← Chapters

မတူညီသည့်ကျမ်းစာများ

Vol. 55 Ch. 768

မတူညီသည့်ကျမ်းစာများ

Vol. 55 Ch. 768

အခန်း (၇၆၈) မတူညီသည့်ကျမ်းစာများ

ပြောပြီးသည်နှင့် ရန်တိက ကျောက်စိမ်းအင်းချပ်လေးတစ်ခု ရန်ကျောက်ကဲထံ ကမ်းပေးလိုက်သည်။ ကျောက်စိမ်းအင်းချပ်လေးကို လက်ခံပြီးသည်နှင့် ရန်ကျောက်ကဲက စကားမဆိုဘဲ တိတ်တဆိတ်အကဲဖြတ်လိုက်၏။

“ဒါက ရှေးဟောင်းပစ္စည်းတစ်ခုပဲ... ကြည့်ရတာ...”

ရန်ကျောက်ကဲ ထူးဆန်းစွာခံစားနေရသည်ကိုနားလည်သော ရန်တိက ဆက်ရှင်းပြသည်။

“ဟုတ်တယ် ၊ ဒါက ဆရာဘိုးဘိုး ယွမ်ဖူကမ္ဘာကရလာတဲ့ မူရင်းအင်းချပ်ပဲ”

ဤ ကျောက်စိမ်းအင်းချပ်လေးအား ယွမ်ကျန်းဖုန်းက ယွမ်ဖူကမ္ဘာမှ ကံကောင်းစွာရရှိခဲ့ခြင်းဖြစ်ပြီး ‘ဘဝဖန်ဆင်းခြင်းကောင်းကင်ကျမ်းစာ’ ကို မှတ်တမ်းတင်ထားသည်။ ထိုပစ္စည်းလေးကို အမည်မသိပုဂ္ဂိုလ်တစ်ယောက်က ချန်ထားခဲ့ခြင်း ဖြစ်၏။

ပစ္စည်းက မူရင်းအတိုင်းဖြစ်ပြီး ‘ဘဝဖန်ဆင်းခြင်းကောင်းကင်ကျမ်းစာ’ ထဲတွင် ယွမ်ကျန်းဖုန်း၏ နားလည်မှုသဘောတရားများကို ထည့်သွင်းထားခြင်း မရှိပေ။ ယွမ်ကျန်းဖုန်းက သူရရှိခဲ့သည့်မူရင်းအတိုင်း ပုံစံမပျက် သိမ်းဆည်းထားခြင်းပင်။

ပညာရပ်တစ်ခုကို လေ့လာမည်ဆိုလျှင် မတူညီသည့်ကျင့်ကြံသူများ၏ အယူအဆများပါဝင်နေမည်ဆိုပါက ကျင့်ကြံသူတစ်ယောက်၏စွမ်းအားသည်လည်း ပြောင်းလဲသွားမည်ဖြစ်သည်။ သိုင်းပညာ အယူအဆသည်လည်း ကွဲပြားသွားပြီး သဲလွန်စတဖြည်းဖြည်း တိမ်မြုပ်ကာ နောက်ဆုံး မူရင်းပညာရပ် ‌ပျောက်ကွယ်သွားနိုင်သည်။

သေချာသည့်ရှုထောင့်မှကြည့်လျှင် ဤကျောက်စိမ်းအင်းချပ်ထက်တွင် မှတ်တမ်းတင်ထားသည့် ကျမ်းစာက မတူညီသည့်လူများကို မတူညီသည့်တရားအလင်းများ ရရှိစေနိုင်ပြီး အသိပညာက အကန့်အသတ်မရှိပေ။

ယွမ်ကျန်းဖုန်းက ဤကျမ်းစာကို ဝါဒတောင်အတွက် အမွေအနှစ်ချန်ထားနိုင်ရန် သူကိုယ်တိုင် ကျောက်စိမ်းအင်းချပ်အသစ် ပြုလုပ်မည် ဖြစ်သည်။ ထိုကျမ်းစာတွင်တော့ ယွမ်ကျန်းဖုန်း၏ နားလည်မှုဖွင့်ဆိုချက်များကို မလွဲမသွေ ထည့်သွင်းပေါင်းစပ်သွားမည် ဖြစ်၏။

