← Chapters

ကျန်းရှင်းမှ အားအကောင်းဆုံး နှစ်ဂိုဏ်း

Vol. 27 Ch. 373

ကျန်းရှင်းမှ အားအကောင်းဆုံး နှစ်ဂိုဏ်း

Vol. 27 Ch. 373

“ ဘာပြောစရာ ကျန်ဦးမှာလဲ ...  ကျန်းရှင်းကနေ ကျိုးပျက်ဂိုဏ်းကို အပြတ်ရှင်းထုတ် ကြတာပေါ့။ ဒီဂိုဏ်းက မျက်စိစပါးမွေး စူးစရာ ဖြစ်နေတာ ကြာလှပြီ။ ကျန်းရှင်း အန္တရာယ်ထဲ ကျရောက် နေတုန်းကလည်း ကျန်းရှင်းအတွက် လာကူညီတာ ဆိုတာလည်း တစ်ခါမှ မတွေ့ခဲ့ဖူးဘူး။ ဒီနေ့ သူတို့က ကျုပ်တို့ ကြယ်တာရာ သခင်ကိုတောင် ဝရမ်း ထုတ်လိုက် သေးတယ်။ အဲဒီဂိုဏ်းကို ဖျက်ဆီး မပစ်နိုင်ရင် ကျုပ်တို့တွေ ကြယ်တာရာ ဘုရင်တောင် နာမည်ကို အရှုံးပေးလိုက် ရလိမ့်မယ် ... ” ရွှေရောင်ဆံပင်နှင့် လူငယ်လေးက ဒေါသတကြီး ဝင်ပြောလိုက်သည်။

ထိုသူမှာ ကြယ်တာရာ ဘုရင်တောင်၏ ကိုးခုမြောက် ခန်းမဖြစ်သည့် ခန်းမ စူးစိုက်ခန်းမသခင် လော့ယွီချန် ဖြစ်၏။ သူ့ ကျင့်ကြံဆင့်မှာလည်း လောက အင်မော်တယ်အဆင့် ၄ ဖြစ်ကာ ချီထုံ၏ လက်အောက်ခံ ဖြစ်သည်။ သူက ကျိုးပျက်ဂိုဏ်းကို အပြီးသတ် ဖယ်ရှားပစ်ရန် အကြံပြုခဲ့သည်မှာ ကြာလှပြီ ဖြစ်သော်လည်း ကြယ်တာရာ သခင်ချီထုံက တည်ရှိမှုတိုင်းတွင် ရည်ရွယ်ချက် ရှိလိမ့်မည်ဟု တွေးတောကာ ထိုအတိုင်း ထားထားလိုက်ခြင်း ဖြစ်သည်။

ယနေ့တွင် ကျိုးပျက်ဂိုဏ်းက ပြန်ပေါ်လာပြီး သူတို့က ကြယ်တာရာ ဘုရင်တောင်၏ ကြယ်တာရာ သခင်ကိုပင် အလိုရှိစာရင်းထဲ ထည့်ကာ လူသိရှင်ကြား ကြေညာ လိုက်သေးသည်။ ထိုကိစ္စက လော့ယွီချန်ကို ဒေါသ ထွက်စေသည်။

“ ကျုပ်ကလည်း ခန်းမသခင်လော့ စကားတွေကို သဘောတူတယ်။ ကျုပ်တို့ ကြယ်တာရာ ဘုရင်တောင်က ကျင့်ကြံသူတပ်ထဲက သန်းချီနေတဲ့ တပ်သားတွေကို ထိန်းချုပ်လာကြတာ။ ကျိုးပျက် ဂိုဏ်းလေးက ဒီလို မောက်မာရဲမှတော့ သေချင်နေတာ ဖြစ်ရမယ် ... ” ယန်ကျဲကလည်း သူ့ဝသီ အတိုင်း ပွင့်ပွင့်လင်းလင်း တည့်တိုးသာ ပြောလိုက်သည်။

ယခု ခန်းမသခင် သုံးယောက်က ရှေ့ထွက်လာသဖြင့် ကျန်ရှိနေသော ကာကွယ်သူများနှင့် အကြီးအကဲ များမှာလည်း ရှေ့ထွက်လာကာ ကျိုးပျက်ဂိုဏ်းကို ဖယ်ရှားကြောင်း သဘောတူ လိုက်ရသည်။ သူတို့က ကျိုးပျက်ဂိုဏ်းသည် ကျန်းရှင်းအတွင်း မောက်မာနေခွင့် မပေးနိုင်ချေ။

