← Chapters

ထိပ်သီးရေခဲအမြောက်

Vol. 26 Ch. 355

ထိပ်သီးရေခဲအမြောက်

Vol. 26 Ch. 355

“မိုဝူကျီလား .. ”

ထိုလူက မိုဝူကျီကို မြင်သည့်အခါ သူ့မျက်နှာတွင် မယုံကြည်ဟန်နှင့်အတူ တအံ့တဩ ဖြစ်နေမှုများ ထွက်ပေါ်နေပြီး ချက်ချင်း ရပ်လိုက်တော့သည်။

မိုဝူကျီက ရောက်ရှိလာသူသည့်သူမှာ အမျိုးသား ကျင့်ကြံသူ ဖြစ်ကြောင်း သတိပြုမိလိုက်ကာ သူ့မျက်နှာတွင် လောကဓံတရားများ ကြုံတွေ့လာရသည့် အရိပ်အယောင်များ ထွက်ပေါ်နေပြီး နောက်ကျောတွင် ဓားတစ်လက် ချိတ်ဆွဲထား၏။ သူက စစ်မှန်ခြင်းနတ်ဘုရား နောက်ပိုင်းအဆင့်တွင် အနည်းဆုံး ရှိနေပြီး သူက မိုဝူကျီကို မှတ်မိသည့် အတွက် ကျန်းရှင်းမှ ဖြစ်ပေလိမ့်မည်။

မိုဝူကျီကို အံ့ဩစေသည်က ထိုကျင့်ကြံသူက လက်ကောက်ဝတ်တွင် အနီရောင်ဖဲကြိုး ချည်နှောင်ထားခြင်း ဖြစ်သည်။ ထိုအရာမှာ အထီးကျန်ကြိုးနီ၏ တစ်မူထူးသည့် အရာ ဖြစ်ရာ ဤအမျိုးသား ကျင့်ကြံသူတွင်လည်း ဘာကြောင့် ရှိနေရတာလဲ ...

မိုဝူကျီက ဘာမျှမမေးခင် နောက်ထပ် ပုံရိပ်တစ်ခုက သူတို့ဆီ ချဉ်းကပ်လာသည်။ ထိုအရာမှာ သားရဲ စီးနင်းထားသော ကျင့်ကြံသူ ဖြစ်၏။ မိုဝူကျီက ယခင် တိုက်ပွဲကို ဖြတ်သန်းခဲ့ရသည့် အတွက် ထိုလူ သူတို့ဆီ ရောက်မလာခင် ထိုလူမှာ ကူနို့ကြယ်တာရာ မျိုးနွယ်မှ ကျင့်ကြံသူ ဖြစ်ကြောင်း ပြောနိုင်လေသည်။

မိုဝူကျီက နောက်ဆုံးတွင် နားလည်သွားတော့သည်။ ဤကူနို့ကြယ်တာရာ မျိုးနွယ်မှ ကျင့်ကြံသူသည် ဤအမျိုးသား ကျင့်ကြံသူနောက် လိုက်နေခြင်း ဖြစ်ရမည်။

ချပ်ဝတ်ကျင့်ကြံသူက မိုဝူကျီ ရှိမှန်း မြင်သော်လည်း သူက နောက်မဆုတ်ဘဲ ရှေ့သို့ အရှိန်မြင့်ကာ တက်လာလေသည်။ သူက လက်ထဲတွင် ဆူးချွန်အလင်း ဖွဲ့စည်းရင်း အသက်ရှုကြိမ် အနည်းငယ်အတွင်း မိုဝူကျီ ရှေ့ ရောက်ရှိလာသည်။

မိုဝူကျီက သူ့နောက်မှ တျန်းဂျီတုတ်ကို ဝေ့ယမ်းလိုက်သည်။ ထို့နောက် ရေတံခွန်ကဲ့သို့ တုတ်အရိပ်များစွာ ပေါ်လာပြီး အချိုးအကွေ့မရှိသလို ကွေ့ကောက်သွားခြင်းလဲ မရှိဘဲ တိုက်ရိုက် တည့်တည့် ရိုက်ချလိုက်သည်။

