဲ့သည်။ သဘာဝ စွမ်းအားများနှင့် အသိစိတ် ပင်လယ်အရ လောက အင်မော်တယ် ကျင့်ကြံသူပင် သူ့အား ယှဉ်နိုင်မည် မဟုတ်ပေ။

လောက အင်မော်တယ်၏ အမှတ်အသားကို ဆိုရလျှင် သူတို့ ကမ္ဘာဦး စိတ်ဝိညာဉ် များက ပိုမို တောင့်တင်းလပြီး သဘာဝ စွမ်းအားများမှာလည်း ရုပ်နာမ် ထင်ထင်ရှားရှား ဖြစ်လာခြင်း ဖြစ်သည်။ သူ့ အတွက် ထိုအရာအားလုံးမှာ အသုံးမဝင်ချေ။ သူ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့်တွင် ရှိနေစဉ်က သူ့သဘာဝ စွမ်းအားများက ရုပ်နာမ် ဖြစ်တည်လာပြီ ဖြစ်ကာ သဘာဝစွမ်းအား အမှတ်အသားကိုပင် အလွယ်တကူ ပြုလုပ်နိုင်ပြီ ဖြစ်၏။

ကမ္ဘာဦး စိတ်ဝိညာဉ် အတွက် သူ့တွင် တစ်ခုတစ်လေမျှ မရှိချေ။ သို့သော်လည်း သူ့တွင် အသိစိတ် ပင်လယ်နှင့် ခရမ်းရေကန်ကြီး ရှိလေသည်။ ထိုအထဲ၌ အင်မတန် အံ့အားသင့်ဖွယ် ကောင်းသော ခရမ်း စွမ်းအားများလည်း ရှိနေသည်။

“ရွပ် ”

မိုဝူကျီက လောကလျှပ်စီး ဇာစ်မြစ်မှ ထွက်လာသည့် အခိုက်အတန့် သူက သတင်းဓားပျံကို ပို့လွှတ်လိုက်သည်။

ထို့နောက် သူ့ကိုယ်သူ သန့်ရှင်းရေး လုပ်လိုက်ပြီး အဝတ်အသစ်လဲ ဝတ်လိုက်သည်။ သူက ဆံပင်ကို ထုံးလိုက်ပြီးနောက် လုံးဝန်း သင်္ဘောပျံကို ထုတ်ယူလိုက်သည်။

ထိုအရာများကို လုပ်ဆောင်ပြီးနောက် မိုဝူကျီက ရွိုက်ကော၏ အဖြေကို ပြန်မရခဲ့ပေ။ သူက သတင်းဓားပျံ နောက်တစ်ချောင်း ထပ်ပို့ခဲ့သည်။

နောက်ထပ် နှစ်ရက်ကြာသွားသော်လည်း သူက ရွိုက်ကောဆီမှ သတင်း ပြန်လည် မရောက်ရှိလာသေးပေ။

မိုဝူကျီက သင်္ဘောပျံကို ထိန်းချုပ်ရင်း လောကလျှပ်စီးဇာစ်မြစ် ဝန်းကျင်တွင် နောက်ထပ် သုံးရက်အထိ ထပ်မံရှာဖွေခဲ့ရသည်။ သို့သော်လည်း ရွိုက်ကောဆီမှ သတင်း ရောက်မလာသေးပေ။

ရွိုက်ကောနှင့် အဆက်အသွယ် ပြတ်သွားသည့်အထိ မိုဝူကျီ အနည်းငယ် ပျောက်ဆုံးသွားသလို ခံစားလိုက်ရသည်။ သူက ရွိုက်ကော အန္တရာယ်နှင့် တွေ့သွားလားဟု မသိသော်လည်း နှင်းခါးပင်လယ်မှ စ၍ ရွိုက်ကောမှာ သူနှင့် အတူတူ ရှိခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခု ရွိုက်ကောက ရုတ်တရက် ပျောက်ဆုံးသွားသောကြောင့် သူ့အနေနှင့် အနည်းငယ် စိတ်မသက်မသာ ဖြစ်မိသည်။

