← Chapters

မင်းထက်ကြမ်းတယ်

Vol. 55 Ch. 770

မင်းထက်ကြမ်းတယ်

Vol. 55 Ch. 770

အခန်း (၇၇၀) မင်းထက်ကြမ်းတယ်

မီးလျှံပမာ နီရဲတောက်နေသော ဇာမဏီငှက်ခန္ဓာကိုယ်မှထွက်ပေါ်နေသည့် အဝါရောင်အခိုးအငွေ့များက ပတ်ဝန်းကျင်တစ်ခုလုံးသို့ လွှမ်းခြုံသွားပြီး အပြင်ဘက်မှ မိုးကြိုးမုန်တိုင်းများကိုပင် ထိုးခွင်းပစ်လိုက်သည်။  မီးခိုးပမာမြူမှုံများသာဖြစ်သော်လည်း ထိုတန်ခိုးစွမ်းအားက ကောင်းကင်ဘုံထောက်တိုင်အလား လေးလံထူထဲသည့်ခံစားချက်ကို ပေးစွမ်းသည်။

ရန်ကျောက်ကဲက မျက်ဝန်းများကို ကျဉ်းမြောင်းလိုက်ရင်း...

“ကောင်းမြတ်ခြင်းမြေကြီး...”

‘ကောင်းမြတ်ခြင်းမြေကြီး’ ဆိုသည်မှာ တာအိုတရားဖြင့် မိုးမြေတစ်ခွင်ပြည့်ဝစေပြီး အဆုံးမရှိသောစမ်းရေပမာ မကောင်းမှုမှန်သမျှ ထိပါးနိုင်ခြင်းမရှိစေရန် အကန့်အသတ်မဲ့ကာကွယ်ပေးသည့် တန်ခိုးစွမ်းအားတစ်ခု ဖြစ်သည်။

မီးလျှံဇာမဏီငှက် အရှိန်ပြင်းထန်လာသည်နှင့်အမျှ ထွက်ပေါ်နေသော စွမ်းအားရောင်ဝါနှင့် ကျင့်ကြံခြင်းအယူအဆကို ရန်ကျောက်ကဲ သတိပြုလိုက်မိပြီး စိတ်ထဲတွင် ရင်းနှီးနေကြောင်း အာရုံခံမိသည်။

ထိုဇာမဏီငှက်မှ တန်ခိုးစွမ်းအားက ဝမ်ဟွေ့နှင့် လီကျင်းတို့ ကျင့်ကြံထားသည့် ‘ဇာမဏီအစစ်အမှန်ကျမ်းစာ’ တန်ခိုးစွမ်းအားနှင့် သွားရောက်ဆင်တူကြောင်း ထိုနှစ်ယောက်နှင့် တိုက်ခိုက်ခဲ့ဖူးသော ရန်ကျောက်ကဲက ချက်ချင်း သိရှိလိုက်၏။

သို့ဆိုလျှင် သူ့အရှေ့မှလူက တောင်ပိုင်းထိပ်တန်းအရှင်သခင်၏ တပည့်ရင်းတစ်ယောက်ဖြစ်သည်မှာ ထင်ရှားသည်။

ပြီးတော့ ထိုသူ၏ ကျင့်ကြံခြင်းအဆင့်က ဝမ်ဟွေ့နှင့် လီကျင်းတို့ထက် များစွာမြင့်မားသည်။ သူ၏ ရောင်ဝါကိုကြည့်သည်နှင့် သိုင်းသူတော်စင် ဆဋ္ဌမအဆင့် ၊ နတ်ဘုရားသိမြင်ခြင်း နှောင်းပိုင်းအဆင့်ဖြစ်ကြောင်း ခန့်မှန်းနိုင်သည်။

ထို့ပြင် သူ၏ခန္ဓာကိုယ်ထက်တွင် ပိုပြီးတုန်လှုပ်စရာကောင်းသော အလင်းတန်းများ တောက်ပနေသေးသည်။ သို့သော် ထိုအလင်းတန်းများက အပြင်ဘက်သို့ထွက်ပေါ်လာခြင်းမရှိဘဲ ထိန်းချုပ်ခံထားရဟန်တူသည်။

အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းများဖြစ်သော ထူးကဲယန်စည်းတံဆိပ်နှင့် ရွှမ်ဧကရာဇ်လှံရှည်ကို ပိုင်ဆိုင်ထားသည့် ရန်ကျောက်ကဲကတော့ ထိုအလင်းတန်းများက အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခု၏ စွမ်းအားများဖြစ်ကြောင်း ချက်ချင်း အာရုံခံမိသည်။

ခန်းဖင်း ၊ ကုဟုန် ၊ လော့ကျီးထောင်နှင့် အခြားသူများကြောင့် အဆုံးမဲ့သံလိုက်မုန်တိုင်းများက ပုံမှန်ထက် အားနည်းနေကြသည်။

သို့သော် ‘ကောင်းမြတ်ခြင်းမြေကြီး’ ဖြင့် ကာကွယ်ပေးခြင်းခံထားရသည့် သိုင်းသူတော်စင် ဆဋ္ဌမအဆင့် ကျင့်ကြံသူတစ်ယောက်အတွက်တော့ အလွန်ပြင်းထန်သော မုန်တိုင်းများအလယ် လုံးဝခြိမ်းခြောက်မှုရှိမည် မဟုတ်ပေ။ ထိုကောင်းမြတ်ခြင်းမြေကြီးတန်ခိုးစွမ်းအားကြောင့် အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းစွမ်းအားသည်ပင် ထွက်ပေါ်မလာဘဲ ထိန်းချုပ်ခံထားရပြီး နောက်ခံအဖြစ်သာ တည်ရှိနေခဲ့သည်။

ရန်ကျောက်ကဲ တွေးလိုက်၏။

“အရှေ့တောင်ထိပ်တန်းမျိုးနွယ်တွေမှာတောင် အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်တိုင်းမှာ အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်း မပိုင်ဆိုင်နိုင်ဘူး ၊ နတ်ဘုရားသိမြင်ခြင်းအဆင့် သိုင်းသူတော်စင်ဆိုရင် ပြောနေစရာတောင် မလိုတော့ဘူး”

“ဒါပေမဲ့ ဒီလူက အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်ကို ဖြတ်သန်းလာတယ်ဆိုတော့ အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခု ယူဆောင်လာတာ ပုံမှန်ပါပဲ ၊ တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်မှာ ဒီလူရဲ့အနေအထားက ထူးခြားတယ်လို့ ပြောနိုင်တယ်”

အဆုံးမဲ့သံလိုက်မုန်တိုင်းများက လူတိုင်း၏ အမြင်အာရုံစွမ်းရည်ကို လျော့နည်းသွားစေသည်။ သို့သော် ထို ဇာမဏီစွမ်းအားရောင်ဝါက အလွန်ပြင်းထန်ပြီး ထိန်းချုပ်ထားရန်လည်း ရည်ရွယ်ချက်ရှိဟန်မတူပေ။

ခန်းဖင်းနှင့် အခြားသူများမှာ တိုက်ပွဲအလယ်တွင်ရှိနေကြပြီး မျှော်လင့်မထားဘဲ ရောက်ရှိနေသည့်ဧည့်သည်ကို သတိပြုမိသဖြင့် သူတို့လှုပ်ရှားမှုများ အနည်းငယ်နှေးကွေးသွားသည်။

ထိုဇာမဏီငှက်က သူရောက်လာသည်ကိုလည်း သတိထားမိကြောင်း ရန်ကျောက်ကဲ အာရုံခံမိ၏။

သို့ပေသိ ‘ဇာမဏီအစစ်အမှန်ကျမ်းစာ’ ကို ကျင့်ကြံထားသော ထိုသူသည် တိုက်ခိုက်နေကြသည့် ခန်းဖင်းတို့အုပ်စုကိုရော ရန်ကျောက်ကဲကိုပါ အရေးမစိုက်ဘဲ ပင်လယ်ရေအောက်နက်ရှိုင်းရာသို့ ဆင်းသက်သွားသည်။

“တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်က လူတစ်ယောက်က အရှေ့တောင်ထိပ်တန်းမျိုးနွယ်တွေဖမ်းဆီးထားတဲ့ ဝမ်ဟွေ့အတွက် ကျင်းထင်တောင်ကိုသွားပြီး တွေ့ဆုံတယ် ၊ ဒီတစ်ယောက်ကတော့ ကျူတောပင်လယ်ဒေသကိုရောက်လာတယ် ၊ ကြည့်ရတာ ဒီလူက ငါ လီကျင်းကိုသတ်လိုက်တယ်ဆိုတာကို သိပုံမပေါ်သေးဘူး”

ရန်ကျောက်ကဲ အတွေးများကိုလှည့်ပတ်လိုက်ပြီး...

“ဒီလောက်အလျင်လိုနေတာ သူ့ရည်ရွယ်ချက်က ဘာများလဲ”

သူ့စိတ်ထဲ ‘ကောင်းကင်ဝါးမျို’ ဟု ရေးသားထားသည့် ဓားသေတ္တာကို ပြန်လည်သတိရသွားမိသည်။

ယခုရောက်လာသူ၏ ရည်ရွယ်ချက်က ထို ‘ကောင်းကင်ဝါးမျို’ သေတ္တာအတွက်ရောက်လာခြင်းလား ၊ သို့မဟုတ် ဤနေရာတွင် အခြားသောတစ်စုံတစ်ခု ရှိနေသေးသည်လား။

ရန်ကျောက်ကဲ တွေးတောရင်းဖြင့်ပင် ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေး၏ လမ်းညွှန်မှုအတိုင်း ပင်လယ်အောက်ခြေသို့ ဆက်လက်ဆင်းသက်လာခဲ့သည်။

ရန်ကျောက်ကဲ၏ဦးတည်ရာက သူသွားမည့်နေရာနှင့် တူညီနေကြောင်း အာရုံခံမိသည့်နောက် ဇာမဏီငှက်က ခဏမျှ တုံ့ဆိုင်းသွားသည်။

ရန်ကျောက်ကဲစိတ်ထဲ သတိပေးသံများထွက်ပေါ်လာပြီးနောက် မျှော်လင့်ထားသည့်အတိုင်းပင် မီးတောက်မီးလျှံများအတွင်းမှ အသံတစ်သံ ထွက်ပေါ်လာ၏။

“မင်းကိုယ်မင်း ဘာထင်နေလဲ ၊ ငါလိုချင်တဲ့ ရတနာပစ္စည်းကို မင်းက မျက်စိကျရဲသလား”

ရေဝဲဂယက်များနှင့် အဆုံးမဲ့သံလိုက်မုန်တိုင်းများအလယ်တွင် ဇာမဏီအတောင်ပံတစ်ချက်ခတ်လိုက်ပြီး ရန်ကျောက်ကဲရှိရာသို့ မီးလျှံမြားတံများစွာ ပစ်လွှတ်ဝင်ရောက်လာသည်။

ဇာမဏီအစစ်အမှန်သိုင်းဝိညာဉ်ကိုပိုင်ဆိုင်ထားသည့် မီးလျှံမြားတံများသည် ပင်လယ်ရေပြင်ကို ထိုးခွင်းလျှက်စိမ်းပြာရောင်လျှပ်စီးများဖြင့်ပေါင်းစပ်သွားပြီး နဂိုထက်ပိုပြီး ကြောက်မက်ဖွယ်ရာ ကောင်းလာသည်။

တစ်ဖက်လူမှ တိုက်ခိုက်လာတော့ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ချက်ချင်းပင် ယွင်ဟွေ့လှံရှည်ကို အလျားလိုက်ဝှေ့ယမ်းပြီး ပိတ်ဆို့ကာကွယ်လိုက်၏။

တစ်ချိန်တည်းမှာပင် ပြင်းထန်လှသော မီးလျှံမြားတံတစ်ချောင်းက လှံရှည်ဖြင့် ရိုက်ခတ်မိသွားသည်။

