← Chapters

နိုင်ငံ့ အလှနတ်ဘုရားမလေး ရို့ယွီ!

Vol. 11 Ch. 165

နိုင်ငံ့ အလှနတ်ဘုရားမလေး ရို့ယွီ!

Vol. 11 Ch. 165

သူတောင်းစားလည်း ထွက်သွားပြီ ဖြစ်သဖြင့် ယဲ့ဖန်သည်လည်း ဤလမ်းကြားထဲ ဆက်နေရန် မလိုအပ်တော့ပေ။ ထို့ကြောင့် သူ ပြန်ထွ က်လာလိုက်သည်။

သို့သော် သူ လမ်းကြားထဲမှ ထွက်လာသည်နှင့် အံ့ဩနေသော လေသံ တစ်သံကို ကြားလိုက်ရသည်။

"ဆရာဘိုးဘိုးလား?"

လူငယ်တစ်ယောက်က လက်ထဲတွင် ဇိမ်ခံပစ္စည်းများ ပါသော အိတ်များကို သယ်၍ သူ့ထံသို့ အေးအေးဆေးဆေး လျှောက်လာနေသည်။

ထိုသူသည် ရှုကွမ်း၏ မြေး၊ သခင်လေး ရှုထန့် ဖြစ်ပေသည်။

သိပ်မကြာခင်အချိန်တုန်းက ယဲ့ဖန်နှင့် သူ့လူများသည် ရှုကလန်တွင် နေထိုင်နေခဲ့သဖြင့် သူတို့ ရှုထန့်နှင့် အတော်လေး ရင်းနှီးလာခဲ့သည်။

ရှုထန့်ကို ကြည့်ပြီး ယဲ့ဖန်က အသာပြုံးကာ "မင်း ဘာလို့ အမြဲ ဇိမ်ခံပစ္စည်းတွေ ဝယ်နေရတာလဲ?"

"ဆရာဘိုးဘိုး .... ခင်ဗျား မသိပါဘူးဗျာ ... ဒီည နိုင်ငံ့ အလှနတ်ဘုရားမလေး ရို့ယွီက ကျန်းရှီမြို့ကို လာမှာလေ"

"ကျန်းနန်မြို့က အခြားသခင်လေး အကုန်နီးပါးလောက်က တန်ဖိုးကြီးပစ္စည်းတွေ ဝယ်ပြီး သူမကို ပိုးပန်းကြမှာ၊ ကျွန်တော် နောက်ကောက်ကျ ကျန်ခဲ့လို့ မဖြစ်ဘူး"

ထို့နောက် ရှုထန့်သည် သူ့အိတ်တွေကို မြေကြီးပေါ် ချလိုက်သည်။

ရို့ယွီသည် ဟွာရှ နိုင်ငံ၏ နိုင်ငံ့ အလှနတ်ဘုရားမလေး ဖြစ်ပြီး အာရှ၏ ပေါ့ ဘုရင်မလေးလည်း ဖြစ်သည်။

သူမ သီချင်းများက နိုင်ငံတစ်ခွင်တွင် လူသိများလေသည်။ သူမ၏ ရုပ်ရှင်များကလည်း အမြဲ ကျော်ကြားသည်။

သူမ၏ ဂီတပွဲ လက်မှတ်တိုင်းက ရွှေထက်ပင် တန်ဖိုးကြီးမားသေးသည်။

သူမသည် ဟွာရှနိုင်ငံတစ်ခုလုံးတွင် အတောက်ပဆုံး စူပါစတားမလေး ဖြစ်ပြီး ဘီလီယံနှင့်ချီသော လူတို့၏ ရင်ထဲမှ နတ်ဘုရားမလေးလည်း ဖြစ်ပေသည်။

"ဆရာဘိုးဘိုး ... ဒီည ကျွန်တော်နဲ့ လိုက်ခဲ့ပါလား၊ ခင်ဗျား ဘယ်လောက် စွမ်းအား ကြီးကြောင်း ပြောပြတိုင်း ဘယ်သူမှ ကျွန်တော်ပြောတာကို မယုံကြဘူး၊ တကယ် စိတ်ပျက်ဖို့ ကောင်းတယ်၊ ခင်ဗျားသာ ကျွန်တော်နဲ့ လိုက်ခဲ့မယ်ဆိုရင် အဲ့အမြင်ကျဉ်းတဲ့ အရူးကောင်တွေကို ခင်ဗျား အစွမ်းပြလို့ရပြီလေ"

