← Chapters

ကြယ်တာရာ ဘုရင်တောင်၏ အမျက်ဒေါသ

Vol. 27 Ch. 372

ကြယ်တာရာ ဘုရင်တောင်၏ အမျက်ဒေါသ

Vol. 27 Ch. 372

မိုဝူကျီ တိုက်ခိုက်လိုက်သည့် တစ်ချိန်တည်းတွင် နွန်ရှုယီက လှည့်ထွက် သွားလိုက်သည်။ သူမက မိုဝူကျီကို ယုံကြည်ရန် ရွေးချယ် လိုက်တော့သည်။ သူမက လောက အင်မော်တယ် အဆင့် ၃ ဖြစ်နေသော်လည်း ကျူးချူရှေ့တွင် သူမက ခုခံနိုင်စွမ်း မရှိချေ။

မိုဝူကျီက သူ့ကို တိုက်ခိုက်ရဲသည်ကို တွေ့ပြီး ကျူးချူက ဟားတိုက် ရယ်မောလိုက်သည်။ သူက ထင်ရာစိုင်းသည့် သူများကို တွေ့ဖူးသော်လည်း မိုဝူကျီကဲ့သို့ စိတ်ကြီး ဝင်နေသည့်သူကို ပထမအဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။

မိုဝူကျီက မည်မျှ အံ့ဩစရာ ကောင်းနေစေကာမူ သူက စစ်မှန်ခြင်း နတ်ဘုရားအဆင့် ပုရွက်ဆိတ်လေးသာ ရှိသေးကာ သူ့ကို တိုက်ခိုက် ရဲသေးသည်။

ကျူးချူ လောက အင်မော်တယ် အလယ်အလတ် အဆင့် ရောက်နေစဉ်က သူက မြေကမ္ဘာ အင်မော်တယ်အဆင့်ကို သတ်နိုင်ခဲ့လေသည်။ ယခု သူကိုယ်တိုင် မြေကမ္ဘာ အင်မော်တယ် အဆင့် ရောက်နေပြီ ဖြစ်၍ မြေကမ္ဘာ အင်မော်တယ် ပြီးပြည့်စုံခြင်းအဆင့် ကျင့်ကြံသူပင် သူ့ကို တားနိုင်မည် မဟုတ်ပေ။

စစ်မှန်ခြင်း နတ်ဘုရား အဆင့်လေးက သူ့ကို လာစိန်ခေါ်ရဲသည်လား ....

ကျူးချူက သူ့မှော်ရတနာကိုပင် မထုတ်ဘဲ မိုဝူကျီ၏ တျန်းဂျီတုတ်ကို စောင့်ကြိုနေသည့် အလား ရှေ့တိုးလာသည်။

“ ဘုန်း ” မိုဝူကျီ၏ တုတ်အရိပ်က ကျူးချူရှေ့တွင် အလွယ်တကူ  ပျောက်ကွယ်သွား၏။ ကျူးချူက လက်ကို ဖြန့်ကာ မိုဝူကျီတုတ်ကို ဆွဲထားလိုက်သည်။

ကြောက်မက်ဖွယ် သဘာဝစွမ်းအားများ အဆက်မပြတ် စီးဆင်းလာမှုက ဧရာမနယ်ပယ်ကြီး တစ်ခု ဖြစ်လာစေသည်။ မိုဝူကျီက ထိုနယ်ပယ်အတွင်း ပိတ်မိနေသည်။ အကယ်၍ မိုဝူကျီတွင် ဝိညာဉ် လမ်းကြောင်းများ ရှိပါက သူ့ဝိညာဉ်လမ်းကြောင်းများ ချက်ချင်း တုံ့ဆိုင်း လာသည်ကို ခံစားမိလိမ့်မည်။

ကျူးချူက သူ့တိုက်ကွက်ကို ယုံကြည်မှု ရှိသည်။ မိုဝူကျီက စစ်မှန်ခြင်း နတ်ဘုရား အဆင့်လေး ဖြစ်နေ၍ ပြောဖို့ပင် မလိုချေ။ မိုဝူကျီက လောက အင်မော်တယ် အဆင့် ရောက်နေလျှင်ပင် ထိုတိုက်ကွက်ဖြင့် မိုဝူကျီက သဘာဝ စွမ်းအားများကို သုံးနိုင်တော့မည် မဟုတ်ပေ။ ထိုတိုက်ကွက်မှာ နယ်ပယ် အတွင်း ဝိညာဉ်စွမ်းအားများ စီးဆင်းမှုကို နှောင့်ယှက်ပြီး တစ်ဖက်လူကို စွမ်းအားများ မစုစည်းနိုင်အောင် ဖြစ်စေကာ  ဝိညာဉ် လမ်းကြောင်းများကို ရပ်တန့် သွားစေသည်။

