ဖျက်ဆီးခံရမည့် ဝံပုလွေဘုရင်တောင်
Vol. 28 Ch. 386
မိုဝူကျီနှင့် ကန်ကြွယ်တို့ကြားမှ တိုက်ပွဲကြီး ပြီးဆသည့်နောက်တွင် စူးရှလေမြို့မှာ တိတ်တဆိတ် ကျန်ရှိနေဆဲ ဖြစ်သည်။ အားလုံးက မိုဝူကျီကို ကန်ကြွယ် မီးတောက်ကော်ဇော ဝါးမျိုသွားသည်ကို မြင်တွေ့လိုက်ကြရသည်။ မည်သူမျှ ဘာမျှ မပြောသော်လည်း စူးရှလေမြို့မှ ကျင့်ကြံသူတိုင်းက ကြယ်တာရာသခင်သာ အသတ်ခံလိုက်ရပါက သူတို့သည်လည်း မကြာခင် သူ့နောက် လိုက်သွားရမည်မှန်း သိထားကြ၍ စိုးရိမ်ပူပင် နေကြသည်။
အကယ်၍ ယန်ကျဲနှင့် စုယွီတို့က ကာကွယ်ရေး အစီအရင် အပြင်ဘက်တွင် ရပ်မနေပါက တချို့သည် စူးရှလေမြို့မှ ထွက်ပြေးဖို့ရာ ကြိုးစားကြလိမ့်မည်။
တိမ်များကင်းစင် သွားသည့်နောက်တွင် ကြယ်တာရာသခင်က မီးတောက်ကော်ဇော အတွင်းမှ ထွက်ပေါ်လာလိမ့်မည်ဟု မည်သူက တွေးထားမည်နည်း။ အားလုံးက မိုဝူကျီကို သတိပြုမိလိုက်သည့်အခါ ကန်ကြွယ်မှာ မိုဝူကျီလက်ချက်ဖြင့် လွင့်ထွက်သွားပြီ ဖြစ်၏။
ခဏအကြာတွင် စူးရှလေမြို့မှာ ပျော်ရွှင်သံများ သောင်းသောင်းဖြဖြ ကြီးစိုးသွားလေသည်။
ကန်ကြွယ်က ထွက်သွားဖို့ရာ အလျင်လိုနေသော်လည်း မိုဝူကျီလက်ချက်ဖြင့် နှလုံးအနောက်ဘက်မှ ထိုးဖောက် ခံလိုက်ရသည့်အခါ သူ့အတွက် အဆုံးသတ်မှန်း သိလိုက်သည်။ သူက မိုဝူကျီသည် ရွှေ့ပြောင်းစွမ်းရည် ပညာရပ်ကို သင်ယူထားမှန်း သိသော်လည်း ဤသို့ ဒဏ်ရာမျိုးနှင့် ထွက်ပြေးဖို့ ကြိုးစားမိသည့် သူ့ကိုယ်သူသာ ဟားတိုက် ရယ်မော မိလိုက်တော့သည်။
အကယ်၍ သူသာ တခြားအဆင့်မြင့် ကျင့်ကြံသူနှင့် ရင်ဆိုင်တွေ့လျှင် ကန်ကြွယ်က ထွက်ပြေး နိုင်ဦးမည် ဖြစ်သော်လည်း ရင်ဆိုင်နေရသူမှာ သူ့ထက် အားမနည်းသည့် မိုဝူကျီ ဖြစ်နေသည်။ ထို့အပြင် သူက ဒဏ်ရာ အပြင်းအထန် ရထားစဉ် မိုဝူကျီက သူ့မီးတောက် ကော်ဇောကိုလည်း ချုပ်နှောင်ထား၍ ယနေ့ သူ အသက်ရှင်မည့်အကြောင်း မည်သို့ စဉ်းစားနိုင်တော့ မည်နည်း။
ယနေ့ မကျော်လွန်နိုင်မှန်း သတိပြုမိသောအခါ ကန်ကြွယ်က ဒူးထောက်ကာ ထွက်ပြေး လွတ်မြောက်ဖို့ရာ ကြိုးစားမည့်အစား မိုဝူကျီကို စိုက်ကြည့်ကာ
“မျိုးရိုး မို ... ဒီနေ့ ငါ့ကို သတ်နိုင်တယ်။ ဒါပေမဲ့ ငါ့အဖေက မင်းကို နောက်ရက်ကျ အပိုင်းပိုင်း အစစ လုပ်ပစ်ပြီးတော့ ကျန်းရှင်းတစ်ခုလုံးကို မီးလောင်တိုက် သွင်းပစ်လိမ့်မယ်”
သူက သေရမှာကို သိနေသော်လည်း ကန်ကြွယ်က သူ့အဖေ၏ နာမည်ကို ပြောခြင်းဖြင့် မျှော်လင့်ချက်လေး ရမလားဟု မျှော်လင့်ချက်အသေးလေး လက်ကိုင်ထားသေးသည်။
မိုဝူကျီက ခပ်တိုးတိုး ပြောလိုက်သည် “အခု ခင်ဗျားကို မသတ်ဘူး .....”
