← Chapters

ဖြောင့်မတ်ခြင်းအတွက် ယုတ်ညံ့တဲ့သူတွေကိုစွန့်ပယ်ချင်တယ်တဲ့လား

Vol. 55 Ch. 776

ဖြောင့်မတ်ခြင်းအတွက် ယုတ်ညံ့တဲ့သူတွေကိုစွန့်ပယ်ချင်တယ်တဲ့လား

Vol. 55 Ch. 776

အခန်း (၇၇၆) ဖြောင့်မတ်ခြင်းအတွက် ယုတ်ညံ့တဲ့သူတွေကိုစွန့်ပယ်ချင်တယ်တဲ့လား

အတက်အကျများစွာဖြစ်နေသော ဝိညာဉ်စွမ်းအားများအလယ်မှ ထွက်ပေါ်လာသော စကားပြောသံများက အနည်းငယ် ရင်းနှီးနေသလို ရန်ကျောက်ကဲ ခံစားလိုက်ရသည်။ သူက ချက်ချင်းပင် ခြေသံကိုထိန်းချုပ်လိုက်ပြီး ခန္ဓာကိုယ်ကိုရှေ့သို့အသာကိုင်းကာ နားစိုက်ထောင်လိုက်တော့ တစ်ဖက်လူ၏အသံကို ရှင်းလင်းစွာ ကြားလိုက်ရ၏။

“မင်းတို့နှစ်ယောက် စိတ်လိုက်မာန်ပါမလုပ်ကြပါနဲ့ ၊ ငါတို့က မင်းတို့နဲ့ ရန်သူမဖြစ်ချင်ပါဘူး”

ထိုစကားကိုပြောလိုက်သူက ယခင် အစွန်းရောက်ရှစ်ပါးကမ္ဘာ ၊ နေသူတော်စင်ဂိုဏ်းမှ ဘိုးဘေးဖြစ်သူ ခရမ်းရောင်နေသူတော်စင် ‘ကျန်းချောင်’  ဖြစ်သည်။

“ကွမ်းမင်ဂိုဏ်းက တာ့ရွှမ်တိုင်းပြည်နဲ့ ရန်သူတွေဆိုပေမယ့် ငါတို့က ကွမ်းမင်ဂိုဏ်းမှာ ယာယီတည်းခိုနေတဲ့ ဧည့်သည်တွေပါ ၊ အောက်ဘုံကမ္ဘာက တက်လာပြီးတဲ့နောက် ကွမ်းမင်ဂိုဏ်းရဲ့ လွှမ်းမိုးမှုကို ခံရတဲ့အတွက်သာ ဒီနေရာမှာ နေထိုင်ခဲ့ရတာပါ”

ကျန်းချောင်အသံက တည်ငြိမ်နေပြီး ဒေါသသံရောစွက်ခြင်း မရှိပေ။

“မင်းတို့ညီအစ်ကိုတွေက တာ့ရွှမ်တိုင်းပြည်မှာ ထင်ရှားတဲ့သူတွေပါ ၊ မင်းတို့လည်း သတင်းတွေကြားမှာပါ ၊ ငါတို့နေသူတော်စင်ဂိုဏ်းက တစ်ခါမှ တာ့ရွှမ်တိုင်းပြည် ဒါမှမဟုတ် ရှန်လင်ဓား (၁၀)လက်ကို တိုက်ရိုက်ဆန့်ကျင်ခဲ့တာ မရှိပါဘူး ၊ ပြီးတော့ ငါတို့ကြားမှာ မကျေနိုင်တဲ့သွေးကြွေးတွေလည်း မရှိဘူးလေ”

ကျန်းချောင်နှင့် မျက်နှာချင်းဆိုင်မှာတော့ လူငယ်နှစ်ယောက် မတ်တတ်ရပ်လျှက်ရှိပြီး ခန်းမောက်ရှန်းနှင့် ခန်းကျင်းယွမ်တို့ ညီအစ်ကိုနှစ်ယောက်ပင် ဖြစ်၏။