ကံဆိုးသည်က သူ့ပြိုင်ဖက်မှာ သူမျှော်လင့်ထားသည့် အတိုင်း မဟုတ်ချေ။ မိုဝူကျီက စစ်မှန်ခြင်း နတ်ဘုရားအဆင့် ၁၀ ကျင့်ကြံသူ မှန်သော်လည်း သူ့တွင် ဝိညာဉ်လမ်းကြောင်း တစ်ခုတစ်လေမျှ မရှိသလို ဝိညာဉ်ကြောနှင့် ကမ္ဘာဦး စိတ်ဝိညာဉ်လည်း မရှိချေ။ မိုဝူကျီ ကျင့်ကြံနိုင်သည့် အကြောင်းအရင်းမှာ ချီသွေးကြောများမှ တဆင့် ကျင့်ကြံနိုင်သည့် နည်းလမ်းကို ဖန်တီးခဲ့၍ ဖြစ်သည်။

ကျူးချူက မိုဝူကျီသည် သူ့အကွက်အတွင်း ကျရောက် သွားလိမ့်မည်ဟု သေချာ ယုံကြည်နေသော်လည်း မကြာခင်တွင် တစ်ခုခု လွဲမှားနေကြောင်း သိသွားသည်။ သူက ဦးခေါင်းခွံ နောက်မှ လူသတ်ငွေ့ကို ခံစားမိလိုက်သည်။ သူက အာကာသ တာအိုကို အောင်မြင်ထားပြီး မိုဝူကျီထက် များစွာ အားကောင်း နေသောကြောင့်သာ မဟုတ်လျှင် သူက ထိုလူသတ်ငွေ့လေးကို သတိပြုမိမည် မဟုတ်ပေ။

သဘာဝစွမ်းအား အကာအကွယ် နံရံက ထိုသေ စေလောက်သည့် တိုက်ကွက်ကို ခုခံ ထားသော်လည်း  ချက်ချင်း ဆိုသလို ကျူးချု ပုံရိပ်က မီတာ ၃၀ အကွာထိ လွင့်စဉ်သွားလေသည်။

“ ဘုန်း ”

မိုဝူကျီ၏ တျန်းဂျီတုတ်က သဘာဝစွမ်းအား နံရံနှင့် ထိတွေ့သည့်အခါ မိုဝူကျီက သူ့လျှို့ဝှက်တုတ်တံ ဆင့်ကဲ ရိုက်ချက် တိုက်ကွက်မှာ ကျရှုံးသွားကြောင်း တန်းသိလိုက်သည်။

မိုဝူကျီက နိဗာန တုတ်အရိပ် ရလာစဉ်မှ စ၍ ယခုအချိန်အထိ ဤအကြိမ်မှာ သူ့အတွက် ပထမဆုံး ရှုံးနိမ့်မှု ဖြစ်ပေသည်။ ယခင် ကုန်းယဲ့ကျန့်နှင့် တိုက်ခိုက်မှုတွင်လည်း နိဗာန တုတ်အရိပ်က သူ့ပစ်မှတ်ကို မရိုက်မိခဲ့ပေ။ သို့သော်လည်း ထိုအချိန်က ကုန်းယဲ့ကျန့်၏ ကံကောင်းမှုကြောင့်မှန်း သိ၏။ တစ်ခါတစ်ရံတွင် သူ့နိဗာနတုတ်အရိပ်မှာ ပစ်မှတ် လွဲသွား တတ်သည်။ ထို့အပြင် သူက အားကုန် ထုတ်၍ အားစိုက်မထားပေ။

သို့သော်လည်း ကျူးချုနှင့် အားကုန် စိုက်ထုတ်ထားလေသည်။ ကျူးချူမှာ အာရုံခံမိပြီး ရှောင်ရှား နိုင်ခဲ့သည်။ သူ့နိဗာနတုတ် အရိပ်မှာ သက်ရောက်မှု မရှိတော့ချေ။