ယွင်ဟွေ့လှံရှည်ထက်တွင် ငှက်ခုနစ်ကောင်ပုံရိပ်ထွက်ပေါ်လာပြီး မီးလျှံမြားတံမှ အော်မြည်သံထွက်ပေါ်လာပြီး အောက်သို့ ပြုတ်ကျသွားသည်။

သို့သော် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့် အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော ယွင်ဟွေ့လှံရှည်ပေါင်းစည်းစွမ်းအားဖြင့်ပင် ထိုမြားတံများကိုခုခံရန် အတော်လေးခက်ခဲနေသည်။

ရွှေ‌ရောင်သံချပ်ကာမှ ရွှေရောင်အလင်းတန်းများတောက်ပလာပြီး များပြားလှစွာသော ခံစစ်အလွှာများထွက်ပေါ်လာကာ မြားတံများအန္တရယ်မှ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို ကာကွယ်ပေးထားသည်။ မီးလျှံမြားတံများအောက်တွင် သံချပ်ကာဝတ်စုံမှ ရွှေရောင်အလင်တန်းများက ပြိုကျတော့မည့်အလား တဖျတ်ဖျတ်ခတ်နေ၏။

မီးလျှံမြားတံများက အဆုံးမရှိဝင်ရောက်လာပြီး ထိုမြားတံများ ပေါက်ကွဲထွက်သွားလျှင် ပင်လယ်ရေအောက်မှာပင် ကြီးမားသောမီးတောက်များဖြစ်ပေါ်လာကာ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ ခန္ဓာကိုယ်ကို အချိန်ကြာမြင့်စွာ လွှမ်းခြုံထားသည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ငြိမ်သက်စွာဖြင့် သူ၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရကို စုစည်းပြီး ပြင်းထန်သောမီးလျှံများ၏ ရိုက်ခတ်မှုကို တွန်းလှန်ထားသည်။

သိုင်းသူ‌တော်စင် ဆဋ္ဌမအဆင့်ရှိသော တန်ခိုးစွမ်းအားရှင်တစ်ယောက်၏ တိုက်ခိုက်မှုက စွမ်းအားပြင်းထန်သည်မှာ သဘာဝပင်။ အထူးသဖြင့် ဤပုဂ္ဂိုလ်က ကျင့်ကြံခြင်းအဆင့်တူသူများဖြစ်သော လော့ကျီးထောင်နှင့် ဧကရာဇ်ရွှမ်မုထက် ပိုမိုအစွမ်းထက်၏။

သူက သိုင်းသူတော်စင် စတုတ္ထအဆင့်ရှိသော မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို အလေးအနက်မထားဘဲ ခပ်ပေါ့ပေါ့ပင် တိုက်ခိုက်ခဲ့သည့်တိုင် အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းနှစ်ခုဖြစ်သော ရွှေရောင်သံချပ်ကာနှင့် ယွင်ဟွေ့လှံရှည်ကို ကိုင်ဆောင်ထားသည့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားမှာ ကြီးမားသောဖိအားကို ခံစားခဲ့ရသည်။

ယွင်ဟွေ့လှံရှည်သည်လည်း ဧကရာဇ်ရွှမ်မု အသုံးပြုခဲ့ဖူးသော လှံရှည်ဖြစ်၏။ ရွှမ်ဧကရာဇ်လှံရှည်ကို မကိုင်ဆောင်မီ ဤလှံရှည်ကို ကိုင်ဆောင်ခဲ့သည်ဖြစ်ရာ အရည်အသွေးထူးခြားသော လှံရှည်တစ်လက် ဖြစ်သည်။

မဟုတ်ပါက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ သိုင်းပညာအခြေခံအုတ်မြစ်နှင့် ပြီးပြည့်စုံစွာ ပြုလုပ်ထားသည့် အဆင့်နိမ့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော ‘ဂဠုန်နဂါးလှံရှည်’ နေရာတွင် ဤလှံရှည်ကိုအစားထိုးရန် လိုအပ်မည် မဟုတ်ပေ။