ယွမ်ကျန်းဖုန်းက ဤကျောက်စိမ်းအင်းချပ်လေးကို အထက်ဘုံကမ္ဘာသို့ လက်ဆင့်ကမ်းလိုက်ပြီး ရန်ကျောက်ကဲထံ လွှဲပြောင်းပေးစေခဲ့သည်။

ဤသည်က သူ၏ မြေးတပည့်အပေါ်တွင်ထားရှိသည့် ချစ်ခြင်းမေတ္တာနှင့် မျှော်လင့်ချက်ပင် ဖြစ်သည်။

ရန်ကျောက်ကဲစိတ်ထဲ နွေးထွေးသွားပြီး ရန်တိကို လှမ်းကြည့်လိုက်သည်။

“ဒါဖြင့် အဖေကရော...”

ရန်တိက...

“မင်းလိုပဲ... အဖေလည်း ဒီမူလအင်းချပ်ကို အသုံးပြုခဲ့တယ် ၊ ပြီးတော့ ဒုတိယဂိုဏ်းတူညီလေးလည်း အသုံးပြုခဲ့တယ် ၊ ဒါကြောင့် ဒီ အင်းချပ်ကိုအသုံးပြုဖို့ အကြိမ်ရေနည်းနည်းပဲ ကျန်တော့တယ် ၊ ဆရာက မင်းအတွက် တကူးတက ချန်ထားပေးတာ ၊ ဆရာဒေါ်လေးဟယ်နဲ့ ဆရာဦးလေးကျန်းတို့တောင် ဆရာကိုယ်တိုင်လုပ်ထားတဲ့ ကျောက်စိမ်းအင်းချပ်ကိုပဲ အသုံးပြုကြရမှာ”

ရန်ကျောက်ကဲက ပြုံးရင်း...

“ဒုတိယဆရာဦးလေး အခု နေကောင်းကျန်းမာသွားပြီထင်တယ်”

ရန်တိကလည်း ပြုံးလိုက်ရင်း...

“အမှန်ပဲ ၊ သူ့အတွက် ဘာအန္တရယ်မှ မရှိတော့ဘူး”

ယွမ်ကျန်းဖုန်းရရှိခဲ့သည်က ‘ဘဝဖန်ဆင်းခြင်းကောင်းကင်ကျမ်းစာ’ ဖြစ်လေရာ ဖန်ကျွင်းအနေဖြင့်လည်း မည်သည့်အန္တရယ်မှ မရှိနိုင်တော့ကြောင့် ရန်ကျောက်ကဲ သိရှိပြီး ဖြစ်၏။

အစွန်းရောက်ရှစ်ပါးကမ္ဘာမှ သူထွက်ခွာလာစဉ်က ဖန်ကျွင်းသတိပြန်ရခြင်း မရှိသေးသော်လည်း အသက်အန္တရယ်တော့ မရှိတော့ပေ။ သို့သော် သူ့ဒဏ်ရာက အလွန်ပြင်းထန်ပြီး ယွမ်ကျန်းဖုန်း အရင်ရရှိထားသည့် ဒဏ်ရာထက်ပင် ပိုမိုဆိုးရွားသေးသည်။

ကောင်းကင်ပြောင်းပြန်ဆေးလုံးဖြင့်ပင် ပျောက်ကင်းသက်သာနိုင်ပါမည်လား ခန့်မှန်းရခက်လှ၏။

