← Chapters

ငါ့နှလုံးသားကို မင်းမြင်အောင် ပြပါရစေ

Vol. 12 Ch. 176

ငါ့နှလုံးသားကို မင်းမြင်အောင် ပြပါရစေ

Vol. 12 Ch. 176

*ကျွန်…ရှင့်ကို တကယ် ချစ်မိနေတာပါ…*

ထိုသို့ပြောပြီးသည်နှင့် သူမ မျက်ရည်ကျလာသည်။ သူမ၏ လှပသော မျက်လုံးလေးတွင် မလိုလားဟန်များ ပျော်ဝင်နေသည်။

ယဲ့ဖန်သည် ထာဝရ သူမ၏ စီနီယာ အစ်ကိုကြီး ဖြစ်သည်။ ယဲ့ဖန်က သူမကို ကယ်တင်ရန် လမ်းဘေးမှ ဆင်းရဲသားများ၏ သေလုမျောပါး ရိုက်နှက်ခြင်းကို ခံခဲ့သည်။

ယဲ့ဖန်က သူမမွေးနေ့တွင် အံ့ဖွယ်အရာများကို ပြသခဲ့သည်။

သူမ စိတ်ဓာတ်ကျနေချိန်တွင် ယဲ့ဖန်က သူမမိဘများကို ကယ်တင်ခဲ့သည်။ ယဲ့ဖန်သည် သူမအား ငရဲဝမှ ဆွဲထုတ်လာခဲ့ခြင်း ဖြစ်သည်။

သူသည် အန်းရှီ၏ နှလုံးသားထဲတွင် ယခုအချိန်ကော ထာဝရအထိပါ နတ်ဘုရားပင်။

အန်းရှီ၏ လှပသော မျက်နှာလေးက မျက်ရည်များနှင့် ပြည့်နှက်နေပုံက မိုးရေ ချိုးနေသော သစ်တော်သီးပင်လေးလိုပင်။ သူမသည် အလွန်လှပသလို သနားစရာလည်း ကောင်းလှနေသည်။

ထို့နောက် သူမက အားနည်းနေသော လက်လေးကို ဆန့်ကာ ယဲ့ဖန်၏ ပါးကို ညင်သာစွာ ပွတ်သပ်လိုက်သည်။

ယဲ့ဖန်၏ မျက်နှာအစိတ်အပိုင်းတိုင်းကို သူမ ချစ်သည်။ ယဲ့ဖန်၏ မျက်နှာ အစိတ်အပိုင်းတိုင်းကို သူမ မြတ်နိုးသည်။

"ဖန်…ကျွန်မ သေပြီးရင် ငရဲကို သွားရမှာလားဟင် … အဲ့က တံတားအဆုံးမှာ ငရဲကို ပို့ပေးမယ့် မုန့်ဘွားဘွားက တကယ်ပဲ ရှိတာလားဟင်"

အန်းရှီက ဇဝေဇဝါဖြစ်နေသော လှပသည့် မျက်ဝန်းလေးများဖြင့် မေးလာသည်။

"ဘွားဘွားမုန့်က ကျွန်မကို သူ့စွပ်ပြုတ် သောက်ခိုင်း မှာလားဟင် … ကျွန်မ ရှင့်ကို တစ်သက်လုံး မေ့နိုင်မှာလားလို့ သူ မေးမှာလားဟင်"

"ကျွန်မ မလုပ်ဘူးနော် … ကျွန်မ မုန့်ဘွားဘွားရဲ့ စွပ်ပြုတ်ကို မသောက် နိုင်သလို ကျွန်မ ရှင့်ကိုလည်း မမေ့နိုင်ဘူးနော်"

"ကျွန်မ … လူပြန်မဝင်စားနိုင်ဘဲ ကျွန်မရဲ့ ဝိညာဉ်ကို ဆုံးရှုံးလိုက်ရမယ် ဆိုရင်တောင် ကျွန်မ ရှင့်ကို မှတ်မိချင်တယ် … ကျွန်မ ရှင့်ကို တစ်သက်လုံး အမှတ်ရပြီး ကျွန်မ စိတ်ဝိညာဉ်ထဲမှာ ရှင့်အကြောင်း အမြဲ သိမ်းဆည်း ထားချင်တယ်"

