← Chapters

မိုးကောင်းကင်သို့ တက်ရာလမ်း၏ တကယ့်ခွန်အားအစစ်

Vol. 12 Ch. 172

မိုးကောင်းကင်သို့ တက်ရာလမ်း၏ တကယ့်ခွန်အားအစစ်

Vol. 12 Ch. 172

*အဆင့်အမြန်တိုး ဆေးလုံး*

ယခင်တုန်းက ယဲ့ဖန်သည် အဆင့်အမြန်တိုး ဆေးလုံးများ ဖော်စပ်ရန် ပါဝင်ပစ္စည်းများကို လိုက်လံ စုဆောင်းခဲ့သည်။

ကျန်းရှီမြို့‌ လေလံပွဲမှာတုန်းက မော့ထောင်ထံမှ အနက်ရောင်နွယ်မြက်ပင်ကို ရခဲ့ပြီးကတည်းက သူ လိုအပ်တာမှန်သမျှ စုဆောင်းပြီးခဲ့ပြီး ဖြစ်သည်။

သန့်စင်သော ယန်ဆေးလုံးကို ဖော်စပ်စဉ်ကတည်းက တစ်ဘက်မှာလည်း အဆင့်အမြန်တိုး ဆေးလုံးကို သူ ဖော်စပ်ခဲ့ခြင်း ဖြစ်သည်။

အရှင်သခင် သုံးယောက်၏ ပါးစပ်ထဲ ဆေးဝင်သွားသည်နှင့် အဆင့်အမြန်တိုး ဆေးလုံးက အရည်အဖြစ်သို့ ကူးပြောင်းသွားသည်။

ထိုစဉ် ပူပြင်းသော စီးကြောင်းတစ်ခုက သူတို့၏ ဝမ်းဗိုက် အောက်ပိုင်းသို့ ဝင်ရောက် လာသလို သူတို့ ခံစားလိုက်ရသည်။

ချက်ချင်းဆိုသလိုပင် သူတို့၏ ဝမ်းဗိုက်အောက်ပိုင်း၌ တရှဲရှဲ မြည်သလို ဖြစ်လာပြီး သွေးများက တဟုန်ထိုး ထိုးတက်လာကာ အရှိန်နှင့် စီးဆင်း နေတော့သည်။

ထို့ပြင် ပြင်းထန်သော ချီစွမ်းအင်များက သူတို့၏ အသွေးအသားထဲနှင့် မရီဒန်ထဲသို့ စီးဝင်လာသည်။

သူတို့၏ အရွတ်နှင့် ကြွက်သားများ အားကောင်းလာသည်။ သူတို့၏ ကျိုးသွားသော လက်မောင်းများပင် ပြန်ကောင်းလာပြီး တဂျွတ်ဂျွတ်မြည်ကာ အရိုးများ ပြန်ဆက် သွားသည်။

….

ဤမြင်ကွင်းကို ကြည့်ရင်း အိမ်တော်တွင်းရှိ လူတိုင်း မှင်တက်သွားကြသည်။

"ဆေးရည်ပါလား"

လူသန်ကြီး မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်သွားသည်။ ဆရာသခင် အထွတ်အထိပ် အဆင့်မှ သူများသာ သူတို့၏ ချီစွမ်းအင်အား ဆေးလုံးထဲ ရောနှော၍ ဆေးလုံးကို ဆေးရည်အသွင်သို့ ပြောင်းလဲနိုင်သည်။

လီကျိုးယောင်တောင်မှ ယခုကဲ့သို့ မလုပ်နိုင်သေးပါ။ သို့ဖြစ်ပါလျက်နှင့် ယခု…

ထို့နောက် လူသန်ကြီးက မနာလို ဒေါသထွက်နေသော မျက်လုံးများဖြင့် ပြောလိုက်သည်။

"တော်တော် ဖြုန်းတီးနေတာပဲ … မင်းက ပုရွက်ဆိတ်လိုကောင်တွေကို ဆေးရည် တိုက်နေတာလား … တော်တော်ဖြုန်းတီးနေတာပဲ"

….