သူတို့က ဖခင်ဖြစ်သူ ‘ခန်းဖင်း’ နှင့်အတူ ကွမ်းမင်ဂိုဏ်းဌာနချုပ်တည်ရှိရာ နေလတောင်ထွတ်ကို လာရောက်တိုက်ခိုက်ကြခြင်းပင်။ ရေအောက်နန်းတော်ထဲရောက်မှ ဖခင်ဖြစ်သူနှင့် အဆက်အသွယ် ပြတ်သွားကြခြင်း ဖြစ်သည်။

ရေအောက်နန်းတော်ထဲတွင် လော့ကျီးထောင် ၊ ကုဟုန် ၊ ကုန်းစွန်းမင်တို့နှင့် ထိပ်တိုက်မတွေ့မိဘဲ ကျန်းချောင်နှင့် ဆုံရခြင်းက ကံကောင်းသည် ဆိုရမည်။

ခန်းကျင်းယွမ်မျက်နှာက ညို့မှိုင်းသုန်မှုန်နေပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း အမှောင်ရိပ်လွှမ်းနေသည့်အလား ဖြစ်သည်။

ယခင်ကလို လွမ်းမိုးနိုင်စွမ်းအပြည့်ဖြင့် စောင့်ကြွားကြွားပုံမျိုး လုံးဝပျောက်ကွယ်သွားပေပြီ။

မိခင်ဖြစ်သူ ‘ခန်း’ သခင်မ အန္တရယ်နှင့်ရင်ဆိုင်ရပြီး အသက်သေဆုံးသွားပြီးကတည်းက သူ့ပုံစံက ထိုသို့ပင် ပြောင်းလဲသွားခဲ့သည်။

ကြေကွဲမှု ၊ ဒေါသ ၊ ထိတ်လန့်တုန်လှုပ်ခြင်း ၊ ပျောက်ဆုံးခြင်း ၊ အကူအညီမဲ့ခြင်း __ များပြားစွာသော ခံစားချက်များစွာ သူ့ရင်ထဲတွင် ပြည့်နက်နေသည် မဟုတ်ပါလား။

အခြေအနေများ အနည်းငယ်တည်ငြိမ်သွားသည့်တိုင် သူ့စိတ်ထဲ နောင်တတရားများဖြင့် ပြည့်နက်နေခဲ့သည်။ သူသာ ‘ဗလာနယ်ဖြတ်သွေးနီဆူးချွန်’ ကို ကောင်းကင်အက်ကွဲကြေင်းအတွင်းသို့ ပစ်မထည့်ခဲ့လျှင် ရန်ကျောက်ကဲအနေဖြင့် ထိုပစ္စည်းကိုအသုံးပြုပြီး ယာဇ်ပူဇော်ခြင်းစွမ်းအားများ ထုတ်ဖော်နိုင်မည် မဟုတ်ပေ။

ဤကိစ္စတစ်ခုလုံးဖြစ်ပျက်ခဲ့ခြင်း၏ အကြောင်းတရားမှာ ခန်းကျင်းယွမ်ဆိုသော သူကိုယ်တိုင်သာလျှင် ဖြစ်သည်။

‘ဗလာနယ်ဖြတ်သွေးနီဆူးချွန်’ မပါရှိဘဲ သွေးမိစ္ဆာချပ်ပြားတစ်ခုတည်း ပိုင်ဆိုင်ထားရုံဖြင့် ရန်ကျောက်ကဲအနေဖြင့် သွေးမိစ္ဆာယာဇ်ပူဇော်ခြင်းနှင့် ပုံရိပ်ယောင်မိစ္ဆာယာဇ်ပူဇော်ခြင်းများကို ပြုလုပ်နိုင်မည် မဟုတ်ပေ။

ထိုဆူးချွန်ကြောင့်သာ ရန်ကျောက်ကဲက အခြေအနေအပေါ်မူတည်ပြီး တုံ့ပြန်မှုပြုလုပ်နိုင်ကာ အခက်အခဲကို ကျော်လွှားသွားခြင်း ဖြစ်သည်။

