အဆိပ်နတ်သမီးနှင့်တူသော အမျိုးသမီး
Vol. 27 Ch. 367
“ လူတော်တော်များများက ကျုပ်အသက်ကို လိုချင်နေကြတာပဲ ... ခင်ဗျားတို့ တတ်နိုင်သလား ကြည့်ကြ ... ” ရှားတန်တောက် စကားမဆုံးခင် နီနီရဲရဲ အလင်းတစ်ချက် ထွက်ပေါ်လာ၏။
မိုဝူကျီက ဤနေရာကို ခေါ်လာသည့် အကြောင်းအရင်းမှာ အကူအညီ တောင်းခြင်းမှ ကာကွယ်ဖို့ရန် မဟုတ်ပေဘူးလား ... ရှားတန်တောက်က လက်ကို မြှောက်လိုက်သည့် အခိုက်အတန့်လေး၌ မိုဝူကျီက လျှပ်စီးအလုံး တစ်ချက် ပစ်လွှတ် လိုက်တော့သည်။
အနီရောင် အလင်းကို လျှပ်စီးအလုံးက ဝင်ဖြတ် လိုက်သောကြောင့် လေထဲ၌ ပျောက်ကွယ် သွားလေသည်။
မိုဝူကျီ၏ တျန်းဂျီတုတ်က တုတ်အရိပ်များစွာအဖြစ် ပြောင်းလဲလာကာ
“ ကျုပ်ရဲ့ ကြယ်တာရာသခင် ရာထူးကို သုံးပြီးတော့ ကြယ်တာရာ သခင်ဝူကို သတ်သွားတဲ့ ဒီသစ္စာဖောက် ရှားတန်တောက်ကို ဖမ်းဆီးဖို့ အမိန့်ပေးတယ်။ ”
အခြေအနေက သိသာလှသည့် အတွက် အရူးပင် ဘယ်ဖက်က အရေးသာနေမှန်း မြင်နိုင်ပေသည်။ မိုဝူကျီ၏ တျန်းဂျီတုတ် ကျဆင်း လာခါနီးတွင် အမျိုးမျိုးသော မှော်ရတနာများက စုစည်းလာပြီး ရှားတန်တောက်မှာ လောက အင်မော်တယ် အဆင့် ကျင့်ကြံသူ ၂၀ ကျော်၏ ပူးပေါင်း တိုက်ခိုက်မှုအောက် ရောက်ရှိသွားလေသည်။
“ ဘုန်း ”
ရှားတန်တောက်ကို ဝန်းရံထားသော သဘာဝ စွမ်းအားများနှင့် အတူ မှော်ရတနာများ ရိုက်ချက်များကြောင့် ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ ရှားတန်တောက်က မည်မျှပင် အားကောင်း စေကာမူ အခြေအနေမှာ အဖတ်ဆယ်ဖို့ရာ ကူကယ်ရာ မဲ့လှပေသည်။ ထို့အပြင် လောက အင်မော်တယ် တချို့မှာ သူ့ထက် အားမနည်းကြပေ။
မိုဝူကျီ၏ တျန်းဂျီတုတ်က ရှားတန်တောက်ကို ရည်ရွယ်ထားဟန် ပေါ်သော်လည်း လေထဲတွင် အစအနမရှိ ပျောက်ကွယ် သွား၏။
“ မင်း ...”
