စူးရှလေမြို့အပြင်ဘက်မှ တိုက်ပွဲကြီး
Vol. 26 Ch. 360
ကျင့်ကြံသူများစွာ ထွက်လာသည်ကို တွေ့၍ ရှားတန်တောက်က ရုတ်တရက် ထအော်ကာ အမိန့်ပေးလိုက်သည်
“သေချင်နေကြတာလား။ မင်းတို့တွေ ဟိုမှာ မြေကမ္ဘာ အင်မော်တယ် ရှိနေယ်ဆိုတာ မမြင်ကြဘူးလား။ ဒီအချိန်မှာ ထွက်သွားတာက သေဖို့ သေချာနေတာပဲ ... ငါ ကြယ်တာရာ ဘုရင်တောင်ရဲ့ ကြယ်တာရာ တိုက်ပွဲခန်းမသခင် အနေနဲ့ အားလုံးကို ဒီမှာပဲ နေပြီးတော့ စူးရှလေမြို့ ကာကွယ်ရေး အစီအရင် ကို ကာကွယ်ဖို့ အမိန့်ပေးတယ်။ ငါတို့တွေ စူးရှလေမြို့ကို မိုက်ရူးရဲဆန်တဲ့ အခိုက်လေး အတွက် ငါတို့အင်အားစုတွေကို မမြှပ်နှံနိုင်ဘူး ”
ထွက်လာကြသည့် ကျင့်ကြံသူများက ရပ်တန့်လိုက်တော့သည်။ ရှားတန်တောက်သည် ကြယ်တာရာ ဘုရင်တောင်၏ ပထမခန်းမ ကြယ်တာရာ တိုက်ပွဲခန်းမ သခင် ဖြစ်ရုံသာမက မျိုးနွယ်စုကြီး သုံးခု ဖြစ်သည့် ရှားမျိုးနွယ်စု၏ ခေါင်းဆောင်လဲ ဖြစ်ပေသည်။
ကြယ်တာရာ တိုက်ပွဲခန်းမကို သူကိုယ်တိုင် စီမံနေပြီး ငါးခုမြောက် ခန်းမသခင် ဖြစ်သည့် ချူဖုန်းယီက ရှားမျိုးနွယ်စု ဘက်တော်သား ဖြစ်နေသေးသည်။
ထိုအရာများအားလုံးကို ထည့်မစဉ်းစားလျှင်ပင် ရှားတန်တောက်က ဤနေရာတွင် အားအကောင်းဆုံး ဖြစ်၏။ သူက ကြယ်တာရာ ဘုရင်တောင်တွင် ကြယ်တာရာ သခင်ချီထုံနှင့်အတူ အကြီးအကဲတချို့နှင့် ဦးဆုံး လောက အင်မော်တယ် အဆင့် ၈ ရောက်လာသည့် အဆင့်မြင့် ကျင့်ကြံသူ ဖြစ်၏။
စုရွမ်နှင့် ယန်ကျဲတို့ ထွက်မသွားရလျှင် သူတို့က ရှားတန်တော်နှင့် ဆက်အငြင်းပွားနေဦးမည် ဖြစ်၏။ သို့သော်လည်း နှစ်ယောက်လုံးမှာ ထွက်သွားပြီ ဖြစ်၍ မည်သူက ရှားတန်တောက် အမိန့်ကို မလိုက်နာဘဲ နေရဲမည်နည်း။
အကယ်၍ ရှားတန်တောက် အမိန့်ကို ဖီဆန်လျှင် သူက စူးရှလေမြို့သို့ ထွက်ပြီး နယ်ခြားအင်အားစုနှင့် မတိုက်ခိုက်ခင် ရှားတန်တောက် လက်ချက်ဖြင့် သေဆုံးနိုင်သည်။
သို့သော်လည်း အားလုံးက ရှားတန်တောက်ကို ကြောက်ရွံ့နေသည်တော့ မဟုတ်ပေ။ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားချိန်တွင် အရိပ်တစ်ခုက ရှားတန်တောက်ရှေ့မှ ပေါ်လာပြီး လက်ညိုးထိုးကာ စတင်အော်ပြောတော့သည်
