← Chapters

ကြယ်တာရာ သခင် ထပ်သေဆုံးပြန်ပြီ

Vol. 26 Ch. 359

ကြယ်တာရာ သခင် ထပ်သေဆုံးပြန်ပြီ

Vol. 26 Ch. 359

ထိုအသံကို ကြားလိုက်ကြသည့်အချိန်လေး၌ “ဘုန်း ” ဟူသော အသံလည်း ထွက်ပေါ်လာပြီး လောကခန်းမ အပြင်ဘက် နေရာတစ်ခုလုံး ကောင်းကင် တစ်ခွင် ဖွေးစွတ်သွားစေသည့် အဖြူရောင် နှင်းများဖြင့် ပိတ်လှောင်သွားတော့သည်။

တစ်ချိန်တည်းတွင် ကျန်းရှင်းကျင့်ကြံသူအားလုံးနီးပါးက စူးရှလေမြို့ရှိ ကြယ်တာရာ သခင် အိမ်တော်တွင် စုဝေးနေကြသည်။ စူးရှလေမြို့ရှိ ကြယ်တာရာ သခင်အိမ်တော်မှာ ယခင်က မြို့တော်ဝန် အိမ်ယာ ဖြစ်သော်လည်း အပြောင်းအလဲတချို့ ပြုလုပ်ပြီးနောက် ကြယ်တာရာ သခင် ဝူလင်းကျီ အိမ်တော် ဖြစ်လာခြင်း ဖြစ်၏။ ကြယ်တာရာ သခင် အတွက် နယ်ခြားအင်အားစုများကို ခုခံဖို့ အကြံစည်များကို ဆွေးနွေးဖို့ရာ လူစုစည်းနိုင်သည့် နေရာကောင်းလည်း ဖြစ်ပေသည်။

လွန်ခဲ့သည့်နှစ်အတွင်း ဝူလင်းကျီက ကျန်းရှင်းကို ကာကွယ်ဖို့ရာ ခေါင်းပေါက်ထွက်မတတ် စဉ်းစားခဲ့ရသည်။ နယ်ခြားအင်အားစုကို အစီအရင် ပြန်လည်ပြန်ဆင်ခြင်းကို ကာကွယ်သည့် နည်းလမ်းအပြင် စူးရှလေမြို့ကို သံမဏိတံတိုင်းကြီး ဝိုင်းကာ တည်ဆောက်ဖို့ရာ စီမံထားနိုင်ခဲ့သည်။ နှစ်တွေ ကြာလာသည့်အခါ ကာကွယ်ရေး အစီအရင် ကိုလည်း အသစ်ပြန်လည် မွမ်းမံလိုက်ပြီး ကာကွယ်ရေး ခံတပ်ကြီးအဖြစ် တည်ဆောက်နိုင်ခဲ့သည်။

ဝူလင်းကျီ၏ စကားများအရ နယ်ခြားအင်အားစုက စူးရှလေမြို့ကို အစီအရင်မှ တစ်ဆင့် ဝင်လာနိုင်လျှင်ပင် စူးရှလေမြို့က ထိုအင်အားစုကို မြို့ထဲ အဝင်မခံနိုင်အောင် တားနိုင်စွမ်း ရှိရမည်။ ထိုသို့ လုပ်ဆောင်ဖို့ရာ သူက အမျိုးမျိုးသော ပိတ်ပင်ထားသော အာကာသ အစီအရင် များပါ တပ်ဆင်ထားခဲ့သည်။ လောကခန်းမမှ စူးရှလေမြို့ အဝင်ပေါက်ထိ အစီအရင် ဖြင့် လာနိုင်သည် ဆိုသော်လည်း စူးရှလေမြို့ကို ဖြတ်၍ ကျန်းရှင်းကို ဝင်ဖို့ရန်က ဤနေရာတွင် မပျံသန်းနိုင်သဖြင့် လုံးဝမဖြစ်နိုင်ချေ။

တခြားနည်းဖြင့် ဆိုရလျှင် ချီထုံ အသက်ပြန်ရှင်လာလျှင်ပင် ထိုသို့ ကိစ္စရပ်မျိုးနှင့် ရင်ဆိုင်ရပါက သူသည် ဝူလင်းကျီလောက် လုပ်နိုင်မည် မဟုတ်ပေ။

