အရသာရှိသားပဲ!
Vol. 11 Ch. 158
"ကျန်းရှီမြို့ရဲ့ သမိုင်းကြောင်းမှာ ဆရာသခင်တစ်ပိုင်းအဆင့် ရောက်တာဆိုလို့ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်က စစ်နတ်ဘုရား သွေးစွန်းဝံပုလွေပဲ ရှိခဲ့တာ၊ ဒါပေမယ့် သွေးစွန်းဝံပုလွေက ပျောက်နေတာ နှစ်အတော်ကြာနေပြီ၊ လော့စစ်က သူ့ရာဇဝင်ကို ချိုးဖျက်လိုက်မယ်လို့ ငါ ဘယ်တုန်းကမှ ထင်မထားခဲ့ဘူး"
"ဟုတ်တယ်၊ စစ်နတ်ဘုရား သွေးစွန်းဝံပုလွေ ဆရာသခင်တစ်ပိုင်း အဆင့်ကို ရောက်ခဲ့တုန်းက ကျန်းနန်မြို့နဲ့ ကျန်းပေမြို့က အဓိကကလန်အများကြီးရဲ့ ဂုဏ်ပြုစကားပြောတာကို ခံခဲ့ရတယ်တဲ့။ အဲ့အချိန်တုန်းက တကယ့်ကို မကြုံဖူးတဲ့ ကြီးကျယ်ခမ်းနားတဲ့ အဖြစ်အပျက်ပဲတဲ့ကွ"
"စစ်နတ်ဘုရား သွေးစွန်းဝံပုလွေ ဆရာသခင်တစ်ပိုင်း အဆင့်ကို တက်နိုင်ခဲ့တုန်းက သူက အသက် သုံးဆယ့်ငါးနှစ်တောင် ရောက်နေပြီ။ ဒါပေမယ့် လော့စစ်က အသက် သုံးဆယ်တောင် မပြည့်သေးဘူး။ သူက ဟွာရှနိုင်ငံရဲ့ သမိုင်းမှာ အသက်အငယ်ဆုံး ဆရာသခင် တစ်ပိုင်းအဆင့်ပဲကွ"
…
ထိုအချိန်တွင် ခြံဝန်းထဲရှိ ဧည့်သည်များက ဤအကြောင်းများကို အရူးအမူး ဆွေးနွေးနေကြသည်။
သူတို့စိတ်ထဲတွင် ကြယ်သုံးလုံးအဆင့် ပုဂ္ဂိုလ်များကို ထိပ်တန်း ပုဂ္ဂိုလ်များအဖြစ် မှတ်ယူထားသော်လည်း ဆရာသခင်အဆင့်က သူများကို ဒဏ္ဏာရီ ပုဂ္ဂိုလ်များအဖြစ် မှတ်ယူထားကြသည်။
ဆရာသခင် တစ်ဦးချင်းစီတိုင်းက ဟွာရှနိုင်ငံ၏ နိုင်ငံ့ ထောက်တိုင်ကြီးများ ဖြစ်ပေသည်။ သို့သော် သူတို့ ယခုလေးတင် လူတစ်ယောက်က ဆရာသခင် တစ်ပိုင်းအဆင့်သို့ ချိုးဖောက် ဝင်ရောက်သွားသည်ကို တွေ့လိုက်ရသည် မဟုတ်ပါလား။
ထို့ကြောင့် သူတို့ အလွန်အမင်း စိတ်လှုပ်ရှားနေကြသည်။ လော့စစ်က ဧည့်သည်များထက် သာ၍ပင် စိတ်လှုပ်ရှားနေသေးသည်။
သူက ယဲ့ဖန်၏ မျက်လုံးကို အလွန် ထိတ်လန့်ကြောက်ရွံ့ဖွယ် ကောင်းသော အပြုံးမျိုး ပြုံး၍ ကြည့်ကာ ပြောလိုက်လေသည်။