“ရှားတန်တောက် ခင်ဗျားက သစ္စာဖောက်ပဲ ... ခင်ဗျားနဲ့ ယန်မျိုးနွယ်စုက ကိုယ်ပိုင်အကျိုးကို ကြည့်ပြီး နယ်ခြားအင်အားစုနဲ့ ပူးပေါင်းလို့ ကြယ်တာရာ သခင်ချီထုံ သေခဲ့ရတာ ... ပြီးတော့ ကြယ်တာရာ သခင်ဝူကိုလဲ လုပ်ကြံသေးတယ် ... ဒီနေ့က ကျန်းရှင်းကို ကာကွယ်ဖို့ အတွက် သွေးပူနေတဲ့ ကျင့်ကြံသူတွေကို ဘယ်လို တားရဲမလဲ ”
အပြင်ကို ထွက်ကာ နယ်ခြားအင်အားစုများကို သတ်ဖြတ်ချင်နေကြသည့် လူများက ရှားတန်တောက်ကို အော်ပြောသည့်သူကို တိတ်တဆိတ် ချီးကျူးလိုက်ကြသည်။ အားလုံးက ထိုလူမှာ ကြယ်တာရာ ဘုရင်တောင်မှ အရင်ကြယ်တာရာ သခင် နှစ်ယောက်ကဲ့သို့ တရားမျှတသော လူဖြစ်ကာ ကျန်းရှင်း အတွက် နှလုံးသားဖြစ်သည့် လောက အင်မော်တယ် ဆင့်မှ ရှုချီဟောင် ဖြစ်၏။
သို့သော်လည်း ရှုချီဟောင် စကားမဆုံးခင် အလင်းတန်းက သူ့အား ပိတ်လှောင်ထားလိုက်ကာ ရှားတန်တောက်က သူ့ဓားဖြင့် တိုက်ခိုက်လိုက်သည်။
ရှုချီဟောင်မှာ လောအင်မော်တယ် အဆင့် ၁ ဖြစ်ကာ သူ့လက်မောင်းမှာလည်း လွန်ခဲ့သည့် တစ်နှစ်လောက်က ပြန်ကောင်းလာပြီ ဖြစ်၏။ လက်ရှိတွင် သူက အဆင့်အများကြီး အလှမ်းကွာလှသည့် လောက အင်မော်တယ် အဆင့် ၈ ရှားတန်တောက်နှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။ သူက ခုခံဖို့ရာ မဖြစ်နိုင်သောကြောင့် ခန္ဓာကိုယ်ကို ရွေ့နိုင်ရုံမျှသာ ဖြစ်သည်။ သို့သော်လည်း ရှားတန်တောက်၏ နှစ်ပိုင်း ပိုင်းခြင်းကို ခံလိုက်ရသည်။
ကျန်းရှင်း၏ လောက အင်မော်တယ် အဆင့် ကျင့်ကြံသူက စကားအနည်းငယ်ပြောပြီး အသတ်ခံလိုက်ရသည်ကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ရပြီးနောက် လူအုပ်ကြီး၏ စိတ်နှလုံးမှာ အေးစက်လာတော့သည်။
အပြင်ဘက်ရှိ သတ်ဖြတ်နေသာ အသံများမှာ စူးရှလေမြို့အတွင်းမှ ကြောက်မက်ဖွယ် တိတ်ဆိတ်နေမှုနှင့် ယှဉ်လျှင် သရော်နေသလို ဖြစ်၏။
ရှားတန်တောက်က လူအုပ်ကြီးကို ကြည့်ကာ အေးစက်စက် ပြောလိုက်သည်