သို့သော်လည်း ဤနေရာတွင် ယနေ့ စုဝေးနေရသည့် အကြောင်းအရင်းမှာ သူတို့၏ အကြံဉာဏ်များကို ဆွေးနွေးဖို့ရာ မဟုတ်ဘဲ ဝူလင်းကျီမှာ အသတ်ခံလိုက်ရ၍ ဖြစ်သည်။

ဝူလင်းကျီက အစည်းအဝေးခန်းအတွင်း ထိုင်နေရင်း ထူးဆန်းစွာ သေဆုံးနေခြင်း ဖြစ်သည်။ နဖူးပေါ်တွင် ဒဏ်ရာ တစ်ခု ရှိနေပြီး ထိုဝန်းကျင်တွင် သွေးများခဲနေလေသည်။

ဝူလင်းကျီအပေါ်တွင် အခြားသော သိသိသာသာ ဒဏ်ရာများ မရှိသည့် အတွက် ဝူလင်းကျီက တစ်ယောက်ယောက်နှင့် မတိုက်ခိုက်ခဲ့သည်မှာ ထင်ရှားလှသည်။ သို့သော် သူက ကြယ်တာရာ သခင် အိမ်တော်အတွင်း အသတ်ခံလိုက်ရ၏။

“ဘယ်သူလုပ်တာလဲ။ သစ္စာဖောက် ဘယ်သူလဲ ... နယ်ခြားအင်အားစုက ကြယ်တာရာ သခင်အိမ်တော်အထိ ရောက်လာနိုင်တယ်ဆိုတာ ကျုပ်တော့ မယုံဘူး ”

ယန်ကျဲက အဆုတ်ကွဲလုမတတ် အော်ပြောရင်း လူသတ်ငွေ့များက ထက်ရှသည့် ဓားတစ်လက်အလား အချိန်မရွေး သတ်ဖြတ်ရန် အဆင့်သင့် ဖြစ်နေသည်။

ဤနေရာကား တိတ်ဆိတ်သွားလေသည်။ အားလုံးမှာ နယ်ခြားကျင့်ကြံသူ လက်ချက် မဟုတ်မှန်း သိကြ၏။ အကယ်၍ နယ်ခြား အဆင့်မြင့် ကျင့်ကြံသူ တစ်ဦးသာ ခိုးဝင်၍ ရမည်ဆိုလျှင် ဝူလင်းကျီက ချက်ချင်းဆိုသလို အချက်ပြလွတ်မည် ဖြစ်ကာ သတိအနေအထား ရှိလိမ့်မည်။ သူက ဤနေရာတွင် ထိုင်ပြီး ဘာမှ မခုခံဘဲ အသတ်ခံရမည်တော့ မဟုတ်ပေ။

ဝူလင်းကျီသည် လောက အင်မော်တယ် အဆင့် ၇ ဖြစ်သည့် အတွက် ဤနေရာတွင် နယ်ခြားအင်အားစုမှ အားအကောင်းဆုံး ရောက်လာလျှင်ပင် သူက လုံးဝ ကူကယ်ရာမဲ့ ဖြစ်နေမည်တော့ မဟုတ်ချေ။

ကြယ်တာရာ ပင်လယ်ခန်းမ သခင် စုရွမ်၏ မျက်လုံးများက နီရဲနေပြီး လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားလေသည်။ သူမက ယန်ကျဲ စကားဆုံးသည်အထိ စောင့်ပြီးနောက် အားလုံးကို ဝေ့ကြည့်ကာ အေးစက်စက် ပြောလိုက်သည်