"ဟားဟား…. ယဲ့ဖန် ... အမှန်အတိုင်း ပြောရရင် ကျုပ် ခင်ဗျားကို တကယ် ကျေးဇူးတင်တယ်။ ကျုပ် ကြယ်သုံးလုံးအဆင့်မှာ တန့်နေတာ သုံးနှစ်ကျော်နေပြီ။ အခုမှပဲ ကျုပ် အဆင့်တက် နိုင်တော့တယ်"
ထိုသို့ ပြောပြီး လော့စစ်သည် လက်တစ်ဘက်ကို မြှောက်လိုက် လေသည်။ ချက်ချင်းဆိုသလိုပင် သူ့လက်မောင်းမှ အလွန် ပျက်စီးနိုင်သော အစွမ်းရှိသည့် ချီဓာတ်များ စုစည်းလာသည်။
"ကျုပ်ရဲ့ ကျေးဇူးပြန်ဆပ်တဲ့အနေနဲ့ ယဲ့ဖန်၊ ခင်ဗျားကို ကျုပ် အခုသတ်မယ်"
ရုတ်တရက် လော့စစ်က ရှေ့သို့ ပြေးဝင်လာသည်။ သူ၏ လက်ရှိအလျင်သည် ယခင်ထက် လေးဆ ပိုလျင်မြန်လေသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် သူက ယဲ့ဖန်၏ ရှေ့သို့ ရောက်ရှိသွားသည်။ သူ၏ တလိပ်လိပ်တက်နေသော ချီဓာတ်ကို ယဲ့ဖန်၏ အားနည်းသော အဓိကနေရာများထံသို့ ပစ်သွင်းလိုက်ပုံက လေပြင်းကြောင့် ရွက်ဝါကြွေများ လွင့်ပျံ့သွားသည်နှင့် သဏ္ဏာန်တူလှပေသည်။
သူ၏ တိုက်ခိုက်မှုကား ပြင်းထန်လှပေသည်။ သူ၏ ပြင်းထန်လှသော တိုက်စစ်ဆင်မှုကား တင့်ကားကိုပင် တစ်စစီ ဖြစ်သွားစေလောက်သည်။
"သခင်ကြီး…သတိထား"
ကြယ်သုံးလုံးအဆင့် ဆယ့်ငါးယောက်လုံး ထိတ်လန့်ကာ အလန့်တကြားနှင့် ပြိုင်တူ အော်ဟစ်သတိပေးလိုက်မိသည်။
သူတို့အားလုံး ယဲ့ဖန်ထံသို့ ပြေးသွားကာ ကူညီချင်သော်လည်း အချိန်နှောင်းသွားချေပြီ။
ဘေးမှကြည့်နေသည့် ဧည့်သည်များအားလုံး အလွန် သနားသွားကြသည်။
ယခင်က ယဲ့ဖန်ကသာ ဟွာရှတစ်နိုင်ငံလုံးကို ထိတ်လန့်တကြား ဖြစ်သွားအောင် လုပ်နိုင်မည့် စူပါစတား ဖြစ်လာလိမ့်မည်ဟု သူတို့ ထင်ခဲ့မိကြသည်။ မထင်မှတ်ထားဘဲ လော့စစ်သည် အချိန်ကောင်းတွင် ဆရာသခင်တစ်ပိုင်း အဆင့်သို့ တက်ရောက် သွားခဲ့သည်။
*ယဲ့ဖန်တော့ သေချာပေါက် သေပြီပဲ*
*သနားစရာပဲ*
ဧည့်သည်အားလုံး ယဲ့ဖန်အတွက် သနားစိတ်ဝင်လာကြသည်။
ဘန်း! ဘန်း! ဘန်း!