“ဘုန်း ”

သဘာဝ စွမ်းအားများက ချက်ချင်း ပေါက်ကွဲသွားလေသည်။ ထိုဆူးအလင်းက ဖျက်ဆီး ခံလိုက်ရပြီး ချပ်ဝတ်ကျင့်ကြံသူမှာ ရှောင်ရှားဖို့ရာပင် အခွင့်အရေး မရလိုက်ပေ။ မိုဝူကျီ၏ တျန်းဂျီတုတ် လက်ချက်ဖြင့် ချက်ချင်း သေဆုံးသွား၏။

မိုဝူကျီက လက်ကို ဝေ့ကာ လက်စွပ်ကို သိမ်းလိုက်သည်။ အကြည့်နှင့်တင် ထိုချပ်ဝတ် ကျင့်ကြံသူမှာ စစ်မှန်ခြင်း နတ်ဘုရား ပြီးပြည့်စုံခြင်းအဆင့် ဖြစ်ကြောင်း ပြောနိုင်လေသည်။ ထို့ကြောင့် ပစ္စည်း ကောင်းကောင်း ရှိမည် မဟုတ်ပေ။ သို့သော်လည်း မိုဝူကျီတွင် လိုအပ်နေသည်က ကျင့်ကြံခြင်း အရင်းအမြစ်များ ဖြစ်၏။

ခြင် အသားသည်လည်း အသားပင် မဟုတ်ပါလော။

“ခင်ဗျား ”

အမျိုးသား ကျင့်ကြံသူက မိုဝူကျီကို တအံ့တဩ ကြည့်ကာ ပါးစပ်ဟောင်းလောင်း ဖြစ်နေသည်။ တိုက်ကွက် တစ်ကွက်မှ မထုတ်ဘဲ စစ်မှန်ခြင်းနတ်ဘုရား ပြီးပြည့်စုံခြင်းအဆင့်မှ ကျင့်ကြံသူက မိုဝူကျီ လက်ချက်ဖြင့် သေဆုံးသွားလေသည်။

ထိုကျင့်ကြံသူက တုံ့ပြန်မှု မြန်ဆန်သည့် အတွက် အလျင်အမြန် ဦးညွှတ်ကာ ဂါရဝပြုလိုက်သည်

“စီနီယာက လောက အင်မော်တယ် အဆင့် မြန်မြန် ရောက်သွားမယ်လို့ ကျုပ် မထင်မိဘူးဗျာ။ စီနီယာကို ဂျူနီယာရှီလုရဲ့ အသက်ကယ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် ... ”

မိုဝူကျီက တစ်ဖက်လူမှာ သူ့ကို လောက အင်မော်တယ် အဆင့် ကျင့်ကြံသူဟု ထင်သွားကြေင်း သိလိုက်ရသည်။ ယခင် သူ့တိုက်ခိုက်မှုမှာ အမှန်ပင် ကြမ်းတမ်းလှသည်။ သူ အလွယ်တကူ သတ်လိုက်သော စစ်မှန်ခြင်း နတ်ဘုရားမှာ ပြီးပြည့်စုံခြင်း အဆင့် ရောက်နေပြီ ဖြစ်၏။

“တာအိုရောင်းရင်းရှီက ချီးကျူး လွန်းနေတာပါ။ ကျုပ်က ပြန်ရောက်လာခါစ ဆိုတော့ မေးပါရစေဦး ... လောကတိုင်ကို နယ်ခြား အင်အားစုက အပိုင် သိမ်းသွားပြီလား ”