ရှုထန့်သည် ယဲ့ဖန်အား အလွန်လေးစားလေသည်။ ယဲ့ဖန်ကြောင့် လော့ကလန်နှင့် ကျန်းပေမြို့ရှိ အဓိကကလန်များ အားလုံး သုတ်သင်ခံလိုက်ရသည့် အကြောင်း သူ မသိသော်လည်း သူသည် ယဲ့ဖန်အား နတ်ဘုရားတစ်ပါး အဖြစ် မှတ်ယူထားလေသည်။

အသက်ငယ်ငယ်လေးနှင့် ထိပ်သီးပုဂ္ဂိုလ်များစွာကို ထိန်းချုပ်ထားနိုင်သည် ဆိုသည့် အချက်နဲ့တင် ရှုထန့်သည် ယဲ့ဖန်အား သူ၏ စံပြပုဂ္ဂိုလ်အဖြစ် မှတ်ယူလိုက်ပြီ ဖြစ်သည်။

သူ့အပြောကြောင့် ယဲ့ဖန်က အသာအယာ ခေါင်းခါလိုက်မိသည်။ သခင်လေးတွေ အထင်ကြီးလာအောင် လုပ်ဖို့ သူ စိတ်မဝင်စားပါ။

ယဲ့ဖန်၏ တုံ့ပြန်မှုကို သတိပြုမိပြီး ရှုထန့်က သူ့ဖုန်းကို အလျင်အမြန်ထုတ်ကာ ဗွီဒီယိုတစ်ခုကို ဖွင့်ပြပြီး အကြံပေးလိုက်သည်။

"ဆရာဘိုးဘိုး...သခင်လေးတွေနဲ့ စကားပြောဖို့ စိတ်မပါဘူးဆိုလည်း ခင်ဗျား အနည်းဆုံး ရို့ယွီကို ကြည့်လို့ရတာပဲလေ"

"ဒီမှာကြည့်ပါဦး…ဒါ သူမရဲ့ ဂီတပွဲလေ…မမိုက်ဘူးလား?"

ဗွီဒီယိုထဲတွင် အဖြူရောင်ဝတ်စုံနှင့် ကောင်မလေး တစ်ယောက်သည် ပျံလွှားငှက်လေး ကဲ့သို့ ပေါ့ပါးသွက်လက်စွာ ကခုန်နေသည်။

သူမ၏ ကကွက်များက လှပကာ ညှို့ယူဆွဲဆောင်နိုင်ပေ၏။ သူမကို ကြည့်ပြီး ယဲ့ဖန် အလွန် စိတ်ဝင်စားသွားသည်။

ထို့နောက် ရို့ယွီသည် လေထုထဲ မည်သည့်အရာမှ မရှိဘဲ လေချည်းသက်သက်ကို နင်း၍ လျှောက်နေသည်။

တစ်လှမ်းပြီးတစ်လှမ်း..

သူမ ပျံနိုင်သည်ဟုတောင် အတော်များများ မယုံသင်္ကာဖြင့် တွေးမိလောက်သည်။

"ဆရာဘိုးဘိုး...ကြည့်ပါဦး...ဒါကို မိုးကောင်းကင်သို့ တက်ရာလမ်းလို့ ခေါ်တာလေ၊ စတီးဝိုင်ယာကြိုးတွေက တော်တော့်ကို မမြင်ရတာ၊ လန်းတယ်မလား"

ရှု့ထန့်က နှုတ်ခမ်းတွန့်ရုံ ပြုံး၍ ပြောလိုက်သည်။ အစပိုင်းတွင် ယဲ့ဖန်သည် ရို့ယွီအား လုံးဝ စိတ်မဝင်စားသော်လည်း ရို့ယွီ၏ သရုပ်ပြ ဖျော်ဖြေမှုကို မြင်ပြီး သူ မယုံကြည်နိုင်ဟန်ဖြင့် တုန်လှုပ်သွားရသည်။