အဆုံးသတ်မှာတော့ ထိုဖြစ်ရပ်ကြောင့်ပင် ကွမ်းမင်ဂိုဏ်းနှင့် ‘ခန်း’ သခင်မတို့ သားအမိတို့တွင် အုပ်စုတစ်စုသာလျှင် ရှင်သန်ရန် အခွင့်အရေးရခဲ့သည်။ ကံဆိုးလျှင် အုပ်စုနှစ်စုလုံး အသက်မရှင်နိုင်ဘဲ သေကျေပျက်ဆီးသည့် အခြေအနေတစ်ရပ်ပင် ဖြစ်လာနိုင်၏။

သို့သော် မည်သူမှ ဤကိစ္စကို အစမဖော်ကြပေ။

ဖခင်ဖြစ်သူခန်းဖင်းရော သူ မုန်းတီးလှပါသည်ဆိုသည့် အစ်ကိုဖြစ်သူ ခန်းမောက်ရှန်းရော ထိုကိစ္စကို တစ်ခွန်းပင် မဟကြပေ။

သို့သော် ခန်းကျင်းယွမ်ကိုယ်တိုင်က ထိုအဖြစ်အပျက်ကို မေ့ပျောက်နိုင်ခြင်း မရှိပေ။

သူ့ဘေးတွင်ရပ်နေသည့် ခန်းမောက်ရှန်းက အစဉ်သဖြင့် တည်တည်ငြိမ်ငြိမ်ရှိသူတစ်ယောက် ဖြစ်သည်။

ယခု သူ၏လက်ကောက်ဝတ်မှ ရှန်မန်သွေးကြောဆုံချက်က တောက်ပနေပြီး ကောင်းကင်ထက်မှ ကြယ်စင်များနှင့် ပဲ့တင်ထပ်နေကာ နတ်ဘုရားသိမြင်ခြင်းအဆင့်ဖြင့် ချိတ်ဆက်နေသည်။ ဤသည်က နတ်ဘုရားသိမြင်ခြင်းကနဦးအဆင့် ကျင့်ကြံသူတစ်ယောက်အဖြစ် အဆင့်တက်သွားပြီဖြစ်ကြောင်း ပြသနေ၏။

အခြားသော ကျင့်ကြံခြင်းအဆင့်တူညီသူများနှင့်ယှဉ်လျှင် ခန်းမောက်ရှန်းက အလွန်အသက်ငယ်ရွယ်ပြီး အလားအလာများစွာရှိကြောင်း သိနိုင်သည်။

ခန်းမောက်ရှန်းက ကျန်းချောင်ကို ကြည့်ရင်း...

“မင်း ဘာပြောချင်တာလဲ ၊ ပြောကြည့်လိုက်...”

ကျန်းချောင်နံဘေးတွင်ရှိနေသည့် မိန်းမပျိုကိုလည်း ခန်းမောက်ရှန်းက မသိမသာ အာရုံစိုက်လျှက် ရှိသည်။

ထိုမိန်းမပျိုက အလွန်တရာ ချောမောလှပ ကျက်သရေရှိလွန်းပြီး မျက်နှာလေးက အပြစ်ဆိုစရာမရှိအောင် လှပလွန်းသည်။ မျက်ဝန်းအစုံက သမင်မျက်လုံးများပမာ ကြည်လင်တောက်ပလျှက် ထက်မြက်ဟန်ရှိသည့်တိုင် အားနည်းပြီး ချစ်ခင်နှစ်လိုဖွယ်ရာပင်။

ထိုမိန်းမပျိုက ရန်ကျောက်ကဲ နောက်ဆုံးအကြိမ်တွေ့ဆုံစဉ်ကနှင့် များစွာကွာခြားသွားခြင်းမရှိသည့်တိုင် အတော်လေး ရင့်ကျက်လာဟန်ရှိ၏။