မိုဝူကျီက လက်သီးဆုပ်ကာ မေးလိုက်သည်။

ရှီလုက ရှင်းပြလိုက်သည်

“ကြယ်တာရာ သခင် သေဆုံးသွားပြီးတော့ လောကတိုင်ကို နယ်ခြားအင်အားစုတွေ သိမ်းပိုက်သွားတာ နှစ်နည်းနည်းတော့ ကြာပြီ။ ကျုပ်က ကျန်းရှင်းမသွားရပေမဲ့ ကျန်းရှင်းရဲ့ မျက်နှာသာ တံခါးဖြစ်တဲ့ စူးရှလေမြို့လည်း အန္တရာယ်ကြီးနေလောက်ပြီ ”

“ကြယ်တာရာ ဘုရင်တောင်ရဲ့ ကြယ်တာရာ သခင်က သေသွားပြီလား ”

မိုဝူကျီက တအံ့တဩ မေးလိုက်သည်။

ရှီလုက ခေါင်းညိတ်ပြကာ

”ဟိုး လွန်ခဲ့တဲ့ နှစ်တုန်းက လိန်ဟုန်ကျီက လခြမ်းကွေး အင်မော်တယ် နန်းတော်ကို သန့်စင်ပြီး ယူသွားခဲ့တယ်။ ကြယ်တာရာ သခင်က လိန်ဟုန်ကျီ၏ သစ္စာဖောက်မှုကို အလွန်တုန်လှုပ်သွားပြီးတော့ ကူနို့ကြယ်တာရာ မျိုးနွယ်က မြေကမ္ဘာ အင်မော်တယ် အခြေခံအဆင့် ကျင့်ကြံသူရဲ့ အလစ်တိုက်တာကို ခံလိုက်ရပြီးတော့ သေသွားခဲ့တာ ... ”

လခြမ်းကွေး အင်မော်တယ် နန်းတော်ကို လိန်ဟုန်ကျီ သန့်စင်သွားသည်ကို ကြားသောအခါ မိုဝူကျီ စိတ်ထဲ၌ မကျေမချမ်း ဖြစ်မိလေသည်။ ထိုလူက သူနှင့် ကမ္ဘာရန်ကြွေးရှိကာ သူက လခြမ်းကွေး အကျဉ်းထောင်ကို ထိန်းချုပ်နိုင်သွားပြီ ဖြစ်၍ မည်မျှ အားကောင်းလာပြီလဲ ...

“ကြယ်တာရာ သခင် မသေခင်က စီနီယာကို ကြယ်တာရာ ဘုရင်တောင်ရဲ့ နောက်ကြယ်တာရာ သခင်အဖြစ် သတ်မှတ်ပေး ... ”

ရှီလု စကားမဆုံးခင် မိုဝူကျီက ဝင်ဖြတ်ပြောလိုက်သည်

“ခဏ ... ခဏ မင်း ပြောတာက ကြယ်တာရာ သခင်ကို ကျုပ်ကို ကြယ်တာရာ ဘုရင်တောင်ရဲ့ နောက်ကြယ်တာရာ သခင်အဖြစ် သတ်မှတ်ပေးသွားတာလား ”

မိုဝူကျီက ထိုစကားလုံးများကို တအံ့တဩ ဖြစ်နေသည်က အံ့ဩစရာ မရှိပေ။ သူက ချီထုံနှင့် ဆက်ဆံရေး မရှိခဲ့ချေ။ လခြမ်းကွေး အင်မော်တယ် နန်းတော် ပေါ်လာပြီးနောက် သူတို့က စကားအနည်းငယ်သာ ပြောခဲ့ကြသည်။ ထိုသည်မှာလည်း ချီထုံက သူရဲဘောကြောင်လှသည့် အတွက် အဆင်ပြေသော စကားဝိုင်းလေး မဖြစ်ခဲ့ချေ။ သူက ကျားသစ်သားရဲ၏ ခြိမ်းခြောက်မှုကိုပင် ဘာမျှ ပြန်မပြောနိုင်သည့် အတွက် မိုဝူကျီကို စိတ်ပျက်စေခဲ့သည်။