အန်းရှီ၏ စကားကြောင့် ခါးကုန်းတစ္ဆေ အပါအဝင် အခန်းထဲရှိ သူများအားလုံး မျက်ရည်များဖြင့် ရွှဲရွှဲစို လာသည်။

ဤကဲ့သို့ ဖြူစင်ရိုးသားသည့် ကောင်မလေးက မကြာခင် သေတော့မည် ဆိုတာကို သူတို့ လက်သင့်မခံနိုင်သေးပါ။

ယဲ့ဖန်သည်လည်း ငိုမိမလို ခံစားနေရသည်။ အန်းရှီကြောင့် သူ ဟွမ်းအာကို သတိရလာသည်။

သူမတို့နှစ်ယောက်လုံးသည် စကြဝဠာတစ်ခုလုံးတွင် အဖြူစင်ဆုံး မိန်းကလေးများ ဖြစ်ကြသည်။

ထို့နောက် ယဲ့ဖန်သည် လက်ဆန့်၍ အန်းရှီ၏ မျက်ရည်တွေကို သုတ်ပေး လိုက်သည်။ သို့သော် အန်းရှီက ပို၍ ငိုယိုလာမိသည်။

အန်းရှီအား သနားသော အကြည့်များဖြင့် ကြည့်ရင်း ယဲ့ဖန်သည် တဖြည်းဖြည်း ဒေါသထွက်လာဟန်ဖြင့် စကားစလိုက်သည်။

"ဖြူစင်လိုက်တဲ့ ကောင်မလေး … မင်းက ငါ့အပိုင်ပဲ ... မင်းကို အဝေးခေါ် သွားမယ့် ဘယ်နတ်ဘုရားမဆို ငါ သတ်ပစ်မယ် … မင်းကို အင်မော်တယ် တွေက အဝေးကို ခေါ်သွားမယ်ဆိုလည်း ငါ အဲ့အင်မော်တယ်တွေကို သတ်ပစ်မယ်"

"ငရဲဘုရင်က မင်းကို ခေါ်သွားချင်တာ ဆိုရင်လည်း ငါ အဲ့ငရဲတစ်ခုလုံးကို ဖျက်ဆီးပစ်မယ်"

ထိုသို့ပြောပြီး ယဲ့ဖန်က ဘေးသို့လှည့်ကာ လူအုပ်ထဲ ရပ်နေသော နတ်ဆိုး အလောင်းကောင် အားစစ်အား အချက်ပြလိုက်သည်။ ထို့နောက် သူက လက်ဆန့် ထုတ်ပြီး ပြောလိုက်သည်။

"အားစစ် … ငါ့ကို ရွှေအိုရောင် ဓားမြှောင်ပေးစမ်း"

*အမ်*

ခါးကုန်းတစ္ဆေ ခေါင်းဆောင်နှင့် နတ်ဆိုး အလောင်းကောင် အားစစ် အပါအဝင် လူတိုင်း ထိတ်လန့်သွားသည်။

ယခုလိုအချိန်မျိုးမှာ အဘယ်ကြောင့် ယဲ့ဖန်က ဓားတောင်းရသလဲဆိုတာကို သူတို့ နားမလည်နိုင်ပါ။

သို့သော် နတ်ဆိုး အလောင်းကောင် အားစစ်က ယဲ့ဖန်အား ချက်ချင်း ရွှေအိုရောင် ဓားမြှောင် ထုတ်ပေးလိုက်သည်။

ရွှေအိုရောင် ဓားမြှောင်သည် အရှည် ဆယ်စင်တီမီတာ ရှိကာ ရွှေရောင် တဖျက်ဖျက် တောက်ပနေသည်။

"ငါ့နှလုံးသားမှာ   စကြဝဠာထဲက    ကုသရေး နည်းလမ်းတွေ ပါနေတာပဲ"

ရွှေအိုရောင် ဓားမြှောင်ကို ကြည့်ပြီး ယဲ့ဖန်က အရူးအမူး ဖြစ်နေသည့် မျက်နှာထားနှင့် ပြောလိုက်သည်။

"ဖြူစင်လွန်းလိုက်တဲ့ ကောင်မလေး … ငါ့နှလုံးသားကို မင်း မြင်အောင် ပြပါရစေ"

*ဘာ*

ယဲ့ဖန်စကားကြောင့် တစ်ခန်းလုံး မယုံသင်္ကာ ဖြစ်သွားကြသည်။ ယဲ့ဖန်စကားကို မည်သူမျှ နားမလည်ကြ။ သို့သော် နောက်ထပ် ဖြစ်လာသည့် အဖြစ်အပျက်ကြောင့် အားလုံး ထိတ်လန့်သွားကြသည်။

ယဲ့ဖန်က သူ့နှလုံးအား ဓားနှင့် ထိုးခွဲလိုက်သည်။

ရွှစ်!

