← Chapters

နတ်ဆိုးတောင်ကြား၏ သံသရာစက်ဝန်း!

Vol. 11 Ch. 164

နတ်ဆိုးတောင်ကြား၏ သံသရာစက်ဝန်း!

Vol. 11 Ch. 164

ကျန်းနန်မြို့၏ နိုင်ငံတကာလေဆိပ်တွင်!

ဒါဇင်နှင့်ချီသော အနက်ရောင်ဝတ်စုံနှင့်လူများ ထောင့်နားတွင် ရပ်နေသဖြင့် ခရီးသွားများစွာက စိတ်ဝင်တစားနှင့် ရပ်ကြည့်သွားကြသည်။

တစ်ယောက်ချင်းစီတိုင်းက သိပ်သည်း သန်မာသော ပခုံးသားများနှင့် အလွန် ကြောက်မက်ဖွယ် ကောင်းသော သံတာဝါတိုင်ကြီးများကဲ့သို့ပင်။

"မင်းတို့ တကယ်ဆုံးဖြတ်ချက် ချပြီးသွားပြီလား?"

ယဲ့ဖန်က ဖေးချမ်၊ ဝံပုလွေရိုင်းနှင့် သွေးစွန်းတစ္ဆေတို့ကို ကြည့်ကာ မေးလိုက်သည်။ ဖေးချမ်၊ ဝံပုလွေရိုင်းနှင့် သွေးစွန်းတစ္ဆေတို့သည် ပစ္စည်းအစုံအလင် ထည့်ထားသော ခရီးသွားအိတ်များကို လွယ်ထားကြသည်။

သူတို့အားလုံး ခရီးရှည်အတွက် အဆင်သင့် ဖြစ်လို့နေကြသည်။

ယဲ့ဖန်၏ စကားကြောင့် ဖေးချမ်က တက်ကြွနေသော မျက်လုံးများဖြင့်

"သခင်ကြီး ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် ဆွေးနွေးပြီးသွားကြပါပြီ။ ကျွန်တော်တို့ ကြယ်သုံးလုံးအဆင့်ကို အောင်အောင်မြင်မြင်နဲ့ အဆင့်တက်နိုင်ခဲ့ပင်မယ့် ကျွန်တော်တို့မှာ တိုက်ပွဲဝင်အား အလုံအလောက် မရှိဘူး။ ကျွန်တော်တို့ တကယ့် သေရေးရှင်ရေး တိုက်ပွဲတွေကို လိုအပ်နေပါတယ်။ ကြောက်စရာကောင်းတဲ့ လက်ရည်စမ်းပွဲတွေကြားထဲ ကျွနတော်တို့ ရှင်သန်နိုင်မှ ကျွန်တော်တို့ သခင်ကြီးနောက် လိုက်ပြီး ကမ္ဘာကို လွှမ်းမိုးနိုင်မှာပါ"

"ဒါကြောင့် ကျွန်တော် အရှေ့တောင်အာရှက သေမင်းမြစ်ဝ ကျွန်းပေါ်ဒေသကို သွားပြီး သေရေးရှင်ရေး အခြေအနေကြားထဲမှာ ကျွန်တော့်ကိုယ်ကျွန်တော် လေ့ကျင့်ပါမယ်"

ဝံပုလွေရိုင်းကလည်း ထပ်ပြောလာသည်။

"သခင်ကြီး ကျွန်တော် ရုရှားမြောက်ဘက်ဒေသက ဆိုက်ဘေးရီးယားဒေသကို သွားမယ်လို့ စီစဉ်ထားပါတယ်။ အဲ့နေရာမှာ ခွန်အားကြီးတဲ့ ဥရောပသားတွေ အများကြီး စုစည်းနေတာပါ။ ကျွန်တော် အဲ့နေရာမှာ သေချာပေါက် ခွန်အားကြီးတဲ့သူ ဖြစ်လာမှာပါ"

သွေးစွန်းတစ္ဆေကလည်း ဝင်ပြောလာသည်။

"သခင်ကြီး ကျွန်တော်က အမေရိကားက ဒုစရိုက်မြို့တော် Las Vegas ကို သွားပါမယ်၊ အဲ့မြို့က ကြေးစားအဖွဲ့နဲ့ လုပ်ကြံရေးသမား တွေရဲ့ နိဗ္ဗာန်ပါ၊ သေမင်း မွေ့လျော်ရာ အရပ်ဖြစ်သလို ခွန်အားကြီးသူ တော်တော်များများရဲ့ သုသာန်ဆိုလည်း မမှားပါဘူး"

သေမင်း မြစ်ဝကျွန်းပေါ်ဒေသ!