ထို့အပြင် နှင်းခါးပင်လယ်ထဲ၌ သူ့အား လာရှာကြသော လောက အင်မော်တယ် ခြောက်ယောက်တွင် မိုဝူကျီက တချို့တလေသည် ချီထုံ လူများ ဖြစ်နေမလားဟု သံသယ ဝင်လာမိသည်။

ထိုသို့သော ကြယ်တာရာ သခင်မှာ ရိုးရိုးပြောရလျှင် မိုဝူကျီဆီမှ လေးစားမှု မရထိုက်ပေ။

“ဟုတ်တယ်။ အဲဒီ ကိစ္စကို တော်တော်များများလဲ ကြားကြတယ်။ ကျုပ် လိမ်မပြောပါဘူး။ ပြီးတော့ မျိုးနွယ်စုကြီးသုံးခုနဲ့ ခန်းမသခင်တွေက ကြယ်တာရာ သခင် အရိုက်အရာ အတွက် ပြိုင်ဆိုင်နေကြလို့ လောကခန်းမက ကျဆုံးသွားတာပဲ ”

ရှီလုက ဆက်ပြောလိုက်သည်။

မိုဝူကျီက ခေါင်းညိတ်ပြလိုက်သည်။ သူက ကြယ်တာရာ သခင် ဖြစ်ဖို့ရန် စိတ်မဝင်စားပေ။ သူက ကျန်းမိုကို ရည်ရွယ်ချက်ဖြင့် ရောက်ရှိလာခြင်း ဖြစ်သည်။ ယန်အာကို စစ်ဆေးသည့်အပြင် သူက လောကအဆင့်ဇယားမှ လောကထိပ်သီးအမှတ်အသားပြားကို ရယူနိုင်မလားဟု စမ်းသပ်ကြည့်ချင်၍ ဖြစ်သည်။

မိုဝူကျီက ထိုအတွေးကြောင့် ကျန်းမိုနယ်မြေတွင် ရှိနေသော ယန်အာကို ရုတ်တရက် အမှတ်ရသွားသည်။

အကယ်၍ နယ်ခြားအင်အားစုသာ ကျန်းမိုကို ကျူးကျော်လာပါက ယန်အာရော ဘယ်လို ဖြစ်သွားပြီလဲ ... .

“တာအိုရောင်းရင်းရှီ ... ကူနို့ကြယ်တာရာ မျိုးနွယ်နဲ့ အာကာသ သားရဲတွေက ကျန်းမို နယ်မြေထဲ ကျူးကျော် သွားကြပြီလား ”

မိုဝူကျီက အလောတကြီး မေးလိုက်သည်။ ရှီလုက ခေါင်းခါကာ ပြောလိုက်သည်

”လွန်ခဲ့တဲ့ နှစ်ဝက်လောက်အထိ ကျုပ် သိသလောက်တော့ သူတို့က စူးရှလေမြို့ကို မကျော်နိုင် သေးဘူး။ အခုတော့ ဘယ်လို ဖြစ်နေမလဲ ဆိုတာ မသိတော့ဘူး ”

သူ့စကားအဆုံးတွင် ရှီလုက တစ်ခုခု အမှတ်ရသွားဟန်ဖြင့် အသံမြင့်ကာ ပြောလိုက်သည်

“စီနီယာမို ... ကျုပ်ကြားတာတော့ အာကာသ ဝံပုလွေဘုရင်ကြီးက စီနီယာကို လိုက်ရှာ နေတာတဲ့။ မြန်မြန် သွားတာ ကောင်းလိမ့်မယ်။ တကယ်လို့ စီနီယာသာ လောကခန်းမမှာ ပေါ်လာရင် ဝံပုလွေဘုရင်ကြီးက သတင်းရပြီး မကြာခင် ရောက်လာလိမ့်မယ် ... ”

