← Chapters

ရှားတန်တောက်ကို သတ်ရမယ်

Vol. 27 Ch. 366

ရှားတန်တောက်ကို သတ်ရမယ်

Vol. 27 Ch. 366

“ မင်း .... ”

ရှားတန်တောက်၏ မျက်လုံးအစုံမှာ ဒေါသကြောင့် နီရဲနေလေ၏။ မိုဝူကျီက သူ့သား ရှားမူကို သတ်ထားသောကြောင့် သူ့နှင့် ဖြေရှင်းရန် အကြောင်းအရင်း ရှာမတွေ့သော်လည်း မိုဝူကျီက သူ့ဒုတိယမြောက် သားကို သူ့ရှေ့တွင် အမှန်တကယ် သတ်ပစ်ခဲ့သည်။

ရှားကျွင့်ဟောင်မှာ သူ့တူ ဖြစ်သော်လည်း သူ့တစ်ဦးတည်းသော သားလေးကို ဆုံးရှုံး ခဲ့ရသောကြောင့် ရှားမျိုးနွယ်စုက ရှားကျွင့်ဟောင်ကို သူ့သား အဖြစ် မွေးစားခွင့် ပြုခဲ့ခြင်း ဖြစ်၏။ ထိုအချိန်တိုလေး အတွင်း နောက်ထပ် သားတစ်ယောက်ကို မိုဝူကျီက သတ်သွားပြန်သည်။

“ ကျုပ်က ကြယ်တာရာသခင် ဖြစ်ဖြစ်၊ မဖြစ်ဖြစ် ကိစ္စမရှိပါဘူး။ ကျုပ် စကားပြောနေတုန်း ပါးမွှားလေးက ဝင်နှောင့်ယှက် ရဲတယ်လား ” မိုဝူကျီ၏ အသံမှာ အေးစက်နေပြီး လူသတ်ငွေ့များ ထုတ်လွှင့် နေလေသည်။ သူက ရှားတန်တောက် သူ့အား တစ်ခုခု လုပ်မည်ကို မစိုးရိမ်ပေ။ သူက ရှားတန်တောက် ထိုသို့ မလုပ်မည်ကိုသာ စိုးရိမ်မိ၏။

“ရှားကျွင့်ဟောင် စကားတွေက တကယ် မသင့်တော်ဘူး။ မိုဝူကျီက အနာဂတ် ကြယ်တာရာ သခင် ဖြစ်လာမှာကို ရှားကျွင့်ဟောင် စကားတွေက ပြစ်မှုလို့တောင် ယူဆလို့ ရတယ် ” ချူဖုန်းယီက ရှေ့ထွက်လာကာ ဖြန်ဖြေပေးဖို့ ကြိုးပမ်းလိုက်သည်။ သူက မိုဝူကျီနှင့် ရှားတန်တောက်တို့ စတင် တိုက်ခိုက်ပါက ဤလက်ရှိ အခြေအနေဖြင့် သူတို့နိုင်မည် မဟုတ်ပေ။

ရှားတန်တောက်က တည်ငြိမ်အောင် ထိန်းကာ အေးစက်စက် မထူးမခြားနားစွာ ပြောလိုက်သည်  “ စည်းမျည်းတွေကို မလိုက်နာတဲ့ သူတွေကို သတ်ပစ်သင့်တယ် ”

သူက ဆုံးဖြတ် ပြီးသွားပြီ ဖြစ်၏။ စူးရှလေမြို့မှ ထွက်သွားသည်နှင့် ရှားမျိုးနွယ်စုမှ  အင်အားစု ဆောင်းကာ မိုဝူကျီကို ချက်ချင်း သတ်ပစ်ရမည်။

မိုဝူကျီက ရှားကျွင့်ဟောင်ကို သတ်ခဲ့ခြင်းက ရှားတန်တောက်ကို သူ့အား လာတိုက်ခိုက်ဖို့ရန် လှုံ့ဆော် ပေးလိုက်ခြင်း ဖြစ်ပေသည်။ ရှားတန်တောက်က သည်းခံပြီး အရာ အားလုံးကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်း နေလိမ့်မည်ဟု ထင်မထားပေ။