ဆိုက်ဘေးရီးယား!

ဒုစရိုက်မြို့တော်!

သုံးနေရာလုံးသည် ကမ္ဘာပေါ်ရှိ အန္တရာယ် အများဆုံး ဒေသများ ဖြစ်၏။ ထိုနေရာများသည် လူသတ်သမားများ အတွက် နိဗ္ဗာန်ဘုံပင်။ ကြေးစားအဖွဲ့နှင့် လုပ်ကြံရေး သမားများစွာတို့ ထိုဒေသများတွင် နေ့တိုင်း သတ်ဖြတ်ပြီး စွန့်ပစ်ခံရလေ့ ရှိသည်။

သို့သော် ဖေးချမ်၊ ဝံပုလွေရိုင်းနှင့် သွေးစွန်းတစ္ဆေတို့သည် သူတို့၏ ကိုယ်ပိုင် ဒဏ္ဍာရီကို ရေးသားရန် ထိုအန္တရာယ်များသည့် ဒေသများသို့ ခရီးဆက်ရန် ရွေးချယ်ထားကြသည်။

ယဲ့ဖန် ခေါင်းညိတ်ပြလိုက်သည်။ အလွန် အင်အားကြီးသူတို့၏ တိုက်ပွဲဝင် ခွန်အားများ အကြောင်း သူ သေချာ နားလည် သဘောပေါက်သည်။

သေရေးရှင်ရေး အခြေအနေများစွာ ကြုံဖူးပြီး အသက်ဆက်ရှင်နိုင်မှ၊ ငရဲဝသို့ ဝင်ရဲမှသာ တကယ့်ခွန်အားကြီးသူ ဖြစ်လာပေလိမ့်မည်။

ထို့နောက် ယဲ့ဖန်က ပုလင်းသေးလေး သုံးပုလင်းကို ထုတ်၍ သူတို့သုံးယောက်အား တစ်ပုလင်းစီ ပေးလိုက်သည်။

"ရော့…ဒါ ငါလုပ်ထားတဲ့ ဆေးတစ်ချို့ပေါ့၊ မင်းတို့ တကယ့် အကျပ်အတည်း တွေ့တဲ့အခါမျိုးမှာ ဒါက မင်းတို့အသက်ကို ကယ်တင်နိုင်တယ်"

ယဲ့ဖန်စကားကြောင့် ဖေးချမ်၊ ဝံပုလွေရိုင်းနှင့် သွေးစွန်းတစ္ဆေတို့က ထိုပုလင်းသုံးပုလင်းကို ယူလိုက်ပြီးနောက်…

ယဲ့ဖန်ရှေ့ ပြတ်သားသော မျက်နှာများဖြင့် ဝုန်းခနဲ ဒူးထောက်ချလိုက်သည်။

"သခင်ကြီး ကျွန်တော်တို့ကို စောင့်နေပေးပါ၊ သခင်ကြီးနဲ့အတူ ကမ္ဘာကို သိမ်းပိုက်ဖို့အတွက် ကျွန်တော်တို့ ပြန်လာမှာပါ"

ထို့သို့ ပြောပြီး သုံးယောက်သား ပြန်ထကာ လေဆိပ်ထဲသို့ ဝင်ရောက်သွားသည်။ ထိုအချိန်တွင် သေမင်းဧရိယာရှိ သူများအားလုံး မြစ်ဝကျွန်းပေါ် ဒေသ၏ အိပ်မက်ဆိုး၊ ဆိုက်ဘေးရီးယား ဝံပုလွေဘုရင်နှင့် ဒုစရိုက်ဧကရာဇ် တို့က သူတို့၏ ဒဏ္ဍာရီလာ ဘဝလမ်းကို စတင်ရန် ရောက်လာတော့မည်ကို မသိခဲ့ကြပါ။

…

ယဲ့ဖန် လက်ပြနှုတ်ဆက်နေရင်းမှ ဖေးချမ်၊ ဝံပုလွေရိုင်းနှင့် သွေးစွန်းတစ္ဆေတို့သည် ထွက်ခွာအပေါက်မှ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။

