← Chapters

အိမ်အစေခံ ချန်စယ်

Vol. 26 Ch. 356

အိမ်အစေခံ ချန်စယ်

Vol. 26 Ch. 356

ချန်စယ်မှာ ကူနို့သားရဲချပ်ဝတ် တပ်၏ တပ်မှူး ဖြစ်ပေသည်။ သူ့နားရွက် ချွန်ချွှန်က ပုံမှန်လူနှင့် မတူသော်လည်း အရည်အချင်းအားဖြင့် ဆိုလျှင် သူက ကူနို့ကြယ်တာရာ မျိုးနွယ်မှ အကောင်းဆုံးထဲမှ တစ်ယောက်ဟု ယူဆ၍ ရပေသည်။

လခြမ်းကွေး အကျဉ်းထောင် ထွက်ပေါ်လာစဉ်က ချန်စယ်မှာ စစ်မှန်ခြင်း နတ်ဘုရား ပြီးပြည့်စုံခြင်း အဆင့်သာ ရှိနေခဲ့သည်။ နှစ်အနည်းငယ် အတွင်း သူက လောက အင်မော်တယ် အဆင့် ၁သို့ ရောက်ရှိနေပြီ ဖြစ်၏။

ကူနို့ကြယ်တာရာနှင့် ယှဉ်လျှင် ကျန်းရှင်းမှ လောကတိုင်၌ သူ့ဘဝမှာ ပို၍ သက်တောင့်သက်သာ ရှိလှသည်။ ကူနို့တွင် သူ့နားရွက်လေးမှာ ဟာသ သဖွယ် ဖြစ်နေပြီး သူ့အဆင့်အတန်းမှာလည်း သိပ်မမြင့်ချေ။ ထို့နောက် သူက လခြမ်းကွေး အင်မော်တယ် နန်းတော်ကို သွားဖို့ ချပ်ဝတ်တပ်တွင် လိုက်ပါခဲ့သည်။ သူ့၌ ဘာမျှ မရခဲ့ကာ တပ်ရမှတ်လေးအချို့သာ ရရှိခဲ့သည်။ ထိုအကျိူးပြု ရမှတ်လေးဖြင့် သူက ကူနို့ချပ်ဝတ်တပ်၏ တပ်မှူးလေး ဖြစ်လာနိုင်ခြင်း ဖြစ်သည်။ နှစ်အနည်းငယ် ကျင့်ကြံပြီးနောက် သူက လောက အင်မော်တယ် အဆင့် ၁ သို့ ရောက်ရှိလာခဲ့သည်။

သူ ပိုင်ဆိုင်ထားသော စွမ်းအားများမှာ လောကတိုင်၏ အရင်းအမြစ်များမှ ရရှိလာခြင်း ဖြစ်ရာ သူ့ကို အလွန်စိတ်ကျေနပ်သွားစေသည်။ သူက တိတ်တခိုး အားခဲထားသည့် အချက်တစ်ချက် ရှိလေသည်။ ထိုအရာမှာ ဤနေရာတွင် မြေကမ္ဘာ အင်မော်တယ် အဆင့်ထိ ရောက်ရှိရန် ကြံထားခြင်း ဖြစ်သည်။ သူသာ မြေကမ္ဘာ အင်မော်တယ် အဆင့် ဖြစ်လာလျှင် ကူနို့မှ မည်သူက သူ့အား အထင်သေးစွာ ကြည့်ရဲကြမည်နည်း။

ထိုစဉ် ချန်စယ်က လောကတိုင် သုံးလွှာမှ အာကာသ ဂိတ်တံခါးပေါက်သို့ ခြေချခါစ ဖြစ်သည်။ သူ အာကာသထဲသို့ ဝင်လိုက်သည်နှင့် အာကာသတစ်ခုလုံးကို တုန်ခါလာစေသည့် အားလှိုင်းများကို ခံစားမိပြီးနောက် ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာလေသည်။