မိုဝူကျီက တုံ့ဆိုင်းမနေဘဲ လျှပ်စီးအလုံးများ ပစ်လွှတ် လိုက်တော့သည်။ တစ်ချိန်တည်းတွင် သူ့ပုံရိပ်က နဂို မူလနေရာမှ ပျောက်ကွယ် သွားသည်။ သူတို့အင်အား ကွာဟချက်မှာ ကြီးမားလွန်း၍ ဆက်တိုက်နေပါက သေဆုံး သွားနိုင်ပေသည်။

“ ဘုန်း ” မိုဝူကျီ ပျောက်ကွယ် သွားသည့် အခိုက်အတန့်လေးတွင် ဧရာမ အလင်းတန်းကြီး တစ်ချက်က သူနဂိုနေရာသို့ ကျရောက်လာသည်။ နောက်အခိုက်အတန့် လေး၌ မိုဝူကျီ၏ လျှပ်စီး ကွန်ရက်က ကျူးချူကို ပိတ်ထား လိုက်နိုင်၏။

“ ရွပ် ” ခဏအကြာလေးတွင် ကျူးချူ၏ ပုံရိပ်မှာ လေထဲတွင် ပေါ်လာလေ၏။ မိုဝူကျီ၏ လျှပ်စီးကွန်ရက်မှာ သူ့ဆံပင်ဖျားလေး ကိုသာ လောင်ကျွမ်းသွားပြီး သူ့ဝတ်ရုံ အထိပင် ရောက်မလာပေ။ မိုဝူကျီ၏ လျှပ်စီး ကွန်ရက်မှာ ကျူးချူ သဘာဝ စွမ်းအားများကို ဖောက်ထွင်း နိုင်လောက်သည့် အထိ အားမကောင်းပေ။

ထိုစဉ် ကျူးချူမှာ အမူအရာ ပျက်လာလေ၏။ အခုလေးတွင် မိုဝူကျီနှင့် ရင်ဆိုင်ရန် အယုံကြည်ဆုံး တိုက်ကွက်ကို ထုတ်သုံး ခဲ့သော်လည်း မိုဝူကျီ၏ ဆံချည် တစ်မျှင်ပင် လျော့မသွားပေ။ ထိုအရာက သူ့အတွက် အင်မတန် ဒေါသထွက်စရာ ကောင်းလှပေသည်။

ကျူးချူ၏ ပုံရိပ်က လျှပ်တစ်ပြက် ဖြစ်သွားကာ နဂိုနေရာသို့မှ ပျောက်သွားသည်။ သူ သွားနေသည့် တည်နေရာမှာ မိုဝူကျီ ပျောက်ကွယ် သွားသည့် နေရာ အတိအကျကို ဖြစ်၏။

သူ့စိတ်ထဲ ဆက်တိုက် တုန်လှုပ်နေမိသည်။

 မိုဝူကျီက ဘယ်လို ကျင့်စဉ်မျိုးကို ကျင့်ကြံတာများလဲ .... သူ့အရည်အချင်းက မိုဝူကျီ၏ ဝိညာဉ် လမ်းကြောင်း တစ်ခုကိုတောင် ပိတ်ဆို့မထားနိုင်ဘူးလား .... သူ ထုတ်သုံးလိုက်သည့် တိုက်ကွက်မှာ သူ့ထက် အဆင့်မြင့် သူများကိုပင် အနိုင်ယူလာသော အကွက် ဖြစ်နေ၏။

ထွက်ပြေး လာရသည့် နွန်ရှုယီက သူမဘေးတွင် တစ်ယောက်ယောက် ပေါ်လာကြောင်း ရုတ်တရက် ခံစားမိလိုက်သည်။ သူမ မတုံ့ပြန်နိုင်ခင် ထိုလူက သူမကို ဆွဲခေါ်လိုက်ပြီး နှစ်ယောက်လုံး ပျောက်ကွယ် သွားကြသည်။

ကံကောင်းလှစွာ သူမအကြောင်း အလုံးစုံ အရင်သိထား၏။ သူမက မိုဝူကျီသည် နေရာ ရွေ့ပြောင်း စွမ်းရည်ကို ဆက်တိုက် သုံးနိုင်သည်ကို တွေ့သောအခါ အံ့ဩတကြီး ဖြစ်နေ မိသော်လည်း သူမက တည်ငြိမ်မှု ထိန်းထားနိုင်ဆဲ ဖြစ်သည်။