သို့သော်လည်း သူက စစ်မှန်ခြင်းနတ်ဘုရားအဆင့်သာ ရှိသေးလေ၏။ ရွိုက်ကောက ပျောက်သွားကာ သူ့၌ ရှာဖို့ရာ နည်းလမ်းမရှိချေ။ စကြဝဠာကြီးက ကျယ်ပြန့်လွန်းပြီး အဆုံးအစ ကင်းမဲ့ပေသည်။ သူက ရွိုက်ကောကို မည်သို့ ရှာနိုင်မည်နည်း။

နောက်ထပ် ရက်အနည်းငယ်လောက် ဆက်ရှာပြီးနောက် သူက ရွိုက်ကောကို ရှာမတွေ့သေးပေ။ ထို့နောက် မိုဝူကျီက သူ့တစ်ယောက်တည်း ထိုနေရာမှ ထွက်လာလိုက်တော့သည်။ ရွိုက်ကောက ဉာဏ်ကောင်းသည့် အတွက် အန္တရာယ်နှင့် တွေ့လျှင် သူ့ကိုယ်သူ ကာကွယ်နိုင်လိမ့်မည်ဟု ယုံကြည်မိသည်။

***

ကျန်းမိုနယ်မြေ၊ ယန်မျိုးနွယ်စု

ခေါင်းဆောင်ယန်ချီရန်က မိုဝူကျီ လက်ချက်ကြောင့် သေသွားပြီ ဖြစ်သော်လည်း ယန်မျိုးနွယ်စုအ‌ပေါ် များစွာ သက်ရောက်မှု မရှိချေ။ လတ်တလောတွင် ယန်မျိုးနွယ် ခေါင်းဆောင် နေရာကို ကြယ်တာရာ တိမ်တိုက်ခန်းမသခင် ယန်ဖင်းကျီက တာဝန်ယူထားလေ၏။

ယန်မျိုးနွယ်စု၏ ခန်းမအတွင်း အကြီးအကဲများအားလုံး နီးပါးက စုရုံးနေကြသည်။

ယန်ဖင်းကျီက လူအုပ်ကြီးကို ကြည့်ကာ အသံခပ်ဩဩဖြင့် ပြောလိုက်သည်

“ကျန်းရှင်းရဲ့ ပြဿနာတွေကိုတော့ ပြောပြဖို့ မလိုတော့ပါဘူး။ စူးရှလေမြို့အပြင်ဘက်က ကူးပြောင်းအစီအရင် က ဖြည်းဖြည်းချင်း ဖြစ်လာပြီ။ ကူနို့ကြယ်တာရာ အဆင့်မြင့် ကျင့်ကြံသူတွေ လောကခန်းမကနေ စူးရှလေမြို့ကို လာဖို့ အစီအရင် ဆောက်နေတာ နောက်ထပ် နှစ်လ၊ သုံးလလောက်ပဲ ကြာတော့မယ်။

အခု စူးရှလေမြို့က အန္တရာယ် ရင်ခွင်ထဲ ပိုက်ထားရသလို ဖြစ်နေပြီ။ ကူနို့်ကြယ်တာရာ မျိုးနွယ်နဲ့ အာကာသ သားရဲတွေက အချိန်မရွေး ကျူးကျော်လာနိုင်တယ်။ စူးရှလေမြို့သာ ကျသွားရင် ကျန်းရှင်းမှာ အကာအကွယ် မရှိ ဖြစ်သွားလိမ့်မယ် ...

