← Chapters

ကျိုးပျက်ဂိုဏ်း၏ ဂိုဏ်းချုပ်

Vol. 27 Ch. 371

ကျိုးပျက်ဂိုဏ်း၏ ဂိုဏ်းချုပ်

Vol. 27 Ch. 371

“ သူမက အသက်ဆက်ရှင်ချင်တာက ဆန္ဒနှစ်ခု ရှိလို့ပဲ။ ပထမတစ်ခုက ရှင့်ကို သူမ ကျင့်စဉ်ကို လက်လွှဲပေးချင်တာရယ် နောက်တစ်ခုက သူမက အရမ်းကို အထီးကျန်နေခဲ့တာ ... ”

မိုဝူကျီက နွန်ရှုယီကို နားမလည်စွာ ကြည့်လိုက်မိသည်။

ထိုဆန္ဒနှစ်ခုက ဘာအဓိပ္ပာယ်လဲ  .....

နွန်ရှုယီက ဆက်ပြော လိုက်သည်။

“ကျွန်မက သူမရဲ့ အစ်မကြီး ဖြစ်ပေမဲ့ သူမကပဲ ကျမကို အမြဲ စောင့်ရှောက်ပေးခဲ့ရတာ ... သူမ စိတ်ထဲမှာတော့  အမြဲတမ်း အထီးကျန် ဆန်နေခဲ့ရတာ .. သူမမှာ မိတ်ဆွေစစ်က မရှိဘူးလေ။  ရှင်က သူမလိုမျိုး ပြန်လည် မွေးဖွားလာတဲ့သူဆိုတာ သိတော့ ရှင်တို့နှစ်ယောက်က အတူတူလို့ ပြောလို့ ရတယ်လေ။ မိတ်ဆွေ သူငယ်ချင်းကောင်းလဲ ဖြစ်လာနိုင်တယ်။

ဒုတိယတစ်ခုအနေနဲ့ကျ သူမ အရင်ဘဝမှာ အားအကောင်းဆုံး ကျင့်စဉ်ကို ပိုင်ဆိုင်ခဲ့တယ်။ ပြီးတော့ အဲဒီကျင့်စဉ်က ပြန်လည် မွေးဖွားလာတဲ့ သူတွေ အတွက်ပဲ ... သူမမှာ ကျင့်ကြံဖို့ အခွင့်အရေး မရှိတော့ ရှင့်ဆီကို ပေးခဲ့ချင်တာ ....

ကျမ ငယ်ငယ်ကတည်းက သူမကို ကျူးချီက ခေါ်သွားခဲ့တာပဲ။ အဲဒီနောက်ပိုင်းကျ သူမက ကျိုးပျက်ဂိုဏ်း ကျင့်စဉ်ကိုပဲ ကျင့်ကြံခဲ့ရတာလေ။ ရှင်လည်း သိတဲ့အတိုင်း ကျိုးပျက်ဂိုဏ်း ကျင့်စဉ်ကို စကျင့်လိုက်တာနဲ့ ရပ်လို့ မရတော့ဘူး။ မဟုတ်ရင် သူမရဲ့ ဝိညာဉ်နဲ့ ခန္ဓာက အတွင်းကနေ လောင်ကျွမ်းလာမှာ။ ပြီးတော့ ကျိုးပျက်ဂိုဏ်း ကျင့်စဉ်ကို ကျင့်ကြံပြီးရင် တခြားကျင့်စဉ်ကို မကျင့်ကြံနိုင်တော့ဘူး ... ”

“ ဘယ်လိုတောင် တိုက်ဆိုင်တာလဲ ” မိုဝူကျီက မယုံကြည်နိင်မှုများ မြင့်တက် လာသည်။ နွန်ရှုဝမ်က ပြန်လည် မွေးဖွားလာသူ ဖြစ်နေသည်ကိုက အံ့ဩစရာ ကောင်းနေပြီ ဖြစ်သော်လည်း သူမက ပြန်လည် မွေးဖွားလာသူအတွက် သီးသန့် ကျင့်စဉ်ကို ပိုင်ဆိုင်ထားသေးသည်။