စုရွမ်က ခေါင်းညိတ် ပြလိုက်ပြီး  “ မျိုးနွယ်စုကြီး သုံးခုထဲက နှစ်ခုကိုလည်း မိုဝူကျီက ဖယ်ရှားပြီးပြီဆိုတော့ ကြယ်တာရာ ဘုရင်တောင်က ပိုစည်းလုံး လာလိမ့်မယ်။ အရင် ခန်းမဆယ်ခု ရှိနေတာထက် ပိုပြီး ညီညွတ် စေလိမ့်မယ် ”

မော့မျိုးနွယ်စု၏ ဂူချောင်း ရှိနေသေးသော်လည်း ယန်မျိုးနွယ်စုနှင့် ရှားမျိုးနွယ်စု ပျောက်ဆုံး သွားပြီးနောက်တွင် လေသံလျော့သွားကာ သူများနည်းတူ လိုက်နေရသည်။

“ ကောင်းပြီ ... ကျမတို့ ကြယ်တာရာ ဘုရင်တောင်က အတူတကွ စုစည်းပြီးတော့ ဒီတစ်ကြိမ်တော့ ကျွန်မတို့ အင်အားစုတွေ ဒီကိစ္စအတွက် ရိုင်းပင်းကြရမယ်။  ကျိုးပျက်ဂိုဏ်း ဘယ်နေရာမှာ ပုန်းနေနေ သူတို့ကို အမြစ်ကနေ ဆွဲထုတ် ပစ်ကြမယ်။ တစ်ယောက်မှ အရှင်မထား  .... ” စုရွမ်က မတ်တတ် ရပ်လိုက်ပြီး ပြတ်ပြတ်သားသား ပြောလိုက်သည်။

“ ခဏနေပါဦး ...” ခပ်ဩဩ အကြီးအကဲ အသံက စုရွမ် စကားများကို ဖြတ်ပြော လိုက်လေ၏။ စုရွမ်နှင့် ကျန်လူများက ထိုလူမှာ ချီဟော်အာ ဖြစ်နေသည်ကို တွေ့၍ အကုန် တိတ်ဆိတ် သွားကြပြီး သူ့အပြောကို စောင့်နေ လိုက်ကြသည်။ ချီဟော်အာမှာ ကြယ်တာရာ သခင်ချီထုံ၏ ညာလက်ရုံး ဖြစ်နေသဖြင့် သူက လက်ရှိ ကြယ်တာရာသခင် မိုဝူကျီ လက်ထက်တွင်လည်း ရှားမျိုးနွယ်စု မြေကျအောင် စွမ်းစွမ်းတမံ ကူညီပေးခဲ့လေသည်။

ထို့အပြင် ချီဟော်အာ၏ ကျင့်ကြံဆင့်မှာ လောက အင်မော်တယ် အဆင့် ၅ ဖြစ်၏။ သူ ထိန်းချုပ်ထားသည့် တပ်များ မရှိသော်လည်း မည်သူကမျှ ချီဟော်အာကို မလေးမစား မလုပ်ရဲကြပေ။

“ ကျုပ်တို့တွေ အရင်ဆုံး ကြယ်တာရာသခင် ပြန်လာတာကို စောင့်သင့်တယ်။ ကျိုးပျက်ဂိုဏ်းကို နှိမ်နှင်းဖို့အတွက် ကြယ်တာရာ သခင်ကို ရှာတွေ့ပြီးတဲ့အထိ စောင့်တာ အကောင်းဆုံး ဖြစ်လိမ့်မယ် ... ” ချီဟော်အာ အသံမှာ တည်ငြိမ်နေပြီး လေးနက်မှုနှင့် အတူ သေချာမှုများပါ ပါဝင်နေသည်။

စုရွမ်က မျက်မှောင်ကျုတ်ကာ အားမရစွာ ပြောလိုက်သည်

“ ထိန်းသိမ်းရေးမှူးချီ ... ကြယ်တာရာသခင်မိုက ကျန်းရှင်းသမိုင်း တစ်လျှောက်မှာ အားအကောင်းဆုံး ကြယ်တာရာ သခင်ပါ။ ပြောရရင် သူက အရည်အချင်း အရှိဆုံး ကြယ်တာရာ သခင်လို့တောင် ပြောလို့ ရတယ်။ ရှင်လဲ ကြယ်တာရာ ဘုရင်တောင်ရဲ့ လူသားဘုရင် အဆင့်ဇယားနဲ့ မြေကမ္ဘာဘုရင် အဆင့်ဇယားကို မြင်ပြီးပြီ နေမှာပါ။အ

အဲဒီအဆင့်ဇယားနှစ်ခုမှာ ထိပ်သီးပါရမီရှင် ဘယ်နှယောက် မွေးဖွား လာပြီးပြီလဲ။ ပြီးတော့ ကြယ်တာရာ သခင်မိုက သမိုင်းတစ်လျောက် လူသား ဘုရင်အဆင့် ဇယားနဲ့ မြေကမ္ဘာ ဘုရင်အဆင့်ဇယား နှစ်ခုလုံးမှာ အဆင့် ၁ ရဖူးတဲ့ ပထမဆုံးသော သူပဲ ....