ကျန်းမာရေးပြန်ကောင်းလာသည့်တိုင် ကျင့်ကြံခြင်းအဆင့် လျော့ကျမသွားဘူးဆိုလျှင် အတော်လေး ကံကောင်းသည်ဟု ဆိုရမည်။ သို့သော် ယခင်က ယွမ်ကျန်းဖုန်း ဒဏ်ရာအပြင်းအထန်ရရှိပြီး ကျင့်ကြံခြင်းအဆင့်မတက်နိုင်သကဲ့သို့ ဖန်ကျွင်းသည်လည်း ခံစားရမည် ဖြစ်သည်။

ထိုစဉ်အချိန်က ရန်ကျောက်ကဲ မျောလွင့်ဝိညာဉ်ကမ္ဘာသို့တစ်ခေါက်ပြန်ပြီး စူးယွင်ထံမှ မိခင်ဖြစ်သူ သင်ပြပေးခဲ့သော ‘ဘဝဖန်ဆင်းခြင်းကောင်းကင်ကျမ်းစာ’ ကို တောင်းယူရမည်လားဟု တွေးခဲ့ဖူးသည်။ သို့သော် စူးယွင်ထံတွင်ရှိနေသော ကျမ်းစာက ရွှယ်ချူးချင်က အလျဉ်းသင့်သလို သင်ပြပေးလိုက်သည့် မပြည့်စုံသည့်ကျမ်းစာတစ်ခုသာ ဖြစ်သည်။

ရှောင်အိုက် အခြေအနေကလည်း အတူတူပင်။

ထိုကျမ်းစာက ရှောင်အိုက်နှင့် စူးယွင်အတွက် များစွာအကျိုးရှိသော်လည်း သူတို့နှစ်ယောက်လုံးက ဖန်ကျွင်းနှင့် သက်ဆိုင်သူများ မဟုတ်ကြပေ။ ထို့ကြောင့် နောက်ဆုံးတော့ ရန်ကျောက်ကဲ ထိုအကြံအစည်ကို စွန့်လွှတ်လိုက်၏။

ယခုတော့ ယွမ်ကျန်းဖုန်းက ‘ဘဝဖန်ဆင်းခြင်းကောင်းကင်ကျမ်းစာ’ အပြည့်အစုံကို ရရှိလိုက်သည်ဖြစ်ရာ ပြဿနာအားလုံး သဘာဝအတိုင်း ဖြေရှင်းလိုက်နိုင်ပြီး ရန်ကျောက်ကဲ၏ စိုးရိမ်ပူပန်မှုများသည်လည်း လျော့နည်းသွားရပေပြီ။

ရန်ကျောက်ကဲက ကျောက်စိမ်းအင်းချပ်အတွင်းသို့ သူ၏ကြယ်တာရာချီစွမ်းအားအနှစ်သာရ စီးဝင်စေလိုက်ရာ ချက်ချင်းပင် ကျောက်စိမ်းအင်းချပ်မှ အလင်းရောင်များ တောက်ပလာသည်။

ထို့နောက် ရန်ကျောက်ကဲ၏ စိတ်အာရုံထဲတွင် လျှို့ဝှက်ဆန်းကျယ်သော ဝိညာဉ်သင်္ကေတစာလုံးများ ထွက်ပေါ်လာပြီး သဘာဝတရား၏ နက်နဲစစ်မှန်သော အဓိပ္ပါယ်နှင့် အဆုံးမဲ့ဘဝများအကြောင်း ရှင်းပြထားသည်ကို တွေ့ရသည်။

“ဟင်...”

ရန်ကျောက်ကဲ မျက်နှာအမူအရာပြောင်းလဲခြင်းမရှိသော်လည်း စိတ်ထဲကြိတ်ပြီး သက်ပြင်းချလိုက်၏။

“ဒီ ဘဝဖန်ဆင်းခြင်းကောင်းကင်ကျမ်းစာက ယွမ်စီထျန်းကျွင်းရဲ့ ရှေးအကျဆုံး အမွေအနှစ်လိုပဲ ခံစားရတယ်”