နွန်ရှုယီက ခေါင်းခါလိုက်ပြီး  “ တိုက်ဆိုင်တာတော့ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ဝမ်အာက အဲဒီ ကျင့်စဉ်ကို ရတော့ ပြန်လည်မွေးဖွားလာဖို့ ဆုံးဖြတ်ခဲ့တာ ... ”

“ မင်း ပြောချင်တာက သူမက ပြန်လည် မွေးဖွားလာဖို့ ရွေးချယ်ခဲ့တာလား ... ” မိုဝူကျီက ရုတ်တရက် ထရပ်ကာ နွန်ရှုယီ ပခုံးများကို ဆုပ်ကိုင် ထားလိုက်သည်။  သူ့နှလုံးသားမှာ အပြင်းအထန် ခုန်ပေါက် နေလေ၏။

နွန်ရှုယီက သက်ပြင်း ချလိုက်ပြီး

“ ရှင် မေးချင်တာကို ကျွန်မ သိပါတယ်။ ဒါပေမဲ့ ဒုတိယ လူအနေနဲ့တော့ မရတော့ဘူး။ အရင်ဘဝတုန်းက ဝမ်အာက ပြန်လည် ဝင်စားခြင်း ချီသွေးကြောကို ပိုင်ဆိုင်ခဲ့တယ်။ အဲလို ချီသွေးကြောကို ပိုင်ဆိုင်ထားတဲ့သူက ပြန်လည်ဝင်စားခြင်း  သစ်သီးလဲ ရှိနေသေးတယ် ဆိုရင် ပြန်လည် မွေးဖွားလာဖို့  ၆၀ ရာခိုင်နှုန်းလောက် အထိ ရှိတယ်။  တစ်ခါ ပြန်လည် ဝင်စားပြီးရင်တော့ မှတ်ဉာဏ် ပြန်ရဖို့က ၅၀ ရာခိုင်နှုန်းလောက်တော့ ရှိသေးတယ် ”

“ ပြန်လည်ဝင်စားခြင်း ချီသွေးကြောနဲ့ ပြန်လည် ဝင်စားခြင်း သစ်သီးလား ... ”

မိုဝူကျီက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ သူက ထိုအရာများကို တစ်ခါမျှ မကြားဖူးပေ။ သူ့တွင် ချီသွေးကြော ၁၀၆ ခု ပိုင်ဆိုင်သော်လည်း သူ့၌ ပြန်လည်ဝင်စားခြင်း ချီသွေးကြော မရှိသေးချေ။ ပြန်လည် ဝင်စားခြင်း သစ်သီးအတွက် သူက အဆင့် ၆  ဆေးလုံးဆရာ ဖြစ်နေသော်လည်း တစ်ခါမျှ မကြားသိဖူးချေ။

“ ရှင် စဉ်းစားနေဖို့ မလိုပါဘူး။ ဝမ်အာ ကိုယ်တိုင်တောင် ပြန်လည်ဝင်စားခြင်း ချီသွေးကြောနဲ့ ပြန်လည် ဝင်စားခြင်း အသီးက ဘာမှန်း မသိဘူးလေ။ သူမက မှတ်ဉာဏ်တွေ အပြည့်အဝ ပြန်မရတော့ အဲဒီ ပစ္စည်းတွေက ဒီကမ္ဘာက မဟုတ်ဘူးလို့ပဲ ယူဆလိုက်တာ ... ” နွန်ရှုယီက ရှင်းပြသည်။

မိုဝူကျီ စိတ်မှာ လေးလံ သွားလေ၏။ အချိန်တချို့ အကြာတွင် သူက မေးလိုက်သည်

“ မင်းညီမ  ဝမ်အာက နောက်ထပ် ပြန်လည်မွေးဖွားလာနိုင်ခြေ ရှိသေးလား ”