ရှားတန်တောက်က အရှက်မဲ့စွာ ကြယ်တာရာ သခင်နာမည်ကို ဆုပ်ကိုင်ထားသည်ကို မြင်သောအခါ ယန်ကျဲက ရှေ့ထွက်လာပြီး ပွင့်ပွင့်လင်းလင်း ကြေညာ လိုက်သည် “ ကျုပ်လည်း အားလုံးကို မယုံကြည်နိုင်ဖွယ် အကြောင်းအရာ တစ်ခုကို ပြောပြချင်ပါတယ်။ ကျုပ် သိထားတာ မျိုသိပ် ထားရတာပါ။ ကျုပ် စမြင်ခါစက အရမ်း စိတ်လှုပ်ရှားလွန်းလို့ မတ်တတ်ရပ်ဖို့ မနည်း ထိန်းလိုက်ရတယ်။

အဲဒါက  ကြယ်တာရာသခင်မိုက လောကအဆင့်ဇယား ပင်မအဆင့် ဇယားထဲ ရောက်သွားပြီးတော့ အဆင့် ၂ ဖြစ်သွားပါပြီ .... ”

ယန်ကျဲက မျိုသိပ်ထားတာ ဖြစ်ပြီး မိုဝူကျီကိုပင် ဘာမျှ မေးမကြည့်ခဲ့ပေ။ သူက သာမန် လူတစ်ယောက်ထက် လောက အဆင့်ဇယားပေါ်မှ အဆင့် ၂ ကို ရဖို့ရန် မည်မျှ ခက်ခဲကြောင်း သိပေသည်။ ထို့အပြင် အဆင့် ၂ ဆိုသည့် အဓိပ္ပာယ်ကိုလည်း သိ၏။

“ ဘယ်လို  ..”  စုရွမ်က ယန်ကျဲကို တအံ့တဩ ကြည့်လိုက်မိသည်။ စုရွမ်က မိုဝူကျီကို ကြယ်တာရာ ဘုရင်တောင်၏ ကြယ်တာရာသခင် ဖြစ်လာရန် ဖျောင်းဖျ နေသောကြောင့် လောက အဆင့်ဇယားကို အာရုံ မစိုက်မိလိုက်ပေ။ ယခု မိုဝူကျီက လောက အဆင့်ဇယား အဆင့် ၂ ဖြစ်မှန်း ကြားသိရသောအခါ အတော်လေး စိတ်လှုပ်ရှားမိ သွားသည်။

လောက အဆင့်ဇယားမှ ထိပ်တန်း ဆယ်ယောက်မှာ အားလုံးက မြေကမ္ဘာ အင်မော်တယ် အဆင့်များ ဖြစ်ကြသည်။

ထိုသို့ဆိုလျှင် မိုဝူကျီက မြေကမ္ဘာ အင်မော်တယ် အဆင့် ရောက်နေပြီလား .....

ယန်ကျဲ စကားများကို ကြားသိပြီးနောက် စူးရှလေမြို့ တစ်မြို့လုံး တိတ်ဆိတ်မှု ကြီးစိုး သွားလေ၏။ အချိန် အနည်းငယ်ကြာမှ တစ်ယောက်က မယုံကြည်နိုင်စွာ မေးလိုက်သည်

“ ဒါက မဖြစ်နိုင်ဘူးမလား .. ကြယ်တာရာ သခင်မိုက ဧရာမ အမြောက်ကြီးနဲ့ နယ်ခြား အင်အားစုတွေကို နှိမ်နင်းခဲ့တယ် ဆိုပေမဲ့လည်း လောက အဆင့်ဇယားရဲ့ အဆင့် ၂ ဖြစ်ဖို့ကျ ... ကောင်းကင်ဘုံကိုတောင် သွေဖီ မနေဘူးလား .... ”