မရေမရာ ကျယ်ပြန့်လာသော အဖြူရောင်နှင်းထုကြီးအပြင် သူက တခြား ဘာကိုမျှ မမြင်ရတော့ပေ။

ထိုနှင်းခဲကြီးမှာ သူ့ဝိညာဉ် လမ်းကြောင်းများကိုပင် ကျူးကျော်လာလေသည်။ ချန်စယ်က တိုက်ပွဲ ကျင်လည်လာသူ ဖြစ်သည့် အတွက် ကိစ္စများက သူ့ အတွက် မကောင်းတော့ကြောင်း သတိပြုမိလိုက်သည်။ သူက အမြန်ဆုံးနှုန်းသုံး၍ လောကတိုင်သို့ ဆုတ်ချင်သော်လည်း ထိုရေခဲထုမှာ သူ့ကို လုံးဝအေးခဲသွားစေပြီ ဖြစ်၏။ သူ့ခန္ဓာပေါ်မှ အဝတ်များမှ အအေးဓာတ် ယိုစိမ့်လာသည်ကို ကြည့်ရုံသာ ကြည့်နိုင်တော့သည်။ ထို့နောက် သူ့ကမ္ဘာဦး ဝိညာဉ် ကွဲကြေသွားမည် ဖြစ်ကာ သူ့ဝိညာဉ် လမ်းကြောင်းများလည်း ဖြည်းဖြည်းချင်း အက်ကွဲလာလိမ့်မည်။

ထိုစဉ် အကြောက်တရားနှင့် တုန်လှုပ်မှုတို့က ချန်စယ် စိတ်ရောကိုယ်ပါ ကြီးစိုးလာလေသည်။ သူက မြေကမ္ဘာ အင်မော်တယ် အဆင့် ကျင့်ကြံသူ တွေ့လျှင်ပင် ထိုမျှ ကြောက်ရွံ့မည် မဟုတ်ပေ။

သူက ခေါင်းကို မော့လိုက်သည့်အခါ ချက်ချင်းဆိုသလို ကြောက်မက်ဖွယ် မြင်ကွင်းကို မြင်လိုက်ရတော့သည်။

ကူနို့ကြယ်တာရာ မျိုးနွယ်နှင့် အာကာသ သားရဲများ မဟာမိတ်မှာ အရေအတွက် အားဖြင့် တစ် မီလီယံလောက် ရှိပေသည်။ ဤနေရာတွင် နေရာချထားသော လူများမှာ အကောင်းဆုံးထဲမှ အကောင်းဆုံး ဖြစ်ကြသည်။

သို့သော်လည်း ထိုစဉ် မီလီယံချီကာ ရှိနေသော စစ်တပ်ကြီးမှာ ထိုအဆုံးမဲ့ အလင်းရောင်အောက် ရောက်ရှိသွားကြသည်။ သူ ကြုံတွေ့ရသော ဆင့်ပွားအေးခဲမှုနှင့် ယှဉ်လျှင် မီလီယံတပ်ကြီးမှာ ပေါက်ကွဲဇုံအတွင်း ကျရောက်နေ၏။ သူက ကျင့်ကြံသူ တစ်ယောက် ရေခဲအဖြစ် ပြောင်းသွားပြီး ထိုရေခဲရုပ်တုမှာ အပိုင်းပိုင်း အစစ ကွဲကြေသွားသည်ကိုပါ မြင်တွေ့လိုက်ရသည်။

နောက်ဆုံးတွင် သူမသေသေးသည့် အကြောင်းအရင်းကို နားလည်သွား၏။ သူက ပေါက်ကွဲဇုံထဲ ရှိမနေချေ။ သူက ထိုအလင်းရောင် ပေါ်လာသည့်နေရာနှင့် အဝေးဆုံးတွင် ရှိနေသည့်အပြင် လောက အင်မော်တယ် တစ်ယောက် ဖြစ်သည့် အတွက် ချက်ချင်း ပျောက်ကွယ်မသွားခြင်း ဖြစ်သည်။

သူ့စိတ်စွမ်းအားနှင့် အသိစိတ်မှာ စတင်၍ ဝေဝါးလာပြီ ဖြစ်ကာ သူ့နှလုံးသားမှာလည်း ရေခဲတမျှ အေးစက်နေလေပြီ။ ကူနို့ချပ်ဝတ်က လခြမ်းကွေး အင်မော်တယ် နန်းတော် အတွက် တိုက်ပွဲကို လွတ်စဉ်က ကူနို့ ရှေ့ဖြစ်ဟောသူက အနည်းဆုံးတော့ ကူနို့စွမ်းရည်လေးဖြင့် ကျန်းရှင်းကို မထိသင့်ကြောင်း ပြောခဲ့သည်။