ကန်ကြွယ်က ဝမ်းသာသွားကာ မြန်မြန် ပြောလိုက်သည် “မင်းသာ ငါ့ကို လွတ်ပေးရင် နောက်ပိုင်းကျ ငါတို့ ဝံပုလွေဘုရင်တောင်နဲ့ မင်းကြားမှာ ဘာအဖုအထစ်မှ မဖြစ်လာစေရဘူးလို့ ကတိပေးတယ်။ ငါ့အဖေ အာကာသ ဝံပုလွေဘုရင်ကြီးလည်း မင်းကို နောက်တစ်ခါ လာရှာတော့မှာ မဟုတ်ဘူး ...”
မိုဝူကျီက ခေါင်းခါလိုက်ပြီး “ခင်ဗျား မှားနေပြီ။ ကျုပ်နဲ့ ဝံပုလွေဘုရင်တောင်က ရန်ငြိုးက ဒီနေ့ အဆုံးသတ်သွားမှာ မဟုတ်ဘူး။ ကျုပ် ဒီနေရာမှာ လိုအပ်တာတွေ စီစဉ်ပြီးတာနဲ့ ခင်ဗျားတို့ ဝံပုလွေဘုရင်တောင် တစ်ခုလုံးကို ဖြိုချပစ်မှာ
ခင်ဗျားက ကျုပ်ကိုးမိုမြို့က လူတွေကို သတ်ခဲ့တာဆိုတော့ ခင်ဗျားတို့ ဝံပုလွေဘုရင်တောင် မြေခတာ ဖြစ်သင့်တာပဲမလား။ ခင်ဗျားအဖေကိုတော့ ကျုပ် မိုဝူကျီက လုံးဝ မကြောက်ဘူး ...”
ကန်ကြွယ်က မိုဝူကျီသည် ချီထုံနှင့် မတူမှန်း သတိပြုမိလိုက်ပြီးနောက် ကြောင်အသွားသည်။ ချီထုံက သူတို့အကြိုက် အမြဲလုပ်ပေးတတ်သူ ဖြစ်ကာ မိုဝူကျီက လောက အင်မော်တယ်အဆင့် ဖြစ်သော်လည်း သူ့ကို အလွယ်တကူ အနိုင်ယူနိုင်လေသည်။ သူသာ မြေကမ္ဘာအင်မော်တယ်အဆင့် ရောက်လာပါက မိုဝူကျီသည် သေချာပေါက် သူ့အဖေကို ကြောက်မည် မဟုတ်ချေ။
“ဖူး”
ကန်ကြွယ်က မိန်းမောနေစဉ် မိုဝူကျီက နောက်ထပ် လျှပ်စီးဓားကို ပစ်လိုက်သည်။ လျှပ်စီးဓားမှာ ကန်ကြွယ်၏ ရင်ဘတ်တည့်တည့်ကို ထိုးဖောက် သွားသောကြောင့် ခြေလှမ်း အနည်းငယ် နောက်ဆုတ်သွားကာ မြေပြင်ပေါ် ထိုင်လျက် လဲကျသွားသည်။
ကန်ကြွယ် ညည်းညူသံကို စောင့်မနေတော့ဘဲ မိုဝူကျီက လက်ကို မြှောက်လိုက်သည့်အခါ ပညာရှင်နှလုံးသားမှာ အပြာရောင် မီးတောက်အဖြစ် ပြောင်းသွားကာ ကန်ကြွယ်ကို ဝန်းရံသွားသည်။ သူက ပညာရှင်နှလုံးသား အပူချိန်ကို ခံစားမိသောအခါ ကန်ကြွယ်မျက်လုံး အတွင်းမှ အကြောက်တရား ဖြတ်ပြေးသွားလေသည်။ မိုဝူကျီသည် သူ မိုဝူကျီအပေါ် ဖြည်းဖြည်းချင်း မီးလောင်တိုက်သွင်း သတ်မည့်အတိုင်း မိုဝူကျီက လုပ်ဆောင်လိုက်ကြောင်း ခန့်မှန်းမိလိုက်သည်။
“ခင်ဗျားက မီးနဲ့ကစားရတာ ကြိုက်မှတော့ ဖြည်းဖြည်းချင်း ခံစားကြည့်ပါဦး ...”