ထိုလူ စကားပြောသည့်အခါ မိုဝူကျီကို မသိစိတ်ဖြင့် ကြယ်တာရာ ဘုရင်တောင်၏ ကြယ်တာရာ သခင်အဖြစ် ခေါ်ဝေါ် သုံးနှုန်း သွားမိသည်။

မိုဝူကျီက ရှားတန်တောက်ကို ဖယ်ရှားလိုလျှင် ဦးဆုံး ရှားတန်တောက်ကို သီးခြား ခွဲထုတ်ဖို့ရာ လိုအပ်ပေသည်။ ရှားတန်တောက်မှာ ကြယ်တာရာ သခင် အဖြစ် ကိုယ့်ဘာသာ သတ်မှတ် ကြေညာ ထားသော်လည်း မိုဝူကျီက ထိုအရာကို ဖယ်ရှားပစ်ရမည်။

လူအုပ်ကြီးမှ မယုံမကြည်ဖြင့် တွေဝေနေကြစဉ် မိုဝူကျီက ရှေ့ထွက်လာပြီး အမှတ်အသားပြားကို မြှောက်ပြကာ  “ ဟုတ်ပါတယ်။ ကျုပ်က လောက အဆင့်ဇယားရဲ့ အဆင့် ၂ ပါ။ ကျုပ် ရည်မှန်းချက်က လောက အဆင့်ဇယားရဲ့ ထိပ်ဆုံးကို တစ်ရက်ကျ တက်လှမ်းနိုင်ဖို့ပဲ .... ”

ယခုအခါ တော်သင့်ရုံမျှ လုပ်နေရမည့် အချိန် မဟုတ်ချေ။ ဤလောကတွင် အားလုံးက အားအကောင်းဆုံးကို လေးစားကြပြီး ကြောက်ရွံ့ကြ၏။ ယန်ကျဲက ဤကိစ္စကို ထုတ်မပြောလျှင်ပင် သူကိုယ်တိုင် ထုတ်ပြော၍ ရှားတန်တောက်ကို ကြယ်တာရာသခင် ရာထူးမှ ကန်ချရမည်။

မိုဝူကျီ၏ လောက အမှတ်အသားပြား လေထဲ ရောက်လာသည့် အခါ အားလုံးက မျက်လုံးဖြင့် သော်လည်းကောင်း၊ စိတ်စွမ်းအားဖြင့်သော် လည်းကောင်း ရှင်းရှင်းလင်းလင်း မြင်လိုက်ကြသည်။

“မိုဝူကျီ ၊ ရမှတ် ၃ ၁၆၇ ၄၄၀၊ အဆင့် ၂ ”

အားလုံးက မိုဝူကျီသည် လောက အဆင့်ဇယားမှ အဆင့် ၂ ဖြစ်ကြောင်း အတည်ပြုပြီးသည့် အခါ အားရပါးရ အားပေးသံများက မြို့တစ်မြို့လုံးကို လွှမ်းခြုံသွားလေသည်။

“ ကြယ်တာရာသခင်မို ”

“ အခုတော့ ယုံသွားပြီ။ သူသာ နယ်ခြားအင်အားစု သန်းချီနေတာကို မသတ်ခဲ့ရင် ရမှတ်က ၃ သန်းကျော် ဘယ်လိုလုပ် ရနိုင်မှာလဲ။ ကြယ်တာရာသခင်မိုက အားအရမ်းကောင်းတာပဲ ... ”

“ ဟုတ်တယ်။ ကြယ်တာရာသခင်မို တစ်ယောက်တည်းက ငါတို့ ကျန်းရှင်းကို ကာကွယ်ပြီး နယ်ခြားအင်အားစုတွေ မောင်းထုတ်ဖို့  ဦးဆောင်နိုင်မှာ ”

“ ကြယ်တာရာ သခင်မိုကို ထောက်ခံပါတယ် ”

“ ကျုပ်လည်း ကြယ်တာရာ သခင်မိုကို ထောက်ခံပါတယ် ”