ယွမ်စီထျန်းကျွင်း၏ မူလအမွေအနှစ်ဆိုသည်မှာ ယွိချင်အဆက်အနွယ်ကိုတည်ထောင်သူ ယွမ်စီထျန်းကျွင်းကိုယ်တိုင် သူနေထိုင်ရာပလ္လင်ထက်တွင် တာအိုအခြေခံ တည်ဆောက်ခဲ့ခြင်းကို ဆိုလိုသည်။

မူရမ်းကျမ်းစာအားလုံးသည် တူညီသောရင်းမြစ်မှဆင်းသက်လာပြီး ထိုကျမ်းစာများတွင် နောင်လာနောက်သားများ၏ အနက်ပြန်ဆိုခြင်းများ ပေါင်းစပ်ထားခြင်းမရှိသဖြင့် ယွမ်စီထျန်းကျွင်း၏ မူလအာဘော်နှင့် အနီးစပ်ဆုံး ဖြစ်၏။

နားလည်သဘောပေါက်ခြင်းကတော့ လူတစ်ယောက်ချင်းစီ၏ အရည်အချင်းအပေါ်မူတည်ပြီး ကွဲပြားသွားမည် ဖြစ်သည်။

သို့သော် ဤ မူလကောင်းကင်ကျမ်းစာကတော့ ရင်းမြစ်ကိုတိုက်ရိုက်ညွှန်ပြသော အသန့်ရှင်းဆုံးပညာရပ်များဖြစ်သည်မှာ သေချာသည်။ ရန်ကျောက်ကဲ သိရှိထားသည့် မူလကောင်းကင်ကျမ်းစာများသည်လည်း ဤသို့ပင် ဖြစ်၏။

ရွှယ်ချူးချင် ကျင့်ကြံခဲ့သော ‘ဘဝဖန်ဆင်းခြင်းကောင်းကင်ကျမ်းစာ’ နှင့် ခန်းဖင်းတို့အုပ်စု ကျင့်ကြံခဲ့သော ‘ထာဝရအလင်းကောင်းကင်ကျမ်းစာတို့က ခေတ်အဆက်ဆက် အဆက်မပြတ် ခွဲခြမ်းစိတ်ဖြာမှုများကို ကြုံတွေ့ခဲ့ရပြီး ဖြစ်သည်။

မူလကောင်းကင်ကျမ်းစာ (၁၀)စောင်၏ ပထမဆုံးကျမ်းစာကို ကျင့်ကြံခဲ့သော ရန်ကျောက်ကဲအနေဖြင့် ဤကိစ္စများနှင့်ပတ်သက်ပြီး သူ၏ပိုင်းခြားသိမြင်မှုများ မှားယွင်းခြင်းမရှိကြောင်း အာမခံနိုင်သည်။

သူ့အမြင်အရဆိုလျှင်တော့ ဆင့်ပွားကျမ်းစာများထက် မူရင်းဂန္ထဝင်ကျမ်းစာများကို ပိုပြီး သဘောကျ၏။

သို့သော် ရန်ကျောက်ကဲစိတ်ထဲ သိချင်စိတ်ဖြစ်မိသည်မှာ...

“ဒီ ထူးခြားတဲ့ပညာရပ်ကို အမွေဆက်ခံနိုင်ဖို့ ကျောက်စိမ်းအင်းချပ်ကို ချန်ထားခဲ့တဲ့သူက ယွမ်စီထျန်းကျွင်း ဟောပြောသခင်ပြပေးတာကို ကိုယ်တိုင်ကြားနာခဲ့ရတဲ့သူများလား...”