ရုတ်တရက်ဆိုသလိုပင် ရွှေရောင်အဆင့် ကြေးစားအဖွဲ့ ကိုးဖွဲ့သည် လေဆိပ်ထဲသို့ ခြေလှမ်းခပ်စိပ်စိပ် လှမ်းရင်း လျှောက်လာသည်။

ယဲ့ဖန်က ရဲရဲတောက်နေသော ဆေးလုံးပါသည့် ပုလင်းအား ကြေးစားအဖွဲ့ထံ ပေး၍ အမိန့်ပေးလိုက်သည်။

"ကျန်းရှီမြို့ကို မြန်နိုင်သမျှ မြန်မြန်ပြန်၊ ဒီသန့်စင်သော ယန်ဆေးလုံးကို အန်းရှီကို ကျွေးလိုက်"

သန့်စင်သော ယန်ဆေးလုံး!

ကျန်းပေမြို့မှ ရလာသော သန့်စင်သော ယန်မြက်ပင်အား ဆေးအဖြစ် ဖော်စပ်ရန် ယဲ့ဖန်အတွက် အချိန်နှစ်ရက် ယူခဲ့ရသည်။

သူ့အမိန့်ကို ရသည်နှင့် ကြေးစားဘုရင် ကိုးယောက်လုံးက ဦးညွှတ်လိုက်ပြီး ပြန်လည် ဖြေကြားလိုက်သည်။

"အမိန့်အတိုင်းပါ သခင်ကြီး"

ထိုသို့ပြောပြီးနောက် ကြေးစားဘုရင် ကိုးယောက်လုံး ထွက်ခွာရန် ပြင်လိုက်ကြ သော်လည်း ဆတ်ခနဲ တန့်သွားသည်။

ထို့နောက် ယဲ့ဖန်က နတ်ဆိုးအလောင်းကောင်အား အမိန့်ထပ်ပေးလိုက်သည်။

"အားစစ် ကျန်းရှီမြို့ကို သူတို့နဲ့ ပြန်လိုက်သွားလိုက်၊ အန်းရှီနဲ့ လင်းလန်ကို ကာကွယ်ဖို့ သတိရပါ"

လင်းလန် အတင်းအကျပ် အကျပ်ကိုင်ခံခြင်း သို့မဟုတ် ခြိမ်းခြောက်ခံရခြင်းတို့ ထပ်မံ၍ ခံရမည် မဟုတ်မှန်း ယဲ့ဖန် သိနေသည်။

ထိုအဖွဲ့များ ထွက်သွားပြီးနောက် ယဲ့ဖန်ဘေးတွင် အရှင်သခင် သုံးယောက်သာ ကျန်တော့သည်။

"သွားကြစို့"

ထိုသို့ပြောပြီး ယဲ့ဖန်က လက်တစ်ချက် လှုပ်လိုက်ပြီးနောက် လေးယောက်သား လေဆိပ်ထဲမှ ထွက်လာခဲ့သည်။

သို့သော် သူတို့ လေဆိပ်ထဲမှ ထွက်လာပြီး သိပ်မကြာခင်တွင် အဆိပ်ပြင်း နဂါးဘုရင်က မျက်မှောင်ကြုတ်သွားကာ ယဲ့ဖန်ကို တီးတိုးပြောလိုက်သည်။

"သခင်ကြီး ကျွန်တော်တို့ နောက်ကို သူတောင်းစားတစ်ယောက် လိုက်လာတယ်"

*ဟမ်*

ယဲ့ဖန် အံ့ဩသွားသည်။ ထို့နောက် လမ်း၏ တစ်ဘက်ကို လှမ်းကြည့်လိုက် သောအခါ ဖိုသီဖတ်သီ ဆံပင်၊ ညစ်ပေနေသော မျက်နှာနှင့် သူတောင်းစား တစ်ယောက် ဖြည်းဖြည်းချင်း လမ်းလျှောက်နေသည်။

ယဲ့ဖန်က ထိုသူတောင်းစားကို စိုက်ကြည့်သည်နှင့် ထိုသူတောင်းစား တုန်ယင်သွားသည်။ ထို့နောက် သူက လမ်းကြားလေးထဲသို့ လစ်သွားလေတော့သည်။

