ငါ မင်းကို ဘယ်လိုမျိုး လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုမျိုး လုပ်မိလို့လဲ
Vol. 12 Ch. 166
ရို့ယွီသည် ပထမတန်းစား အလှလေးပင်။ ဝိုင်းစက်လှပသော မျက်နှာကျ၊ မိုးမခ သစ်ရွက်ကဲ့သို့ မျက်ခုံး၊ နှုတ်ခမ်းဖူး သေးသေးလေး၊ နှာခေါင်း သေးသေးလေးနှင့် သူမသည် နတ်သမီးလေးတစ်ပါးကဲ့သို့ လှပလှလေသည်။
သူမ၏ ပင်ကိုယ်သဘာဝကိုက လက်ဘက်ရည်ကဲ့သို့ လန်းဆန်း တက်ကြွလှ လေသည်။ သူမကို မြင်လိုက်သည့် မည်သည့်ယောကျ်ားသားမဆို သူမကို ချက်ချင်း နှစ်သက်သွား လောက်ပေသည်။
ချက်ချင်းဆိုသလိုပင် နေရာတွင် ထိုင်နေကျသော သခင်လေးများက ထရပ်ကာ သူတို့ထံ လှမ်းနှုတ်ဆက်လာကြသည်။
သူတို့က သူတို့ ဝယ်လာသည့် လက်ဆောင်များကို ရို့ယွီနှင့် မော့ထျန်းချန်တို့ကို ပေးအပ်ကာ မျက်နှာလုပ်နေကြ၏။
ယဲ့ဖန်တစ်ယောက်တည်းသာ ထောင့်နားတွင် ငြိမ်၍ ထိုင်နေသည်။
"နတ်ဆိုးပညာရပ်"
ရို့ယွီထံမှ အနည်းငယ်မျှသော နတ်ဆိုးချီဓာတ်ကို ယဲ့ဖန် ရှင်းလင်းစွာ အာရုံခံလို့ ရနေသည်။ ဒါ နတ်ဆိုးပညာရပ်ကို လေ့ကျင့်ထားသော တစ်စုံ တစ်ယောက်၏ အင်္ဂါရပ်ပင်။
သို့သော် ရို့ယွီ၏ နတ်ဆိုးချီဓာတ်သည် မရှိသေးသဖြင့် ယဲ့ဖန်၏ နတ်ဆိုး ချီဓာတ်နှင့် မည်သို့မျှ မယှဉ်နိုင်ချေ။
*ဟင်*
ထိုစဉ် ရို့ယွီသည် တစ်စုံတစ်ယောက်က သူမကို ထောင့်နားလောက်ကနေ စိုက်ကြည့် နေသည်ကို သတိထားမိသွားသည်။ ထို့ကြောင့် သူမ ချက်ချင်း လှည့်ကာ သူ့ကို ကြည့်လိုက်သည်။
ယဲ့ဖန်ကို မြင်လိုက်ရသည့် တစ်ခဏအတွင်းမှာပင် သူမ ကတုန်ကယင် ဖြစ်သွားသည်။
*သူ…သူက ဒဏ္ဍာရီထဲက သူနဲ့ တူလိုက်တာ*
ရို့ယွီ၏ လှပသောမျက်နှာလေးတွင် မယုံသင်္ကာဟန်များ အထင်းသား ပေါ်လွင် လာသည်။
ခန်းမ၏ အပေါက်ဝသို့ မျက်နှာမူထားသော နံရံတွင် အမြဲတမ်း ပုံနှစ်ခုက နေရာယူ ထားသည်။
တစ်ပုံသည် သူမကလန်၏ ဘိုးဘေးပုံ ဖြစ်ပြီး နောက်တစ်ပုံက လူငယ် တစ်ယောက်၏ ပုံဖြစ်သည်။
ပုံထဲမှ လူငယ်လေးသည် ယဲ့ဖန်နှင့် ချွတ်စွပ်တူညီနေသည်။
"မဖြစ်နိုင်ပါဘူး…သူတို့က လူတစ်ယောက်တည်း မဖြစ်နိုင်ဘူး"
