နှစ်ဖက်လုံးမှ ဆုံးရှုံးမှု
Vol. 28 Ch. 378
မိုဝူကျီက တိုက်ပွဲ ဆင်နွှဲလာသည်မှာ ကြာမြင့်လှပြီ ဖြစ်သောကြောင့် တစ်ဖက်လူ တွေးနေသည့်အရာကို မည်သို့ မသိဘဲ နေမည်နည်း။ တစ်ဖက်လူမှာ သူ့ကို ထိန်းချုပ်နေလိုခြင်း ဖြစ်သည်။ သူ့ကမ္ဘာဦး စိတ်ဝိညာဉ် အဖမ်းဆီး ခံလိုက်ရသည့်အလား သူ့မျက်လုံးမှာ မှုန်ဝါးလာလေသည်။
ကျူးချူမှာ မိုဝူကျီ၏ ကမ္ဘာဦး စိတ်ဝိညာဉ်ကို မခံစားမိသောကြောင့် စိတ်ရှုပ်သွားသည်။ သို့သော်လည်း မိုဝူကျီမှာ သစ်သားအရုပ်အလား ပြောင်းလဲသွား၏။
ထို့ကြောင့် သူက များများစားစား မတွေးတော့ချေ။ မိုဝူကျီက စစ်မှန်ခြင်း နတ်ဘုရားအဆင့်မှ ပါးမွှားလေးသာ ဖြစ်ပြီး သူ့ဝိညာဉ်မှာ မိုဝူကျီထက် အားကောင်းသည်က သဘာဝကျလေသည်။ ထို့အပြင် သူက ဝိညာဉ်နည်းစနစ်ကို ကျင့်ကြံသောကြောင့် သူ့ဝိညာဉ်မှာ အားကောင်းလာပြီး ကမ္ဘာဦးစိတ်ဝိညာဉ်မှာလည်း တခြားသူများထက် ပိုအားကောင်းပေသည်။ မြေကမ္ဘာအင်မော်တယ် ပြီးပြည့်စုံခြင်းအဆင့်မှ ကျင့်ကြံသူပင် သူတို့အသိစိတ်ထဲ သူ ဝင်သွားသည်နှင့် ကူကယ်ရာမဲ့ ဖြစ်သွားပေလိမ့်မည်။
အမွှေးနံ့သာအိုးက မိုဝူကျီ ဦးခေါင်းကို ဦးတည်နေသည့်အလား ဇောက်ထိုး ပြောင်းသွားသည်။ မိုဝူကျီက ဘယ်နည်းလမ်းကို သုံး၍ သူ့ကျိုးပျက်ဂိုဏ်းကို ဖျက်ဆီးပစ်ခဲ့စေကာမူ ကျူးချူက စစ်မှန်ခြင်း နတ်ဘုရားအဆင့်မှ ဤပုရွက်ဆိတ်ကိုတော့ အထင်မသေးပေ။
ထို့ကြောင့် မိုဝူကျီ၏ အသိစိတ်ပင်လယ်ကို ဝင်မွှေပြီးသည့်နောက်တွင် ကျူးချူက ဤအတိုင်း အဆုံးမသတ်လိုက်နိုင်ချေ။
သူ့အတွက် မိုဝူကျီကိုသာ ချုပ်နှောင်ထားနိုင်သရွေ့ ကျန်လူများက သူ့အတွက် ပိုသေးသည့် ပုရွက်ဆိတ်လေးများသာ ဖြစ်ကြသည်။
ကြယ်တာရာဘုရင်တောင် ဖြစ်နေတော့ရော ဘာအရေးလဲ ... သူ့ကို ရန်လာစတဲ့ သူအားလုံး ကြယ်တာရာဘုရင်တောင် အပါအဝင် အားလုံးကို ဖယ်ရှားပစ်သင့်တယ်။