ထိုစဉ် အလွန်ထက်ရှသော ချီဓာတ်များက ဆူးချွန်ပါသော နွယ်ပင်များကဲ့သို့ ယဲ့ဖန်အား ဖုံးလွှမ်းသွားလေတော့သည်။
ချက်ချင်းဆိုသလိုပင် မြေကြီးနှင့် ကျောက်တုံးများက နေရာအနှံ့သို့ လွင့်စဉ် သွားလေသည်။ မြေကြီးပေါ်တွင် ဧရာမ ချိုင့်တွင်းကြီး ဖြစ်ပေါ်နေပြီး ကောင်းကင်သည်လည်း ဖုန်မှုန့်များကြောင့် အဝါရောင်သန်းနေသည်။
အဝါရောင် ဖုန်မှုန့်များ လွင့်ပျယ်သွားသောအခါ ဧရာမချိုင့်တွင်း အနားတွင် သွေးစက်များ ဖြစ်ပေါ်၍ ကျန်ရှိနေသည်။ သို့သော် ယဲ့ဖန်ကတော့ ပျောက်ကွယ်လို့နေ၏။
လူတိုင်း မှင်တက်သွားကြသည်။ ဆရာသခင်တစ်ပိုင်း အဆင့်က ဤမျှ အင်အားကြီး လိမ့်မည်ဟု သူတို့ ထင်မထားခဲ့မိကြပါ။
"သခင်ကြီး"
"ယဲ့ဖန်"
ဖေးချမ်၊ လင်းလန်နှင့် ယဲ့ဖန်၏ အခြားသော နောက်လိုက်များက မျက်လုံးပြူးကာ အသက်ကို မနည်းရှူနေရသည်။
ယဲ့ဖန် မရှောင်ဘဲ နေလိမ့်မည်ဟု သူတို့ ထင်မထားခဲ့မိကြပါ၊ ထို့ကြောင့်ပင် သူက လော့စစ်၏ တိုက်ကွက်ကို ခံလိုက်ရသည် မဟုတ်လား။
*သူ…လုံးဝသေသွားပြီ*
*မဟုတ်ဘူး*
ဖေးချမ်နှင့် အခြားသူများ၏ မျက်နှာများက အလွန်သနားစရာ ကောင်းလှသည်။ အထူးသဖြင့် လင်းလန်၏ မျက်နှာလေးက သွေးမရှိတော့သလို လွန်စွာ ဖြူရော်လို့နေသည်။
"ပြီးသွားပြီ…"
သူတို့ အမှန်တရားကို လက်မခံလိုပါ။ သူတို့ လုံးဝ မယုံကြည်နိုင်။ သူတို့၏ နတ်ဘုရားက ဘယ်လိုလုပ် အသတ်ခံရပါမည်နည်း။
"ဟားဟား…"
ထိုအချိန်တွင် လော့စစ်က ဂုဏ်ယူဝင့်ကြွားစွာ အော်ရယ်လိုက်သည်။
"ပုရွက်ဆိတ်လိုကောင် … ဟဟ … ဆရာသခင်အဆင့်အောက်က အင်အားကြီး လှပါတယ်ဆိုတဲ့ ကောင်တွေအားလုံးက ပုရွက်ဆိတ်လိုပဲ"
"ငါ့ဆရာ ပြောတာ မှန်နေတာပဲ၊ မင်းတို့အားလုံးက ပုရွက်ဆိတ်တွေပဲ"
"ဟဟ…"
လော့စစ် လွန်စွာ ပီတိဖြစ်နေသည်။ သူ ထင်ထားတာထက်ကို သူက ပို၍ အင်အားကြီးနေသည်ဟု ခံစားနေရသည်။
ကျန်းနန်မြို့နှင့် ကျန်းပေမြို့က အင်အားကြီးသည့်သူအားလုံးကို သူတစ်ယောက်တည်း အနိုင်တိုက်နိုင်သည်ဟုတောင် သူ ခံစားနေရသည်။
သူ၏ စွမ်းအားက သူ့ကိုယ်သူ ယုံကြည်မှုရှိအောင် ပေးစွမ်းလို့နေသည်။
"ီးပဲ…မင်းကို ငါသတ်မယ်"
ယဲ့ဖန်၏ နောက်လိုက်များ အလွန်ဒေါသထွက်ကာ လဲကျနေရာမှ ထကာ လော့စစ်ထံ ပြေးဝင်သွားရန် ပြင်လိုက်ရသည်။
ကြယ်သုံးလုံးအဆင့် ဆယ့်ငါးယောက်လုံး လော့စစ်နှင့် မသေမချင်း တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ကြသည်။
ရုတ်တရက် ဧရာမ ချိုင့်ခွက်ကြီးထဲမှ ချောင်းဆိုးသံကို ကြားလိုက်ရသည်။
*ဟင်*
ချိုင့်ခွက်နှင့် နီးနေသည့် သူတိုင်းက မှင်တက်သွားကာ ထိုချိုင့်ခွက်ထဲသို့ ရင်တုန် ပန်းတုန်နှင့် လှမ်းကြည့်လိုက်ကြသည်။
လော့စစ်သည်လည်း တစ်ခဏမျှ ငိုင်တွေရာမှ မျက်လုံးများက အေးစက်လာသည်။
"သူ အသက်ရှင်နေသေးတယ် …."