ပြီးတော့ ကြယ်တာရာ သခင်မိုက လောက အဆင့်ဇယားကိုတောင် အဆင့် ၂ ရခဲ့တာလေ ....

အခက်အခဲတွေ အများကြီး ကြုံပြီးမှ ကြယ်တာရာသခင်မိုက ကြယ်တာရာသခင် ဖြစ်လာဖို့ သဘောတူပေးခဲ့တာ။ ကျိုးပျက်ဂိုဏ်းက သူ့ကို ဝိုင်းပြီးတော့ သတ်လိုက်ရင် ကြယ်တာရာ ဘုရင်တောင်က ဘာအသုံးဝင် တော့မှာလဲ ...  ”

စုရွမ်သာလျှင် မဟုတ်ပေ။ အားလုံးက ချီဟော်အာကို မကျေမနပ် ကြည့်လိုက်ကြသည်။

အားလုံးက အတူတူ တွေးနေတာ ဖြစ်ပြီး ထိန်းသိမ်းရေးမှူး အနေနှင့် ကျိုးပျက်ဂိုဏ်းကို ချေမှုန်းတဲ့ အထဲကို ရှေ့ဆုံးက ရှိနေသင့်တာ မဟုတ်ဘူးလား ....

သို့သော် သူက မထောက်ခံရုံ သာမက ဆန့်ကျင်နေသေးသည်။  ကြယ်တာရာ သခင်အတွက် ခင်ဗျားလို့ ထိန်းသိမ်းရေးမှူး ရှိတာ ဘာသုံးစားလို့ ရမှာလဲ ....

ချီဟော်အာက သက်ပြင်းချကာ

“ အားလုံးက တစ်ချက်ပဲ သိတာလေ။ တစ်ခုလောက် မေးပါရစေဦး ... အားလုံးက ကျိုးပျက်ဂိုဏ်းကိုရော သိကြရဲ့လား။ ကျိုးပျက်ဂိုဏ်းချုပ်ကိုရော နားလည်ကြရဲ့လား ... ”

ချီဟော်အာ၏ မေးခွန်းများကို ကြားပြီး အားလုံးက တိတ်ဆိတ် သွားကြသည်။ ကျိုးပျက်ဂိုဏ်းလေး အတွက် နားလည်ဖို့က ဝေးလာဝေး  မည်သူကမျှ ဂရုမစိုက်မိကြချေ။ လူသတ်ဂိုဏ်း သာသာလေးသာ မဟုတ်ပေဘူးလား။ ကြယ်တာရာ ဘုရင်တောင်က အချိန်မရွေး  ချေမှုန်းလိုလှျင် ပျောက်ပျက် သွားမည့် ဂိုဏ်းလေး မဟုတ်ပေဘူးလား ....

ချီဟော်အာက သက်ပြင်း ထပ်ချလိုက်ပြီး

“ အားလုံးက ကျန်းရှင်းထဲမှာ အားအကောင်းဆုံး ဂိုဏ်းက ကျုပ်တို့ ကြယ်တာရာ ဘုရင်တောင်လို့ ထင်နေကြတာ မလား။ ဟုတ်တယ် ...  ကျုပ်တို့ ကြယ်တာရာ ဘုရင်တောင်က ကျိုးပျက်ဂိုဏ်းထက် ရှေ့ရောက်တယ်။ ဒါပေမဲ့ ကျန်းရှင်းမှာ အားအကောင်းဆုံးက ကျုပ်တို့ ကြယ်တာရာ ဘုရင်တောင် မဟုတ်ဘူး ...”

“ .... ”

စုရွမ် အပါအဝင်  အားလုံးက ချီဟော်အာကို နားမလည်စွာ ကြည့်လိုက်ကြသည်။

သူက နေမကောင်းပြီးတော့ အဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောနေတာလား ....