ချူဖုန်းယီက မိုဝူကျီကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ မိုဝူကျီ၏ ဟိတ်ကြီးဟန်ကြီးကို ကြည့်ကာ မိုဝူကျီသည် ရှားတန်တောက်ကို တိုက်ခိုက်လိမ့်မည်ဟု သူက သေချာနေခဲ့သည်။ မိုဝူကျီက ရှားတန်တောက်ကို တိုက်ခိုက်နေစဉ် သူက ထိုအခွင့်အရေးကို အသုံးချ၍ လွတ်မြောက်ရေး အဆောင်ဖြင့် ထွက်ပြေးရန် စီစဉ်ထား၏။
အားလုံးက ရှားတန်တောက်ကို ဝိုင်းရံထားကြစဉ် မိုဝူကျီက ချူဖုန်းယီကို အလစ် တိုက်ခိုက် လိမ့်မည်ဟု မည်သူက တွေးထားမည်နည်း။
ကြယ်တာရာသခင်အိမ်တော်မှ တိုက်ပွဲက အမြန်အဆန် ဖြစ်ပေါ်လာပြီး မြန်မြန် ပြီးဆုံး သွားလေသည်။
သူ့ထက် အားမနည်းသော အဆင့်မြင့် ကျင့်ကြံသူများ ပူးပေါင်း တိုက်ခိုက်မှု အောက်တွင် ရှားတန်တောက်မှာ တိုက်ခိုက်မှုများကို မနည်း ကာဆီးနေရသည်။ သူ့ ကမ္ဘာဦး စိတ်ဝိညာဉ်မှာ အလွန်အားနည်းနေပြီး ကြမ်းပြင်ပေါ် လဲကျနေသည်။
ပထမဆုံးအသတ်ခံရသူမှာ ရှားတန်တောက် မဟုတ်ဘဲ ချူဖုန်းယီ ဖြစ်နေသည့် အတွက် အားလုံးက တိတ်ဆိတ် သွားကြသည်။ သူတို့၏ ကြယ်တာရာ သခင်အသစ်လေးက အားလုံးကို ရှားတန်တောက် တိုက်ခိုက်ဖို့ ညွှန်ကြားပြီး ချူဖုန်းယီကို အလစ် တိုက်ခိုက်ခဲ့လေသည်။
အားလုံးက မိုဝူကျီသည် လွန်ခဲ့သည့် နှစ်အနည်းငယ် မျိုးနွယ်စုကြီး သုံးခု အလိုက်ခံရမှုမှ မည်သို့ ဘေးကင်းကင်း ကျန်ရှိနေကြောင်းကို နားလည် သွားကြ၍ တအံ့တဩ ဖြစ်သွားကြသည်။ သူက ဤနေရာရှိ လူအားလုံးထက် ပို၍ ဉာဏ်များလေ၏။
သူက ရှားမျိုးနွယ်စုကို လုံးဝ အမြစ်ဖြတ် သုတ်သင်ပစ်ဖို့ရာ ရှားတန်တောက်ကို သတ်ရုံသာမက ချုဖုန်းယီကိုလည်း အသက်ရှင်ခွင့် ပေးလို့ မရကြောင်း သိထားသည်။
ရှားတန်တောက် က မိုဝူကျီအား လက်ညှိုးထိုးကာ “ ငါ မင်းကို အစကတည်းက မသတ်ခဲ့ရတာ နောင်တရလို့ မဆုံးဘူး။ မင်းလိုမျိုး ပါးမွှားလေးက ငါ့ကို ပြန်ကိုက်မယ် ဆိုတာ တွေးကြည့်ရင် ... ”
သူက အတော်လေး နောင်တ ရနေမိသည်။ သူ ကိုယ်တိုင် ပျောက်ဆုံး နယ်မြေကို လိုက်သွားသင့်သည်။ အကယ်၍ မိုဝူကျီကို သတိကောင်းကောင်း ထားခဲ့ပါက အတိတ်တုန်းက သူ လုံးဝ လျစ်လျူရှုထားသော ပုရွက်ဆိတ် သာသာလေးက သူ့အား ငရဲ ပို့နိုင်လိမ့်မည့် ရက် ရောက်လာမည် မဟုတ်ပေ။
သူက ရှားမျိုးနွယ်စု အတွက် လက်စားချေပေးဖို့ရာ တွေးတော နေခြင်းကို လက်လျှော့ လိုက်တော့သည်။ သူက မိုဝူကျီ၏ ကြံစည်မှုကို ခံခဲ့ရသည့်အတွက် သူက ရှားမျိုးနွယ်စု အတွက် မည်သို့ လက်စား ချေပေးနိုင်မည်နည်း။