"သူမက…"

ယဲ့ဖန် ချက်ချင်း ဖုန်းကို ဆွဲယူလိုက်သည်။ ထို့နောက် သူက ဖုန်းမျက်နှာပြင်ကို ထိတ်လန့်နေသည့် မျက်နှာဖြင့် ကြည့်ရှုနေသည်။

သခင်လေးထန့် လုံးဝ အံ့အားသင့်သွားသည်။ အမြဲ တည်ငြိမ်နေတတ်သည့် သူ၏ ဆရာဘိုးဘိုးက ဗွီဒီယိုလေးတစ်ခုကို မြင်ယုံနှင့် ယခုလို တုံ့ပြန်လာလိမ့်မည်ဟု ထင်မှတ်မထားမိပါ။

"ရှုထန့်…. ဒီဗွီဒီယိုရဲ့ နာမည်က ဘာလဲ?"

ယဲ့ဖန်က အံ့ဖွယ်ကောင်းသော တစ်ခုခုကို သတိပြုမိသွားဟန်ဖြင့် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"မိုးကောင်းကင်သို့ တက်ရာလမ်းတဲ့ … ဆရာဘိုးဘိုး ဘာဖြစ်နေတာလဲဗျ?"

သခင်လေးထန့်က ဇဝေဇဝါဖြင့် မေးလိုက်သည်။

"နတ်ဘုရားတွေရဲ့ အလောင်းကို လှေကားအဖြစ် အသုံးချပြီး အင်မော်တယ်တွေရဲ့ အရိုးတွေကို လက်ရန်းအဖြစ် အသုံးပြုတာ၊ တစ်ယောက်ယောက်က မိုးကောင်းကင်ကို တက်လှမ်းချင်ရင် ကမ္ဘာပေါ်မှာ နတ်ဘုရားကော၊ အင်မော်တယ်ကော မရှိရဘူး"

"ဒါ မိုးကောင်းကင်သို့ တက်ရာလမ်းပဲ"

ယဲ့ဖန်၏ မျက်ဝန်းတွင်းမှ ထိတ်လန့်မှုက ပို၍ နက်ရှိုင်းလာသည်။ ဒီဗွီဒီယိုထဲတွင် အဆိုပါ ရို့ယွီသည် မည်သည့် စတီးဝိုင်ယာကြိုးကိုမှ မသုံးထားသည်ကို သူ သေချာမြင်ရသည်။

သူမက လေချည်းသက်သက်ကိုသာ နင်း၍ တစ်လှမ်းပြီးတစ်လှမ်း တက်လှမ်းနေခြင်း ဖြစ်သည်။

သူမ၏ မိုးကောင်းကင်သို့ တက်ရာလမ်းပညာ ကျွမ်းကျင်မှုကြောင့် ယဲ့ဖန် ထိတ်လန့် သွားရသည်။

လွန်ခဲ့သည့် နှစ်ပေါင်းများစွာက သေဆုံးသွားခဲ့သော နတ်ဆိုးဘုရင် ရှစ်ယောက်ထဲတွင် အမှောင်နတ်ဆိုးဘုရင်ဟု ခေါ်သည့် နတ်ဆိုးဘုရင်တစ်ပါး ရှိခဲ့သည်။

သူတွင် မိစ္ဆာကျွန် အစေခံ လေးယောက်ရှိပြီး ထိုထဲမှ တစ်ယောက်ကို ကောင်းကင်မိစ္ဆာ ကျွန်မျိုးနွယ်ဟု ခေါ်သည်။

မိုးကောင်းကင်သို့ တက်ရာလမ်း ပညာရပ်သည် ထိုကောင်းကင်မိစ္ဆာ ကျွန်မျိုးနွယ်၏ အဓိက ပညာရပ်တစ်ခု ဖြစ်သည်။

ဒါက ဘယ်လိုလုပ် ကမ္ဘာဂြိုဟ်ပေါ်မှာ ပြန်ပေါ်လာရတာလဲ?

