← Chapters

လောကအဆင့် ဇယား၏ အဆင့်

Vol. 27 Ch. 362

လောကအဆင့် ဇယား၏ အဆင့်

Vol. 27 Ch. 362

“ဘုန်း ” မိုဝူကျီသည် သူ့တျန်းဂျီတုတ်မှ ထွက်ပေါ်လာသော အသံကြောင့် စိတ်ထဲ၌ ပျော်ရွှင် သွားမိသည်။ သူ့မှန်းဆချက်ကား မှန်ကန်မည် ဖြစ်ကြောင်း သိကာ သူ့အလစ် တိုက်ခိုက်မှုမှာ အမှန်ပင် အောင်မြင် ခဲ့လေသည်။ သူ့တျန်းဂျီတုတ်က သဘာဝစွမ်းအား အကာအကွယ်နှင့် တွေ့သော်လည်း သူ့အားပြင်းသော ရိုက်ချက်အောက်တွင် တစ်ဖက်လူ၏ အကာအရံကို ချိုးဖောက် သွားနိုင်လေ၏။

မိုဝူကျီက လျှပ်စီးဓားကို ချက်ချင်း ပစ်လွှတ် လိုက်ပြီးနောက် သူ့ပုံရိပ်မှာ နဂိုနေရာကနေ ချက်ချင်းဆိုသလို  ပျောက်ကွယ် သွားသည်။

“ ဖူး ” အဖြူရောင်အလင်း အုတ်မြစ်မှ သွေးအန် လိုက်သည်ကို မြင်လိုက်ရသည်။ တစ်ချိန်တည်း ဆိုသလို အထီးကျန် ကြိုးနီနှင့် ကျန်လူများက မိုဝူကျီ၏ ခန္ဓာမှာ  လှီးဖြတ် ခံလိုက် ရသလို ဖြစ်လာသည်ကို သတိထားမိ လိုက်ကြသည်။

“ အား ” ခပ်ဩဩ ဒေါသတကြီး အော်ဟစ်သံကို ကြားလိုက်ရသည်။ ချည်ထည် ဝတ်စုံဖြင့် ခန္ဓာကိုယ် ခပ်ထွားထွား အမျိုးသားက အစီအရင်ထဲမှ ပြေးထွက် လာလေသည်။

ထိုအမျိုးသား မျက်နှာ တစ်ခုလုံးမှာ သွေးချင်းရဲနေပြီး အမူအရာမှာ သူ့အနီးအနားတွင် ရှိနေသော အရာအားလုံးကို ဝါးမျို ဖျက်ဆီး ပစ်ချင်ဟန် ရှိသည်။ ဒေါသတကြီး ဟစ်ကြွေးသံက သူ့ဆီမှ ထွက်လာခြင်း ဖြစ်သည်။

အထီးကျန်ကြိုးနီနှင့် ကျန်လူများကို အံ့ဩစေဆုံး ကိစ္စရပ်မှာ ထိုအမျိုးသားခေါင်း၌ တုတ်ဖြင့် အရိုက်ခံထားရသည့် ဒဏ်ရာ ရှိနေခြင်း ဖြစ်သည်။ တုတ်က အမျိုးသား၏ နဖူးတည့်တည့် ရိုက်မိဟန် ပေါ်လေ၏။ သို့သော် ထိုအမျိုးသား၏ ဦးခေါင်းမှာ မာလွန်း၍ တစ်ချက် ရိုက်ပြီး သွားသော်လည်း မကွဲမအက် ကျန်ရှိနေလေ၏။

ထို့အပြင် သူ့ခါးတွင်လည်း သွေးများ စီးကျ နေလေသည်။ ထိုသွေးစီး ကျနေသည့်  ဒဏ်ရာမှာ  မည်းတူး နေသည်။

အားလုံးက မိုဝူကျီ၏ အလစ်တိုက်ခိုက်မှု အောင်မြင် သွားကြောင်း သိလိုက်ကြသည်။ အထီးကျန်ကြိုးနီက မိုဝူကျီ ခန္ဓာကိုယ် အခြေအနေကို ပြန်မှတ်မိလိုက်သည့် အခါ စိတ်တုန်လှုပ်မှုကို မထိန်းချုပ် နိုင်တော့ပေ။ သို့သော်လည်း မိုဝူကျီ၏ အသံကို ကြားလိုက်ရသည်