လောက အဆင့်ဇယား ထိပ်ဆုံး အယောက် ၁၀၀၀ တွင်  ရှိနေကြသူများတွင် မည်သူကများ ဒဏ္ဍာရီလာ သူရဲကောင်း မဟုတ်တာ ပါမည်နည်း။ ယခင် ကြယ်တာရာ သခင်ချီထုံပင် အဆင့် ၃၁၂ ရခဲ့သည်။  မိုဝူကျီက လောက ပင်မအဆင့် ဇယားတွင် ဝင်ရောက် နိုင်ရုံသာမက အဆင့် ၂ ပင် ဖြစ်နေသေးသည်။ ထို့အပြင် သူက လောကခန်းမကိုလည်း ပြန်လည် သိမ်းယူ နိုင်ခဲ့သည်။ သူ့ထက ကြယ်တာရာ ဘုရင်တောင်၏ ကြယ်တာရာ သခင်အဖြစ်  မည်သူကများ ပိုသင့်တော်သည့်သူ ရှိဦးမည်နည်း။

ရှားတန်တောက် လက်များက တုန်ယင် နေလေသည်။ သူက ကြယ်တာရာသခင် ရာထူးကို ဆက်၍ မထိန်းသိမ်း နိုင်တော့မည်မှန်း သိလိုက်သည်။ မိုဝူကျီက စူးရှလေမြို့သို့ ရောက်ခါစ ဖြစ်သော်လည်း မိုဝူကျီ၏  ဂုဏ်သတင်းမှာ သူ့ထက်ပင် ကျော်လွန် နေပေသည်။ သူက ယန်မျိုးနွယ်စုကို ချက်ချင်း ဆက်သွယ်ကာ မိုဝူကျီကို မြန်မြန် သတ်ပစ်ဖို့ လိုအပ်နေလေပြီ။ မော့မျိုးနွယ်စုလည်း ရှိသေးသည့်အတွက် သူက သူတို့အားလုံးကို ဤကိစ္စထဲ ဆွဲသွင်းရမည်။

သူက ထိုအတွေးဖြင့် ရှားတန်တောက်၏ မသာမယာ အမူအရာမှာ ချက်ချင်းဆိုသလို ပျောက်ကွယ် သွားလေ၏။ အပြုံးများ ဝေဝေဆာဆာဖြင့် ပြောလိုက်သည် “ ခန်းမသခင်ချူ .... မိုဝူကျီက လောကခန်းမကို ပြန်သိမ်းယူ နိုင်ခဲ့တာဆိုတော့ ကျုပ်တို့ ကျန်းရှင်းအတွက် အများကြီး အကျိုးပြုခဲ့တာပဲ။ ကျုပ်ရဲ့ ကြယ်တာရာ သခင်ရာထူးကနေ ဖယ်ရှားပေးဖို့ ဆန္ဒရှိပါတယ်။  ဂျုနီယာမိုလေးလို လုပ်ရည်ကိုင်ရည် ရှိတဲ့သူ လက်ထဲ ထည့်ပေးရမှာ ဆို‌တော့ စိတ်ချ သွားပါပြီ ... ”

ရှားတန်တောက်က အလျှော့ ပေးလိုက်သောကြောင့် မိုဝူကျီက အနှောင့်အယှက် မရှိ ကြယ်တာရာ ဘုရင်တောင်၏ ကြယ်တာရာ သခင် ဖြစ်လာတော့သည်။

မိုဝူကျီဘေးတွင် ရပ်နေသည့် အထီးကျန်ကြိုးနီက အနည်းငယ် စိုးရိမ်မိသည်။ မိုဝူကျီ ကြယ်တာရာသခင် ဖြစ်လာပြီးနောက် ရှားတန်တောက်ကို ချက်ချင်း ပြဿနာရှာမည်ကို စိုးရိမ်မိခြင်း ဖြစ်သည်။ သူက မိုဝူကျီကိ နားလည်ပေ၏။ မိုဝူကျီနှင့် ရှားတန်တောက်တို့က ရန်ငြိုးရန်စ မရှိလျှင်ပင် ရှားတန်တောက်က ရှုချီဟောင်ကို သတ်လိုက်သည့် အပြုအမူက မိုဝူကျီ ဒေါသကို ဆွသလို ဖြစ်သွား၏။