“ကြယ်တာရာ သခင်ဝူက အမှောင်ထဲမှာ အသတ်ခံခဲ့ရတယ်၊ သူ မခုခံတဲ့ အချက်ကို တွက်ကြည့်ရင် သူ မမျှော်လင့်ထားတဲ့သူက သတ်သွားလို့ဆိုတာ ထင်ရှားတယ်။ ပြီးတော့ အဲဒီလူက ကြယ်တာရာ ဘုရင်တောင်မှာ အဆင့်အတန်း တချို့ရှိပြီးတော့ ကြယ်တာရာ သခင်အိမ်ာတော်ကို အမြဲလိုလို ဝင်ထွက်နိုင်တဲ့သူလည်း ဖြစ်ရမယ် ... ”

တစ်ယောက်မျှ ဝူလင်းကျီကို မသတ်ခဲ့လျှင်ပင် စုရွမ်၏ အကြည့်အောက်၌ တော်တော်များများ တုတ်လှုပ်သွားကြသည်။

စုရွမ်က ရိုးရိုးရှင်းရှင်း အမျိုးသမီး တစ်ဦး မဟုတ်ပေ။ သူမက ကြယ်တာရာ ပင်လယ် ခန်းမသခင် ဖြစ်သလို ကြယ်တာရာ ပင်လယ်တပ် ခေါင်းဆောင်လည်း ဖြစ်ပေသည်။ သဘောတရားကျကျ ပြောရလျှင် ကျန်းမိုနယ်မြေရှိ ထိပ်သီး တပ် ၁၀ ခုတွင် အားအကောင်းဆုံးမှာ မြောက်ဖက် ကြယ်တာရာ တပ် ဖြစ်သော်လည်း ကြယ်တာရာ သခင် ချီထုံ ကျဆုံးသွားပြီးနောက် မြောက်ဖက် ကြယ်တာရာ တပ်မှာ နှစ်ပိုင်းကွဲသွား၏။ တစ်ဝက်မှာ ဝူလင်းကျီနောက် လိုက်ပြီး ကျန်လူများက မော့မျိုးနွယ်စုအောက်တွင် ဖြစ်သည်။

ထိုသို့ ခွဲလိုက်ပြီးနောက် မြောက်ဖက် ကြယ်တာရာ တပ်၏ တိုက်ခိုက်စွမ်းမှာ ကြယ်တာရာ ပင်လယ်တပ်လောက် အားမကောင်းတော့ပေ။ ထို့ကြောင့် ကြယ်တာရာ ပင်လယ်က လောက အင်မော်တယ် အဆင့် ၆ ဖြစ်သော စုရွမ်နှင့် ထည့်တွက်လိုက်လျှင် အသက်ရှင်ရတာ ပင်ပန်းနေပြီဟု ဆိုသူများသာ စုရွမ်နှင့် ဆန့်ကျင်ကြဖို့ ရွေးချယ်ကြလိမ့်မည်။

လောက အင်မော်တယ် အဆင့် ၁ ဖြစ်ဆဲ ဖြစ်သော ရှူချီဟောင်က တုန်ယင်နေပေသည်။ အကြောင်းမှာ လွန်ခဲ့သည့် နှစ်ပိုင်းလေးအတွင်း ကျန်းရှင်းက ကြယ်တာရာ သခင် နှစ်ယောက် ဆက်တိုက် ဆုံးရှုံးခဲ့ရသည်။ အဓိက အချက်မှာ ကြယ်တာရာ သခင် နှစ်ယောက်လုံးမှာ နစ်နာစွာ မကျေမနပ် သေဆုံးခဲ့ရသည်။ ကြယ်တာရာ သခင် ချီထုံ သေဆုံးသွားသည့် အကြောင်းအရင်းမှာ ကြယ်တာရာ ဘုရင်တောင်မှ အတွင်းပဋိပက္ခများကြောင့် ဖြစ်ကာ ဝူလင်းကျီမှာမူ ကျန်းရှင်းကို ကာကွယ်ရန် ထားထားသော ကြယ်တာရာ သခင်အိမ်တော်အတွင်း၌ အသတ်ခံခဲ့ရသည်။

နှမြောစရာကောင်းသည်က ရှူချီဟောင်မှာ အလွန်အားနည်းနေသည့် အတွက် သူက တစ်ယောက်ယောက်ကို သံသယဝင်လျှင်ပင် သူ ပြောချင်သလို ထုတ်ပြော၍ မရပေ။