ရည်ရွယ်ထားသည့်အလား နောက်ဦးတည်ရာတစ်ခုမှ မိုဝူကျီ၏ တျန်းဂျီတုတ်သည် သူ့ဆီ ရောက်လာသည့် အမွှေးနံ့သာအိုးနှင့် တိုက်တိုက်ဆိုင်ဆိုင် တွေ့သွားသည်။
“ဘုန်း”
သဘာဝစွမ်းအားများက တျန်းဂျီတုတ်နှင့် အပြင်းအထန် ထိတွေ့သွားသည်။ ထိုစွမ်းအားများနောက်တွင် အားလုံးကို ဖိနှိပ်ထားသည့် အရှိန်အဝါတစ်ခု ဖြစ်ပေါ်လာသောကြောင့် မိုဝူကျီ ခြေထောက်မှ အရိုးကျိုးသံများကိုပင် ကြားလိုက်ရသည်။
တခြားလူများက မိုဝူကျီ အသက် ချုပ်နှောင်ထားခံရသည်ကို တွေ့သောအခါ တခြားအရာများကို ဂရုမစိုက်နိုင်ကြတော့ဘဲ ကျူးချူဆီ ဒေါသတကြီး တိုက်ခိုက်ကုန်ကြသည်။
အားလုံးက ကျူးချူ၏ အင်အားမှာ သူတို့ မျှော်မှန်းထားသည်ထက် ကြီးမားကြောင်း မျက်မြင်ကိုယ်တွေ့ ကြုံပြီးလေပြီ။ မိုဝူကျီက ကြယ်တာရာ ဘုရင်တောင်၏ အနာဂတ် ဖြစ်သောကြောင့် မိုဝူကျီသာ ဤနေရာ၌ အသတ်ခံလိုက်ရလျှင် ကြယ်တာရာ ဘုရင်တောင်နှင့်အတူ သူတို့လည်း သေချာပေါက် ပျောက်ကွယ် သွားလိမ့်မည်။ မည်သို့ပင် ဖြစ်စေကာမူ သူတို့က မိုဝူကျီကို ဤနေရာ၌ သေခွင့် မပြုနိုင်ချေ။
မိုဝူကျီ၏ နံရိုးများမှာလည်း ကျိုးသွားပြီး ကျူးချူက မိုဝူကျီ၏ ဖြူဖျော့နေသည့် မျက်နှာကို မြင်လိုက်သည့်အခါ မိုဝူကျီက သေလူ ဖြစ်နေမှန်း သိလိုက်သည်။ သူက မိုဝူကျီကို အလွယ်တကူ သေခွင့်မပြုနိုင်ချေ။ သူက ကျန်ရှိနေသည့် လူအားလုံးကို သတ်ပြီးမှ မိုဝူကျီ၏ ကမ္ဘာဦးစိတ်ဝိညာဉ်ကို ဆွဲနုတ်ပြီး တဖြည်းဖြည်း ညှဉ်းပန်း သတ်ရမည်။
အားလုံးက သူ့ကို အဆက်မပြတ် တိုက်ခိုက်နေသောကြောင့် ကျူးချူက ဒေါသထွက်လာကာ ကြေးချိပ်တံဆိပ်ကို ထုတ်ယူလိုက်သည်။
ကျူးချူ၏ အာရုံက မိုဝူကျီဆီမှ ခဏကွာဝေးသွားစဉ် မိုဝူကျီ၏ မျက်လုံးမှာ ချက်ချင်း ကြည်လင်လာသည်။ သူ့အာရုံပြန်ရရန် အချိန်ခဏသာ လိုအပ်တော့သည်။