အကယ်၍ မိုဝူကျီက ရှားတန်တောက်ကို ဤနေရာတွင် ပြဿနာရှာပါက ကိစ္စများက ပို၍ ရှုပ်ထွေး သွားလိမ့်မည်။

ရှားတန်တောက်မှာ ရှားမျိုးနွယ်စု‌ ခေါင်းဆောင်လည်း ဖြစ်သည့်အပြင် ကြယ်တာရာ ဘုရင်တောင်မှ ကြယ်တာရာ တိုက်ပွဲ ခန်းမသခင်လည်း ဖြစ်နေသေး၏။ ဤနေရာတွင် ရှားမျိုးနွယ်စုက တပ်သား အယောက် ၁၀၀၀၀၀ ကို ထိန်းချုပ် နိုင်ပေသည်။ အကယ်၍ မိုဝူကျီသာ ရှားတန်တောက်ကို ရင်ဆိုင်ခဲ့လျှင် သေချာပေါက် တိုက်ပွဲကြီး ဖြစ်လာလိမ့်မည်။

ရှားတန်တောက်က ခြေတစ်လှမ်း တိုးလာကာ စကားပြောမည့် ဆဲဆဲတွင် သူ့ရှေ့တွင် ရှိနေသော မိုဝူကျီက ပြောချလိုက်သည် “ ခန်းမ သခင်အပေါင်းတို့ ... ဂိုဏ်းချုပ်အပေါင်းတို့ ... ကျုပ် အပြုအမူလေးက ညွှန်းဆိုဖို့တောင် မထိုက်တန်ပါဘူး။ အားလုံးနဲ့ ယှဉ်ရင် ကျုပ်က နည်းနည်းလေးပဲ လုပ်ခဲ့ရတာပါ။ အရင် ကြယ်တာရာ သခင်ဝူက ကြယ်တာရာ သခင်အိမ်တော်မှာ အသတ်ခံရတယ်လို့ ကြားခဲ့ပါတယ်။ အားလုံးက ကျုပ်နဲ့အတူတူ ကြယ်တာရာသခင်ဝူရဲ့ အလောင်းကို စစ်ဆေး ကြည့်ရအောင်  လိုက်လာပေးဖို့ မျှော်လင့်ပါတယ် ....   ကျုပ် ထင်တာတော့ ကူနို့ကြယ်တာရာက လူက သူလျိုရဲ့ အကူအညီမပါဘဲ  ကြယ်တာရာ သခင်ဝူကို သတ်နိုင်မှာ မဟုတ်ဘူး  ”

ရှားတန်တောက်က  သူ့လူများကို ခေါ်ပြီး ကြယ်တာရာ မီးတောက် ခန်းမ သခင် ချူဖုန်းယီနှင့် အတူ  ထွက်သွားဖို့ရန် ပြင်ဆင် နေသော်လည်း မိုဝူကျီ စကားများတွင် သွယ်ဝှက် ပြောဆိုနေသည့် အဓိပ္ပာယ်များ ပါဝင်နေသည်။ ယခု အားလုံး၏ သံသယကား ပို၍ မြင့်မားလာကာ ထွက်သွား ချင်သူများအတွက် ထိုသံသယများကို ပို၍ ကြီးထွား လာစေလိမ့်မည်။

သူက ထွက်သွားဖို့ အစီအစဉ်ကို လက်လျှော့ လိုက်ရတော့သည်။ ဝူလင်းကျီက သူ့ရှားတန်တောက် လူမျာက သတ်သွားသည် မဟုတ်၍ သူက ကြောက်နေစရာ မရှိချေ။

မိုဝူကျီက ရှားတန်တောက် ထွက်မသွားသည်ကို မြင်သောအခါ စိတ်ထဲ၌ အေးစက်စွာ ရယ်မောမိလိုက်သည်။

တကယ်လို့ ကျုပ်သာ ခင်ဗျားကို ရှင်းဖို့ နည်းလမ်း ရှာမတွေ့ရင် ကျုပ် ပြန်လာဖို့ မသင့်တော်ဘူး ....

