← Chapters

အမြစ်ဖြတ် ရှင်းထုတ်ခံလိုက်ရသည့်မြို့

Vol. 28 Ch. 382

အမြစ်ဖြတ် ရှင်းထုတ်ခံလိုက်ရသည့်မြို့

Vol. 28 Ch. 382

ကိုးမိုမြို့

စုရွမ် တစ်ကိုယ်လုံးမှာ တုန်ယင်နေလေသည်။ သူမဘေးတွင် စန်းချိုက်ဟယ်နှင့် ယန်ကျဲတို့မှာလည်း လက်သီးကိုယ်စီ ဆုပ်ထားမိလိုက်ကြသည်။ သူတို့မျက်လုံးများမှာ နီရဲနေပြီး လူသတ်ငွေ့များ ပြည့်နှက်နေသည်။

မည်သူကမျှ စကားမပြောကြပေ။ သူတို့ရှေ့တွင် စကားတစ်လုံးမှ မထွက်လာစေနိုင်သည့် မြင်ကွင်း ရှိနေသည်။

ကိုးမိုမြို့မှာ ကျန်းမိုမြို့ တစ်ခုလုံးတွင် နံပါတ်တစ် ကျင့်ကြံမြို့ဟု ဆိုလို့ရပေသည်။ သို့သော် ယခုတွင် တစ္ဆေမြို့အလား ဖြစ်ပျက်နေသည်။ သူတို့သုံးယောက်မှလွဲ၍ နေရာတစ်ခုလုံးတွင် ရှင်သန်နေသည့် အငွေ့အသက် မရှိတော့ပေ။

မြို့တစ်ခုလုံးမှာ မီးလောင်တိုက်သွင်း ခံထားရပြီး မီးကျွမ်းကာ မည်းတူနေသည်။

စူးရှလေမြို့ အကျော်လေးရှိ ပထမဆုံးမြို့မှာ ကိုးမိုမြို့ ဖြစ်၏။ ကျန်းမိုနယ်မြေတွင် အရေးကြီးဆုံး မြို့ ဖြစ်ရုံသာမက လူဦးရေ အများဆုံးလည်း ဖြစ်ပေသည်။ ကိုးမိုမြို့တစ်ခုလုံးတွင် ကျင့်ကြံသူ၊ သေမျိုးများနှင့် ဖြတ်သွားဖြတ်လာ ကုန်သည်များနှင့်အတူ တပ်သားများ အရေအတွက်မှာ သန်းပေါင်း မြောက်မြားစွာ ဖြစ်သည်။

ထိုလူဦးရေ အများကြီးမှာ ဗလာနတ္တိအဖြစ် အဆုံးသတ်သွားကာ တစ်ယောက်မျှ မရှင်ကျန်ရစ်ပေ။ မြို့လို့ပင် ခေါ်ဆိုဖို့ရာ မဖြစ်နိင်တော့ချေ။

“ဘယ်သူလက်ချက်လဲ   ...” အချိန်တချို့အကြာတွင် ယန်ကျဲက ဒေါသတကြီး သွားကြားထဲမှ လေသံဖြင့် ရေရွတ်လိုက်သည်။ သူ့လက်သီးမှာ တင်းကျပ်စွာ စုပ်ထားမိ၍ သွေးများပင် ထွက်နေပြီ ဖြစ်၏။

ကိုးမိုမြို့မှာ ကျန်းမိုနယ်မြေ၏။ ကျန်းမိုနယ်မြေ အင်အား၏ မူလဇာစ်မြစ်လည်း ဖြစ်ပေသည်။ ယခု ကိုးမိုမြို့မှာ ရှင်းလင်းခံလိုက်ရ၍ ကျန်းမို၏ အသက်ပေါင်း ၂၀ ရာခိုင်နှုန်းလောက်ကို ဖယ်ရှားလိုက်ခြင်းနှင့် သဘောတူပေ၏။ သူတို့က ထိုမှ နာလန်ပြန်ထူလာလျှင်ပင် စိတ်ထိခိုက်စရာ ဒဏ်ရာကြီး ဖြစ်နေဦးမည် ဖြစ်သည်။