“အခု ကျုပ်တို ကျန်းရှင်းက သေရေးရှင်ရေးနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ ရှုချီဟောင်က ကြယ်တာရာ ဘုရင်တောင်ရဲ့ ခန်းမသခင်တစ်ယောက်ကို သူ့ကိုယ်ကျိုး အတွက် ရှုံ့ချရဲတယ်။ ကျုပ်က သူ့ရည်ရွယ်ချက်ကို သိတာပေါ့ … တကယ်လို့ သူက လောက အင်မော်တယ် အဆင့် ၄ မဟုတ်သေးဘူး လောက အင်မော်တယ် အဆင့် ၃ ဖြစ်နေရင်တောင် သူ့ကို ကြယ်တာရာ သခင်အဖြစ် သဘောတူပေးမှာပေါ့။ အခုတော့ သူ့ကျင့်ကြံဆင့် အနိမ့်လေးနဲ့ ကြယ်တာရာ သခင် ဖြစ်ချင်နေတယ်။ ကျုပ်တို့က သေရေးရှင်ရေး ရင်ဆိုင်နေရတာလေ ဒါကို ကလေး ကစားသလိုမျိုး ယူဆလို့မှ မရတာ ... ”
ရှုချီဟောင်က ရှားတန်တောက် အကြံစည်ကို ငြင်းပယ်ခြင်းမှာ ရှားတန်တောက်က ရှူချီဟောင်သည် ကြယ်တာရာ သခင် ဖြစ်ချင်၍ဟု ပြောဆိုခြင်းနှင့် အဆုံးသတ်သွားလေသည်။
အပြင်ဘက်တွင် ကျယ်လောင်စွာ တိုက်ခိုက်နေသံများနှင့် ယှဉ်လျှင် အတွင်း၌ မည်သူမျှ စကားမပြောရဲကြ၍ တိတ်ဆိတ်နေလေသည်။
ရှားတန်တောက်က သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်ရင်း ပြောလိုက်သည်
“ကြယ်တာရာ ဘုရင်တောင်ရဲ့ ကြယ်တာရာ သခင် ဝူလင်းကျီ အသတ်ခံပြီးတော့ ကျုပ်တို့ ကျန်းရှင်းက အန္တရာယ်အကြီးကြီးထဲ ရောက်နေပြီ။ ကျုပ်တို့က သတိလွှတ်သွားပြီးတော့ အပြင် ထွက်မသွား သင့်ပါဘူး။ ရန်သူထက် ပိုမြန်တာထက် စာရင် ကျန်းရှင်း အတွက် ဘာလုပ်နိုင်မှာလဲ။ ကျုပ်တို့တွေ အခုလိုအပ်နေတာက ကျန်းရှင်းကို အောင်အောင်မြင်မြင် ကာကွယ်ထားနိုင်ဖို့ မဟုတ်ဘူးလား ”
“ကျုပ် ချူဖုန်းယီက ကြယ်တာရာ မီးတောက်ခန်းမကို ကိုယ်စားပြုပြီးတော့ ခန်းမသခင်ရှားနဲ့ သဘောတူတယ်။ ခန်းမသခင်ရှား ပြောတာ မမှားဘူး။ ကျုပ်တို့တွေ သတိလက်လွတ် မလုပ်သင့်ဘူး။ ကျုပ်က ခန်းမသခင်ယန်နဲ့ ခန်းမသခင်စုတို့လို သွေးပူပေမဲ့ သူတို့နည်းလမ်းကိုတော့ သဘောမတူဘူး။ ဒါပေမဲ့လည်း သူတို့ကို အပြစ်တင်လို့တော့ မရပါဘူး။ ကျုပ်တို့မှာ အမိန့်ပေးမဲ့ ကြယ်တာရာ သခင်မှ မရှိတာ ... ကျုပ်တော့ ကြယ်တာရာ တိုက်ပွဲသခင် ရှားတန်တောက်ကို ကြယ်တာရာ သခင်အဖြစ် ထောက်ခံပေးပါတယ်။ ကျုပ်နဲ့ သဘောတူတဲ့သူတွေ ရှေ့ထွက်ပေးကြပါ။ ကျုပ်တို့တွေ ဒီကိစ္စကို အချိန်ဆွဲနေလို့ မဖြစ်ဘူး။ ကျုပ်တို့တွေ အမျိုးဖြတ်ခံရကိန်း နီးလာလိမ့်မယ် ... ”