ဝူလင်းကျီကို  ရှားတန်တောက်က သတ်သွားသည် ဖြစ်စေ၊ မသတ်သည် ဖြစ်စေ မိုဝူကျီက ဂရုမစိုက်ပေ။ သူက ဂရုစိုက်ဖို့ရာလည်း စိတ်မဝင်စားချေ။ ဝူလင်းကျီက ကျန်းရှင်းကို ကူညီဖို့ရာ သွေးချွေး လောင်းထားသော်လည်း မိုဝူကျီက သူ့ကို ကိုယ်တိုင်ကိုယ်ကျ မသိပေ။ မိုဝူကျီက ရှုချီဟောင်အစား လက်စား ချေပေးလိုခြင်း ဖြစ်သည်။ ရှုချီဟောင်သည် ပျောက်ဆုံးနယ်မြေမှ ကျင့်ကြံသူများကို အမြဲ လေးလေးစားစား ဆက်ဆံပေးသည့် အပြင် သူ့ကိုလည်း ကောင်းကောင်း ဆက်ဆံပေးခဲ့၏။ ထို့ကြောင့် မိုဝူကျီက ရှုချီဟောင် အစား လက်စား ချေပေးဖို့ရာ ဤတာဝန်ကို လက်ခံလိုက်ခြင်း ဖြစ်ပေသည်။

သူက ရှားတန်တောက်ကို ကြယ်တာရာ သခင်အိမ်တော် ခေါ်သွားချင်သည့် အကြောင်းအရင်းမှာ သူက ရှားတန်တောက်ကို အားလုံးရှေ့တွင် မသတ်နိုင်မှန်း သိ၏။ ရှားတန်တောက်နှင့် ချူဖုန်းယီတို့ အသတ်ခံရသရွေ့ စုရွမ်နှင့် ယန်ကျဲတို့က ကောင်းကောင်း ကိုင်တွယ် ဖြေရှင်း နိုင်လိမ့်မည်ဟု မိုဝူကျီက ယုံကြည်ထားသည်။

သူတို့အုပ်စုလိုက် အိမ်တော်ကို ရောက်လာသည့် အခါ ရှားတန်တောက်က အနည်းငယ် ပူပင်လာမိသည်။ သူ ကြယ်တာရာသခင် ဖြစ်လာ ကတည်းမှ သူက ကြယ်တာရာ သခင်အဖြစ် ကြယ်တာရာ သခင်အိမ်တော်ကို မဝင်လိုက်ဖူးချေ။

မိုဝူကျီက တွန့်ဆုတ်မနေဘဲ အဓိကနေရာတွင် ဝင်ထိုင်လိုက်ကာ ပြောလိုက်သည် “ ကြယ်တာရာ သခင်ဝူရဲ့ အလောင်းကို သယ်ခဲ့ပါ ”

စုရွမ်က ညွှန်ကြား ထားသည့် အတွက် မိုဝူကျီ ပြောလိုက်သည့်အခါ ဝူလင်းကျီ အလောင်းကို တစ်ယောက်က သယ်လာပြီ ဖြစ်၏။

မိုဝူကျီက ဝူလင်းကျီ အလောင်းဘေးနား သွားလိုက်၍ အခြားလူများလည်း လိုက်လာ ကြသည်။

ဝူလင်းကျီ မျက်နှာမှာ တည်ငြိမ်နေပြီး နဖူးတွင် ဒဏ်ရာ တစ်ချက်သာ ရှိလေ၏။ သူ့ဦးခေါင်း အနောက်တွင်လည်း ဒဏ်ရာ တစ်ခု ရှိလေသည်။