ကိုးမိုမြို့အတွက် အုပ်ချုပ်သူမှာ  မိုဝူကျီ အသစ်ချမှတ်ပေးထားသော ဝူရှန်း ခန်းမသခင် ဖေးချောင်က တာဝန်ယူထားခြင်း ဖြစ်သည်။ အရင်ဘုန်းကြီးဝူရှန်းမှာ မိုဝူကျီက ကြယ်တာရာ ဘုရင်တောင်မှ ထုတ်ပယ်ထားလိုက်ပြီ ဖြစ်၏။ မိုဝူကျီက ချီဟော်အာအား  ဘုန်းကြီးဝူရှန်း၏ တပ်ကို ဖယ်ရှားခိုင်းထားသည်။

ထိုစဉ် အသက်ငွေ့ငွေ့လေးကို ခံစားမိလိုက်ကြသည်။ စုရွမ်နှင့် အခြားလူများက သူတို့အာရုံကို ချက်ချင်း ပြောင်းလိုက်ကြတော့သည်။

ယန်ကျဲက လက်မြှောက်လိုက်ပြီး အပျက်အစီးများနှင့် အုတ်ကျိုးအုတ်ပဲ့များကို ဖယ်ရှားလိုက်သည်။ ထိုအပျက်အစီးများကြား အက်ကွဲကြောင်း ဖြစ်ပေါ်လာပြီး  ပိန်ချုံးချည့်နဲ့နေသည့် အမျိုးသားက ထွက်ပေါ်လာသည်။

“ခန်းမသခင်ဖေး ...  ရှင် အသက်ရှင်နေသေးတာပဲ” စုရွမ်က စိတ်လှုပ်ရှားစွာ ရှေ့တိုးရင်း ပြောလိုက်သည်။

ဖေးချောင်မှာ အသက်ရှင်နေသော်လည်း အသက်ရှင်ရုံဆိုမျှသာ ဖြစ်၏။ သူ့တစ်ကိုယ်လုံးမှာ သွေးချင်းနီရဲနေပြီး ဝိညာဉ်စွမ်းအားများမှာလည်း လျော့ပါးနေသည်။ သူ ဒဏ်ရာအပြင်းအထန် ရထားသည်မှာ သိသာလှသည်။

“ကျုပ်ကို ဂရုမစိုက်နဲ့ဦး ... မြန်မြန် ကြယ်တာရာသခင်ဆီ သတင်းပို့လိုက်ပါ ...” ဖေးချောင် စကားမဆုံးခင် သွေးတစ်ပွက် အန်သွားသောကြောင့် ပို၍ ဖြူဖျော့သွား၏။

ယန်ကျဲက ဖေးချောင်ပါးစပ်ထဲ ဆေးတစ်လုံး တိုက်ပေးလိုက်ပြီးနောက် အသံကို နိမ့်ကာ မေးလိုက်သည်။

“ကိစ္စတွေက ဖြစ်ပြီးသွားပြီပဲ။ ဖြည်းဖြည်းပြောပါ ... ဘယ်သူလုပ်လုပ် ကြယ်တာရာသခင်က သေချာပေါက် အလွတ်ပေးမှာ မဟုတ်ဘူးဆိုတာ သေချာတယ်။ ကျုပ်တို့ ကြယ်တာရာသခင်နဲ့ ကျန်းရှင်းတစ်ခုလုံးက သူ့ကို အလွတ်ပေးမှာ မဟုတ်ဘူး”

ယန်ကျဲက သူ့အမျက်ဒေါသကို ဖြည်းဖြည်းချင်း ချိုးနှိမ်ထားရသည်။ သူက ပြဿနာများကို ဖြေရှင်းဖို့ရာ ဒေါသတရားဖြင့် မဖြစ်ကြောင်း သိထားသည်။