ကြယ်တာရာ ဘုရင်တောင်၌ အတွင်းရေး ပဋိပက္ခတွေ ရှိသော်လည်း ကျန်းရှင်း၏ နံပါတ်တစ်ဂိုဏ်း ဖြစ်နေသေးသည်။ ကြယ်တာရာ ဘုရင်တောင်က ကျန်းရှင်း၏  နံပါတ်တစ် ဂိုဏ်းအဖြစ်မှ ဘယ်အချိန်က ကျသွားတာလဲ ....

ခဏအကြာတွင် စုရွမ်က နောက်ဆုံးတွင် မတ်တတ် ရပ်လိုက်ပြီး ချီဟော်အာကို လက်သီးဆုပ် ဂါရဝပြုကာ  “ ထိန်းသိမ်းရေးမှူးချီက ကျမတို့ကို ထပ်ပြောပြပေးပါဦး ...”

ချီဟော်အာ၏  ကျင့်ကြံဆင့်မှာ အမြင့်ဆုံး မဟုတ်သော်လည်း ချီဟော်အာက သူတို့ကို သင်ပြ လမ်းညွှန်ပေးရန် အရည်အချင်း ပြည့်မီပေသည်။ ချီဟော်အာက ဤနေရာတွင် အသက်ရွယ် အကြီးဆုံး ဖြစ်ကာ သူ ခစားခဲ့သည့် ကြယ်တာရာ သခင်များမှာ ချီထုံနှင့် ဝူလင်းကျီသာ မကပေ။ ချီထုံ မတိုင်ခင် သူက ယခင်ကြယ်တာရာ သခင်၏ နောက်လိုက် ဖြစ်၏။

ကျန်းမိုနယ်မြေ၌ ချီဟော်အာထက် အသက်ကြီးသည့်သူ ရှာတွေ့ရန် ခက်လှပေသည်။

ချီဟော်အာက ဆက်ပြောလိုက်သည် “ ဟိုးအရင်တုန်းက ကျန်းရှင်းမှာ ထိပ်သီးဂိုဏ်း နှစ်ခု ရှိတယ် ... ”

လူတော်တော်များများက ထိုဂိုဏ်းနှစ်ခုမှာ ကြယ်တာရာ ဘုရင်တောင်နှင့် ကျိူးပျက်ဂိုဏ်းဟု ထင်မှတ်နေကြသည်။ သို့သော်လည်း ချီဟော်အာက ရုတ်တရက် ကောက်ပြောလိုက်သည်

“ သူတို့ထဲက တစ်ခုကို တျန်းဂျီဂိုဏ်းလို့ ခေါ်တယ်။ တျန်းဂျီဂိုဏ်းကို  မိုးကောင်းကင် ခရီးပန်းတိုင်လို့ သိကြတယ်။ အဲဒီမှာ ထိပ်သီးတာအို ကျင့်စဉ်တွေ ပိုင်ဆိုင်တယ်။ သူတို့ဂိုဏ်းချုပ် တျန်းဂျီကျီက သူတို့မျိုးဆက်မှာဆိုရင် အင်မတန် စွမ်းတဲ့ စွမ်းအားတွေကို ပိုင်ဆိုင်တဲ့ သူရဲကောင်းကြီးပေါ့ ... ”

အားလုံးက တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြသည်။ တျန်းဂျီဂိုဏ်းက မည်သို့ ဂိုဏ်းမျိုး ဖြစ်နေသနည်း။ သူတို့အားလုံးက တစ်ခါမျှ မကြားဖူးကြပေ။ အားလုံးက မကြားဖူးသောကြောင့် ချီဟော်အာ စကားကိုသာ အာရုံစိုက် နားထောင်လိုက်ကြသည်။

“ နောက်ဂိုဏ်းတစ်ခုက ပြန်လည် ဝင်စားခြင်း တာအိုဂိုဏ်းလို့ ခေါ်တယ်။ အဲဒီဂိုဏ်းကလည်း တျန်းဂျီဂိုဏ်းထက် အားမနည်းဘူး။

ပြန်လည်ဝင်စားခြင်း တာအိုဂိုဏ်းရဲ့ သမိုင်းကြောင်းက တျန်းဂျီဂိုဏ်းထက်တောင် ပိုကြာရှည် သေးတယ်။ တျန်းဂျီဂိုဏ်းကို တျန်းဂျီကျီ ကိုယ်တိုင် တည်ထောင်ခဲ့တာ ...