ထိုစဉ် ညအဖွဲ့မှ အရှင်သခင် သုံးယောက်သည် ပြင်းထန်သော ချီစွမ်းအင်များကို ဆက်တိုက် ထုတ်လွှတ်လိုက်သောကြောင့် အနီးအနားရှိ သစ်ပင်များနှင့် အိမ်များ ကျိုးပဲ့သွားသည်။

ထို့နောက်တွင် အရှင်သခင်သုံးယောက်၏ ခန္ဓာကိုယ်များမှ ဖောက်ခနဲ မြည်သံများ ပဲ့တင်ထပ်၍ ထွက်ပေါ်လာသည်။

သူတို့၏ ချီစွမ်းအင်များကလည်း တဟုန်ထိုး တိုးပွားလာသည်။

"ဆရာသခင် တစ်ပိုင်းအဆင့်"

*ဒါ မဖြစ်နိုင်ဘူး*

မော့ဟမ်ရှန့်နှင့် ကောင်းကင်ဘုံ နံပါတ်တစ်တို့ သတိလစ်မတတ် ဖြစ်သွားကြသည်။

အရှင်သခင်သုံးယောက်လုံးသည် သူတို့၏ သန်မာသော ချီစွမ်းအင်များအရ ယခင်ကထက် အဆပေါင်းများစွာ သန်မာလာကြောင်း သူတို့ သိလိုက်သည်။

သုံးယောက်လုံးသည် အိပ်မောကျနေရာမှ နိုးထလာသည့် ရှေးဦးသားရဲမိစ္ဆာများနှင့် သဏ္ဍာန်တူလှပေသည်။

အရှင်သခင် သုံးယောက်တို့သည်လည်း အံ့ဩလို့နေသည်။ ဖြည်းညင်းစွာ ထရပ်လိုက်ပြီးနောက် သူတို့ကိုယ်ထဲ၌ အဆုံးမရှိသော အားအင်များနှင့် ပြည့်နှက် နေသည်ကို ခံစားမိပြီး တက်ကြွလာကြသည်။

ဘုန်းခနဲ အသံနှင့်အတူ သုံးယောက်လုံး ယဲ့ဖန်ရှေ့ ဒူးတစ်ဘက်ထောက်ကာ ပြိုင်တူ ပြောလိုက်ကြသည်က "သခင်ကြီး"

အရှင်သခင်သုံးယောက်လုံး ယဲ့ဖန်အား ရူးသွပ်မတတ် လေးစားသွားပြီဖြစ်သည်။

ယဲ့ဖန်က သူ့အသက်ကိုရင်း၍ သူတို့ကိုကယ်ခဲ့သည်၊ ပြီးနောက် သူတို့၏ တိုက်ပွဲဝင် ခွန်အားများ တိုးပွားလာအောင် စက္ကန့်ပိုင်းအတွင်း လုပ်ပေးခဲ့သည်။

သုံးယောက်လုံး ယဲ့ဖန်၏ ကူညီမှုအား ဘယ်သောအခါမှ မေ့နိုင်မည်မဟုတ်။

သူတို့ အရိုအသေပေးသည်ကို ကြည့်ပြီး ယဲ့ဖန်က နွေးထွေးစွာ ပြုံး၍ ပြောလိုက်သည်။

"သွား… မင်းတို့ အရှက်ရခဲ့သမျှကို သူ့သွေးနဲ့ ဆေးကြောလာခဲ့"

"ဟုတ်ကဲ့ပါ သခင်ကြီး"

သုံးယောက်လုံး မတ်တပ်ထရပ်လိုက်သည်နှင့် တလက်လက် တောက်ပနေသော သူတို့မျက်လုံးများမှ ပြင်းထန်သော ချီစွမ်းအင်များ ဖြာထွက်နေသည်။

သူတို့သုံးယောက်သည် လူသန်ကြီးအား ကျားရိုင်းသုံးကောင်ကဲ့သို့ ကြည့်နေကြသည်။

"အဟက်…ဆရာသခင် တစ်ပိုင်းအဆင့်လား…မင်းတို့က ပုရွက်ဆိတ်က ပုရွက်ဆိတ်ပါပဲ"

လူသန်ကြီးက အထင်သေးစွာ ပြောလိုက်သည်။ တစ်ခါတုန်းက အမေရိကန် လူသတ်ကလပ်တွင် သူသည် ဆရာသခင် တစ်ပိုင်းအဆင့်နှင့် အခြား ဆရာသခင်တစ်ပိုင်းအဆင့်သူ သုံးယောက်ကို သတ်ခဲ့သေးသည်ပဲ။ ယခု သူက ဆရာသခင် ဖြစ်ခါနီး အဆင့်သို့ တက်ရောက်သွားပြီ ဖြစ်သည့်အတွက် ဆရာသခင် တစ်ပိုင်းအဆင့် သုံးယောက်ကို သတ်ရသည်က သူ့အတွက် ထမင်းစား ရေသောက်လို လွယ်ကူနေချေပြီ။