သို့သော် လက်ရှိမှာတော့ ယွင်ဟွေ့လှံရှည်သည် မီးတောက်မီးလျှံများအလယ် နစ်မြုပ်နေပြီး ရောင်ဝါများမှေးမှိန်သွားကာ သက်ရှိသတ္တဝါတစ်ယောက် အသက်ရှင်ရန် ရုန်းကန်နေရသည့်အလားအ ဆက်မပြတ် တုန်ခါလျှက် ရှိ၏။

ဇာမဏီငှက်ကတော့ ခပ်ပေါ့ပေါ့ပင် တိုက်ခိုက်လိုက်ပြီး ရလဒ်ကိုပင်လှည့်မကြည့်ဘဲ ပင်လယ်ရေနက်ထဲသို့ ဆက်ဆင်းသွားသည်။

သူ့စိတ်ထဲ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား သေဆုံးသွားမည်ဟု ယုံကြည်ထားဟန်ပင်။

သိုင်းသူတော်စင် ဆဋ္ဌမအဆင့် ကျင့်ကြံသူတစ်ယောက်၏ တိုက်ခိုက်မှုကို အသက်ရှင်လျှက် တောင့်ခံထားနိုင်သော သိုင်းသူတော်စင် စတုတ္ထအဆင့် ကျင့်ကြံသူမျိုးကို သူ့ဘဝတွင် တစ်ခါမှ မကြုံဖူးခဲ့ပေ။

သို့သော် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို လွှမ်းခြုံထားသည့် မီးတောက်မီးလျှံများ တဖြည်းဖြည်း ငြိမ်းသတ်သွားကြောင်း သတိပြုမိသည့်အခါ ဇာမဏီငှက် အံ့အားသင့်သွားပြီး လှုပ်ရှားမှုများ ချက်ချင်းရပ်တန့်သွားသည်။ ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် မီးလျှံဇာမဏီက ဆက်လက်တိုက်ခိုက်ခြင်းမပြုဘဲ ပင်လယ်ရေအောက်နက်ရှိုင်းရာသို့သာ ဆင်းသွားသည်။

သူ့တွင် အချိန်မရှိသဖြင့် ဤကောင်လေးဖြင့် တိုက်ခိုက်ပြီး အချိန်မဖြုန်းနိုင်ပေ။

ယခု တိုက်ခိုက်ခြင်းက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား ရပ်တန့်သွားစေရန် လုံလောက်ပြီဟု သူ ယုံကြည်သည်။ တစ်ဖက်လူက ထက်မြက်သူဆိုလျှင် မည်သည့်အချိန်တွင်စွန့်စားသင့်သည် ၊ မည်သည့်အချိန်တွင် နောက်ဆုတ်သင့်သည်ကို နားလည်ပေလိမ့်မည်။

ရန်ကျောက်ကဲကတော့ အေးစက်စွာ တစ်ချက်ရယ်မောလိုက်၏။

စောစောက တိုက်ခိုက်လိုက်သော ရန်သူ၏တိုက်ကွက်တွင် သတ်ဖြတ်လိုသည့်အငွေ့အသက်များ ပြည့်နက်နေပြီး သူ့ကိုသေစေချင်သည်မှာ ထင်ရှားသည်။ ရန်ကျောက်ကဲမဟုတ်ဘဲ အခြားသော သိုင်းသူတော်စင် စတုတ္ထအဆင့် ကျင့်ကြံသူဆိုလျှင် မီးလျှံမြားတံများကြောင့် ပင်လယ်ရေအောက်တွင် အသက်ပျောက်နေလောက်ပေပြီ။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏မျက်လုံးများ အေးစက်လာပြီး သူ၏ငယ်ထိပ်ဆီမှ ပိုင်ဟွေ့သွေးကြောဆုံချက်မှ အစပြုကာ တစ်ကိုယ်လုံးရှိ သွေးကြောဆံချက်များ တုန်ခါသွားပြီး ကြီးကျယ်ခမ်းနားသောတန်ခိုးစွမ်းအားများ ရုတ်ချည်း ထွက်ပေါ်လာသည်။