ရှားတန်တောက်သာ ပျောက်ဆုံး နယ်မြေကို လိုက်သွားပါက သူ အရင်ဆုံး ပျောက်ကွယ် သွားမည် ဖြစ်ကြောင်း မသိလောက်ပေ။
မိုဝူကျီက ရှားတန်တောက်ကို အေးစက်စက် ကြည့်လိုက်ရင်း “ အရင်တုန်းက ကျုပ်ဇနီး စုယင်ကို ဆူးနစ် လေဂိတ်ထဲ ဝင်ဖို့ အတင်း ဖိအားပေးကတည်းက ခင်ဗျားတို့ ရှားမျိုးနွယ်စုကို အမြစ်ဖြတ် ဖယ်ရှား ပစ်မယ်လို့ ကျိန်ဆိုခဲ့တယ် ... ”
သူ့စကားအဆုံးတွင် မိုဝူကျီက သူ့လက်ထဲမှ လျှပ်စီးဓားကို မြှောက်လိုက်ပြီး အသက်ရှူကြိမ် အနည်းငယ်လေး အတွင်း ရှားတန်တောက်မှာ မိုဝူကျီ၏ လျှပ်စီးဓားချက်ကြောင့် မြေပြင်ပေါ် လဲကျသွားကာ သေဆုံးသွားတော့သည်။
“ ကြယ်တာရာသခင်ကို နှုတ်ဆက်ပါတယ် ... ” မိုဝူကျီက ရှားတန်တောက်ကို သတ်လိုက်သည်ကို မြင်ပြီး စုရွမ် အပါအဝင် ကျန်လူများ အားလုံးက မိုဝူကျီကို ပိုလေးစား သွားကြသည်။
ရှားတန်တောက်နှင့် ချုဖုန်းယီကို သတ်လိုက်သော်လည်း မိုဝူကျီ၏ စွမ်းအား အစစ်အမှန်ကို မမြင်ရသေးကြောင်းကို သူတို့ မသိကြပေ။
“ ခန်းမသခင်စု ... ခင်ဗျားနဲ့ ခန်းမသခင်ယန်တို့က စူးရှလေမြို့ရဲ့ကျန်းရှင်း အင်အားကို သွားစုစည်းပြီးတော့ စူးရှလေမြို့ကနေ လောကခန်းမကို သွားမဲ့ အစီအရင်ကို ပြန်ပြုပြင် လိုက်ကြပါ။ အာကာသ သားရဲတွေနဲ့ ကူနို့ကြယ်တာရာ တပ်တို့ ထပ်ကျူးကျော်လာတာ မဖြစ်အောင် လောက ခန်းမရဲ့ ခုခံစွမ်းကို ဒီထက် မြင့်ကြရမယ် .... ” မိုဝူကျီက ရှားမျိုးနွယ်စုနှင့် ယန်မျိုးနွယ်စုကို ဖယ်ရှားလိုလျှင် အရိုက်အရာကို အချိန်တစ်ခုအထိ လက်ခံထားရမည် ဖြစ်ကြောင်း သိ၏။
“ ဟုတ်ကဲ့ပါ ... ကြယ်တာရာသခင် ” စုရွမ်နှင့် ယန်ကျဲတို့က တွေဝေခြင်းမရှိ နာခံစွာ တန်းပြော လိုက်ကြသည်။
မိုဝူကျီက ဂိုဏ်းတော်တော် များများကို ဝေ့ကြည့်လိုက်ပြီး လွန်ခဲ့သည် နှစ်တုန်းက သူတို့ထဲမှ တချို့မှာ သူ့ကို သေစေချင်ကြမှန်း မှတ်မိလိုက်သည်။ သူက ထိုကိစ္စကို ထပ်ပြောရန် လိုအပ်သည်ဟု မခံစားရ၍ သူသာ လက်စားချေလိုလျှင် ကျန်းရှင်း တစ်ခုလုံး သွေးနှင့် ဆေးချလိုက်ရမည် ဖြစ်၏။ စုရွမ်နှင့် ယန်ကျဲတို့ပင် ပါဝင်နိုင်သေးသည်။