ကောင်းကင်ဘုံ နံပါတ်တစ်တောင်မှ အထင်သေးသလို ကြည့်နေသည်။

"ဆရာသခင် တစ်ပိုင်းအဆင့် ဖြစ်ခါစ သူသုံးယောက်က လူသန်ကြီးကို သတ်ချင်နေတယ်တဲ့လား … အိပ်မက်မက်မနေနဲ့"

ကောင်းကင်ဘုံ နံပါတ်တစ်၏ စိတ်ထဲတွင်တော့ ယဲ့ဖန်နှင့် ညအဖွဲ့မှ အရှင်သခင်သုံးယောက်တို့သည် သေလူများသာ ဖြစ်ကြသည်။

"သေပေတော့…သေလိုက်တော့..သွားသေလိုက်တော့"

ထိုစဉ် အရှင်သခင် သုံးယောက်က လူသန်ကြီးဆီသို့ ဂျက်လေယာဉ်ထက် ပိုမြန်သည့် အလျင်နှုန်းဖြင့် ပြေးဝင်သွားသည်။

လေတိုးသံနှင့်အတူ ကြောက်မက်ဖွယ် ကောင်းလှသည့် ချီစွမ်းအင်များကို ထုတ်လွှတ်နေပြီး ချီစွမ်းအင် တစ်ခုချင်းစီတိုင်းက ဟင်းလင်းပြင်ကို ဟက်တက် ခွဲနေသလိုပင်။ တိုးပွားလာသော အရှိန်က အခြားသူများ၏ ခြေချောင်းများကိုတောင် တွန့်လိမ်သွားစေသည်။

သို့သော် ဤမြင်ကွင်းကို ကြည့်ပြီး လူသန်ကြီးက လှောင်ရယ်၍ ပြောလိုက်သည်။

"ပုရွက်ဆိတ်တွေက တိုက်ကွက်တစ်ကွက်လေးကိုတောင် မခံနိုင်ပါဘူး"

ထိုသို့ပြောပြီး လူသန်ကြီးက ရှေ့သို့ ပြေးတက်သွားသည်။

ဘန်း! ဘန်း! ဘန်း!

စွမ်းအားကြီးသူ လေးယောက်၏ ပြင်းထန်လှသည့် တိုက်ပွဲက စတင်လာချေပြီ။ ချက်ချင်းဆိုသလိုပင် ရှုအိမ်တော်တစ်ခုလုံး နံရံများ ပြိုကျပြီး သစ်ပင်ပန်းမန်များ ကျိုးပဲ့ပျက်စီးကာ လွင့်စဉ်သွားတော့သည်။

လူသန်ကြီး၏ တိုက်ပွဲဝင် ခွန်အားသည် ဆရာသခင် ဖြစ်ခါနီးအဆင့်ထက် ပို၍ သာလွန်နေသည်။ တစ်ခဏအတွင်း သူက အရှင်သခင်သုံးယောက်ကို ဖိနှိပ်ထား နိုင်လာသည်။

"သွားသေလိုက်တော့"

လူသန်ကြီးက လက်ဝါးကို မြှောက်ကာ ချီစွမ်းအင် ပါဝင်သည့် ရိုက်ချက်တစ်ချက် ထုတ်ဖော်လိုက်သဖြင့် အရှင်သခင် သုံးယောက်လုံး အလျင်အမြန် နောက်ဆုတ် လိုက်ရသည်။

အရှင်သခင် သုံးယောက် ကျဉ်းထဲကျပ်ထဲ ရောက်နေချိန်တွင် ယဲ့ဖန်၏ တည်ငြိမ်လှသော အသံကို ကြားလိုက်ရသည်။

"အဆိပ်ပြင်းနဂါး…မင်းညာလက်သည်းကို သုံးပြီး သူ့ဘယ်နံရိုးကို တိုက်ခိုက်လိုက်"