သူမအိမ်ရှိ ပုံသည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းက သူမတို့ ဘိုးဘေး ဘီဘင် အဆက်ဆက် ထားရှိလာသည့် ပုံဖြစ်မှန်း ရို့ယွီ သိထားသည်။ သို့သော် ယဲ့ဖန်က ယခုမှ လူငယ် တစ်ယောက်သာ ရှိသေးသည်။ ထို့ကြောင့် သူတို့ နှစ်ယောက်က တစ်ယောက်တည်း မဟုတ်မှန်း သူမ သိပါသည်။
သို့သော် သိပ်မကြာခင်မှာပင် ရို့ယွီ၏ လှပသော မျက်လုံးလေးများက အလွန်အံ့ဩနေသည့် ဟန်များ ဆထက်တိုးလာသည်။
သူမကိုယ်တွင်းက ချီစွမ်းအင်များက ကြွက်က ကြောင်ကို တွေ့သကဲ့သို့ တုန်ယင် လာသလိုမျိုး ခံစားလာရသည်။ သူမ ခံစားလိုက်မိသည့် တစ်ခဏမှာတင် စိတ်ကို တင်းမထားနိုင်တော့ချေ။
…
ရို့ယွီ၏ သေးသွယ်သော ကိုယ်လုံးလေးက တုန်ယင်လာကာ သူမမျက်နှာလေးကလည်း သွေးမရှိတော့သလို ဖြူရော်လာသည်။
"ရို့ယွီ၊ မင်း အဆင်ပြေရဲ့လား?"
မော့ထျန်းချန်သည် အလွန့်ကိုမှ ချောမောလှပေသည်။ ရို့ယွီ၏ ပုံမှန်မဟုတ်သော အမူအရာကို မြင်သည်နှင့် သူ့မျက်နှာက ချက်ချင်း မည်းမှောင်သွားပြီး သူမကို စိုးရိမ်တကြီး မေးမြန်းလိုက်သည်။
"အ…အဆင်ပြေပါတယ်"
ရို့ယွီက လက်ကာပြပြီး ပြောလိုက်သည်။ ထို့နောက် သူမက သခင်လေးများ အဖွဲ့လိုက်ကို လျစ်လျူရှုကာ ယဲ့ဖန်ထံသို့ ဖြည်းဖြည်းချင်း လှမ်းလာသည်။ သခင်လေးများက သူမအတွက် ချက်ချင်း လမ်းဖယ်ပေးလိုက်ကြသည်။
ဤသည်ကို ကြည့်ရင်း သခင်လေးများ တအံ့တဩဖြစ်သွားကြသည်။
သူမက ထောင့်နားသို့ ရောက်သည်နှင့် လက်ဆန့်ထုတ်ကာ စကားစလိုက်သည်။
"ဆာ…တွေ့ရတာ ဝမ်းသာပါတယ်၊ ကျွန်မက ရို့ယွီပါ"
*ဘာကြီး*
ဤအဖြစ်အပျက်ကို ကြည့်ရင်း ဘားထဲရှိ ဘေးမှ ကြည့်နေသူများ အံ့ဩလွန်း၍ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
ဟွာရှနိုင်ငံ၏ နိုင်ငံ့ အလှနတ်ဘုရားမလေး၊ ရို့ယွီက ယောကျ်ားတစ်ယောက်က သူမဘက်မှ စ၍ ရည်ရွယ်ချက်ရှိရှိ စကားစပြောသည်တဲ့လား။
*ဒါ… မယုံနိုင်စရာပါလား*
မော့ထျန်းချန် စိတ်ထဲ အုံ့မှိုင်းလာသည်။ ရို့ယွီကို သူ အတော်လေး နှစ်သက်နေခဲ့သည်။
ထိပ်သီး ပုဂ္ဂိုလ် မဆိုထားနှင့် ဘယ်ယောကျ်ားသားနှင့်မှ သူမဘက်မှ စ၍ စကားစ မပြောခဲ့ပါ။
သို့ပင်မယ့် ယခုအခါတွင်….