သူက ပြောချင်တာ ပြောပြီးနောက်တွင် မီးတောက်ကော်ဇောကို ကောက်ယူလိုက်သည်။ ထိုကော်ဇောမှာ အလွန် အားကောင်းလှသည်။ သူပင် ရှုံးတော့မလို ဖြစ်သွားလေ၏။ ထိုမီးတောက်ကော်ဇောမှ မီးတောက်မှာ ပညာရှင်နှလုံးသားကို လိုက်မီနိုင်စွမ်း ရှိသည်။ ယခု ထိုမီးတောက်မှာ ခြေကုန် လက်ပန်းကျနေပြီ ဖြစ်၍ နောက်ပိုင်း အချိန်သာရလျှင် သေချာ လေ့လာ စစ်ဆန်းကြည့်ရမည်။
“အာကာသ ဝံပုလွေဘုရင်ကြီးက မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး” ကန်ကြွယ်က တစ်ကိုယ်လုံး သွေးမြူအဖြစ် မပြောင်းလဲသွားခင် ဒေါသတကြီး အော်ပြောလိုက်သည်။
“ကြယ်တာရာသခင် ... လောကခန်းမကို သွားတော့မှာလား” စိုးရိမ်ပူပင်နေသည့် ယန်ကျဲမှာ အရင်ဆုံး ပြေးလာခြင်း ဖြစ်သည်။
မိုဝူကျီက အဝေးတစ်နေရာကို ကြည့်ကာ ခေါင်းညိတ် ပြလိုက်သည်။ ဤနေရာတွင် သူ့အား လောကခန်းမဆီ ခေါ်ဆောင် သွားပေးနိုင်မည့် အစီအရင် ရှိလေသည်။ ထိုအရာမှာ ကူနို့ကြယ်တာရာမှ မြေကမ္ဘာအင်မော်တယ် ဂန်စီ တည်ဆောက်ထားခြင်း ဖြစ်၏။ သူ စူးရှလေမြို့မှ ထွက်လာပြီးနောက်တွင် အစီအရင်အကြောင်းကို မေ့လျော့သွားသည်။ ယခု မိုဝူကျီက အစီအရင် ရှိမှန် သတိပြုမိသောကြောင့် ထိုဘေးတွင် တပ်ဆင်ထားသည့် လျှို့ဝှက် စောင့်ကြည့်ရေး အစီအရင်ပါ ရှိကြောင်း သိလိုက်သည်။
လျှို့ဝှက်စောင့်ကြည့်ရေး အစီအရင်ကို တပ်ဆင်နိုင်ရန် တတ်နိုင်မည့် တစ်ဦးတည်းသော သူမှာ ကျုးချူသာ ဖြစ်၏။ မိုဝူကျီက အစီအရင်အလံတချို့ ပစ်လွှတ်လိုက်ပြီး ထိုအလံများမှာ လျှို့ဝှက် စောင့်ကြည့်ရေး အစီအရင်ကို မဖျက်ဆီးပစ်သော်လည်း စူးရှလေမြို့ အပြင်ဘက်မှ အဖြစ်အပျက်များ သို့မဟုတ် လှုပ်ရှားမှုများကို စောင့်ကြည့်နေခြင်းတော့ ရပ်တန့် သွားစေလိမ့်မည်။
“ကျုပ် လောကခန်းမကို တစ်ချက် သွားကြည့်လိုက်ဦးမယ်။ ခင်ဗျားတို့က ဒီကူးပြောင်းရေး အစီအရင်တွေကို ပြင်ထားပေးကြ ...” လျှို့ဝှက်စောင့်ကြည့်ရေး အစီအရင်ကို ပြန်လည် ပြင်ဆင်ပြီးသည့်နောက်တွင် မိုဝူကျီက ဟူဗာအလောင်းကို သိမ်းကာ အစီအရင်ထဲ ခုန်ဝင် သွားတော့သည်။