မိုဝူကျီက နှာခေါင်းရှုံ့ကာ ပြန်ပြောလိုက်လေ၏

“သူ လာချင် လာပါစေ ... သူ မလာရင်တောင် ကျုပ်က သူတို့ ဝံပုလွေဂူဆီ ရောက်အောင် သွားဦးမှာ။ သားရဲတွေကများ လူတွေနေတဲ့ နေရာကို လာပြီးတော့ လုချင်နေသေးတယ် ... ”

“စီနီယာမိုရဲ့ စကားကို ကျုပ်တော့ စိတ်လှုပ်ရှားမိသွားပြီဗျာ ... အဲဒီနယ်ခြားအင်အားစုတွေက ကျုပ်တို့ ကျန်းရှင်းကို ကျူးကျော်ရဲမှတော့ သူတို့ကို သတ်ပစ်သင့်တယ် ”

ရှီလုက ငယ်သူငယ်ချင်း တစ်ယောက်ကို ပြန်တွေ့သည့်အလား လက်ခုပ်တီးကာ အားရပါးရ ပြောလိုက်သည်။

“တာအိုရောင်းရင်းရှီ တစ်ယောက်နဲ့ တစ်ယောက် တာအိုရောင်းရင်းလို့ပဲ ခေါ်ကြတာပေါ့။ စီနီယာလို့ ခေါ်တာကြီးက အရမ်းယဉ်ကျေးလွန်းနေပါပြီ ... ဒါနဲ့ ခင်ဗျားလက်က ဖဲကြိုးနီက ဘာလို့ ပတ်ထားတာလဲ ”

မိုဝူကျီက ရှီလု လက်ကောက်ဝတ်ကို လက်ညိုးထိုးပြကာ မေးလိုက်သည်။

ရှီလုက လျို့ဝှက်တတ်သည့် သူ မဟုတ်သည့် အတွက် သူက ဖဲကြိုးနီကို ညွှန်ပြကာ ရှင်းပြလိုက်သည်

“အစ်ကိုမို ... ဖဲကြိုးနီကို ပတ်ထားတာက ကျုပ်တစ်ယောက်တည်း မဟုတ်ဘူးဗျ။ ကျန်းမို နယ်မြေထဲမှာ အထီးကျန်ကြိုးနီဆိုတာ ရှိတယ်။ ဒီနှစ်တွေအတွင်း သူက နယ်ခြား အင်အားစုတွေကို အမြဲတမ်း သတ်နေခဲ့တယ်။ ကျန်းရှင်းကျင့်ကြံသူ တစ်ယောက်က နယ်ခြားအင်အားစုနဲ့ တွေ့နေတဲ့ အခါမှာလဲ ကူညီဖို့ လက်မနှေးဘူး။ အချိန်တွေကြာလှပေမဲ့ ကျန်းရှင်းကို ပြန်မလာနိုင်တဲ့ ကျင့်ကြံသူတွေက အထီးကျန်ကြိုးနီကို ထောက်ခံတဲ့အနေနဲ့ သူတို့လက်ကောက်ဝတ်မှာ ဖဲကြိုးနီကို ပတ်ထားကြတာ။ ကျုပ်တို့ကိုယ် ကျုပ်တို့ ဖဲကြိုးနီ အဖွဲ့လို့ ခေါ်တယ် ... ”

မိုဝူကျီက အထီးကျန်ကြိုးနီသည် ထိုမျှ လွှမ်းမိုးနိုင်စွမ်း ရှိလာလိမ့်မည်ဟု ထင်မထားပေ။ အကြည့်နှင့်တင် သူက လခြမ်းကွေး အကျဉ်းထောင်မှ ပစ္စည်းကောင်း ရလိုက်ဟန် ပေါ်သည်။