တစ်ရက်ကျ တျန်းဂျီဂိုဏ်းနဲ့ ပြန်လည်ဝင်စားခြင်း တာအိုဂိုဏ်းတို့က အင်မော်တယ် အဆင့် ပစ္စည်းတစ်ခု အတွက်နဲ့ ထိပ်တိုက် ရင်ဆိုင်ခဲ့ကြတယ်။ အဲဒီတိုက်ခိုက်မှု အတွင်းမှာ တျန်းဂျီဂိုဏ်းချုပ် တျန်းဂျီကျီက ပြန်လည် ဝင်စားခြင်း တာအိုဂိုဏ်းရဲ့ ပါရမီရှင်တွေနဲ့ ထူးချွန်လှတဲ့ ကျူးနန်ရှန်းကို သတ်ပစ်ခဲ့ပြီးတော့ အင်မော်တယ် အဆင့် ရတနာကို ရသွားခဲ့တယ် .... ”

သူတို့အားလုံး ကြားသည့်အခါ အားလုံနီးပါးက လေအေးများ မှုတ်ထုတ် မိလိုက်ကြသည်။

အင်မော်တယ် အဆင့် ရတနာ .... ထိုအရာမှာ ဒဏ္ဍာရီထဲမှ ပစ္စည်းဖြစ်ကာ အင်မော်တယ် နယ်ပယ်အဆင့်မှ အရာ ဖြစ်လေ၏။ အင်မော်တယ် နယ်ပယ် အဆင့်ထဲတွင်ပင် ဒဏ္ဍာရီဆန်ဆန် တည်ရှိမှုမျိုး ဖြစ်သည်။ ဤနေရာတွင် လောက အင်မော်တယ်များ ပေါပေါများများ ရှိသော်လည်း သူတို့ လောက အင်မော်တယ်စု ခေါ်နေကြသူများသည်  အင်မော်တယ် အစစ်အမှန်များနှင့် မိုင်ပေါင်း ၁၀၈၀၀၀  ကွာဝေး နေသေးသည်။  လောက အင်မော်တယ်လို့ ခေါ်ဆိုမှုသည် အားပေး နှစ်သိမ့်ပေးသည့် သဘောသာ ဖြစ်၏။ အကြောင်းအရင်းမှာ ထိုအဆင့်သို့ ရောက်ရှိပြီး လူ ၉၀ ရာခိုင်နှုန်းလောက်မှာ ဟင်းလင်းပြင် ချိုးဖောက်ဖို့ကို ဆိုမထားနှင့် အဆင့် ထပ်မတက် တော့သည်ကို ခက်ခက်ခဲခဲ ရှာဖွေသိရှိပြီးနောက် သေဆုံး သွားကြရသည်။

(မှတ်ချက်  -  ၁၀၈ ၀၀၀ မိုင်မှာ စွန်းဝူခုန်း အနောက်ဘက်သို့ ခရီးသွားခြင်းထဲမှ ခရီး အကွာအဝေး ဖြစ်၏)

သူတို့က အင်မော်တယ် အဆင့် ရတနာသည် ကျန်းရှင်းတွင် ပေါ်လာလိမ့်မည်ဟု ထင်မထားကြ‌ပေ။ ထို့အပြင် ထိုရတနာကြောင့် ဂိုဏ်းကြီးနှစ်ခုမှာ တိုက်ပွဲ ဖြစ်ခဲ့သေးသည်။

ထိုစဉ် အားလုံးက ပို၍ တိတ်ဆိတ် သွားကြပြီး ချီဟော်အာ စကားများကို နားထောင် လိုက်ကြသည်။

“ ကျူးနန်ရှန်း အသတ်ခံရပြီးတဲ့နောက်မှာ တျန်းဂျီကျီက ပြန်လည် ဝင်စားခြင်း တာအိုဂိုဏ်းကိုလည်း ဒီအတိုင်း မထားထားနိုင်ဘူးလေ။ အဲဒါနဲ့ နှစ်တွေ ကြာလာတော့ ပြန်လည် ဝင်စားခြင်း တာအိုဂိုဏ်းက တျန်းဂျီဂိုဏ်း လက်အောက်မှာ အတော်လေး ခက်ခဲခဲ့ရတယ်။ နောက်ပိုင်းကျ ကျန်းရှင်းထဲက ဂိုဏ်းကြီး တစ်ခုဖြစ်တဲ့ ပြန်လည်ဝင်စားခြင်း တာအိုဂိုဏ်းက ပျောက်ကွယ် သွားတယ် .... ”