မိုဝူကျီက နွန်ရှုယီကို ဖက်ထားပြီး နေရာ ဆက်တိုက် ရွေ့ပြောင်းနေသည်။

သူတို့ နောက်ကို လိုက်လာသည့် ကျူးချူမျက်နှာတွင် မထီမဲ့မြင် မျက်နှာထား ရှိနေသည်။ မိုဝူကျီ၏ ဆက်တိုက် ရွေ့ပြောင်း စွမ်းရည်က  သူ့ကို ယာယီ ချန်ရစ် ထားခဲ့နိုင်သော်လည်း မိုဝူကျီက မည်မျှပင် တော်တတ် နေစေကာမူ အနားမယူဘဲ ဆက်တိုက် အသုံးမပြုနိုင်ပေ။ ကျူးချူက ရွေ့ပြောင်းစွမ်းရည်ကို မသိသော်လည်း ထိုရွေ့ပြောင်း စွမ်းရည်မှာ သဘာဝစွမ်းအားနှင့် စိတ်စွမ်းအားကို အကုန် မြန်စေကြောင်းကိုတော့ သိထား၏။

နှစ်နာရီကြာသည့် အခါ ကျူးချူ မျက်နှာမှာ စတင် ပြောင်းလဲ လာသည်။ မိုဝူကျီနှင့် သူ့ကြားမှ အကွာအဝေးသည် တဖြည်းဖြည်း ပိုကွာဟ လာကြောင်း သတိထားမိသည်။ သူက မိုဝူကျီ၏ ရွေ့ပြောင်းစွမ်းရည်မှာ ဝိညာဉ်စွမ်းအား လှိုင်းများကို အသုံးပြုပြီး မိုဝူကျီ တည်နေရာကို မှန်းဆနေခြင်း ဖြစ်သည်။ သူတို့ နှစ်ယောက်ကြားတွင် အကွာအဝေး တစ်ခုအထိ ရောက်သွားသည်နှင့် သူက ထိုစွမ်းအားလှိုင်းများကို ခံစားနိုင်တော့မည် မဟုတ်လောက်တော့ပေ။

သူသာ ထိုစွမ်းအားလှိုင်းများ အာရုံ မခံနိုင်တော့သည်နှင့် မိုဝူကျီ နောက်လိုက် နိုင်တော့မည် မဟုတ်တော့ချေ။

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ....

မိုဝူကျီက လူသား အဆင့်လွန်ဆုံးနှင့် မြေကမ္ဘာ အဆင့်လွန်ဆုံး အဆင့်တို့ ရောက်ခဲ့၍ သူ့သဘာဝ စွမ်းအားများမှာ သာမာန်လူထက် သာလွန် နိုင်သော်လည်း ယခုမှာ အတော်လေး ပိုလွန်း နေသည် မဟုတ်ပါလော။

သူက နှစ်နာရီ အကြာ ဆက်တိုက် နေရာ ရွေ့ပြောင်း စွမ်းရည်ကို အသုံးပြုနိုင်တာလား။ သူ့မှာ ဘယ်လိုမျိုး သဘာဝ စွမ်းအား ရှိနေလို့လဲ ....

မိုဝူကျီက နေရာ ရွေ့ပြောင်းစွမ်းရည်ကို ဆက်တိုက် အသုံးပြုရုံအပြင် ကျူးချူ နောက်ယောင်ခံမှုကို ဖယ်ရှားနိုင်မည့် နည်းလမ်းမရှိမှန်း သိထားသည်။ ဆက်တိုက် နေရာ ရွေ့ပြောင်း စွမ်းရည်မှာ ကျူးချူထက် မြန်ဆန်နေ၍ မဟုတ်ဘဲ  သူ ချန်ခဲ့သည့် လမ်းကြောင်းမှာ နေရာ ရွေ့ပြောင်းပြီးနောက်တွင် ပို၍ အာရုံခံရ ခက်လာသောကြောင့် ဖြစ်သည်။ အကယ်၍ ကျူးချူက သူ့နောက် လိုက်လိုလျှင် သူက ဝိညာဉ် စွမ်းအားလှိုင်းများကို ခွဲခြမ်း စစ်ဆေးရန်အတွက် ခဏတာ ရပ်တန့်ရမည်။ ထို့နောက်မှ ပြန်လိုက်ရခြင်း ဖြစ်သည်။ ထိုနည်းဖြင့် သူက သူနှင့် ကျူးချူကြားမှ အကွာအဝေးကို ပိုကွာဝေး စေလိုက်ခြင်း ဖြစ်သည်။