အလွန်ထက်ရှသည့် ရွှေအိုရောင်ဓားက ယဲ့ဖန်၏ အရေပြားကို ထိုးခွဲကာ နှလုံးသားအား ထိုးဖောက် သွားသဖြင့် သွေးများ ပန်းထွက်လာသောကြောင့် လူတိုင်း ထိတ်လန့်ကာ မျက်လုံးပြူးလာကြသည်။

"သခင်ကြီး"

"ဖန်"

ယဲ့ဖန်က သူ့နှလုံးသားသူ ဓားဖြင့် ရုတ်တရက် ထိုးခွင်းလိမ့်မည်ဟု မည်သူမျှ ရုတ်တရက် ထင်မထားခဲ့ပါ။

တောက်! တောက်!

ဓားမြှောင်မှ သွေးစက်များက ကြမ်းပြင်ပေါ်သို့ တစက်စက် ကျလို့နေ၏။ ယဲ့ဖန်၏ နောက်လိုက်များက သူ့အား တားချင်သော်လည်း အသုံးမဝင်ချေ။

အန်းရှီကို ကြည့်ပြီး ယဲ့ဖန်က အသာအယာ ပြုံးလိုက်သည်။

"ဖြူစင်လိုက်တဲ့ ကောင်မလေး … မင်း နေပြန်ကောင်း လာရင် ငါ့နှလုံးသားက ဘယ်လိုအရသာ ရှိလဲဆိုတာ ငါ့ကို ပြန်ပြောပြရမယ်နော်"

ထိုသို့ပြောပြီး ယဲ့ဖန်က လက်ကို လှည့်ကာ သူ့နှလုံးသားအား ဓားဖြင့် တအား ဆွဲဖြုတ်လိုက်သဖြင့် သူ့မျက်နှာသည် အလွန်အမင်း ဖြူရော်လာ လေတော့သည်။

ထို့နောက် သူက ဓားကို ဆွဲထုတ်လိုက်သည်။ ဓားသွားပေါ်မှ အနီရောင် အတုံးကို ကြည့်ပြီး လူတိုင်း ကြောက်လန့်ကာ တုန်လှုပ်လာသည်။

ထိုအရာကား သွေးသံရဲရဲနှင့် အသားစကြီးပင်။ ဒါ… နှလုံးသား မဟုတ်လား။

…

အခန်းထဲမှ လူများ အားလုံး တအံ့တဩနှင့် ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။

ယဲ့ဖန်က သူ့နှလုံးသားမှ အသားဖတ်တစ်ဖတ်အား သူ့သဘောနှင့်သူ လှီးဖြတ်လိမ့်မည်ဟု သူတို့ တွေးထင်မထားခဲ့ပါ။

ထိုအသားဖတ်က သွေးများဖြင့် ရဲရဲနီနေ၏။ တဟုန်ထိုး ထိုးတက်လာသော အသက်ဓာတ်များက အခန်းတွင်း ပျံ့နှံ့လာပုံက မသိလျင် စကြဝဠာအတွင်းရှိ အကောင်းဆုံး အသက်ဓာတ်များ ပါဝင်နေသော မက်မောစရာ ကောင်းသော ဆေးရည်ဟုပင် ထင်မှတ်ရလောက်သည်။

"ဖန်"

အန်းရှီ ချုံးပွဲချ ငိုမိသည်။ သူမ၏ စီနီယာအစ်ကိုကြီးက သူမ အသက်ကိုကယ်တင်ရန် သူ၏ နှလုံးသားအား ဓားနှင့် ထိုးခွဲလိမ့်မည်ဟု ထင်မထားခဲ့မိပါ။