လက်စားချေရမည် ...   သွေးကြွေးကို သွေးကြွေးနှင့်သာ ပြန်လည် ပေးဆပ်သင့်သည်။

သို့သော်လည်း ကိုးမိုမြို့ကို ဖျက်ဆီးလိုက်သူမှာ ရိုးရှင်းသည့်သူ မဟုတ်ချေ။ ထိုသို့မျိုး အဆင့်မြင့် ပုဂ္ဂိုလ်နှင့် ရင်ဆိုင်သည့်အခါ စိတ်အေးအေး ထားဖို့ လိုအပ်ပေသည်။

ဖေးချောင်က တည်ငြိမ်လာပြီး ခြောက်ကပ်ကပ် ပြောလိုက်သည်။

“ကိုးမိုမြို့ကို လူသုံးယောက်တည်းနဲ့ ဖျက်ဆီးသွားတာ။ သူတို့သုံးယောက်ထဲမှာ နှစ်ယောက်ကို သိတယ်။ တစ်ယောက်က ကျိုးပျက်ဂိုဏ်းချုပ် ကျူးချူနဲ့ နောက်တစ်ယောက်က အာကာသ ဝံပုလွေဘုရင်ကြီးရဲ့ အကြီးဆုံးသား ကန်ကြွယ်ပဲ ... တတိယမြောက်လူကို နည်းနည်းတော့ ရင်းနှီးနေသလို ရှိတယ်။ သူ့မျက်ခုံးကြားမှာ အနှံပုံစံလိုမျိုး ဖျော့ဖျော့လေး ရှိတယ် ကြည့်ရတာ အတော်လေး ထူးဆန်းတယ် ...”

(မှတ်ချက် - စပါးနှံလိုမျိုး ပုံရိပ်လေးပါ)

ဖေးချောင်စကားများကို နားထောင်ပြီးနောက် စုရွှမ်နှင့် ကျန်လူများက လေအေးများ မှုတ်ထုတ်လိုက်ကြသည်။ ကျူးချူက ထွက်ပေါ်လာသည်နှင့် ချက်ချင်းဆိုသလို ကိုးမိုမြို့ မြေခခဲ့ရလေပြီ။ ဖေးချောင်က တခြားစကားများ မပြောလျှင်ပင် ထိုအရာမှာ အဆုံးသတ် မဟုတ်သေးကြောင်း သိကြ၏။

စုရွှမ်နှင့် ကျန်လူများက ကန်ကြွယ်ကို ပိုသိကြလေသည်။ ထိုသူမှာ အာကာသ ဝံပုလွေဘုရင်ကြီး၏ အကြီးဆုံးသား ဖြစ်ကာ ဘုရင်ကြီးမရှိချိန်တွင် သူက ဝံပုလွေဘုရင်တောင်၏ သခင် ဖြစ်သည်။ ထို့အပြင် ကန်ကြွယ်၏ ကျင့်ကြံခြင်းမှာ အင်မတန် အားကောင်းပြီး အဆင့် ၉ အစောပိုင်း ဖြစ်၏။ ပြောရလျှင် သူက မြေကမ္ဘာအင်မော်တယ် အစောပိုင်းအဆင့်နှင့် တူညီလေသည်။  သူ့တွင် “တစ်ဂျိုပါ ဝံပုလွေဘုရင်ကြီး” ဟူ၍ နာမည်ပြောင်တစ်ခု ရှိသေးလေ၏။

“တတိယလူကို ကျုပ်သိပြီ ... သူက ကူနို့ကြယ်တာရာမျိုးနွယ်စုရဲ့ ဟူဗာ ဖြစ်လိမ့်မယ်။ သူက လောကအင်မော်တယ်အဆင့် ဆိုပေမဲ့ အတော်လေး အားကောင်းတယ်။ သူက ညှို့ဓာတ်ပညာရပ်ကို ကျွမ်းကျင်တဲ့ သူပဲ” ယန်ကျဲက ပြောလိုက်သည်။

ဖေးချောင်က ဆက်ပြောလိုက်သည်။

“ကျူးချူက ကြယ်တာရာသခင် ရိုက်ချက် ခံပြီးနောက် အပြည့်အဝတော့ ပြန်ကောင်းသေးပုံ မပေါ်ဘူး။ ဒါပေမဲ့ ကန်ကြွယ်ကိုက အတော်လေး အားကောင်းနေပြီ။ ကျုပ်မှာသာ အဆင့် ၉ ဖုံးကွယ်ရေး အဆောင်မရှိရင် ကျုပ်အသက်တော့ မရှိလောက်တော့ဘူး ...”