ဖြစ်ပျက်သွားသည့် ကိစ္စကြောင့် လူတိုင်း မှင်တက်ငေးမောသွားကြသည်။
ယဲ့ဖန်က ပြန်၍ လက်ဆွဲ မနှုတ်ဆက်ဘဲ ရို့ယွီကိုသာ စိုက်ကြည့်၍ ပြောလိုက်သည်။
"ကျန်းရှီမြို့က ယဲ့ဖန်"
…
ယဲ့ဖန်၏ တုံ့ပြန်မှုကြောင့် ဘားတစ်ခုလုံး ပွက်လောရိုက်သွားသည်။ သူတို့၏ နိုင်ငံ့အလှနတ်ဘုရားမလေး ဘက်မှစ၍ စကားစလာသည့်တိုင် တစ်စုံတစ်ယောက်က အခုလို တည်ငြိမ်နေလိမ့်မညဟု သူတို့ ထင်မထားခဲ့မိပါ။
သူက သူမနှင့် လက်ဆွဲနှုတ်ဆက်ခြင်းတောင် မပြု။
*ဒါ…လုံးဝ မဖြစ်နိုင်ဘူး*
သခင်လေးထန့် အလွန် စိတ်လှုပ်ရှားကာ ဘောင်းဘီထဲ ရှူးထွက်ကျတော့မလို ဖြစ်လာရသည်။
*မိုက်လိုက်တာ*
*ငါ့ဆရာဘိုးဘိုးက လုံးဝကို အမိုက်စားပဲ*
တစ်ဘက်တွင်တော့ မော့ထျန်းချန်သည် အလွန်မုန်းတီးသွားသည်။
"ကျန်းရှီမြို့က ယဲ့ဖန်…အဲ့ဒါ သူပဲ"
အနည်းငယ် ရက်စက်သော အရိပ်အယောင်တစ်ချို့ သူ့မျက်လုံးအတွင် ဖြတ်ပြေး သွားပြီးနောက် သူက ယဲ့ဖန်ထံသို့ လျှောက်လာသည်။
"မင်းက ယဲ့ဖန်လား"
မော့ထျန်းချန်သည် ယဲ့ဖန်အား စိုက်ကြည့်၍ ထပ်မေးလိုက်သည်။
"မင်း ငါ့ညီ မော့ထောင်ကို သိသလား"
*အမ်*
မော့ထျန်း၏ မေးခွန်းနှင့် သူ၏ အမူအရာကြောင့် အခြားသခင်လေးများ မကောင်းတာ တစ်ခုခု ဖြစ်တော့မည်ကို ချက်ချင်း ရိပ်မိလိုက်သည်။
*သူတို့နှစ်ယောက်ကြားမှ မကျေပွဲလေးတွေ ရှိကို ရှိရမယ်*
ရှုထန့်၏ မျက်နှာက ချက်ချင်း ဖြူရော်လာသည်။ ယဲ့ဖန်အား သူ့နာမည်အစစ်ကို ထုတ်မပြောရန် သူ သတိပေးထားခဲ့သည်လေ။
ရှုထန့်က ယဲ့ဖန်အား ထပ်၍ သတိပေးရန် ဟန်ပြင်လိုက်စဉ်တွင် ယဲ့ဖန် ထပ်ပြော လိုက်သည့် စကားကြောင့် သူ့မျက်နှာတစ်ခုလုံး သွေးတောင် မရှိတော့။
"မော့ထောင်လား၊ ငါ သူ့ကို မြင်ဖူးတာပေါ့" ယဲ့ဖန်က သွေးဆာနေသော အရိပ်အယောင်နှင့် ထပ်ပြောလိုက်သည်။
"ဒါပေမယ့် ငါကပဲ သူ့ကို သတ်လိုက်တာ"
*ဘာ*
ဘားတစ်ခုလုံး တိတ်ကျသွားသည်။
*သူက မော့ထောင်ကို သတ်လိုက်တာလား*