ကျုပ် ယန်မျိုးနွယ်စု ခေါင်းဆောင် တာဝန်ယူကတည်းက ယန်မျိုးနွယ် အတွက် နေရာ တစ်နေရာ ရအောင် အမြဲကြိုးစားပေးခဲ့တယ်။ ဒါပေမဲ့လည်း တချို့ကိစ္စတွေက ကြိုးစားရုံနဲ့ ဖြေရှင်းလို့ မရတာတွေ ရှိတယ်။ ကြယ်တာရာ ဘုရင်တောင် ဝူလင်းကျီက ကျုပ်တို့ မျိုးနွယ်တွေ ပျောက်ကွယ်တာဖြစ်ဖြစ်၊ ရှင်သန်တာ ဖြစ်ဖြစ် လုံးဝ ဂရုမစိုက်ဘူး။ ဒီနှစ်တွေအတွင်း သူက စူးရှလေမြို့ အတွက် ကာကွယ်ရေး အစီအရင် ဆောက်နေတာပဲ ရှိတာ။

ဒါပေမဲ့ အဲဒီအရာတွေက ကျုပ်တို့ ကျန်းရှင်း အတွက် ပဲ ဖြစ်ဖြစ် ကြယ်တာရာ ဘုရင်တောင် အတွက် ဖြစ်ဖြစ် အကျိုးမရှိဘူး။ ကျန်းရှင်း ပျက်စီးသွားရင် ကျုပ်တို့ ယန်မျိုးနွယ် အတွက် ဘာကျန်မှာလဲ ... ”

ယန်ဖင်းကျီ စကားဆုံးသည်နှင့် သူက အကြီးအကဲများနှင့် လောက အင်မော်တယ် အဆင့်မြင့် ကျင့်ကြံသူများကို ဝေ့ကြည့်လိုက်သည်။

မည်သူမျှ မပြောကြပေ။ လောက အင်မော်တယ် အဆင့် ၇ ဖြစ်သည့် အကြီးအကဲချူပ် ယန်ယန်းပင် ဤပြဿနာ အကျပ်အတည်း ကြားမှ ယန်မျိုးနွယ်စုကို မည်သို့ ဆွဲထုတ်ရမည်မှန်း မသိပေ။

မည်သူမျှ မပြောကြသည်ကို မြင်ကာ ယန်ဖင်းကျီက ဆက်ပြောလိုက်သည်

“ကျုပ်တို့ ယန်မျိုးနွယ်စု ခေါင်းဆောင် ယန်ချီရန်၊ လောက အင်မော်တယ် ယန်ထုံချွီနဲ့ ယန်ယန်ဒေါင်တို့က မိုဝူကျီ လက်ချက်ကြောင့် ကျဆုံးခဲ့ရတယ်။ ကျုပ်တို့ ယန်မျိုးနွယ်စုဘက်က ပျောက်ဆုံးနယ်မြေ ကျင့်ကြံသူ ၂၀ ကျော်ကို သတ်ထားပေမဲ့ ကျုပ်တိုရဲ့ ရန်ကြွေး အပုံတစ်သောင်းပုံရင် တစ်ပုံတောင် မကျေသေးဘူး ... ”

“မိုဝူကျီက ကျုပ်တို့ ယန်မျိုးနွယ်စုရဲ့ ရန်သူဆိုတာ အသေအချာပဲ။ ဒါပေမဲ့ အခု ကျုပ်တို့ ယန်မျိုးနွယ်စုရဲ့ အရေးကြီးဆုံးကိစ္စက လက်စားချေဖို့ မိုဝူကျီကို ရှာဖို့ မဟုတ်ဘဲ အသက်ရှင်ဖို့ နည်းလမ်း ရှာရမယ်။

ရှားမျိုးနွယ်နဲ့ မော့မျိုးနွယ်ရော ဘာတွေ လုပ်နေလဲဆိုတာ ခေါင်းဆောင်များ သိနေမလား။ ကျန်းရှင်းက ပြိုလဲလာပြီဆိုတော့ ရှားမျိုးနွယ်နဲ့ မော့မျိုးနွယ်တို့က သေခြင်းတရားကို ထိုင်စောင့်နေမှာတော့ မဟုတ်လောက်ဘူး”