သို့သော်လည်း မိုဝူကျီက ထိုလူနှစ်ယောက်ကို စွပ်စွဲမိခြင်း ဖြစ်သည်။ ယခင်က ခန်းမဆယ်ခု အနက် ရှစ်ခုသာ မိုဝူကျီနောက် လိုက်ခဲ့ကြပြီး မပါဝင်သည့် နှစ်ယောက်မှာ စုရွမ်နှင့် ယန်ကျဲတို့ ဖြစ်ကြသည်။ ဝူလင်းကျီက ထိုအထဲတွင် မပါဝင်ခဲ့သော်လည်း သူ့ကြယ်တာရာ လမ်းကြောင်း ခန်းမမှာ မော့မျိုးနွယ်စု လက်အောက်ရရှိနေပြီ ဖြစ်သည်။ မော့မျိုးနွယ်စုက ကြယ်တာရာ လမ်းကြောင်း အမည်သုံး၍ လိုက်ဖမ်းခဲ့ကြပြီး ဝူလင်းကျီက သတိပင် မထားမိခဲ့ပေ။
သူ့အကြည့်ကို ခံစားမိပြီးနောက် မိုဝူကျီ နောက် လိုက်ခဲ့ကြသည့် ဂိုဏ်းတော်တော် များများက ကျောရိုးတစ်လျောက် ကြက်သီးများပင် ထလာကြသည်။ သူတို့က ကြယ်တာရာ သခင် အသစ်လေး မကျေမနပ် မဖြစ်နေစေဖို့ရာ ဆုတောင်းနေကြသည်။
“ ရှားတန်တောက်က ကြယ်တာရာသခင်ဝူကို သတ်ပြီးတော့ နယ်ခြားအင်အားစုနဲ့ ပူးပေါင်း ထားတယ်။ ဘယ်သူက ရှားမျိုးနွယ်စုနဲ့ ဖြေရှင်းဖို့ အလိုရှိလဲ ... ” မိုဝူကျီက အားလုံးကို ကြည့်ကာ တည်တည်ငြိမ်ငြိမ် မေးလိုက်သည်။
“ ကြယ်တာရာသခင် ဒီအစေခံအိုကြီးက လိုလိုလားလား ဆန္ဒရှိပါတယ် ” မိုဝူကျီ စကားအဆုံးတွင် လူအိုကြီး တစ်ယောက် ထွက်လာလေသည်။
မိုဝူကျီက ထိုအကြီးအကဲမှာ အနည်းဆုံးတော့ လောက အင်မော်တယ် အလယ်အလတ် အဆင့် ရောက်နေပြီ ဖြစ်ကြောင်း အာရုံခံမိသည်။ သို့သော်လည်း ထိုသူမှာ ခန်းမသခင်လား၊ ဂိုဏ်းချုပ်လားတော့ မသိချေ။
မိုဝူကျီ မရေမရာ ဖြစ်နေသည်ကို သတိပြုမိပြီး အကြီးအကဲက ချက်ချင်း ဝင်ပြော လိုက်သည်
“ ဒီအစေခံအိုကြီး ချီဟော်အာက ကြယ်တာရာ သခင်ကို အဆင့် ဇယားသုံးခုလုံးမှာ စီမံခန့်ခွဲပေးဖို့ ကူညီပေးရတဲ့သူပါ။ ကြယ်တာရာ သခင်မိုက အရင် ကြယ်တာရာ သခင် ချမှတ်ထားခဲ့တဲ့ အတိုင်း အရိုက်အရာ ဆက်ခံ ပြီးသွားပြီ ဆိုတော့ ဒီအစေခံအိုကြီးက ဘေးနားကနေ တာဝန် ထမ်းဆောင်ဖို့ အသင့်ပါ .... ”
မိုဝူကျီက ထိုလူသည် ချီထုံနှင့် နီးကပ်းစွာ ရှိခဲ့သည့် အကြောင်းကြား သိ၍ စိတ်အေး သွားမိသည်။
ချီထုံ အသတ်ခံရခြင်း အဓိက အကြောင်းအရင်းမှာ မျိုးနွယ်စုကြီး သုံးခုက မကူညီကြ၍ ဖြစ်သဖြင့် ချီဟော်အာက ရှားမျိုးနွယ်စုကို အမြစ်ဖြတ် ဖယ်ရှားပစ်ရမည့် အခွင့်အရေးကို သေချာပေါက် လက်လွတ်ခံမည် မဟုတ်ပေ။
ကြယ်တာရာဘုရင်တောင်က ကြယ်တာရာသခင် အသစ်မှာ လူသား အဆင့်ဇယားနှင့် မြေကမ္ဘာ အဆင့်ဇယား တို့တွင် အဆင့် တစ် ရခဲ့ဖူးပြီး လက်ရှိတွင် လောက အဆင့်ဇယား၌ အဆင့် ၂ ချိတ်ဆွဲ ထားနိုင်သည့် မိုဝူကျီ ဖြစ်၏။
မိုဝူကျီက ကျန်းရှင်းနယ်မြေ တစ်ခုလုံးတွင် အကြီးမားဆုံး မီးမောင်းသဖွယ် ဖြစ်နေသည်။ များပြားစွာသော ကျင့်ကြံသူများက သူ့ကို လေးစားကြရုံ သာမက အလွန် ကျေးဇူးတင် နေကြသည်။