ယခင်အချိန် သူက အစီအရင်တစ်ဖက်တွင် ဂန်စီကို ချောင်းမြောင်း လုပ်ကြံခဲ့ဖူးသောကြောင့် သူ့အလှည့် ရောက်သည့်အခါ ကျူးချူဆီမှ အလစ်ဖမ်း တိုက်နိုင်ခြေကို ထည့်တွက် စဉ်းစားရပေမည်။
အစီအရင် အသက်ဝင်လာသည်နှင့် မိုဝူကျီက ဟူဗာအလောင်းကို အရင် ပစ်လွှတ်လိုက်သည်။
“ဘမ်း” မိုဝူကျီ လောကခန်းမ ရောက်လာသည်နှင့် သွေးမြူများသာ မြင်လိုက်ရသည်။
ဟူဗာ၏ ဦးခေါင်းခွံမှာ မိုဝူကျီ လက်ချက်ကြောင့် ကြေမွနေပြီ ဖြစ်သော်လည်း ယခုအခါ အပိုင်းပိုင်း အစစ ဖြစ်သွား၏။ သို့သော်လည်း လောကခန်းမ၌ လူသေလောင်းများမှလွဲပြီး တစ်ယောက်မျှ ရှိမနေချေ။
ကူးပြောင်း အစီအရင် ဝန်းကျင်တွင် သူနှင့် ရင်းနှီးနေသည့် ဝိညာဉ်စွမ်းအား အရိပ်အယောင် ခံစားမိလိုက်၍ မိုဝူကျီက ထိုလူမှာ ကျူးချူမှန်း သေချာသည်။ တခြားနည်းဖြင့် ဆိုရလျှင် သူ့ခန့်မှန်းချက်မှာ မမှားပေ။ ကျူးချူက သူ့ကို အစီအရင်နားတွင် စောင့်ဆိုင်း နေလေသည်။ သူက ဂန်စီကို ထိုနည်းလမ်း အသုံးပြုထားဖူး၍ ကျူးချူအတွက် ကံဆိုးသွားလေ၏။
သဘောတရားအရ ပြောရလျှင် ကျူးချူ၏ အလစ်တိုက်ခိုက်မှု မအောင်မြင်လျှင်ပင် သူက ထွက်မပြေးသင့်ဘူး မလား။ မိုဝူကျီကကျူးချူ အင်အားကို ကောင်းကောင်း သိသောကြောင့် သူက လောက အင်မော်တယ်အဆင့် ၂ ဖြစ်လာသော်လည်း ကျူးချူကို သတ်ဖို့ရာ အလွန်ခက်ခဲနေဦးမည် ဖြစ်ကြောင်း သိ၏။
မိုဝူကျီက စိတ်စွမ်းအားနှင့် စိတ်ဝိညာဉ်မျက်လုံးကိုပါ အသက်သွင်းလိုက်ပြီး စစ်ဆေးကြည့်လိုက်သည်။ ခဏအကြာတွင် ကျုးချူက မိုဝူကျီကို အလစ်တိုက်မည့် အစီအစဉ် ကျဆုံးသွားသည်နှင့် ထွက်ပြေးသွားကြောင်း သိလိုက်ရသည်။
သူ သွားနိုင်မည့် နေရာမှာ နှစ်နေရာသာ ရှိ၏။ ကြယ်တာရာ တိုက်ပွဲအတွင်း သို့မဟုတ် စူးရှလေမြို့သို့ ဖြစ်သည်။
“ကြယ်တာရာသခင် ...” စန်းချိုက်ဟယ်က မိုဝူကျီကို မြင်သည်နှင့် အော်ခေါ်ရင်း လောကခန်းမမှ ပြေးထွက်လာသည်။
မိုဝူကျီ အမေးကိုပင် မစောင့်ဘဲ သူမက မြန်မြန်ဆန်ဆန် ပြောလိုက်သည်။
“အစောလေးတုန်းက ကျိုးပျက်ဂိုဏ်းချုပ် ကျူးချူ လောကတိုင်ဆီ ရောက်လာပြီးတော့ ဆယ်ချီသတ်သွားတယ်။ ပြီးတော့ ကြယ်တာရာတိုက်ပွဲဆီ ထွက်သွားတယ်။ ခန်းမသခင်စုက လောကတိုင်ကို ကာကွယ်ဖို့ လူတွေ ခေါ်သွားပြီ။ ကျမက စူးရှလေမြို့ကို ထွက်လာတော့မလို လုပ်နေတာ ...”