လောက အင်မော်တယ် အဆင့် ၂ အကြီးအကဲ တစ်ယောက်က ထပြောလိုက်သည်။

ယန်ဖင်းကျီက ခေါင်းညိတ်ပြကာ

”အဲဒါ ကျုပ် ပြောနေတာပဲလေ။ ကျုပ် သိသလောက် ကူနို့်ကြယ်တာရာ မျိုးနွယ်ထဲက လောက အင်မော်တယ် အဆင့် ကျင့်ကြံသူ ဟူဗာက နည်းလမ်းတချို့သုံးပြီး ကျုပ်တို့ ကျန်းရှင်း ရောက်လာပြီ။ သူက ရှားတန်တောက်ဆီကိုတောင် သွားပြီးသွားပြီ။ တကယ်လို့ ကျုပ်သာ မမှားရင် ရှားမျိုးနွယ်စုက ကူနို့ကြယ်တာရာ မျိုးနွယ်နဲ့ သဘောတူညီမှု တချို့ပြုလုပ်ထားတာ ရှိကို ရှိရမယ် ... ”

“ရှားမျိုးနွယ်က အဲလို လုပ်ရဲတယ်လား ”

လောက အင်မော်တယ် အဆင့် အကြီးအကဲက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

ကျန်းရှင်းမှ ကျင့်ကြံသူတွေအားလုံး အမြစ်ဖြတ် သတ်ဖြတ်မခံရသရွေ့ ရှားမျိုးနွယ်စုက နယ်ခြားအင်အားစုနှင့် ပေါင်းကြံကာ ရပ်တည်နိုင်မည် မဟုတ်ပေ။

“ရှားမျိုးနွယ်စုက လုပ်ရဲတာက ကိစ္စမရှိဘူး။ သူတို့ လုပ်ပြီးပြီဆိုတော့ ရှားမျိုးနွယ်စုက မိုဝူကျီကို သတ်ဖို့ ခေါင်းစဉ်ကို ရှားမူ အတွက် လက်စားချေဖို့ဆိုပြီးပဲ ပြောလိမ့်မယ်။ တကယ်လို့ ကျုပ်သာ မမှားရင် ကူနို့ကြယ်တာရာ နဲ့ အာကာသ သားရဲတွေ ကျူးကျော်လာတာကလဲ မိုဝူကျီက ဝံပုလွေမင်းသားလေးကို သတ်လိုက်လို့ ဆိုတဲ့ အကြောင်းပြချက် သပ်သပ်ပေးပြီး ရောက်လာကြတာပဲ။ အဲဒါကြောင့် ရှားမျိုးနွယ်စုရဲ့ အကြောင်းပြချက်က မိုဝူကျီက ကျန်းရှင်း အတွက် ကပ်ဘေး သယ်ဆောင် လာလို့သာ သူတို့က အဲဒီနယ်ခြား အင်အားစုနဲ့ အင်အားပူးပေါင်းပြီး မိုဝူကျီ ထွက်လာအောင် လုပ်လိုက် ရတာပါလို့ ပြောချင်ပြောမှာပဲ ... ”

အားလုံးက ယန်ဖင်းကျီ စကားများကို နားလည်ကြသည်။ ရှားမျိုးနွယ်စုက ကျန်းရှင်းကို ကာကွယ်ဖို့ရာ မိုဝူကျီကို ထွက်လာစေရန် ထိုသို့ လုပ်လိုက်ရကြောင်း အကြောင်းပြချက် ရသွားလေသည်။ နယ်ခြား အင်အားစုက အားများစွာ ကောင်းကြသည်။ ထို့ကြောင့် သူတို့က ကျန်းရှင်း အနေနှင့် မိုဝူကျီကို ကာကွယ်ဖို့ရာ ရည်ရွယ်ချက် မရှိကြောင်း ထုတ်ပြလိုခြင်း ဖြစ်သည်။