သူမက အခြားသူမဟုတ် ၊ “မန်ဝမ်” ပင် ဖြစ်၏။

သူမက ကျန်းချောင်ဘေးနားတွင်တည်ငြိမ်စွာရပ်နေပြီး သူမဘေးတွင်တော့ ချောမောခန့်ငြားပြီး စိတ်ထားကောင်းမွန်ဟန်ရှိသော လူငယ်တစ်ယောက်ရှိနေသည်။ ထိုလူငယ်က အရှေ့ဘက်မှထွက်လာသော နေဝန်းကြီးပမာ ခမ်းခမ်းနားနား ရှိလှသည်။

ထိုလူငယ်သည်ကား မတွေ့ရသည်မှာကြာပြီဖြစ်သော ထန်ယုံဟောင်ပင် ဖြစ်သည်။

အထက်ဘုံကမ္ဘာသို့တက်သွားကြသည့် နေသူတော်စင်ဂိုဏ်းမှ လူ (၃)ယောက်လုံး ဤနေရာတွင် ရောက်ရှိနေကြသည်။

မန်ဝမ်နှင့်နှိုင်းယှဉ်လျှင် ကွမ်းမင်ဂိုဏ်းက ထန်ယုံဟောင်အပေါ် များစွာနှိမ့်ချဆက်ဆံပြီး သူတို့နှစ်ယောက်ရရှိသည့် ရင်းမြစ်ပစ္စည်းများသည်လည်း တူညီခြင်း မရှိပေ။

သို့သော် ထန်ယုံဟောင်၏ ကျင့်ကြံခြင်းအဆင့်က လျှင်မြန်စွာမြင့်ထက်လာပြီး အထက်ဘုံကမ္ဘာမှာပင် ရှားပါးပါရမီရှင်တစ်ယောက်အဖြစ် ထူးချွန်သည့်အရည်အချင်းကိုပြသလာခဲ့သည်။ ထို့ကြောင့် ဤနှစ်များအတွင်း ကွမ်းမင်ဂိုဏ်းက သူ့ကိုပိုပြီး အာရုံစိုက်လာခဲ့သည်။

ထန်ယုံဟောင်က မန်ဝမ်ထက် ကျင့်ကြံခြင်းအဆင့်မြင့်မားသည့်တိုင် သိုင်းဆရာသခင်တစ်ယောက်မျှသာဖြစ်သဖြင့် ခန်းမောက်ရှန်းက  မျက်စိမကျခဲ့ပေ။ ခန်းမောက်ရှန်း မန်ဝမ်ကိုမျက်စိကျသည်ဆိုခြင်းမှာလည်း သူမဦးခေါင်းထက်တွင်ဆောင်းထားသော အဖြူရောင်သရဖူကြောင့် ဖြစ်၏။

ထိုသရဖူက လရောင်ပမာ အေးစက်တောက်ပနေပြီး မည်သူမှ လျစ်လျူရှုနိုင်စွမ်းမရှိပေ။ သရဖူမှအလင်းတန်းများက ရေစီးကြောင်းများပမာ အပြင်ဘက်သို့ ဖြာလင်းလျှက် ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံထားသည်။

ခန်းမောက်ရှန်းက နတ်ဘုရားသိမြင်ခြင်းအဆင့်သို့ အောင်မြင်စွာတက်ရောက်နိုင်ခဲ့ပြီး သူ၏တန်ခိုးစွမ်းအားများက ကျန်းချောင်ထက်ပင် သာလွန်သည်။ အထူးသဖြင့် ကျန်းချောင်တွင် အထွတ်ထိပ်မှော်ဝင်ပစ္စည်းပိုင်ဆိုင်ထားခြင်း မရှိပေ။