“ခန်းမသခင်စန်း ... ကျုးချူက ကြယ်တာရာ တိုက်ပွဲထဲ ဝင်သွားတာလို့ ပြောတာလား” မိုဝူကျီက သေချာအောင် ထပ်မေးလိုက်သည်။
အကယ်၍ ကျူးချူက လောကခန်းမတွင် မရှိလျှင် လောကခန်းမအတွင်း ရှိသင့်ပေသည်။ ကျူးချူအတွက် ပြိုင်ဖက်ကောင်းမှာ မိုဝူကျီ ဖြစ်သည့်အတွက် လောကခန်းမဆီ အရင် ရောက်သွားခြင်းသည် နေရာအနေအထား အသာစီး ရသွားခြင်းသာ ဖြစ်၏။
ယခု စန်းချိုက်ဟယ်က ကျူးချူသည် ကြယ်တာရာတိုက်ပွဲဆီ ထွက်သွားကြောင်း ပြောနေသည်။
ဘာတွေ ဖြစ်သွားတာလဲ ...
မိုဝူကျီ ကျင့်ကြံဆင့် အဆများစွာ မြင့်တက်လာလျှင်ပင် ကျူးချူက မိုဝူကျီကို ကြောက်လိမ့်မည်ဟု မယုံပေ။ သူက ကျူးချူအတွက် ယှဉ်နိုင်သည့် ပြိုင်ဘက် မဟုတ်သေးချေ။
“ကျူးချူ တိုက်တော့ သူနဲ့ တစ်ချက် ရင်ဆိုင် တိုက်လိုက်တယ်။ အဲဒီမှာ သူ့ဒဏ်ရာတွေကြောင့် အင်အား အတော်လေး လျော့သွားတာကို သတိထားမိလိုက်သည်။ သူက ကြယ်တာရာသခင် ရောက်လာမှာကို သိပြီးတော့ ထွက်သွားတာ ဖြစ်ရမယ် ...”
စန်းချိုက်ဟယ်မှာ ကျူးချူသည် လောကခန်းမအတွင်း ကြာကြာမနေသည့် အကြောင်းအရင်းကို နားလည်လေ၏။ မိုဝူကျီက စန်းချိုက်ဟယ် စကားများကို ယုံသောကြောင့် ခေါင်းညိတ်ပြလိုက်သည်။ စန်းချိုက်ဟယ်မှာ သူနှင့်အတူ ကျူးချူကို ရင်ဆိုင်တိုက်ခိုက်ဖူးပြီး ယခင် ကျူးချူ အင်အားကို ကောင်းကောင်း သိ၏။ ထို့အပြင် သူမက ကျူးချူနှင့် ရင်ဆိုင်တွေ့ပြီးနောက် ဒဏ်ရာမရဘဲ ကျန်ရှိနေခြင်းက ကျူးချူ ဒဏ်ရာများမှ အပြည့်အဝ ပြန်မကောင်းသေးကြောင်း သက်သေပြနေခြင်း ဖြစ်သည်။
ကြည့်ရသည်မှာ ကန်ကြွယ်နှင့် ဟူဗာတို့မှာ ကျူးချူ၏ အသုံးချမှုကို ခံလိုက်ရဟန် ရှိသည်။ သူက ကန်ကြွယ်ကို စူးရှလေမြို့ကို ဖျက်ဆီးခိုင်းထားပြီး ဟူဗာကို ကြယ်တာရာ ဘုရင်တောင် ဖယ်ရှားရန် ပြောထားစဉ် သူက လောကခန်းမတွင် ဘာဆိုဘာမျှ မလုပ်ခဲ့ပေ။ သူ လုပ်ခဲ့သည့် အရာမှာ ကန်ကြွယ် အခြေအနေကို စောင့်ကြည့်ရန်အတွက် လျှို့ဝှက်စောင့်ကြည့်ရေး အစီအရင် ထားထားခြင်းသာ ဖြစ်၏။