“အစ်ကိုမို ... ရှားမျိုးနွယ်နဲ့ ယန်မျိုးနွယ်တွေက ပျောက်ဆုံးနယ်မြေက ရောက်လာတဲ့ ကျင့်ကြံသူတွေကို လိုက်သတ်နေကြတယ်။ လောကတိုင်က နယ်ခြားအင်အားစု လက်ထဲ ရောက်မနေ ရင်တောင် အစ်ကိုကို ပြန်မသွားဖို့ အကြံပေးချင်တယ် ” ရှီလုက ထပ်ပြောလိုက်သည်။

“ဘာ ”

မိုဝူကျီက သူ့နှလုံးသားထဲမှ မီးတောက် လောင်ကျွမ်းလာသည်ဟု ခံစားလိုက်ရသည်။

သူတို့ ဒေါသထွက်လျှင်ပင် ထိုအရာမှာ လွန်လွန်းမနေဘူးလား ...

သူက ပျောက်ဆုံးနယ်မြေမှ ရောက်လာသည့် ပါရမီရှင်အများစုကို မသိသော်လည်း သူတို့က အမှန်တကယ် လိုက်လံ သတ်ဖြတ်ခံနေရတာလား ...

သူက ကျင့်ကြံခြင်းလောက၏ အရှက် သိက္ခာမဲ့ပုံနှင့် နေသားမကျသေးချေ။

ရန်ထျန်းရှင်းရော ဘာဖြစ်သွားပြီလဲ ...

မိုဝူကျီဆီမှ လူသတ်ငွေ့များ ထွက်ပေါ်လာသောကြောင့် ရှီလုပင် နောက်ဆုတ်မိသွားသည်

“အစ်ကိုမို ... ကျုပ်နောက်က လိုက်ပြီးတော့ အချိန်တစ်ခုအထိ ပုန်းနေပါ့လား။ ဘေးကင်းတဲ့ နေရာတစ်ခုကို သိထားတယ်။ အဲဒီမှာ ကျင့်ကြံလို့လဲ ရတယ် ပြီးတော့ လွယ်လွယ်ကူကူလဲ တွေ့သွားမှာ မဟုတ်ဘူး ”

မိုဝူကျီက လက်ခါပြလိုက်ကာ

“ပုန်းနေရမှာလား။ ကျုပ် ပြန်ရောက်လာကတည်းက ထွက်သွားဖို့ရော ဆက်အဖမ်းခံရဖို့ရော စိတ်ကူးမရှိဘူး။ ကျုပ်ထွက်သွားရင်တောင် သိသိသာသာ လူသိရှင်ကြား ထွက်သွားမှာ။ တစ်ယောက်မှ ကျူပ်တို့ ပုန်းနေခိုင်းလို့ မရဘူး ... ”

အကယ်၍ အာကာသ ဝံပုလွေဘုရင်ကြီး ပြန်ပေါ်လာလျှင် သူ့ အတွက် ပုန်းကွယ် နေဖို့နေရာ ရှိမည် ဖြစ်သော်လည်း သူက ဤနေရာသို့ ရောက်နေပြီ ဖြစ်သည့် အတွက် လောကခန်းမကို ပြန်လည်ယူရမည်။ အာကာသ ဝံပုလွေဘုရင်ကြီးက မည်မျှပင် အံ့အားသင့်စရာ ကောင်းနေပါစေ သူ့တွင် လောကခန်းမ ရှိသရွေ့ ထိုဝံပုလွေလဲ သူ့အား ရင်ဆိုင်နိုင်မည် မဟုတ်ပေ။

“အာ ”

ရှီလုက မိုဝူကျီကို တအံ့တဩ ကြည့်လိုက်မိသည်။

သူက ပြန်ရောက်လာတော့ ထွက်သွားဖို့ စိတ်ကူးမရှိဘူးတဲ့လား ...