ကြောက်မက်ဖွယ် သဘာဝစွမ်းအားများက ကျူးချူ၏ အမွှေးနံ့သာအိုးဆီမှ ထွက်လာကာ မိုဝူကျီ ခြေထောက်ကို ကျိုးသွားစေနိုင်သည်။ ကျူးချူ၏ အာရုံစိုက်မှု မရှိတော့သည့်အတွက် သဘာဝစွမ်းအားများမှာ မိုဝူကျီဆီ မရှိတော့ဘဲ မြေပြင်သို့သာ ရောက်သွားသည်။ မိုဝူကျီက သဘာဝစွမ်းအားများကို မဖယ်ရှားပစ်ဘဲ တည်နေရာသာ ပြောင်းလဲလိုက်သည်။
မိုဝူကျီက ကျူးချူ၏ ပြင်းထန်သော အင်အားကို ထိန်းချုပ်ဖို့ရာ မစွမ်းဆောင်နိုင်သော်လည်း ထိုအင်အားကိုတော့ လျှို့ဝှက်ပညာရပ်သုံးပြီး တည်နေရာ ပြောင်းလဲ နိုင်သေးသည်။
မြေကြီးက စတင်၍ တုန်ခါလာပြီး စန်းချိုက်ဟယ်နှင့် ကျန်လူများက ဘာဖြစ်သွားမှန်း မသိခင် အစီအရင်အလံ တစ်ခုက လေထဲ၌ ရုတ်တရက် ပေါ်လာသည်။
မိုဝူကျီ၏ အစီအရင်အလံ ညွှန်ပြမှု မပါဘဲ မိုဝူကျီနှင့် လိုက်ပါလာသူများသည် ကိုယ်စီ တိုက်ခိုက်ကုန်ကြသည်။ အစီအရင်အလံ ပေါ်လာသည့်အခါ အားလုံးက မိုဝူကျီ ပစ်လွှတ်လိုက်မှန်းနှင့် မိုဝူကျီ၏ ကမ္ဘာဦးစိတ်ဝိညာဉ်မှာ ချူပ်နှောင် မခံရသေးကြောင်း သိလိုက်သည်။
ကျူးချူလည်း မိုဝူကျီက သူ့ကိုယ်သူ ကမ္ဘာဦးစိတ်ဝိညာဉ် တိုက်ခိုက်မှုမှ လွတ်မြောက် နိုင်လိမ့်မည်ဟု ထင်မထားပေ။ ကြည့်ရသည်မှာ သူက မိုဝူကျီကို အထင်သေးမိဟန် ရှိသည်။ မိုဝူကျီက သူ့ကို တိုက်ခိုက်နိုင်သည်ဆိုလည်း ကိစ္စမရှိချေ။ ကျူးချူက နောက်တစ်ဖန် ချုပ်နှောင်လိုက်ရုံ ဖြစ်သည်။
လက်ရှိတွင် ကျန်ရှိနေသည့် ခုနစ်ယောက်မှာ သူတို့က အစီအရင်အလံအတိုင်း ပူးပေါင်း တိုက်ခိုက်နေကြသည်။ အင်မတန် နာကျင်မှုနှင့် ဖိနှိပ်ခြင်းကို ခံစားမိလိုက်သည့်အခါမှ ကျူးချူက ထိုအရာမှာ သူ့သဘာဝစွမ်းအား အားနည်းချက် နေရာ ဖြစ်ကြောင်း သတိပြုမိလိုက်သည်။
ဘာမှ မဖြစ်သေးခင် ဒီနေရာက မြန်မြန် ထွက်သွားရမယ် ...