လော့စစ် လုံးဝကို မယုံနိုင်ဖြစ်သွားကြသည်။ သူ့စွမ်းအားနှင့် ပတ်သက်၍ သူ့ကိုယ်သူ အလွန်ယုံကြည်မှု ရှိသည်။ သူ ယဲ့ဖန်ထံသို့ တိုက်ခိုက်လိုက်သည့် တိုက်ကွက်သည် တင့်ကားကိုတောင် တစ်စစီ ဖြစ်သွားနိုင်စေသည်။ လူဆိုလျင် ပြောနေစရာတောင် မလိုတော့ချေ။
ထိုစဉ် အားလုံး၏ အံ့ဩနေသော အကြည့်အောက်မှာပင် အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်က ဧရာမချိုင့်ခွက်ကြီးထဲမှ ဖြည်းဖြည်းချင်း ထွက်လာသည်။ ထိုသူကား ယဲ့ဖန်ပင်။
"အရသာရှိသားပဲ"
*ဘာ*
ယဲ့ဖန်ပြောသော စကားကို ကြားလိုက်ရသည့်သူတိုင်း မှင်တက်သွားကြသည်။
"မင်းရဲ့ချီက အရသာရှိတယ်ကွ … လာလေ…ငါ့ကို ထပ်ပေးပါဦးလား … ငါ ထပ်လိုချင်သေးတယ်"
…
ယဲ့ဖန်၏ စကားကြောင့် လူတိုင်း သတိလစ်မတတ် ဖြစ်သွားကြသည်။
*ချီးပဲ*
*ဒီကောင်က ချီကို အစာမှတ်နေတာလား*
*ဒါ…ဒါလုံးဝ မဖြစ်နိုင်ဘူး*
ခြံဝန်းထဲရှိ လူတိုင်း မယုံသင်္ကာ ဖြစ်နေကြသည်၊ ဖေးချမ်နှင့် ယဲ့ဖန်၏ အခြား နောက်လိုက်များပါ အပါအဝင်ပင် ဖြစ်လေသည်။
လော့စစ်၏ မျက်နှာက အလွန်သုန်မှုန်လို့လာသည်။
ယဲ့ဖန်၌ လျှို့ဝှက်ချက် တစ်ခုရှိလေသည်၊ သူ၏ နတ်ဆိုးသတ်ဖြတ်ခြင်း ဆုဒြာသည် တစ်စုံတစ်ယောက်၏ စွမ်းအင်ကို အငမ်းမရ ဝါးမျိုနိုင်သည်၊ သို့သော် လော့စစ်ကဲ့သို့ အလွန် အင်အားကြီးသည့်သူများ အပေါ်တွင်တော့ အကျိုးမသက်ရောက်နိုင်ပါ၊ အဘယ်ကြောင့်ဆိုသော် သူတို့၏ ခန္ဓာကိုယ်များကို မလွှမ်းမိုးနိုင်သောကြောင့်ပင်။
အမှန်တော့ ထိုအရာနှင့် ပြောင်းပြန်ကား ချီသည် တစ်စုံတစ်ယောက်၏ စွမ်းအင်ရှိ အဆီအနှစ်ဖြစ်သည်။
ဆိုလိုသည်က ယဲ့ဖန် နတ်ဆိုးသတ်ဖြတ်ခြင်း ဆုဒြာကို ထုတ်သုံးသည့်အခါတွင် ထိုချီသည် လွန်စွာ အားဆေး ဖြစ်စေသည်။
ယဲ့ဖန်က လော့စစ်၏ စွမ်းအင်ကို မဝါးမျိုနိုင်သော်လည်း သူ ထုတ်လွှတ်လိုက်သည့် အတွင်းအား ချီဓာတ်ကိုတော့ စုပ်ယူနိုင်ပေသည်။
အကယ်၍ လော့စစ်သာ ဆရာသခင်အဆင့် ဖြစ်ပါက သူ၏ ချီဓာတ်က ယဲ့ဖန်အား သေချာပေါက် ထိခိုက်နိုင်သလို သေတောင်သေသွားနိုင်စေလောက်သည်။
သို့သော် လော့စစ်သည် ဆရာသခင်တစ်ပိုင်း အဆင့်သို့ ရောက်ခါစသူဖြစ်သောကြောင့် သူ၏ ချီဓာတ်က သိပ်သည်းနေသော်လည်း ကျစ်လျစ်စွာ စုစည်းခြင်း မရှိသေးချေ။
ထို့ကြောင့် သာမန်သာ ဖြစ်သေးသည်။
ယဲ့ဖန်၏ ပါးစပ်တွင် သွေးစများ ကပ်ညိနေသည်ကို မြင်ပြီး လော့စစ်က သရော်လိုက်သည်။
"ဟီးဟီး…ခွေးမသားလေး…မင်းက သေမလိုတောင် ဖြစ်နေပြီ၊ ဒါတောင် မင်းက ငါ့ရှေ့မှာ အကောင်းအတိုင်း ရှိနေသလို ဟန်ဆောင်နေတာလား၊ ဒီလို သေရေးရှင်ရေး အခြေအနေမှာလေ"
"ဒီလိုဆိုမှတော့ ငါ မင်းဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့"
ထိုသို့ပြောပြီး လော့စစ်၏ ချီဓာတ်က တဟုန်ထိုး တိုးပွားလာသည်။ ထို့နောက် သူ၏ သန်မာသော ချီဓာတ်များက ယဲ့ဖန်ထံသို့ လျှပ်စီးတန်းတစ်ခုလို တစ်ခုပြီးတစ်ခု ဆက်တိုက် သိမ်းကြုံးဝင်ရောက်လာသည်။
ဘန်း! ဘန်း! ဘန်း!