ဒါက သူ့နှလုံးသားလေ။

"အရူး … ရှင် ဘာလို့ အဲ့လောက် ရူးမိုက်ရတာလဲ … ဘာလို့လဲ"

အန်းရှီ စိတ်ထိခိုက်ကာ ငိုကြွေးမိသည်။

သူမ အသက်ကို ကယ်တင်ရန် ယဲ့ဖန်က သူ့ကိုယ်သူ ဒုက္ခိတ ဖြစ်အောင် လုပ်နေသည်ကို ထိုင်ကြည့်နေ မည့်အစား သူမ အသေခံ၍ သူမ စိတ်ဝိညာဉ်ကိုပါ ဆုံးရှုံးခံလိုက်မည် ဖြစ်သည်။

"အရူး … ရှင် အရူးပဲ"

"ဖန် … ရှင် ဒါကို ကျွန်မအတွက် လုပ်တာ ဆိုရင် ကျွန်မ အသေပဲ ခံလိုက်မယ် … ကျွန်မ ဒီလို အဖြစ်မခံနိုင်ဘူး"

အန်းရှီ သနားစဖွယ် ငိုကြွေးနေသဖြင့် မျက်ရည်များက မိုးရွာသွန်းသကဲ့သို့ စီးကျလာသည်။

အလွန် ရက်စက်တတ်သော သူက သူ့နှလုံးသားသူ ဓားနှင့် လှီးလိမ့်မည်ဟု သူမ လုံးဝ ထင်မထားခဲ့မိချေ။

ယဲ့ဖန်၏ မျက်နှာက အလွန်ဖြူစုတ်နေကာ နဖူးမှာလည်း ချွေးများဖြင့် စို့လို့နေသည်။ သို့သော် သူက ဖြူစင်စွာ ဆက်၍ ပြုံးနေဆဲ ဖြစ်သည်။

"ဖြူစင်လိုက်တဲ့ ကောင်မလေး … ငါ့နှလုံးသားထဲမှာ ထင်မှတ်မထားလာအောင် သန်မာတဲ့ အသက်ဓာတ်တွေ ပါဝင်နေတယ် … စားလိုက်"

ယဲ့ဖန်က နှလုံးသားမှ အသားဖတ်ကို အန်းရှီရှေ့ ထားလိုက်သည်။

"မစားဘူး"

အန်းရှီက အတင်း ခေါင်းခါ၍ ငြင်းသည်။ သူမ မစားချင်ပါ။ ယဲ့ဖန်က သူ့အသက်နှင့် သူမအသက်ကို အလဲအလှယ် လုပ်၍ ကယ်တင်သည်ကို မလိုလားပါ။

သူမ လက်မခံနိုင်ပါ။ သို့သော် ထိုအချိန်တွင် ယဲ့ဖန်က အန်းရှီ၏ ဇက်ပိုးကို လက်ဖြင့် ရိုက်ချလိုက်သဖြင့် သူမ သတိလစ်သွားသည်။

အန်းရှီအား ပြန်၍ လှဲစေလိုက်သည်။ နှလုံးသားမှ အသားတစ်ဖက်ကို သူမပါးစပ်ထဲ အတင်း ဖိသိပ်ထည့်လိုက်သည်။

တောက်! တောက်!

နှလုံးသားက တဖြည်းဖြည်း သွေးစက်များအဖြစ်သို့ အသွင်ပြောင်းသွားကာ အန်းရှီ၏ ပါးစပ်မှတဆင့် လည်ချောင်းထဲသို့ စီးဝင်သွားသည်။

နောက်ဆုံးသွေးစက်က သူမပါးစပ်ထဲ ဝင်ရောက်သွား သည်နှင့် အန်းရှီ အပေါ် ဖုံးလွှမ်းနေသည့် အသက်မဲ့ စွမ်းအင်က တဖြည်းဖြည်း ပျောက်ကွယ် သွားသည်။

ထို့နောက် သန်မာသော အသက်ဓာတ် စွမ်းအင်များက အန်းရှီ တစ်ကိုယ်လုံးမှ တိုးထွက်လာသည်။

အန်းရှီကိုယ်မှ တဖျောက်ဖျောက် မြည်သံများ ထွက်ပေါ်လာကာ သူမ၏ ချီစွမ်းအင်များကလည်း ရူးမတတ် တိုးပွားလာသည်။

ကြယ်တစ်လုံး အလယ်အလတ်အဆင့်…

ကြယ်တစ်လုံး နောက်ဆုံးအဆင့်…

ကြယ်တစ်လုံး အထွတ်အထိပ်အဆင့်…

ကြယ်နှစ်လုံး အဆင့်….