စုရွမ်က ထိုအရာကို ကြားသောအခါ ချက်ချင်း ပြောလိုက်သည်

“ခန်းမသခင်ဖေး ... အဲဆို ရှင် ကြယ်တာရာဘုရင်တောင်ကို ချက်ချင်း ပြန်ရမယ်။ ပြီးသွားရင် ဒီကိစ္စကို ကြယ်တာရာသခင်ဆီ တင်ပြရမယ် ...

ကြယ်တာရာသခင်က တံခါးပိတ် ကျင့်ကြံနေတယ်ဆိုပေမဲ့ ကြယ်တာရာသခင်ကို ဖြစ်နိုင်သမျှ မြန်မြန် အသိပေးရမယ်။ အစ်မချိုက်နဲ့ ကျမက လောကခန်းမကို အရင်သွားနှင့်မယ်။ ကန်ကွယ်က အာကာသက လာရမှာဆိုတော့ လောကခန်းမက အန္တရာယ်ထဲ ရှိနေလောက်ပြီ။ ခန်းမသခင်ယန်က စူးရှလေမြို့ကို တစ်ချက်သွားကြည့်ပါ ... ကိုးမိုမြို့လိုတော့ မဖြစ်လောက်သေးဘူး ...”

***

ကြယ်တာရာသခင်တောင်

“ဘမ်း” မိုဝူကျီဆီမှ ပြင်းထန်သည့် သဘာဝစွမ်းအားများ ထွက်ပေါ်လာပြီး အဝတ်အစားများပင် တစ်စစီ ဖြစ်သွားလေ၏။

မိုဝူကျီက ရုတ်တရက် ထရပ်လိုက်ကာ သူ့ဘေးပတ်လည်မှ ဝိညာဉ်စွမ်းအားများမှာ တဟုန်းဟုန်း မြည်ကြွေးနေသည်။ ထိုစဉ် ကြယ်တာရာသခင်တောင်မှ ဝိညာဉ်စွမ်းအားများမှာ ရုပ်ပိုင်းဆိုင်ရာ သရုပ်ပေါ်လာပြီး မိုဝူကျီကို လွှမ်းခြုံပေးထားသည်။

မိုဝူကျီက သူ့စွမ်းအားများ မြင့်တက်လာပြီး အဆများစွာ အားကောင်းလာသည်ကို ခံစားမိလိုက်သည်။ သူက လက်တစ်ဖက်မြှောက်၍ သူ့ရှေ့မှ အတားအဆီးများကို ချေဖျက်လိုက်သည်။

ထိုအရာမှာ ပုံရိပ်ယောင် ဖြစ်မှန်း သိသော်လည်း သူ့စွမ်းအားများနှင့်အတူ ခရမ်းစွမ်းအားများက ရူးသွပ်လောက်အောင် ကြီးထွားလာနေသည်။

“ဘုန်း”

တိမ်ကြားမှ လျှပ်စီးမိုးကြိုး  တစ်ချက် ကျဆင်းလာသည်။ မိုဝူကျီက တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာရန် အလျင်မလိုဘဲ ကြယ်တာရာသခင်တောင်ထိပ်၌ နေနေလိုက်သည်။

မိုဝူကျီ ထွက်လာသည့် အခိုက်အတန့်၌ လျှပ်စီးမိုးကြိုး ခုနစ်ချက်၊ ရှစ်ချက်ခန့် ကျရောက်လာသည်။