ယဲ့ဖန်က မတ်တပ်ရပ်နေဆဲဖြစ်ပြီး လော့စစ်၏ ချီဓာတ်များ သူ့ထံ တိုးဝင်လာသည်ကို လက်သင့်ခံနေသည်။
ယဲ့ဖန် နောက်သို့ အတင်းဆုတ်ရလေလေ သူ့မျက်လုံးများက ပို၍ စိတ်လှုပ်ရှားလာလေဟန်ပင်။
"မလုံလောက်သေးဘူး…အားထပ်စိုက်ပါဦးကွ"
"မင်း အားကုန်သုံးလေကွာ…သောက်ကျိုးနည်း… မင်း ထမင်းမစားရသေးဘူးလား?"
"သုံးစားမရဘူး…အမှိုက်ကောင်… လိကို ဆရာသခင်တစ်ပိုင်းအဆင့်လား"
လော့စစ်၏ ချီဓာတ်များ ပို၍ အားကောင်းစေရန် ယဲ့ဖန်က သူ့အား ဆက်တိုက်ကျိန်ဆဲနေသည်။
*သောက်ကျိုးနည်း*
*ငကြောင်ကောင်*
*ဒီကောင်က လုံးဝကို ငကြောင်ပဲ*
ဆရာသခင်တစ်ပိုင်းအဆင့်၏ တိုက်ခိုက်ခြင်းကို အကြိမ်များစွာ ခံနေရတာတောင်မှ သူက အားနည်းလွန်းသည်ဟု စောဒကတက်နေနိုင်သေးသည်။
အဆုံးတွင် လော့စစ် အသက်ကို မနည်းရှူနေရပြီး နဖူးမှ ချွေးသီးချွေးပေါက်များ ကျလာသည်။
*ပင်ပန်းနေပြီ*
*ငါ တကယ် စောက်ရမ်း ပင်ပန်းနေပြီ*
လော့စစ်တစ်ယောက် သူ၏ အတွင်းအား ချီဓာတ်များ ကုန်ခမ်းခါနီးလာသည်ကို ခံစားလာမိသည်။ သူ ပင်ပန်းလွန်းသဖြင့် သွေးပင်အန်ချင်လာသည်။
ဖွီ!
အတွင်းအား ချီဓာတ်ကို ထုတ်၍ သုံးလိုက်သည့် နောက်ဆုံး တိုက်ကွက် အပြီးတွင် လော့စစ် သတိလွတ်ကာ သွေးအန်လေတော့သည်။
ထိုအခါတွင်မှ ယဲ့ဖန်က ကျေနပ်သလို အပြုံးမျိုး ပြုံးလာသည်။ သူ၏ နတ်ဆိုးသတ်ဖြတ်ခြင်း ဆုဒြာက အချိန်တိုအတွင်း အလွန် အကျိုးသက်ရောက် လာလေပြီ။
သူ၏ နတ်ဆိုးချီဓာတ်သည် ကြယ်သုံးလုံးအဆင့်တစ်ယောက်၏ စွမ်းအင်ကိုတောင် ဝါးမျိုလာနိုင်ပြီ ဖြစ်သည်။
"ထပ်မလာတော့ဘူးလား?"
ထို့နောက် ယဲ့ဖန်က အသာပြုံး၍ လော့စစ်ကို ကြည့်ကာ ပြောလိုက်သည်။
"ဒီလိုဆိုရင်တော့ မင်း သေလို့ရပြီ"