ကျူးချူက ထိုအတွေးတွေးနေစဉ် “ဘုန်း ဘုန်း ဘုန်း” ဟူသော မြေအောက်မှ အသံထွက်ပေါ်လာသည်။ သဘာဝစွမ်းအားများက မြေအောက်မှ ထွက်ပေါ်လာသည်မှာ မြေနဂါးတစ်ကောင်အလား ဖြစ်၏။ တစ်ဖက်တွင်လည်း အစီအရင်အလံ နောက်တစ်ခုမှာ လေထဲ၌ ထပ်ပေါ်လာပြန်သည်။
ဤနေရာရှိ လူအားလုံးမှာ လောက အင်မော်တယ်အဆင့်များ ဖြစ်ကာ သူတို့ ပူးပေါင်းတိုက်ခိုက်မှုက ကျူးချူအတွက် ပြိုင်ဘက် မဟုတ်သော်ငြား သူတို့ တိုက်ခိုက်စွမ်းရည်မှာ ကျူးချူထက် အားမနည်းချေ။
ထိုအစီအရင်အလံ ပေါ်လာပြီးသည့်နောက်တွင် ခုနစ်ယောက်သားက နေရာတွေ ပြောင်းကာ အသစ်ပေါ်လာသည့် အစီအရင်အလံပေါ် အာရုံစိုက်ထားပြီး အင်အားစုကာ တိုက်ခိုက်နေကြသည်။
မြေအောက်မှ ထွက်ပေါ်လာသည့် သဘာဝစွမ်းအား မြေနဂါး ကြီးက ထိုအစီအရင်အလံဆီ ရောက်ရှိလာသည်။
ကျူးချူက ထိုနေရာမှာ သူဆင်းသက်လာမည့် နေရာအတိအကျ ဖြစ်နေသောကြောင့် တုန်လှုပ်မိသွားသည်။ အစီအရင်အလံ တွက်ချက်မှုက အလွန်တိကျကာ သူ့နောက်အကွက်ကိုပါ ကြိုတင်မှန်းဆ နိုင်လေ၏။
အဲဒါဆိုရင်လည်း ဘာဖြစ်လဲ ...
ကြေးချိပ်တံဆိပ်က ဧရာမကြေးနံရံကြီးအဖြစ် ပြောင်းသွားကာ ကျူးချူက လောကအင်မော်တယ် ခုနစ်ယောက်၏ တိုက်ခိုက်မှုကို ကာကွယ်လိုက်သည်။ ခုနစ်ယောက်လုံး ပူးပေါင်း တိုက်ခိုက်လျှင်ပင် သူ့အတွက် များများစားစားတော့ မဟုတ်သေးပေ။
“ဘုန်း”
နေရာကို ဖောက်ထွင်း၍ ဖြစ်ပေါ်လာသော သဘာဝ စွမ်းအားများနှင့်အတူ နှစ်ဖက်လုံးမှ စွမ်းအားများက ထိပ်တိုက် တွေ့ဆုံသွားသောကြောင့် ကျူးချူ အမူအရာမှာ ချက်ချင်း ပြောင်းသွားသည်။
ဤပူးပေါင်း တိုက်ခိုက်မှုမှာ အမှန်တကယ်တော့ သူ့စွမ်းအားထက် များစွာ အားကောင်းနေသည်။ သူ့ကို အံ့အားသင့်သွားစေသည်က ထိုတိုက်ခိုက်မှုတွင် သူ့ကိုယ်ပိုင် သဘာဝစွမ်းအားကိုပါ ခံစားမိလိုက်ခြင်း ဖြစ်သည်။
“ဖူး”
ကျူးချူက သွေးအန်လိုက်ပြီး ပြင်းထန်သော စွမ်းအားများ လာရိုက်ခတ်သောကြောင့် သူ့နံရိုးတချို့ ကျိုးသွားလေ၏။