ဆံပင်နီကြောင်ကြားနှင့် လူက ထရပ်ကာ ပြောလိုက်သည်။
လူတော်တော်များများက ဤအမျိုးသားမှာ ကြယ်တာရာ ဘုရင်တောင်၏ ကြယ်တာရာ မီးတောက်ခန်းမ သခင် ချူဖုန်းယီ ဖြစ်ကြောင်း သိကြသည်။ ထိုလူမှာ ရှားမျိုးနွယ်စုအနားတွင် ခွေးတစ်ကောင်လို ကပ်ဖားရပ်ဖား နေနေခြင်း ဖြစ်၏။
ချူဖုန်းယီ စကားအဆုံးတွင် လူအများစုက ရှေ့ထွက်လာရင်း ရှားတန်တောက် ကြယ်တာရာ သခင် ဖြစ်လာရန် ထောက်ခံပေးကြသည်။ ထိုအားပေးသံများမှာ ကြယ်တာရာ တိုက်ပွဲမှ လူအများစု ဖြစ်ကြသည်။
ဂိုဏ်းချုပ်အချို့နှင့် အကြီးအကဲတို့က ဤသို့သော မဲဆန္ဒကောက်ခံခြင်းမှာ ဟာသတစ်ခုသာ ဖြစ်ကြောင်း သိ၍ တိတ်တခိုးသာ သက်ပြင်းချနိုင်ကြတော့သည်။ ခန်းမဆယ်ခုလုံးမှ ကိုယ်စားပြုများ မရှိသည့်အချိန်တွင် မည်သူကများ သူ့ ကိုယ်ပိုင်ထောက်ခံမဲများကို ငြင်းပယ်ရဲမည်နည်း။
နှမြောစရာကောင်းသည်က ယန်မျိုးနွယ်စုများပင် အနီးအနား ရှိမနေချေ။ ယန်ဖင်းကျီသာ ရှိနေပါက သူက ရှားမျိုးနွယ်စုကို သေချာပေါက် ဆန့်ကျင်ပေလိမ့်မည်။
“ကြယ်တာရာ သခင် ရွေးချယ်တာကို အချိန်ယူ စဉ်းစားသင့်တယ်လို့ ကျုပ်တော့ ထင်တယ်။ ကျုပ်တို့တွေ ခန်းမသခင်တွေနဲ့ ဂိုဏ်းချုပ်တွေ အများဆုံးရှိတဲ့အချိန်မှာ မဲဆန္ဒကောက်သင့်တယ်”
လူလတ်အမျိုးသားက ထရပ်ကာ ပြောလိုက်သည်။
ထိုအရာကို ကြားပြီး ရှားတန်တောက်၏ အကြည့်ထဲ၌ လူသတ်ငွေ့များ ထွက်ပေါ်လာသည်။ သို့သော်လည်း ထိုလူကို မြင်ပြီးနောက် လူသတ်ငွေ့များက ပျောက်ကွယ်သွားတော့သည်။
ထိုသူမှာ ကြယ်တာရာ ဘုရင်တောင်၏ အဌမမြောက် မိုးသောက်ကြယ်တာရာ ခန်းမသခင် ဖြစ်သည့် ဂူချောင်း ဖြစ်နေသည်။ သူက မော့မျိုးနွယ်စုကို သစ္စာရှိ ထောက်ခံသူ ဖြစ်ကာ လောက အင်မော်တယ် အဆင့် ၅ လည်း ဖြစ်၏။