အာကာသ ဝံပုလွေဘုရင်ကြီးကို မဆိုထားနှင့် လောကတိုင်ကို ကျင့်ကြံသူ မီလီယံနှင့်ချီပြီး စောင့်နေသည်က သူတို့ ရင်ဆိုင်နိုင်မည့် အရာ မဟုတ်ချေ။

မိုဝူကျီက ဘာမှ မပြောတော့ဘဲ ဧရာမအမြောက်ကြီးကို ထုတ်ယူလိုက်သည်။ ဤတစ်ကြိမ်တွင် သူက ထိပ်သီးရေခဲအမြောက်ကို ရွေးချယ်လိုက်သည်။

ပြဿနာကို ရောင်ခြည်အမြောက် သို့မဟုတ် ကောင်းကင် မီးတောက်အမြောက်တို့ သုံး၍ ဖြေရှင်း၍ ရသော်လည်း ပြဿနာ တစ်ရပ်မှာ သူ ပစ်လိုက်ပြီးနောက် သူ့ အတွက် ဘာမျှ ကျန်ခဲ့မည် မဟုတ်ချေ။

သိုလှောင်လက်စွပ် သို့မဟုတ် ရမှတ်များ တစ်ခုတစ်လေမျှ ရတော့မည် မဟုတ်ပေ။ ယခု သူ လိုအပ်နေသည်က ရမှတ်များ ဖြစ်ပေသည်။ ကံကောင်းလျှင် သိုလှောင်လက်စွပ် များပါ ရနိုင်သေး၏။

“အစ်ကိုမို .. ဒီဝိညာဉ် အမြောက်ကို သုံးပြီးတော့ နယ်ခြား အင်အားစုကို ချေမှုန်းဖို့ ကြံနေတာလား ”

မိုဝူကျီက ဧရာမအမြောက်ကြီး ထုတ်ယူလာသည်ကို မြင်သောအခါ ရှီလုက မေးလိုက်သည်။

သူက စပြီး ပြေးရန် ပြင်လိုက်သည်။

ဝိညာဉ် အမြောက် ... ထိုသို့သော အရာမျိုးက တိုက်ပွဲသင်္ဘော သို့မဟုတ် နန်းတော်တို့တွင် တပ်ဆင်ထားတတ်ကြသည်။ သို့သော်လည်း အမြောက်တစ်ခု၏ စွမ်းအားမှာ ကန့်သတ်ချက်ရှိသည့် အတွက် သုံးရမလွယ်ကူပေ။ ထို့အပြင် စိတ်စွမ်းအင် ကျောက်တုံးအများအပြားကိုလည်း သုံးရသေးသည်။ တခြားနည်းဖြင့်ဆိုရလျှင် ဆင်းရဲသော ကျင့်ကြံသူ အတွက် သူက စိတ်စွမ်းအင် ကျောက်တုံး မပြတ်လပ်ခင် ပစ်ချက်အနည်းငယ်သာ ပစ်နိုင်လိမ့်မည်။

“ဟုတ်ပြီ။ ကျုပ် လောကတိုင်ကို ပြန်ယူပြီးရင် ခင်ဗျားက ခင်ဗျားလူတွေကို ဆက်သွယ်ပြီးတော့ လာဖို့ ခေါ်လိုက်။ ပြီးတော့ လောကတိုင်ကို ကာကွယ်ထားလိုက် ”

မိုဝူကျီက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

မိုဝူကျီက ရှီလု ထက်များစွာ အားကောင်းသောကြောင့် မိုဝူကျီ မည်သို့ပင် ပြောပြော ရှီလုက ငြင်းနိုင်မည့် အနေအထားတွင် မရှိပေ။ ထို့ကြောင့် သူက တစ်ခွန်းသာ ပြန်ပြောလိုက်နိုင်တော့သည်

“ဟုတ်ကဲ့ ”

သူက သူ့ကိုယ်ကို အသင့်ပြင်ထားလိုက်သည်။ နယ်ခြာအင်အားစု ပြေးထွက်လာသည်နှင့် သူ့အသက်လေး အတွက် ပြေးရလိမ့်မည်။