ခပ်ပြတ်ပြတ်အဖြေကြောင့် ဘားတစ်ခုလုံး အေးစိမ့်လို့လာသည်။
"မင်း ဖြစ်နေတာကိုး…မော့ထောင်ကို သတ်လိုက်တဲ့သူက တကယ်ပဲ မင်းကိုး"
ချက်ချင်းဆိုသလိုပင် မော့ထျန်းချန်၏ မျက်လုံးများက သွေးဆာလာဟန်ကို ပြလာသည်။ ယဲ့ဖန်ကို နုတ်နုတ်စင်းရန် မစောင့်နိုင်တော့သလိုပင်။
သို့သော် ထိုအချိန်တွင် ယဲ့ဖန်က မော့ထျန်းချန်ဘက် လှည့်ကြည့်ကာ ကြောက်မက်ဖွယ် ကောင်းသော အမူအရာနှင့်
"မင်းလည်း သေချင်လို့လား"
*သောက်ကျိုးနည်း*
ဘားထဲရှိ သခင်လေးတိုင်း စကားတစ်ခွန်းကို ပြောချင်နေကြသည်။ ဤမျှ ဘဝမြင့် စိတ်ကြီးဝင်သည့် သူမျိုး တစ်ခါမှ မမြင်ခဲ့ဖူးပါ။ ပြီးတော့ ထိုသူက ကျန်းနန် စီရင်စုဒေသရဲ့ နံပါတ်တစ် သခင်လေးကို လက်ညှိုးငေါက်ငေါက်ထိုးကာ 'သေချင်လို့လား' ဟု မေးနေသေးသည်။
*ဒါ…. ဒါ စောက်ရမ်း ကြောက်ဖို့ကောင်းတယ်ဟ*
ရို့ယွီတောင်မှ ယဲ့ဖန်အား တောက်ပသော မျက်ဝန်းများဖြင့် ကြည့်လို့နေသည်။ အမှန်အတိုင်း ဝန်ခံရလျင် ယဲ့ဖန်သည် သူမ မြင်ခဲ့ဖူးသမျှ လူတွေထဲတွင် အလွှမ်းမိုးနိုင်ဆုံး သူဖြစ်သည်။
မော့ထျန်းချန်ကတော့ ဒေါသထွက်လွန်းသဖြင့် သေတော့မလို ဖြစ်နေသည်။ ကျန်းနန် စီရင်စုဒေသရဲ့ နံပါတ်တစ် သခင်လေး ဖြစ်သည့်အပြင် မော့အုပ်စု၏ စီအီးအို ဖြစ်သောသူသည် သူ့ကို ယခုလို ပြောရဲသည့်သူနှင့် တစ်ခါမှ မကြုံခဲ့ဖူးချေ။
မော့ထျန်းချန်သည် ယဲ့ဖန်အား အပြတ်နွှာချင်နေသော်လည်း ရို့ယွီရှေ့တွင် သူ့ပုံရိပ် ပျက်ယွင်းမှာကိုလည်း မလိုလားချေ။
ထို့ကြောင့် မော့ထျန်းချန်က အသက်ကို ပြင်းပြင်းရှုပြီး သူ့ဒေါသကို ထိန်းလိုက်သည်။ ထို့နောက် သူက ရို့ယွီကို ပြုံး၍ ပြောလိုက်သည်။
"မမလေး ရို့ယွီ … ဟိုဘက်ကို သွားကြရအောင် ကျွန်တော်တို့ အားလုံး ခင်ဗျားကို စောင့်နေကြတာ"
သူ့စကားကြောင့် ရို့ယွီက ယဉ်ကျေးစွာ ခေါင်းညိတ်ပြလိုက်ပြီး ယဲ့ဖန်နားက ထွက်လာပြီးမှ "နောက်မှ တွေ့ကြတာပေါ့ မစ္စတာယဲ့"