လက်တွေ့တွင် သူ့အပြုအမူများက မှန်ကန်နေပေသည်။ ကျူးချူနှင့် သူတို့ ပို၍ ဝေးကွာ သွားသည်နှင့်် ကျူးချူက သူ့စိတ်စွမ်းအား စက်ကွင်းအတွင်း ရှိမနေတော့ချေ။

မိုဝူကျီက အနားမယူနိုင်သေးပေ။ ဆက်တိုက် နေရာ ရွေ့ပြောင်း နေရသည်။ မိုဝူကျီ၏ ကျင့်ကြံဆင့်မှာ ကန့်သတ်ထားသည့် အတွက် တစ်ခါ ရွေ့ပြောင်းပြီးတိုင်း ၃၀ မီတာလောက်သာ သွားနိုင်တော့သည်။ သို့သော်လည်း ထိုအရာက မိုဝူကျီအတွက် လုံလောက်နေလေပြီ။

ကျုးချူက မိုဝူကျီကို မကြာခင် စိတ်စွမ်းအားနှင့် သဘာဝစွမ်းအား ကုန်ခန်းလာမည့် အတွေးမှာ တခြားသူပေါ်သာ အလုပ် ဖြစ်ပေလိမ့်မည်။ သို့သော် မိုဝူကျီအပေါ် လုံးဝ သက်ရောက်မှု မရှိချေ။

မိုဝူကျီက ကျယ်ပြန့်လွန်းသည့် အသိစိတ်ပင်လယ် ပိုင်ဆိုင်ထားပြီး ဧရာမ ခရမ်း ရေကန်လည်း ရှိနေသေးသည်။ သူက နေ့တစ်ဝက်ကြာ မရပ်မနား ခရီးနှင်ခဲ့သည်။

မိုဝူကျီက သူ့စွမ်းအားအတွက် ယုံကြည်ချက် ရှိလေသည်။ သူက မြေကမ္ဘာ အင်မော်တယ်ကို ရင်မဆိုင် နိုင်သော်လည်း ထွက်ပြေးသည့်အခါ မည်သူမျှ သူ့နောက် လိုက်နိုင်မည် မဟုတ်ပေ။

နောက်ထပ် နှစ်နာရီ ကုန်ဆုံး သွားလေသည်။ မိုဝူကျီက ရွေ့ပြောင်းစွမ်းရည် မသုံးတော့ဘဲ လေလွတ်မြောက်ရေး နည်းစနစ်ကို ပြောင်းသုံးလိုက်သည်။ သူက နောက်ထပ် တစ်ရက်ကြာအထိ ခရီးနှင်လိုက်ပြီးနောက်  သင်္ဘောပျံကို ထုတ်ယူလိုက်သည်။

“ ရှင် တကယ်ပဲ ကျူးချူ လက်ထဲကနေ လွတ်လာတာပဲ .... ”

နွန်ရှုယီက မိုဝူကျီ သင်္ဘောပျံထဲ ရောက်လာပြီးနောက်  သူမ မျက်နှာတွင် အံ့ဩရိပ်များ ထင်းနေသည်။ သူမ စိတ်ထဲတွင် ကျုးချူမှာ နတ်ဘုရားကဲ့သို့ တည်ရှိမှုမျိုး ဖြစ်၏။  ဤလောကတွင် မည်သူကမျှ ကျူးချူကို နှိမ်နှင်းနိုင်မည် မဟုတ်ချေ။ သို့သော် ယနေ့တွင်မူ မိုဝူကျီက စစ်မှန်ခြင်း နတ်ဘုရား အဆင့်တွင်သာ ရှိသေးသော်လည်း ကျူးချူ အလိုက်ခံရမှုမှ အောင်မြင်စွာ အသက်ရှင် လွတ်မြောက် ခဲ့လေသည်။ သူက သူမကိုပါ သယ်ဆောင်၍ ထွက်ပြေးလာခြင်း ဖြစ်သည်။

ဒါက ဘယ်လို မှော်အတတ်များလဲ ....