အကြောင်းမှာ ကျန်းရှင်းအတွက် လောကခန်းမကို ပြန်ရယူနိုင်ခြင်းမှာ မိုဝူကျီက အကြီးမားဆုံး အကျိုးပြုသူ ဖြစ်နေသည်။
လောကခန်းမမှာ ကျင့်ကြံသူများ အတွက် အလွန်အရေးပါပြီး အားနည်း လှသည့် ကျင့်ကြံသူများပါ ထိုမှ အကျိုးရရှိ ကြသည်။
ကြယ်တာရာတိုက်ပွဲမှ ကျင့်ကြံခြင်း အရင်းအမြစ်များသည် လောကခန်းမမှ တစ်ဆင့် ကျန်းရှင်းသို့ ရောက်ရှိလာကာ ထိုမှတစ်ဆင့် ကျင့်ကြံသူများဆီ ရောက်လာကြသည်။
လတ်တလောတွင် နာမည်ကျော် မိုဝူကျီက စူးရှလေမြို့အတွင်း ရှိမနေသလို လောက ခန်းမတွင်လည်း ရှိမနေချေ။ စုရွမ်နှင့် ယန်ကျဲတို့က စူးရှလေမြို့အတွင်းမှ ကျင့်ကြံသူများကို စုစည်းပြီး လောကခန်းမကို ပြန်လည်ပြင်ဆင်နေကြသည့် အချိန်ကတည်းမှ မိုဝူကျီက စူးရှလေမြို့မှ ထွက်သွားပြီးပြီ ဖြစ်၏။
မိုဝူကျီက ယန်မျိုးနွယ်စုအတွက် ထွက်လာတာ ဖြစ်ပြီး ယန်မျိုးနွယ်စုသည် သူ လိုက်ဖမ်းခံရသည့် အဓိက အကြောင်းအရင်း ဖြစ်၏။ မိုဝူကျီကို ပိုစိတ်တို စေသည်က ယန်မျိုးနွယ်စုသည် ပျောက်ဆုံး နယ်မြေမှ ကျင့်ကြံသူတိုင်းကို သတ်ပစ်ဖို့ရာ အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။ သူ့အတွက်နှင့် ပျောက်ဆုံး နယ်မြေမှ အပြစ်မဲ့ လူများက အသက် ပေးလိုက်ကြရသည်။
ထိုအရာက မိုဝူကျီကို အပြစ်ရှိစိတ် ခံစားမိစေပြီး သူသာ ယန်မျိုးနွယ်စု တစ်ခုလုံးကို ချေမှုန်းမပစ်ရပါက ပျောက်ဆုံးနယ်မြေမှ လူများကို ဘာမှမဟုတ်ဘဲ သေဆုံးခိုင်းသလို ဖြစ်နေ ပေလိမ့်မည်။
ယန်မျိုးနွယ်စုက နေရာအကျယ်ကြီး ပိုင်ဆိုင်ထားပြီး စိတ်ဝိညာဉ် ကျောက်စိမ်း ရေကန်ပါ ပါရှိသည်။ ကြယ်တာရာ ဘုရင်တောင်နှင့် အနီးလေးတွင် တည်ရှိသည်။
ယန်မျိုးနွယ်စုဆီ မရောက်ခင် မိုဝူကျီက ယန်မျိုးနွယ်စု ခြံဝင်းအစွန်းမှ သိပ်သည်းသော ဝိညာဉ် စွမ်းအားများကို ခံစားမိလေသည်။
ဤယန်မျိုးနွယ်စု ပိုင်နက်ကို မျိုးစုံသော ကာကွယ်ရေး အစီအရင်များနှင့် ပိတ်ဆို့ ထားသောကြောင့် မိုဝူကျီ၏ စိတ်စွမ်းအားပင် မထိုးဖောက်နိုင်ပေ။
မိုဝူကျီက ယန်မျိုးနွယ်စုနှင့် အကြောင်းပြချက် ဖြေရှင်းနေရန် စိတ်ကူး မရှိသောကြောင့် ရေခဲအမြောက်ကိုသာ ချက်ချင်း ထုတ်ယူလိုက်သည်။ ယန်မျိုးနွယ်စုလို မျိုးနွယ်စုက အသက် ဆက်လက် မရှင်သန်သင့်သည့် အတွက် အကောင်းဆုံး နည်းလမ်းမှာ အမြောက်သုံး၍ ဖြေရှင်းလိုက်ခြင်း ဖြစ်သည်။