နွန်ရှုယီက ခေါင်းခါပြလိုက်ပြီး  “ကျွန်မ မမှားရင်တော့ မရှိလောက်တော့ဘူး။ ဒီကမ္ဘာမှာ ပြန်လည် မွေးဖွားလာတာ ရှိသင့်ပေမဲ့ ဝမ်အာ ပြန်လည် မွေးဖွားလာရင်တောင် သူမက ဒီဘဝနဲ့ တူတဲ့ ဝမ်အာတော့ ဖြစ်တော့မှာ မဟုတ်ဘူး။ သူမ မှတ်ဉာဏ်တွေက အကုန် ပျောက်ဆုံး သွားပြီးတော့ လုံးဝ သူစိမ်း ဖြစ်သွားလိမ့်မယ် ”

မိုဝူကျီက တိတ်ဆိတ် သွားလေ၏။ စုယင်တွင် ပြန်လည် မွေးဖွားလာဖို့ အခွင့်အရေးလေးပင် မရခဲ့ချေ။ ကိစ္စများအားလုံး ဖြေရှင်းပြီးသည်နှင့် စုယင်ကို သူမ အမေနှင့်အတူ ရှိစေရန် ပို့ပေးရမည်။

“ အဲဆို ကျူးချုရဲ့ ကျင့်ကြံဆင့်က ဘယ်လောက်လဲ ” မိုဝူကျီက ကျိုးပျက် ဂိုဏ်းချုပ်ကို သတ်ပစ်ချင်သည့် စိတ်များ ကြီးထွား နေသောကြောင့် လူသတ်ငွေ့များ ထွက်ပေါ် လာလေသည်။ သူက သူ့ကိုယ်တိုင် အတွက် လုပ်သည်ဟု ထင်ရသော်လည်း သူကဲ့သို့ ပြန်လည် မွေးဖွားလာသူ အဆိပ် နတ်သမီး အတွက် လုပ်ပေးလိုခြင်း ဖြစ်သည်။

“ သူက မြေကမ္ဘာ အင်မော်တယ် အဆင့် မဟုတ်သေးပေမဲ့ အတော်လေးတော့ နီးနေပြီ ထင်တယ်။ ဒါပေမဲ့  သူ့စွမ်းဆောင်ရည်တွေက မြေကမ္ဘာ အင်မော်တယ် အဆင့်ကို ကျော်နေတာ ဆိုတော့ မြေကမ္ဘာ အင်မော်တယ် အလယ်အလတ် အဆင့်လောက်နဲ့ နှိုင်းယှဉ်လို့ ရလောက်တယ်။ ပြီးတော့   ”

နွန်ရှူယီက မရေမရာ မသေချာမှုကြောင့် ရပ်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်

“ ရှင့်ရဲ့ ရေခဲအမြောက်က အားကောင်းပေမဲ့ သူ ကျိုးပျက် ဂိုဏ်းထဲမှာ ရှိနေရင်  ရှင် သူ့ကို ထိခိုက်စေမှာ မဟုတ်လောက်ဘူး။ သူက အင်မော်တယ် အဆင့်   ပစ္စည်းတစ်ခု သုံးတယ်လို့ ကြားဖူးတယ်။ ပုံမှန် အခြေအနေ အောက်မှာ သူ့ကိုယ်သူ အဲဒီ ပစ္စည်းလွှမ်းခြုံ ထားရင် ဘယ်သူကမှ သူ့ကို ဘာမှ မလုပ်နိုင်ကြတော့ဘူး ”

“အင်မော်တယ် အဆင့်  ပစ္စည်းလား” မိုဝူကျီက တစ်ယောက်ယောက်တွင် ထိုသို့ အင်မော်တယ် ပစ္စည်းမျိုး ရှိနေသည်ဟု ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်ပေသည်။ ထို့နောက် သူက ချိန်စုယင်၏ မုန်တိုင်း နည်းစနစ်ကို ပြန်လည် အမှတ် ရလိုက်သည်။ ထိုအရာမှာလည်း အင်မော်တယ် အဆင့် ကျင့်စဉ် တစ်ခု ဖြစ်ပေသည်။