“  ၆၀ ၇၀ ရာခိုင်နှုန်းလောက်တော့ ပြီးသွားပြီ အခု အားလုံး အတူတူ ပေါင်းပြီး အဆုံးသတ် လိုက်ကြတော့ .... ”

အထီးကျန်ကြိုးနီက အလွန်တက်ကြွ နေလေသည်။  တစ်ချိန်တည်းတွင် သူက အပိုင်းပိုင်း အစစ ဖြစ်သွားသည်ကို  မြင်လိုက်ရသည်က မိုဝူကျီ၏ ပုံရိပ်များ ဖြစ်ကြောင်း သတိပြုမိ လိုက်ပြီးနောက် အလွန် တုန်လှုပ် မိသွားတော့သည်။ မိုဝူကျီ ပုံရိပ်များက အပိုင်းပိုင်းအစစ ဖြစ်သွားသော်လည်း သူက အဆင်ပြေနေဆဲ ဖြစ်လ၏။

ဘယ်လိုများလဲ ...  ထိုအရာက ဆက်တိုက် ရွေ့ပြောင်း စွမ်းရည်များလား ....

ထိုသို့သော ဆက်တိုက် ရွေ့ပြောင်းစွမ်းရည်မှာ မြေကမ္ဘာ အင်မော်တယ် အဆင့်ပင် လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ ပြောကြသည်မှာ အာကာသ ဝံပုလွေ ဘုရင်ကြီး၏ မြေးဖြစ်သူ မျက်လုံးဖြူ ဝံပုလွေ မင်းသားလေးက ထိုပညာရပ်ကို နားလည်ခဲ့သည်ဟု ဆိုကြသည်။ သို့သော်လည်း မိုဝူကျီ၏ သတ်ဖြတ်မှုကို ခံခဲ့ရသည် ဖြစ်ရာ မိုဝူကျီက သူ့ဆီမှ ထိုပညာရပ် ရလာခြင်း ဖြစ်နိုင်သည်။

အထီးကျန်ကြိုးနီက အတော်လေး တိကျလေ၏။ မိုဝူကျီက ထိုပညာရပ်ကို အမှန်ပင် မျက်လုံးဖြူ ဝံပုလွေ မင်းသားဆီမှ ရထားခြင်း ဖြစ်သည်။

ဟုန်ဟွာနှင့် အခြားသော စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူများက မြေကမ္ဘာ အင်မော်တယ် အဆင့် ကျင့်ကြံသူ အမျိုးသားကို မြင်သည့်အခါ ဒေါသတကြီး အော်ဟစ်လိုက်ရင်း  “ ကျန်းတျန်းချန် အတွက် လက်စားချေကြ ... ”

ယခုလေးပင် ကျန်းတျန်းချန်က မိုဝူကျီ စကားကို နားမထောင်ဘဲ အရင် တိုက်ခိုက် ခဲ့လေသည်။ ရလဒ်အနေနှင့် အသက်ပေး လိုက်ရ၏။

လက်တွေ့တွင် မိုဝူကျီလည်း အကြောက်တရား အချို့ ရှိမိသည်။ မြေကမ္ဘာ အင်မော်တယ်က အားကောင်းမှန်း သိသော်လည်း သူက ထိုမျှအထိ အားကောင်း နိုင်ပါ့မလားဆိုတာ မသိပေ။ အကယ်၍ သူသာ ရွေ့ပြောင်း စွမ်းရည်ကို မသုံးဘဲ လေ လွတ်မြောက်ရေး နည်းစနစ်ကို အသုံးပြုခဲ့ပါက လုံးဝ လွတ်မြောက် နိုင်မည် မဟုတ်ပေ။

“ မင်းက ငါ့ကို အလစ်တိုက်ခဲ့တဲ့ သူပဲ ..” ချည်ထည် ဝတ်ရုံနှင့် အမျိုးသားက မိုဝူကျီကို ကြည့်ကာ  “ မင်းက ရွေ့ပြောင်း စွမ်းရည် အကြောင်းကိုတောင် သိနေတာလား ... ”

အချိန်တိုလေးအတွင်း သူ့မျက်လုံးထဲမှ ဒေါသတရားများက ပျောက်ကွယ် သွားပြီး စိတ်ရှုပ်ထွေး မှုများသာ အစားထိုး ဝင်ရောက်လာ၏။