ထိုဟောပြောချက်က မှန်နေပုံ ပေါ်သည်။ အဖြူရောင်အလင်းအောက်တွင် သားရဲစီး ချပ်ဝတ်တပ် တစ်ခုလုံး ပြီးဆုံးသွားလိမ့်မည်။ လောကတိုင်အတွင်းမှ ကျင့်ကြံသူများပါ မလွတ်မြောက် နိုင်ချေ။ ကူနို့၏ နံပါတ်တပ် တပ်မှူး ဆစ်ပင် ထိုပေါက်ကွဲဇုံတွင် ရှိနေမည် မဟုတ်ပါလော။ အဆုံးစမဲ့သော ရေခဲစများ၌ တပ်မှူးဆစ်လည်း ပါဝင်ပေလိမ့်မည်။

“အစ်ကိုမို ဒီဟာက ...”

ရှီလုက အလင်းရောင် ပျောက်ကွယ်သွားသည့်နောက်တွင် ဖြစ်တည်လာသော ရေခဲပြင်ကြီးကို ကြည့်ရင်း မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။

မိုဝူကျီက သူ့ထိပ်သီးရေခဲအမြောက်ကို သိမ်းထားလိုက်ကာ စိတ်ထဲတွင် သိပ်တော့ မပျော်ရွှင်ပေ။ သူက ထိုအမြောက်များမှာ ဤကမ္ဘာ အတွက် မဟုတ်ကြောင်း ပို၍ သေချာလာလေသည်။ သူတို့က တခြားအဆင့်မြင့် ကမ္ဘာများမှ ရောက်ရှိလာတာ ဖြစ်ရမည်။ ထိုယမ်းစာများမှာလည်း အဖိုးမဖြတ်နိုင်ပေ။ သူ သုံးလိုက်သည့် အခါတိုင်း သူ့တွင် အနည်းငယ်သာ ကျန်ရှိလေတော့သည်။ အနာဂတ်၌ သူသာ အခြားကမ္ဘာတစ်ခုကို ရောက်သွားခဲ့လျှင် ထိုအမြောက်များကို လိုအပ်လာလျှင် ဘာလုပ်ရမည်နည်း။

အရေးကြီးဆုံးက သူက မုတ်ဆိတ်ဖြူ ငါးဖမ်းအဖိုးကြီးကို ခွေးချီး နတ်ဘုရားမျှော်စင်သို့ သွားပြီး အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်ကို ရှာပေးပါမည်ဟု ကတိပေးခဲ့ခြင်း ဖြစ်၏။

ထိုမုတ်ဆိတ်ဖြူ မြေခွေးအိုကြီးက မည်မျှပင် အားကောင်းနေပြီနည်း။ သူ ကိုယ်တိုင် မလုပ်နိုင်လျှင် မိုဝူကျီ အတွက် ပို၍ပင် မဖြစ်နိုင်သေးချေ။

မိုဝူကျီက ကျင့်ကြံသူ တစ်ယောက်အနေဖြင့် ပြင်ပအရာများကို မမှီခိုသင့်ကြောင်း ကောင်းကောင်း သိ၏။ သို့သော်လည်း သူ့စွမ်းဆောင်ရည်လေးဖြင့် သူက ပြင်ပအရာများကို မမှီခိုလျှင် သူ့ကိုယ်သူ သေဖို့ မြေကျင်းတူးနေသလိုသာ ဖြစ်နေပေလိမ့်မည်။

“တစ်ချက်သွားကြည့်ရအောင် ”

မိုဝူကျီက ခံစားချက်များကို ချုပ်ထိန်းရင်း ရိုးရိုးရှင်းရှင်း ပြောလိုက်သည်။

ထိပ်သီးရေခဲအမြောက်က ဒုက္ခပေးမည့်ဟန် ကျော်လွန်သွားသော်လည်း တပ်စခန်းများက ရေခဲအဖြစ် ကျန်ရှိနေဆဲ ဖြစ်သည်။ မိုဝူကျီက နှင်းခါးပင်လယ်တွင် လေ့ကျင့်ခဲ့ရ၍ ဤသို့သော အအေးဓာတ်က သူ့ အတွက် ဘာဆိုဘာမျှ မဟုတ်ပေ။ တစ်ဖက်တွင် ရှီလုက သဘာဝစွမ်းအားများကို ကိုယ့်ဘာသာ ကာကွယ်ထားသော်လည်း သူ့နှလုံးသားမှာ တဒုန်းဒုန်း ခုန်နေဆဲ ဖြစ်သည်။ အမြောက်ပစ်ခွင်းလိုက်သည်က ကြာလှပြီ ဖြစ်ပေမဲ့ သူက ထိုအကျိုးသက်ရောက်မှုကို ခုခံနိုင်စွမ်း မရှိသလောက်နီးပါး ဖြစ်နေဆဲ ဖြစ်သည်။