တုန်ခါနေသည့် ယွင်ဟွေ့လှံရှည်က ပြန်လည်တည်ငြိမ်သွားပြီး လှံရှည်ထိပ်ဖျားတွင် အေးစက်သည့်လျှပ်စီးစွမ်းအားတစ်ခု ထင်ဟပ်လာကာ ဇာမဏီငှက်ထံသို့ အရှိန်အဟုန်ပြင်းပြင်းဖြင့် ထိုးစိုက်ချလိုက်၏။

တစ်ချိန်တည်းပင် ခွန်ဖိန်သတ္တဝါပုံရိပ်ထွက်ပေါ်လာပြီး ရှည်လျားပြီး နားမခံသာသည့် အော်ဟစ်ကြုံးဝါးသံကြီးက ပင်လယ်ရေအောက်ထဲတွင် လွှမ်းခြုံသွားသည်။

မီးလျှံဇာမဏီငှက် အတော်လေး အံ့အားသင့်သွား၏။

“မင်းက ပြန်တိုက်ခိုက်ရဲသလား”

ထို့နောက် ဇာမဏီငှက်က ရုတ်တရက် လှည့်ပျံလာပြီး စူးရှသည့် ဇာမဏီအော်သံပြုလုပ်ရင်း ခွန်ဖိန်သတ္တဝါနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားပြီး ရွှေရောင်သံချပ်ကာမှအလင်းတန်းများ ချက်ချင်းမှိန်ဖျော့သွားပြီး ယွင်ဟွေ့လှံရှည်မှာ သူ့လက်မှပြုတ်ကျလုနီးပါး ဖြစ်သွားရသည်။

သူက ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးကို ထုတ်ယူလိုက်သည်။ အသက်ဝင်လာသော အမွှေးတိုင်အိုးလေးမှ ပြင်းထန်သောစွမ်းအားတစ်ခု ထွက်ပေါ်လာပြီး ရန်သူ၏ ကြောက်မက်ဖွယ်ရာ တန်ခိုးစွမ်းအားများကို စုပ်ယူလိုက်သည်။

ခွန်ဖိန်သတ္တဝါက သန်မာသည်ဆိုသော်လည်း သူတို့နှစ်ယောက်၏ ကျင့်ကြံခြင်းအဆင့် ကွာခြားချက်ကြောင့် ပြင်းထန်သော ဇာမဏီမီးတောက်များအလယ်တွင် ခွန်ဖိန်ပုံရိပ်ယောင်မှာ အက်ကွဲတော့မည်လား ထင်မှတ်ရ၏။

သို့သော် ရုတ်တရက်ပင် ခွန်ဖိန်သတ္တဝါပုံရိပ်ကြီး အစိတ်စိတ်အမွှာမွှာအက်ကွဲသွားပြီး များပြားလှစွာသော နေရောင်ခြည်အလင်းတန်းများထွက်ပေါ်လာကာ ပင်လယ်ရေအောက်တစ်ခုလုံး လင်းထိန်သွားသည်။

အစစ်အမှန်နေတစ်စင်းအလား အနီရောင်စည်းတံဆိပ်ကြီးတစ်ခု ကျဆင်းလာပြီး မီးလျှံဇာမဏီငှက်၏ ဦးခေါင်းတည့်တည့် ထိမှန်သွားသည်။

မီးလျှံဇာမဏီငှက်က ရှည်လျားသော‌အော်ြမည်သံကိုပြုလုပ်လိုက်ပြီး ‘ကံကောင်းခြင်းမြေကြီး’ သာမက သူ့ခန္ဓာကိုယ်မှ ခရမ်းရောင်သမာဓိမီးတောက်ထွက်ပေါ်လာကာ စွမ်းအားနှစ်ခုပေါင်းစည်းလိုက်ပြီး ထူးကဲယန်စည်းတံဆိပ်၏ ကြောက်မက်ဖွယ်ရာစွမ်းအားကို ပိတ်ဆို့လိုက်သည်။

သို့တိုင် ထူကဲယန်စည်းတံဆိပ်ဖြင့် ရိုက်နှက်ခံလိုက်ရသည့်ဇာမဏီငှက်မှာ မျက်ဖြူလန်သွားပြီး နောက်သို့လွင့်စင်ထွက်သွားလေ၏။

All Chapters