မိုဝူကျီက သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းလိုက်ပြီး ချီသွေးကြော ၁၀၆ ခုလုံးမှာ လှည့်ပတ် ကွန်ရက်အကြီးကြီး ဖြစ်ပေါ်လာသည်။ သူက ရေများကို စုပ်ယူလိုက်သည့် ဝေလငါးကြီးအလား ဝိညာဉ်စွမ်းအားများကို အငမ်းအရ စုပ်ယူနေသည်။ သူ့လက်သီးချက်များကို ဆန့်ထုတ်လိုက်ပြီး သူ့လောက အင်မော်တယ် မိုးကြိုးစမ်းသပ်ချက် ကျရောက်လာပြီ ဖြစ်ကြောင်း သိလိုက်သည်။

လျှပ်စီးမိုးကြိုး ခံယူပြီးသည့်နောက်တွင် သူက အစစ်အမှန် လောကအင်မော်တယ် တစ်ယောက် ဖြစ်လာလိမ့်မည်။

သူ့ပြောင်းပြန် လှည့်ပတ်ခြင်းက အခြားလူများထက် ကျင့်ကြံခြင်း အရင်းအမြစ်များ ပိုမိုလိုအပ်ပေသည်။ သို့သော် အကောင်းကြီးလည်း မဟုတ်သလို အဆိုးကြီးလည်း မဟုတ်ပေ။ အနည်းဆုံးတော့ တခြားလူများကဲ့သို့ နောက်တစ်ဆင့် တက်လုနီးပါးတွင် အတားအဆီး ပိတ်မိမနေပေ။ တခြားနည်းဖြင့် ဆိုရလျှင် သူ့၌ ဝိညာဉ်စွမ်းအား လုံလုံလောက်လောက် ရှိရန်သာ လိုအပ်ကာ နောက်တစ်ဆင့်မှာ အလိုလို ရောက်ရှိ သွားပေလိမ့်မည်။

အကယ်၍ တခြားကျင့်ကြံသူ ဆိုပါက သူတို့က အဆင့်တက်လှမ်းရန် ဝိညာဉ်ပစ္စည်းများ ရှာဖို့ရာ လိုအပ်သည်။

ဤတစ်ကြိမ်တွင် သူက ကျောက်တုံး အတုံး ၂၀ နှင့် ကြယ်တာရာ သခင်တောင်မှ စွမ်းအားများကို အသုံးပြုခဲ့သည်။ လေးလတာ ကျင့်ကြံပြီးနောက် သူက လောကအင်မော်တယ် ဖြစ်လာဖို့ရန် ကြိုဆိုခြင်း ခံနေရလေပြီ။

***

ကြယ်တာရာသခင်တောင် အပြင်ဘက်တွင် ချီဟော်အာက ကြယ်တာရာသခင်တောင် အထက် မိုးကြိုးတိမ်များ မြင်လိုက်မိ၍ လက်သီးဆုပ်ထားမိသည်။ သူမျက်လုံးတွင် ခံစားချက်များနှင့် ပြည့်နေပြီး ကြယ်တာရာသခင်က မိုးကြိုးစမ်းသပ်ချက် ခံယူနေရမှန်း သိလိုက်သည်။

ကြယ်တာရာသခင်က တစ်နှစ်ကြာ တံခါးပိတ် ကျင့်ကြံနေမည်ဟု ပြောခဲ့သော်လည်း သူက ကြယ်တာရာသခင်က လောကအင်မော်တယ် အဆင့် ရောက်ဖို့ရန် အနည်းဆုံး သုံးလေးနှစ်တော့ လိုလိမ့်မည်ဟု ထင်ခဲ့မိသည်။ ကြယ်တာရာသခင်က တစ်နှစ်အတွင်း မိုးကြိုးစမ်းသပ်ချက်ကို ခံယူနေရလေပြီ။