သို့သော် မန်ဝမ်က ထူးကဲယင်သရဖူကိုအသုံးပြုမည်ဆိုလျှင် သူမက အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခု၏ စွမ်းအားကို ထုတ်လွှတ်နိုင်မည် ဖြစ်၏။ ထူးကဲယန်စည်းတံဆိပ်နှင့် ယှဉ်ပြိုင်နိုင်သည့် ဤရတနာပစ္စည်းသည် အမှန်တကယ်ပင် အားကောင်းလွန်းသဖြင့် ခန်းမောက်ရှန်းက ကျန်းချောင်နှင့် မန်ဝမ်တို့ ပူးပေါင်းတိုက်ခိုက်ခြင်းကို ကျော်လွှားရန် ယုံကြည်မှုအပြည့် မရှိခဲ့ပေ။

ထိုသို့သောအခြေအနေတွင် ကျန်းချောင်က ပြေလည်လိုသည့်အရိပ်အယောင်များပြလာသည့်အခါ ခန်းမောက်ရှန်းသည်လည်း အနည်းငယ်စိတ်လှုပ်ရှားသွား၏။

ဟုတ်ပေ၏ ကျန်းချောင်က စကားဆက်ပြောလာသည်။

“ငါက ဖြောင့်မတ်ခြင်းအတွက် ယုတ်ညံ့တဲ့သူတွေကို စွန့်ပယ်ချင်ပါတယ် ၊ ဒီအတွက် မင်းတို့ညီအစ်ကိုတွေက လမ်းဖွင့်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”

ခန်းမောက်ရှန်းနှင့် ခန်းကျင်းယွမ်တို့နှစ်ယောက်လုံး မျက်မှောင်ကြုံ့လိုက်ကြသည်။

ကျန်းချောင်၏ တန်ခိုးစွမ်းအားက ခန်းဖင်းနှင့် လော့ကျီးထောင်တို့ထက်များစွာနိမ့်ကျသည်ဆိုသော်လည်း နတ်ဘုရားသိမြင်ခြင်းအဆင့် သိုင်းသူတော်စင်တစ်ယောက်ဖြစ်လေရာ အရေးပါသူတစ်ယောက်အဖြစ် မှတ်ယူနိုင်သည်။

ပြီးတော့ အနာဂတ်တွင် ကျန်းချောင်၏ ကျင့်ကြံခြင်းအဆင့်သည်လည်း ထပ်မံမြင့်မားလာနိုင်ခြေ ရှိသည်။

ဤသို့သောလူတစ်ယောက်က တာ့ရွှမ်တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်လိုသည်ဆိုလျှင် တာ့ရွှမ်တိုင်းပြည်က နွေးထွေးစွာကြိုဆိုပေမည်။ ပြီးတော့ ကျန်းချောင်ပြောသလိုပင် သူနှင့် တာ့ရွှမ်တိုင်းပြည်ကြား မည်သည့်ပြဿနာမှ မရှိခဲ့ပေ။

သို့ပေသိ ခန်းမောက်ရှန်းတို့ညီအစ်ကို ပိုပြီးအလေးထားသည်က ထူးကဲယင်သရဖူ ဖြစ်သည်။

အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းဆိုသည်က ထူးခြားထင်ရှားပြီး အခြားသောပစ္စည်းများစွာထက် တန်ဖိုးရှိသည်။

ကျန်းချောင်က နေရာမှာပင် တည်ငြိမ်စွာရပ်နေပြီး ညီအစ်ကိုနှစ်ယောက်၏ ဆုံးဖြတ်ချက်ကို စိတ်ရှည်စွာ စောင့်ဆိုင်းနေ၏။

သူ ယုံကြည်မှုရှိနေသည်မှာ ထူးကဲယင်သရဖူကြောင့်လည်း ဖြစ်၏။

များပြားလှစွာသော သတင်းလမ်းကြောင်းများမှတစ်ဆင့် ထူးကဲယန်စည်းတံဆိပ်နှင့် ထူးကဲယင်သရဖူ၏ နောက်ခံကို သိရှိခဲ့ရပြီးနောက် ကျန်းချောင်အနေဖြင့် ပိုပြီး ယုံကြည်မှု ပြင်းထန်လာသည်။