ကျူးချူက ဒေါသထွက်လာပြီး လက်ကို မြှောက်ကာ အနီးဆုံးလူ၏ နဖူးဆီ အလင်းတန်းတစ်ချက် ပစ်လွှတ်လိုက်တော့သည်။ ထိုလူမှာ ဝမ်ဟွားရှန် ဖြစ်နေပြီး နေရာတွင် ချက်ချင်း သေဆုံးသွားသည်။
ဝမ်ဟွားရှန် အသတ်ခံလိုက်ရသည်နှင့် မမြင်နိုင်သည့် သံမဏိတုတ်ချက်က ကျူးချူ၏ သဘာဝစွမ်းအား နံရံပေါ် ကျရောက်လာပြီး ကျူးချူ ခေါင်းနောက်ကို ရိုက်မိသွားသည်။ ကျူးချူက သွေးထပ် အန်လိုက်ရပြီး လက်တစ်ချက် အဝှေ့ဖြင့် အမွှေးနံ့သာအိုးမှာ သူနှင့်အတူ အစအနမရှိ ပျောက်ကွယ် သွားတော့သည်။
ဖြူဖျော့နေသည့် မိုဝူကျီက မြေပြင်ပေါ် ထိုင်ချလိုက်ပြီး ဆေးလုံးအချို့ ချက်ချင်း သောက်သုံးလိုက်ရသည်။
“ကြယ်တာရာသခင် ...” ချီဟော်အာက မိုဝူကျီဆီ အရင်ဆုံး ပြေးလာသူ ဖြစ်၏။
မိုဝူကျီက သူ့ဆီ ရောက်လာသော စွမ်းအားပြင်းများကြောင့် ခြေထောက်သာ ကျိုးသွားလေသည်။ သို့သော် ဆေးလုံးအချို့ သောက်သုံးပြီးနောက်တွင် မိုဝူကျီက မတ်တတ် ရပ်နိုင်ရုံမျှသာ ဖြစ်၏။
“ကြယ်တာရာသခင် ဝမ်ဟွားရှန်ရဲ့ ကမ္ဘာဦးစိတ်ဝိညာဉ်က ပျောက်ကွယ်ပြီးတော့ ကျူးချူလက်ထဲ ကျရောက်သွားပြီ။ ကျူးချူလည်း ဒဏ်ရာအပြင်းအထန် ရထားတာဆိုတော့ အကြီးအကဲဝမ်အတွက် လက်စားချေပေးဖို့ သူ့နောက် လိုက်အဆုံးသတ် ကြမလား” အနည်းငယ် ဖြူဖျော့နေသည့် မျက်နှာနှင့်အတူ သွေးစွန်းနေသည့် ဝတ်ရုံနှင့် စန်းချိုက်ဟယ်က ရောက်ရှိလာသည်။
မိုဝူကျီက လက်ခါပြကာ ဝိညာဉ်စွမ်းအား တစ်ကြိမ် လှည့်ပတ်ပြီးနောက်
“ဒီတစ်ကြိမ်က ကျုပ်အမှားပါ။ ကျုပ် ကျူးချူ အင်အားကို လျှော့တွက်မိခဲ့တယ်။ အဲဒါကြောင့်ပဲ အကြီးအကဲဝမ် သေခြင်းတရားကို ဖြစ်သွားစေခဲ့တာပဲ ... သူ ဒဏ်ရာ အပြင်းအထန် ရနေရင်တောင် သူ့နောက်ကို လိုက်ပြီးတော့ များများ လုပ်နိုင်မှာ မဟုတ်ဘူး။
ဒီလူက သူ့အသက်သူ အရမ်း တန်ဖိုးထားလွန်းတော့ သတိကြီးတယ်။ သူက သာမန်လူ တစ်ယောက်လိုမျိုး ဆိုရင်တော့ ကျုပ်တို့နဲ့ ဒီနေ့အားကုန် ဆက်တိုက်မယ်ဆိုရင် ကျုပ်တို့တွေ တစ်ယောက်မျှ အသက်ရှင်နိုင်မှာ မဟုတ်ဘူး။ ကျူးချူက အချိန်တစ်ခုအထိ ထွက်လာရဲဦးမှာ မဟုတ်ဘူး။ အခု ကြယ်တာရာ ဘုရင်တောင်ကို အရင်ပြန်ကြတာပေါ့ ...”