လောက အင်မော်တယ် အဆင့် ၁ သည် အားကောင်းပုံ ရသော်လည်း ဤသို့သော နေရာမျိုးတွင် ဘာမျှ မဟုတ်ပေ။ ထို့အပြင် ဤနေရာတွင် သူတို့နောက်၌ ကျင့်ကြံသူ တပ်မရှိသည့် မည်သည့် အဆင့်မြင့် ကျင့်ကြံသူ ရှိမည်နည်း။

“ကြယ်တာရာ တိုက်ပွဲခန်းမသခင်ရှားရော ကြယ်တာရာ သခင်ဝူကို ဘယ်သူသတ်တယ်လို့ ထင်လဲ ”

စုရွမ်က ကြယ်တာရာ တိုက်ပွဲ ခန်းမသခင် ရှားတန်တောက်ကို ကြည့်ကာ မေးလိုက်သည်။ သူမက ကြယ်တာရာ သခင်ဝူ သေဆုံးရသည့် အကြောင်းအရင်းမှာ ရှားတန်တောက်နှင့် ပတ်သက်နေလိမ်မ့ည်ဟု သံသယဝင်မိသည်။ အကယ်၍ ရှားတန်တောက် မဟုတ်ပါက ယန်ဖင်းကျီ ဖြစ်ပေလိမ့်မည်။ သို့သော် ယန်ဖင်းကျီက ဤနေရာတွင် ရှိမနေပေ။

ရှားတန်တောက်က မျက်မှောင်ကျုံ့ကာ စကားပြောတော့မည့် အခိုက်အတန့်တွင် ကြယ်တာရာ သခင် အိမ်တော်တစ်ခုလုံး တုန်ခါလာလေသည်။ ထို့နောက် ပြသရေးပိတ်ကားချပ်ကြီး၌ ထိတ်လန့်တုန်လှုပ်နေသော မျက်နှာများကို မြင်လိုက်ရသည်။

“နယ်ခြားအင်အားစုက ကျန်းရှင်းကို ကျူးကျော်လာပြီး စူးရှလေမြို့ကို တိုက်နေတယ်။ အခု မြို့က အန္တရာယ်များနေပြီ။ မြန်မြန် အကူလွတ်ပေးကြပါ ”

ပိတ်ကားပေါ်မှ ကျင့်ကြံသူများ၏ ထိုမြင်ကွင်းကို တုန်လှုပ်နေသောကြောင့် ကတုန်ကယင် ဖြစ်နေကြသည်။

ဤကိစ္စမှာ တိုက်ဆိုင်လွန်းနေသောကြောင့် အားလုံးက ကြက်သေ သေသွားကြသည်။ ဝူလင်းကျီ အသတ်ခံလိုက်ရပြီးနောက် နယ်ခြားအင်အားစုက ကူးပြောင်းအစီအရင် ကို ပြင်ဆင်ပြီးကား စူးရှလေမြို့သို့ ရောက်ရှိလာကြသည်။ အရူးပင် ထိုအရာမှာ ရိုးရိုးတမ်းတမ်း တိုက်ဆိုင်ခြင်း မဟုတ်မှန်း သိလိမ့်မည်။

ရှားတန်တောက်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်

“ကျုပ်တို့မှာ ရွေးချယ်စရာ နှစ်ခုရှိတယ်။ ပထမတစ်ချက်က ကျုပ်တို့တွေ စူးရှလေမြို့ကို မထိန်းသိမ်းထားနိုင်ရင်တောင် စူးရှလေမြို့ကို သွားပြီးတော့ သူတို့ကို ကျန်းမိုနယ်မြေထဲ မဝင်နိုင်အောင် ရပ်တန့်ပစ်ရမယ်။ ဒုတိယရွေးချယ်မှုက နယ်ခြားအင်အားစုဆီ သံတမန် လွတ် ညှိနှိုင်းပြီးတော့ ကျုပ်တို့ အတွက် ထိုက်သင့်တဲ့ နယ်မြေကို တောင်းမယ်။ အဲဒါဆို သူတို့ ကျူးကျော်လာတာ ရပ်တန့်သွားမှာပဲ ”