ယန်မျိုးနွယ်စုနှင့် ဆယ်မီတာ အကွာတွင် မိုဝူကျီက သူ့အမြောက်ထားဖို့ရာ နေရာရှာနေစဉ် ရင်းနှီးသော ဝိညာဉ် အမှတ်အသားကို ရုတ်တရက် ခံစားမိလိုက်သည်။ ထိုဝိညာဉ် အမှတ်အသားမှာ သူ ချန်ရစ် ထားခဲ့သော အမှတ်အသားဖြစ်၍ မိုဝူကျီက အတော်လေး ရင်းနှီးနေခြင်း ဖြစ်ပေသည်။ သူက ဝိညာဉ် အမှတ်အသားများကို ချန်လေ့မရှိပေ။ ဆူးနစ် လေဂိတ်အတွင်း ချိန်စုယင်နှင့်အတူ ရှိစဉ်က နှစ်ခုသာ ချန်ထားခဲ့ဖူးသည်။
ချိန်စုယင်ကို ကျိုးပျက်ဂိုဏ်းသား တစ်ဦး လိုက်နေသည့်အခါ သူက ထိုကျိုးပျက် ဂိုဏ်းသား ၇၃၁ ကို သတ်ခဲ့မိလေ၏။ ထိုစဉ်အခါက ဝိညာဉ် အမှတ်အသားများနှင့် မရင်းနှီးသေးသည့် အတွက် သူက နံပါတ် ၇၃၁ ၏ သိုလှောင်လက်စွပ်ကို ငါးစာအဖြစ် သတ်မှတ်ပြီး ဝိညာဉ်အမှတ်အား ထားခဲ့ခြင်း ဖြစ်သည်။
သူက ဝိညာဉ်အမှတ်အသားကို ခြေရာခံသည့် နေရာတွင် မထူးချွန်သော်လည်း သူက ချီသွေးကြောများကိုတော့ အတော်လေး နားလည်လေသည်။ ထို့ကြောင့် သူက နံပါတ် ၇၃၁ ၏ သိုလှောင် လက်စွပ်ကို ထိသည်နှင့် ထိုသူ၏ ချီသွေးကြောအတွင်း ဝိညာဉ် အမှတ်အသား ထားနိုင်မည့် အစီအရင်ကို အသက်သွင်း ထားခဲ့သည်။
ချီသွေးကြောများ နားလည်နိုင်စွမ်း အရ မိုဝူကျီက မည်သူကမျှ သူ့ထက် အားမကောင်းကြောင်း ယုံကြည်၏။
လက်ရှိ သူက ကိုယ်ပိုင် ဝိညာဉ် အမှတ်အသားကို ယန်မျိုးနွယ်စု ပိုင်နက်အတွင်း အာရုံခံမိ နေသည်။
သူက ဝိညာဉ်အမှတ်အသား ချန်ထားခဲ့သည်မှာ ကျိုးပျက်ဂိုဏ်းက တဝဲလည်လည် လုပ်နေမည်ကို စိုးရိမ်၍ ဖြစ်သည်။ ကျိုးပျက်ဂိုဏ်းက သူ့ကို သတ်ဖို့ရန် အဆိပ်နတ်သမီးဟု ခေါ်သည့် အမျိုးသမီးကို လွတ်ခဲ့သေးသည် မဟုတ်ပါလော။
ထူးဆန်းသည့် တစ်ချက်မှာ အဆိပ်နတ်သမီးက သူ့ကို သတ်ဖို့ရာ ဆုံးဖြတ် ထားသော်လည်း သူမက သူမအသက်ကို တစ်စက်လေးမျှ ဂရုစိုက်ဟန် မပေါ်ပေ။ သူမက သူမ အသက် အရေးကြီးပုံကို သတိပြုမိပြီးနောက် ရုတ်တရက် အသက် ရှင်ချင်လာသည့် ဆန္ဒ ဖြစ်ပေါ်လာပြီး သူ့ကို သူ့ခန္ဓာ အတွင်းမှ ဝိညာဉ် အမှတ်အသား ရှာဖို့ရာပါ ပြောပြခဲ့သေးသည်။
သူ ချန်ရစ်ထားခဲ့သည့် ဝိညာဉ် အမှတ်အသားကို ပြန်တွေ့ရခြင်းမှာ ဤနေရာတွင် ကျိုးပျက်ဂိုဏ်းသား တစ်ဦးရှိနေကြောင်း သေချာလေ၏။ ထိုလူမှာ နံပါတ် ၇၃၁ ၏ သိုလှောင် လက်စွပ် ထားခဲ့သည့် နေရာကို ရောက်လာသောသူ ဖြစ်ရမည်။ မိုဝူကျီ၏ ဝိညာဉ် အမှတ်အသားက သူ့ချီသွေးကြောထဲ ရှိနေလေသည်။
ယန်မျိုးနွယ်စုက ကျိုးပျက်ဂိုဏ်းများ ဖြစ်နေမလား ....