မိုဝူကျီက လက်ကို မြှောက်၍ ရှုပ်ထွေးလှသည့် လက်ဟန်များကို ပြုလုပ်လိုက်သည်။ ထို့နောက် ဝူလင်းကျီ လက်သည်းထိပ်မှ မည်းနက်နေသည့် အရည်များ ထွက်လာကာ မြေပြင်ပေါ် စီးကျ လာသည်။

ဆီချေးနံ့ကို အားလုံး ရလိုက်ကြသည်။ အရူးပင် ထိုအရာမှာ ထိပ်တန်း အဆိပ်ဖြစ်ကြောင်း ပြောနိုင်လေ၏။

“ ခန်းမသခင်ဝူက အဆိပ်ခတ် အသတ်ခံရတာလား ” စုရွမ်က အရင်ဦးစွာ ပြောလိုက်သူ ဖြစ်၏။ အားလုံးက ဝူလင်းကျီသည် အလစ်တိုက်၍ သေသွားသည်ဟု ထင်မှတ်ခဲ့ကြရာ အဆိပ်ကြောင့် သေသွားမည်ဟု လုံးဝ မတွေးမိခဲ့ကြပေ။

အကြောင်းမှာ မိုဝူကျီကဲ့သို့ ဝူလင်းကျီ ခန္ဓာထဲမှ အဆိပ်ကို ထုတ်နိုင်သည့်သူ မရှိချေ။ အတိအကျ ပြောရလျှင် အလောင်းကို သေချာ မစစ်ဆေးရသေးခင် နယ်ခြား အင်အားစုက စူးရှလေမြို့ အပြင်ဘက်ကို ရောက်ရှိလာခြင်း ဖြစ်သည်။

“ ကျုပ် ဒီအဆိပ်ကို သိတယ် ” ယန်ကျဲက လေးနက်သည့် အမူအရာဖြင့် ရုတ်တရက် ရေရွတ်လိုက်သည်။ သူက ခေါင်းမော့ကာ ရှားတန်တောက်ကို ကြည့်လိုက်သည်။

အဆိပ်ကို သတိထားမိသူမှာ ယန်ကျဲ  တစ်ယောက်တည်း မဟုတ်ပေ။ အများစုက မှတ်မိကြသည်။ ထိုအဆိပ်ကို ဝိညာဉ်မဲ့ငရဲဟု ခေါ်ဆိုကြပြီး အဆိပ်မိပြီးနောက်တွင် အဆိပ်မိသူ၏ ကမ္ဘာဦး စိတ်ဝိညာဉ်နှင့် ဝိညာဉ်တို့မှာ အတွင်းမှ ပုပ်သိုးသွားမည် ဖြစ်ရာ ပြန်လည် ဝင်စားဖို့  အခွင့်အရေးကို ဆုံးရှုံး သွားကြသည်။ အင်မတန် အဆိပ်ပြင်းပြီး ရက်စက် လှပေသည်။ ထို့အပြင် မျိုးနွယ်စု တစ်ခုတည်းသာ ထိုအဆိပ်ရှိ၏။ ရှားမျိုးနွယ်စုပင် ဖြစ်သည်။

ရှားမျိုးနွယ်စုက ထိုအဆိပ်ကို ‘ကန့်သတ်’ အဖြစ် သတ်မှတ်ထားကာ ရှားမျိုးနွယ်စုမှ တပည့်များပင် ရရှိဖို့ ခွင့်မပြုထားချေ။ သို့သော်လည်း တိုက်တိုက်ဆိုင်ဆိုင် ဝူလင်းကျီ ခန္ဓာပေါ်၌ ပေါ်လာလေ၏။

ရှားတန်တောက်၏ မျက်နှာမှာ ဖြူလျော့သွားပြီး ရုတ်တရက် ကောက်အော် လိုက်တော့သည် “ ကြယ်တာရာသခင်ဝူကို သတ်တာ ကျုပ် မဟုတ်ဘူး ”