ချီဟော်အာ ထိုအထိ ရောက်လာသောအခါ ခေါင်းကို ခါလိုက်ပြီး

“ တျန်းဂျီကျီက ကျူပင်ခုတ် ကျူမြစ် မကျန်ရှင်းခဲ့ရင် အကောင်းသား ...ဒါပေမဲ့ သူက  အဲလိုမလုပ်ခဲ့ဘူး။ ကျူးနန်ရှန်းရဲ့ အမျိုးသမီး အစေခံလေးကို အသက်ရှင်ခွင့် ပေးခဲ့တယ်။ အဲဒီအချိန်မှာ အဲဒီအမျိုးသမီးက ကျုးနန်ရှန်းရဲ့ သွေးသားကို ကိုယ်ဝန်ဆောင်ထားရတယ် .. ”

ကျူးနန်ရှန်း၏ မျိုးဆက်ကြောင့် တျန်းဂျီဂိုဏ်း အဖယ်ရှား ခံလိုက်ရမှန်း သိလိုက်ကြသည်။ အကြောင်းအရင်းမှာ သူတို့က  တျန်းဂျီဂိုဏ်းကို မကြားဖူးကြ၍ ဖြစ်သည်။

“ အဲဒီအမျိုးသမီးက ကျူးနန်ရှန်းရဲ့ သွေးသားကို တိတ်တဆိတ် မွေးဖွားပြီးတော့ ကျူးဖူလို့ အမည် ပေးခဲ့တယ်။ ကျူးဖူ နာမည်မှာ အဓိပ္ပာယ် နှစ်မျိုးရှိတယ်။ ပထမတစ်ခုက ပြန်လည် ဝင်စားခြင်း တာအိုဂိုဏ်းကို ပြန်လည် တည်ဆောက်ဖို့နဲ့ နောက်တစ်ခုက ကျူးနန်ရှန်းအတွက် လက်စားချေပေးဖို့ ...

(မှတ်ချက် - ဖူ အဓိပ္ပာယ် နှစ်မျိုးမှာ ပြန်လည် တည်ဆောက်ခြင်း သို့မဟုတ် လက်စားချေခြင်း ဖြစ်၏)

အဲဒီကျူးဖူရဲ့ အရည်အချင်းတွေက ထိပ်သီးလို့ ပြောလို့ရတယ်။ သူ့မှာ ကျင့်ကြံဖို့ အရင်းအမြစ်တွေ မရှိပေမဲ့ သူက နှစ် ရာပိုင်းလေး အတွင်း ထိပ်သီးအဆင့်မြင့် ကျင့်ကြံသူ ဖြစ်လာတဲ့ အထိ ကျင့်ကြံနိုင်ခဲ့တယ် ....

ပြီးတော့ အဲဒီအချိန် တျန်းဂျီဂိုဏ်းရှိတဲ့ ပျောက်ဆုံး နယ်မြေမှာ မျှော်မှန်းမထားတဲ့ ကပ်ဘေး ဆိုက်တော့တာပဲ။ အဲဒီကပ်လေးက ပျောက်ဆုံး နယ်မြေရဲ့ ပါရမီရှင်တွေနဲ့ သူရဲကောင်းတွေကို ပျက်စီး သေကြေစေတယ်။ မသေတဲ့လူတွေကျတော့ ပျောက်ဆုံး နယ်မြေကို စွန့်ခွာပြီးတော့ ကျန်းမိုနယ်မြေဆီ ထွက်လာကြတယ် ...”

အားလုံးက ချီဟော်အာ၏ ဇာတ်ကြောင်း အစပြုရာ ဂိုဏ်းနှစ်ခုမှာ ပျောက်ဆုံး နယ်မြေမှ  ဖြစ်နေကြောင်း သိသွားကြသည်။

“ ကျူးဖူရဲ့ ကျင့်ကြံဆင့်က အတော်လေး မြင့်ပေမဲ့ သူလည်း ကပ်ဘေးကနေတော့ မလွတ်မြောက် နိုင်ခဲ့ဘူး။ ပျောက်ဆုံးနယ်မြေရဲ့ သဘာဝတရားကြီး ဥပဒေသတွေတောင် ကျိုးပျက် လာတယ်။ သူက ကျင့်ကြံဆင့်တွေ ပျောက်ဆုံးသွားတော့ ထွက်မပြေးနိုင်ပေမဲ့ သူက အဲဒီ ဒဏ်ရာရနေတဲ့ ခန္ဓာကိုယ်ကြီးနဲ့ ဆက်အသက်ရှင် နေခဲ့တယ် ...

သူက မြေကမ္ဘာ အင်မော်တယ် ပြီးပြည့်စုံခြင်း အဆင့် ရောက်ခဲ့ပြီး ဟင်းလင်းပြင်ကို ချိုးဖျက်တော့မဲ့ ဆဲဆဲလေးမှာ ကျင့်ကြံဆင့် မရှိတာကြောင့် သေမျိုးကမ္ဘာကိုပဲ ပြန်လာလိုက်ရတယ် ....