"ကျားငါးမန်း အလျားလိုက် ဆယ်စင်တီမီတာ ရွေ့ပြီး သူ့ခွကြားကို တိုက်ခိုက်လိုက်"

"သွေးသိမ်းငှက် သူ့ဘယ်ခြေသလုံးကို ရှောင်ပြီး သူ့ဇက်ပိုးကို မင်းလက်ဖဝါးနဲ့ ခုတ်လိုက်"

အရှင်သခင် သုံးယောက်က လူသန်ကြီးအား မဆိုင်းမတွ တိုက်ခိုက်လိုက်သည်။

"ချီးပဲ"

လူသန်ကြီး မျက်နှာပျက်သွားသည်။ ယဲ့ဖန်၏ အကြံပေးမှုကြောင့် တိုက်ပွဲက လုံးဝ ပြောင်းပြန်ဖြစ်သွားသည်။

အရှင်သခင်သုံးယောက်က ခုခံရမည့်အစား ပြန်၍ တိုက်စစ်ဆင်လာကြသည်။ ထို့ကြောင့် လူသန်ကြီးသည် အရှက်တကွဲနှင့် သူ၏ အားနည်းချက်များကို ထုတ်ပြလာရသည်။

ယဲ့ဖန်၏ ညွှန်ကြားမှုအောက်တွင် အရှင်သခင် သုံးယောက်၏ တိုက်ခိုက်မှု စွမ်းရည်များက ဆရာသခင်တစ်ပိုင်းအဆင့်နှင့် အသားကျလာသည်။

သူတို့၏ ချီစွမ်းအင်များက ပို၍ ကြောက်မက်ဖွယ်ကောင်းလာကာ သူတို့၏ တိုက်ခိုက်မှု ပုံစံအသစ်၌ အသားကျလာသည်။

"ခွေးမသားတွေ"

လူသန်ကြီး ဒေါပွလာသည်။ တိုက်ပွဲသာ ဆက်ဖြစ်နေပါက သူ ဒဏ်ရာရလာမည့်အပြင် သေတောင် သေသွားနိုင်မှန်း သူသိလာသည်။

ဆရာသခင် ဖြစ်ခါနီးအဆင့် သူက ဆရာသခင် တစ်ပိုင်းအဆင့်သူ သုံးယောက် ဝိုင်းတိုက်သည်ကို မနည်းခုခံနေရသည်။ သူ လွန်စွာ အရှက်ရမိ၏။

"ပုရွက်ဆိတ်တွေ…သေပေတော့"

လူသန်ကြီးသည် သနားချင့်စဖွယ် ကောင်းလှနေသည့်အခိုက်တွင် ရုတ်တရက် မှော်စာရွက် သုံးရွက်ကို ထုတ်ကာ ကြုံးဝါးလိုက်သည်။

"သေလိုက်တော့"

ထိုသို့ပြောပြီး လူသန်ကြီးက မှော်စာရွက် သုံးရွက်အား ညအဖွဲ့၏ အရှင်သခင်သုံးယောက် ထံသို့ အားနှင့် ပစ်ပေါက်လိုက်သည်။

ဘန်း! ဘန်း! ဘန်း!

ပေါက်ကွဲမှု သုံးခု ဖြစ်ပေါ်လာသည်။ အရှင်သခင် သုံးယောက်သည် လေထဲ လွင့်ပျံ့သွားပြီးနောက် မီတာ အနည်းငယ်ခန့် နောက်သို့ လွင့်ကာ လဲကျသွားသည်။

သွေးများ ပေရေသွားသော်လည်း သူတို့ စိတ်လှုပ်ရှားမှု အပြည့်နှင့် ဖြစ်နေသေးသည်။ သူတို့ ဆက်၍ တိုက်ခိုက်နိုင်သေးသည်။

သူတို့ သုံးယောက်သည် လဲကျနေရာမှ ပြန်ထလာပြီးနောက် လူသန်ကြီးထံသို့ နောက်တစ်ခေါက် ပြေးဝင်တိုက်ခိုက်ရန် ပြင်လိုက်သည်။

ထိုစဉ် ယဲ့ဖန်က သူတို့ကို တားဆီးလိုက်သည်။

"သခင်ကြီး"

အရှင်သခင် သုံးယောက်သည် ပြိုင်တူ အော်ဟစ်ပြီး ယဲ့ဖန်အား အင်တင်တင်ဖြင့် ကြည့်နေကြသည်။