မော့မျိုးနွယ်စုက မြောက်ဖက် ကြယ်တာရာ တပ်ကို ထိန်းချုပ်ထားခြင်းကို ဂူချောင်း၏ ထောက်ပံ့မှုကိုပါ ထည့်ပေါင်းပါက သူတို့အင်အားမှာ ယန်မျိုးနွယ်စုထက် အားမနည်းချေ။ ထို့ကြောင့် သူက ရှူချီဟောင်ကို လုပ်သကဲ့သို့ မလုပ်ရဲခြင်း ဖြစ်၏။ ရှင်းရှင်းပြောရလျှင် ရှုချီဟောင်က ကြယ်တာရာ သခင် သေဆုံးသွားပြီးနောက်တွင် ကာကွယ်သူသာသာ ဖြစ်ပြီး တစ်ယောက်တည်း ဖြစ်လေသည်။ သို့သော်လည်း ဂူချောင်း၏ နောက်ခံမှာ မော့မျိုးနွယ်စုနှင့်အတူ ကျင့်ကြံသူတပ်တစ်ခုလုံး ရှိနေသည်။
“ခန်းမသခင်ဂူ စကားတွေက အဓိပ္ပာယ်ရှိပေမဲ့ အခုက ကျုပ်တို့ အတွက် အရေးကြီးဆုံး အခြေအနေ ကျရောက်နေပြီလေ။ နေ့စဉ် လုပ်ဆောင်သလိုမျိုး လုပ်နေလို့ မရတော့ဘူးမလား ... ခန်းမသခင်ရှား .. ကျုပ်က ကျန်းရှင်းက ကျင့်ကြံသူ အားလုံးကို ကိုယ်စားပြုပြီးတော့ နောက်ကြယ်တာရာ သခင်အဖြစ် တက်ဖို့ တောင်းဆိုတာပါ။ ကျန်းရှင်း အတွက် စဉ်းစားပေးပြီး ကျန်းရှင်းကို ဖျက်စီးမခံပါနဲ့တော့ ... ”
ချူဖုန်းယီက ဂူချောင်း၏ အကြံပြုချက်ကို လုံးဝ လျစ်လျူရှုထားလေသည်။
ဘေးမှာရှိနေသည့် အကြီးအကဲများနှင့် ဂိုဏ်းချုပ်တချို့က စိတ်အတွင်းမှ ဟားလိုက်ကြသည်။
ခင်ဗျား ချူဖုန်းယီက ကျန်းရှင်းကျင့်ကြံသူတွေကို ကိုယ်စားပြုဦးမယ် ဆိုပဲ ... ခင်ဗျားမှာ ဘာအခွင့်အရေး ရှိလို့ ကျုပ်တို့ကို ကိုယ်စားပြုမှာလဲ ...
သို့သော်လည်း ရှားတန်တောက်၏ အားကောင်းလှသည့် အရှိန်အဝါ အောက်၌ မည်သူကမျှ ရှေ့ထွက်လာပြီး မပြောရဲကြပေ။
ဂူချောင်းက ထိုအရာကို ကြားသော်လည်း ပြဿနာ ဖြစ်တော့မည်မှန်း သိသော်ငြား ဂူချောင်း မပြောခင် ရှားတန်တောက်က အရင်ဦးဆုံး ပြောလိုက်တော့သည်
“ဒီလိုဆိုမှတော့ ကျုပ်က ကြယ်တာရာ သခင်အဖြစ် ယာယီ ထမ်းဆောင်ပြီးတော့ ကျန်းရှင်းရဲ့ ဘေးကင်းမှုကို တာဝန်ယူပေးပါ့မယ်။ အားလုံး အကုန်ပြန်ဆုံတဲ့အချိန်ကျ ကျုပ်က ကြယ်တာရာ သခင် အရိုက်အရာကနေ အချိန်မရွေး ဆင်းပေးပါ့မယ် ”