“ဒီနေရာက ကာကွယ်ရေး အစီအရင် တွေက အကုန် အလကား ဖြစ်သွားပြီပဲ ”

ရှီလုက ကျတ်တီးမြေကွက်လပ်ကြီး ကြည့်ကာ သက်ပြင်းချလိုက်သည်။

ဤနေရာမှာ ကျန်းမိုနယ်မြေက သူတို့၏ ကျင့်ကြံသူတပ် အတွက် စစ်စခန်းများအဖြစ် အသုံးပြုဖူးလေသည်။ ဤနေရာတွင် ကာကွယ်ရေး အစီအရင် များစွာ တပ်ဆင်ထားသည်။ ထို့အပြင် ဝိညာဉ် စွမ်းအား စုစည်းခြင်း အစီအရင် များနှင့် ကြယ်တုပခြင်း အစီအရင် အစရှိသဖြင့် များစွာ ရှိလေသည်။

သို့သော် အရာအားလုံးမှာ ဗလာနတ္ထိဖြစ်သွားလေပြီ။ အတားအဆီးဟူ၍လည်း မရှိတော့ချေ။ ဤနေရာတွင် ကျန်ရှိနေသည့် တစ်ခုတည်းသော အရာမှာ အုတ်ကျိုးအုတ်ပဲ့များသာ ဖြစ်၏။

မိုဝူကျီကို ခေါင်းကိုခါကာ ခါးမှ လောကအမှတ်အသားပြားကို ယူလိုက်သည်။

ရမှတ် ၁ ၇၂၁ ၆၇၃ ၊ အဆင့် ၉၈

မိုဝူကျီက အနည်းငယ်တော့ စိတ်ကျေနပ်သွားသည်။ ဤထိပ်သီးရေခဲအမြောက်မှာ သူ့အား အမှတ်ရရန် ကူညီပေးနိုင်ခဲ့သည်။ သို့သော်လည်း အမှတ်လေးတချို့သာ ဖြစ်၏။ ဤနေရာတွင် အာကာသ သားရဲများနှင့် ကျင့်ကြံသူများမှာ မီလီယံချီနေသည့် အတွက် အားအနည်းဆုံးပင် ယွမ်ဒန်အဆင့် ဒါမှမဟုတ် အဆင့် ၄ တော့ ရောက်နေပေလိမ့်မည်။

ထိုအရာများကို ပေါင်းလိုက်လျှင် ရမှတ်မှာ ၁ မီလီယံ မှ ၂ မီလီယံကို ကျော်လွန်ပေလိမ့်မည်။ သို့သော်လည်း သူက တစ်မီလီယံစွန်းစွန်းလေးသာ ရခဲ့သည်။ ထိုသည်က ထိပ်သီးရေခဲအမြောက်မှာ အားကောင်းလွန်းလှ၍ သူ့ရမှတ်လေးများ ဆုံးရှုံးသွားရပြန်သည်။

လက်စွပ်များ အတွက် တော့ မိုဝူကျီက အဝင်ဝက တချို့ကို သိမ်းဆည်းလိုက်သည်။ အဓိက ပေါက်ကွဲဇုံနေရာတွင် လက်စွပ်တစ်ကွင်းတစ်လေမျှ ရှာမတွေ့ချေ။

ချမ်းသာတော့မည်ဟု တွေးထင်နေသည့် စိတ်ကူးလေးကား ရေစုန်မျှောရလေပြီ။

“အစ်ကိုမို ဒီမှာ ... ”