ခန်းဖင်းတို့အုပ်စုကဲ့သို့ပင် ထူးကဲယင်သရဖူ၏ နောက်ကြောင်းရာဇဝင်ကို ပိုမိုနားလည်လာလေ ကွမ်းမင်ဂိုဏ်းကဲ့သို့သိုင်းဂိုဏ်းတစ်ခုနောက်သို့ မျက်စိစုံမှိတ်လိုက်နေရန် ပိုပြီးမဖြစ်နိုင်လေပင်။

ဆုံးဖြတ်ချက်မချရသေးသည့်တိုင် ခန်းမောက်ရှန်းတို့ညီအစ်ကိုက သူပြောသည့်စကားကို ငြင်းဆန်မည်မဟုတ်ကြောင်း ယုံကြည်ထားသည်။ အနည်းဆုံးတော့ သူ့ကို ခန်းဖင်းနှင့်တွေ့ဆုံရန် ခေါ်ဆောင်သွားပေလိမ့်မည်။

ပြီးတော့ ကျန်းချောင်က မန်ဝမ်၏တုံ့ပြန်မှုကိုလည်း အကဲခတ်လိုက်၏။

လက်ရှိတွင် မန်ဝမ်က သိုင်းဆရာသခင်တစ်ယောက်မျှသာ ဖြစ်သော်လည်း ထူးကဲယင်သရဖူကို ထိန်းချုပ်သူဖြစ်လေရာ ကျန်းချောင်ထက်ပင် စွမ်းအားမြင့်မားသည်ဟု ဆိုနိုင်သည်။

မန်ဝမ်အတွက်တော့ ကျန်းချောင်က ဘိုးဘေးဆရာသခင်တစ်ယောက်ဖြစ်သလို သြဇာကြီးသူတစ်ယောက်လည်း ဖြစ်သည်။ အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် သူမ၏ကံကြမ္မာကို ဆုံးဖြတ်နိုင်သော ဆရာဘိုးဘိုးဖြစ်သူ ဟွမ်ကွမ်လီထက်ပင် ပိုမိုဝါစဉ်ကြီးကာ စွမ်းအားမြင့်မားပေသည်။

သို့သော် အချိန်ကြာလာသည်နှင့်အမျှ မန်ဝမ်အနေဖြင့် ကျန်းချောင်နှင့် ကိုယ်တိုင်ကိုယ်ကျရင်ဆိုင်ပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်စွမ်း ရှိနေပြီ ဖြစ်၏။

ယခု သူမက စကားမဆိုဘဲ တိတ်ဆိတ်ငြိမ်သက်နေလေသည်။ ဒါကိုမြင်တော့ ကျန်းချန်စိတ်သက်သာရာရသွားသည့်တိုင် မန်ဝမ်စိတ်ထဲ ဘာတွေးနေသည်ကို အတိအကျ ခန့်မှန်းနိုင်ခြင်း မရှိပေ။

အခြားဘက်မှာတော့ ထန်ယုံဟောင်က မျက်မှောင်ကြုံ့ထားပြီး သူ့မျက်ဝန်းများတွင် စိုးရိပ်ပူပန်မှုများ ထင်ဟပ်နေသည်။

ကျန်းချောင်က ခန်းမောက်ရှန်းနှင့် ခန်းကျင်းယွမ်တို့ ညီအစ်ကိုအားကြည့်ရင်း ဖြည်းညင်းစွာဖြင့်...

“မင်းနဲ့ညီအစ်ကိုနဲ့ မပြေနိုင်တဲ့ရန်ငြိုးရှိတာက ကွမ်းမင်ဂိုဏ်းပါ ၊ ပြီးတော့ မင်းတို့တွေရဲ့ အဓိကရန်သူက ရန်ကျောက်ကဲ မဟုတ်လား”

သူက ဆက်ပြောသည်။

“ဒီအဘိုးကြီးရဲ့ အဆက်အနွယ်တွေကလည်း ရန်ကျောက်ကဲနဲ့ သူ့အဆက်အနွယ်တွေအပေါ် မပြေနိုင်တဲ့ ရန်ငြိုးတွေ ရှိနေပါတယ်”

All Chapters