မိုဝူကျီက လက်ကို ဆန့်ကာ  “ မင်းရဲ့ လက်ကောက်ဝတ်ကို ခဏ ကြည့်ကြည့်ရအောင် ... မင်းက ဘယ်လို ကျင့်စဉ်ကိုများ  ကျင့် .... ”

မိုဝူကျီ သူ့စကားမဆုံးခင် ရုတ်တရက် ရှေ့တိုးပြီး နွန်ရှုယီကို ပွေ့ဖက်ကာ လေအသွင် ပြောင်းလဲ၍ နှစ်ယောက်သား  ပျောက်ကွယ် သွားလေသည်။

နွန်ရှုယီက ရုန်းကန်ချင်သော်လည်း တုန်လှုပ်နေမိသည်။ သို့သော်လည်း သူမ မရုန်းကန်ခင် သူမက ပတ်ဝန်းကျင်ရှိ စွမ်းအားလှိုင်းများကို ခံစားမိလိုက်သည်။

သူမက ချက်ချင်း တည်ငြိမ် သွားလေ၏။ ထို့နောက် သူမက လေကို ထိုးဖောက်၍ ရောက်ရှိလာသော ပြင်းထန်သည့် လူသတ်ငွေ့ အရှိန်အဝါကို ခံစားလိုက်ရသည်။

“ဘုန်း  ” ကြောက်မက်ဖွယ်‌ ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာသည်။ သူမကို မိုဝူကျီက လေထဲတွင်  ပွေ့ထား သောကြောင့် နွန်ရှုယီက သူမ နေခဲ့သည့် အိမ်လေးမှာ ပြာပုံ ဖြစ်သွားကြောင်း မြင်လိုက်ရသည်။ ထိုပေါက်ကွဲမှုမှာ ရပ်တန့်မသွားဘဲ အဆက်မပြတ် ဖြစ်ပေါ်နေသေးသည်။

ထိုမြို့တွင် နေထိုင်သူ အားလုံးမှာ ထိုအဆုံးမသတ်သည့် ပေါက်ကွဲမှု အတွင်း ချက်ချင်း ဝါးမျိုခံလိုက်ရ၏။ ငိုကြွေးသံများကိုပင် ကြားနေရသော်လည်း ထိုပြင်းထန်သည့် ပေါက်ကွဲမှုမျာ ပြန့်လာ လေသည်။

နွန်ရှုယီ၏ မျက်လုံးအိမ်မှ မျက်ရည်စီးကြောင်း နှစ်ခု ကျဆင်းလာသည်။ သူမက အခြားသော လောက အင်မော်တယ်များနှင့် မတူညီပေ။ ဤနေရာမှာ သူမနှင့် သူမ ညီမလေးတို့ နေထိုင်ခဲ့သည့် နေရာ ဖြစ်၏။ သေမျိုးများနှင့် ပြည့်နေသည့် နေရာ ဖြစ်သော်လည်း သူမအတွက် ထိုသေမျိုးများနှင့် ကျင့်ကြံသူများကို နှိုင်းယှဉ်လျှင် သေမျိုးများက ပိုကြင်နာပြီး ပိုသန့်စင်ကြလေသည်။

ယခုအခါ အားလုံးမှာ သူမကြောင့် ရုတ်တရက် အသတ်ခံ လိုက်ရသည်။ လူနေ စည်ကားလှသော နေရာကြီးမှာ ယခုအခါ ကျတ်တီးမြေ အဖြစ်သာ ပြောင်းလဲ သွားတော့သည်။

ထိုအပျက်အစီးကြားမှ သူမက အစ်မကြီးလု နှစ်ပိုင်း ပြတ်သွားသည်ကို မြင်လိုက်ရပြီး သူမကို လူရမ်းကားတွေ ဆီမှ ကာကွယ်ပေးခဲ့သည့် ဒေါ်လေးဖုန်းလည်း အပျက်အစီးများနှင့် အတူ လွင့်ထွက် သွားသည်ကို တွေ့လိုက်ရသည်။