“ဟုတ်ကဲ့ပါ” တစ်ယောက်က ဝမ်ဟွားရှန် အလောင်းကို သယ်ထားပြီး ကျန်လူများက သင်္ဘောပျံပေါ် တက်လိုက်ကြကာ ကြယ်တာရာ ဘုရင်တောင်ဆီ ပျံသန်းသွားတော့သည်။
မိုဝူကျီက ရှင်းစကားလုံးအဆင့်၏ ဒုတိယအဆင့်ဖြစ်သည့် မြေကမ္ဘာကြယ်တာရာ လှည့်ပတ်ခြင်းနှင့်အတူ ပထမအဆင့်ဖြစ်သည့် နဂါးကြယ်တာရာ လှည့်ပတ်ခြင်းကို တွဲမသုံးခဲ့ပါက ကျူးချူ၏ ကိုယ်ပိုင် သဘာဝစွမ်းအားများကို သူ့အရသာသူ ပြန်ခံစားစေခိုင်းပြီး သူ့တျန်းဂျီတုတ်နှင့် အလစ်တိုက်နိုင်လိမ့်မည် မဟုတ်ဘဲ အနိုင်ရသူကို ပြောရန် ခက်ခဲသွားမည် ဖြစ်သောကြောင့် စိတ်ဓာတ်ကျမိနေသည်။ သို့သော်လည်း ကျူးချူ ထွက်သွားသော်လည်း ကြယ်တာရာဘုရင်တောင်က အနိုင်ရသည်ဟုတော့ သတ်မှတ်၍ မရပေ။
သူ့အတွက် လက်ရှိစွမ်းအားဖြင့် ကျူးချူကို ရင်ဆိုင်ရန် မဖြစ်နိုင်သည့်အတွက် တံခါးပိတ် ကျင့်ကြံရမည်။ ဤတစ်ကြိမ်တွင် သူက ကျိုးပျက်ဂိုဏ်း ကျင့်စဉ် အသိကို အသုံးချ၍ ကျူးချူကို တိုက်ခိုက်ရမည်။ မိုဝူကျီက ကျူးချူလိုမျိုး ပါရမီရှင်အတွက် အလစ်တိုက်ခိုက်ခြင်းမှာ ဒုတိယအကြိမ် အလုပ်မဖြစ်ကြောင်း သိ၏။
ကျန်းမိုနယ်မြေသားတိုင်းက ကျိုးပျက်းဂိုဏ်းကို ကြောက်ရွံ့ကြသောကြောင့် ကြယ်တာရာ ဘုရင်တောင်မှ ရှေ့ထွက်ကာ ကျိုးပျက်ဂိုဏ်းသားတိုင်းကို အလိုရှိဝရမ်း ထုတ်လိုက်သည်။
သို့သော်လည်း ကြယ်တာရာ ဘုရင်တောင်က ထိုအလိုရှိ ဝရမ်း ကြေညာလိုက်သည့် အချိန်တွင် ကျိုးပျက်ဂိုဏ်းမှာ သူတို့ပြောထားသည့် စကားကို မလုပ်နိုင်သေးချေ။ ကိုးမိုမြို့နှင့် စူးရှလေမြို့တို့မှာ ကြယ်တာရာဘုရင်တောင် ထိန်းချုပ်မှု လက်အောက်တွင်သာ ရှိနေသေးပြီး ကျိုးပျက်ဂိုဏ်း၏ ကြယ်တာရာသခင်ကို အလိုရှိစာရင်းမှာ ရေရေရာရာ မရှိဘဲ အဆုံးသတ် သွားလေသည်။
ကျန်းမိုနယ်မြေ၏ ကျင့်ကြံသူများက စိတ်အေးလက်အေး သက်ပြင်း ချလိုက်ကြသည်။ အစပိုင်းတွင် သူတို့မှာ ကျိုးပျက်ဂိုဏ်းက ကျန်းရှင်းတစ်ခုလုံးကို ထိန်းချုပ် သွားလိမ့်မည်ဟု ယုံကြည်နေကြသည်။
ကြည့်ရသည်မှာ သူတို့ အတွေးလွန်နေခြင်းသာ ဖြစ်ရမည်။ ကျန်းရှင်းက ကြယ်တာရာ ဘုရင်တောင် လက်အောက်တွင် ရှိနေသေးပြီး ကျိုးပျက်ဂိုဏ်းမှာ သတ်ဖြတ်ရေးဂိုဏ်းလေးသာသာ ဖြစ်၏။