မိုဝူကျီကို အနည်းငယ် ရင်းနှီးသည်ဟု ခံစားလာရသော်လည်း သူ့ဦးနှောက်မှာ မိုဝူကျီ တုတ်ချက် မိထားသောကြောင့် ချက်ချင်း ပြန်မမှတ်မိပေ။ ထို့အပြင် သူ့မှတ်ဉာဏ်များက ဖြည်းဖြည်းချင်း ကွယ်ပျောက် လာနေသည်ဟု ခံစားနေရသည်။

သူက အလစ် တိုက်ခိုက်ခံရသည်ကို အနည်းအကျဉ်း အမှတ် ရလိုက်သည်။ သူ့အား အလစ် တိုက်သူကိုလည်း ချက်ချင်း သတ်ပစ် လိုက်လေသည်။ ထို့နောက် တိုက်ခိုက်မှုက တစ်ခု မကကြောင်း သတိထားမိ၍ သဘာဝ စွမ်းအားများကို သုံးကာ ဒုတိယ တိုက်ခိုက်မှု အတွက် အကာအရံ ပြုလုပ် ထားလိုက်သည်။

မဟုတ်သေးပါဘူး ... ငါ့ကို အလစ်တိုက်တဲ့ နှစ်ယောက်လုံးကို သတ်ပစ်လိုက်သင့်တာ ...

မိုဝူကျီက သူ့တျန်းဂျီတုတ်ကို တင်းတင်း ဆုပ်ကိုင်ထားရင်း ချည်ထည်ဝတ်ရုံနှင့် အမျိုးသားကို ကြည့်ကာ  “ ကျုပ်က ခင်ဗျားကိုပဲ တိုက်ခဲ့တာ မဟုတ်ဘူး ... အာကာသ သားရဲတွေနဲ့ ကူနို့ကြယ်တာရာလူ နှစ်မီလီယံ လောက်ကိုလည်း သတ်ပြီးသွားပြီ။  ခင်ဗျား ဘေးပတ်လည်က ရေခဲစတွေက ခင်ဗျားတို့ ကူနို့တပ်သားတွေပဲ ... ”

မိုဝူကျီ၏ နှလုံးသားမှာ မျက်နှာကဲ့သို့ တည်ငြိမ်မနေပေ။ လျှပ်စီးချက်နှင့် အတူ တုတ်ချက် အကွက်ကို မသေဘဲ ရှိနေသူနှင့် ကြုံတွေ့ဖူးသည်မှာ ပထမဆုံး အကြိမ် ဖြစ်၏။

မြေကမ္ဘာ အင်မော်တယ် အဆင့် က ထိုမျှ အားကောင်းကြတာလား ....

“ ကူနို့က ဘယ်မှာလဲ။ မင်းက ဘယ်သူလဲ .... ဘာလို့ ငါ့ရှေ့ ရပ်နေတာလဲ ... ” ချည်ထည် ဝတ်ရုံနှင့် အမျိုးသားက ယခင်မေးနေသည့် မေးခွန်းများကို မေ့လျော့သွားသည် သာမက  သူ့ကိုယ်သူ မိုဝူကျီက  သူ့ကို အလစ် တိုက်ခဲ့သည့်သူလားဟု ပြန်မေးနေတာကိုပင် မေ့လျော့ သွားပုံ ရသည်။

“ ကူနို့ကြယ်တာရာက လူတွေက ခင်ဗျားကို လုပ်ကြံကြတာ။ ခင်ဗျား ကူနို့ကို သွားချင်ရင် ကျုပ် ခေါ်သွားပေးမယ် ... ” မိုဝူကျီက ဤလူဦးနှောက် အခြေအနေမှာ သွက်သွက်ခါရူးသွားပြီး သူ့ကမ္ဘာဦး စိတ်ဝိညာဉ်မှာလည်း ပျောက်ကွယ်လာပြီ ဖြစ်ကြောင်း ပြောနိုင်သည်။ သူက တစ်ခုကိုမှ အမှတ်မရတော့ပေ။ သူ စောစောလေးမှ ပြောခဲ့သည့် စကားများကိုပင် မေ့လျော့ သွားဟန် ပေါ်နေသည်။