သို့သော်လည်း သူမက ကူကယ်ရာမဲ့ ဖြစ်နေသည်။ သူမက လောက အင်မော်တယ် ဖြစ်နေသော်လည်း ကူကယ်ရာမဲ့ ဖြစ်နေဆဲ ဖြစ်သည်။ အကယ်၍ မိုဝူကျီကသာ သူမကို လွတ်မြောက်အောင် မကူညီခဲ့ပါက သူမလည်း သူတို့နှင့်အတူ ဖြစ်သွားပေလိမ့်မည်။ တစ်ခုတည်းသော ခြားနားချက်မှာ သူမက ဒဏ်ရာ ရသွားသော်လည်း အသတ်မခံလိုက်ရပေ။

“ငါ ရောက်နေတာကို အာရုံခံမိတယ် ဆိုတော့  မင်းမှာ စွမ်းရည်တော့ ရှိပုံပဲ ..   ငါ့ကျိုးပျက် ဂိုဏ်းက လူဆယ်ယောက်ကျော်နဲ့ ယန်မျိုးနွယ်စုကို မင်းသတ်နိုင်တာ အံ့ဩစရာတော့ မရှိတော့ပါဘူး ပြီးတော့ ရှားတန်တောက်ကိုတောင် သတ်နိုင်ခဲ့သေးတယ် ” ညင်သာ နွေးထွေးသည့် အသံနှင့်အတူ အမျိုးသား တစ်ဦးက မိုဝူကျီနှင့် နွန်ရှုယီ ရှေ့တွင် ပေါ်လာသည်။

ထိုလူက အရှိန်အဝါများ ထုတ်မလွှင့် နေသော်လည်း သူ့အားကောင်းလှသည့် အရှိန်အဝါမှာ မိုဝူကျီကို မခံမရပ်အောင် ခံစားမိစေသည်။ မိုဝူကျီက နွန်ရှုယီကို လွတ်လိုက်ပြီး လက်မြောက် လိုက်သည့် အခါ တျန်းဂျီတုတ်က ပေါ်လာလေ၏။ သူက ဘာမှမပြောဘဲ ထိုလူကိုသာ စိုက်ကြည့် လိုက်တော့သည်။

ထိုသည်မှာ အင်မတန် ချောမော ခန့်ညားသည့် အမျိုးသား ဖြစ်၏။ သူက ပျောက်ဆုံး နယ်မြေမှ ဟော်ကျင့်ထီကိုပင် ပြန်အမှတ်ရ သွားစေသည်။ သူတို့နှစ်ဦးမှာ ပထမတန်းစား စိတ်ကူးယဉ် ကောင်လေး အမျိုးအစား ဖြစ်သည်။

မိုဝူကျီနှင့် မနီးမဝေးတွင် ရပ်နေသည့် အမျိုးသားက လက်ကို နောက်ပစ် ထားလေသည်။ သူက ဝိညာဉ် စွမ်းအားလှိုင်းများ မထုတ်လွှင့် ထားသော်လည်း မိုဝူကျီက ထိုလူ စွမ်းအားမှာ ကြောက်မက်ဖွယ် ကောင်းကြောင်း သိထားသည်။ မိုဝူကျီ ခန့်မှန်းထားသည့် အတိုင်း သူက ထိုလူ၏ ပြိုင်ဖက် မဟုတ်ချေ။

“သူက ကျိုးပျက်ဂိုဏ်းချုပ် ကျူးချု ....” နွန်ရှုယီ ကျင့်ကြံဆင့်မှာ မိုဝူကျီထက် မြင့်သော်လည်း သူမက မိုဝူကျီ နောက်ရပ်နေရင်း နောက်သာ ဆုတ်နေမိသည်။

“ တကယ်လို့ မင်းသာ ကြယ်တာရာ သခင်အဖြစ် အေးအေးနေပြီး ငါ့ကို ရန်လာမစရင် မင်း အသက်ရှည်ဦးမှာ  ... ဒါပေမဲ့ နည်းနည်းလေးပါပဲ ....