ယွမ်ကျန်းဖုန်းက ဘဝဖန်ဆင်းခြင်းကောင်းကင်ကျမ်းစာအပြင် စိတ်စေရာမိုးကြိုးစွမ်းအားကိုလည်း ရရှိခဲ့ကြောင်း ရန်ကျောက်ကဲ သတိရမိသည်။

ယခုတော့ သူ့စိတ်ထဲမှအတွေးများ ပိုမိုရှင်းလင်းလာသလို သူ့အရှေ့မှ မြူခိုးများသည်လည်း ပါးလျားလာသည်။ သို့သော် သံသယများလည်း ပိုမိုများပြားလာခဲ့၏။

သူ စဉ်းစားနေချိန် ရှောင်အိုက်က ရန်ကျောက်ကဲ၏ အင်္ကျီစကို လှမ်းဆွဲလိုက်သည်။ လှည့်ကြည့်လိုက်တော့ ရှောင်အိုက်တစ်ယောက် ရေပက်မဝင်အောင် စကားဆိုတော့သည်။

“သခင်လေး သခင်လေး ၊ သခင်ကြီးက အရမ်းချောတာပဲနော် ၊ သူက သခင်လေးနဲ့သိပ်မတူဘူး ၊ ဒါပေမဲ့ သခင်လေးရော သခင်ကြီးရော တစ်မျိုးစီချောကြတယ်”

သူမ၏ မျက်လုံးဝိုင်းဝိုင်းလေးများကိုကြည့်ရင်း ရန်ကျောက်ကဲ မနေနိုင်ဘဲ ပြုံးလိုက်သည်။

“မင်း ငါ့အဖေရဲ့ အလင်းပုံရိပ်ကို မြင်ဖူးတာပဲမဟုတ်လား”

ရှောင်အိုက်က...

“အလင်းပုံရိပ်က တကယ့်လူအစစ်နဲ့ဘယ်ယှဉ်လို့ရမလဲ ၊ သခင်ကြီး အပြင်မှာ ဘယ်လောက်ချောလဲဆိုတာ မသိနိုင်ဘူးလေ”

သို့သော် ရှောင်အိုက်က ချက်ချင်းပင် စိတ်ပျက်သွားဟန်ဖြင့်...

“ဒါပေမဲ့ သခင်ကြီးကလည်း သခင်လေးလိုပဲ ဆိုင်သူရှိနေတယ် ၊ ဒါကြောင့် နှစ်ယေက်လုံးကို ပထမတန်းစားလို့ပဲ သတ်မှတ်လို့ရတော့မယ် ၊ ပထမတန်းစားထက် ကျော်လို့မရတော့ဘူး”

ရန်ကျောက်ကဲမှာ ရယ်လည်းရယ်ချင် စိတ်လည်းတိုဟန်ဖြင့်...

“တွေ့လား... ငါထင်တဲ့အတိုင်း နင့်ရဲ့အဆင့်သတ်မှတ်ချက်က ဆီလျော်မှုကိုမရှိဘူး ၊ ထပ်ပြောလိုက်မယ်... ငါ့အဖေမှာ ပိုင်ရှင်ရှိပြီးသားနော် ၊ အဲဒီပိုင်ရှင်ကတော့ ငါ့အမေပဲ”

ရှောင်အိုက်က မျက်တောင်လေးများ တဖျတ်ဖျတ်ခတ်ရင်း...

“သခင်မလေးက သခင်ကြီးကို သဘောကျတာ မအံ့သြတော့ပါဘူး ၊ ဒီနေ့ ရှောင်အိုက် နားလည်သွားပြီ”

သူမက ဆက်ပြောသည်။

“အင်း... သခင်မလေးကလည်း အရမ်းချောတာ မှန်ပါတယ် ၊ ဒါပေမဲ့ ရှောင်အိုက်အထင်တော့ သခင်ကြီးမှာ ဇနီးမရှိရင် ဘဝကပိုပြီး ပြည့်စုံသွားမှာ”

ဧကရာဇ်ရွှမ်မုကို မြှုပ်နှံသဂြိုဟ်ပြီး ပြန်ရောက်လာသောအားဟူက ထိုစကားများကို နားစွန်နားဖျားကြားပြီး မျက်လုံးအပြူးသား ဖြစ်သွားသည်။

“သခင်ကြီးမှာ ဇနီးမရှိရင် သခင်လေး ဘယ်ထွက်လာတော့မလဲ”