ရှီလုက ချန်စယ်ကို အရင်ဦးဆုံး သတိပြုမိသွားသည်။

မိုဝူကျီက ရှေ့တစ်လှမ်းတိုးကာ ချန်စယ်အပေါ် လက်တင်ကြည့်လိုက်သည်။ ချန်စယ် တစ်ကိုယ်လုံးမှာ အေးခဲနေပြီး ပါးစပ်ထောင့်မှ သွေးမည်းများပါ စီးကျနေလေသည်။ ထိုလူ၏ အသက်ဓာတ်မှာ မျှင်းမျှင်းလေး ရှိနေသေးသည့် အတွက် တကယ် မသေသေးပေ။

မိုဝူကျီက ဆေးတစ်လုံး ကောက်ယူကာ ချန်စယ် ပါးစပ်ထဲ ထည့်လိုက်တော့သည်။ တကယ်တော့ မိုဝူကျီက သူသာ အဆုံးမဲ့ ဝိညာဉ် နှောင်ဖွဲ့ပန်းကို ထုတ်ယူပြီး ထိုလူကို တိုက်ကျွေးလိုက်ပါက ထိုနားရွက်ချွန်လူကို သေချာပေါက် ကယ်နိုင်မည် ဖြစ်ကြောင်း သိသည်။ သို့သော်လည်း မိုဝူကျီက အဖိုးတန်လှသော ဝိညာဉ် ဆေးပင်ကို ဤနေရာတွင် မဖြုန်းတီးလိုချေ။

ချန်စယ်က အမှန်ပင် ခံနိုင်ရည် အားကောင်းလေသည်။ အမွှေးတိုင် တစ်ဝက်အချိန်အတွင်း ဤလူက နိုးထလာသည်။ သူက မသေသေးသည်ကို တွေ့သည့်အခါ ချန်စယ်က ချက်ချင်း စွမ်းအား လှည့်ပတ်ရင်း သူ့ကိုယ်သူ ကုသလိုက်သည်။

မကြာခင်တွင် ချန်စယ်က သူ့ဒဏ်ရာများကို ထိန်းချုပ်နိုင်သွားလေသည်။ ထို့နောက် မိုဝူကျီနှင့် ရှီလုက သူ့အား တအံ့တဩ ကြည့်နေသည်ကို တွေ့လိုက်ရသည်။

မိုဝူကျီက ရိုးရိုးတမ်းတမ်း ပြောလိုက်သည်

“ဒီတပ်တွေအကုန်လုံးကို ကျုပ် ဖျက်စီး ပစ်လိုက်တာပဲ။ အခု ခင်ဗျားကို ရွေးချယ်စရာ နှစ်ခုပေးမယ်

ပထမ တစ်ခုက ခင်ဗျားကို မီးတောက်ပေးပြီးတော့ သေသေသပ်သပ် သေသွားအောင် လုပ်ပေးမယ်။ ဒုတိယတစ်ခုက ခင်ဗျားက ကျုပ်အိမ် အစေခံ ဖြစ်လာရမယ်။ ကျုပ်တို့ အမှတ်အသား အတွက် ခင်ဗျားရဲ့ ကမ္ဘာဦးစိတ်ဝိညာဉ် ကို ကျုပ်ဆီ ပေးအပ်ထားရမယ် ”

“ကျုပ် ချန်စယ် သခင်မိုရဲ့ အစေခံ ဖြစ်လာဖို့ ဆန္ဒရှိပါတယ်။ ကျုပ် ဒီအရာကို တစ်သက်လုံး မေ့သွားမှာ မဟုတ်ပါဘူး ”

ချန်စယ်က တွေဝေမနေဘဲ နှလုံးကို ဖွင့်ကာ ကမ္ဘာဦးစိတ်ဝိညာဉ် ကို ထုတ်ယူလိုက်သည်။

မိုဝူကျီက တုန်လှုပ်သွားမိသည်။ လခြမ်းကွေး အကျဉ်းထောင် ပေါ်လာစဉ်က ကူနို့ချပ်ဝတ် တပ်၏ အကြောက်တရားကင်းမဲ့မှုကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။

ထိုလူက မိုဝူကျီကို မှတ်မိရုံသာမက အမှတ်အသားအဖြစ် ကမ္ဘာဦးစိတ်ဝိညာဉ် ကို ချက်ချင်း ထုတ်ပေးနေသည်။ သူက ထိုအရာများကို လျင်လျင်မြန်မြန်ပင် ပြောလိုက်သေးသည်။