ရို့ယွီက ဘယ်လိုလုပ် ဒီပညာကို တက်နေရတာလဲ။

မျက်မှောင်ကို တင်းနေအောင် ကြုတ်ကာ ယဲ့ဖန်က ရို့ယွီအား သိချင်စိတ်များဖြင့် ကြည့်နေသည်။ ရို့ယွီက မိုးကောင်းကင်သို့ တက်ရာလမ်း ပညာရပ်၏ အခြေခံကို တက်မြောက်နေခြင်း မဟုတ်ဘဲ သရုပ်ပြရုံ သက်သက်သာ ဖြစ်သည်ကို သူ ရှာဖွေမိသွားသည်။

"ကောင်းကင်မိစ္ဆာ ကျွန်မျိုးနွယ်က ဒီပညာရပ်ကို သုံးတဲ့ အချိန်ဆို ခြေတစ်လှမ်းတည်းနဲ့ အင်မော်တယ်တစ်ယောက်ကို သတ်ပစ်လို့ ရတယ်။ သူမက ပရိသတ်တွေကို ဆွဲဆောင်ဖို့ ဒါကို သူမရဲ့ ဂီတပွဲမှာ အသုံးပြုလိမ့်မည်လို့ မထင်ထားမိဘူး"

သူ့မျက်လုံးတွင် အေးစက်စက် အလင်းတစ်ချက် ဖြတ်ပြေးသွားသည်၊ ပဟေဠိကို အဖြေထုတ်နိုင်ရန် သူ ရို့ယွီနှင့် တွေ့ဖို့ လိုအပ်မှန်း ယဲ့ဖန် သိလိုက်သည်။

"ရှုထန့်… ငါ ဒီည မင်းနဲ့အတူ ရို့ယွီကို လိုက်တွေ့ဖို့ လိုလာပြီ"

သူ့စကားကြောင့် ရှုထန့် ပျော်ရွှင်လို့သွားသည်။

….

ညအချိန်သို့ ရောက်သောအခါ….

ကျန်းနန် အင်ပါယာဘားသည် ကျန်းနန် စီရင်စု ဒေသတစ်ဝိုက်တွင် နာမည်အကြီးဆုံး အကောင်းဆုံး ဘားတွေထဲမှ တစ်ခု ဖြစ်လေသည်။

သို့သော် တစ်စုံတစ်ယောက်က ဒီညအတွက် ဘားတစ်ခုလုံးကို ငှားရမ်းထားသည်။

ဘားထဲတွင် ကျန်းနန် စီရင်စု ဒေသရှိ အဓိက ကလန်များမှ သခင်လေးများနှင့် ပြည့်နှက်လို့ နေသည်။

အကောင်းစား ရှန်ပိန်ပုလင်းများကို စားပွဲပေါ်တွင် နေရာချထားသည်။ သခင်လေးမှ သုံးယောက်တစ်ဖွဲ့၊ ငါးယောက်တစ်ဖွဲ့နှင့် စကားပြောနေကြသည်။

ရှုထန့်နှင့် ယဲ့ဖန်တို့ ဘားထဲသို့ ဝင်လာသည်နှင့် အားလုံးက သူတို့နှစ်ယောက်ကို အာရုံစိုက်မိသွားသည်။

ရှုထန့်က သူတို့အား လျစ်လျူရှုကာ ယဲ့ဖန်အား ထောင့်တစ်ခုသို့ ခေါ်လာ၍ ထိုင်ချလိုက်သည်။

"ဆရာဘိုးဘိုး…ခင်ဗျား လူတစ်ယောက်ကို သတိထားဖို့ လိုလိမ့်မယ်"

*အမ်*

ယဲ့ဖန် ကြောင်အကာ ရှုထန့်အား ဇဝေဇဝါဖြင့် ကြည့်နေသည်။

"ဆရာဘိုးဘိုး မော့ကလန်က နံပါတ်တစ် သခင်လေး မော့ထောင်ကို မှတ်မိသေးလား? မော့ထောင်မှာ သူနဲ့ အဖေတူတဲ့ အစ်ကိုရင်း တစ်ယောက် ရှိတယ်၊ သူ့ကို မော့ထျန်းချန်လို့ ခေါ်တယ်၊ သူ့ကို ကျန်းနန်စီရင်စုရဲ နံပါတ်တစ် သခင်လေး၊ သခင်လေးတွေရဲ့ ခေါင်းဆောင်လို့ ခေါ်ကြသေးတယ်"