ထိုစကားကြားတော့ ဖန်းယွင်ရှန်းက အော်ဟစ်ရယ်မောလိုက်စဉ် ရန်ကျောက်ကဲကတော့ မျက်လုံးသာလှန်လိုက်မိတော့၏။

ရှောင်အိုက်က မှင်တက်စွာဖြင့် ရန်တိကိုလှမ်းကြည့်လိုက်ပြီး သနားစဖွယ် မျက်နှာငယ်လေးဖြင့် ရန်ကျောက်ကဲကို လှည့်ကြည့်လာသည်။

ရန်တိက ခေါင်းခါယမ်းကာ ရယ်မောရင်း ရှောင်အိုက်ကို လက်ယပ်လှမ်းခေါ်လိုက်သည်။

“မင်း ချူးချင်ဘေးနားမှာနေတုန်းက ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာ ကျုပ်ကိုပြောပြလို့ရမလား”

ရှောင်အိုက်က ခပ်သွက်သွက်ဖြင့်...

“သခင်ကြီး မေးချင်တာမေးပါ”

ရန်ကျောက်ကဲက တည်ကြည်လေးနက်စွာဖြင့်...

“အဖေ... တခြားလုပ်စရာမရှိရင် ကျွန်တော် သဘာဝပသာဒနယ်မြေကို သွားလိုက်ဦးမယ်”

ရန်တိက ခေါင်းညိတ်ရင်း...

“ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ”

ရှောင်အိုက်က ရန်တိနှင့်စကားပြောရန် ကျန်ရစ်ခဲ့ပြီး ရန်ကျောက်ကဲကတော့ ဖန်းယွင်ရှန်းနှင့်အားဟူကို အသင်္ချေနဂါးနန်းတော်အတွင်း ဝင်ခိုင်းလိုက်သည်။ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက လျှင်မြန်သော ခွန်ဖိန်သတ္တဝါစွမ်းအားဖြင့် အသင်္ချေနဂါးနန်းတော်ကို သယ်ဆောင်ကာ တစ်ခဏအတွင်း ပျံသန်းထွက်ခွာသွားသည်။

ဝိညာဉ်နယ်မြေကို အရှိန်အဟုန်ဖြင့် ဖြတ်ကျော်လာပြီး ကွမ်းမင်ဂိုဏ်းက တစ်စိတ်တစ်ပိုင်း တည်ဆောက်ထားသော ကန္တာတောင်နယ်မြေသို့ ရောက်ရှိလာကြသည်။

ကန္တာတောင်နယ်မြေ၏ တခြားအပိုင်းတစ်ခုက သဘာဝပသာဒနယ်မြေနှင့် ချိတ်ဆက်ထားသည်။ အဆုံးမဲ့သံလိုက်မုန်တိုင်းများ အထွတ်ထိပ်အဆင့် ပြင်းထန်လာချိန်တွင် သဘာဝပသာဒနယ်မြေသာမက ကန္တာတောင်နယ်မြေအပိုင်းကိုလည်း မုန်တိုင်းများတိုက်ခတ်ဖြတ်ကျော်သွားလေ့ ရှိကြသည်။

ယခုအချိန် လှိုင်းနှင့်လေများ ငြိမ်သက်နေသော်လည်း အဝေးကကောင်းကင်ကတော့ မှိုင်းညို့အုံ့ဆိုင်းလျှက် ရှိသည်။

ရန်ကျောက်ကဲ ရှေ့သို့ဆက်တိုးလာသည်နှင့် သဘာဝပသာဒနယ်မြေ၏ မြင်ကွင်းကိုတွေ့မြင်နေရပြီး နောက်ဆုံးမှာတော့ အဆုံးမဲ့သံလိုက်မုန်တိုင်းများ သူ့မျက်လုံးရှေ့တွင် တစ်ဖန်ထွက်ပေါ်လာသည်ကို တွေ့လိုက်ရလေ၏။

All Chapters