“ မြန်မြန် လမ်းပြ ... သူတိုက ငါ့ကို အလစ် တိုက်ရဲတာပဲ ... ” ချည်ထည် ဝတ်ရုံနှင့် အမျိုးသားက ဒေါသတကြီး ပြောလိုက်သည်။

မိုဝူကျီက အထီးကျန် ကြိုးနီနှင့် ကျန်လူများကို မျက်စ ပစ်ပြပြီးနောက် လောကခန်းမဆီ ဦးဆောင် ခေါ်သွားတော့သည်။

“ သူက ဂန်စီ ပဲ ...” ဤနေရာတွင် ချန်စယ်က ကျင့်ကြံဆင့် အမြင့်ဆုံး ဖြစ်သော်လည်း သူ အကြောက်ဆုံးမှာ ဂန်စီ ဖြစ်၏။ ဂန်စီက မိုဝူကျီနောက် လိုက်သွားပြီ ဖြစ်သော်လည်း ချန်စယ် အသံမှာ တုန်ယင်နေဆဲ ဖြစ်၏။

မိုဝူကျီ ဦးဆောင်မှုအောက်တွင် ဂန်စီကို လောကတိုင်ရှိ တတိယ အလွှာထိ ခေါ်လာလေသည်။ တတိယ အလွှာမှ သူက အာကာသထဲ ဝင်ရောက်ကာ ပျောက်ကွယ် သွားလေသည်။

ဂိတ်တံခါးဝတွင် နေရာချထားခြင်း ခံရသော ရှီလုက ဗလာနတ္ထိ အမူအရာဖြင့် ဝင်လာသော ဂန်စီကို ကြည့်လိုက်မိသည်။ အချိန် အနည်းငယ် အကြာတွင် သူက တအံ့တဩ မေးလိုက်လေ၏  “ အစ်ကိုမို သူက ဘယ်သူလဲ ...”

ထိုစဉ် အထီးကျန်ကြိုးနီနှင့် အပေါင်းအပါများက ပြေးလာကြ၏။ ရှီလု၏ မေးခွန်းကို အထီးကျန် ကြိုးနီက ဖြေကြား ပေးလိုက်သည်

“ အဲဒီလူက ကူနို့ကြယ်တာရာ တပ်ရဲ့ မြေကမ္ဘာ အင်မော်တယ် ဂန်စီပဲ။ သူက အစ်ကိုမိုရဲ့ တိုက်ခိုက်မှုကို ခံရပြီးတော့ တစ်ခန်း လွတ်သွားတာ  ... အခု သူ့ကိုယ်သူတောင် မမှတ်မိတော့ဘူး ”

မိုဝူကျီက သက်ပြင်း ချလိုက်ကာ ဂန်စီ ထွက်သွားမှုမှာ အကောင်းဆုံး အရာဟုပင် မှတ်ယူ၍ ရလေသည်။ ဂန်စီက သူ့မှတ်ဉာဏ်များကို ပြန်ရလာလျှင်ပင် မိုဝူကျီက လောက အင်မော်တယ် အဆင့် ရောက်နေလောက်လေပြီ ဖြစ်၏။ သူက လောက အင်မော်တယ် ဖြစ်လာသည်နှင့် သူက ဂန်စီကို ကြောက်ရွံ့နေစရာ မလိုတော့ပေ။

“ သူကို ကျုပ်က အလစ် တိုက်လိုက်တယ် ဆိုပေမဲ့ သူ့မှာ စွမ်းအား တစ်ဝက်တော့ ကျန်နေသေးတယ်။ ကျုပ်တို့ အတူတူ ပေါင်းတိုက်ရင်တောင် သူ့ကို သတ်ပစ်ဖို့တော့ မလိုဘူးလေ။ ပြီးတော့ သူ့ကို သတ်လိုက်ရင် ကျုပ်တို့လည်း ဆုံးရှုံးမှု ကြီးလိမ့်မယ်။ အဲဒါကြောင့် သူ့ကို လွတ်ပေးလိုက်တာ ... ” မိုဝူကျီက ရှင်းပြလိုက်သည်။