…..

သူမ၏ တိုးပွားလာသော ချီစွမ်းအင်များက ကြည့်နေသည့် လူတိုင်းကို ငေးမော သွားစေ၏။

သူမ၏ ချီစွမ်းအင်များက ကြယ်သုံးလုံး အထွတ်အထိပ် အဆင့် ရောက်မှသာ ရပ်တန့်သွားသည်။

ထို့နောက် အလွန်အန္တရာယ်များသည့် ချီတစ်ခုက သူမကိုယ်ထဲမှ ရူးသွပ်စွာ ထွက်ပေါ်လာပြန်သည်။

အရှင်သခင် သုံးယောက်ပင် ခြေကုပ်မိသွားသည်။ သူတို့ ဆရာသခင် တစ်ပိုင်းအဆင့်သို့ အဆင့်တက်သွား သော်လည်း အန်းရှီနှင့် ယှဉ်လျင် သူတို့ အားနည်းသလို ခံစားနေရသေးသည်။ သူမက အလွန်အန္တရာယ် များလှ ပေသည်။

သူမ၏ ပြောင်းလဲပုံကို ကြည့်ပြီး ယဲ့ဖန် တောက်ပစွာ ပြုံးလိုက်မိသည်။ သူ့အတွက်တော့ သူ့နှလုံးသားမှ အသားစတစ်စ ပျောက်ကွယ်သွားခြင်းက သူ့အား မသေစေနိုင်ပါ။ သို့သော် သူ့အား အလွန် ဆိုးရွားစွာ ထိခိုက်နိုင်စေသည်။

ယဲ့ဖန်သည် သူ၏ သဘာဝစွမ်းအင်များ ပြန်လည် မကောင်းမွန်သေးသဖြင့် သူ့ဒဏ်ရာက ပိုပို ဆိုးလာသည်။

သူ့မျက်နှာက ဖြူရော်နေသော်လည်း အန်းရှီ အန္တရာယ် ကင်းသွားမှန်း သူ သိသည်။

"သွားကြစို့ … ငါတို့ လုပ်စရာ တစ်ခုရှိသေးတယ်"

ယဲ့ဖန် အခန်းအပြင်သို့ ဖြည်းဖြည်းချင်း ထွက်သွားသည်။ ယဲ့ဖန်၏ နောက်ကျောကို ကြည့်ပြီး ခါးကုန်းတစ္ဆေ ခေါင်းဆောင် ၊ နတ်ဆိုး အလောင်းကောင် အားစစ်နှင့် အခြားသူများ သူ့အား အလွန် လေးစားလာကြသည်။

*သူက နတ်ဆိုးပဲ*

*သူက သူ့ရန်သူတွေအပေါ် နတ်ဆိုးသဖွယ် ပြုမူတယ်*

*သူ့ကိုယ်သူလည်းနတ်ဆိုးတစ်ကောင်လို ဆက်ဆံတယ်*

သို့သော် သူ၏ ပွင့်နေသော ဒဏ်ရာမှ ဆန်းကြယ် ရေခဲဓာတ်၏ သဘာဝစွမ်းအင် အမျှင်တန်းတစ်ခုက လူမသိသူမသိ ဝင်ရောက်သွားသည်ကို ယဲ့ဖန် သတိမထား လိုက်မိပါ။

လျင်မြန်စွာ ရွေ့လျားသွားသည့်အတွက် ယဲ့ဖန်တောင်မှ သတိမထားမိပါ။

ထို့နောက် ယဲ့ဖန် အေးစိမ့်လာကာ တစ်ကိုယ်လုံး တုန်ယင်လာသည်။ မျက်မှောင်ကြုတ်လိုက်မိပြီး သူသည် ထိုအေးစက်စက် ခံစားချက်အား လျစ်လျူ ရှုကာ အခန်းထဲမှ ထွက်လာလိုက်သည်။

All Chapters