ယဲ့ဖန်ကို ပြုံးပြပြီးနောက် ရို့ယွီက မော့ထျန်းချန်နဲ့အတူ အခြားသခင်လေးများ ရှိရာသို့ လျှောက်သွားသည်။
သို့သော် မော့ထျန်းချန်သည် လှပ၍ ချမ်းသာသော မိန်းမလှလေးတစ်ယောက်၏ နံဘေးနားမှ ဖြတ်သွားချိန်တွင် သူက သူမကို မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။
ထို့နောက် သူမက မချိုမချဉ်မျက်နှာပေးဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သူမက ဝိုင်တစ်ခွက်ကို ယူကာ တင်ပါးကို လိမ်ဖယ်လိမ်ဖယ်နှင့် လှုပ်ကာ ယဲ့ဖန်ထံသို့ လျှောက်လာသည်။
"မစ္စတာယဲ့ ရှင်က အရမ်း အထက်စီးဆန်လွန်းတာပဲ"
ထိုလှပချောမောသော မိန်းမပျိုလေးက တောက်ပစွာ ပြုံးပြီး ယဲ့ဖန်ဘေးနား ဝင်ထိုင်လိုက်သည်။
"ကျွန်မ သဘောအကျဆုံး အထက်စီးဆန်တဲ့ ယောကျ်ားအတွက် ချီးယားစ်"
သူမက ယဲ့ဖန်၏ ဝိုင်ခွက်ကို ကောက်ကိုင်၍ ပေးလိုက်သည်။ သို့သော် ယဲ့ဖန်က ခွက်ကို မယူဘဲ သူမကိုသာ ပြုံး၍ ကြည့်နေသည်ကို သတိပြုလိုက်မိသည်။
"မစ္စတာယဲ့ ရှင်က ကျွန်မနဲ့အတူတူ တစ်ခွက်လောက် မသောက်ချင်တာလား"
ထိုလှပချောမောသော မိန်းမလှလေး ပြုံးလျက်နှင့် မေးလိုက်သော်လည်း သူမအပြုံးက အနည်းငယ် မကျေနပ်ဟန်ကို ဖော်ပြနေသည်။
ယဲ့ဖန်က နှုတ်ခမ်းတွန့်ရုံ ပြုံးပြီး ပြန်ပြောလိုက်သည်။
"ခင်ဗျားက ဒီလောက် အရှက်မရှိတာ၊ ကျုပ်က ဘာလို့ ခင်ဗျားနဲ့ တစ်ခွက်လောက် အတူတူ သောက်ရမှာလဲ"
ဤမိန်းကလေးနှင့် မော့ထျန်းချန်တို့ မျက်စိမှိတ်၍ အချက်ပြခဲ့သည်ကို ယဲ့ဖန် မြင်ခဲ့ပြီးသားပင်။
ထို့ကြောင့် သူ ဆက်၍ ကြည့်နေသည်၊ သူ့အကြည်တွေနဲ့တင် သူမ သေနေလောက်ပြီ ဖြစ်သည်။
*အရှက်မရှိဘူး*
သူ့စကားကြောင့် ထိုမိန်းကလေး ထိတ်လန့်ကာ ယဲ့ဖန်အား ဒေါသတကြီး ပြန်ကြည့် လိုက်မိသည်။
"ကောင်းတယ်၊ ကောင်းတယ်၊ နင် စောင့်ကြည့်နေလိုက်"
ထို့နောက် သူမက သူမအင်္ကျီဇစ်ကို ဆွဲဖြုတ်လိုက်သဖြင့် သူမ၏ ရင်နှစ်မြွှာက ဘွားခနဲ ပေါ်လာသည်။ ပြီးနောက်တွင် သူမက ရုတ်တရက် ထခုန်ကာ ငယ်သံပါအောင် အော်ဟစ်လေသည်။