သူက ကြယ်တာရာ သခင်များစွာနောက် လိုက်ဖူးပြီး အရင်က ကြယ်တာရာသခင် ဟန်လီကိုပင် အလုပ်အကျွေးပြုခဲ့ဖူးသည်။ သို့သော်လည်း သူကျေနပ်အားအရဆုံး ကြယ်တာရာသခင်မှာ သူ့ရှေ့တွင် ရှိနေသော ကြယ်တာရာသခင်မိုသာ ဖြစ်၏။

ကြယ်တာရာသခင်မိုက ဆုံးဖြတ်ချက် ပြတ်သားသည့် စရိုက်ရှိကာ ပါရမီမှာလည်း အရင်ကြယ်တာရာသခင်များက လိုက်ယှဉ်၍ မရချေ။ အရေးကြီးဆုံးမှာ ကြယ်တာရာသခင်မိုက လူများစွာ အသက်မရှူနိုင် ဖြစ်သွားလောက်အောင်အထိ စွမ်းအားကြီးမားသည်။ အကယ်၍ ချီဟော်အာက အချိန်ပြန်နောက်ဆုတ်၍ ကြယ်တာရာသခင်နှင့် ကျူးချူတို့ အကြိမ် တစ်သောင်းတိုက်ပွဲ ဖြစ်လျှင်ပင် စစ်မှန်ခြင်းနတ်ဘုရားအဆင့်က ကျူးချူကို အလစ်ဖမ်း တိုက်ခိုက်ပြီး ဒဏ်ရာအပြင်းအထန် ရစေခဲ့မည့် ကိစ္စကို သူ့ကိုယ်သူ ပြန်ပြောမိလျှင်ပင်  မယုံကြည်နိုင်သေးပေ။

သို့သော် လက်တွေ့မှာလည်း ဤသို့ ဖြစ်ခဲ့လေသည်။ ကြယ်တာရာသခင်က ကျုးချူကို အလစ်ဖမ်း တိုက်ခိုက်ခဲ့ရုံသာမက ဒဏ်ရာအပြင်းအထန် ရသွားစေသေးသည် မဟုတ်ပါလော။

ချီဟော်အာ၏ စိတ်လှုပ်ရှားမှုမှာ အမွှေးတိုင်တစ်ဝက်ခန့်သာ ကြာရှည်လိုက်သည်။ ထို့နောက် သူ့မျက်နှာအမူအရာ ပြောင်းလဲသွားတော့သည်။ ကြယ်တာရာ သခင်တောင်ပေါ် ကျရောက်နေသော လျှပ်စီးမိုးကြိုးများမှာ ပိုပို၍ ကြောက်ဖို့ ကောင်းလာသည်။ မြေကြီးများ တုန်လှုပ်သွားစေပြီး ကြယ်တာရာ ဘုရင်တောင်တစ်ခုလုံးတွင် ဟိန်းထွက်နေသည်။ နှစ်များစွာ ကြာသည့်အထိ ကြယ်တာရာ ဘုရင်တောင်တွင် လူများစွာ  လောကအင်မော်တယ် စမ်းသပ်ချက် ခံယူသည်ကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ဖူးသော်လည်း မိုဝူကျီခံယူနေသည့် အရာလောက် ကြောက်စရာ ကောင်းသည့် မိုးကြိုးစမ်းသပ်ချက်ကို မတွေ့ဖူးပေ။

ထိုကြီးမားပြီး အဆုံးမဲ့သည့် လျှပ်စီးမိုးကြိုးချက်များက ကျဆင်းနေဆဲ ဖြစ်သည်။

ထိုအရာက ဘယ်လိုလုပ် လောကအင်မော်တယ် တစ်ယောက်အတွက် ဖြစ်နိုင်မည်နည်း။ မြေကမ္ဘာ အင်မော်တယ်အဆင့် ရောက်နေပြီ မဟုတ်ဘူးလား ...  အတိအကျဆိုရလျှင် မြေကမ္ဘာ အင်မော်တယ် စမ်းသပ်ချက် ထက်ပင် ကြောက်ဖို့ ကောင်းသေးသည်။

***

“ဘုန်း ဘုန်း ဘုန်း”