ကျူးဖူ မွေးဖွား လာကတည်းက ဘယ်လို ကျင့်ကြံရမယ် ဆိုတာ သိနေတယ်။ အဲဒါကြောင့် အသက်ရှင်အောင် နေရမယ်ဆိုတာ ဘယ်လိုလုပ် မသိဘဲ နေမှာလဲ .... ကျင့်ကြံဆင့် ပျောက်ဆုံး သွားတော့ ကျင့်ကြံသူဆိုတဲ့ အချက်ကို မေ့ထားပြီး အလုပ် ကြိုးစားလုပ်တယ်။ သူက အဲဒီကိစ္စကို ဂရုမစိုက်ပေမဲ့ သားတစ်ယောက် လိုချင်မိတယ်။ သူရဲ့ အမွေတွေ အားလုံး လက်ဆင့် ကမ်းပေးဖို့ပေါ့ ...

သူ့ကျင့်ကြံဆင့် ပျောက်ဆုံး သွားပြီးတဲ့ နောက်မှာ သူက မျိုးပွား နိုင်စွမ်းကိုပါ ဆုံးရှုံး လိုက်ရတယ်။ ကံကောင်းတာ တစ်ခုက သူ့သက်တမ်းက ရှည်တာဆိုတော့ နှစ်ထောင်ချီ နေနိုင်ခဲ့တယ်။ အဲဒီ နှစ်ထောင်ပေါင်း အတွင်းမှာ သူက အနည်းဆုံးတော့ သန္ဓေသား ဖြစ်တည်ခြင်း အသီးကို ရှာတွေ့နိုင်ခဲ့တယ် ...

သူ့အသက် နောက်ဆုံး အချိန်လေးမှာ ထိပ်သီး ဝိညာဉ်ကြောနဲ့ သေမျိုး မိန်းကလေးကို တွေ့လိုက်ရတယ်။ အဲဒီမိန်းကလေးက သူ့ကို စောင့်ရှောက် ပေးရုံတင် မကဘူး။ သန္ဓေသား ဖြစ်တည်ခြင်း အသီးကို သုံးပြီးတော့ သားလေး တစ်ယောက် မွေးဖွား ပေးခဲ့သေးတယ် ...

ကျူးဖူက သူသိသမျှအားလုံးကို သူ့သားကို လက်ဆင့် ကမ်းခဲ့တယ်။ သူ့သား ပါရမီက သူ့ထက် ပိုအားကောင်းတယ်။ ကျုပ် ကြားတာတော့ သူတို့က ပြန်လည် ဝင်စားခြင်း တာအိုဂိုဏ်းကို သွားတော့ ပြန်လည်ဝင်စားခြင်း တာအိုဂိုဏ်းနဲ့ သက်ဆိုင်တဲ့  ထိပ်တန်းကျင့်စဉ်တွေနဲ့ ဂိုဏ်းကျင့်စဉ်တွေ တွေ့ခဲ့တယ်တဲ့ ... သူ့သား ခုနှစ်သား အရွယ်မှာ ကျူးဖူက သေဆုံးသွားခဲ့တယ် ... ”

စုရွမ်က ထိုဇာတ်ကြောင်းကို ကြားသည့်အခါ နှလုံးခုန်ပင် မြန်ဆန် လာသည်။ ချီဟော်အာမှာ အကြောင်းအရင်း မရှိဘဲ ထိုအရာများကို ပြောပြနေမည် မဟုတ်ကြောင်း ယုံကြည်သည်။ ချီဟော်အာက ပြောလိုက်သည့်အတွက် ဆက်သွယ်ချက်တော့ ရှိရမည်

“ ထိန်းသိမ်းရေးမှူးချီ ... ကျူးဖူရဲ့ သားနာမည်က ဘာလဲ .. ”

ချီဟော်အာ၏ မှေးမှိန်နေသည့် မျက်လုံးများက လင်းလက် လာပြီးနောက် ပြန်မှိန်ကျ သွားကာ

“ သူ့သားနာမည်က ကျုးချူတဲ့ .. ကျူးချူ ယွန်ဒန်အဆင့်ကို ရောက်လာစဉ်က သူက အားနည်းနေတဲ့ တျန်းဂျီဂိုဏ်းကို သွားပြီးတော့ အားလုံးကို သတ်ပစ်ခဲ့တယ်တဲ့ .. ”