မိုဝူကျီက ခေါင်းခါပြလိုက်သည်။ ကျူးချု ကျင့်ကြံဆင့်မှာ သူ့ထက် များစွာ မြင့်သော်လည်း ထူးထူးခြားခြားတော့ မဟုတ်ပေ။

လွတ်မြောက် လာခြင်းက ထိုမျှ အံ့အားသင့်ဖို့ ကောင်းနေသည်လား ....

“ ကျုပ်ထင်တာတော့ မင်းကျင့်စဉ်မှာ ပြဿနာ ရှိနေတဲ့ပုံပဲ ... ဖြစ်နိုင်တာက မင်းကျင့်စဉ်ကြောင့် ငါတို့ကို နောက်ယောင်ခံမိ သွားတာ နေမယ် .... ” မိုဝူကျီက ကျူးချူကို တွေ့ပြီးနောက် ထိုလူမှာ အင်မတန် ရည်မှန်းချက် ကြီးသည့်သူမှန်း သိလိုက်သည်။ သူက ကျူးချူနှင့် တစ်ယောက်ချင်း ရင်ဆိုင် တွေ့လိုသော်လည်း အချိန်တစ်ခုအထိတော့ မဖြစ်နိုင်သေး၍ မေ့ထားရမည်။

နွန်ရှုယီက ပြန်လည် မချေပတော့ဘဲ ခေါင်းညိတ်ပြကာ

“ ရှင် ပြောတာ မှန်တယ်။ ကျွန်မ ကျင့်စဉ်နဲ့ ပတ်သက်ပြီးတော့ ပြဿနာရှိတယ်။ တကယ်တော့ ကျိုးပျက် ဂိုဏ်းသား အားလုံးတိုင်းမှာ ပြဿနာ အတူတူ ရှိတယ် ... ”

“ မင်းရဲ့လက်ကို ပြပါဦး ” မိုဝူကျီက လက်ကို ဆန့်ထုတ်ပေးရင်း မေးလိုက်သည်။

နွန်ရှုယိက မငြင်းဆန်ချေ။ တကယ်တော့ မိုဝူကျီက သူမကို မကယ်လျှင်ပင် ဂရုမစိုက်ချေ။ သူမက ထွက်ပြေးဖို့ရာ မိုဝူကျီ စကားနားထောင် ခဲ့ခြင်းမှာ ကျူးချူလက်ထဲ မရောက်ချင်၍ ဖြစ်ပေသည်။ သူမက မိုဝူကျီသည် သူမကျင့်စဉ်ကို လေ့လာချင်နေမှန်း သိသည်။ သေရမည် ဖြစ်သော သူမအတွက် မိုဝူကျီ ဘာပင်လုပ်လုပ် စိတ်ထဲမထားချေ။

မိုဝူကျီက အခြားလူများနှင့် ကွာခြားကာ သူ့တွင် စိတ်စွမ်းအား သိုလှောင်ရေး လမ်းကြောင်း ရှိလေသည်။ သူက ထိုချီသွေးကြောမှာ စိတ်စွမ်းအားကို နွန်ရှုယီ၏ ဝိညာဉ် လမ်းကြောင်းဆီ ထိုးဖောက် လိုက်သည်။

မိုဝူကျီက ချီသွေးကြောကဲ့သို့ ဝိညာဉ် လမ်းကြောင်းများကို ရင်းရင်းနှီးနှီး မရှိချေ။ သို့သော်လည်း ချီသွေးကြောအ‌ပေါ် နားလည်နိုင်စွမ်းက သာမာန်လူထက် ကျော်လွန်နေ၍ ချီသွေးကြောနှင့် ဝိညာဉ် လမ်းကြောများရှိ ကွာခြားချက်လေးမှာ သူတို့ ဖြစ်တည် လာသည့် နည်းလမ်းသာ ဖြစ်၏။

အမွှေးတိုင် တစ်ဝက်စာအတွင်း မိုဝူကျီ၏ စိတ်စွမ်းအားက နွန်ရှုယီ ဝိညာဉ်လမ်းကြောင်း အတွင်းမှ ဝိညာဉ်စွမ်းအား ပြဿနာကို ခွဲခြမ်း လေ့လာနိုင်သွားသည်။ ထိုစွမ်းအားများမှာ သန့်စင်ဟန် ပေါ်သော်လည်း ဆေးဂုဏ်သတ္တိ တချို့ ပါဝင်နေလေသည်။ မိုဝူကျီ အမြင်အရ ထိုအရာမှာ နွန်ရှုယီ ပြောသည့် ဝိညာဉ် လမ်းကြောင်း ပုံစံဆေးလုံးမှ ကျန်ရှိနေခြင်း ဖြစ်ရမည်။