ရှားတန်တောက် အရှက်မဲ့ပုံကို မြင်ကာ ဂူချောင်းက သူထပ်၍ ငြင်းဆန်နေ၍ မရတော့ကြောင်း သိလိုက်သည်။ သူ ငြင်းဆန်လေလေ အတွင်းပဋိပက္ခဖြစ်ဖို့ အခွင့်အရေးများလေလေ ဖြစ်လိမ့်မည်။ သို့သော် မော့မျိုးနွယ်စုမှ အဆင့်မြင့် ကျင့်ကြံသူများက ဤနေရာကို အခုထိ ရောက်မလာကြသေးပေ။
“ဘာတွေ ဖြစ်နေတာလဲ ”
ခုခံမှုကို ကာကွယ်ရန် လူများများစားစား မရှိကြောင်း တွေ့ပြီးနောက် ယန်ကျဲက ကြောင်အ သွားတော့သည်။
စုရွမ်က အခြေအနေကို သတိပြုမိပြီး ပြောလိုက်သည်
“ကျွန်မတို့တွေ တစ်ချိန်တည်း ထွက်မလာသင့်ဘူး။ အရမ်းသတိမဲ့မိသွားတယ် ... တကယ်လို့ ကျွန်မ မမှားရင် ရှားတန်တောက် အဲဒီလူက စူးရှလေမြို့ကို ထိန်းချုပ်လိုက်ပြီးတော့ ကျင့်ကြံသူတွေကို ထွက်မလာခိုင်းတာ နေမှာ .. သူက အရိုက်အရာကို လိုချင်တပ်မက်နေတာ ကြာပြီဆိုတော့ သူ့ကိုယ်သူ ကြယ်တာရာ သခင်အဖြစ် သတ်မှတ်ပြီးလောက်ပြီ ”
မြေကမ္ဘာ အင်မော်တယ် အဆင့် ကျင့်ကြံသူကို ကြည့်ကာ ယန်ကျဲက ရုတ်တရက် အားရပါးရ ရယ်မောရင်း ပြောလိုက်သည်
“အဲလိုဆိုမှတော့ ကျုပ် ယန်ကျဲက စူးရှလေမြို့အပြင်ဘက် သွေးချောင်းစီးစေပြီးတော့ ကျန်းရှင်း အတွက် နောက်တစ်ကြိမ် တိုက်ခိုက်တာပေါ့ ... ”
“ခန်းမသခင်ယန်လို လူမျိုးနဲ့ ဘေးချင်းယှဉ်တိုက်ခွင့်ရတာ ကျွန်မ ဘဝရဲ့ ဂုဏ်ယူရ အကောင်းဆုံး အရာပဲ ”
စုရွမ်က သူမ လက်ရှိအခြေအနေကို ကောင်းကောင်း သိ၏။
သူမဖက်မှ အရေအတွက်မှာ မနည်းသော်လည်း တစ်ဖက်လူမှာ တစ်ကွက်မှ မတိုက်ရသေးသည့် မြေကမ္ဘာ အင်မော်တယ် အဆင့် ကျင့်ကြံသူ ဖြစ်၏။ ထိုအရာအပြင် နယ်ခြား အင်အားစုများမှာ အစီအရင်မှ တစ်ဆင့် ပိုပို၍ ရောက်ရှိလာနေသည်။ စူးရှလေမြို့ဖက်မှ ကျင့်ကြံသူများက တဖြည်းဖြည်း နည်းပါးလာပြီ ဖြစ်၏။
ကိုယ့်လူများက လျော့နည်းလာချိန် တစ်ဖက်က အင်အား တိုးလာခြင်းကို ကြုံတွေ့ရသည့်အခါ စိတ်ထိခိုက်စရာ ကောင်းလှသည်။
လက်ရှိတွင် အားလုံးက အစီအရင်မှ လူများ ထွက်ပေါ်လာခြင်းကား ရပ်တန့်သွားကြောင်း သတိပြုမိ လိုက်ကြသည်။
နှစ်ဖက်လုံးတွင် တပ်ကူများ ဆုံးရှုံးသွားကြောင်း ပြောနိုင်လေသည်။
ထိုအရာကို အတည်ပြုပြီးနောက် စုရွမ်က ချက်ချင်းဆိုသလို အော်ကာ အမိန့်ပေး လိုက်တော့သည်