အဆိပ်နတ်သမီးကို မင်းသတ်လိုက်တာ သိတာနဲ့ မင်းကို သတ်ကို သတ်မှာပဲ။ ကြယ်တာရာ ဘုရင်တောင်ကိုတော့ မြေကြီးအဖြစ် ဖြိုချလိုက်ရုံပေါ့။ ငါ့ကျိုးပျက် ဂိုဏ်းကို လာရန်စရဲမှတော့ တည်ရှိနေဖို့ မလိုအပ်ဘူး ... ”

နွန်ရှုယီက ကျူးချုလို့ ခေါ်သည့် အမျိုးသားက ဒေါသရိပ်မပါဘဲ အေးအေးဆေးဆေး‌ ပြောလိုက်သည်။

မိုဝူကျီက အေးစက်စွာ ရယ်မောလိုက်သည်။ ထိုလူက ကြယ်တာရာ ဘုရင်တောင်ကို ဖျက်ဆီး ပစ်မည်ဟုပင် ပြောရဲလောက်အောင် အထိ လေလုံး ထွားရဲသည်။ ကြယ်တာရာ ဘုရင်တောင်က ယိုယွင်းလာလျှင်ပင် ကျန်းရှင်းတွင် နံပါတ်အင်အားစု ဖြစ်နေဆဲ ဖြစ်သည်။

ကျိုးပျက် ဂိုဏ်းလေးက အတော်လေး ရည်မှန်းချက် ကြီးရှာသား ....

“ တကယ်လို့ ငါ မမှားရင် မင်းက  အာကာသ အခြေခံ သဘောတရားကို သိနေတယ်မလား။ မင်းကို ရွေးချယ်စရာ နှစ်ခု ပေးမယ်။ ပထမတစ်ခုက မင်းရဲ့ အာကာသ သဘောတရားစာအုပ်ကို ပေးလိုက် ပြီးရင် ငါ့ရှေ့မှာ သတ်သေ .... ဒုတိယတစ်ချက်က မင်းကို ငါ သတ်ပြီးတော့ မင်းဝိညာဉ်ကို ဆွဲထုတ်မယ်။ ပြီးတော့ မင်းသိုလှောင် လက်စွပ်ကို ယူမယ် ...  ”

ကျူးချူ စကားများကို ကြားပြီး မိုဝူကျီက နွန်ရှုယီကို နားမလည်စွာ ကြည့်လိုက်သည်။ နွန်ရှုယီက ကျူးချူတွင် ပြန်လည် မွေးဖွားလာသူများ၏ တည်ရှိမှုကို အာရုံခံနိုင်စွမ်း ရှိသည်ဟု ပြောခဲ့ဖူးသည်။ သို့သော် ထိုလူက သိပုံမပေါ်ပေ။

နွန်ရှုယီက မျက်ရည်များကို မသုတ်ဘဲ အလောတကြီး အော်ပြောလိုက်သည်

“ ကျူးချု ... ရှင် ကျမကို သတ်ရန် လုံလောက်ပြီ။ ဘာလို့ အပြစ်မဲ့တဲ့ လူတွေကို သတ်နေရတာလဲ။ သူတိုက သာမန် သေမျိုးတွေလေ တိရစ္ဆာန်ကောင်ရဲ့ ..... ”

ကျူးချူက စိတ်ခံစားချက် ကင်းမဲ့စွာ ရယ်မောရင်း  “ ကြည့်ရတာ  မင်းက ကျိုးပျက်ဂိုဏ်းကို မကြောက်တော့ဘူး ထင်တယ်။ မင်းရဲ့ နောက်ခံအဖြစ် ကြယ်တာရာ သခင်ကို ရသွားတော့ မင်းကိုယ်မင်း တော်နေပြီ ထင်နေလား။ ဒီလိုပုရွက်ဆိတ်သာသာ လူတွေနဲ့ ရောနှောနေတာ ဘယ်လောက်တောင် အသုံးမကျလိုက်လဲ။ အခု အဆိပ်နတ်သမီးက သေပြီဆိုတော့ မင်းမှာ ဘာတန်ဖိုးမှ မရှိတော့ဘူး ....  အဲလိုဆိုမှတော့ သေလိုက်တော့ .... ”