မိုးကြိုးချက်ကြီးများက မိုဝူကျီပေါ် ဆက်တိုက် ကျရောက်နေလေသည်။ မိုဝူကျီက သူ့ခန္ဓာကိုယ်ထဲမှ ဆဲလ်တိုင်း လောင်ကျွမ်းနေသည်ဟု ခံစားနေရသည်။ သူက အတော်လေး စိတ်လှုပ်ရှားမိနေသည်။ စိတ်လှုပ်ရှားမိနေပြီး မစိုးရိမ်မိပေ။ ထို့အစား သူက စမ်းသပ်ချက် ခံယူဖို့ရာ စောင့်မျှော်နေသေး၏။

လောကလျှပ်စီးဇာစ်မြစ်ထဲမှာ နှစ်များစွာ ကျင့်ကြံပြီးနောက် မိုဝူကျီက လျှပ်စီးအမျိုးမျိုးကို နေသားကျနေလေပြီ။ သို့သော်လည်း လျှပ်စီးဇာစ်မြစ်မှ ပြင်းထန်လှသည့် လျှပ်စီးချက်များနှင့် ယှဉ်လျှင် စမ်းသပ်ချက်မှ လျှပ်စီးအားက တခြားစွမ်းအားများ ပါဝင်နေသည်။ မိုဝူကျီက ထိုလျှပ်စီးမိုးကြိုးအတွင်း ပဟေဠိဆန်ဆန် ထူးဆန်းမှုများကို ခံစားမိသည်။

လျှပ်စီးမိုးကြိုးချက်များက ပိုပို၍ စုစည်းလာနေပြီး ထူထပ်လာနေသည်။  မိုဝူကျီ ကိုယ်တိုင်ပင် စမ်းသပ်ချက် ဘယ်နှချက် ခံယူပြီးမှန်း မသိတော့ပေ။ သို့သော်လည်း သူ့ခန္ဓာကိုယ်မှာ စိတ်လှုပ်ရှားမှုနှင့် တုန်ယင်နေဆဲ ဖြစ်သည်။

မိုးကြိုးချက်များက မိုဝူကျီ ခန္ဓာအပေါ် ကျရောက်နေဆဲ ဖြစ်သည်။ သူ့အရိုးများ ကျိုးကွဲသွားခြင်းမှ လွဲ၍ လျှပ်စီးအားများမှာ လျှပ်စီးအဆီအနှစ်အဖြစ် ပြောင်းလဲသွားပြီး မိုဝူကျီ၏ ချီသွေးကြောများဆီ ဝင်ရောက်သွားတော့သည်။ သူ့ချီသွေးကြော ၁၀၆ ခု ပြောင်းပြန် လှည့်ပတ်မှုအောက်တွင် ထိုလျှပ်စီး အဆီအနှစ်များနှင့် ဝိညာဉ်စွမ်းအားက အစစ်အမှန် စွမ်းအားအဖြစ် ချက်ချင်း ပြောင်းလဲသွားပြီး သူ့ကျင့်ကြံဆင့်ကို ဆက်တိုက် တိုးပွားလာစေသည်။

ထိုသို့စွမ်းအားများနှင့် တွေ့ဆုံသည့်အခါ သူ့အရိုးကျိုးသည့် နာကျင်မှုမှာ ကလိယားထိုးသလောက်သာ ဖြစ်၏။  အရင်တုန်းက သူက ထိုထက်ဆိုးရွားသည့် နာကျင်မှုမျိုး ကြုံတွေ့ဖူးလေသည်။

“ဘုန်း”

နောက်ထပ် မိုးကြိုးချက် ကျရောက်လာပြန်သည်။ မိုဝူကျီက ထိုပြင်းထန်လှသည့် စွမ်းအားများနှင့် လျှပ်စီးအဆီအနှစ်များကို စုပ်ယူပြီးနောက် သူ့ခန္ဓာကိုယ်ထဲမှ အတားအဆီးများ ကျိုးပျက်သွားတော့သည်။