ကျိူးပျက် ဂိုဏ်းကျင့်စဉ်မှာ မပြည့်စုံချေ။ ကျူးချူက ကျင့်ကြံခြင်း တိုးလာဖို့ရန်  ဝိညာဉ် လမ်းကြောင်း ပုံစံ ဆေးလုံးကို အသုံးပြုရသည်။ တစ်ချိန်တည်းတွင် သူက ထိုနည်းလမ်းကို အသုံးချ၍ ကျိုးပျက်ဂိုဏ်းရှိ အားလုံးကို ထိန်းချုပ်ခဲ့သည်။

ထိုအတွေးဖြင့် မိုဝူကျီက ရုတ်တရက် ပြောလိုက်သည်  “ တာအိုရောင်းရင်းနွန် ...  ကျုပ်မှာ အဲဒီ ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းရှိတယ်။ ဒါပေမဲ့ အဲဒါလုပ်ရင် သေနိုင်သလို ကျင့်ကြံဆင့်လဲ လျော့သွား နိုင်တယ် ... ”

နွန်ရှုယီက တစ်စက်လေးမျှ မပျော်ရွှင်ပေ။ သူမက  ညှိုးငယ်စွာ  ပြောလိုက်သည်

“ တကယ်လို့ သဘာဝစွမ်းအားတွေကို သုံးပြီး ဝိညာဉ် လမ်းကြောင်းထဲက ဆေးအစွမ်းကို ဖယ်ရှားမယ် ဆိုရင်တော့ မေ့ထားတာ ကောင်းမယ်။ ဘာလို့လဲဆိုတော့ အဲလိုလုပ်တဲ့ သူတိုင်း အကုန် မရှိကြတော့ဘူး။ ကျွန်မ က ကျိုးပျက်ဂိုဏ်း ကျင့်စဉ်ကို ကျင့်ကြံနေသရွေ့ ဝိညာဉ် လမ်းကြောင်းပုံစံ ဆေးအစွမ်းက ကျွန်မ ရဲ့ ဝိညာဉ်လမ်းကြောင်းထဲ အမြဲတမ်း ကျန်ရှိနေမှာ။ ဖယ်ရှားပစ်ဖို့ နည်းလမ်း မရှိဘူး ... ”

မိုဝူကျီက ခပ်ယဲ့ယဲ့ ပြုံးကာ အခြားသူများက မလုပ်နိုင်ကြသော်လည်း သူမလုပ်နိုင်သည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ လက်တွေ့တွင် နွန်ရှုယီ ဝိညာဉ် လမ်းကြောင်းထဲမှ ဆေးအစွမ်းမှာ ကျိုးပျက်ဂိုဏ်းမှ ဝိညာဉ် အမှတ်အသားနှင့် ဆင်တူပေသည်။ သူက ပညာရှင် နှလုံးသားကို အသုံးပြု၍ ကျိူးပျက်ဂိုဏ်း အမှတ်အသားကို ဖယ်ရှား နိုင်သောကြောင့် သူက ဆေးအစွမ်းကို ထိုနည်းလမ်းဖြင့် လုပ်ဆောင် နိုင်လိမ့်မည်။ ပြဿာနာတစ်ခုမှာ သူက ထိုဆေးအစွမ်းကို ဖယ်ရှားလိုက်လျှင် အနာဂတ်ကျ နွန်ရှုယီကို  မည်သို့ လုပ်ရမည်ကို မသိတော့ပေ။ ကျင့်စဉ် အသစ်မရှိဘဲ နွန်ရှုယီ၏ ခန္ဓာမှာ ကျိူးပျက်ဂိုဏ်း ကျင့်စဉ်ကြောင့် လောင်ကျွမ်း လာပေလိမ့်မည်။