မော့ထျန်းချန် အကြောင်း‌ ပြောနေစဉ်တွင် ရှုထန့်သည် အလွန်ကြောက်နေသည့် ပုံပေါ်သည်။

"မော့ထျန်းချန်က အခု မော့အုပ်စုရဲ့ ရုံးချုပ်မှာ စီအီးအို ဖြစ်နေပြီ။ သူ့ရဲ့ ဦးဆောင်မှုအောက်မှာ မော့အုပ်စုရဲ့ အာဏာက အရင်ကထက် သုံးဆ ပိုကြီးလာတယ်။ အဲ့ဒါကြောင့် မော့ကလန်က ကျန်းနန် စီရင်စုဒေသထဲမှာ အချမ်းသာဆုံး ကလန်ဖြစ်လာတာပဲ"

"ပြီးတော့ မော့ထျန်းချန်က မော့ထောင်နဲ့ အရမ်း ရင်းနှီးတာ၊ အရင်တုန်းက ဆရာဘိုးဘိုးက မော့ထောင်နဲ့ ပဋိပက္ခ ဖြစ်ထားတာသလို အခု သူကလည်း ပျောက်နေတာဆိုတော့ မော့ထျန်းချန်က ဆရာဘိုးဘိုးကို နံပါတ်တစ် သံသယရှိသူ အဖြစ် သတ်မှတ်ထားမှာပဲ"

ထို့နောက် ရှုထန့်က ယဲ့ဖန်အား ထပ်သတိပေးလိုက်သည်။

"အဲ့ဒါကြောင့် ဆရာဘိုးဘိုး…ခင်ဗျားက ယဲ့ဖန်ပါဆိုတာကို သူ့ကို ပြောလိုက်လို့ မဖြစ်ဘူးနော်။ မဟုတ်ရင် မော့ထျန်းချန်က ဆရာဘိုးဘိုးကို လက်စားချေလိမ့်မယ်"

ရှုထန့်စကားကြောင့် ယဲ့ဖန် အံ့အားသင့်သွားရသည်။ မော့ထောင်ကဲ့သို့ ဉာဏ်ထိုင်းသော သူတွင် ဤကဲ့သို့ ထက်မြက်သော အစ်ကိုတစ်ယောက် ရှိနေလိမ့်မည်ဟု သူ ထင်မထားမိပါ။

သို့ပင်မယ့်…ဘာဖြစ်မှာမို့လို့လဲ။

ယဲ့ဖန်က မော့ထျန်းချန်အား ခေါင်းထဲတောင် ထည့်မထားပါ။ သူ မော့ကလန်ကို သုတ်သင်ချင်နေတာ ကြာလှပြီ ဖြစ်သော်လည်း ယခုတလော အလုပ်ရှုပ်နေ၍ မသုတ်သင် ဖြစ်သေးခြင်းပင်။

ယခုအချိန်တွင်တော့ သူက ရို့ယွီနှင့်သာ တွေ့ပြီ ပဟေဠိကို အဖြေထုတ်ချင်မိသည်။

ဘန်း!

ထိုအချိန်တွင် တံခါးက ဂျိုင်းခနဲ မြည်အောင် ပွင့်လာသည်။ ဘားထဲမှ သခင်လေးတိုင်း တံခါးဝသို့ လှည့်ကြည့်လိုက်သောအခါ လူငယ်တစ်ယောက်က မိန်းမလှလေး တစ်ယောက်နှင့်အတူ ဝင်လာသည်ကို မြင်လိုက်ကြရသည်။

သူတို့နှစ်ယောက်သည် မော့ထျန်းချန်နှင့် ….ရို့ယွီတို့ပင် ဖြစ်ကြလေသည်။

All Chapters