သို့သော် ထိုအကြောင်းပြချက်က နယ်ခြားအင်အားစုကို ထွက်သွားစေဖို့ရာက မရေရာ မသေချာလှပေ။ သို့သော် ရှားမျိုးနွယ်စုက ပြောစရာ စကားအချို့တော့ ရှိသွားလေသည်။ ထို့ကြောင့် ရှားမျိုးနွယ်စုက ထိုနယ်ခြားအင်အားစုကို ဝင်ခွင့်ပြုပြီး ကျန်းရှင်းကို ကာကွယ်လိုက်ခြင်း ဖြစ်သည်။ ထိုသို့ ဖြစ်ပျက်လာသည့် နောက်ပိုင်းကိစ္စများကား ရှားမျိုးနွယ်၏ ခန့်မှန်းချက်အတွင်း ဖြစ်သွား ပေလိမ့်မည်။

ထိုအကြောင်းပြချက်က မည်မျှပင် အဓိပ္ပာယ် မရှိစေကာမူ အကြောင်းပြချက် တစ်ခုသာ ဖြစ်၏။ အကယ်၍ နယ်ခြား အင်အားစုသာ ထွက်သွားပါက အနည်းဆုံးတော့ သူတို့က တစ်ထောင့် တစ်နေရာမှ ပါဝင်ခဲ့ရလေသည်။

“အဲဆို မိုဝူကျီက ကျုပ်တို့ ယန်မျိုးနွယ်ရဲ့ ခေါင်းဆောင်ကို သတ်လိုက်တာကျတော့ ကျုပ်တို့ ယန်မျိုးနွယ်နဲ့ သူကြားက လုံးဝကျေအေးလို့ မရတဲ့ ကိစ္စပဲ ”

နောက်ထပ် အကြီးအကဲ တစ်ယောက်က ထပြောလိုက်သည်။

ထိုစဉ် အားလုံးက ယန်ဖင်းကျီသည် မိုဝူကျီကို အဘယ်ကြောင့် ထည့်ပြောမှန်း နားလည် သွားကြသည်။ ယန်မျိုးနွယ်စုအနေနှင့် ရှားမျိုးနွယ်စု ခြေရာအတိုင်း လိုက်လိုခြင်း ဖြစ်ပေသည်။

ထိုစဉ် စစ်မှန်ခြင်းနတ်ဘုရားအဆင့် ကျင့်ကြံသူ တစ်ယောက် အမြန်အဆန် ဝင်လာကာ တင်ပြလိုက်သည်

“ဟူဗာလို့ ခေါ်တဲ့ အမျိုးသား တစ်ယောက် ရောက်လာပါတယ် ”

“ချက်ချင်း ခေါ်လိုက်ပါ ”

ခေါင်းဆောင်က ပြောဖို့ပင် မလိုလိုက်ပေ။ အကြီးအကဲချူပ်က ဦးစွာ ဖြေကြားလိုက်၏။

ယန်မျိုးနွယ်စုဝင်များက ယန်မျိုးနွယ်စု အတွက် ထွက်ပေါက် ပေါ်လာကြောင်း သိလိုက် ကြသည်။

မိုဝူကျီက ကျင့်ကြံခြင်းအပေါ် အာရုံမရှိဘဲ သူ့သင်္ဘောပျံကိုသာ ထိန်းချုပ်ထားလေသည်။ တစ်လအတွင်း သူက လောကတိုင် ဝင်ပေါက်နားသို့ ရောက်လာသည်။

လခြမ်းကွေး အင်မော်တယ် နန်းတော် ပေါ်လာစဉ် ဖြစ်လာသော တိုက်ပွဲနေရာမှာ မရှိတော့ချေ။ မိုဝူကျီက စိတ်စွမ်းအားဖြင့် စစ်ဆေး ကြည့်လိုက်သည့် အခါ ကျန်းမိုနယ်မြေတပ်များ မဟုတ်ဘဲ အာကာသ သားရဲအုပ်ကိုသာ မြင်လိုက်ရသည်။ ထိုသားရဲများအပြင် ကူနို့ကြယ်တာရာမှ သားရဲစီး ချပ်ဝတ်တပ်လည်း ပါရှိသေးသည်။

မိုဝူကျီက နှလုံးခုန်နှုန်းများပင် မြန်ဆန်လာပေသည်။ သူ့စိတ်ထဲတွင်‌ ပေါ်လာသည့် တစ်ခုတည်းသော အကြောင်းအရာမှာ လောကတိုင်မှာ ကျဆုံးသွားပြီး လောကခန်းမကို နယ်ခြား အင်အားစုက သိမ်းပိုက်သွားသည့် အကြောင်း ဖြစ်၏။

အကယ်၍ လောကခန်းမသာ နယ်ခြား အင်အားစု၏ သိမ်းပိုက်ခြင်း ခံလိုက်ရပါက ကျန်းရှင်းက အဆင်ပြေနိုင်ပါ့မလား ... .