မိုဝူကျီသာ ရှေ့ထွက်ပြီး မလုပ်ဆောင်ခဲ့ပါက သူတို့တွေးထားသည့် ထိုကိစ္စရပ်များမှာ လက်တွေ့ဖြစ်လာမည်မှန်း မည်သူမျှ သတိမထားမိကြပေ။
ကျူးချူကို တားဆီးဖို့ရန် သွားကြသည့် ရှစ်ယောက်လုံးမှာ ဒဏ်ရာကိုယ်စီဖြင့် ပြန်ရောက်လာကြသည်။
ကြယ်တာရာ ဘုရင်တောင်က ကျိုးပျက်ဂိုဏ်းသားတိုင်းကို သတ်ဖြတ်ရန် အလိုရှိစာရင်း ကြေညာပြီးသော်လည်း ကြယ်တာရာ ဘုရင်တောင်မှ ပါရမီရှင်အားလုံးက ကျူးချူသာ ပြန်ကောင်းလာပြီး နောက်တစ်ဆင့် တက်လှမ်းသွားပါက ကျန်းရှင်းအတွက် ပြီးဆုံးသွားမည် ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိကြသည်။
မိုဝူကျီတို့ ကြယ်တာရာဘုရင်တောင် ပြန်ရောက်လာသည်နှင့် သူက တံခါးပိတ် ကျင့်ကြံဖို့သာ ရွေးချယ်လိုက်သည်။
ထိုစဉ် မိုဝူကျီက ကြယ်တာရာဘုရင်တောင် သို့မဟုတ် နက်ရှိုင်းလှသည့် အမွေအနှစ်များအကြောင်း နားလည်သွား၏။ သူသာ အလိုရှိသရွေ့ ရှားပါးသော အဆင့် ၈၊ အဆင့် ၉ ဆေးပင်များမှ လွဲ၍ ကြယ်တာရာဘု ရင်တောင်က သူ့အတွက် အရာအားလုံး လုပ်ပေးမည် ဖြစ်သည်။ ထို့အပြင် ကြယ်တာရာသခင် တစ်ယောက်အနေနှင့် သူက ကြယ်တာရာ ဘုရင်တောင်၌ ဝိညာဉ်စွမ်းအား အသိပ်သည်းဆုံးဖြစ်သော ကြယ်တာရာ သခင်တောင်၌ လေ့ကျင့်နိုင်သေးသည်။
ဤနေရာတွင် ကျင့်ကြံပြီးမှ ကြယ်တာရာ ဘုရင်တောင်မှ မည်မျှ တစ်မူထူးကြောင်း သတိပြုမိသွားတော့သည်။
ဝိညာဉ်ကြောများ စုစည်းလာမှုမှ ဖြစ်ပေါ်လာသော တောင် ဖြစ်လေ၏။ အတိအကျဆိုရလျှင် ဝိညာဉ်ကြောများသာ မဟုတ်ဘဲ သိပ်သည်းသော ဝိညာဉ်စွမ်းအားများ ရှိနေသောကြောင့် ဤနေရာတွင် အဆုံးမဲ့သော တာအိုဝိညာဉ်စွမ်းအားများလည်း ရှိနေသည်။
ဤနေရာတွင် ကျင့်ကြံနိုင်ခြင်းက သူ့ ချီသွေးကြော ၁၀၆ ခုလုံးက အဆက်မပြတ် ဝိညာဉ်စွမ်းအားများ စုပ်ယူလျှင်ပင် ဝိညာဉ်စွမ်းအား ပြတ်လပ်မှုကို ခံစားမိမည် မဟုတ်ချေ။
ကြယ်တာရာ ဘုရင်တောင်သည် ကျန်းရှင်းတွင် နံပါတ်တစ်ဂိုဏ်း ဖြစ်ပြီး ပါရမီရှင်များစွာ မွေးထုတ်ပေးထားသည့်အတွက် ယုတ္တိမရှိခြင်းတော့ မဟုတ်ပေ။
***