ဤသည်ကို ကြည့်ပြီး အရှင်သခင် သုံးယောက်၏ မျက်နှာက ချက်ချင်း အေးစက်လာကာ ပြိုင်တူပြောလိုက်ကြသည်။

"သခင်ကြီး ကျွန်တော်တို့ သူ့ကို သွားဖမ်းလိုက်ပါ့မယ်"

"မလိုဘူး မင်းတို့ သူ့ကို မနိုင်နိုင်ဘူး"

ယဲ့ဖန်က မျက်လုံးကို မှေး၍ မခိုးမခန့် အမူအရာဖြင့် ပြောလိုက်သည်။

*ဘယ်လို*

ယဲ့ဖန်၏ စကားကြောင့် အရှင်သခင်သုံးယောက်လုံး ကြောင်အသွားသည်။

*ငါတို့က ကြယ်သုံးလုံးအဆင့် တွေလေ၊ အဲ့သူတောင်းစားက သာမန်လူဆိုတာ သိသာနေ တာချည်းကို၊ ငါတို့က သူ့ကို ဘယ်လိုလုပ် ရှုံးနိုင်မှာလဲ*

"မင်းတို့ အရင်သွားနှင့်တော့၊ ငါ လုပ်စရာလေး ရှိသေးလို့"

ထိုသို့ပြောပြီး ယဲ့ဖန်သည် သူတောင်းစား ထွက်သွားသည့် ဘက်သို့ ထွက်လာခဲ့သည်။ အေးစိမ့် စိုထိုင်းနေသော လမ်းကြားလေးထဲတွင် သူ၏ ခြေသံများနှင့် ပြည့်နှက်လို့ နေသည်။

လမ်းကြားအဆုံးသို့ ယဲ့ဖန် ရောက်သောအခါ ထောင့်နားတွင် ထိုသူတောင်းစားက ဆောင့်ကြောင့်ထိုင်လို့ နေပြီး တစ်ကိုယ်လုံး တုန်ယင်နေသည်။

ထိုသူတောင်းစားက ယဲ့ဖန်ကို မြင်သည်နှင့် ကြောက်လန့်လာကာ စီခနဲ ကျယ်လောင်စွာ အော်ဟစ်လာသည်။

"ဖဲချပ် … ငါ ဖဲချပ်ဆီက ချီစွမ်းအင်တွေကို အာရုံခံလို့ ရနေတယ်"

သူတောင်းစားက ယဲ့ဖန်အား ထိတ်လန့်ကာ စူးစမ်းသည့်အကြည့်ဖြင့် ကြည့်နေသည်။ ယဲ့ဖန်အား နတ်ဆိုးဟုတောင် ထင်နေသလား မှတ်ရသည်။

*သူ ရူးနေတာလား*

ယဲ့ဖန် စိတ်ရှုပ်ထွေးလာရသည်။ သူတောင်းစား၏ ကြောက်လန့်နေသော အမူအရာအရ သူသည် အလွန် ကြောက်မက်ဖွယ်ကောင်းသော အဖြစ်အပျက်တစ်ခုနှင့် ကြုံခဲ့ပုံရသည်။

"ခင်ဗျားပြောတဲ့ ဖဲချပ်ဆိုတာ ဘာကို ပြောချင်တာလဲ?"

ယဲ့ဖန်က သူတောင်းစား၏ မျက်လုံးအား စိုက်ကြည့်ကာ မေးလိုက်သည်။

ယဲ့ဖန်၏ စကားကြောင့် သူတောင်းစားက ချက်ချင်း ထိတ်လန့် လာကာ အော်ဟစ် လာသည်။

"ဖဲချပ်…နတ်ဆိုးတောင်ကြား…ဆယ်နှစ်တစ်ကြိမ် သံသရာစက်ဝန်းက ပြန်စတင်လာပြီ။ အဲ့ကို မသွားနဲ့၊ မင်း အဲ့ကို ဘယ်တော့မှ မသွားသင့်ဘူး၊ အဲ့မှာ နတ်ဆိုးတွေချည်းပဲ၊ တကယ့် နတ်ဆိုးတွေ"