ထိုစဉ် အားလုံးက သူ့ကို ကြည့်နေကြပြီး သူ့ရှင်းပြချက်အားလုံးမှာ အသုံးမဝင်တော့ပေ။ ဝူလင်းကျီ အသတ်ခံရပြီးနောက် ရှားတန်တောက်မှာ အင်အားသုံး၍ ကြယ်တာရာ သခင်အဖြစ် သတ်မှတ်ခဲ့သည်။ အားလုံးလည်း သိကြသည်။ ထို့ကြောင့် ရှားတန်တောက် စကားများကို ယုံကြည်မည့်သူ တစ်ယောက်မျှ မရှိပေ။

“ ရှားတန်တောက် .. ဒီနေ့အထိ ခင်ဗျားက ကြယ်တာရာ ဘုရင်တောင်ရဲ့ လေးစားရတဲ့ နံပါတ်တစ် ခန်းမသခင်အဖြစ် ရှိခဲ့တယ်။ တကယ်လို့ ရှင်က ကြယ်တာရာ သခင် ဖြစ်ချင်ရင် ကြယ်တာရာ သခင်ဝူနဲ့ ဆွေးနွေးကြည့်ပါ့လား ...

ကြယ်တာရာသခင်ဝူက ရိုးသားပြီး သစ္စာရှိတယ်။ ပြီးတော့ ကျန်းရှင်း အတွက် အလုံးစုံပေးဆပ်ပြီး ကြိုးစားပေးတယ်။ ရှင်က တကယ်ကို ကြယ်တာရာ သခင်ဝူကို သတ်ခဲ့သေးတယ်။ ကြယ်တာရာ သခင်ဝူရဲ့ ကျင့်ကြံဆင့်နဲ့ဆိုရင် ဘယ်သူက သူ့ကို တိုက်ရဲမှာလဲ .... ရှင့်လိုမျိုး သစ္စာဖောက် ရှိနေတာပဲ .... ” စုရွမ် လက်ကို မြှောက်လိုက်သည့် အခါ ဖီးနစ်လှံက လက်ထဲတွင် ပေါ်လာလေ၏။

ယန်ကျဲ မျက်နှာမှာလည်း လူသတ်ချင်စိတ် ပေါက်နေလေသည်။ သူ့ဓားကို ထုတ်ရင်း ဒေါသတကြီး အော်ပြောလိုက်သည်

“ ရှားတန်တောက် ခင်ဗျားက ကြယ်တာရာ သခင်ဝူကို လုပ်ကြံပြီးတော့ ကာကွယ်သူ ရှုကိုလည်း သတ်ဖြတ်ခဲ့တယ်။ ခင်ဗျားက အလကားလူပဲ။ ခင်ဗျားက ကျန်းရှင်းက ဖြစ်ပြီးတော့  ကိုယ့်လူကို ပြန်သတ်ဖို့ နယ်ခြား အင်အားစုနဲ့တောင် ပူးပေါင်းရဲတယ် .... ”

ထိုစဉ် ယန်ကျဲနှင့် စုရွမ် သာမက အားလုံးက မှော်လက်နက် ကိုယ်စီထုတ်၍ ရှားတန်တောက်ကို ဝိုင်းထားကြသည်။ ချူဖုန်းယီပင် ပါးစပ်ပိတ် သွားလေသည်။

မိုဝူကျီက လက်ကို မြှောက်လိုက်သည့်အခါ တျန်းဂျီတုတ်က လက်ထဲ ကျရောက်လာသည်။ သူ့တွင် အဆိပ်ဖြေ ချီသွေးကြော ပိုင်ဆိုင်ထား၍ ဝူလင်းကျီသည် အဆိပ်မိ၍ သေသည်မှန်း မည်သို့မသိဘဲ နေမည်နည်း။ တစ်ယောက်ယောက်က  ရှားတန်တောက်ကို ချောက်တွန်းလိုပုံ ရသည်။ သို့သော်လည်း ယနေ့ သူက ရှားတန်တောက်ကို သတ်ဖို့ ရောက်လာသည့် အတွက် ရှားတန်တောက်သည် မှားယွင်းစွာ စွပ်စွဲ ခံရသည်ကို ဂရုစိုက် မနေတော့ချေ။

***

All Chapters