“ အစ်ကိုမို အခု ဘာလုပ်ကြမလဲ ” မိုဝူကျီက မြေကမ္ဘာ အင်မော်တယ်ကို အလစ် တိုက်ခိုက်တာ အောင်မြင်ခဲ့ပြီး နယ်ခြား အင်အားစိုကို အပြတ်ရှင်း နိုင်ခဲ့သည့် အတွက် ဤနေရာတွင် ရှိနေသော  အားလုံးက  မိုဝူကျီကို ခေါင်းဆောင် အဖြစ် ယူဆလိုက်ကြသည်။

“ အာကာသ ဂိတ်တံခါးကို ပိတ်တဲ့အထိ စောင့်ဦး ...” မိုဝူကျီ ၏ အဆုံးမဲ့ စိတ်စွမ်းအားကို ဖြန့်ကြက် လိုက်တော့သည်။

ယခင်က သူ တစ်ယောက်တည်း ထိုနယ်ခြား အင်အားစုကို မသတ်နိုင်မည်ကို စိုးရိမ်မိ၍ ဂိတ်တံခါးကို မပိတ်ခဲ့ခြင်း ဖြစ်ပေသည်။ သူက ဆက်၍ မတိုက်ခိုက်နိုင်တော့လျှင် လောကတိုင်မှ တစ်ဆင့် အာကာသထဲသို့ ထွက်ပြေး လွတ်မြောက် နိုင်သေးသည်။ သို့သော် ယခုတွင် အောင်မြင်မှုကား သေချာနေပြီ ဖြစ်သည့်အတွက် ဂိတ်တံခါးကို ပိတ်လိုက်ခြင်းက သက်ရောက်မှု ကြီးကြီးမားမား ရှိတော့မည် မဟုတ်ပေ။

မိုဝူကျီ၏ စိတ်စွမ်းအားမှာ အင်မတန် အားကောင်းလှသည့် အတွက် မိနစ်ပိုင်းလေးအတွင်း သူက လောကတိုင် မြေအောက်ခန်း၌ ဂိတ်တံခါး၏ ပိတ်လှောင်ရေး အစီအရင်ကို ရှာတွေ့နိုင်ခဲ့သည်။ မိုဝူကျီက ထိုသို့သော အစီအရင်ကို ပြင်ဆင်နိုင်စွမ်း မရှိသော်လည်း ထိုအစီအရင်ကိုတော့ အသက်သွင်း နိုင်လေ၏။

အမွှေးတိုင် တစ်တိုင်စာ အကြာတွင် မိုဝူကျီက လောကတိုင်၏ ပိတ်လှောင်ရေး အစီအရင်ကို အသက်သွင်း နိုင်လိုက်သည်။ အဖွဲ့တွင် လူ ၃၀ ကျော်ရှိနေပြီး နေရာလွတ်၌ ပြန်စုလိုက်ကြသည်။

မိုဝူကျီက သူ့ခါးမှ လောက အမှတ်အသားပြားကို ကြည့်ဖို့ရာပင် မလိုပေ။ သူ့နာမည်ကို လောက အဆင့်ဇယားတွင် တွေ့မြင်နေရလေ၏။

“ အစ်ကိုမို  ... ခင်ဗျားက လောက အဆင့်ဇယားရဲ့ အဆင့် ၂ ဖြစ်နေပြီပဲ ” ရှီလု အသံမှာ လေးစားခြင်းများ၊ ယုံကြည်ခြင်းများ ပြည့်နေလေသည်။

ရှီလုတင် မဟုတ်ပေ။ ဤနေရာရှိ အားလုံးနီးပါးက မိုဝူကျီကို တလေးတစား ကြည့်လိုက်ကြသည်။

သူ့အပေါ်တွင် နာမည်တစ်ခု ရှိနေသေးသော်လည်း သူက လောက အဆင့်ဇယား အဆင့် ၂ ဖြစ်လာလေပြီ။

ဘယ်လောက်တောင် အံ့ဩဖို့ ကောင်းလိုက်လဲ ....ပင်မအဆင့် ဇယားထဲရှိ  ထိပ်သီး အယောက် ၁၀၀၀ မှာ ဒဏ္ဍာရီထဲမှ ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