သူ့စကားကြောင့် ယဲ့ဖန် မျက်နှာပျက်သွားသည်။

*နတ်ဆိုးတောင်ကြား*

ထိုနာမည်ကို ယဲ့ဖန် ရင်းနှီးနေသလိုပင်။ နတ်ဆိုးဂြိုဟ် ပေါ်မှာတုန်းက နတ်ဆိုး တောင်ကြားဟု ခေါ်သည့် နက်ရှိုင်းသော တောင်ကြားကြီး တစ်ခု ရှိသည်၊ ထိုနေရာသည် ယဲ့ဖန်နှင့် အခြားနတ်ဆိုးများ၏ အခြေစိုက်ရာလည်း ဖြစ်သည်။

ထိုနေရာသည် နတ်ဆိုးအားလုံး၏ အိမ်ပင်။

"ကမ္ဘာဂြိုဟ်ပေါ်မှာ ဘယ်လိုလုပ် နတ်ဆိုးတောင်ကြား ရှိနေရတာလဲ? ဒါ တိုက်ဆိုင်မှု သက်သက်ပဲလား?"

ယဲ့ဖန် မျက်မှောင်ကြုတ်ကာ သူ့အိတ်ကပ်ထဲမှ ရွှေရောင်ကဒ်ပြားလေး တစ်ခုကို ထုတ်ယူလိုက်သည်။

"ခင်ဗျား ပြောနေတဲ့ ဖဲချပ်ဆိုတာ ဒါလား?"

…

ထိုရွှေရောင်ကဒ်ပြားကို မြင်သည်နှင့် သူတောင်းစားသည် ကျယ်လောင်စွာ အော်ဟစ်လာသည်။

"ဖဲချပ်…အဲ့ဒါ တကယ့်ဖဲချပ်ပဲ"

"ရှစ်…မင်း…မင်းက ရှစ်ယောက်မြောက် ရွေးချယ်ခြင်း ခံရတဲ့သူပဲ"

"နတ်ဆိုး သံသရာစက်ဝန်းထဲ ဝင်ဖို့ ထိပ်တန်းအဆင့် စွမ်းအားပိုင်ရှင်ကို ရွေးထားတယ်၊ မင်းတော့ သေပြီ၊ မင်းတော့ သေတော့မှာပဲ"

သူတောင်းစားက ထရပ်လိုက်ပြီး လမ်းကြားအပြင်သို့ ထွက်ပြေးရင်း အော်ပြောလာသည်။

"သေပြီ၊ မင်း‌သေမှာပဲ၊ မင်း သေမယ့်အချိန်ကို စောင့်နေလိုက်တော့…"

"နတ်ဆိုးတောင်ကြားရဲ့ သံသရာစက်ဝန်းက နှစ်ပေါက်တစ်ပေါက် ရိုက်တာပဲ၊ ငါတို့အားလုံး သေလိမ့်မယ်၊ ဟားဟား…ငါတို့အားလုံးက နတ်ဆိုးဧကရာဇ်ရဲ့ ယဇ်ပူဇော်ခံရမယ့် သားကောင်တွေပဲ၊ ငါတို့အားလုံးက အရူးတွေပဲ၊ အရူးတွေ၊ ဘာမဟုတ်တဲ့ကောင်တွေ၊ ဟဟ…ဘာမဟုတ်တဲ့ကောင်တွေ"

သူတောင်းစား၏ အသံက တဖြည်းဖြည်း ဝေး၍ဝေး၍ သွားကာ ထိုသူတောင်းစား သည်လည်း နောက်ထပ် လမ်းကြားတစ်ခုထဲ ဝင်ရောက်သွားပြီး ပျောက်ကွယ်သွားသည်။

သူ့လက်ထဲမှ ရွှေရောင်ကဒ်ပြားလေးကို ပွတ်သပ်လိုက်ရင်း ယဲ့ဖန်က မခိုးမခံ့ဟန်ဖြင့် ပြုံးကာ ရေရွတ်လိုက်သည်။

"စိတ်ဝင်စားစရာပဲ၊ ကြည့်ရတာ ဒီသူတောင်းစားလည်း ရွေးချယ်ခံထားရတဲ့ ပုံပဲ၊ သူ စိတ်တအား လှုပ်ရှားပြီး စိတ်လွတ်သွားပုံ ရတယ်"

"နတ်ဆိုးတောင်ကြား...သံသရာစက်ဝန်း…ယဇ်ပူဇော်ခံ သားကောင်တွေ"

"ကမ္ဘာဂြိုဟ်ကြီးက ပိုပြီး ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာတာပဲ"

All Chapters