ကျူးချုက သူ့စကားမဆုံးခင် ရှေ့တက်လာပြီး နွန်ရှုယီကို လှမ်းရိုက်လိုက်သည်။

မိုဝူကျီက သူရှေ့တွင် နွန်ရှုယီ အသတ်ခံရမည့် ကိစ္စကို မည်သို့ ခွင့်ပြုနိုင်မည်နည်း။ သူ့တျန်းဂျီတုတ်က အရိပ်များစွာ အဖြစ် ပြောင်းလဲသွားပြီး လွဲရိုက်ချလိုက်သည်။

“ ဘုန်း ” သဘာဝစွမ်းအားများက ထိပ်တိုက် တွေ့သွားကြသည်။ မိုဝူကျီက သူ့ဆီ ကျရောက် လာသည့် ဖိအားများကို ခံစားမိလိုက်၍ ရင်ဘတ် တင်းကျပ်လာကာ သွေးတစ်ပွက် အန်လိုက်ရသည်။

“ မြန်မြန် သွား ...”မိုဝူကျီက နွန်ရှုယီကို အော်ရင်း သူ့တစ်ကိုယ်လုံးမှာ နောက်ဆုတ် လိုက်ရသည်။ နွန်ရှုယီက မိုဝူကျီကို မကူညီနိုင်မှန်း သိသောကြောင့် သူ့နောက်လိုက်၍ နောက်ဆုတ် လိုက်သည်။ သို့သော်လည်း သူမက အများကြီး မဆုတ်နိုင်လိုက်ပေ။

“ အာ ” ကျူးချူက သူတို့နောက် လိုက်မလာပေ။ တကယ်တော့ သူက အရင် ရိုက်ချက်တွင် သူ့အင်အား တစ်ဝက်လောက်ကို အသုံးပြုခဲ့ သောကြောင့် မိုဝူကျီ  လွတ်မြောက် သွားမည်ကို မစိုးရိမ်ပေ။

“ မင်းက လူသား အဆင့်လွန်ဆုံးအဆင့် ရောက်ရုံတင် မကဘူး မြေကမ္ဘာ အဆင့်လွန်ဆုံးကိုလည်း ရောက်ခဲ့သေးတာပဲ။ မင်းက စစ်မှန်ခြင်း နတ်ဘုရားအဆင့် ၉ ကို ကျော်အောင်အထိ ကျင့်ကြံနိုင်တယ်ပေါ့ ” ကျူးချုက မိုဝူကျီကို စိတ်အား ထက်သန်စွာ  ကြည့်လိုက်သည်။

သူက မိုဝူကျီသည် ပြန်လည် မွေးဖွားလာသူမှန်း မပြောနိုင်သော်လည်း အရင်ထိပ်တိုက် တွေ့မှုမှ သူက မိုဝူကျီ ခန္ဓာအတွင်းမှ အဆင့်လွန်ဆုံး စိတ်ဝိညာဉ် အရှိန်အဝါတွေကို ခံစားမိနေသည်။

သူမက မိုဝူကျီသည် စစ်မှန်ခြင်း နတ်ဘုရား အဆင့်တွင်သာ ရှိသေးကြောင်း ကြားသည့်အခါ နွန်ရှုယီမှာ ကြောင်အ မိသွားသည်။ စစ်မှန်ခြင်း နတ်ဘုရားအဆင့် က သူမကို စက္ကန့်ပိုင်းလေအတွင်း အနိုင်ယူနိုင်ခဲ့၏။ သူမက ထိုမျှ အားမကောင်းနေလျှင်ပင် သူမက လောက အင်မော်တယ်အဆင့် ၃  ကျင့်ကြံသူ ဖြစ်နေသေး၏။