ထိပ်သီး အယောက် ၁၀၀၀ ထဲတွင် ရှိသော သူများမှာ သူတို့ မော့ကြည့်ရသော တည်ရှိမှုမျိုး ဖြစ်၏။ သို့သော် ယခုတွင် သူတို့မှာ လောကခန်းမကို အတူတူ ပြန်သိမ်းယူဖို့ရာ လောက အဆင့်ဇယား အဆင့် ၂ နှင့် အတူတူ လက်တွဲလုပ်မိခြင်း ဖြစ်နေသည်။ “ အလုပ်အတူတူ တွဲလုပ်သည်” ဟူသောစကားက အပို ဖြစ်နေနိုင်သော်လည်း မိုဝူကျီနှင့် အတူတူ ရှိနေခြင်းမှာ အမှန်ဖြစ်ပေသည်။

မိုဝူကျီက သူ့လောက အမှတ်အသားပြားကို ဆွဲကြည့်လိုက်သည့်အခါ  “ မိုဝူကျီ ... ရမှတ် ၃ ၁၇၇ ၄၄၀၊ အဆင့် ၂ ”

ထိပ်တွင် နာမည်တစ်ခုသာ ကျန်ရှိတော့သည်။  အဆင့် ၁ တွင် အမှတ်ပေါင်း မည်မျှ ရှိနေမည်ကို မည်သူ သိမည်နည်း။

မိုဝူကျီက မည်သူက လောကအဆင့်ဇယား ၁ ဖြစ်မလဲဟု တွေးတောနေရင်း အထီးကျန်ကြိုးနီက ရုတ်တရက် ဝင်ပြောလိုက်သည်

“ လောက အဆင့်ဇယားရဲ့ အဆင့် ၁ က ပြန့်ရွမ်းပိတဲ့။ သူကလည်း မြေကမ္ဘာ အင်မော်တယ် အဆင့် ကျင့်ကြံသူလို့ ပြောကြတယ်။ သူက အဆင့် တစ် ရထားတာ နှစ်ပေါင်းရာကျော်နေပြီ။ သူ့ကို တွေ့ဖူးမြင်ဖူးကြတဲ့ ကျန်းမို နယ်မြေသားတွေတောင် သိပ်မရှိဘူး။ လောက အင်မော်တယ် အဆင့် ကျင့်ကြံသူ တချို့တော့ သူ့ကို တွေ့ဖူးလောက်တယ်  ”

“ သူက ဘယ်ရောက်သွားတာလဲ ” မိုဝူကျီက မေးလိုက်သည်။

လောကအဆင့်ဇယား အဆင့် တစ်သည် မိုဝူကျီ ရောက်ရှိဖို့ လိုအပ်နေသည့် အရာ ဖြစ်၏။ ထို့ကြောင့် သူက လက်ရှိအဆင့် တစ်ကို အာရုံ စိုက်နေမိသည်။ သူ့တွင် အမှတ်ပေါင်း သုံးသန်းကျော် ရှိနေသော်လည်း ဒုတိယ နေရာတွင် ရှိနေဆဲ ဖြစ်သည်။ အကယ်၍ ပထမနေရာနှင့် ဒုတိယနေရာ ကွာဟနေလျှင် သူက လောက အဆင့်ဇယား၏ ထိပ်ဆုံးကို ရောက်ဖို့ရာ အတွက် အာကာသ သားရဲအသိုက်ကို ခရီးတစ်ခေါက် နှင်ရလိမ့်မည်။

အထီးကျန်ကြိုးနီက ခေါင်းခါပြရင်း

“ ဘယ်သူမှ မသိကြဘူး။ အဲဒီ စီနီယာက ကျန်းရှင်းက ထွက်သွားတာ နှစ်ပေါင်း ရာချီနေပြီလေ။ တကယ်တော့ ကျင့်ကြံသူ တော်တော်များများက မြေကမ္ဘာ အင်မော်တယ် အလယ်အလတ် အဆင့်အထိ လေ့ကျင့်ပြီး သွားကြရင် ကျန်းရှင်းကနေ ထွက်သွားဖို့ ရွေးချယ်ကြတယ် ”