“ ထိန်းသိမ်းရေးမှူးချီ ... တျန်းဂျီဂိုဏ်းက ဘယ်လောက် အားကောင်းကောင်း ယွမ်ဒန်အဆင့် ကျင့်ကြံသူလေး လက်ချက်နဲ့တော့ မပျက်စီးသင့်ဘူးမလား ” ယန်ကျဲက နားမလည်စွာ ဝင်မေးလိုက်သည်။

ချီဟော်အာက ခေါင်းညိတ်ပြရင်း  “ ခင်ဗျား ပြောတာ မှန်တယ်။ ဒါပေမဲ့ အဲဒါက တခြားသူတွေ အပေါ်မှာပဲ သက်ရောက်တာ ... ကျူးချူနဲ့ဆို သဘောတရား မတူတော့ဘူး

ကျူးချူ ယွမ်ဒန်အဆင့် တက်လှမ်းသွားကတည်းက သူက စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူတွေ ကိုတောင် သတ်ထားပြီးပြီ။ သူ့ကျင့်ကြံဆင့် မြင့်လာလေလေ ပိုပြီး အားကောင်း လာလေလေပဲ။ သူက အရမ်း ...  အားကောင်းတယ် ... ”

ကျူးချူကို ဖော်ပြဖို့ရာ သင့်တော်သည့် စကားလုံး မတွေ့သဖြင့် ချီဟော်အာက အားကောင်းသည်ဟု တစ်လုံးတည်း သုံးနှုန်းလိုက်တော့သည်။

ခဏ ရပ်လိုက်ပြီးနောက် ချီဟော်အာက ဆက်ပြောလိုက်သည်

“ အဲဒီနှစ်တွေတုန်းက ကျူးချူက အရမ်းငယ်သေးတော့ကျ တျန်းဂျီဂိုဏ်းရဲ့ အစိတ်ပိုင်းလေး ရှင်သန်နေမှန်း မသိဘူး။ တျန်းဂျီဂိုဏ်းကို ဖျက်ဆီးပြီးတော့ သူက အင်မော်တယ် အဆင့် ရတနာကိုလည်း ယူသွားတယ်။ ပြီးတော့ သူ့အမေနဲ့ နေခဲ့တဲ့ သေမျိုး မြို့လေးဆီ ပြန်ရောက် လာတယ်။  ပြီးတော့ ကလေးတောင် မချန်ဘူး တစ်မြို့လုံးကို အစုံလိုက် အပြုံလိုက် သတ်ဖြတ် ပစ်တာ .... ”

“ ဘာလို့လဲ ” စုရွမ်က မှင်တက်စွာ မေးလိုက်သည်။

ချီဟော်အာက  ပြန်ဖြေလိုက်သည်  “ သူ့အမေက ဘေးပတ်ဝန်းကျင်က ထောက်ပံ့ ပေးမှုတွေ ရခဲ့ပေမဲ့ စော်ကားမော်ကားလဲ အများကြီး ကြုံတွေ့ခဲ့ရတယ်။ အားလုံးက သူ့အတွက် အရှက်ရစေတဲ့ အရာလို့ ဆက်ဆံခဲ့ပြီး  အဲဒီ သေမျိုးတွေက သူ့တည်ရှိမှုကို စွန်းထင်စေတယ်လို့ ခံစားမိပြီးတော့ သူ့ကို ကူညီဖူးတာပဲ ဖြစ်ဖြစ်၊ စော်ကားဖူးတာပဲ ဖြစ်ဖြစ် အားလုံးကို သတ်ပစ်ခဲ့တယ် ...... ”

“ရက်စက်လိုက်တာ  ” ဤနေရာရှိ ကျင့်ကြံသူများမှာလည်း သေမျိုးများကို များများစားစား မတွေးတောကြပေမဲ့ သူတို့ကို ကူညီဖူးသည့် သေမျိုးကိုတော့ သတ်နိုင်လိမ့်မည် မဟုတ်ပေ။

“ အဲဒီနောက်ကျ သူက ပျောက်ဆုံး နယ်မြေကနေ ထွက်လာပြီးတော့ ကျန်းမိုနယ်မြေကို ရောက်လာတယ်။ သူက လူသတ်ဂိုဏ်းမှာ ခြေကုပ် ရသွားပြီးတော့ တဖြည်းဖြည်းနဲ့ ဂိုဏ်းချုပ်အထိ ဖြစ်လာတာပဲ .. အားလုံးလဲ သိပြီးလောက်ပါပြီ

သူက ကျိုးပျက်ဂိုဏ်းချုပ် ကျူးချူပဲ .... ” ချီဟော်အာ၏ လေသံမှာ အနည်းငယ် တိုးသွားလေသည်။

***

All Chapters