ဒီလူက တကယ်ရော ကူနို့က ဟုတ်ရဲ့လား

မိုဝူကျီက ချန်စယ်သည် ကူနို့ချပ်ဝတ်တပ် အဖွဲ့ဝင် တစ်ဦး ဖြစ်ရုံသာမက တပ်မှူး တစ်ယောက် ဖြစ်ကြောင်း မသိချေ။ သူ မသိသည်က ချန်စယ်စိတ် အတွင်းမှ အတွေးများလည်း အပါအဝင် ဖြစ်ပေသည်။

ချန်စယ်က မိုဝူကျီကို တန်းမှတ်မိသည်။ ယခင် မိုဝူကျီ၏ ကျင့်ကြံဆင့်မှာ အရမ်း မမြင့်သော်လည်း သူက မျက်လုံးဖြူ ဝံပုလွေမင်းသားကို သတ်ဖြတ်နိုင်ခဲ့ပြီး သူ့အား ချောင်းမြောင်း တိုက်ခိုက်သည့် လောက အင်မော်တယ် ကိုပင် သတ်နိုင်ခဲ့သည်။ သူ့ကို လောက အင်မော်တယ် များစွာ ဝိုင်းရံထားစဉ်က သူ တစ်ယောက်က လခြမ်းကွေး အင်မော်တယ် နန်းတော်ကို ပေါ်လာတာကို အရင် သတိထားမိပြီး ဦးစွာ ဝင်သွားနိုင်သူ ဖြစ်၏။

ယနေ့တွင် ချန်စယ်က ထိပ်သီးရေခဲအမြောက်၏ အကြောက်တရားကို ကိုယ်တိုင် ခံစားခဲ့ရသည်။ အကယ်၍ ဤအမြောက်သာ ကူနို့ဆီ ချိန်ရွယ်ပစ်ခတ်ပါက ကူနို့တစ်ခုလုံး မြေပြင်သာ ဖြစ်သွားပေလိမ့်မည်။

သူက သေခြင်းတရားနှင့် ရင်ဆိုင်နေရသည်ကို ထည့်မတွက်ဘဲ သူက ကောင်းကောင်းနေပြီး အသက် ရှင်နေလျှင် ထိုသို့ အဆင့်မြင့် ပုဂ္ဂိုလ်နောက် လိုက်ရမည့် အခွင့်အရေးကို ငြင်းပယ်မည် မဟုတ်ပေ။

ချန်စယ်က ကူနို့နှင့် ဆက်စပ်နေသည်ဟူ၍ မခံစားရပေ။ သူ့ဘဝ တစ်လျောက်လုံးမှာ ဝိုင်းပယ်ထားခြင်း ခံထားရ၍ ဖြစ်ပေသည်။ သူ့နားရွက်များက ချွန်နေသည့် အတွက် အမြဲတမ်း လှောင်ပြောင်ခံခဲ့ရသည်။ အကယ်၍ သူ့အရည်အချင်း၊ လခြမ်းကွေး အင်မော်တယ် နန်းတော် အတွက် သတ္တိရှိခြင်းနှင့်အတူ အားကောင်းသော ကျင့်ကြံခြင်းတို့ကြောင့်သာ မဟုတ်လျှင် ချန်စယ်က တပ်မှူး ဖြစ်လာမည် မဟုတ်ပေ။

ထိုလူက သူ့ဝိညာဉ် ၏ ကမ္ဘာဦးစိတ်ဝိညာဉ် ကို လိုလိုလားလား ပေးအပ်ချင်နေသည့် အတွက် မိုဝူကျီက မေးခွန်းထုတ်မနေတော့ပေ။ သူက ချန်စယ် ဝိညာဉ် ပေါ် အမှတ်အသားချမှတ်ကာ ပြောလိုက်သည်

“ဒီနေ့က စပြီးတော့ ခင်ဗျားက ကျုပ်နောက်ကို လိုက်ရမယ်။ ကျုပ်အမိန့်တွေကို လိုက်နာရမယ်”

“ဟုတ်ကဲ့ပါ သခင် ”

ချန်စယ်က လေးလေးစားစား ပြောလိုက်သည်။ သူ့အသံမှာ ရိုးကျိုးလွန်းလှသည်။

မိုဝူကျီက ယန်အာကို ရုတ်တရက် အမှတ်ရမိသွားသည်။ ယန်အာသည်လည်း သူ့ဘေးနားတွင် ရှိကာ တစ်ကောက်ကောက် လိုက်ခဲ့သည် မဟုတ်ပါလော။