သူမက ကျူးချူဘက် လှည့်ကာ ဆုံးရှုံးသွားသည့် ခံစားချက် ကြီးစိုးလာသည်။ သူမက ကောင်းကောင်း လေ့ကျင့်၍ ကျင့်ကြံဆင့် မြင့်လိုသည်က ဝမ်အာကို ကူညီ ပေးစေချင်လိုသာ ဖြစ်၏။ လက်တွေ့တွင် သူမက မည်မျှပင် ကြိုးစားစား စစ်မှန်ခြင်း နတ်ဘုရားလောက်တောင် အားမကောင်းချေ။

မိုဝူကျီပင် ဖြစ်ဖြစ် ကျူးချုပင် ဖြစ်ဖြစ် သူတို့ နှစ်ယောက်လုံးမှာ သူမထက် အားကောင်း ကြသည်။ ထို့အပြင် မိုဝူကျီက လူသား အဆင့်လွန်ဆုံးနှင့် မြေကမ္ဘာ အဆင့်လွန်ဆုံးများတွင် ရောက်ခဲ့သေးသည်။ ထိုအဆင့်များမှာ ကျင့်ကြံသူတိုင်းက အိပ်မက် မက်နေကြသော နယ်ပယ်အဆင့်များ ဖြစ်ကြသည်။ ထိုအသာလွန်ဆုံး အဆင့်များကို ရောက်သည့် သူများမှာ ထိပ်သီး ပါရမီရှင်များ ဖြစ်ကြ၏။ သို့သော်လည်း မိုဝူကျီက လူသားအဆင့်နှင့် မြေကမ္ဘာအဆင့် နှစ်မျိုးလုံးတွင် အသာလွန်ဆုံး အဆင့်ကို ရောက်ရှိခဲ့လေသည်။

နွန်ရှုယီက တခြား ကျင့်ကြံသူများနှင့် ထိတွေ့ ဆက်ဆံရသည်ကို မနှစ်သက်၍ လောက အင်မော်တယ် အဆင့်ထဲတွင် သူမက အားကောင်းနေပြီ ဖြစ်ကြောင်း မသိချေ။ သို့သော်လည်း မိုဝူကျီတို့၊ ကျူးချုတို့နှင့် ယှဉ်လျှင် သူမက  အများကြီး နောက်ကျ ကျန်နေသည်မှာ သဘာဝကျလှသည်။

မိုဝူကျီက ကျူးချူကို စိုက်ကြည့်ရင်း နွန်ရှုယီကို တီးတိုး ပြောလိုက်သည်

“ တာအိုရောင်းရင်းနွန် ... ဒီလူက လောက အင်မော်တယ်အဆင့် မဟုတ်တော့ဘူး။ မြေကမ္ဘာ အင်မော်တယ် အဆင့် ရောက်နေပြီ။ ဒါပေမဲ့ ဒီနေ့ ဒီနေရာမှာ ကျုပ်တို့ နှစ်ယောက်လုံးကို   ဖမ်းထားနိုင်ဖို့တော့ လိုအပ်နေသေးတယ် ....

ကျုပ် စကားနားထောင် .. ကျုပ် သူ့ကို မျှားခေါ် သွားလိုက်မယ်၊ အဲဒီအချိန် မင်း က အနောက် တည့်တည့်ကို ထွက်ပြေးလိုက် .. မကြာခင် လိုက်လာပြီး မင်းကို ကျုပ်နဲ့အတူ ခေါ်သွားပေးမယ်။ မှတ်ထား ...  မခုခံနဲ့ ကျုပ်ကို ကူဖို့လဲ မတွေးနဲ့ .... ”

မိုဝူကျီက သူ့စကားအဆုံးတွင် တျန်းဂျီတုတ်မှ လှိုင်းများ ဖြစ်ပေါ်လာပြီး ကျူးချူဆီ ပြေးဝင်သွားသည်။

သူက မြေကမ္ဘာ အင်မော်တယ် အဆင့် ဖြစ်နေတော့ရော ဘာအရေးလဲ .... သူက မိုဝူကျီကို ဖမ်းနိုင်မည့် အကြောင်း မေ့ထားသင့်နေပြီ။

***

All Chapters