ဘေးတွင် ချန်စယ်က ကြားဖြတ် ပြောလိုက်သည်

“ တကယ်တော့ ကူနို့ကြယ်တာရာလဲ အတူတူပဲ။ အဲလောက် အဆင့်ထိ ရောက်ပြီးသွားရင် မြေကမ္ဘာ အင်မော်တယ် အဆင့် ကျင့်ကြံသူ အများစုက ပိုမြင့်တဲ့ နယ်ပယ်ကို ရှာဖွေဖို့  ထွက်သွားဖို့ပဲ  ရွေးချယ်ကြတယ်။ အာကာသ ဝံပုလွေဘုရင်ကြီး လိုမျိုး  အဆင့် ၉ ပြီးပြည့်စုံခြင်း အဆင့် ရောက်နေပေမဲ့ ထွက်မသွားဖို့ ရွေးချယ်တာက အတော်လေး ရှားပါးတယ် ”

မိုဝူကျီက ခေါင်းညိတ်ပြလိုက်ပြီး

“ အရင်ဆုံး ကူးပြောင်းအစီအရင် ပြင်လိုက်ဦးမယ်။ ပြီးသွားရင် ကျန်းရှင်းကို သတင်းပို့ဖို့ တစ်ယောက်ယောက် လွှတ်လိုက်မယ် ”

အစီအရင်ကို ပြင်ဆင်ခြင်းက တစ်ခု ဖြစ်ကာ မိုဝူကျီက ထိုကူးပြောင်း အစီအရင်ကို ထိန်းချုပ်မည် ဖြစ်၏။ သူက ထိုနေရာကို ကြယ်တာရာ ဘုရင်တောင်မှ မျိုးနွယ်စုကြီး သုံးခုလက်ထဲ သေချာပေါက် ကျရောက်စေမည် မဟုတ်ပေ။

ကျန်းရှင်းနှင့် မိုင်ပေါင်းကုဋေ ကွာဝေးလှသော ချောက်နက်ကြီး တစ်ခုအတွင်း၌ သူဖုန်းစားနှင့် တူသော ကျင့်ကြံသူများက တစ်မီတာပင် မမြင့်သည့် မြေကြီး ကုန်းပုလေးတွင် ထိုင်နေကြသည်။ သူတို့ အနီးအနားရှိ ဝိညာဉ်စွမ်းအားမှာ ဗလာနတ္ထိ ဖြစ်၏။

“ အား  ” ထိုချောက်နက်ကြီး အတွင်း တစ်နေရာမှ အော်ဟစ်သံ ရုတ်တရက် ထွက်ပေါ် လာလေသည်။

တိတ်ဆိတ် နေသည်မှာ ကြာမြင့်လှပုံ ပေါ်၏။ ထိုအော်ဟစ်သံကြောင့် အားလုံးကို နိုးကြား သွားစေသည်။ အားလုံးက အဝင်ပေါက်နားတွင် ထိုင်နေသော ပိန်ပါးပါး မုတ်ဆိတ်ရှည် အမျိုးသားကို ကြည့်လိုက်ကြသည်။

“ မုယင်ချောင် ဘာဖြစ်တာလဲ ” အသံတစ်သံက မေးလိုက်သည်။ စကားမပြောတာ ကြာပြီ ဖြစ်လှ၍ အသံမှာ ဩနေရုံသာမက ပြတ်တောင်း ပြတ်တောင်း ဖြစ်နေလေ၏။

ထိုပိန်ပါးပါး မုတ်ဆိတ်ရှည် အမျိုးသားက အမှတ်အသား ပြားကို ဆွဲကာ ပြောလိုက်သည် “ ကျုပ်ရဲ့ လောက အဆင့်ဇယား အဆင့် ၂ က နှစ်ရာချီ ရှိနေပြီ၊ ဒီနေ့တော့ ကျုပ် အဆင့် ၃ ဖြစ်သွားပြီ။ ကျန်းရှင်းမှာ သူရဲကောင်း တစ်ယောက် ထွက်ပေါ်လာတာများလား။ ကျုပ်ကို နေရာတစ်နေရာ ဆွဲချနိုင်တယ်ဆိုတော့ ... ဟူး  ... တကယ် ပြန်ပြီးတော့ သွားကြည့်ချင် လိုက်တာ ... ”

အစပိုင်းတွင် ထိုအသံ၌ စိတ်လှုပ်ရှားခြင်း ပါဝင်နေသော်လည်း နောက်ဆုံး ရောက်ခါနီးတွင် လွမ်းဆွတ်ခြင်းများနှင့် အတူ မလိုလားမှုများပါ ပါဝင်နေလေသည်။

***

All Chapters