မိုဝူကျီက ယန်မျိုးနွယ်စုသည် ကျိုးပျက်ဂိုဏ်း မဖြစ်နိုင်၍ ခေါင်းခါ လိုက်တော့သည်။ ကျိုးပျက်ဂိုဏ်းမှာ ယန်မျိုးနွယ်စုထက် များစွာ အားကောင်းပေသည်။ ဤနေရာတွင် ကျိုးပျက် ဂိုဏ်းသား ရှိနေ၍ သူက အမြောက်ကို ပစ်ရမလား ဝေခွဲမရ ဖြစ်နေသည်။
အကယ်၍ သူ ပစ်လိုက်ပါက ကျိုးပျက် ဂိုဏ်းသားပါ သေဆုံးသွားမည် ဖြစ်ပြီး သူ၏ တစ်ခုတည်းသော သဲလွန်စလေး ပျောက်ဆုံး သွားပေလိမ့်မည်။ သို့သော်လည်း အကယ်၍ သူက မပစ်ပါက ယန်မျိုးနွယ်စုကို သူ တစ်ယောက်တည်း နှိမ်နင်းနိုင်မည် မဟုတ်ပေ။
မိုဝူကျီက တွေဝေနေစဉ် အန္တရာယ် ချည်းကပ်လာသည်ကို သတိထားမိ၍ ခန္ဓာကို လှည့်လိုက်သည့် အခါ လေထဲ၌ ပျောက်ကွယ် သွားတော့သည်။
“ ဘုန်း ”
မိုဝူကျီ ရှိနေခဲ့သည့် မူလနေရာသို့ အလစ် တိုက်ခိုက်မှု ကျရောက်လာသည်။ မိုဝူကျီသာ သူ့လွတ်မြောက်ရေး အဆောင်ကို စောစောမသုံးပါက အသက်မျှင်းမျှင်းသာ ကျန်ရစ်လိမ့်မည်။
မိုဝူကျီက သူ့ကို မြှောက်လိုက်သည်နှင့် တျန်းဂျီတုတ်က လက်ထဲ ရောက်လာသည်။ ထို့နောက် ချည်ထည် ဝတ်စုံနှင့် အမျိုးသမီးက သူ့ရှေ့တွင် ပေါ်လာလေသည်။
ထိုအမျိုးသမီးက ဘာမှ မလိမ်းခြယ်ထားပေမဲ့ အိမ်နီးနားချင်း ခံစားချက်ကို ပေးစွမ်း၍ အင်မတန် ကြော့ရှင်း နေသည်။ ထိုမြင်ကွင်းကို မြင်လိုက်သည်နှင့် မိုဝူကျီ ပထမဆုံး တွေးမိသည့်အရာမှာ အဆိပ်နတ်သမီး ဖြစ်၏။ သူမက အဆိပ် နတ်သမီးကဲ့သို့ ဒုက္ခပေးမည့်ဟန် မရှိဘဲ ရိုးသားနေသည့်ပုံ ပေါ်နေသော်ငြား သူမ တိုက်ခိုက်မှုများမှာ အင်မတန် ရက်စက်လှသည်။ ပို၍ အရေးကြီးသည့် အရာမှာ သူမက အဆိပ်နတ်သမီးနှင့် ဝတ်စုံတူကို ဝတ်ဆင်ထားပြီး သူတို့ နှစ်ယောက်မှာ ရုပ်ရည် အားဖြင့် ဆင်သယောင် ဖြစ်ပေါ်နေသည်။
***