ကြယ်တာရာ ဘုရင်တောင်မှ ကြယ်တာရာ သခင်က ဘာတွေကြံစည်နေသည်ကိုလည်း မသိတော့ပေ။

မိုဝူကျီက ဤကျူးကျော်မှုအတွင်း ကြယ်တာရာ သခင်ကို လူကြောက် လုပ်မနေစေရန်သာ မျှော်လင့်မိသည်။

တကယ်တမ်း မိုဝူကျီက ချီထုံသည် ပေါင်လေ့၏ ခြိမ်းခြောက်မှုကို ခံရကြောင်း လက်သင့်မခံပေ။ သူက ကျန်းရှင်း ဘေးကင်းမှုကို စိတ်ချချင်သော်လည်း လက်တွေ့တွင် နယ်ခြားအင်အားစုရှေ့ ပိုအားနည်းဟန် ပေါ်အောင် ပြုလုပ်မိသလို ဖြစ်သွား၏။

အာကာသ ဝံပုလွေဘုရင်ကြီးကိုရော ဘာလုပ်ရမှာလဲ ... ...

ထိုအရာမှာ မြေကမ္ဘာ အင်မော်တယ် ပြီးပြည့်စုံခြင်းအဆင့်လေးသာ ဖြစ်၏။ ချီထုံ ကိုယ်တိုင်က မြေကမ္ဘာ အင်မော်တယ် တစ်ယောက် ဖြစ်ပေသည်။ အကယ်၍ သူက လောကတိုင်မှ စွမ်းအားမျာ ဌားယူနိုင်ပါက မြေကမ္ဘာ အင်မော်တယ် ပြီးပြည့်စုံခြင်း အဆင့် ကျင့်ကြံသူတောင် ဝင်နိုင်မည် မဟုတ်ပေ။

အရေးကြီးဆုံးက အာကာသ ဝံပုလွေဘုရင်ကြီးမှာ ထိုအချိန်က ရှိမနေချေ။

မိုဝူကျီ၏ စိတ်စွမ်းအားဖြင့် သူက လောကခန်းမရှေ့တွင် အာကာသ သားရဲများ သိန်းချီနှင့် ကူနို့ကြယ်တာရာ မျိုးနွယ် တပ်များကို မြင်လိုက်ရသည်။ နယ်ခြားအင်အားစုများက လောကခန်းမ အဝင်ပေါက်ကို ပိတ်ထားသည်က ကျန်းရှင်းကို ကျင့်ကြံသူများ အဝင်အထွက် လုပ်နိုင်ခြေကို လုံးဝပိတ်ထားခြင်းနှင့် တူညီလေသည်။

နယ်ခြားအင်အားစုများက ကျန်းရှင်းသို့ သူ့အပြန်လမ်းပိတ်ထားသည်ကို မြင်၍ မိုဝူကျီ စိတ်ထဲ၌ လူသတ်ချင်စိတ်များ ကြီးစိုးလာလေသည်။

မိုဝူကျီက အမြောက်အပြင် ထိုအင်အားစုကို တစ်ခါတည်းဖြင့် တန်းရှင်းမည့် နည်းလမ်း စဉ်းစားနေစဉ် ပုံရိပ်တစ်ခုက သူ့ဆီ ချဉ်းကပ်လာလေသည်။ မကြာခင် ထိုပုံရိပ်မှာ သူ့ရှေ့သို့ ရောက်ရှိ လာတော့သည်။

***

All Chapters