မိုဝူကျီက သူ့ထက် များစွာ အားကောင်းသောကြောင့် သူ့ထက် အရင် ပြေးနိုင်လိမ့်မည်။

ထိပ်သီးရေခဲအမြောက် ယမ်းများကို အမြောက်ထဲ ထည့်လိုက်သည်။ မိုဝူကျီက အာကာသ သားရဲများ စခန်းနှင့် ကူနို့်ကြယ်တာရာ မျိုးနွယ် တပ်စခန်းတို့ကို စိတ်စွမ်းအားဖြင့် ဖြန့်ကျက် စစ်ဆေးပြီးပြီ ဖြစ်၏။

ထိုစခန်းနှစ်ခုမှာ တစ်ခုနှင့် တစ်ခု မကွာဝေးလှပေ။ မိုဝူကျီက သူ့အမြောက်စွမ်းအားအကြောင်း သိသော်လည်း မည်သူမျှ မလွတ်မြောက်စေရန် အရွယ်အစား ကြီးသည့် အမြောက်ကို အထူး ရွေးချယ် ထားလေသည်။

ထိပ်သီး ရေခဲအမြောက်ကို မီးရှို့ လိုက်တော့သည်။ မျက်စိ စူးလောက်စရာ အဖြူရောင် အလင်းက ထွက်သွားလေသည်။

ရှီလုက အသံပင် မကြားလိုက်ရချေ။ လေဟုန်ခွင်းသွားသည့် ဖိအားကိုသာ ခံစားမိလိုက်သည်။

ထိုစဉ် သူ့မျက်လုံးထဲ၌ ဘာကိုမျှ မမြင်ရတော့ချေ။ အတိအကျဆိုရလျှင် သူ မြင်နေရသည့် တစ်ခုတည်းသော အရာမှာ အဖြူရောင်ကြီးသာ ဖြစ်၏။ သူ့စိတ်စွမ်းအားလည်း ထိုနှင်းဖြူခဲကြီးကိုသာ အာရုံခံမိလေသည်။

“ဘုန်း ”

ခဏအကြာတွင် နေရာတစ်ခုလုံး တုန်ဟီးသွားသည့် ပေါက်ကွဲသံကြီး တစ်ခု ထွက်ပေါ် လာလေသည်။ ထိုအသံကျယ်ကြီးများ ပျောက်ကွယ်သွားရန် အသက်ဆယ်ကြိမ် ရှူစာလောက် လိုအပ်သည်။ ရှီလု အတွက် အကြီးမားဆုံး အံ့ဩမှုမှာ သူ့ရှေ့မှ အရာအားလုံးမှာ အေးခဲနေခြင်း ဖြစ်ပေသည်။

ဘယ်လိုအမြောက်မျိုးလဲ ... အဲလောက်တောင် ကြောက်ဖို့ ကောင်းတာလား ...

အဝေးမှာ ရှိနေသော ရှီလု လက်များပင် အေးခဲလာလေသည်။ အကယ်၍ သူသာ ထိုနေရာတွင် ရှိနေပါက သူ့အသက်လေး အတွက် ထွက်ပြေးနိုင်မည် မဟုတ်ချေ။

ရှီလုသာ မဟုတ်ပေ။ မိုဝူကျီလဲ အတော်လေး အံ့ဩနေမိသည်။ သူက ရောင်ခြည် အမြောက်များမှာ အားအကောင်းဆုံး ဖြစ်သည်ဟု တွေးခဲ့မိဖူးသည်။ သို့သော်လည်း ဤထိပ်သီး ရေခဲအမြောက်က ရောင်ခြည် အမြောက်များထက် အဆများစွာ ပို၍ အားကောင်းကြောင်း သိလိုက်ရသည်။ သူ့စိတ်စွမ်းအား အောက်တွင် အားလုံးမှာ ရေခဲပြင်ကြီးသာ ဖြစ်နေသည်။

***

All Chapters