”ကျန်းရှင်းက လောက အင်မော်တယ် အဆင့် ကျင့်ကြံသူတွေက ခန်းမသခင်ယန်နဲ့ ကျွန်မနောက် လိုက်ခဲ့ကြပါ ... ကျန်တဲ့ လူတွေက သွားပြီးတော့ သတ်ပစ်ကြ ... ”
စုရွမ် သတိပေးချက် မပါရှိလျှင်ပင် လောက အင်မော်တယ် အဆင့် ကျင့်ကြံသူများက သူတို့နား ရောက်နေပြီ ဖြစ်လေသည်။ အကြောင်းမှာ မြေကမ္ဘာ အင်မော်တယ် အဆင့် ကျင့်ကြံသူက အခုထိ မလှုပ်ရှားရသေးပေ။ မြေကမ္ဘာ အင်မော်တယ် အဆင့် ၁ နှင့် ရင်ဆိုင်ရာတွင် လောက အင်မော်တယ် အဆင့် ကျင့်ကြံသူအားလုံးက မတိုက်ခိုက်ခင် သူ့ကို ဝန်းရံထားကြသည်။ တစ်ဖက်မှာ အရေအတွက် များသော်လည်း စူးရှလေမြို့မှ ထွက်လာသော အရေအတွက် လောက် မများပြားသေးပေ။
ထို့အပြင် သူတို့ဘက်၌ လောက အင်မော်တယ် ၉ ယောက် ရှိပြီး တစ်ဖက်တွင် သူတို့ထက် အနည်းငယ် အားကောင်းသော မြေကမ္ဘာ အင်မော်တယ် အဆင့် တစ်ယောက်နှင့် ပေါင်လေ့သာ ရှိ၏။ ထိုအရာကို နှိုင်းယှဉ်ခြင်းဖြင့် ကျန်းရှင်းဘက်က အရေးနိမ့်နေခြင်း မဟုတ်ပေ။
နယ်ခြားအင်အားစုဘက်တွင် ပေါင်လေ့နှင့် မြေကမ္ဘာ အင်မော်တယ် အဆင့် ကျင့်ကြံသူတို့မှာ လှုပ်ရှားဖို့ မလိုအပ်ပေ။ အကြောင်းမှာ မကြာခင်တွင် အဆင့် ၈ သားရဲများနှင့် လောက အင်မော်တယ် အဆင့် ကျင့်ကြံသူများ လိုက်လာတော့မည် ဖြစ်သည့် အတွက် သူတို့အနေနှင့် ဝင်ပါရန် မလိုအပ်ကြောင်း ခံစားမိ၍ ဖြစ်သည်။ သို့သော်လည်း ကိစ္စများက တမျိုးတဖုံ ပြောင်းလဲသွားကာ ကူးပြောင်းအစီအရင် ကား ရုတ်တရက် ရပ်တန့်သွားလေ၏။
“ပေါင်လေ့ ... လောကခန်းမမှာ ဘာဖြစ်သွားတာလဲဆိုတာ ငါ သွားကြည့်လိုက်ဦးမယ် ... အစီအရင် ကို သေချာစောင့်ကြပ်ထား ”
မြေကမ္ဘာ အင်မော်တယ် အဆင့် ကျင့်ကြံသူက အေးစက်စွာ ပြောလိုက်သည်။
“ဟုတ်ပြီ ”
ပေါင်လေ့က လောကခန်းမတွင် တစ်ခုခု မှားယွင်း နေကြောင်း ခံစားမိနေသည်။ သူ့ ဦးဆောင်မှု နောက်တွင် ဆစ်က သူ့လူများကို ခေါ်၍ သေချာပေါက် ရောက်လာမည် ဖြစ်၏။ ယခုအခါ ကူးပြောင်း အစီအရင် ရပ်သွားခြင်းမှာ ဒုက္ခ ဖြစ်နေသည်။
***