ထို့နောက် ယဲ့ဖန်က အသာပြုံး၍ ပြောလိုက်သည်။

"မှော်စာရွက်တွေနဲ့ဆို သူ့ခွန်အားက တကယ့်ဆရာသခင် အဆင့်က သူတွေလို အားကြီးနေမှာပဲ"

ထိုသို့ပြောပြီး ယဲ့ဖန်က လူသန်ကြီးထံသို့ လျှောက်သွားသည်။

ယဲ့ဖန်တစ်ယောက် လူသန်ကြီးထံသို့ လှမ်းလျှောက်သွားနေသည်ကို ကြည့်ပြီး တိုက်ပွဲကို စောင့်ကြည့်နေသည့်သူများ မှင်တက်သွားကြသည်။

*လူသန်ကြီးကို သူ့ဘာသာသူ တိုက်ချင်နေတာလား*

*ဒါ…မဖြစ်နိုင်ဘူးလေ*

*ယဲ့ဖန်က ဒဏ်ရာပြင်းပြင်းထန်ထန် ရထားတာလေ… ပြီးတော့ သူက ထိပ်တန်းစွမ်းအား အဆင့်လေးပဲ ရှိသေးတာ… ဘယ်လိုလုပ် သူက ဆရာသခင် ဖြစ်ခါနီးအဆင့်ကသူကို တိုက်ရဲတာလဲ*

လူတိုင်း၏ မျက်နှာများက အကြီးအကျယ် ထိတ်လန့်ဟန်များ အထင်းသား ပေါ်လွင်နေသည်။ ယဲ့ဖန်က သူတို့၏ အမူအရာများကို အရေးမလုပ်ချေ။

သူက ဘေးသို့ လှည့်ကြည့်ကာ ရို့ယွီအား အေးအေးလူလူ ပြောလိုက်သည်။

"ရို့ယွီ… မင်းက ကောင်းကင် မိစ္ဆာကျွန်မျိုးနွယ်ရဲ့ မျိုးဆက်ပဲ… ဒီနေ့ ငါမင်းကို ကောင်းကင်ဘုံသို့ တက်ရာလမ်းရဲ့ တကယ့်ခွန်အား အစစ်အမှန်ကို ငါ့ရဲ့ အခြေခံ သဘာဝစွမ်းအင်ကို သုံးပြီး ပြမယ်"

*ဘယ်လို*

ရို့ယွီ အံ့အားသင့်သွားရသည်။

*ကောင်းကင်ဘုံသို့ တက်ရာလမ်းလား*

*ကျိုးကလန်မှာ ကောင်းကင်ဘုံသို့ တက်ရာလမ်း လူတွေ လေထဲမှာ ခြေလှမ်း အနည်းငယ် လျှောက်လှမ်းနိုင်တာကို ပြသတဲ့ ဩဖွယ်ကောင်းတဲ့ နည်းလမ်းတစ်ခုပဲ၊ အဲ့ဒါ သရုပ်ပြဖို့ သက်သက်ပဲ အသုံးပြုတာလေ၊ တကယ့်တိုက်ပွဲမှာ သုံးဖို့ဆိုတာက…*

ရို့ယွီသည် စိတ်လှုပ်ရှားနေသော မျက်ဝန်းများနှင့် ကြည့်နေမိသည်။

အိမ်တော်တွင်းရှိ လူများ၏ အံ့ဩနေသော အကြည့်များအောက်တွင် ယဲ့ဖန်က သဘာဝ နတ်ဆိုးစွမ်းအင်ကို ထုတ်ဖော်လိုက်သည်။

ထို့နောက် သူသည်‌ လေထဲသို့ ပထမဆုံး ခြေတစ်လှမ်းလှမ်းလိုက်သည်။

ပထမ ခြေလှမ်းနဲ့တင် သူ မြေကြီးပေါ်၌ ရှိမနေတော့။ လေထုထဲ မမြင်ရသည့် လှေကားများ ရှိနေသကဲ့သို့ ယဲ့ဖန်က အသာအယာ လျှောက်လှမ်းနေသည်ပြီး လေပြင်းများ တိုက်ခိုက်လာသည်။

ထို့နောက် ထိတ်လန့်ဖွယ်ကောင်းသည့် အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာလေတော့သည်။

All Chapters