ရှားတန်တောက် စကားများက အားလုံးကို အံ့ဩသွားစေသည်။

ရွေးချယ်စရာ နှစ်ခုက ဘာလို့ အဲလောက်တောင် ခြားနားနေရတာလဲ

ပထမတစ်ခုက အသက်ပေးပြီး ကျန်းမိုကို ကာကွယ်မည် ဖြစ်ကာ ဒုတိယတစ်ခုက သူတိုအင်အားကို သီးသန့်ထားပြီး နယ်မြေခွဲပေးကာ လျော်ကြေးပေးမည်ဟု ဆိုလိုနေခြင်း မဟုတ်ပါလော။

သို့သော် နယ်ခြားအင်အားစုက ထိုသို့သော သဘောတူညီမှုမျိုးကို လက်ခံမည်လား။ အားလုံးနီးပါးက ကျန်းရှင်းသည် သူတို့ကို အရာအများကြီး ပေးအပ်လျှင်ပင် တစ်ဖက်လူမှာ အပေါ်ယံတွင် သဘောတူကြောင်း ပြသသော်လည်း နောက်တွင် သူတို့စကားများကို ပြန်ရုတ်သိမ်းပြီး စူးရှလေမြို့ထဲ ဝင်လာမည် ဖြစ်မှန်း သေချာသိကြသည်။

ထိုနယ်ခြားအရိုင်းအစိုင်းများက ယုံကြည့်စရာ တစ်ချက်မျှ မရှိပေ။

“ခန်းမသခင်ရှားရဲ့ ပထမရွေးချယ်မှုက မရေမရာ မသေချာဘူး။ နယ်ခြားအင်အားစု ကျူးကျော်လာပြီဆိုမှတော့ သူတို့မှာ အတောမသတ်နိုင်တဲ့ တပ်လဲ ပါလာမှာပဲ။ အဲဒါကြောင့် သူတို့ကို ခုခံတားဆီးဖို့ဆိုတာ မဖြစ်နိုင်ဘူး ”

မုတ်ဆိတ်ရှည်ရှည် သေသေသပ်သပ် ဝတ်ဆင်ထားသည့် အမျိုးသားက ထရပ်ကာ ပြောလိုက်သည်။

အားလုံးက သူတို့အမြင်များ မပြောခင် စုရွမ်က ဖြတ်ပြောလိုက်သည်

“တော်တော့ ... အားလုံးက အခု ကျွန်မနဲ့အတူ စူးရှလေမြို့ကို လိုက်ခဲ့ကြ ... နောက်ပိုင်း ကိစ္စတွေကို နောက်မှ ပြောကြမယ်။ ရွမ်ယု ... ကြယ်တာရာ သခင်ဝူရဲ့ အလောင်းကို တစ်ယောက်မှ မထိနိုင်အောင် ကာကွယ်ထား ”

“ဟုတ်ကဲ့ ”

လောက အင်မော်တယ် အဆင့် ၁ အမျိုးသမီး ကျင့်ကြံသူက ရှေ့ထွက်လာကာ ဖြေလိုက်သည်။

အားလုံးက သူမနောက် လိုက်ပါသွားကြသည်။ ရှားတန်တောက်မှာ အတော်လေး မကျေမနပ် ဖြစ်သွားတော့သည်။ သို့သော်လည်း အားလုံး ထွက်သွားပြီ ဖြစ်သောကြောင့် သူက ဤနေရာတွင် ဆက်မနေတော့ချေ။

စူးရှလေမြို့ရှိ ကာကွယ်ရေး အစီအရင် ဝင်ပေါက်တွင် ကျန်းရှင်း ကျင့်ကြံသူများက ကျန်းရှင်းအတွင်း စက္ကန့်ပိုင်းလေးအတွင်း လူထောင်ချီ ပို့ဆောင်ပေးနေသော အစီအရင်ကို မျက်တောင်မခတ် ကြည့်နေမိသည်။