တစ်ခုတည်းသော ခြားနားချက်မှာ ယန်အာမှာ သူမ စိတ်အလိုအရ ဖြစ်ပြီး ချန်စယ်မှာ ဝိညာဉ် အမှတ်အသားကြောင့် ဖြစ်၏။ အကယ်၍ မိုဝူကျီ အလိုရှိလျှင် ဤလူကို သူ့ကိုသူ အချိန်မရွေး သတ်သေခိုင်း၍ ရပေသည်။

“နောင်ကျ ကျုပ်ကို သခင်လေးလို့ပဲ ခေါ်ပါ ”

မိုဝူကျီက ညင်ညင်သာသာ ပြောလိုက်သည်။ ယန်အာလည်း သူ့ကို သခင်လေးဟု ခေါ်ဆိုခဲ့လေသည်။ အကယ်၍ ယန်အာသာ ဤနေရာတွင် ရှိနေပါက ချန်စယ်ကို ဟိုဟိုဒီဒီ အမိန့်ပေးနေရုံမျှ ဖြစ်သည်။ သူမ ကိုယ်တိုင် လုပ်စရာ မလိုအပ်တော့ချေ။

ယန်အာ၏ ကျင့်ကြံဆင့်မှာ သူ့ထက် ပိုမြင့်နေလောက်လေပြီ။ မိုဝူကျီက ခေါင်းခါရင်း ထိုအတွေးများကို ဖယ်ရှားလိုက်တော့သည်။

“ဟုတ်ကဲ့ သခင်လေး ”

ချန်စယ်က မြန်မြန် အသုံးနှုန်း ပြောင်းလိုက်သည်။

မိုဝူကျီက အဆုံးမဲ့ ဝိညာဉ် နှောင်ဖွဲ့ပန်းတစ်လွှာကို ထုတ်ကာ ချန်စယ်ကို ပေးလိုက်သည်

“ဒီဟာကို သုံးလိုက် ... ခင်ဗျားရဲ့ ပျက်စီးနေတဲ့ ဝိညာဉ် က ပြန်ကောင်းလာလိမ့်မယ် ”

“အဆုံးမဲ့ ဝိညာဉ် နှောင်ဖွဲ့ပန်း ...”

ချန်စယ်က ထိုပွင့်ချပ်လေးကို လက်ခံလိုက်ပြီး စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။ သူက ပစ္စည်းကောင်းများကို မသိသည့်လူ မဟုတ်ပေ။ အဆုံးမဲ့ ဝိညာဉ် နှောင်ဖွဲ့ပန်းတွင် ဝိညာဉ် ကို ပြန်ကောင်းနိုင်စေသည့် အကျိုးကျေးဇူးများစွာ ပါဝင်လေသည်။ သူ့သခင်က တကယ်ကို မရိုးရှင်းလှပေ။ သူ ပထမဆုံး ထုတ်ပေးသည့် အရာမှာ အဖိုးမဖြတ်နိုင်သည့် ရတနာ ဖြစ်နေလေပြီ ဖြစ်၏။

ထိုစဉ် ချန်စယ် နှလုံးသား၌ မီးတောက်လေး စတင်လောင်ကျွမ်းလာသည်။ တစ်ရက်ကျ သူ့သခင် ဤဟင်းလင်းပြင်ကို ဖောက်သွားနိုင်သည့်အခါ သူလည်း အတူတူ လိုက်ပါနိုင်မည်လား ...

မိုဝူကျီက လက်ခါပြရင်း ချန်စယ် စိတ်ကူးယဉ်မှုများကို နှောင့်ယှက်လိုက်သည်

“ကျုပ် လောကတိုင် သွားပြီးတော့ လေ့လာလိုက်ဦးမယ်။ လောကတိုင်မှာ ကူနို့တပ်နဲ့ အာကာသ သားရဲ တွေ ဘယ်လောက်ကျန်သေးလဲ။ ကျန်းရှင်းကိုရော ရောက်သွားပြီလား ... ”

“ဟုတ်ကဲ့ သခင်လေး ” ချန်စယ်က လေးလေးစားစား ဦးညွှတ်လိုက်သည်။

***

All Chapters