ကျူးချူက မိုဝူကျီသည် ကန်ကြွယ်ကို သတ်လိုက်မှန်း မျက်မြင်ကိုယ်တွေ့ မြင်တွေ့ပြီးသည့်နောက် သူ့ ခန္ဓာမှ ဒဏ်ရာများနှင့် သူက မိုဝူကျီအတွက် ပြိုင်ဘက် မဟုတ်မှန်း မှန်းဆမိဟန် ပေါ်သည်။ ထို့ကြောင့် အလစ်တိုက်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
သူ့အလစ်တိုက်မှုပါ ကျဆုံးသွားသောအခါ သူက လောကခန်းမမှ ကြယ်တာရာတိုက်ပွဲဆီ ချက်ချင်း ထွက်သွားခြင်း ဖြစ်၏။
မိုဝူကျီက ထိုလူမှာ လောကခန်းမကို ဘာမှ မဖျက်ဆီး သွားသော်လည်း ကြယ်တာရာတိုက်ပွဲဆီ ဝင်သွားပြီ ဖြစ်၍ နောင်တွင် ပိုအားကောင်း လာဖို့ရာသာ ရှိတော့မှန်း သတိပြုမိပြီး နောင်တ ရလာမိသည်။
“ကြယ်တာရာသခင် ...” စုရွှမ်နှင့် ကျန်လူများက သတင်းကို ကြားသောအခါ ရောက်လာကြသည်။
“သခင်လေး” လောကခန်းမကို စောင့်ကြပ် နေရစ်ခဲ့သည့် ချန်စယ်လည်း ရောက်လာသည်။ သူက မိုဝူကျီကို အရင်ဆုံး ဦးညွှတ်လိုက်သည်။
“အထီးကျန်ကြိုးနီနဲ့ ကျန်လူတွေရော” မိုဝူကျီက အထီးကျန်ကြိုးနီကို မတွေ့သောကြောင့် မေးကြည့်လိုက်သည်။
ချန်စယ်က မြန်မြန် ဖြေလိုက်သည် “အထီးကျန်ကြိုးနီက လက်စားချေပြီး သွားပြီဆိုတော့ လောကခန်းမမှာ နေရတာ ခြောက်ကပ်ကပ်နဲ့ ပျင်းလို့တဲ့ ကြယ်တာရာတိုက်ပွဲဆီ ထွက်သွားပါပြီ ...”
မိုဝူကျီက အထီးကျန်ကြိုးနီမှာ မည်ကဲ့သို့ လူစားမျိုး ဖြစ်ကြောင်းကို ကောင်းကောင်း သိ၏။ သူ့ကိုယ်သူ လောကခန်းမတွင် နေဖို့ရန် တွန်းအားပေးထားသည့် အကြောင်းအရင်းမှာ သူ့အစ်ကိုကြီးအတွက် လက်စားချေပေးလို၍ ဖြစ်သည်။ ယခု လက်စားပြီးမြောက်သွားသောကြောင့် သူက ဤနေရာတွင် ဆက်နေနေဖို့ရာ မလိုအပ်တော့ပေ။
သူ ကျန်းမိုနယ်မြေတွင် ခင်မင်လာသော မိတ်ဆွေများကိုလည်း မတွေ့မိပေ။ ဖန်းချီ၊ ချုချင်းလောင်၊ ရုန်ဟယ်နှင့် အထီးကျန်ကြိုးနီတို့မှာ ပျောက်ဆုံးနယ်မြေမှ ယန်အာ၊ ရန်ထျန်းရှင်းကဲ့သို့ ရင်းနှီးသည့်သူများ ဖြစ်ကြသည်။ မိုဝူကျီက သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။
“ကြယ်တာရာသခင် ကျူးချူက ထွက်သွားပေမဲ့ ကန်ကြွယ်နဲ့ ဟူဗာတို့က ...”