လတ်တလောတွင် စူးရှလေမြို့တွင် လူအရေအတွက် မှာသိန်းဂဏန်းကျော် ရှိနေပြီး အားလုံးက ဦးဆောင်လာသူမှာ ပေါင်လေ့ ဖြစ်ကြောင်း မှတ်မိလိုက်ကြသည်။ သူက အဆင့် ၈ ထိပ်သီး သားရဲ ဖြစ်ကာ အဆင့် ၉ ရောက်ရန် ခြေတစ်လှမ်းမျှသာ လိုအပ်တော့သည်။

ထို့အပြင် ပေါင့်လေ့ဘေးတွင် ရပ်နေသူမှာ မြေကမ္ဘာ အင်မော်တယ် အဆင့်မြင့် ကျင့်ကြံသူ ဖြစ်၏။ ထိုကျင့်ကြံသူက စကားပြောရသည်ကို မကြိုက်၍ ကျန်းရှင်းကျင့်ကြံသူများက သူ့နာမည် မသိကြဘဲ ကြယ်တာရာ သခင်ချီထုံကို သတ်သွားသော ကူနို့တပ်မှ အဆင့်မြင့် ကျင့်ကြံသူ ဖြစ်ကြောင်းသာ သိကြသည်။

“ငါရဲ့ ကျန်းရှင်းမှာလည်း မြေကမ္ဘာ အင်မော်တယ် အဆင့် ကျင့်ကြံသူ တွေ ရှိရဲ့သားနဲ့ အခုချိန်မရှိတာ နှမြောစရာ ကောင်းလိုက်တာ ”

ဂိုဏ်းချုပ် တစ်ယောက်က သူ့စကားအဆုံးတွင် သက်ပြင်းရှည်ကြီးချလျက် ပြောလိုက်သည်။

မည်သူကမှ သူ့အား ပြန်မပြောကြပေ။ ကျန်းရှင်းတွင် အမှန်ပင် မြေကမ္ဘာ အင်မော်တယ် အဆင့်များ ရှိခဲ့လေ၏။ လောကအဆင့်ဇယားပေါ်ရှိ မြေကမ္ဘာ အင်မော်တယ် အဆင့် ကျင့်ကြံသူများက သက်သေပင် ဖြစ်၏။ သို့သော်လည်း ထိုမြေကမ္ဘာ အင်မော်တယ် အဆင့်မြင့် ကျင့်ကြံသူများက ကျန်းရှင်းတွင် မနေကြဘဲ ကောင်းကင် အင်မော်တယ် အဆင့် တက်လှမ်းနိုင်ဖို့ နည်းလမ်းနှင့် ဟင်းလင်းပြင်ကို ချိုးဖျက်နိုင်မည့် နည်းလမ်းကို ရှာဖွေဖို့ရာ အတွက် ကျယ်ပြောလှသည့် အာကာသထဲသို့ အမြဲသွားနေလေ့ ရှိသည်။

အကယ်၍ သူတို့သာ ကျန်းရှင်းကျူးကျော်ခံနေရကြောင်း ကြားသိလျှင်ပင် ပြန်လာဖို့ရာ အလွန်ပျင်းရိနေပေလိမ့်မည်။ သူတို့ အတွက် အဆင့်တစ်ဆင့် ထပ်တက်နိုင်ခြင်းက အရေးကြီးဆုံး ဖြစ်လေ၏။

“ဘမ်း ဘမ်း ဘမ်း ”

စူးရှလေမြို့ ကာကွယ်ရေး အစီအရင် အနားတွင် ပေါက်ကွဲသံ ဆက်တိုက်ကြားနေရလေ၏။ ထိုအရာမှာ ရန်သူဘက်မှ ပူးပေါင်းတိုက်ခိုက်မှုကြောင့် ဖြစ်သည်။ ထိုသိန်းသန်းချီနေသည့် နယ်ခြားအင်အားစုများက အင်အားပူးပေါင်းလိုက်သည့်အခါ စူးရှလေမြို့ ပွင့်သွားဖို့ရာ အချိန်တစ်ခုသာ လိုပေလိမ့်မည်။