"အား… ဒီမှာ သူ ကျွန်မကို လိုက်နှောင့်ယှက်နေပါတယ်ရှင်၊ လူယုတ်မာ… နင်ကများ ငါ့ကို ဗလက္ကာရ လုပ်ရဲတယ်ပေါ့လေ"
*ဘာ*
မိန်းမလှလေး၏ စူးစူးဝါးဝါး အော်သံကြောင့် ဘားထဲရှိ လူတိုင်း တအံ့တဩ ဖြစ်သွား ကြသည်။
သူမ၏ သနားကမား ပုံစံကို မြင်လိုက်ရပြီးနောက် သခင်လေးများအားလုံး ဒေါသထွက်သွားကြသည်။
သခင်လေးများက ယဲ့ဖန်အား ချက်ချင်း ဝိုင်းကြည့်လာသည်။ မိန်းမလှလေးက မျက်ရည် ဆက်တိုက် ကျဆင်းနေကာ ယဲ့ဖန်အား လက်ညှိုးထိုးပြီး ပြောလေသည်။
"သူလုပ်တာ ... ကျွန်မက သူ့ကို အရက်ခွက်ကို ပြိုင်တူမြှောက်ပြီး ဆုတောင်းဖို့ လုပ်မလို့ကို သူက ဘာမပြော ညာမပြောနဲ့ ကျွန်မ ရင်သားတွေကို ကြီးလား၊ မကြီးဘူးလား မေးတယ်၊ ပြီးတော့ ကျွန်မပေါင်ကို ပွတ်သပ်ပြီး ကျွန်မရင်သားတွေ ကိုင်တယ်၊ သူက လူယုတ်မာ"
"သူ့ကို ဒီနေရာက မောင်းထုတ်လိုက်… မဟုတ်ဘူး ... သူ့ခြေလက်တွေကို ရိုက်ချိုးပစ်လိုက်၊ အဲ့တဏှာရူးကို ငါတို့ ဘယ်လောက် အင်အားကြီးလဲ ဆိုတာကို သိသွားအောင် ပြလိုက်ရအောင်"
ငိုရှိုက်နေသော မိန်းမလှလေး၏ မျက်ဝန်းတွင် လှောင်ရိပ်များ သန်းနေသည်။
*သူ့ခြေလက်တွေကို ရိုက်ချိုးပစ်မှာလား*
ယဲ့ဖန်က ဖြည်းဖြည်းချင်း ထရပ်ကာ မခိုးမခန့် အမူအရာနှင့် ပြောလိုက်သည်။
"မင်းပြောတာက ငါက မင်းကို ဗလက္ကာရ လုပ်ပြီး မင်းရင်သားတွေကို ကိုင်တယ်ပေါ့ ဟုတ်လား"
မိန်းမလှလေးက ချက်ချင်းဆိုသလို ဒေါသတကြီးနှင့် ထအော်လေသည်။
"ဟုတ်တယ်၊ ငါ့ရင်သားတွေကို ကိုင်တာ နင်ပဲ၊ နင် ငြင်းဖို့ မကြိုးစားနဲ့"
သို့သော် သူမစကားအဆုံးတွင် တောက်ပသော အလင်းရောင်တစ်ချက် လှစ်ခနဲ ဖြတ်ပြေးသွားပြီး သွေးများက နေရာအနှံ့ လွင့်စဉ်လို့သွားသည်။
ထို့နောက် ငရဲမှ ထွက်ပေါ်လာသော အသံကဲ့သို့ အသံတစ်သံက ပဲ့တင်ထပ်၍ ထွက်ပေါ်လာသည်။
"ခင်ဗျားမှာ ရင်သားတောင် မရှိဘဲနဲ့ ကျုပ်က ဘယ်လိုလုပ် ခင်ဗျားကို ဗလက္ကာရ လုပ်လို့ရမှာလဲ"