မိုဝူကျီက စုရွမ် စကားမဆုံးခင် လက်ကိုကာပြရင်း “ဟူဗာနဲ့ ကန်ကြွယ်ကို ကျုပ်ကိုယ်တိုင် သတ်လိုက်ပြီ။ စိတ်မပူကြနဲ့တော့ ... အခု အားလုံး ကိုးမိုမြို့ကို ပြန်လည် တည်ဆောက်ဖို့ နည်းနည်း အားစိုက်ပေးဖို လိုမယ်။ ပြီးတော့ လောကတိုင်ကိုလည်း အရင်ကလို သေချာ စောင့်ကြပ်ထားရမယ်။ ပြီးသွားရင်တော့ ကျုပ်လည်း ကြယ်တာရာတိုက်ပွဲဆီ လိုက်သွားမယ်။ ဒီလိုကိစ္စမျိုး ထပ်ဖြစ်လာခွင့် မပေးနိုင်ဘူး ...”
မိုဝူကျီက ဝံပုလွေဘုရင်တောင်သို့ တစ်ခေါက်သွားရန် ကြံစည်ထားလေ၏။ ကန်ကြွယ်က သူ့ကိုးမိုမြို့ကို တစ်မြို့လုံး အမြစ်ဖြတ် သုတ်သင်ခဲ့သည့်အတွက် သူ့ဝံပုလွေဘုရင်တောင်လည်း မြေမခရလျှင် တရားမည် မဟုတ်ပေ။
ကန်ကြွယ်က သေသွားပြီလား ...
စုရွှမ်နှင့် ကျန်လူများက မိုဝူကျီကို ပါးစပ်ဟောင်းလောင်းဖြင့် ကြည့်လိုက်ကြသည်။ ကန်ကြွယ်မှာ အဆင့် ၉ သားရဲဖြစ်ပြီး ဝံပုလွေဘုရင်တောင်တွင် ဒုတိယ အားအကောင်းဆုံး ဖြစ်ပေသည်။ ကြယ်တာရာသခင်က ကိုးမိုမြို့ ဖျက်ဆီးပစ်ခဲ့သည့် လူကို အမှန်တကဘ် ပြန်သတ်နိုင်ခဲ့သည်လား။
လောကခန်းမမှ ကူးပြောင်းရေး အစီအရင်က နောက်တစ်ဖန် လင်းလာကာ ချီဟော်အာ ထွက်ပေါ်လာ၏။
ချီဟော်အာ ထွက်ပေါ်လာသည်ကို မြင်၍ မိုဝူကျီက ယန်ကျဲက ကြယ်တာရာ သခင်တောင်မှ စူးရှလေမြို့အထိ ကူးပြောင်းရေး အစီအရင်ကို အချိန်တိုအတွင်း ပြင်ဆင်နိုင်လိုက်ကြောင်း သိလိုက်သည်။
“အစေခံအိုကြီးက ကြယ်တာရာသခင်ကို နှုတ်ဆက်ပါတယ်” ချီဟော်အာက ယန်ကျဲဆီမှ မိုဝူကျီသည် ကန်ကြွယ်ကို သတ်လိုက်ကြောင်း ကြားလာ၍ စိတ်ရွှင်နေသည်။ ယခုအချိန်ထိ စူးရှလေမြို့မှာ အားပါးတရ ဟစ်ကြွေးနေကြဆဲ ဖြစ်ကာ အားလုံးမှာ သူတို့ ကြယ်တာရာသခင်နှင့် ကန်ကြွယ်ကြားမှ တိုက်ပွဲအကြောင်း ဆွေးနွေး နေကြသည်။
မိုဝူကျီက ခေါင်းညိတ်ပြလိုက်ပြီး “ကျုပ် ကြယ်တာရာ တိုက်ပွဲဆီ သွားမလို့ လုပ်နေတုန်း ခင်ဗျား ရောက်လာတာ ကွက်တိပဲ။ ချန်စယ်ကို ကြယ်တာရာဘုရင်တောင် ခေါ်သွားလိုက်ပါ ...”
“ဟုတ်ကဲ့ပါ ကြယ်တာရာသခင် ... ပြီးတော့ ထျန်းချီအိမ်တော်သခင် ဟန်ဟွေ့မင်နဲ့ပတ်သက်တဲ့ ကိစ္စတစ်ခု ရှိသေးတယ်။ လွန်ခဲ့တဲ့ရက် ကြယ်တာရာသခင် တံခါးပိတ် လေ့ကျင်နေတုန်းက သူမက မိုထျန်းချန်ဆိုတဲ့လူကို သိလားဆိုပြီး မေးလာတယ်” ချီဟော်အာက ပြောပြလိုက်သည်။
***