“ ကျုပ်ကို ကျိုးပျက်ဂိုဏ်း ကျင့်စဉ်အကြောင်း ရှင်းပြလို့ ရမလား ” မိုဝူကျီက ရုတ်တရက် ထမေးလိုက်သည်။ မိုဝူကျီက ချီသွေးကြော ကျင့်စဉ်များကို ဖန်တီးသည့်နေရာ၌ ဆရာတစ်ဆူ ဖြစ်နေကာ အင်မော်တယ် မော်တယ်၏ ပြောင်းပြန် ကျင့်စဉ်ကိုပါ ဖန်တီး နိုင်ခဲ့သေးသည် မဟုတ်ပါလော။ ထို့ကြောင့် နွန်ရှုယီကို ကျင့်စဉ်အသစ် ဖန်တီးပေးဖို့ရန် ဘာကြောင့် မကူညီနိုင် ရမည်နည်း။

“ ကောင်းပါပြီ ” နွန်ရှုယီက တွေဝေမနေဘဲ သူမ ကျင့်စဉ်ကို အသေးစိတ် ရှင်းပြတော့သည်။

***

တစ်ချိန်တည်းတွင် ကြယ်တာရာ ဘုရင်တောင်၌

ကြယ်တာရာ ဘုရင်တောင်၏ ကြယ်တာရာသခင် မိုဝူကျီက လက်ရှိတွင် ရှိမနေချေ။ ရှားမျိုးနွယ်စုနှင့် ယန်မျိုးနွယ်စုတို့ကို နှစ်ခုလုံး အမြစ်ဖြတ် ရှင်းလင်းထားပြီး ဝူရှန်းခန်းမ သခင်မှာလည်း အာကာသထဲမှ ပြန်ရောက် မလာသေးပေ။ ကြယ်တာရာ မီးတောက်သခင် ချူဖုန်းယီနှင့် ကြယ်တာရာ လမ်းကြောင်းသခင် ဝူလင်းကျီတို့မှာလည်း သေဆုံးသွားပြီ ဖြစ်၏။

ထိုစဉ် အကြီးအကဲ တချို့နှင့် ကာကွယ်သူများမှ လွဲ၍ ကြယ်တာရာ ဘုရင်တောင်တွင် စုရွမ် အပါအဝင် ခန်းမသခင် လေးယောက်သာ ရှိနေသည်။

“ ကျိုးပျက်ဂိုဏ်းက လူသတ်ဂိုဏ်း သာသာလေးပဲ ....  ကျွန်မတို့ ကြယ်တာရာ ဘုရင်တောင်က သူတို့ဆိုးတာတွေကို မျက်ကွယ်ပြုပေးခဲ့လို့ အခု ကျွန်မတို့ ကြယ်တာရာ ဘုရင်တောင်က ကြယ်တာရာ သခင်ကို လူသိရှင်ကြား ဝရမ်း ထုတ်ရဲတာပေါ့။ ခန်းမသခင်များနဲ့ အကြီးအကဲများ ... ဘာပြောချင်ကြသေးလဲ ” စုရွမ်က ပြောရင်း လူသတ်ငွေ့များ ထွက်ပေါ်နေသည်။ သူမက ကျိုးပျက်ဂိုဏ်း အပြုအမူများကြောင့် ဒေါသ ထွက်နေသည်မှာ သိသာလှသည်။

သူမက ထိုသတင်းကို ကြားသိရချင်းချင်း သူမက လောကခန်းမတွင် ရှိနေဆဲ ဖြစ်သည်။ ကြယ်တာရာ သခင်ကို ကျိုးပျက်ဂိုဏ်း အလိုက်ခံရသည် ဆိုသော သတင်းကို အတည်ပြုပြီးနောက် စုရွမ်က ကြယ်တာရာ ဘုရင်တောင်၌ အားလုံးကို စုစည်းထားခြင်း ဖြစ်သည်။ ကျိုးပျက် ဂိုဏ်းက  ကြယ်တာရာ ဘုရင်တောင်မှ ကြယ်တာရာ သခင် တစ်ယောက်ကို လူသိရှင်ကြား ဝရမ်း ထုတ်ရဲလေသည်။

ကြယ်တာရာ ဘုရင်တောင် ဂုဏ်သတင်းက ဘယ်အချိန် ကတည်းမှ ထိုမျှ အထိ ကျဆင်း သွားတာလဲ ....

ကြယ်တာရာ သခင်ကို ဖမ်းဖို့ရာ  အလိုရှိသူသည် ဘာဆိုဘာမျှ ဂုဏ်သတင်း မရှိသည့် လူသတ်ဂိုဏ်းမှ ဖြစ်နေသေးသည်။ ထိုအရာမှာ ယုတ္တိမတန်ချေ။

***

All Chapters