သူ့ရှေ့တွင် ကမ္ဘာအသစ် ပေါ်လာသည်။ နောက်ကျိကျိက လည်ပင်းထဲ စီးဆင်းသွားလေသည်။ မိုဝူကျီက ပါးစပ်ဖွင့်၍ အားရပါးရ ဟစ်ကြွေးလိုက်သည့်အခါ ထိုနောက်ကျိကျိက အပြင်ထွက်လာသည်။ အသက်ဓာတ်များက သူ့ခန္ဓာတွင်း စီးဆင်းလာသည်။

ထိုအရာမှာ လောကအင်မော်တယ်အဆင့် ဖြစ်၏။ မိုးကြိုးချက်များက ရေတံခွန်အလား ဆက်တိုက်ကျရောက် လာသော်လည်း မိုဝူကျီ အကြည့်မှာ အဝေးမှ တိမ်များပေါ်တွင် ဖြစ်၏။ သူ့စိတ်အတွင်း၌ သွေးပွက်ပွက်ဆူနေလေသည်။ သူက ကျူးချူကို ရှာ၍ ချက်ချင်း တိုက်ခိုက်ပစ်ချင်နေသည်။

မိုဝူကျီက ယခုမှသာ စစ်မှန်ခြင်း နတ်ဘုရားအဆင့်နှင့် လောကအင်မော်တယ် အဆင့်ကြားမှ တကယ့်ခြားနားချက် အစစ်အမှန်ကို သိလိုက်ရသည်။ တခြားလူများအတွက် နှစ်ဆင်းလုံးမှာ ကောင်းကင်နယ်ပယ်ထဲက ဖြစ်ပေသည်။  အဆင့်နှစ်ခုကြားမှ ကွာခြားချက်သည် ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့်နှင့် စစ်မှန်ခြင်း နတ်ဘုရား အဆင့်ကြားထက်တော့ မကြီးမားပေ။

သို့သော်လည်း သူက လောကအင်မော်တယ် အဆင့် ဖြစ်လာသည့်အခါ ထိုခြားနားချက်မှာ စကားလုံးနှင့်ပင် ဖော်ပြ၍ မရမှန်း နားလည်လာသည်။ ထိုစဉ် ကျူးချူသည် လောကအင်မော်တယ် အလယ်အလတ်အဆင့်ဖြင့် မြေကမ္ဘာအင်မော်တယ် အစောပိုင်းအဆင့်ကို သတ်နိုင်မှန်း နားလည်သွားပေသည်။

ကျူးချူနှင့် သူတို့မှာ တူညီသော လူများ ဖြစ်လေ၏။ အတိအကျဆိုရလျှင် ကျူးချူ၏ ကျင့်စဉ်မှာ သူနှင့် တူပေသည်။ သူတို့နှစ်ခုလုံးမှာ ထိပ်သီးကျင့်စဉ်များ ဖြစ်ကြသည်။ ထိုသို့မျိုး ကျင့်စဉ်ကို ကျင့်ကြံခြင်းက အဆင့်မြင့်လာသည်နှင့်  သူတို့စွမ်းအားများကို အဆများစွာ တိုးပွားလာစေသည်။

မိုဝူကျီ ခေါင်းအထက်တွင် မိုးကြိုးတိမ်များ ရှိနေဆဲ ဖြစ်သည်။ မိုဝူကျီက ထိုမိုးကြိုးချက်များမှ စွမ်းအားများအားလုံးကို စုပ်ယူနေသောကြောင့် ဂရုမစိုက်ချေ။ သူက အားလုံးကို စုပ်ယူလိုက်သည်။ လျှပ်စီးအဆီအနှစ် ဖြစ်စေ၊ တစ်မူထူးနေသည့် စွမ်းအားများ ဖြစ်စေ ထိုသို့သော အခွင့်အရေးမျိုးက ခဏတိုင်း မရနိုင်ပေ။

သူက သူ့ကျင့်ကြံဆင့်နှင့် စွမ်းအား အဆမတန် တိုးပွားလာသည့် ခံစားချက်ကို သဘောတွေ့နေသည်။

***

All Chapters