မကြာခင်တွင် ထိုအရေအတွက် သန်းကျော်သွားမည်ကို သံသယ ဖြစ်ဖို့ပင် မလိုပေ။ ကူးပြောင်းအစီအရင် က တစ်ခါလျှင် ကျင့်ကြံသူ သောင်းချီကာ ပို့ဆောင်ပေးနေသည် မဟုတ်ပါလော။

“ဒီနေရာမှာ ဘာမှ မလုပ်ဘဲ ထိုင်နေတော့မှာလား။ ကျန်းရှင်း အတွက် စတေးဖို့ ဆန္ဒရှိသူတွေ ကျုပ်နဲ့အတူတူ ထွက်တိုက်ကြမယ် ”

ယန်ကျဲက အဆုံးမသတ်နိုင်သည့် နယ်ခြား အင်အားစုကို မြင်လိုက်သည့်အခါ အော်ပြောလိုက်သည်။

တစ်ယောက်မှ မတုံ့ပြန်နိုင်ခင် ရှားတန်တောက်က အေးစက်စွာ ပြောလိုက်သည်

“အရင်တုန်းက ကြယ်တာရာ သခင်ဝူက စူးရှလေမြို့ကို ကာကွယ်ဖို့ ကာကွယ်ရေး အစီအရင် တွေ အများကြီး ချထားခဲ့တယ်။ ဒီလိုဖြစ်လာမှတော့ အဲဒါတွေ ဆောက်နေခဲ့တာ ဘာအကျိုးရှိလို့လဲ ”

စုရွမ်က အေးစက်စွာ ပြန်လည် ချေပလိုက်သည်

“ကျွန်မတော့ ခန်းမသခင်ယန်နဲ့ သဘောတူတယ်။ ကြယ်တာရာ သခင်ဝူက ကာကွယ်ရေး အစီအရင် တွေ လုပ်ခဲ့တာက နယ်ခြားအင်အားစုက ကူးပြောင်းအစီအရင် ဆောက်တာ ပြီးစီးသွားတဲ့ အခါ ကျွန်မတို့တွေက အခွင့်အရေး ဆုပ်ကိုင်ပြီး သတ်နိုင်ဖို့ အတွက်ပဲ။ ဒီနေရာမှာ သူတို့ ချိုးဝင် လာတာကို ထိုင်စောင့်နေဖို့ မဟုတ်ဘူး။ ဒီနေရာမှာ စောင့်နေတာက သေခြင်းတရားကို စောင့်နေတာနဲ့ အတူတူပဲ ”

“သတ်ကြ ”

ပြောရင်း သူမက ယန်ကျဲနှင့်အတူ ကျင့်ကြံသူများကို ဦးဆောင်ရင်း ချီတက်သွားတော့သည်။ ခေါင်းဆောင် မပါရှိဘဲ ကျင့်ကြံသူအများစုမှာ သူတို့နှစ်ယောက် သွားသည့် နေရာတိုင်းကို လိုက်သွား ကြသည်။

အားလုံးက စုရွမ် ပြောသည်က အမှန်တရားမှန်း သိကြသည်။ နယ်ခြားအင်အားစုသာ ကူးပြောင်းရေး ပြီးစီးသွားလျှင် စူးရှလေမြို့မှာ ထပ်တောင့်ခံထားနိုင်တော့မည် မဟုတ်ပေ။

စူးရှလေမြို့မှ ကျင့်ကြံသူများ ထွက်လာသည်ကို သတိပြုမိပြီး ပူးပေါင်းတိုက်နေသည့် နယ်ခြား ကျင့်ကြံသူများက အရူးအမူး အော်ဟစ်ရင်း ချီတက်လာကြသည်။

စူးရှလေမြို့ အပြင်ဘက်တွင် နှစ်ဖက်လုံး တိုက်ခိုက်နေကြ၍ ထိုနေရာမှာ အချိန်တိုအတွင်း တိုက်ပွဲမြေ ဖြစ်သွားတော့သည်။

ထိုစဉ် စူးရှလေမြို့ အပြင်ဘက်ရှိ အစီအရင် မှ လူများစွာ ထွက်လာ ကြရုံသာမက စူးရှလေမြို့မှ ကျင့်ကြံသူ အများအပြားလဲ ထွက်လာကြသည်။

***

All Chapters